《ရင်ခွင်ကောင်းကင်(completed)》Ep-8
Advertisement
သီတင်းကျွတ်အလုပ်ပိတ်ရက ်မှာ အဖေနဲ့အမေကို ပီတိတို့မောင်နှမနှစ်ယောက် စုထားတဲ့ ပိုက်ဆံလေးနဲ့ကန်တော့ကျသည်။ချွင်းချက်အနေနဲ့တော့ မုန်ဖိုးဆိုပြီးပေးတဲ့တစ်သောင်းတန်လေးကိုတော့ ပြန်ယူကျသည်။ပြီးတော့ မောင်နှမနှစ်ယောက် ခြံထဲဆင်းကာ မီးထွန်းနေတော့သည်။
ကောင်းကင်တစ်ယောက် မှာတော့ သီတင်းကျွတ်မှာ တစ်ယောက်ထဲညစာစားရင်း ဖြတ်သန်းနေသည်။သူအတွက်ကတော့ အခါရက်ဆိုတာ ပုံမှန်နေ့တွေလိုပင် ဘာမှမထူးခြားပါ အဖေရောအမေရောက သူနဲ့အတူမရှိတာ ငယ်စဉ္ကတည်းကပင် သူအတွက်တော့ အတူမရှိတာမထူးခြားပေ။
သူညစာစားပြီး အခန်းထဲသို့ ဝင်လာခဲ့သည် ခုံပေါ်ကဖုန်းကို ကောက်ကိုင်ပြီး လိုင်းပေါ်တွင်သူမရှိမရှိကိုကြည့်လိုက်ရာ သူမအကောင့်လေးမီးစိမ်းနေတော့သည်။သူလည်း စာအချို့ရိုက်ကာ ပို့လိုက်သည်။
"ချာတိတ် ဘာလုပ်နေလဲ ဒီနေ့လိုင်းသိပ်မတက်ဘူးနော် အလုပ်ရှုပ်နေတာလား"
"ဒီနေ့ကအဖေနဲ့အမေကို ကန်တော့ဖို့နဲ့ကျန်တဲ့အမျိုးတွေကို သွားကန်တော့နေလို့ လိုင်းမတက်ဖြစ်တာ "
"ဟုတ်လား ကိုယ်ကတော့ကန်တော့မယ့်သူ မရှိတော့ မကန်တော့ဖြစ်ဘူး"
"ဟင် သူဌေးအဖေနဲ့အမေရော သူတို့ကိုမကန်တော့ဘူးလား"
"သူတို့က ဒီမှာမရှိဘူးလေ"
"Vc ခေါ်ပြီးကန်တော့ပေါ့ သူဌေးရယ် ကန်တော့တာကလက်အုပ်ချီကန်တော့လည်း ရတာပဲ ပစ္စည်းတွေပါမှမဟုတ်ပါဘူး"
"ဟုတ်ပါပြီ ကိုယ်ပြီးရင်လုပ်လိုက်ပါ့မယ် မနက်ဖြန်ဘယ်သွားစရာရှိလဲ ကိုယ်မင်းကိုတွေ့လို့ရမလား"
"မနက်ဖြန် ကျောင်းသားဟောင်းကန်တော့ပွဲ ရှိတယ် တွေ့လို့မရဘူး"
"ဟုတ်လား ဘယ်ကျောင်းလဲ "
"အင်းစိန်ထ၂ မှာလေ"
"ကိုယ်မင်းပြန်တဲ့ချိန်လာခေါ်မယ် ဆိုရင်ရောရလား"
"ဘယ်ချိန်ပြီးမှန်းမသိသေးဘူး"
"ပြီးတဲ့ချိန် ဖုန်းဆက်လိုက်ကိုယ်လာခေါ်မယ်"
"ဟို ပီတိကို ဘာလို့လာကြိုမှာလဲဟင် ပြောစရာရှိရင် ရုံးဖွင့်ရင်ပြောလို့ရတာလဲ"
"မတူဘူးလေ ကိုယ်ကမင်းကိုလိုက်နေတဲ့သူလေ မင်းနဲ့ခနခနတွေ့ပြီးကိုယ်ကိုချစ်လာအောင်လုပ်မှ မင်းနဲ့နီးစပ်မှာပေါ့ မဟုတ်ဘူးလား"
"အာမသိတော့ဘူး လာချင်လာမလာချင်လဲမလာနဲ့တော့ ဒါပဲ"
'ပြောလိုက်ရင်ဒီဘူတာပဲ ဆိုက်ဆိုက်သွားတယ် လိပ်သေလို့ဝင်စားသလားမှတ်တယ်'
တစ်ယောက်သောသူကလာကြိုမယ် ဆိုသောကြောင့် မနက်ဝတ်မဲ့အဝတ်အစားကိုထိုင်ရွေးလိုက်တာ ပီတိတစ်ယောက် ညမိုးချုပ်သွားပါတော့သည်။
မနက်အစောကြီးကတည်းကပြင်နေသော သူမသည် ခုထိမပြီးသေးပါ။အောက်ထပ်ကအမေနဲ့သိမ့်နဲ့စကားပြောသံကြားလိုက်ကာ သိမ့်ရောက်နေပြီးမှန်းသိလိုက်တာကြောင့် ပြင်လက်စကိုလက်စသတ်နေသည်။
"ထိုင်စောင့်လိုက်အုံးသမီးသိမ့်ရေ ညည်းသူငယ်ချင်းကပြင်လို့ ဆင်လို့မပြီးသေးဘူးလေ ပြင်လဲထွက်လာရင်ကြည့်လိုက် ဘာမှထူးခြားပြီးလှလာမှာလဲ မဟုတ်"
"ဟုတ်ပ အန်တီရယ် သူခမျာသမီးလောက်မလှတော့ ပြင်ရမှာပေါ့ သမီးစောင့်လိုက်ပါ့မယ် "
အောက်ထပ်ကသူမမကောင်းကြောင်း ပြောနေသောအမေနဲ့သိမ့်အသံကျယ်ကို အတိုင်းသားကြားနေရသည်။
"မှတ်တောင်ထားရအုံးမယ် သူရုပ်ကများငါ့ထက်လှတယ်တဲ့ ဟသပဲ" ပီတိထိုင်နေသော
သိမ့်ကိုပြောရင် ဆင်းလာခဲ့သည်။သိမ့်ကသူဆင်းလာတာမြင်တော့ ခြေဆုံးခေါင်းဆုံးကြည့်ပြီး
"ပီတိမ တယ်လှနေပါလား နင်လို့တောင်မထင်ရဘူး တစ်ခြားတစ်ယောက်လိုပဲ"
"အမလေး ငါမှငါအစစ်ပါနော် ပြင်ထားလို့မဟုတ်ဘူးဟဲ့ နဂိုရှိမှနဂိုင်းထွက်တာ သဘောပေါက်"
"အေးပါဟယ် လျှာရှည်မိတဲ့ငါ့အမှား"
" ဟိုကလေးတွေ နောက်ကျနေမယ်သွားစရာရှိတာသွားကျတော့"
မေမေပြောနေတာနဲ့ပီတိတို့နှစ်ယောက် ထွက်လာခဲ့သည်။သိမ့်တို့အိမ်က ကားနဲ့လိုက်ပို့တာဖြစ်ပြီး အပြန်ကြရင်သူမတို့အစီအစဉ္နဲ့ပြန်မည်ဖြစ်သည်။သူမကိုသူလာကြိုမှာမို့ သိမ့်ကို ဘယ်လိုပြောရမလဲတွေးနေတုန်း သိမ့်ကအရင်စပြီး
"ပီတိငါကန်တော့ပြီးတာနဲ့ ပြန်မယ်သိလား
ငါကိုရှိုင်းနဲ့ချိန်းထားလို့ နင်တစ်ယောက်ထဲပြန်ရဲတယ်မလား"
"ပြန်ရဲပ သူချစ်ချစ်နဲ့သွားတွေ့မယ်ဆိုတော့ တို့ကိုချန်ထားတာပေါ့"
"အပိုတွေ ပြောမနေနဲ့ပိတ်ရက်လေးပဲတွေ့ရတာ နင်နဲ့တူမလား မတွေ့ချင်လဲနင့်အခွက်ကအမြဲတွေ့နေရတာ သူကအားမှတွေရတာဟဲ့"
"ပြောရက်လိုက်တာ သွားပါတော်သွားပါ"
"နင်အစောကြီးမပြန်နဲ့နော် ငါ့အမေတွေ့ရင် ပေါ်ကုန်လိမ့်မယ်"
"အေးပါ စိတ်ချ"
စိတ်ထဲမှာတော့ ပေါ့သွားသည်။သိမ့်ကို မပြောချင်သေးပါ သူနဲ့တွေ့မဲ့အကြောင်းသူကိုသေချာအကဲခတ်ပြီး သူမနဲ့ပတ်သတ်မှ
သေချာမှအသိပေးချင်သည်။ကျောင်းဝန်းထဲကိုဝင်လာရင်း ကျောင်းကြီးကိုလွှမိးဆွတ်စွာကြည့်မိသည်။ဟိုတစ်စု ဒီတစ်စု လူများသူငယ်ချင်းအချင်းချင်းစကားစုကာ အုပ်စုလိုက်ပြောနေကျသည်။ကျောင်းသားဟောင်းဖြစ်သောကြောင့် ကြီးတဲ့သူတွေရော ကို်ယ့်ထက်ငယ်သူတွေရောတွေ့ရသည်။သူမတို့နှစ်ယောက်ကတော့ ကန်တော့မည်ပိုက်ဆံကိုသွားထည့်ကျသည်။ရင်းနှီးတဲ့ဆရာဆရာမတွေ တွေ့လို့ချင်ရင်ဝမ်းသာအားရနှုတ်ဆက်ကျသည်။သူမတို့နှစ်ယောက် တစ်ခြားသူငယ်ချင်းတွေနဲ့တွေ့တုန်း စကားတွေကောင်းနေကျသည်။သူမတို့ခုနက ကန်တော့ငွေထည့်တဲ့နေရာ ကောင်မလေး တွေက ပီတိတို့ကိုကြည့်ကာစကားပြောနေကျသည်။
"ဟဲ့အဲဒါငါတို့ထက်တစ်နှစ် ကြီးတဲ့ အမလေမြတ်နိုးပီတိဆိုတာ "
"အော် နာမည်ကြီးတယ်လေသူက ဆယ်တန်းနှစ်မှာ လေနေမကောင်းလို့ စာတော်ရဲ့နဲ့ဂုဏ်ထူးတစ်ဘာသာနဲ့အမှတ်နည်းနည်းကောင်းပြီးအောင်တာတဲ့ အရင်ကဆရာမတွေကသူကိုအများကြီးမှန်းထားတာ "
"သူက ဘာရောဂါမို့လို့လဲ"
"အစာအိမ်ကင်ဆာတဲ့ သူမိဘတွေကပစ်ရပြီတောင်ထင်တာ သူပြန်ကောင်းလာတာ"
"နှမျောစရာကြီးနော် ဆယ်တန်းကနတ်ကြီးတယ်ဟ ဒါပေမဲ့လည်းတော်ပါတယ်"
"သူကချောတယ်နော်"
"ချောတာပေါ့ ကျောင်းရဲ့အလှလေးပဲဟာကို ကျောင်းမှာနာမည်ကြီးလေ အဲ့အစ်မကသဘောလည်းကောင်းတာကို"
"အဲ့အစ်မက လှတော့ရည်းစားရှိမှာပဲနော်"
"ရှိမှာပေါ့ ဒီလောက်လှပြီးချစ်စရာကောင်းတာကို"
ကန်တော့ဖို့ဆိုပြီး လူတွေအကုန်ခန်းမထဲသို့နေရာယူချိန် နွယ်နီနဲ့တေဇတို့လင်မယားရောက်လာသည်။မတွေ့ချင်ပါဘူးဆိုမှ ကိုယ်ထိုင်နေတဲ့နေရာကိုရောက်လာသည်။
"မတွေ့ရတာကြာပြီနော် ပီတိ ကုမ္ပဏီတစ်ခုမှာလုပ်နေတယ်ဆို အဆင်ရောပြေရဲ့လား"
"ပြေတာပေါ့ ဒီခေတ်ကယောကျာ်းမိန်းမ ရင်ဘောင်တန်းအလုပ်လုပ်နေတဲ့ခေတ်လေ မိန်းမတွေအိမ်မှာပဲနေရမဲ့ခေတ်မဟုတ်တော့ဘူး အော်ဒါနဲ့နင်ရောခုဘာလုပ်နေလဲ"
အိမ်ထောင်ကျပြီး အိမ်မှာပဲနေသူနွယ်နီတစ်ယောက် အ ရှိုက်ထိသွားသည်။
"ယောကျာ်းကငွေရှာကောင်းတော့ ဘာမှလုပ်စရာကိုမလိုတော့တာ အဲ့တာကြောင့်ဘာမှမလုပ်ဖြစ်သေးပါဘူး အဟင်း"
"အော်ကောင်းတာပေါ့"
"အော် ဒါနဲ့ပီတိရော တစ်ယောက်ထဲပဲလား ဘယ်တော့ သတင်းကြားရမှာလဲ မရှိသေးရင်ပြောနော် တို့ယောကျာ်းအသိတွေနဲ့မိတ်ဆက်ပေးမယ်လေ နော်ယောကျာ်း ရှင့်သူငယ်ချငိးအတွက် သင့်တော်တာလေးရှာပေးအုံးလေ"
တေဇက သူမကိုတောင်းပန်ကြည့်နဲ့ကြည့်နေသည်။
"မလိုပါဘူး ကိုယ်ကရွေးချယ်စရာပေါပါတယ် တစ်ခါတစ်လေသူများကိုသနားလို့ လွှတ်ချလိုက်တာတောင် အရူးအမူးတန်ဖိုးထားတဲ့သူတွေရှိလို့လေ ကိုယ်ကမရွေးပဲ ပေးလိုက်တာတောင်ရှိသေးတယ်မလား"
သူမပြောပစ်လိုက်သည်။သူမလဲ ပဲွပြီးတဲ့အထိမမြင်ချင်တဲ့ မျက်နှာတွေကိုအောင့်အီးကာနေလိုက်သည်။သူမ ဖုန်းထဲသို့မက ်ဆေ့ဝင်လာသည်။
"ကိုရောက်ပြီ"
သိမ့်ကအရင်ပြန်သွားတာမို့ သူမကျန်တဲ့သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး ကျောင်းပေါက်ဝသို့ထွက်လာခဲ့သည်။သူကကားကိုမှီကာ စောင့်နေသည် သူမလာတာမြင်တော့ တံခါးဖွင့်ပေးကာ တက်ပါဟုပြောလေသည်။သူမလည်း ကားပေါ်တက်ကာ ထွက်လာခဲ့သည်။သူမကားပေါ်တက်သွားတာ မြင်သော နွယ်နီတို့လင်မယားနဲ့သူငယ်ချင်းတစ်စုက
"ခုနက ပီတိကားပေါ်တက်သွားတာလား လာကြိုတဲ့သူကအဝေးကကြည့်တာတောင် ချောမဲ့ပုံပဲ သူဘဲလားမသိဘူး"
"ငါကတော့သူဘဲထက် ကားကိုစိတ်ဝင်စားတယ်ဟ"
"ဟုတ်ပ ကားကအမိုက်စား"
"တေဇ အဲ့ကားအမျိုးအစားသိလား"
"Bmw နောက်ဆုံးထွက်ပဲ သူကအော်ဒါကြိုမှာရတာ ငါ့showroom မှာပြဖို့ ငါအော်ဒါမှာသေးတယ်တယ် ငွေမလောက်လို့လက်လျော့လိုက်ရတယ် မြန်မာပြည်ကသူဌေးတစ်ယောက်ဆီမှာရှိတယ်ပြောတာပဲ ဒီတစ်စီးပဲဖြစ်မယ်"
"ကားတောင်သိန်းသောင်းချီအောင် ဝယ်စီးနိုင်ရင် ဒီလူတော်တော်ချမ်းသာတာပဲ ပီတိဘဲဆိုရင် ငါတို့ဝမ်းသာရမှာပေါ့"
ထိုစကားများကိုကြားရင်း နွယ်နီတစ်ယောက်ဒေါသတွေထွက်ကာ မနာလိုစိတ်တွေ ပြင်းထန်နေပါသည်။
#Moon shine
Advertisement
- In Serial225 Chapters
The World Seems Realistic But Why Do I Have A Leveling System?
Sheila is an average girl who likes to play video games and watch animes in her free time. If there’s anything that stood out from her, that would be her beautiful appearance. Due to spending too much time playing video games till late at night, she would usually forget to do her homework which she would, later on, asked her best friend, Ria, for help. A total average gamer-otaku girl.
8 663 - In Serial40 Chapters
A Challenge To An Arranged Marriage
"Ian? Please. Why are you not answering me?" Lisa shouted raising her voice to probably gain his attention."You want to know the truth?" Ian replied shifting his head away from the painting to look directly at her, staring into her eyes. While he started taking small steps in her direction."You really want to know why we are here." He asked again still moving forward. His voice was deep and hoarse and the way he was looking at her, made her take some steps back that was until her back hit the wall. Without saying anything he leaned forward placing both of his arms around her so that she was now trapped between him and the wall. He moved his face forward directly in front of her.Lisa could feel his hot breathe on her neck as he bent forward to place his mouth on her neck, placing a tender kiss there. Lisa took a large gulp of air trying to control the tingles, she was feeling down there."I was jealous, Lisa," He breathed out in her ears placing yet another kiss just below her earlobe. "I was jealous when you took hold of Cole's hand. I was jealous when you let that piece of shit place his hands on you. I was jealous when you danced with him. I was jealous, Lisa, very jealous." He continued as he removed his mouth from her neck, leaning forward to stare directly into her eyes."So let me tell you the truth. I am a very possessive man, Lisa and I don't share what's mine. And when it comes to you I certainly can't control myself." He concluded as he closed the gap and placed his lips on her.
8 288 - In Serial10 Chapters
Fantasy Farm Fantastic!
When Qastael reached the end of the world, she found a farm.Discover what it takes to cultivate acreage in the fantasy world of Evma, a place where monsters are the majority and magic grows strange crops. Qastael will need to learn quickly if she wants to bring in enough harvest while finding refuge from a violent past. Maybe she'll find love? It will be a tall order and hopefully Qastael is BIG enough to handle it.THEMESFantasy WesternSlice Of LifeFarming Procedural/EconomyLesbian RomanceAUTHOR'S NOTEHowdy! Ai here. This story will be published for my patrons first then made available here each chapter. I also won't have a regular schedule releasing chapters, as I will be switching between my PG-13 content on RR and more explicit stories over on Literotica (where other of my stories have already started to explore Evma and its secrets). Throwing the Sexual Content Warning up because while I won't publish anything explicit on RR, there will be plenty of steamy flirting.
8 95 - In Serial32 Chapters
Stuck With Him
❝From the first moment that we touched, her arms felt like home.❞Dhruv Singhania is an arrogant and ruthless person until Naina Sharma walks into his life.Naina 's life takes a drastic turn when her dad asks her to marry his childhood friend's son and being an obedient daughter she couldn't say no to the proposal. Dhruv Singhania lost his parents at a young age, after their death his uncle and aunt cared for him and his sister like their own children. Dhruv could do anything just see a smile on their faces and this was just a marriage.Naina and Dhruv marry each other as they couldn't say no to their parents but Dhruv made it clear on their first night itself that their relationship stands no where in his life. To the world they were an ideal and happy couple but in reality they were just strangers sleeping in the same room.They are stuck with each other in an unwanted matrimony.Let's see how this wedlock turns into a proper happily ever after.[ On-hold ]! This story contains many grammatical errors !
8 201 - In Serial25 Chapters
The Pizzeria Guy ✓
*Tenth in Teen Dialogue Series*~"Hello, welcome to Pizzeria where we satisfy all your pizza fantasies!""Even if those fantasies include you?""Sorry?""That's not what he said."•••••••She was a normal teen with a flirtatious nature, he was a normal teen working at a pizza place, but what was about to happen between them was definitely not going to be normal.This is a story of laughs and tears, flirts and comebacks including love and heartbreaks between a flirt and an innocent, just with switched roles.Read inside to find out what happens when Pearl Campbell calls a pizza place and Turner Wilson receives it.~Highest ranking: 4th in Short Story
8 138 - In Serial20 Chapters
All in our heads
"When you figure out what you want, then come talk to me. Until then...get out of my face. I will speak to you in the morning." She said angrily and slammed her bedroom door in my face. I threw my body onto the hallway floor as tears streamed down my face. Screaming and crying as I pound on the door. "Johanna I'm sorry! Please I'm so sorry please don't go!" I slammed the door in Katie's face and sat on the floor as I listened to her scream and cry. Tears ran down my face and I banged my head against the door as I listened to my baby scream for me.
8 118

