《ရင်ခွင်ကောင်းကင်(completed)》Ep-11
Advertisement
ပြန်ရောက်ကတည်းရေမိုးချိုးပြီး အိပ်လိုက်တာ ညစာစားဖို့အငယ်ကောင် လာခေါ်မှနိုးလေသည်။အငယ်ကောင် အိပ်ရာပေါ်ကဆွဲထူပြီး သူဆွဲခေါ်ရာသို့လိုက်ရင်း မပွင့်သေးသော
မျက်လုံးကို အတင်းဖွင့်နေရသည်။ထမင်းဝိုင်းမှာ ဝင်ထိုင်ရင်း အဖေနဲ့အမေရဲ့ အကြည့်ကို သွားဖြဲပြီး ရယ်ပြလိုက်သည်။
"သမီးရယ် ညနေဘက်ကိုအိပ်ရလား ညနေဘက်ထိအိပ်ရင်ဖျားတက်တယ် ခုရောမျက်လုံးက မပွင့်ဘူး မျက်နှာမသစ်လာခဲ့ဘူးလား"
"မျက်နှာသစ်ဖို့နေပါ အမေသားကဆွဲထူပြီး ခေါ်လာတာ သမီးကအိပ်မက ်လို့ထင်နေတာ"
"သွားဘေစင်မှာ မျက်နှာသွားသစ်ချေ "
"ဟား ဟား အမေ့သမီးကအရင်လိုမဝတော့လို့ မဟုတ်ရင်အအိပ်ပုတ် အစားပုတ်နဲ့ ဝက် မဖြစ်တော့လို့ "
"ဟဲ့ ငါကြားတယ်နော် အတင်းမတုတ်နဲ့ ငါစားသလောက် မဝတာကိုနင်မနာလိုနေတာမလား "
"ဖြစ်ရလေ"
"ကဲ စားကြတော့ ကိုက် မနေနဲ့"
အငယ်ကောင် ပြောလဲပြောချင်စရာပါ ငယ်ငယ်ကဝသလောက် ကြီးလာတော့ အစာအိမ်
ဖြစ်ပြီး ကတည်းကပိန်ကျသွားတာ စားသလောက် မဝတော့ပေ ။ အမေလက်ရာ
ကင်ပွန်းချဉ္အရည်သောက်နဲ့ ငါးကြော်
အပျိုကြီးပဲလို့ခေါ်တဲ့ပဲကို ပြုတ်ပြီးသုပ်ထားသည်။စားသောက်ပြီး Tv ခနကြည့်ပြီး
အခန်းထဲဝင်လာခဲ့သည်။
စာခနဖတ်နေတုန်း သူဆီကဖုန်းဝင်လာသည်။ခုပဲစာဖတ်နေရင်းသူကို သတိရနေတာဖြစ်သည်။စာအုပ်ထဲက မင်းသားကိုစိတ်ကူးနဲ့ပုံဖော်ရင်း သူမျက်နှာကိုမြင်ယောင်မိနေုခြင်းကြောင့် ကိုယ်ကိုကိုယ်ရူးနေပြီ လားလို့တောင်ထင်နေသည်။
"ဟယ်လို ချာတိတ်ဘာလုပ်နေလဲ"
"ဖုန်းပြောနေတာပါရှင့်"
"ဟာ ဘယ်လိုပြောနေတာလဲချစ်စရာလေး"
"ဂလိုပဲပြောတက်တယ် သူဌေးရော ဘာလုပ်နေတာလဲ "
"ဘယ်လိုကြီးခေါ်လိုက်တာလဲ ချာတိတ်ရာကိုယ့်ချစ်သူကို တစ်ခုခုပြောင်းခေါ်ပါလား"
"ဘယ်လိုခေါ်ရမှာလဲ အရင်ကရည်းစားထားရင် ကို ဆိုပြီးခေါ်ချင်တာ ခုတော့ဉီးလေးအရွယ်ကို ရည်းစားတော်ထားတော့ ဉီးလို့ခေါ်ရမလား အာမသိတော့ဘူး သူခေါ်ခိုင်းချင်တာရှိရင်ပြောလေ"
"ကိုယ်ကတော့ ကိုကိုလို့ခေါ်စေချင်တယ် အဲ့လိုခေါ်တာလေးက အားကိုးခြင်းတွေပါတော့
ခေါ်ခံရတဲ့သူက အရာအားလုံးကိုအလိုလိုက်ဖြည့်ဆည်းပေးချင်စိတ်တွေပေါက်လာရော
ခေါ်မယ်မဟုတ်လားချာတိတ်"
"ပီတိခေါ်ချင်လာတဲ့အချိန်ခေါ်ပါ့မယ် ခုတော့မခေါ်သေးဘူး တစ်မျိုးကြီးပဲ ရှက်တယ်မျက်နှာတောင်ပူလာပြီ"
"ချစ်သူတွေကြားမှာ အဲ့လိုခေါ်ကျတာပုံမှန်ပါပဲ နောက်ဆိုရင်အသားကျသွားလိမ့်မယ် ကိုယ့်တာဝန်ထား ကောင်းကင်တို့ဘဝကတော့သာယာပြီကွာ မနက်ရုံးရောက်တာနဲ့ချစ်သူမျက်နှာလေးနဲ့အသံလေးကို နားထောင်ရတော့မယ်"
"ပိုပြီ ဒါပဲနော်နောက်ကျရင်ပီတိကိုမရိုးသွားရဘူးနော် "
"ဟုတ်ပါပြီ ဘယ်တော့မှမရိုးဘူးစိတ်ချ နောက် မှချစ်လွန်းလို့ နည်းနည်းလျှော့ပါလို့တောင် ပြောရမယ် ချာတိတ်"
"ရှင် ကိုယ့်ကိုချစ်လားဟင် မနက်ကခေါင်းပဲညိတ်တော့ ကိုယ်မကြားလိုက်ရဘူး ပြောပါနော်"
"ဟုတ်ကိုကို ကိုချစ်တယ်"
"ဟာ ဖုန်းချသွားပြီ ကိုကိုကလည်း အရမ်းချစ်ပါတယ်လို့ "
ရှက်ပြီးဖုန်းချလိုက်သောသူမကြောင့် သူပြောလိုက်သော စကားကို သူမမကြားနိုင်သော်လည်း သူတိုးတိုးပြောမိသည်။ခုတင်ပေါ်ဖုန်းပစ်တင်ရင် မုန်ရှေ့လှည့်မိရာ တစ်ချက်ကြည့်လိုက်တော့ သူမျက်နှာပေါ်က အပြုံးကို မြင်လိုက်ရသည်။တော်ရုံဆို ပြုံးခဲတဲ့သူက သူမကြောင့်ခနခနပြုံးမိနေသည်။ဒီညတော့ အိမ်မက ်လှလှမက ်တော့မည် သူမရဲ့အချစ်ကြောင့်ပေါ့။
ပီတိတစ်ယောက် ရှက်ရှက်နဲ့ဖုန်းချလိုက်ကာ
ခုတင်ပေါ်ပစ်လဲကာ ခေါင်းအုံးကိုထုနေမိသည်။မနက်ကျရင် သူမျက် နှာကို ဘယ်လိုကြည့်ရမလဲတောင် မသိတော့ပေ။ရောက်လာမဲ့ မနက်ဖြန်ကိုတွေးရင်း အိပ်ပျော်သွားသည်။
ဒေါက် ဒေါက် ဒေါက်
"သမီး အလုပ်သွားဖို့ သမီးအဖေစောင့်နေတယ် ဆင်းလာခဲ့တော့"
"ဟုတ်လာပြီ အမေ"
အမေအသံကြောင့် အလှပြင်တာကိုလက်စသတ်ပြီး ပိုက်ဆံအိတ်ကို လွယ်ကာအောက်ထပ်ကို ဆင်းလာခဲ့သည်။အောက်ရောက်တော့ အမေက ထမင်းချိုင့်ကိုလှမ်းပေးသည် ပီတိယူလိုက်ပြီး အမေကိုနှုတ်ဆက်ကာ ကားပေါ်မှာစောင့်နေတဲ့ အဖေကားဆီတက်လိုက်ကာ သားအဖနှစ်ယောက်ထွက်လာခဲ့သည်။ရုံးရှေ့ရောက်တော့ ဆင်းလိုက်ပြီးအဖေကို နှုတ်ဆက်ကာဝင်လာခဲ့သည်။ဌာနထဲသို့ ဝင်လာတော့ ကိုတိုးကြီးက
"ပီတိရေ ဒီနေ့ကမဲနှိုက်ရမယ့်နေဆိုတော့ ဘုရားရှစ်ခိုးနေလို့နောက်ကျနေတာလား
သူဌေးတောင်ရောက်လို့ ကော်ဖီလာပို့ပါတဲ့ နင်ကို သွားမြန်မြန်လုပ်ပြီးပို့လိုက် နင့်ကိုဆူနေမယ်"
"ဟုတ်ကဲ့ သွားဖျော်လိုက်အုံးမယ်"
သူမအဆူခံ ရမှာစိုးလို့ ပြောနေသော ကိုတိုးကြီးကြော်င့် ရယ်ချင်စိတ်ကိုချုပ်ထိန်းကာ ထွက်လာလိုက်သည်။သူသူဌေးက အကြံနဲ့ခေါ်တာကို သူမသိရှာဘူးလေ။ရုံးထဲမှာ ခပ်တန်းတန်းဆက်ဆံဖို့ ပြောထားရမည်။သူများတွေ အာရုံစိုက်တာမခံချင်ပေ၊အေးချမ်းတဲ့အချစ်ရေးကိုပဲ သူမလိုလားသည်လေ။
ကော်ဖီခွက်ကို သူစားပွဲပေါ်တင်ရင်း အခန်းထဲလှည့်ကြည့်လိုက်သည်။သူ့အရိပ်ယောင်တောင်မတွေ့ရပါ ဘယ်သွားလဲမသိဘူးလို့စဉ္းစားနေတုန်း သူမနောက်ကျောဘက်က ခြေသံကြားလိုက်ပြီး သူမခါးပေါ်တွယ်ယှက်လာသော လက်တစ်စုံကြောင့် သူမကိုယ်လေးတွန့်သွား သည်။
"နောက်ကျတယ်နော် ကိုကိုက ချာတိတ်ကို ရုံးရောက်တာနဲ့မြင်ချင်တာကို ချာတိတ်ကမလာသေးတော့ ရင်ထဲမှာ ဟာသွားတာပဲ"
သူမနားရွက်နားနောက်ကနေ့သိုင်းဖက်ပြီးစကားပြောတာကြောင့် သူမကိုယ်လေးကြက်သီးလေးတောင်ထသွားသည်။
"ကိုကို ဖယ်ပေးအုံးမနေတက်ဘူး သူများတွေမြင်ကုန်ရင်ရှက်စရာကြီး"
"ဘယ်သူမှမဝင်လာပါဘူး ခုနကရင်ထဲဟာသွားတာ ခုချာတိတ်ကိုထည့်ထားတော့ မဟာတော့ဘူးလေ ၁မိနစ်ပဲဖက်ထားမယ်နော်ငြိမ်ငြိမ်လေးနေ"
သူပြောတဲ့အတိုင်းငြိမ်ပေးလိုက်သည် ခနနေတော့ သူမဂုတ်ပိုးလေးကို သူကနှုတ်ခမ်းနဲ့ဖိကပ်နမ်းကာ လွှတ်ပေးသည်။ပြီးတော့ရှေ့တည့်တည့် လာပြီး သူမခေါင်းငုတ်ထားတာကြောင့် မေးကိုလက်ချောင်းလေးနဲ့မော့ခိုင်းပြီး သူမျက်လုံးကိုကြည့်ခိုင်းသည်။
"ရှက်နေတာလေးက ချစ်စရာလေးကွာ ကိုကိုစိတ်မထိန်းနိုင်ပဲ ချစ်လိုက်ရင် ချာတိတ်လန့်သွားမှာဆိုးလို့ထိန်းထားတာကွ အသည်းယားအောင်တော့ မလုပ်နဲ့နော်"
"ဟင် ဘာမှလဲမလုပ်ပဲနဲ့'
အလန့်တခြား သူကိုကြည့်ပြီးပြောလာသော သူမရဲ့အဲလိုပုံစံလေးတွေက ချစ်ဖို့ကောင်းတာ သူမမသိပေမဲ့ ချစ်ရတဲ့သူမှာတော့ အသည်းတွေယားနေရသည်။
"ဟို ပီတိသွားတော့မယ်နော် ကြာရင်မကောင်းဘူး ရောက်တာနဲ့တန်းလာခဲ့တာမို့
သွားတော့ မယ်နော်'
ကောင်းကင် သူနားကလစ်ချင်နေသော သူမကြောင့် ပြုံးလိုက်ပြီး
"သွားလေ မသွားခင်တော့ကိုကို ကိုအားဆေူတိုက်ခဲ့အုံးနော်"
"ဘာအားဆေးလဲ ဘာအားဆေးမှမရှိပါဘူး ပီတိကိုဝယ်ခိုင်းထားလို့လား"
သူပြောတဲ့အားဆေးကို မသိသောချာတိတ်မကြောင့် သူရှေ့ကိုတိုးလိုက်ပြီး အနားသို့သူမလက်ကိုကိုင်ကာသူနားသို့ ဆွဲလိုက်ပြီး
ပါးကိုနမ်းလိုက်ကာ
"ဒီမှာလေ အားဆေး နေ့တိုင်းပေးရမယ်နော်"
"ဟာ ဘာမှန်းမသိဘူးကွာ"
ပြောပြီးမျက်နှာ ကြီးနီကာ ထွက်သွားသောသူမကြောင့် သူရယ်လိုက်ကာသဘောကျနေသည်။သူမပါးလေးတွေက ကလေးအသားလို အိအိလေးနဲ့သူနမ်းလိုက်တာနဲ့နစ်ဝင်သွားသည်လေ။
ပီတိတစ်ယောက် သာနမ်းလိုက်သော ပါးပြင်လေးကိုကိုင်ကာ ပြုံးလိုက် မိသည်။သူနမ်းတဲ့အချိန်မှာ ရင်တွေခုန်ပြီး မျက်နှာကလဲပေါက်ကွဲမတက် ခပ်အန်းအန်းဖြစ်လာကာ ခြေလက်တွေ အေးစက်လာသည်။တွေးနေရင် ဘေးဘီကိုတစ်ချက်ကြည့်ကာ ဌာနဘက်သို့ ပြန်လာခဲ့သည်။သို့ပေမဲ့ တစ်နေရာကလူတစ်ယောက်သူမကို ကြည့်နေတာတော့ သူမမမြင်ခဲ့ပေ။
#Moon shine
စာကro အောင်ရေးချင်ပေမဲ့ စာရေးသူကမroတက်သောအခါ😂😂😂
ဖတ်ပေးတဲ့ စာဖတ်သူများကို ကျေးဇူးပါရှင့်
Advertisement
- In Serial9 Chapters
My In-laws Are Obsessed With Me
My family and my husband killed me. Because of the inheritance.
8 226 - In Serial111 Chapters
Greed and Despond (Ban x Sin!Reader)
!!!WARNING-SLOW BURN!!!{Seven Deadly Sins}~ Completed ~The Seven Deadly Sins- a group famously known for their attempt to overthrow the kingdom by killing the Holy Knight Grandmaster.... but there wasn't seven. There were eight. The only reason the legends don't speak of her is because she wasn't a part of the so-called scheme. Well, not until now. -------Highest Ranks: #1 in #humor#1 in #sevendeadlysins#1 in #animestory#1 in #banxreader#1 in #nanatsunotaizai#1 in #nanataunotaizaixreader#1 in #manga#1 in #sevendeadlysinsxreader#1 in #ban#1 in #sds#1 in #characterxreader#2 in #animexreader#3 in #anime#8 in #xreader#42 in #fanfic#44 in #fanfictionCover By: @ggukjinn
8 167 - In Serial51 Chapters
☾︎Perfect Little Pieces☽︎ ✔︎
~Won in the Romance Category in Wattpad South Asia Awards 2021~• Adira Singhania, 24 year old famous psychologist in Mumbai. Being completed her PhD at a young age and dealing with people in a patient and smart way has made her an epitome of admiration by many. Family is everything for her and after her mother passed away she became the mother of her family. • Arjun Dixit, 26 year old youngest billionaire of India. He is the CEO of Dixit Industries and he is one of the richest people in the world. He is ruthless at what he does and can make people fear just by looking in their eyes. Hence, why people call him the "Devil". He loves his family to the core and would do anything for them. And if it comes to them he can die for them and even kill for them.What happens when these two perfectly different souls come accross each other. Will they fit together or will they fly apart?Join me in their journey to know what happens!This is my first story to be published online. Please give it a try and please ignore any grammatical errors if there are any!~Started // 2nd December, 2020~~Completed // 28th December, 2020~~Mature content is included so please be forewarned before you dive in!~
8 85 - In Serial22 Chapters
Signed: The Death King
It was suppose to be the end to a perfect weekend. Who knew it would start with a run-in outside a cafe? Before that moment, Maliah Anderson did not foresee meeting, much less running, into an Grim Reaper. I'm sorry, a Death Prince, not a Grim Reaper. Does that really sound any better? Also available to read on Tapas: https://tapas.io/series/Signed-The-Death-King- Moodboard: https://www.pinterest.com/desertfyre/signed-the-death-king/
8 176 - In Serial24 Chapters
HIS BABY
Watching the most desirable man that ever walked the planet is captivating. He is titillating mouth-watering with so much sex appeal. All women look at him, they stare with lust, seductiveness wanting him to pay attention to them, but he does not show interest. I just stood watching him as he stimulated my senses. He casually walked towards the office, not even taking a glance around him. My heart began to slow down when he disappeared into his room. Then the door closed. So many sighs could be heard coming from women who had their mouths agape. I smiled, taking my seat to finish my workload.
8 195 - In Serial38 Chapters
I SEE YOU|| A Vsoo FF ||
COMPLETED/ But Continuing in other book"Where is he?!" Jisoo tried to remain calm. "He escaped!" Jennie scram across the room "We tried chasing him! But he's and alpha" Rose Exclaimed "It's 4 against 7!" Lisa panicked. "Let's play Fire with Fire then" ⚠Disclaimer⚠ [Mafia] [Violence] [Etc.] ****** If you aren't Okay with these I do not recommend you this book.
8 172

