《ရင်ခွင်ကောင်းကင်(completed)》Ep-12
Advertisement
ကျော်စွာတစ်ယောက် မျက်နှာကြီးနီပြီးသူဌေးရုံးခန်းထဲက ထွက်လာသောဟိုတစ်နေက ဘိုးဘွားရိပ်သာကိုသူဌေးခေါ်လာတဲ့မိန်းကလေးကိုကြည့်နေမိသည်။သူမထွက်သွားမှ သူဌေးရုံးခန်းထဲဝင်လာလိုက်သည်။သူမကသူဌေးနဲ့ တစ်ခုခုပတ်သတ်နေနို်င်တာသူသိပေမဲ့ အဖြေပေးနိုင်သောသူကိုတော့မမေးရဲပေ ကိုယ့်အထက်လူကြီးမလား။
"ဘောစ့် ကျနော်ကိုခိုင်းထားတာ လုပ်ပြီးပါပြီး နေ့လည် ၁နာရီစဖို့မှာထားပါတယ် ပစ္စည်းတွေလဲ ရောက်နေပါပြီ"
" အိုကေ အဆင်ပြေအောင်ဆောင်ရွက်ပေးပါ
နောက်ပြီးထိုင်းဘက်ကProducer က ပူးတွဲရိုက် မဲ့ဇာတ်လမ်းတွဲအတွက် ထိုင်းဘက်ကsens ရိုက်ဖို့အတွက်ဒီဘက်ကသရုပ်ဆောင်တွေ ဘယ်ရက်လောက်လာပေးနိုင်မလဲ မေးနေတယ် အဲ့တာမင်းအနုပညာရှင်တွေ ရဲ့အချိန်တွေညိှပြီး ငါ့ကိုပြန်ပြောပေးအုံး"
"ဟုတ်ကဲ့ လုပ်ထားပ့ါမယ် အဲဘက်ကိုလိုက်မယ့်ကြီးကြပ်သူ တစ်ယောက် အကြီးတန်းဘက်က ရွေးထားလိုက်ရမလားဘောစ့်"
"မလုပ်နဲ့ ငါလိုက် မှာ ဘာလို့ဆိုငါတို့အတွက်ပထမဆုံးပူးပေါင်းမှုဆိုတော့ သေချာဂရုစိုက်မှဖြစ်မှာလေ ငါသွားလိုက် ဒီတောတွင်းတော့မင်းပဲဒီဘက်ကိုကြည့်ထားပေးကွာ"
"စိတ်ချ ဆရာ"
ကောင်းကင် ကျော်စွာကိုပြောပြီးတာနဲ့ ဖိုင်တွေကိုတစ်ချက်စစ်ပြီး လက် မှတ်ထိုးစရာရှိတာတွေထိုးနေရင်း သူအဖေဆီကဖုန်းဝင်လာခဲ့သည်။
"ဟဲလို ဒယ်ဒီ"
" သားမွေးနေ့မှာ ဒယ်ဒီဆုတောင်းမပေးလိုက်ရလို့ ခုကဒီမှာကညနေဆိုတော့ အချိန်ကိုမကြည့်မိလိုက်ဘူး ဆောရီးပါသား သားဘာလိုချင်လဲ"
" ရပါတယ်ဒယ်ဒီ အလုပ်တွေများနေတာသားသိပါတယ် သားလိုချင်တာမရှိပါဘူး
မာမီရော နေကောင်းတယ်မလား သားမေးတယ်လို့ ပြောလိုက်ပါအုံး"
"မင်းမာမီက ပါတီသွားတယ် ပြောလိုက ်မယ်သား သားလိုချင်တာရှိရင်ပြောနော်
ဒယ်ဒီအားလုံးဖြည့်ဆည်းပေးမယ် ဒါဆိုဒယ်ဒီ အစည်းအဝေးသွားစရာရှိသေးလို့ ဖုန်းချလိုက်ပြီနော်"
"ဟုတ်ကဲ့ပါ ဒယ်ဒီ"
ဖုန်းချပြီးနောက် ကောင်းကင်စဉ္းစားနေမိသည်။သူမိဘတွေက သူဘာလိုချင်လဲဆိုတာ တကယ်ပဲမသိတာလား အရင်ကငယ်စဉ္
ကလေးဘဝကတော့ သူမိဘတွေဆီက မေတ္တာကို တောင့်တခဲ့သည် ။ခုချိန်မှာတော့ သူအတွက်ထူးပြီး မမျှော်လင့်တော့ပါဘူးလေ။
သူမတို့နေလည်စာ စားပြီးခနနားနေစဉ္ မဲဖောက် မည့်အစီအစဉ္ စမှာမို့ မြေညီထပ်က ဟောခန်းမမှာလူစုရမည် ဖြစ်သည်။ထို့ကြောင့် ဌာနထဲက လူကုန်အောက်ဆင်းလာခဲ့သည်။သူမလက်ကို ချိတ်ကိုင်ကာ ပစ္စည်းတွေ ဘာတွေဖောက်ပေးမှာဆိုပြီးဘေးနားက မမယုက တစ်လမ်းလုံးပြောလာသည်။
ခန်းမထဲရောက်တော့ လူတွေအများကြီးစုံနေတာတွေ့ရသည် အစီအစဉ္ပွဲကြီးရင် လုပ်နေကျအခန်းဖြစ်လို့ လူရာနဲ့ချီဆန့်သည်။tv ထဲမှာ မြင်ဖူးပြီး ခုမှရောက်ဖူးသောကြောင့် သူမ အပြင်အဆင်တွေကိုသေချာလိုက်ကြည့်နေသည်။ခုနနေတော သူကမိုက်ကိုင်ကာ စင်ပေါ်သို့တက်လာသည်။ဝတ်စုံပြည့်နဲ့သူမပေးသောနက်ကတိုင်ကိုစည်းထားပြီး ချောမောနေသော သူကိုကြည့်ပြီး ပီတိတစ်ယောက် ငေးနေမိသည်။စလိုက ်မီးတွေကြောင့် သူမမျက်လုံးထဲ သူကထင်းနေအောင် ချောမောနေသည်။
ကောင်းကင်တစ်ယောက် မိုက်ကိုင်ပြီးစကားပြောဖို့တက်လာစဉ္ သူကိုငေးကြည့်နေတဲ့ သူမကြောင့် စကားမပြောမိသေးပဲ ရပ်နေမိသည်။သတိထားမိတဲ့ ကျော်စွာက စကားပြောပါဟု လက်ဟန်ပြတာမြင်မှ သူပြောဖို ့သတိရသည်။
" ကျနော်ရဲ့မွေးနေ့မှ နှစ်တိုင်းမဲဖောက်ပေးနေကျ ဆိုတော့ အစဉ္လာမပျက်အောင် ဒီနှစ်လဲ မဲဖောက်ပေးတာပါ ဝန်ထမ်းသစ်လေးတွေကတော့ ပထမအတွေ့အကြုံပေါ့ ဒီကဝန်ထမ်းတွေကို ကျနော်ကမိသားစုလိုသဘောထားပြီး မွေးနေ့အမှတ်တရဖြစ်အောင်လုပ်ပေးရင်း အမြဲလုပ်ဖြစ်သွားတာပါ
ကဲခုတော့ မဲဖောက်ပေးမဲ့အစီအစဉ္ကို စတင်ပါပြီဗျာ"
"ဟေး ဟေး "
ဆိုပြီးအကုန် လက်ခုပ်တီးကျသည်။ပစ္စည်းတစ်ခုလာရင် နံပါတ်နဲ့နာမည်ရေးထားတဲ့မဲလိပ်ပေါင်းများစွာထဲက သူကနှိုက်ပြီး ကိုကျော်စွာက နာမည်ခေါ်ကာ သူကပစ္စည်းပေးသည်။တစ်ယောက်ပြီးတစ်ယောက်
မဲဖောက်လိုက်ကာ သူမနာမည်နဲ့နံပါတ်ကို ကိုကျော်စွာက ခေါ်လိုက်တော့ သူမက စင်ပေါ်တက်ယူသည်။ ပစ္စည်းကိုသူက လှမ်းပေးပြီး သူမနဲ့လက်ဆဲွနှုတ်ဆက်ရသည်ကို သူကလက်ကိုတစ်ချက်ညစ်ကာ ပြုံးစေ့စေ့ပြုံးပြသည် ။တစ်ကယ်မလွယ်တဲ့လူ သူကဘာမှမဖြစ်ပေမဲ့ သူမကထူပူကာရှက်ပြီး ပါဆယ်ထုပ်ကိုသယ်ကာ သူမထိုင်နေရာသို့ပြန်လာကာဝင်ထိုင်တော့ မမယုကဘာလဲဆိုပြီး ပါဆယ်ထုပ်ကိုဖောက်ခိုင်းသည်။ သူမကခုမှကြည့်မိသည် ပါဆယ်ကသေးလွန်းသည် လက်တစ်ပါးထက်ကြီးတာပဲရှိသည် ခုနကစင်ပေါ်မှာက လူကထူပူနေတော့ သတိမထားမိသောကြောင့်ဖြစ်သည်။သူမစိတ်မပါစွာ ဖောက်လိုက်တော့ ဘူးပေါ်မှာiphone 11 promax ဖြစ်နေသည် ။ဒါတော့မဖြစ်နိုင်
ဘူးထည့်စရာမရှိလို့ အခွံယူသုံးတာပဲဖြစ်မည် ။သူမဖွင့်လိုက်တော့ သူမမျက်လုံးတောင် မယုံနိုင် ဘေးနားကမမယုကအကျယ်ကြီးထအော်သည်။
"အမလေး ပီတိမကံကောင်းချက် iphone နောက်ဆုံးထွက်ဟဲ့ ကံကောင်းလိုက်တာ "
ရှေ့ခုံက ကိုတိုးကြီးနဲ့ဌာနကလူတွေကလဲ ညည်းတော်တော်ကံကောင်းတာ ဆိုပြီး အားကျတဲ့မျက်လုံးတွေနဲ့ကြည့်နေကြသည်။
မဲအကုန်ဖောက်ပြီး ခနနေတော့ မီးအကုန်ပိတ်သွားသည် ပြီးတော့ ကိတ်မုန့်တွန်းလှည်းကိုတွန်းလာပြီးကိုကျော်စွာက မွေးနေ့သီချင်းစဆိုတာကြောင့် အကုန်မတ်တပ်ရပ်ကာ သီချင်းဆို သည်။သူရှေ့ ကိတ်မုန့်ရောက်လာတော့ သူကပြုံးပြီး ဆုတောင်းကာ ဖယောင်းတိုင်ကိုမှုတ်လိုက်သည်။ခနနေတော့ မီးပြန်ဖွင့်ကာ ကိတ်မုန့်ကို အကုန်လှီးပြီးပန်းကန်ထဲ ထည့်ကာ စားကြသည် ။ပွဲပြီးလို့ ပြန်မယ်လုပ်တော့ သူဆီကမက ်ဆေ့စ်ဝင်လာသည်။သူလိုက်ပို့မယ် ဆိုပဲ ပျော်ရွှင်စွာ
သူကို ကားမှတ်တိုင်မှာစောင့်မယ်ဆိုပြီး မက ်ဆေ့စ်ပြန်ပို့လိုက်သည်။ရုးံရှေမှာ သူကားစီးရင် အလုပ်ကလူတွေတွေ့ရင် မကောင်းကြောင့်ဖြစ်သည်။ခနနေတော့ ကားရပ်လာတာကြောင့် သူမဝင်ထိုင်လိုက်သည်။သူကတစ်ချက်ပြုံးပြပြီးလက်တစ်ဖက်က သူမလက်ကို ဆုပ်ကိုင်လာသည်။
"ပထမဆုံးပဲွမှာ မဲကြီးကြီးပေါက်လို့ပျော်နေတာပေါ့ ဟုတ်လားချာတိတ်"
"ပျော်တာပေါ့ လိုချင်နေတာ ပိုက်ဆံမရှိသေးလို့ မဝယ်ဖြစ်တာလေ ခုရတော့ ပျော်တာပေါ့ကိုကိုရဲ့ ကိုကိုရော ကိတ်ခွဲလိုက်လို့ပျော်နေတာမလား"
"ပျော်တာတော့ မနေ့ကတည်းက ခုလည်းပျော်ပါတယ် အပျော်ဆုံးကတော့ ချာတိတ်ကြောင့်"
"ပီတိကြောင့် "
"ဟုတ်တယ် ကိုယ့်အတွက်အလိုချင်ဆုံး ဆုလဒ်ကချာတိတ်ပဲ "
" ကိုကို ပိုပြီးး"
"ပိုပါဘူးဗျာ လိုတောင်လိုသေး "
ဆိုပြီး သုမလက်ဖမိုးကို ဖိကပ်နမ်းလိုက်သည်။တစ်လမ်းလုံး စကားတွေဖောင်ဖွဲ့အောင်ပြောလာပြီ သူမလမ်းထိပ်သို့ ရောက်လာခဲ့သည်။ကားကိုလမ်းဘေးခန ရပ်ကာ ရှေ့မီးကိုပိတ်လိုက်သည်။ကားကနဂိုတည်းက မှန်အနက် မို့ မမြင်ရတာ မီးပိတ်လိုက်တော့ အမှောင်ထဲမှာ ပျောက်သွားသည်။သူ သူမဘက်ကိုလှည့်ပြီး
"ချာတိတ် ပိတ်ရက်ကျရင် အပြင်သွားအောင်နော် ကိုကိုလာခေါ်မယ်"
"အင်းသွားမယ် လေ first date ပေါ့ "
"ဟုတ်ပါပြီး လှလှလေးဝတ်လာခဲ့သိလား"
"ဟုတ်ကိုကို သွားတော့မယ်နော်"
"နေပါအုံး နှုတ်လဲမဆက်ဘူး"
"ဘယ်လိုနှုတ်ဆက်ရမှာလဲ"
သူမမေးတာကို မဖြေပဲ သူကအနားကပ်ပြီးနားနားကပ်ကာပြောသလိုနဲ့ ပါးကိုနမ်းလိုက်သည္ ။သူမအံအာသင့်သွားကာ ပါးစပ်လေဟမိသည်။
ပါးစပ်လေးဟကာကြောင်ကြည့် နေသောချာတိတ်ကြောင့် သူအာခြောက်သလိုဖြစ်ကာသူ မကိုယ်လေးကိုသူနဲ့ဆွဲကပ်လိုက်ပြီး
သူမနှုတ်ခမ်းလေးကို ဆွဲနမ်းလိုက်သည်။နမ်းနေရင်း အိထွေးနေသောနှုတ်ခမ်းလေးကြောင့် သူနမ်းတွေ မရပ်တန့်နိုင်ပဲ သူမအောင်နှုတ်ခမ်း လေးကို သူငုံထားမိသည်။နောက်ဆုံးအနေနဲ့တစ်ချက်စုပ်နမ်းပြီး အော
က်နှုတ်ခမ်းလေးကို ဖွဖွလေးကိုက်ကာလွှတ်ပေးသည်။လူချင်းခွာကာ သူမပုခုံးကိုလက်နှစ်ဖက်နဲ့ကိုင်ကာ သူမမျက်နှာကိုကြည့်တော့ ရဲနေကာ သူမနှုတ်ခမ်းလေးက ဖူးဖူးလေးနဲ့သူလက်ချက်ကြောင့်နီနေသည်။
"ကိုကို သိပ်ဆိုးတာပဲလူကိုလန့်သွား တာပဲ
နောက်ကျနေပြီး ပြန်တော့မယ်နော်"
"ချာတိတ်ရှေ့ကသွား ကိုကိုလိုက်ပို့မယ် စိတ်မချဘူး "
"ဟုတ် ကိုကို သွားမယ်လေ"
"အင်းပါ ရှေ့ကဆင်းနှင့် ညကျရင်ဖုန်းဆက်မယ်နော်"
"ဟုတ်ကဲ့'
သူမအိမ်ရှေ့ထိ ခပ်လှမ်းလှမ်းကလိုက်ပို့ပြီး
သူမအိမ်ထဲဝင်မှ သူပြန်လာခဲ့သည်။
#Moon shine
Advertisement
- In Serial505 Chapters
His Cute Wife Is A Little Crazy
His Cute Wife is a Little Crazy *COMPLETED*
8 1634 - In Serial40 Chapters
Savior (BWWM)
A stripper, destined to be lawyer and a man who only cares about himself meet in sinful circumstances. When one dance leads to another, it's hard for Roman to resist her and when one clue leads to another, Blake is thrusted into his world of violence. ~~~Blake Myers is a stripper at a famous club, called Play bunnies den. She's always dreamed of being a lawyer, even went to law school and got her degree. But it only put her in debt. After not finding one single law firm to hire her, she turned to stripping to earn money quickly. Roman Ferrari is a feared man in America. He looks incredibly handsome, but underneath that face is a true demon. He was raised to continue his family's business, nothing else. To him and everyone else, he has no soul, until she came and changed everything about him.17+Mature and Violent content!
8 195 - In Serial51 Chapters
What You're Not
When she moves to a new town, all Loren wants is a fresh start. But things get complicated when she falls for Miles, the cute boy who wants to know her secret. *****When Loren Reed moves to Westbrook all she wants is to put her past behind her. And she has a plan to do it: she'll get back into sewing, make some new friends, and pull her grades up. In short, she'll show her mom that she's not going to be a shut-in anymore, and that she's moved on from the tragic events of four years ago. The only problem? Miles Hanson, the cute football player who wants to know everything about her. As it turns out, Loren and Miles may have more in common with their pasts than they ever realized...[[word count: 90,000 - 100,000]]Cover designed by Ria AmeliaTrigger warning: This story mentions the death of a parent and sibling
8 126 - In Serial37 Chapters
Hurts So Good
• Elysian Leonidas •I was assigned to do a task. Sheild her from all the monsters lurking outside. It was a simple task. And I knew I would succeed but the moment she gazed at me with those warmth-filled eyes, the warmth I didn't deserve, I knew I was fucked up.• Farren Elizabeth Calathan •He was dark and scary, he was just here to protect me, nothing less, nothing more. He guarded me against all the harm and watched over me but I think my heart needed more guarding against his burning soul. After all, I was a moth and he was a flame and I couldn't help being attracted to him, only to burn in the end.~~~~~~~~~~~~~~~~~~~~~~~~~~~~"There's a difference. If this continues, I will have to replace you."My blood boiled and I growled. "You take her away from me and I will forget we even share the same blood."His eyes narrowed further. "Are you forgetting your purpose here? She's your client, Elysian, nothing else.""She is my fucking wife! Don't call her my client ever again."
8 180 - In Serial66 Chapters
Beta Mates
Book #2: The Mated SeriesEmitt Smith, one of a kind party animal with a knack for making people love him instantly. A sweetheart with a filthy mind, Emitt is loved by all, especially in his pack as the future Beta, living life in complete bliss except when it comes to a certain blonde guy. Beckett Stone, loyal friend with a heart of gold, adored by all of the female species, he's earned a reputation of a lovable jock. His sole purpose in life is to please his parents by being the amazing Beta they want him to be and to find his mate. Two packs merged, equaling two betas. How will they add up? Especially when they find out they're mates. (UNEDITED: READ AT YOUR OWN RISK)
8 116 - In Serial24 Chapters
Loving You
Book One in the 'Loving' series. ▪▪▪▪▪▪▪▪▪Arjun Singhania is a 27 year old workaholic man. He thinks he has everything that he'll ever need in life: supportive family, a best friend who always has his back and his successful company. And then comes a 22 year old chirpy girl in his life, whose only goal is to become independent. Getting the position of the personal assistant to Arjun, she feels that this is her first step towards achieving her goal. But is there going to be just work behind the office doors?COMPLETED
8 127

