《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[2]
Advertisement
[Unicode]
002-နံနက်စာ,စားချိန်၌ အငြင်းပွားမှုအနည်းငယ်
ဤသူသည် အသက်နှစ်ဆယ်ကျော်အရွယ်ခန့်ရှိပြီး အရပ်ရှည်ရှည်နှင့် ကြံ့ခိုင်တောင့်တင်းသည့် ကိုယ်နေဟန်ထားရှိသည်။သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို မီးခိုးရောင် ရှေးခေတ်ဝတ်ရုံကို ၀တ်ဆင်ထားပြီး ခါးတွင် ရိုးရိုးခါးပတ်အနက်ရောင်ဖြင့် ချည်နှောင်ထားပြီး သူ့၏အောက်ပိုင်းကိုယ်ထည်တွင်မူ အရောင်တူဘောင်းဘီကို ကြွက်သားအနည်းငယ်ပေါ်သည်အထိ လိပ်တင်ထားကာ ကောက်ရိုးဖိနပ်ဟောင်းတစ်ရံကို စီးထားသည်။
ဒီလူက အတော်လေးချောတာပဲ။ခါးထိရှည်သော အနက်ရောင်ဆံပင်ကို အပြာရောင်အထည်စဖြင့် ချည်နှောင်ကာ သစ်သားဆံထိုးဖြင့် ပိတ်စည်းထားသည်။တောက်ပပြီး စူးရှသည်မျက်လုံးများကို ထူထဲသည့်မျက်ခုံးမွှေးများက ခပ်ခုံးခုံးဖြင့် တောက်လျှောက် အနားကွပ်ထားသည်။နေပူထဲမှာ မကြာခဏအလုပ်,လုပ်ထားရတာကြောင့် သူ့အသားအရည်က ကြေးဝါရောင်အသားရည်မျိုးဖြစ်နေပြီး သူ့ကို ပိုကြည့်လို့ကောင်းသွားစေသည်။သို့သော် သူ့ရဲ့ဘယ်ဘက်ပါးပြင်ပေါ်တွင် အမာရွတ်တစ်ခုရှိနေပြီး ဘယ်ဘက်မျက်လုံးအတွင်းထောင့်ကနေ နားရွက်အောက်ခြေအထိ ရောက်နေသည်။ဒဏ်ရာက ဟောင်းပေမယ့် အမာရွတ်က အရမ်းသိသာနေ၏။အတန်ငယ် ကြောက်စရာကောင်းပုံလည်းရနေသည်။
သူက ဒီယောက်ျားရဲ့ ဇနီးလား?ချင်မျန်သည် ချောင်းတဟွတ်ဟွတ်ဆိုးရင်း မတ်တပ်ထရပ်လိုက်သည်။သူ့ဒူးတွေက အနည်းငယ်အားနည်းနေတာကြောင့် နောက်ပြန်လဲကျလုမတတ်ဖြစ်သွားသည်။ထိုလူသည် စူးရှထက်မြက်သော မျက်လုံးများနှင့် သွက်လက်သောလက်များဖြင့် ချင်းမျန်၏လက်မောင်းကို လက်တစ်ဖက်တည်းဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။
ချင်မျန်သည် ကြက်လေးတစ်ကောင်ကို ကောက်ယူခံလိုက်ရသလို ခံစားလိုက်ရသည်။သူသည် ထိုလူကို လှမ်းကြည့်လိုက်သော်လည်း သူ မည်သည်ကိုမျှ မပြောလိုက်ပေ။ထိုလူကား အရပ်ရှည်လွန်းပြီး သူ့လက်ရှိ သူ့ကိုယ်ထက် ဦးခေါင်းနှစ်လုံးစာနီးပါး မြင့်လွန်းသည်ဟု ဆိုလျက် စိတ်ထဲမှာသာ ညည်းညူနေလေတော့သည်။တစ်ချိန်တည်းမှာပင် သူပိုင်ဆိုင်ထားသော ဤခန္ဓာကိုယ်သည် ဖျားနာနေပြီး ဤကဲ့သို့သော ပျော့ညံ့မှုမျိုးမှာ လုံးဝပုံမှန်မဟုတ်ကြောင်း သူသေချာသိနေခဲ့ပြန်သည်။
တံမြက်စည်းချလိုက်တော့မှ တုရှီ၏မျက်နှာသည် အနည်းငယ် ပြေလျော့သွားသည်။ “လောင်တာ့(အကြီးဆုံး),အမေကို သူ ဒေါသထွက်အောင်လုပ်တယ်။သူက ဝက်တွေကို အစာမကျွေးနိုင်ဘူးလို့ ပြောတယ်လေ။ဒါက အမေ့ကို ခံပြောတာမှ မဟုတ်ရင် ဘာလဲ?မင်း မိန်းမကို သေချာဆုံးမထား!"
ချင်မျန်က တစ်ခွန်းမှ အသံမထွက်လာပေ။ဝက်တွေကို သူ အစာ ကျွေးနိုင်ပါတယ်။မွေးစကနေအသက် 15 နှစ်အရွယ်အထိ မိခင်ဘက်ကဘိုးဘွားတွေနှင့်အတူ ကျေးလက်တောရွာတွင် နေထိုင်ခဲ့ပြီး အိမ်က ကြက်၊ဝက်တွေကို မွေးမြူခဲ့ရတာမို့ သူအကုန်လုပ်နိုင်တယ်။ဒါပေမယ့် ယခုမူ သူသည် ထူးဆန်းသော ပတ်ဝန်းကျင်တစ်ခုတွင် ရှိနေခဲ့ပြီး မူလကိုယ်ခန္ဓာပိုင်ရှင်အကြောင်း တစ်စွန်းတစ်စမျှ အမှတ်ရနေမှုမရှိခဲ့ပေ။ဝက်အစာက ဘယ်မှာရှိသလဲ ဘယ်လောက်ကျွေးရမယ်ဆိုတာ သူမသိဘူး။အမှားတစ်ခုခုလုပ်မိပါက အဘွားကြီးက သူ့ကို သံသယဖြစ်သွားလိမ့်မယ်။အများသိကြတဲ့အတိုင်း ရှေးခေတ်ကလူတွေက အယူသီးကြတယ်လေ။အကယ်၍ တစ်စုံတစ်ယောက်က ဒီခန္ဓာကိုယ်ရဲ့ဝိညာဥ် ပြောင်းလဲသွားတယ်ဆိုတာကို သိရှိခဲ့ပါက သူကား နောက်တစ်ကြိမ် သေဆုံးရပေလိမ့်မည်။ထို့ကြောင့် သူ မလုပ်နိုင်ကြောင်း တည့်တိုးပြောလိုက်တာပဲ,အလွန်ဆုံးမှ အဘွားကြီးက သူ ပြဿနာကို တမင်တကာရှာနေတယ်ဟု တွေးနေရုံလောက်ပင်။
လဲ့ယ်ထျဲသည် ချင်မျန်ကိုကြည့်လိုက်သည်။ဆန့်ကျင်ဘက်အားဖြင့် သူသည် စိတ်ပင်မဆိုး,စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားသည်။
တုရှီသည် ချင်မျန်ကို အကြည့်စူးစူးပေးလိုက်သည်။ချင်းမျန်ကား သူမကို မကြောက်ပေ။လေထန်နေသောလမ်းဘက်ကို လျှောက်လှမ်းနေသော ထိုလူအကြောင်းကို တိတ်တိတ်လေး တွေးနေမိသည်။သူဘာမှားသွားမှန်း မသိတော့ဘူး။
ခဏကြာတော့ အဲဒီလူက ပုံးတစ်ပုံးနဲ့ ပြန်တက်လာပြီး ဝက်ဆီသွားကာ ပုပ်နေတဲ့ ဟင်းရွက်တွေနဲ့ ပုံးထဲက မြက်ပင်တချို့ကို ကျင်းထဲကို အမြန်လောင်းထည့်လိုက်သည်။
တုရှီ၏မျက်နှာသည် အနည်းငယ်ပြာသွားသော်လည်း သူမ၏လေသံမှာ တတ်နိုင်သမျှနွေးထွေးနေ၏ - "လောင်တာ့ မင်းက အရွယ်ရောက်ပြီးတဲ့ယောကျ်ားသားတစ်ယောက်လေ။မင်းဘာလို့ ဒီလိုအလုပ်မျိုးကိုလုပ်ချင်နေရတာလဲ?"
ချင်မျန်က ဒေါသထွက်သွားသည်။
သူက ယောက်ျားဆိုရင် ငါကရော ယောက်ျားမဟုတ်ဘူးလား?
လဲ့ယ်ထျဲက ပုံးကို မြေပြင်ပေါ်ပြန်ချပြီးသည်ထိ စကားတစ်ခွန်းမှ မပြောပေ။သူက ချင်မျန်ကို သက်ကယ်မိုးထားတဲ့အခန်းထဲကို ခေါ်သွားပြီး ကုတင်စွန်းမှာ ထိုင်ခိုင်းလိုက်သည်။
ချင်မျန်က သူ့ကို ဘယ်လို ပြောဆိုဆက်ဆံရမလဲမသိတာကြောင့် သူ အပြင်ထွက်ပြီး ရေဇလုံတစ်ခု သွားယူနေတာကို ကြည့်နေလိုက်သည်။တံခါးနောက်တွင် တန်းအဖြစ်ချည်ထားသော ကြိုးပေါ်ကနေ အသစ်စက်စက်ပုဝါထည်ကို ယူလာ၍ ဇလုံထဲသို့ ထည့်လိုက်သည်။ထို့နောက် ချင်မျန်နှင့် လက်သုံးချောင်းအကွာအဝေးရှိ ကုတင်အစွန်းတွင် ထိုင်ချလိုက်ပြီး ဆန့်ကျင်ဘက်နံရံကို ကြည့်ကာ စကားမပြော တိတ်ဆိတ်နေလေသည်။
"ကျေးဇူးတင်ပါတယ်။" ချင်မျန်က သူ့ကိုယ်သူ တွေးနေမိလိုက်သည်;တကယ် အဆင်သင့်ပဲ!
ဒါပေမယ့် သူတို့နှစ်ယောက်တွင် ပုံမှန်မဟုတ်တဲ့ဆက်ဆံရေးတွေရှိနေပေမဲ့လည်း ဒီလူကို အခုအချိန်အထိ မကြိုက်နိုင်သေးပေ။စကားအများကြီးပြောမနေတော့ဘဲ မျက်နှာနှင့်လက်ကို ဆေးကြောရန် မျက်နှာသုတ်ပဝါကို သုံးလိုက်သည်။ရေသွန်ခါနီးတွင် ထိုလူသည် ဇလုံကိုယူကာ သူ့မျက်နှာနှင့်လက်ကို တိတ်တိတ်ဆိတ်ဆိတ် ဆေးကြောနေသည်။
ချင်မျန်ကား အနည်းငယ် အဆင်မပြေတော့ပေ။ယောက်ျားသားနှစ်ယောက်က မျက်နှာသုတ်တဲ့အဝတ်ကို မျှသုံးနေတယ်ပေါ့!
“ထမင်းစားကြရအောင်” လဲ့ယ်ထျဲသည် မျက်နှာကို ဆေးကြောပြီးနောက် လက်တစ်ဖက်ဖြင့် ဇလုံကိုကိုင်ကာ မတ်တပ်ထရပ်လျက် ချင်မျန်ကို ကြည့်လိုက်သည်။
ချင်မျန်က ခေါင်းညိတ်လိုက်ပြီး သူ့နောက်ကနေ လိုက်သွားခဲ့သည်။
ထိုလူသည် နံရံထောင့်တွင် ရေစိုအဝတ်ကို ခါလှမ်းပြီး ပင်မအိမ်သို့ မလှမ်းမီ ရေတွင်းဘေးတွင် ဇလုံကိုထားလိုက်သည်။
ချင်မျန်က နောက်ကနေ လိုက်လာခဲ့၏။
ထိုအချိန်တွင် တံခါးဝကနေ လူအများအပြား ဝင်လာကြသည်။ အမျိုးသား၊အမျိုးသမီး အားလုံးသည် ရှေးခေတ်ဝတ်စုံကို ၀တ်ဆင်ထားကြပြီး လယ်ယာသုံးပစ္စည်းများကို ကိုင်ဆောင်ကာ လမ်းလျှောက်ရင်း စကားပြောလာကြသည်။အဲဒီလူတွေ၏နောက်ကနေ ကလေးသုံးယောက်က လိုက်လာကြသည်။
ဒီအကြောင်းပြောရရင် လဲ့ယ်မိသားစုဝင်အကြောင်း အရင်ပြောကြည့်ကြရအောင်။လဲ့ယ်အိမ်ထောင်ဦးစီး လဲ့ယ်တာ့ချန်သည် အသက် ၄၀နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သူနှင့် လက်ထပ်ထားသည့် ဇနီး တုရှီကဖြင့် အသက် ၃၈နှစ်ရှိပြီဖြစ်သည်။မိသားစုတွင် လဲ့ယ်ထျဲသည် အကြီးဆုံးသားဖြစ်ပြီး အသက် ၂၃နှစ်ရှိနေပြီဖြစ်ကာ သူ့ဇနီးချင်မျန်သည် အသက် ၁၄နှစ်သာရှိသေးသည်။ဒုတိယမြောက်သား လဲ့ယ်ရှန်းရန်က အသက် ၂၁နှစ်ဖြစ်ပြီး သူ့ဇနီးကျိုးရှီနဲ့ လက်ထပ်ခဲ့ကာ သူတို့၏ကလေး(သား)အကြီးဆုံး လဲ့ယ်တာ့ပေါင်းသည် ၅ နှစ်ဖြစ်ပြီး သားငယ် လဲ့ယ်ရှောင်ပေါင်းက ၃ နှစ်ဖြစ်သည်။တတိယမြောက်သား လဲ့ယ်ရှန်းရီက အသက် ၁၉နှစ်အရွယ် ရှိနေပြီဖြစ်ကာ ချင်းရှီနဲ့ လက်ထပ်ခဲ့ပြီး ၂နှစ်အရွယ် လဲ့ယ်ရှင်းရှင်းဆိုတဲ့ သမီးလေးတစ်ယောက် ထွန်းကားခဲ့သည်။စတုတ္ထမြောက်သား လဲ့ယ်ရှန်းလီက အသက် ၁၇ နှစ်ဖြစ်ပြီး အိမ်ထောင်မပြုရသေးပေ။ပဉ္စမမြောက်ကလေးငယ်များမှာ အမြွှာတွေဖြစ်ကြပြီး သားယောကျ်ားလေး လဲ့ယ်ရှန်းကျစ်နှင့် တစ်ဦးတည်းသောသမီးဖြစ်သူ အသက် 15 နှစ်အရွယ် လဲ့ယ်ချွင်းထောင်တို့ဖြစ်သည်။
Advertisement
ထိုအချိန်တွင် လဲ့ယ်တာ့ချန်က ဦးစွာ ဝင်လာခဲ့သည်မှာ အတိအကျပင်။ပြီးမှ အခြားသူများ ဝင်လာခဲ့သည်။လဲ့ယ်ရှန်းကျစ် မှလွဲ၍ အခြားသူများလည်း ရောက်ရှိနေကြပြီ။
လဲ့ယ်ရှန်းရန်သည် လယ်ယာသုံးပစ္စည်းများကို ချလိုက်ပြီး
ချင်မျန်၏မျက်နှာသည် အနည်းငယ် ထူးဆန်းနေပုံရသည်ကို တွေ့သောအခါ သူက “ပထမ မရီး” ဟု အော်ခေါ်လိုက်သည်။
အခုမှကူးပြောင်းလာခဲ့ရတဲ့ ချင်မျန်သည် စိတ်မသက်မသာဖြစ်နေတော့သည်။ပုံမှန်မဟုတ်တာကို မြင်သွားမှာကြောက်နေ၍ သူတို့ကို ဂရုတစိုက်မကြည့်တော့ဘဲ ဝိုးတဝါး ခေါင်းညိတ်ရုံသာ လုပ်တော့သည်။အခု သူ ကူးပြောင်းလာခဲ့ပြီးပြီဆိုတော့ ပြန်ကူးပြောင်းသွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။သူ့စိတ်ထဲမှာ အတွေးတစ်ခုရှိနေ၏။သူ့မှာ မှော်ဆန်တဲ့ နေရာတစ်ခု ရှိတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပေ။သူ့ဉာဏ်ပညာနဲ့ အနှီမှော်ဆန်တဲ့ နေရာလေး ရှိနေသရွေ့တော့ ကောင်းမွန်တဲ့ ဘဝမှာ နေထိုင်နိုင်ဖို့က ပြဿနာမဟုတ်တော့ပေ။သို့သော် ယခုအချိန်တွင် သူလုပ်နိုင်သမျှမှာ တည်တည်ငြိမ်ငြိမ်နေ,နေရုံသာဖြစ်သည်။
ကျိုးရှီနှင့် ချင်းရှီတို့သည် အမျိုးသားများ လက်ဆေးရန်အတွက် ရေခပ်ရန် ရေတွင်းသို့သွားကြသည်။ရေခပ်နေစဉ်တွင် သူတို့သည် ထူးဆန်းသော အပြုံးများဖြင့် အသံတိုးတိုးပြောနေကြပြီး သူတို့၏မျက်လုံးများသည် ချင်မျန်ထံသို့ မသိမသာရော သိသိသာသာပါ လွင့်မျောလာကြသည်။ချင်းမျန်က ဂရုမစိုက်နေပေ။ပင်မအဆောင်တွင် လူရှစ်ဦးအတွက် ရှေးခေတ်စတုရန်းစားပွဲနှစ်လုံးထား,ထား၏။လဲ့ယ်ထျဲက စားပွဲတစ်လုံးမှာ ထိုင်နေတာကို မြင်တော့ သူ့ဘေးက လွတ်နေတဲ့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး လဲ့ယ်ထိုင်ရဲ့တုံ့ပြန်မှုကို တိတ်တဆိတ် သတိထားလိုက်၏။
လဲ့ယ်ထျဲသည် သူ့ရဲ့သာမန်နဲ့မတူဖြစ်နေတဲ့ ဇနီးသည်ကို ကြည့်လိုက်သည်။သူ့မျက်လုံးထဲတွင် မထင်မှတ်ထားသော အမူအရာ အနည်းငယ်ရှိနေသော်လည်း ဘာမှတော့ပြန်မပြောပေ။
"ဒုတိယမိသားစုနဲ့ တတိယမိသားစုတွေ လာမကူညီကြသေးဘူးလား?" တုရှီသည် မီးဖိုချောင်ထဲကနေ ထွက်လာတော့ ကျိုးရှီ နဲ့ ချင်းရှီတို့ စကားစမြည်ပြောနေတာကို တွေ့တော့ ဒေါသတကြီး ခါးထောက်ပြီး အေးစက်စွာအော်လိုက်သည်။
"လာပါပြီ!" ကျိုးရှီ နှင့် ချင်းရှီတို့သည် ချက်ချင်းပင် အပြုံးများကို အဝေးဖယ်ထုတ်လိုက်ပြီး လက်ကို အမြန်ဆေးကြောလိုက်ကြသည်။
ခဏအကြာတွင် အပြင်မှလူများအားလုံး ဆေးကြောကြပြီးနောက် မှ ဝင်လာကြသည်။ချင်းမျန်သည် အမျိုးသားများစားပွဲခုံတွင် ထိုင်နေသည်ကို မြင်လိုက်ရသည်နှင့် တစ်ချိန်တည်းမှာပင် သူတို့၏ ခြေသံများ ငြိမ်သွားကာ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြသည်။
အဖေလဲ့ယ်သည် ဂုဏ်ကျက်သရေအပြည့်ဖြင့် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရင်း ဘာမှတော့မပြောလာပေ။အမှန်မှာ သူသည် အသက် ၄၀ အစောပိုင်းတွင်သာ ရှိသော်လည်း တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားမှုကြောင့် အလွန်အိုမင်းနေပုံရသည်။သူ့ကြည့်ရတာ အသက် ၆၀ လောက်ရှိနေပုံပင်။
သူတို့အဖေကမှ ဘာမှမပြောသည်ကို လူအနည်းငယ်က မြင်လိုက်သောအခါ ချင်မျန်ထိုင်နေသည့် စားပွဲမှာပင် ထိုင်ခုံနေရာဝင်ယူလိုက်ကြသည်။
ခဏအကြာတွင် တုရှီ,ကျိုးရှီ နှင့် ချင်းရှီတို့သည် အစားအသောက်များနှင့်အတူ ဝင်လာကြသည်။
တုရှီက ချင်မျန်ကို မြင်တာနဲ့ သူ့မျက်နှာက ပြောင်းလဲသွားတော့သည်။သူမ မကျေမနပ်ဖြစ်နေတာကို ထိန်းကာ အခြားစားပွဲကို ပြလိုက်သည် – “လောင်တာ့ရဲ့[ဇနီး]နင် ရူးနေပြီလား။နင့်ရဲ့ထိုင်ခုံက ဒီမှာလေ"
ကျိုးရှီနှင့် ချင်းရှီတို့နှစ်ဦးစလုံးသည် ဇာတ်ပွဲကြည့်နေရသလိုမျိုး မျက်နှာထားများ ချက်ချင်းဖြစ်သွားကြသည်။သားအကြီးဆုံးက ယောကျ်ားတစ်ယောက်ကို ဇနီးအဖြစ် လက်ထပ်ယူထားတဲ့ ကိစ္စက သူတို့အတွက် ပျော်စရာကိစ္စဖြစ်ရုံလုံလောက်တဲ့အပြင် လက်ထပ်ထားပြီး သိပ်မကြာခင်မှာပဲ ယောက္ခမဖြစ်သူနဲ့ စကားများတယ်ဆိုတဲ့အကြောင်းက သူတို့အတွက် ရက်အတော်ကြာတဲ့အထိ ပြောစရာအကြောင်း ရှိလာပေတော့မည်လေ။
လဲ့ချွင်းထောင်၏မျက်ခုံးများက တွန့်ချိုးသွားသည်။သူမသည် တုရှီ၏လက်ထဲမှ ပန်းကန်တစ်ခုကိုယူကာ စားပွဲပေါ်တင်လိုက်သည်။သူမသည် အခြားပန်းကန်တစ်ခုကို ချပေးရန် လုပ်သော်လည်း တုရှီက လက်မလွှတ်ပေးခဲ့ပေ။သူမသည် မော့ကြည့်လိုက်၏; သူ့အမေ၏မျက်နှာသည် တင်းမာနေပြီး မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေကာ သူ့မျက်လုံးများက အပ်နှစ်ချောင်းဖြစ်သွားစေပြီး ကြိမ်ဖန်များစွာ ထိုးဆွရန် ဆန္ဒရှိသကဲ့သို့ လောင်တာ့ရဲ့[ယောကျ်ား]ကို စိုက်ကြည့်နေသည်။
တခြားစားပွဲမှာ မိန်းမတွေနဲ့ ကလေးတွေပြည့်နေတာကို ချင်မျန်မြင်လိုက်ရသည်။သူ့စိတ်ထဲတွင် ရယ်နေမိ၏။သူ့အမူအရာသော်လည်းကောင်း စကားအပြောအဆိုသည်လည်းကောင်း မပြောင်းလဲနေဘဲ လဲ့ယ်ထျဲသာ မည်ကဲ့သို့ တုံ့ပြန်မည်ကိုသိရန် သူ့ဘေးနားရှိ လူကိုလှည့်ကြည့်လိုက်သည်။
ထိုသူ၏စိတ်နေသဘောထားသည် သူ့အနာဂတ်အစီအစဉ်များ၏လမ်းကြောင်းကို ဆုံးဖြတ်ပေးလိမ့်မည်။
လဲ့ယ်ထျဲက သူ့ဘေးနားကလူကို မကြည့်ဘဲ မထသွားစေရန်သာ တစ်ဖက်လူရဲ့ခြေထောက်ကို ဖိထားလိုက်သည်။သူက ခပ်တိုးတိုးနဲ့ တိုတိုတုတ်တုတ်ပင် ပြောလိုက်၏။ “အခုကစပြီး ကျွန်တော့်မိန်းမက ဒီမှာပဲ ထိုင်လိမ့်မယ်”
တုရှီသည် မျက်နှာထားတည်တည်ဖြင့် ပန်းကန်လုံးအား စားပွဲပေါ်ကို အားအင်အပြည့်ဖြင့် ဆောင့်ချလိုက်သည်။
ချင်မျန်ကား ဒီလောက်အားနဲ့ ရိုက်ချတာတောင် ပန်းကန်ပြားသည် မကွဲသွားတာကြောင့် အလွန်ခိုင်ခံ့တာပဲဟု သူ့ကိုယ်သူ တွေးလိုက်မိ၏။
သူမက ထင်ထားသည့်အတိုင်း လုံးဝလက်မခံပေ။ “ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မလဲ?ချွေးမအားလုံးက ဒီစားပွဲမှာ ထိုင်ရမယ်။ဘယ်မိသားစုပဲဖြစ်ဖြစ် စည်းကမ်းကတော့ အတူတူပဲ။နင် ဒီကိုလာခဲ့!"
လဲ့ယ်ထျဲက သူ့လက်ကို မဖြုတ်ဘဲ ထိုအတိုင်းသာ ဆုံးဖြတ်လိုက်သည်။ “ဒီမှာပဲ ထိုင်”
“အမေ...ယောကျ်ားမိန်းမတွေကြားမှာ သတိထားရမယ့် အကာအရံတစ်ခု ရှိရမယ်လေ။ကျွန်တော် အဲဒီမှာ ထိုင်နေရင် သူတို့အတွက် အရှက်ရစရာဖြစ်သွားမယ်မဟုတ်ဘူးလား?မိန်းမငယ်လေးတစ်ယောက်တောင် ရှိသေးတယ် မဟုတ်လား”
ချင်မျန်သည် လဲ့ယ်ထျဲ၏လက်ကို တွန်းဖယ်လိုက်ပြီး အဘွားကြီးကို ပြုံးပြလိုက်သည်။သူရောက်နေသည့်မင်းဆက်သည် မည်သည့်မင်းဆက်ဖြစ်သည်ကို သူမသိသောကြောင့် "ခုနှစ်နှစ်အသက်ကွာတဲ့ ယောက်ျားနှင့်မိန်းမတို့သည် အတူတွဲထိုင်၍ မစားရဘူး" ဟု တိုက်ရိုက်မပြောဝံ့ပေ။ထိုမိန်းကလေးသည် သူမ၏ဆံပင်ကို စည်းမထားသောကြောင့် အိမ်ထောင်မပြုရသေးကြောင်းတော့ သူသိသည်။
Advertisement
တုရှီ၏မျက်နှာသည် ဒေါသကြောင့် နီရဲလို့နေသည်။လောင်တာ့ရဲ့(ဇနီး) နှင့် အခြားချွေးမနှစ်ယောက်ကို အတူတူထိုင်ခွင့်ပေးရခြင်းအကြောင်းရင်းမှာ သူ့ကိုဆုံးမရန်ဖြစ်သော်လည်း သူ့သမီးသည် အိမ်ထောင်ပြုရန် အသက်ပြည့်သွားပြီဖြစ်ကြောင်းကို မေ့သွားခဲ့သည်။လောင်တာ့၏[ဇနီး]သည် “မရီး” ဖြစ်သော်လည်း ယောက်ျားတစ်ယောက် ဖြစ်နေသေးသည်။ဒါကိုတွေးမိတော့ ဒေါသဖြစ်မိပေမဲ့ ဘာမှ ချေပမပြောနိုင်ပေ။သူမသည် တခြားသူများက ဘာမှဝင်မပြောတာကြောင့် ချင်မျန်အား အကြည့်စူးစူးကိုသာ ပေးခဲ့ရသည်။
သူမလက်ထဲက ပေါက်စီပန်းကန်ကို စားပွဲကြီး (ယောက်ျားတွေထိုင်နေတဲ့ စားပွဲ) ဆီကို သွားပို့ရမည်ဖြစ်တာကြောင့် တစ်ချက်ကြည့်လိုက်မိသည်။သူမသည် နှစ်ခု လျှော့ထားလိုက်ချင်သော်လည်း အလုပ်လုပ်ရသည့် မိသားစုဝင်များက အနည်းငယ်မျှ လုံလောက်စွာ မစားနိုင်တော့မည်ကို စိုးရိမ်သောကြောင့် ထိုအကြံကို လက်လျှော့ခဲ့ရသည်။ထို့ကြောင့် သူမသည် ချင်မျန်ကို ပို၍ပင်မုန်းတီးလာခဲ့သည်။
ကျိုးရှီ နှင့် ချင်းရှီတို့သည် ဇာတ်ပွဲကို ကောင်းကောင်းမကြည့်လိုက်ရသည့်အတွက် တိတ်တဆိတ်စိတ်ပျက်ခဲ့ကြပြီး အနည်းငယ်ပင် နားမလည်နိုင်ဖြစ်ခဲ့ကြရသည်။အရင်နေ့တွင် “အကြီးဆုံးမရီး” သည် ရှက်ရွံ့ပြီး သူရဲဘောကြောင်ပုံပေါက်သည်။ယနေ့တွင် သူသည် အေးဆေးတည်ငြိမ်နေပြီး တုရှီကို ပြန်ပြောရန်ပင် သတ္တိရှိနေခဲ့သည်။
ပြောင်မြောက်ချက်ကြီး..ဟင်း..!ဒါက လောင်တာ့ကိုများ အရမ်းကို အားကိုးနေလို့လား?
▪︎လဲ့ယ်မိသားစု
လဲ့ယ်တာ့ချန်(အိမ်ထောင်ဦးစီး) ၄၀ နှစ်
တုရှီ (အိမ်ထောင်ဦးစီးမိန်းမ) ၃၈ နှစ်
▪︎အကြီးဆုံးမိသားစု
လဲ့ယ့်ထျဲ (အကြီးဆုံးသား) ၂၂ နှစ်
ချင်မျန် (ပထမသား၏ဇနီး) ၁၄ နှစ်
▪︎ဒုတိယမိသားစု
လဲ့ယ်ရှန်းရန် (ဒုတိယသား) ၂၁ နှစ်
ကျိုးရှီ (ဒုတိယသား၏ဇနီး)
လဲ့ယ်တာ့ပေါင်း(အကြီးဆုံးကလေး) ၅နှစ်
လဲ့ယ်ရှောင်ပေါင်း (အငယ်ဆုံးကလေး) ၃နှစ်
▪︎တတိယမိသားစု
လဲ့ယ်ရှန်းရီ (တတိယသား) ၁၉နှစ်
ချင်းရှီ (တတိယသား၏ဇနီး)
လဲ့ယ်ရှင်းရှင်း (တတိယသား၏ကလေး(သမီး)) ၂နှစ်
လဲယ့်ရှန်းလီ ( စတုတ္ထမြောက်သား) ၁၇နှစ် (အိမ်ထောင်မရှိ)
လဲ့ယ်ရှန်းကျစ် (ပဥမမြောက်သား) ၁၅နှစ် (အိမ်ထောင်မရှိ/အမြွှာ)
လဲ့ယ်ချွင်းထောင်(ပဥမမြောက်သမီး) ၁၅နှစ် (အိမ်ထောင်မရှိ/အမြွှာ)
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
Advertisement
- In Serial11 Chapters
Catch Me If You Can (a PicYourStory entry)
A survivor of a spacecraft crash desperately tries to survive in a ruined world long enough to escape capture and find a way to return home. (this is an entry to Scribble's PicYourStory writing event)
8 77 - In Serial7 Chapters
ALONE
The story revolves around a 16-year old High school boy, Hittori Hasai. He considers himself alone in the society. He thinks no one can understand him in the society. It all happened when a tragedy occured and that tragedy has left him a scar. The scar is unseen in the society and also he does not know of his own scar. He suffers from Amnesia, he does not recall any memory of the tragedy but his dreams tell a tale of their own. This is a story of a boy who is Alone!
8 88 - In Serial85 Chapters
New Paris [a Modern-day LitRPG]
New Paris [OR] I reincarnated into the world of my favorite wuxia novel as an S ranker with unbalanced skills. [Volume 1] - Completed I was one of those people who only stood out in a crowd when their name was called. Then, I died. But instead of heaven, hell, or anything else, I found myself in the body of a young woman whom I did not recognise at first. You see, I had this novel I was obsessed with. The novel was a fairly popular wuxia that got a few sequels, and a handful of spinoffs. One of these spinoffs took place in Paris, where the main cast fought against a multi-millionaire villain. When I woke up after dying, I eventually realised that I was now the third daughter of this multi-millionaire end-game boss in a spin-off of a sequel of my favourite novel. Does this make any sense to you? Because it doesn't to me. But I guess I might as well make the most of it now. Just gotta stay away from some of the more unstable main characters and cut all ties with my 'family' to avoid certain death. [Volume 2] - Currently Airing It had not been a good idea to interfere with the characters of the original novel. Had I known it was going to cause a butterfly effect, I would have stayed in my lane and minded my business. Although, between the suspicious attacks I seem to constantly find myself in the center of, and my 'family' who is the living definition of the expression 'rich pricks', I’m not entirely sure my current predicament would have been avoidable. But maybe it isn't to be avoided; maybe I should embrace this opportunity that has been given to me and become the hero of this story? At least it's certain that I can't do worse than the original protagonist in terms of moral ambiguity; with immortality already in my pocket, and no other useful skills to account for. However, if I were to follow this path, I would have a lot to lose, including an upcoming promotion and my growing relationship with my crush. With power, glory and whatever else on one side, and my wellbeing and happiness on the other, even in this magical wuxia world, the choice is easy to make. CW: graphic descriptions of violence, swearing, implied child abuse, mention and graphic description of suicide
8 149 - In Serial22 Chapters
Demon slayer x my hero academia x reader
Your a pillar with the demon slayer corps on a mission with many demon slayers a demon uses its blood art to send you to a different world which is the world of my hero academia how well the reader and her demon slayer friends reactThis STORY IS NOW COMPLETE 💖thank you for reading ❤️THIS IS FROM 2 YEARS AGO IM SORRY IF ITS BAD LMAOOOOO💀
8 107 - In Serial81 Chapters
What is Love? [Dave East FanFic]
love /l^v/an intense feeling of deep affection. It's one of those things that you want to feel but hate the pain it causes. 🚨Warning - This book is TOXIC 🚨DAVE EAST + RYAN DESTINY
8 148 - In Serial68 Chapters
Wings of the Republic
(A SEQUEL OF FOR OUR UNITY)Indonesian Civil War is over.The country was quickly rebuilt and it seems it will be peace in our time.But it was a prelude of a larger war..Economic collapse and devastation after Middle East World War united Middle East and North African countries, along with Pakistan, Bangladesh, Maldives, Somalia, followed by Turkey, into a theocratic caliphate and declared jihad. Non-Arab states with large Muslim population like Indonesia, Malaysia, Nigeria, India, former Soviet Central Asian states, along with restored Imperial State of Iran, and Israel, mortal enemy of Arabs, were threatened as they refused to pledge allegiance with the United Caliphate Confederation, the UCC.Soon, great powers joined the fray and the stage was set for a World War III, in the world which strategic nuclear warfare has been rendered obsolete by advances in electronic and cyber warfare, space-based global missile defense, and directed energy weaponry.This is the story of heroic pilots of Indonesia as they fly the flag over South Asia and Middle East. Warnings:This story contains Gore, Violence, Extreme religious contents, Vulgar languages, and reference to racism, war crimes, and unfavorable portrayal of a certain group.
8 389