《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[4]
Advertisement
[Unicode]
004:ယောက္ခမဆိုးပဲ..ဟမ့်!
လက်စွပ်သည် သေးငယ်တဲ့မှဲ့နက်လေးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ချင်မျန်၏ဘယ်ဘက်လက်ကောက်ဝတ်တွင် ပေါ်လာခဲ့သည်။လက်ရှိချင်မျန်မှာလည်း သူ့ရဲ့ဘယ်ဘက်လက်ကောက်ဝတ်မှာ မှဲ့သေးသေးလေးရှိနေ၏။တိုက်ဆိုင်မှုဖြစ်နိုင်သလို လျှို့ဝှက်ဆန်းကြယ်တဲ့ အကြောင်းပြချက်တစ်ခုလည်း ဖြစ်နိုင်ပေမယ့် ချင်မျန်ကတော့ ဂရုမစိုက်နေပေ။အရေးကြီးတာက သူ့မှာ ဒီနေရာ(နယ်မြေ)ရှိနေသေးတာပဲလေ။
ထိုနေရာလွတ်ဟူသည့် နယ်မြေတွင် တောင်တွေ၊ရေတွေ၊နေထွက်ချိန်နှင့်နေဝင်ချိန်များအပြင် ရှေးခေတ်ဆန်ဆန် ဝင်းကြီးတစ်ခုလည်းပါရှိသည့် သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာငယ်လေးပင်။
အထူးသဖြင့် ထိုနေရာလွတ်တွင် ဝိညာဉ်စိမ့်စမ်း ရေကန်တစ်ခုလည်းရှိနေ၏။ချင်မျန်သည် ထိုရေပူစမ်းကား ဘယ်ကနေစီးဆင်းလာသည်ကို မသိသော်လည်း အဆုံးမရှိမှန်းတော့ သူသေချာသိသည်။ဝိညာဉ်စမ်းရေသည် အံ့သြဖွယ်အကျိုးသက်ရောက်မှုမျိုးရှိ၏။ဝိညာဉ်စမ်းရေကို သောက်ပြီးနောက် သူ့ခန္ဓာကိုယ်သည်ကား အမြဲကျန်းမာကောင်းမွန်လာခဲ့သည်။ဝိညာဉ်စမ်းရေဖြင့် ရေလောင်းပျိုးသင်ထားသော ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများသည် ကောင်းမွန်သောပုံစံဖြင့် ရှင်သန်ကြီးထွားလာပြီး ပြင်ပတွင်ရောင်းချသည့်ဟင်းသီးဟင်းရွက်များထက် အဆမည်မျှသာလွန်မှန်း တွေးဆ၍မရလောက်အောင် အရသာကောင်းမွန်သည်။
2012 ကို ကမ္ဘာပျက်မည်ဟု ဟောကိန်းထုတ်ထားခဲ့တုန်းက ချင်မျန်သည် အစားအသောက်၊အဝတ်အစား၊အသုံးအဆောင်ပစ္စည်းများ စသည်တို့ကို နယ်မြေအတွင်း သိမ်းဆည်းဖို့အတွက် ပစ္စည်းအများအပြားကို စုဆောင်းခဲ့သည့်အပြင် ထိုမျှသာမက အမျိုးမျိုးသော မွေးမြူရေး ကြက်၊ဘဲများကိုလည်း မွေးမြူခဲ့သေးသည်။ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများအပြင် ဆန်နှင့် ဂျုံအနည်းငယ်ပင် ပါသေး၏။ကိုယ်စားဖို့အတွက်ကိုယ် စိုက်ပျိုးရတာက ပိုပြီးလည်းစိတ်ချရတယ်လေ။ပြီးတော့လည်း ချင်ရှစ်ယွမ်က သူ ဒီပစ္စည်းတွေနှင့်အတူ ဖြုန်းတီးဖို့ရာ အရင်းအနှီးအတွက် သူ့ကိုယွမ် ၅ သန်း ပေးခဲ့လို့ပါပဲ။
ယခု သူကူးပြောင်းလာခဲ့ရသော်လည်း ဤပစ္စည်းများဖြင့် ကောင်းမွန်သည့်ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မည်ဟု ယုံကြည်သည်။အနှီနယ်မြေတွင်း၌ ချည်နှောင်နိုင်သည် ဖူးစာကြိုးကဲ့သို့ ထူးဆန်းသည့် အရာတစ်ခုလည်း ရှိနေသည်။နောင်တွင် နှစ်ဦးနှစ်ဖက်ချစ်မြတ်နိုးမည့်သူကို တွေ့ခဲ့ပါ ဤနေရာကို သူမနှင့်အတူဝေမျှမယ်၊အတူနေထိုင်ပြီး အတူတူသေဆုံးကြမည်။ခေတ်နောက်ကျကျန်နေခဲ့တဲ့ ဒီလိုရှေးခေတ်မှာတောင် သာယာလှပတဲ့ဘဝကို ဖြတ်သန်းနိုင်မှာပဲ။
စမ်းရေတစ်ခွက်သောက်ပြီးနောက် ခါတိုင်းလိုပဲ အိမ်နောက်ဘက်ရှိ ပန်းခင်းမှာ အမည်မသိပန်းတွေကို ရေလောင်းပြီးနောက် ချင်မျန်သည် နယ်မြေကနေ ထွက်ခွာခဲ့သည်။ယခု သူသည် ထူးဆန်းသော နေရာတစ်ခုတွင် ရှိနေသဖြင့် အချိန်ကို တတ်နိုင်သမျှ နည်းနိုင်သမျှ နည်းအောင် ကြိုးစားရမည်။
တုရှီက လဲ့ယ်ချွင်းထောင်ကို ထမင်းပွဲပြင်ဆင်တော့
မည့်အကြောင်းလှမ်းပြောနေသည်ကို ကြားလိုက်သည့်တိုင်အောင် အိပ်ခန်းထဲတွင် သူဝင်နေခဲ့သည်။အဲဒီနောက် သူထပြီးမီးဖိုချောင်ကို သွားကူဖို့ လုပ်လိုက်သည်။
တုရှီက ချင်မျန်အပေါ်တွင် မျက်နှာသာမပေးတာကြောင့် သူကလည်း ဂရုမစိုက်နေပေ။သူ့ကို စိုက်ကြည့်နေရင်တောင် သူ ထိခိုက်ဒဏ်ရာရမှာ မဟုတ်။ဒီအချိန်တွင် တုရှီထံမှ ညွှန်ကြားချက်စကားလုံးတွေထွက်လာမှာကိုတောင် စောင့်ဆိုင်းနေခဲ့သေးသည်။
“လောင်တာ့ရဲ့ဇနီး..” တုရှီသည် သူ့ရဲ့ "တိမ်လို ကင်းစင်ပြီး လေထန်သည့်" အသွင်အပြင်မျိုးကို မြင်လိုက်ရသည်နှင့် သူမ စိတ်နှောက်သွားသည်။
"နင် လဲ့ယ်မိသားစုနဲ့ အိမ်ထောင်ကျပြီးပြီဆိုတော့ တစ်နေ့ကုန် အပျင်းတစ်မနေနဲ့။လောင်တာ့က နင့်ကိုချစ်ပေးတာ နင့်အတွက်ကောင်းချီးပဲ၊ဒါပေမယ့် တစ်လက်မလောက် အနိုင်ရပြီး တစ်မိုင်လောက် လိုချင်နေလို့မရဘူး။တခြားသူတွေရဲ့စေတနာကို အသိအမှတ်ပြုလို့မရဘူး!နင် နားလည်လား?"
သူမသည် ဒယ်အိုးထဲက ဟင်းအမယ်တွေကို ယောက်မဖြင့် ပြင်းပြင်းထန်ထန်ထိုးမွှေနေသည်။ဒယ်အိုးကို ချင်မျန်လို့ မှတ်ယူထားသလိုပဲ။ဒယ်အိုးထဲက ဟင်းအမယ်တွေကို လုံလောက်စွာ ခပ်မြန်မြန်မွှေနေသော်လည်း မီးကျွမ်းတဲ့အနံ့က ထွက်နေတုန်းပေ။
"ဒါမှမဟုတ် နင် ငါ့ကို ဆန့်ကျင်နေတာများလား။ကိစ္စကို အကြီးကြီးဖြစ်အောင် ကြိုးစားနေတာလား?" တုရှီသည် မီးဖိုပေါ်ကို ယောက်မအား ပြင်းပြင်းထန်ထန် ပစ်ချကာ ချင်မျန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည် - "မင်း အိုးကို မီးလောင်စေချင်နေတာလား ဒါမှမဟုတ် မိသားစု မစားစေချင်တော့ဘူးလား,ဟမ်?"
"..........."
ချင်မျန်သည် အချိန်အတော်ကြာသည်ထိ ပြန်မပြောနိုင်။အစကတည်းက သူမကြော်နေတဲ့ ခရမ်းသီးကြော်က ဆီပိုလိုပေမယ့် ဇွန်းနဲ့ခပ်ယူထားသည့် ဆီစက်အနည်းငယ်ကိုသာ သုံးထားသေးတယ်။မကျွမ်းသွားတာမှ ထူးဆန်းလိမ့်မယ်။လုပ်တာလည်း မှားတယ်၊မလုပ်တာကလည်း မှားတယ်။
တုရှီက သူ့အပေါ် မကျေနပ်ကြောင်း သူနားလည်တယ်။ဒါကြောင့် သူ ပိုပိုပြီး စိတ်ရှုပ်လာပြီ။ဒီကိစ္စမှာ လဲ့ယ်ထျဲက ချင်မျန်နှင့် လက်ထပ်မှာကို ဘယ်လိုများ သူမ သဘောတူခဲ့တာလဲ?
“ဒီဟင်းကို အဲ့ဒီလိုမလုပ်ရင် တကယ်စားလို့မရတော့ဘူးမို့လို့ပါ။သူတို့ပြန်လာပြီလားဆိုတာ ကျွန်တော်သွားကြည့်လိုက်ပါဦးမယ်။”
ထို့နောက် ချင်မျန်သည် မတ်တပ်ထရပ်ကာ ထွက်သွားလေသည်။
တုရှီ၏တုံ့ပြန်မှုကိုပင် မစောင့်ဘဲ ခြံအပြင်ဘက်သို့ ချက်ခြင်း ထွက်သွားတော့သည်။ခဏလောက် သူတကယ်ထွက်သွားဖို့ တွန်းအားဖြစ်ခဲ့ပေမယ့် အကြောင်းပြချက်တစ်ချို့ကြောင့် သူ့ မထွက်သွားနိုင်တော့ပေ။ကျန်းမာရေးမကောင်းသည့်အပြင် ဆယ်ကျော်သက်အရွယ်သာရှိသေးတယ်မလား။ထွက်သွားရင်တောင် ဘယ်လောက်ဝေးဝေးသွားနိုင်မှာလဲ။ကျန်းမာရေးကောင်းလာဖို့အထိက နယ်မြေထဲမှာ သူနေနိုင်သော်လည်း ဤကမ္ဘာကြီးအကြောင်း ဘာမှမသိဘဲ နယ်မြေ၏တည်ရှိမှုကို တစ်စုံတစ်ဦးမှ ရှာဖွေတွေ့ရှိခဲ့ပါက သူ့တွင် ရွေးချယ်စရာအခွင့်အရေးရှိလာနိုင်မည် မဟုတ်ပေ။အိမ်ထောင်စုစာရင်း ပြဿနာလည်း ရှိလာမည်။ဒီနည်းလမ်းဖြင့် ထွက်ခွာပါက သူ့ရဲ့အိမ်ထောင်စုစာရင်းတွင် အမည်းစက် ဖြစ်လာလိမ့်မည်။အနာဂတ်တွင် သူမည်မျှ ဒုက္ခရောက်မည်ကို မသိနိုင်တော့ပေ။မူလကိုယ်ခန္ဓာပိုင်ရှင်သည် ယင်းယောက်ျားနှင့် လက်ထပ်ရန် အထူးအကြောင်းပြချက်ရှိမည်ကို သူအစိုးရိမ်ဆုံးပင်။သူထွက်ပြေးခဲ့ရင် လဲ့ယ်မိသားစုက သူ့ကို လိုက်ဖမ်းခိုင်းမှာလား?
မနီးမဝေးတွင် လူတစ်စုက စကားပြောရင်း ရယ်မောနေကြသည်။လဲ့ယ်တာ့ချန်နှင့် အခြားသူများပင်။
ချင်မျန်သည် တခဏမျှ တုံ့ဆိုင်းသွားကာ လမ်းဘေးတွင် သူတို့ကိုရပ်စောင့်နေလိုက်သည်။
လဲ့ယ်ထျဲသည် ကလေးငယ်ကို အဝေးမှလှမ်းမြင်လိုက်တာကြောင့် ခြေလှမ်းနှစ်လှမ်းလောက် အမြန်လျှောက်လာကာ မကြာမီပင် သူ့ကို မေးခွန်းထုတ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ချင်မျန်သည် သူ ဘာကိုဆိုလိုသည်ကို မသိ။ခေါင်းအသာခါပြပြီး အနီးနားရှိ အဖေလဲ့ယ်ကိုသာ ပြုံးပြလိုက်သည်။
"အဖေ...ပြန်လာပြီလား။အားလုံးကို ထမင်းစားဖို့ ခေါ်လိုက်တော့မယ်"
“အင်း...” အဖေလဲ့ယ်က ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေလိုက်၏။
Advertisement
လဲ့ယ်ရှန်းရန်နဲ့ တခြားသူတွေက “အကြီးဆုံးမရီး” လို့ ခေါ်လာကြသည်။
ချင်မျန်က အရင်အတိုင်း ခေါင်းညိတ်ပြ၏။
သူတို့နောက်တွင် လယ်ယာလုပ်ငန်းကို ပြီးမြောက်သွားတာကြောင့် အိမ်ပြန်ကြသည့် ရွာသားအချို့လည်း ရှိနေသည်။သူတို့သည် ချင်မျန်ကို ထူးဆန်းစွာကြည့်ကာ အခြားလမ်းတစ်ခုဆီသို့ လျှောက်မသွားမီ ဝိုးတဝါးပြုံးလိုက်ကြသည်။
ချင်မျန်သည် လဲ့ယ်ထျဲ၏လက်မောင်းကို တိတ်တဆိတ် ဆွဲယူလိုက်ကာ လဲ့ယ်တာ့ချန်နဲ့ တခြားသူတွေ ဝင်သွားတော့မှ သူ လွှတ်ပေးလိုက်၏။ "ကျွန်တော် ပြောစရာရှိတယ်"
လဲ့ယ်ထျဲက သူတို့နှစ်ယောက် စကားပြောနိုင်ဖို့အတွက် အထဲကိုဝင်ရန် မျက်နှာရိပ်ပြလိုက်သည်။
နှစ်ယောက်သား သက်ကယ်အိမ်ထဲသို့ ဝင်သွားသည်ကို တုရှီက မြင်သွားပြီး စီခနဲကျယ်လောင်စွာ အော်ပြောလိုက်သည်။ “လောင်တာ့ရဲ့ဇနီး! ထပ်ပြီး အချောင်ခိုဖို့ ဘယ်ကို ပြေးနေတာလဲ?"
ချင်မျန်က သက်ပြင်းချလိုက်သည်။ "ထားလိုက်တော့။ညကျမှ စကားပြောကြမယ်။"
ဒီအဘွားအိုကြီးက မှောင်တဲ့အထိ သူ့ကို ဆွဲထားနိုင်မယ်ဆိုတာ မယုံဘူး!
ခဏကြာပြီးသည်အထိ အပြင်ပြန်မထွက်မီ လဲ့ယ်ထျဲက နားမလည်သော အတွေးများဖြင့် ရပ်ကျန်နေလျက် တံခါးမှ ထွက်သွားသည့်သူကို လှမ်းကြည့်နေသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
004:ေယာကၡမဆိုးပဲ..ဟမ့္!
လက္စြပ္သည္ ေသးငယ္တဲ့မွဲ႔နက္ေလးတစ္လုံးအျဖစ္ ေျပာင္းလဲသြားၿပီး ခ်င္မ်န္၏ဘယ္ဘက္လက္ေကာက္ဝတ္တြင္ ေပၚလာခဲ့သည္။လက္႐ွိခ်င္မ်န္မွာလည္း သူ႕ရဲ႕ဘယ္ဘက္လက္ေကာက္ဝတ္မွာ မွဲ႔ေသးေသးေလး႐ွိေန၏။တိုက္ဆိုင္မႈျဖစ္ႏိုင္သလို လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အေၾကာင္းျပခ်က္တစ္ခုလည္း ျဖစ္ႏိုင္ေပမယ့္ ခ်င္မ်န္ကေတာ့ ဂ႐ုမစိုက္ေနေပ။အေရးႀကီးတာက သူ႕မွာ ဒီေနရာ(နယ္ေျမ)႐ွိေနေသးတာပဲေလ။
ထိုေနရာလြတ္ဟူသည့္ နယ္ေျမတြင္ ေတာင္ေတြ၊ေရေတြ၊ေနထြက္ခ်ိန္ႏွင့္ေနဝင္ခ်ိန္မ်ားအျပင္ ေ႐ွးေခတ္ဆန္ဆန္ ဝင္းႀကီးတစ္ခုလည္းပါ႐ွိသည့္ သူ႕ရဲ႕ကိုယ္ပိုင္ကမ႓ာငယ္ေလးပင္။
အထူးသျဖင့္ ထိုေနရာလြတ္တြင္ ဝိညာဥ္စိမ့္စမ္း ေရကန္တစ္ခုလည္း႐ွိေန၏။ခ်င္မ်န္သည္ ထိုေရပူစမ္းကား ဘယ္ကေနစီးဆင္းလာသည္ကို မသိေသာ္လည္း အဆုံးမ႐ွိမွန္းေတာ့ သူေသခ်ာသိသည္။ဝိညာဥ္စမ္းေရသည္ အံ့ၾသဖြယ္အက်ိဳးသက္ေရာက္မႈမ်ိဳး႐ွိ၏။ဝိညာဥ္စမ္းေရကို ေသာက္ၿပီးေနာက္ သူ႕ခႏၶာကိုယ္သည္ကား အၿမဲက်န္းမာေကာင္းမြန္လာခဲ့သည္။ဝိညာဥ္စမ္းေရျဖင့္ ေရေလာင္းပ်ိဳးသင္ထားေသာ ဟင္းသီးဟင္း႐ြက္ႏွင့္သစ္သီးဝလံမ်ားသည္ ေကာင္းမြန္ေသာပုံစံျဖင့္ ႐ွင္သန္ႀကီးထြားလာၿပီး ျပင္ပတြင္ေရာင္းခ်သည့္ဟင္းသီးဟင္း႐ြက္မ်ားထက္ အဆမည္မွ်သာလြန္မွန္း ေတြးဆ၍မရေလာက္ေအာင္ အရသာေကာင္းမြန္သည္။
2012 ကို ကမ႓ာပ်က္မည္ဟု ေဟာကိန္းထုတ္ထားခဲ့တုန္းက ခ်င္မ်န္သည္ အစားအေသာက္၊အဝတ္အစား၊အသုံးအေဆာင္ပစၥည္းမ်ား စသည္တို႔ကို နယ္ေျမအတြင္း သိမ္းဆည္းဖို႔အတြက္ ပစၥည္းအမ်ားအျပားကို စုေဆာင္းခဲ့သည့္အျပင္ ထိုမွ်သာမက အမ်ိဳးမ်ိဳးေသာ ေမြးျမဴေရး ၾကက္၊ဘဲမ်ားကိုလည္း ေမြးျမဴခဲ့ေသးသည္။ဟင္းသီးဟင္း႐ြက္ႏွင့္သစ္သီးဝလံမ်ားအျပင္ ဆန္ႏွင့္ ဂ်ံဳအနည္းငယ္ပင္ ပါေသး၏။ကိုယ္စားဖို႔အတြက္ကိုယ္ စိုက္ပ်ိဳးရတာက ပိုၿပီးလည္းစိတ္ခ်ရတယ္ေလ။ၿပီးေတာ့လည္း ခ်င္႐ွစ္ယြမ္က သူ ဒီပစၥည္းေတြႏွင့္အတူ ျဖဳန္းတီးဖို႔ရာ အရင္းအႏွီးအတြက္ သူ႕ကိုယြမ္ ၅ သန္း ေပးခဲ့လို႔ပါပဲ။
ယခု သူကူးေျပာင္းလာခဲ့ရေသာ္လည္း ဤပစၥည္းမ်ားျဖင့္ ေကာင္းမြန္သည့္ဘဝတစ္ခုကို ပိုင္ဆိုင္ႏိုင္မည္ဟု ယုံၾကည္သည္။အႏွီနယ္ေျမတြင္း၌ ခ်ည္ေႏွာင္ႏိုင္သည္ ဖူးစာႀကိဳးကဲ့သို႔ ထူးဆန္းသည့္ အရာတစ္ခုလည္း ႐ွိေနသည္။ေနာင္တြင္ ႏွစ္ဦးႏွစ္ဖက္ခ်စ္ျမတ္ႏိုးမည့္သူကို ေတြ႕ခဲ့ပါ ဤေနရာကို သူမႏွင့္အတူေဝမွ်မယ္၊အတူေနထိုင္ၿပီး အတူတူေသဆုံးၾကမည္။ေခတ္ေနာက္က်က်န္ေနခဲ့တဲ့ ဒီလိုေ႐ွးေခတ္မွာေတာင္ သာယာလွပတဲ့ဘဝကို ျဖတ္သန္းႏိုင္မွာပဲ။
စမ္းေရတစ္ခြက္ေသာက္ၿပီးေနာက္ ခါတိုင္းလိုပဲ အိမ္ေနာက္ဘက္႐ွိ ပန္းခင္းမွာ အမည္မသိပန္းေတြကို ေရေလာင္းၿပီးေနာက္ ခ်င္မ်န္သည္ နယ္ေျမကေန ထြက္ခြာခဲ့သည္။ယခု သူသည္ ထူးဆန္းေသာ ေနရာတစ္ခုတြင္ ႐ွိေနသျဖင့္ အခ်ိန္ကို တတ္ႏိုင္သမွ် နည္းႏိုင္သမွ် နည္းေအာင္ ႀကိဳးစားရမည္။
တု႐ွီက လဲ့ယ္ခြၽင္းေထာင္ကို ထမင္းပြဲျပင္ဆင္ေတာ့
မည့္အေၾကာင္းလွမ္းေျပာေနသည္ကို ၾကားလိုက္သည့္တိုင္ေအာင္ အိပ္ခန္းထဲတြင္ သူဝင္ေနခဲ့သည္။အဲဒီေနာက္ သူထၿပီးမီးဖိုေခ်ာင္ကို သြားကူဖို႔ လုပ္လိုက္သည္။
တု႐ွီက ခ်င္မ်န္အေပၚတြင္ မ်က္ႏွာသာမေပးတာေၾကာင့္ သူကလည္း ဂ႐ုမစိုက္ေနေပ။သူ႕ကို စိုက္ၾကည့္ေနရင္ေတာင္ သူ ထိခိုက္ဒဏ္ရာရမွာ မဟုတ္။ဒီအခ်ိန္တြင္ တု႐ွီထံမွ ၫႊန္ၾကားခ်က္စကားလုံးေတြထြက္လာမွာကိုေတာင္ ေစာင့္ဆိုင္းေနခဲ့ေသးသည္။
“ေလာင္တာ့ရဲ႕ဇနီး..” တု႐ွီသည္ သူ႕ရဲ႕ "တိမ္လို ကင္းစင္ၿပီး ေလထန္သည့္" အသြင္အျပင္မ်ိဳးကို ျမင္လိုက္ရသည္ႏွင့္ သူမ စိတ္ေႏွာက္သြားသည္။
"နင္ လဲ့ယ္မိသားစုနဲ႔ အိမ္ေထာင္က်ၿပီးၿပီဆိုေတာ့ တစ္ေန႔ကုန္ အပ်င္းတစ္မေနနဲ႔။ေလာင္တာ့က နင့္ကိုခ်စ္ေပးတာ နင့္အတြက္ေကာင္းခ်ီးပဲ၊ဒါေပမယ့္ တစ္လက္မေလာက္ အႏိုင္ရၿပီး တစ္မိုင္ေလာက္ လိုခ်င္ေနလို႔မရဘူး။တျခားသူေတြရဲ႕ေစတနာကို အသိအမွတ္ျပဳလို႔မရဘူး!နင္ နားလည္လား?"
သူမသည္ ဒယ္အိုးထဲက ဟင္းအမယ္ေတြကို ေယာက္မျဖင့္ ျပင္းျပင္းထန္ထန္ထိုးေမႊေနသည္။ဒယ္အိုးကို ခ်င္မ်န္လို႔ မွတ္ယူထားသလိုပဲ။ဒယ္အိုးထဲက ဟင္းအမယ္ေတြကို လုံေလာက္စြာ ခပ္ျမန္ျမန္ေမႊေနေသာ္လည္း မီးကြၽမ္းတဲ့အနံ႔က ထြက္ေနတုန္းေပ။
"ဒါမွမဟုတ္ နင္ ငါ့ကို ဆန္႔က်င္ေနတာမ်ားလား။ကိစၥကို အႀကီးႀကီးျဖစ္ေအာင္ ႀကိဳးစားေနတာလား?" တု႐ွီသည္ မီးဖိုေပၚကို ေယာက္မအား ျပင္းျပင္းထန္ထန္ ပစ္ခ်ကာ ခ်င္မ်န္ကို ေအးစက္စြာ စိုက္ၾကည့္လိုက္သည္ - "မင္း အိုးကို မီးေလာင္ေစခ်င္ေနတာလား ဒါမွမဟုတ္ မိသားစု မစားေစခ်င္ေတာ့ဘူးလား,ဟမ္?"
"..........."
ခ်င္မ်န္သည္ အခ်ိန္အေတာ္ၾကာသည္ထိ ျပန္မေျပာႏိုင္။အစကတည္းက သူမေၾကာ္ေနတဲ့ ခရမ္းသီးေၾကာ္က ဆီပိုလိုေပမယ့္ ဇြန္းနဲ႔ခပ္ယူထားသည့္ ဆီစက္အနည္းငယ္ကိုသာ သုံးထားေသးတယ္။မကြၽမ္းသြားတာမွ ထူးဆန္းလိမ့္မယ္။လုပ္တာလည္း မွားတယ္၊မလုပ္တာကလည္း မွားတယ္။
တု႐ွီက သူ႕အေပၚ မေက်နပ္ေၾကာင္း သူနားလည္တယ္။ဒါေၾကာင့္ သူ ပိုပိုၿပီး စိတ္႐ႈပ္လာၿပီ။ဒီကိစၥမွာ လဲ့ယ္ထ်ဲက ခ်င္မ်န္ႏွင့္ လက္ထပ္မွာကို ဘယ္လိုမ်ား သူမ သေဘာတူခဲ့တာလဲ?
“ဒီဟင္းကို အဲ့ဒီလိုမလုပ္ရင္ တကယ္စားလို႔မရေတာ့ဘူးမို႔လို႔ပါ။သူတို႔ျပန္လာၿပီလားဆိုတာ ကြၽန္ေတာ္သြားၾကည့္လိုက္ပါဦးမယ္။”
ထို႔ေနာက္ ခ်င္မ်န္သည္ မတ္တပ္ထရပ္ကာ ထြက္သြားေလသည္။
တု႐ွီ၏တုံ႔ျပန္မႈကိုပင္ မေစာင့္ဘဲ ျခံအျပင္ဘက္သို႔ ခ်က္ျခင္း ထြက္သြားေတာ့သည္။ခဏေလာက္ သူတကယ္ထြက္သြားဖို႔ တြန္းအားျဖစ္ခဲ့ေပမယ့္ အေၾကာင္းျပခ်က္တစ္ခ်ိဳ႕ေၾကာင့္ သူ႕ မထြက္သြားႏိုင္ေတာ့ေပ။က်န္းမာေရးမေကာင္းသည့္အျပင္ ဆယ္ေက်ာ္သက္အ႐ြယ္သာ႐ွိေသးတယ္မလား။ထြက္သြားရင္ေတာင္ ဘယ္ေလာက္ေဝးေဝးသြားႏိုင္မွာလဲ။က်န္းမာေရးေကာင္းလာဖို႔အထိက နယ္ေျမထဲမွာ သူေနႏိုင္ေသာ္လည္း ဤကမ႓ာႀကီးအေၾကာင္း ဘာမွမသိဘဲ နယ္ေျမ၏တည္႐ွိမႈကို တစ္စုံတစ္ဦးမွ ႐ွာေဖြေတြ႕႐ွိခဲ့ပါက သူ႕တြင္ ေ႐ြးခ်ယ္စရာအခြင့္အေရး႐ွိလာႏိုင္မည္ မဟုတ္ေပ။အိမ္ေထာင္စုစာရင္း ျပႆနာလည္း ႐ွိလာမည္။ဒီနည္းလမ္းျဖင့္ ထြက္ခြာပါက သူ႕ရဲ႕အိမ္ေထာင္စုစာရင္းတြင္ အမည္းစက္ ျဖစ္လာလိမ့္မည္။အနာဂတ္တြင္ သူမည္မွ် ဒုကၡေရာက္မည္ကို မသိႏိုင္ေတာ့ေပ။မူလကိုယ္ခႏၶာပိုင္႐ွင္သည္ ယင္းေယာက်္ားႏွင့္ လက္ထပ္ရန္ အထူးအေၾကာင္းျပခ်က္႐ွိမည္ကို သူအစိုးရိမ္ဆုံးပင္။သူထြက္ေျပးခဲ့ရင္ လဲ့ယ္မိသားစုက သူ႕ကို လိုက္ဖမ္းခိုင္းမွာလား?
မနီးမေဝးတြင္ လူတစ္စုက စကားေျပာရင္း ရယ္ေမာေနၾကသည္။လဲ့ယ္တာ့ခ်န္ႏွင့္ အျခားသူမ်ားပင္။
ခ်င္မ်န္သည္ တခဏမွ် တုံ႔ဆိုင္းသြားကာ လမ္းေဘးတြင္ သူတို႔ကိုရပ္ေစာင့္ေနလိုက္သည္။
လဲ့ယ္ထ်ဲသည္ ကေလးငယ္ကို အေဝးမွလွမ္းျမင္လိုက္တာေၾကာင့္ ေျခလွမ္းႏွစ္လွမ္းေလာက္ အျမန္ေလွ်ာက္လာကာ မၾကာမီပင္ သူ႕ကို ေမးခြန္းထုတ္ေနေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။
ခ်င္မ်န္သည္ သူ ဘာကိုဆိုလိုသည္ကို မသိ။ေခါင္းအသာခါျပၿပီး အနီးနား႐ွိ အေဖလဲ့ယ္ကိုသာ ျပဳံးျပလိုက္သည္။
"အေဖ...ျပန္လာၿပီလား။အားလုံးကို ထမင္းစားဖို႔ ေခၚလိုက္ေတာ့မယ္"
“အင္း...” အေဖလဲ့ယ္က ႐ိုး႐ိုး႐ွင္း႐ွင္းသာ ျပန္ေျဖလိုက္၏။
လဲ့ယ္႐ွန္းရန္နဲ႔ တျခားသူေတြက “အႀကီးဆုံးမရီး” လို႔ ေခၚလာၾကသည္။
ခ်င္မ်န္က အရင္အတိုင္း ေခါင္းညိတ္ျပ၏။
သူတို႔ေနာက္တြင္ လယ္ယာလုပ္ငန္းကို ၿပီးေျမာက္သြားတာေၾကာင့္ အိမ္ျပန္ၾကသည့္ ႐ြာသားအခ်ိဳ႕လည္း ႐ွိေနသည္။သူတို႔သည္ ခ်င္မ်န္ကို ထူးဆန္းစြာၾကည့္ကာ အျခားလမ္းတစ္ခုဆီသို႔ ေလွ်ာက္မသြားမီ ဝိုးတဝါးျပဳံးလိုက္ၾကသည္။
ခ်င္မ်န္သည္ လဲ့ယ္ထ်ဲ၏လက္ေမာင္းကို တိတ္တဆိတ္ ဆြဲယူလိုက္ကာ လဲ့ယ္တာ့ခ်န္နဲ႔ တျခားသူေတြ ဝင္သြားေတာ့မွ သူ လႊတ္ေပးလိုက္၏။ "ကြၽန္ေတာ္ ေျပာစရာ႐ွိတယ္"
လဲ့ယ္ထ်ဲက သူတို႔ႏွစ္ေယာက္ စကားေျပာႏိုင္ဖို႔အတြက္ အထဲကိုဝင္ရန္ မ်က္ႏွာရိပ္ျပလိုက္သည္။
ႏွစ္ေယာက္သား သက္ကယ္အိမ္ထဲသို႔ ဝင္သြားသည္ကို တု႐ွီက ျမင္သြားၿပီး စီခနဲက်ယ္ေလာင္စြာ ေအာ္ေျပာလိုက္သည္။ “ေလာင္တာ့ရဲ႕ဇနီး! ထပ္ၿပီး အေခ်ာင္ခိုဖို႔ ဘယ္ကို ေျပးေနတာလဲ?"
ခ်င္မ်န္က သက္ျပင္းခ်လိုက္သည္။ "ထားလိုက္ေတာ့။ညက်မွ စကားေျပာၾကမယ္။"
ဒီအဘြားအိုႀကီးက ေမွာင္တဲ့အထိ သူ႕ကို ဆြဲထားႏိုင္မယ္ဆိုတာ မယုံဘူး!
ခဏၾကာၿပီးသည္အထိ အျပင္ျပန္မထြက္မီ လဲ့ယ္ထ်ဲက နားမလည္ေသာ အေတြးမ်ားျဖင့္ ရပ္က်န္ေနလ်က္ တံခါးမွ ထြက္သြားသည့္သူကို လွမ္းၾကည့္ေနသည္။
Advertisement
- In Serial26 Chapters
The Triumphs and Tribulations of Kai Jameson
Kai Jameson is an average everyday young man. He still lives at home with his parents after having just graduated from college. He loves playing video games and his job at the local Buy More is tolerable. Of course that all changes the moment the system arrives and the Earth is connected to the Nexus. Turns out Kai was trapped in time for about eighteen months while the people already here got a headstart on him. He lucks into being rescued by some people from a town called Donnyton and learns that if he wants to survive in this New Earth he'll have to work harder than ever before. The rewards are worth it. This is Kai's story, the moments of his triumphs, and the moments when he feels that things couldn't possibly be worse. Thanks to puddles4263 and his story The Legend of Randidly Ghosthound for the inspiration on the world this is set in. If you have never read that I highly recommend it, and if you have read it and enjoyed that story then I hope you'll enjoy mine as well. This is the first story I'm ever putting out for public consumption so reader beware on that. Any constructive criticism is always appreciated, simply leaving a half star review tells me that you're a moron who doesn't know how to use words. I'm constantly trying to improve my writing and feedback and criticism on what works and what doesn't is the only way to do that at the point I feel I am at. Last, I just marked all the content warnings because you never know where a story will take you and I don't want to exclude anything (though there will never be a harem). I am going to release 1-2 chapters per week on Fridays. Thanks and enjoy.
8 135 - In Serial34 Chapters
The Tale of Mally Biddle
When Mally Biddle agreed to spy upon the King of Lenzar and his overbearing knights she knew she was heading into danger. She didn't know she'd find a family unlike any other. Posing as a servant in Bosc Castle, Mally serves tea and restocks the fires for the most dangerous men in the kingdom. Her goal is to learn the truth of what happened sixteen years ago, when the infant princess met her death … a death that has more questions than answers. Along her search for the truth, Mally meets the energized Lita Stump, the strict and matriarchal Meriyal Boyd, and the opinionated Archibald Diggleby. Then of course there are the knights: Sir Leon Gibbs who is slicker than a greased hog, Adrian Bayard, hot tempered and violent, and the worst of the lot: Sir Illius Molick, Captain of the Knights. And then there is Maud, a mysterious woman who just might know everything… The Tale of Mally Biddle is also available on Kindle and Print on Demand via Amazon.com. Thanks for reading!
8 109 - In Serial11 Chapters
Faulted Perfection
Who says the older generations can't snap? Being told that everything we do should be for society, Mr. Cliff does exactly that. But, he is unable to differenciate betwen 'right' and 'wrong'. This is a common trait amoung those who are like him. Those with no emotion, no set goals and only a past of darkness. He must keep what he's done a secret until the time is right. Walk through his life and see the world for the way it is. Listen to his tale and uncover his hidden thoughts.
8 198 - In Serial28 Chapters
Worldview
25 year old Aksel Liebert is thrown into a new world where Earth is dominated by a new game-like system and otherworldly beings demanding humans to take part in these 'scenarios'. Can Aksel fend for himself where the new rules of the world are clear?: Kill or be killed. Story available on scribblehub: https://www.scribblehub.com/series/475034/worldview/ (Updates first there).
8 257 - In Serial11 Chapters
Runway | MHA + Reader | Book 2 On The Run
Y/n's father was kidnapped. As was she just days before. Instead of leaving it to the pros, she takes everything into her own hands. Cannon was murdered by y/n with her trusty gun. Yeah, mentions of gun. Also mommy issues. Major?? Minor?? Idk character death.
8 101 - In Serial30 Chapters
Greta Van Fleet Imagines
These are just all my imagines from my tumblr. I just moved them over here
8 191

