《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[6]
Advertisement
[Unicode]
006:မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ခွဲခြမ်းပြီး အိမ်ခွဲနေချင်တယ်
လက်ထပ်ပြီးနောက် ချင်မျန်ကို လဲ့မိသားစု၏အိမ်ထောင်စုစာရင်းထဲ ရွှေ့ပြောင်းပေးခဲ့သည်။အခုအချိန်အထိ သူတို့လက်ထပ်ထားတာ ရက်ပိုင်းပဲရှိပါသေးသည်။
ချင်မျန်သည် သူ့နှလုံးသားအောက်ခြေထိ စိတ်ဓါတ်ကျသွားစေသည့် အခြားသတင်းတစ်ခုကိုပင် ကြားလိုက်ရသည်။အမျိုးသားနှစ်ဦးလက်ထပ်ထားသည့်သတင်းသည် တစ်ပြည်လုံးတွင် ပျံ့နှံ့သွားပြီး ဘယ်အခြေအနေထိပျံ့နှံ့သွားသည် ရှိမရှိတော့ မသိရပေ။ယောက်ျားနှင့်မိန်းမ လက်ထပ်ပေါင်းစည်းခြင်းကသာ မှန်ကန်သောနည်းလမ်းလေ။ဒါပေမဲ့ တောင်စိမ်းရွာတွင် အိမ်ထောင်သည်လင်မယားဖြစ်သွားသော အမျိုးသားနှစ်ဦးရှိနေ၏။ဒီလိုကိစ္စက တခြားသူများရဲ့ လှောင်ပြောင်တာကို ခံရမယ်မဟုတ်ဘူးလား?
ဆိုလိုသည်မှာ လဲ့ယ့်ထျဲနဲ့သူ ကွာရှင်းခဲ့ရင် သူ့နာမည်ပျက်သွားလိမ့်မည်။ဒီနားမှာ ဇနီးမယားတစ်ယောက်ကိုရှာဖို့ မဖြစ်နိုင်တော့ဘူး။ဘယ်မိသားစုရဲ့မိဘတွေက ယောက်ျားနဲ့လက်ထပ်ဖူးတဲ့ သူကို ကိုယ့်သမီးနဲ့ လက်ထပ်စေချင်ကြမှာလဲ?
လဲ့ယ်ထျဲနှင့် သူ နှစ်ဦးသဘောတူကွာရှင်းဖို့လိုနေပြီဖြစ်သည်။
နေ့ခင်းဘက်တွင် တုရှီက ချင်မျန်ကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အခက်တွေ့အောင်လုပ်ဖို့ ကြိုးစားလေ့ရှိပြီး လဲ့ယ်ထျဲကတော့အလုပ်လုပ်ရသည်။ညနေမှသာ လဲ့ယ်ထျဲနှင့် စကားပြောခွင့်ရတော့သည်။ထိုညတွင် လဲ့ယ်ထျဲ ရေချိုးပြီးနောက် ချင်မိန်က မဝံ့မရဲ ပြောလိုက်သည်။ “တကယ်တော့ ခင်ဗျားနဲ့ကျွန်တော်က အတင်းအကြပ်လက်ထပ်ခိုင်းခံခဲ့ရတာမလား။ခင်ဗျားက ဇနီးတစ်ယောက်နဲ့လက်ထပ်ချင်တာ..ကျွန်တော်ဆိုလိုချင်တာက သာမာန်မိန်းမနဲ့ လက်ထပ်ချင်တာပဲ မဟုတ်လား?"
"မင်းက ကိုယ့်မိန်းမ။" လဲယ်ထျဲက သူ့ကိုကြည့်ကာ တစ်ဖက်လူက ဘာကြောင့် ဒီစကားတွေပြောသည်ကို နားမလည်ပုံရသည်။
အချိန်အတိုင်းအတာတစ်ခုအထိ ချင်မျန်သည် ဒေါသစိတ်ဖြင့် ပူလောင်နေခဲ့သည်။သူက မူမမှန်နေဘူးလို့ ဆိုလိုတာလား? အေးအေးဆေးဆေးနဲ့ စိတ်ရှည်သည်းခံဖို့ သူကြိုးစားခဲ့တယ် - "ကျွန်တော်ဆိုလိုတာက ကလေးရနိုင်တဲ့ မိန်းမနဲ့ လက်ထပ်ချင်ခဲ့တာ မဟုတ်လား?"
"မလိုပါဘူး" လဲ့ယ်ထျဲက ရိုးရိုးရှင်းရှင်းနဲ့ အမှန်အတိုင်းပြောပြီး ကောက်ရိုးဖိနပ်ကို ချွတ်လိုက်သည်။
ချင်မျန်က သူ တကယ်နားမလည်တာလား,ဟန်ဆောင်တာလား ဆိုတာ မသိ။ပိုကောင်းတဲ့ရွေးချယ်စရာမရှိစွာ သူ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ကျွန်တော်တို့ နှစ်ဦးသဘောတူ ကွာရှင်းလိုက်ကြရအောင်”
လဲ့ယ်ထျဲက ရုတ်တရက် နောက်ပြန်လှည့်ကာ သူ့ကို ခဏလောက် စိုက်ကြည့်နေသည်။ "ကိုယ်က ဘယ်တော့မှ နှစ်ဦးသဘောတူ ကွာရှင်းမှာ မဟုတ်ဘူး"
ထို့နောက် သူသည် နောက်ဆုံးအကြိမ်ကလို အိပ်ရာဝင်သွားခဲ့သည်။ချင်မျန်က ထိတ်လန့်တုန်လှုပ်သွားပြီး တွေးလိုက်မိသည်။လဲ့ယ်ထျဲက နဂိုကတည်းက ယောက်ျားတွေကိုကြိုက်တာ ဖြစ်နေမလား?ဒါပေမယ့် အဲဒါက အဓိပ္ပါယ်မရှိဘူးလေ။သူ့ နယ်မြေထဲမှာ မှန်ကြည့်ဖူးပြီး သူက အခုချိန်မှာ လုံးဝကြည့်ကောင်းမနေဘူး။သူက မည်းတယ်၊ပိန်တယ်၊ရွံ့တွနေသေးတယ်။ဒါတင်မကသေးပါဘူး။သူက အခုထိ ကလေးပဲ ရှိသေးတယ်။လဲ့ယ်ထျဲက ယောက်ျားတွေကို ကြိုက်တယ်ဆိုရင်တောင် သူ့ကို ကြိုက်ဖို့ မဖြစ်နိုင်ဘူး။
မည်သို့ပင်ဆိုစေ လဲ့ယ်ထျဲက နှစ်ဦးသဘောတူ ကွာရှင်းရန် သဘောမတူသောကြောင့် မတတ်နိုင်ခဲ့ပေ။သူ့အိမ်ထောင်စုစာရင်းက လဲ့ယ်မိသားစုအောက်မှာ ရှိနေသရွေ့တော့ သူ ရှောင်ပြေးလို့ မရဘူး။ရွာက အစ်ကိုကျန်းထံမှ ကြားသိရသည့်အတိုင်း ဒီနိုင်ငံ၏အိမ်ထောင်စုစာရင်း စီမံခန့်ခွဲမှုမှာ တင်းကျပ်လွန်းလှသည်။တစ်ခုကနေ အခြားတစ်ခုကို စလုပ်ရင် ငွေအများကြီးကုန်ကျရုံတင်မကဘဲ ချိတ်ဆက်မှုအချို့လည်း လိုအပ်လိမ့်မယ်။ပိုက်ဆံရှိရင်တောင် မှန်ကန်တဲ့ချိတ်ဆက်မှုမရှိရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။မှတ်ပုံတင်မထားတဲ့အိမ်ထောင်စုတစ်စုဖြစ်လာဖို့ တစ်ချိန်လုံး ခက်ခဲရသလား?
ချင်မျန်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့်သာ ဝန်ခံခဲ့ရတော့သည်- သူ လဲ့ယ်အိမ်မှာပဲ နေတာက ပိုကောင်းတယ်ဆိုတာကိုပေါ့။
ချင်မျန်က နေဖို့ ဆုံးဖြတ်ပြီးကတည်းက လဲ့ယ်မိသားစုရဲ့ အခြေအနေကို ခြုံငုံလိုက်သည်။လဲ့ယ်မိသားစု၏အခြေအနေက ရွာထဲတွင် သာမန်သာဖြစ်သည်။ပင်မအိမ်ကို အုတ်ဖြင့်ဆောက်ထားပြီး တောင်ဘက်တွင် အထိုင်ချကာ မြောက်ဘက်သို့ မျက်နှာမူထားသည်။စုစုပေါင်း အခန်းခြောက်ခန်းရှိ၏။ဝင်ပေါက်အခန်းက ဗဟိုခန်းမ နဲ့ ထမင်းစားသောက်ဖို့နေရာဖြစ်ပြီး လဲ့ယ်တာချန်နှင့် ဇနီးတို့က တစ်ခန်း၊လဲ့ယ်ရှန်းရန်၏မိသားစုက တစ်ခန်း၊လဲ့ယ်ရှန်းရီမိသားစုက တစ်ခန်း၊လဲ့ယ်ရှန်းကျစ်က စာပေပညာရှင်တစ်ဦးဖြစ်သောကြောင့် သူ တစ်ယောက်အခန်းကိုသာ သုံးရသည်ကို နှစ်ခြိုက်သည်။နောက်ဆုံးအခန်းကို လဲ့ယ်ရှန်းလီ နှင့် လဲ့ယ်ချွင်းထောင်အတွက် အခန်းနှစ်ခန်းဖွဲ့ပေးထားသည်။
ပင်မအိမ်အပြင်ဘက်ကတော့ ခြံဝင်းကျယ်ကျယ်ပင်။ အနောက်မြောက်ထောင့်တွင် မီးဖိုချောင်၊ညာဘက်ထောင့်တွင် ရေတွင်းတစ်ခုရှိပြီး အရှေ့ဘက်ဝင်ပေါက်တံခါးအနီးတွင် ဝက်ခြံရှိသည်။လယ်ယာသုံးကိရိယာများနှင့် အခြားအရာများထားရန် ဝက်ခြံကြားတွင် နေရာလွတ်တစ်ခုရှိ၏။လဲ့ယ်ထျဲ ပြန်လာတော့သူ့အတွက် နေရာမရှိသဖြင့် ခြံအနောက်တောင်ထောင့်တွင် သက်ကယ်အိမ်တစ်လုံး ဆောက်ရသည်။ပထမဆုံးအနေနဲ့ သက်ကယ်အိမ်ရဲ့ တစ်ဖက်ခြမ်းမှာ ၀က်ခြံပြဿနာ ရှိနေတာပဲ။ သက်ကယ်အိမ်ထဲမှာ လေဝင်လေထွက်မကောင်းပေ။ရာသီဥတုက ပိုအေးလာတာနဲ့အမျှ အလုပ်မဖြစ်နိုင်တော့ဘူး။ဒါ့အပြင် မိုးရွာပြီး နှင်းတွေကျလာတဲ့အခါ အဲဒီအထဲမှာ နေနိုင်မယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။အရမ်းသနားဖို့ကောင်းတယ်..ဟင်း!
ချင်မျန်သည် လဲ့ယ်ထျဲအတွက် အနည်းငယ် စိတ်တိုမိသွားသည်။လဲ့ယ်မိသားစုက သူ့အပေါ်ကို ဒီလိုအနိုင်ကျင့်တာကို လဲ့ယ်ထျဲက ဘာလို့ ဘာမှပြန်မလုပ်ချင်တာလဲ?သူက အပြင်လောကဘက်ကို ခြေဆန့်ဖူးတာပဲကို အနည်းဆုံးတော့ ထိုးထွင်းဉာဏ်ရှိသင့်တယ်မလား?
သူတို့ ထွက်သွားတာက အကောင်းဆုံးဖြစ်လိမ့်မယ်ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ အကြောင်းပြချက်တစ်ချက်အရ လဲ့ယ်ထျဲနှင့် နှစ်ဦးသဘောတူ ကွာရှင်းဖို့ စည်းရုံးတဲ့နေရာမှာ တခြားလဲ့ယ်မိသားစုဝင်တွေက သူတို့ကို အနှောင့်အယှက်မပေးနိုင်တော့ဘူး။တစ်ဖက်မှာလည်း သူသဘောသူ့စိတ်ကြိုက် သူ့ဘဝကို စီမံခန့်ခွဲရတာ ပိုအဆင်ပြေမယ်။
ထူးဆန်းသည်မှာ တုရှီက လဲ့ယ်ထျဲကို အလွန်မုန်းတီးသော်လည်း သူတို့ကို ပြောင်းရွှေ့နေထိုင်ဖို့ လဲ့တာ့ချန်ကို ဘာကြောင့်များ မတိုက်တွန်းခဲ့ရတာလဲ?
"လောင်တာ့ရဲ့ဇနီး.. သတိထား!"
ရုတ်တရက် သူ့နားထဲတွင် အရေးပေါ်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။ချင်မျန်က တုန်လှုပ်သွားပြီး သူ့လက်ထဲမှာရှိတဲ့ အရာတွေကို မသိစိတ်က လွှင့်ပစ်လိုက်ပြီး ထင်းခုတ်နေတာကို ရုတ်တရက် သတိရသွားတာကြောင့် နောက်ပြန်ဆုတ်လိုက်သည်။အခုလေးတင် ပုဆိန်က လေကိုသာ ခုတ်ချမိသွားတာမို့ သူ ထိခိုက်ဒဏ်ရာရလုနီးပါး ဖြစ်သွားသည်။
အသက်သုံးဆယ်ကျော်ခန့်ရှိ ကြမ်းတမ်းသော အမျိုးသားတစ်ဦးသည် လျင်မြန်စွာ ရောက်ရှိလာပြီး သူ့ကို လေးလေးနက်နက် စိုးရိမ်စိတ်ဖြင့် စိုက်ကြည့်နေသည်။ အဲဒီလူက တောင်းတစ်လုံးကိုသူ့နောက်ကျောမှာ လွယ်ထားပြီး ထိုတောင်းထဲတွင် ပုဆိန်အဟောင်းတစ်ခုရှိနေ၏။
Advertisement
"အဆင်ပြေရဲ့လား?"
“ကျွန်တော် အဆင်ပြေပါတယ်။ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း"
ချင်မျန်က ရိုးသားစွာ ကျေးဇူးတင်လိုက်သည်။များသောအားဖြင့်တော့ သူကြားရတဲ့သတင်းအားလုံးက ဒီလူ ကျန်းတရွှေဆီက ကြားရတာပဲ။မကြာသေးမီရက်များအတွင်း လဲ့ယ်မိသားစုမှလွဲ၍ လူဆယ်ဦးကျော်နှင့် တွေ့ဆုံခဲ့ဖူးသည်။ကျန်းတရွှေနှင့် သူ့ဇနီး,မရီးချွင်းဟွာသာလျှင် သူ့အပေါ် ပုံမှန်သဘောထား,ထားရှိပေးသည်။အခြားလူများက သူ့ကိုမြင်သောအခါ ကဲ့ရဲ့ကြသလို ဘေးဥပဒ်ကို ရှောင်သကဲ့သို့ သူ့ကို ရှောင်ကြသည်။
ကျန်းတရွှေ၏မျက်လုံးထဲတွင် ချင်မျန်က သူ့သားထက် နှစ်အနည်းငယ်သာကြီးသော ကလေးပင်။သူတကယ်အဆင်ပြေနေတာကိုမြင်တော့မှ ပေါ့ပေါ့ပါးပါးမေးလိုက်တော့သည်။
"ဒီလောက်စိတ်ထွေပြားနေရအောင် မင်းဘာတွေတွေးနေတာလဲ?" သူပြောနေရင်း ထမ်းပိုးကို ချလိုက်ပြီး ပုဆိန်ကို ကောက်ယူကာ သစ်ပင်တစ်ပင်ကို ခုတ်လှဲလိုက်သည်။သစ်ပင်ပေါ်သို့ ပုဆိန်ကျသွားသည်နှင့် တပြိုင်နက် ညှိုးနွမ်းနေသောအရာတစ်ခု ပေါ်လာသည်။ဆောင်းဦးရာသီတွင် မကြာမီ ရိတ်သိမ်းရတော့မည် ဖြစ်ပြီး လယ်သမားများသည် ဤကာလတွင် အလုပ်များ ပိုမိုလုပ်ဆောင်ကြရမည်ပင်။
ချင်မျန်က အဲဒါကို တွေးမိပြီး အမှန်အတိုင်း ပြန်ပြောလိုက်သည်။ " ကျွန်တော့်အမေက ကျွန်တော်နဲ့ လဲ့ယ်ထျဲကို သဘောမကျတာပဲကို ဘာလို့များ သူတို့နဲ့ ခွဲခွာပြီးမနေခိုင်းရတာလဲ?ကျွန်တော်သိသလောက်က လျိုမိသားစုလည်း ခွဲပြီးနေ,နေတာမဟုတ်ဘူးလား။”
THUMP!သစ်ပင်ငယ်ကို ခုတ်လှဲပြီးနောက် ကျန်းတရွှေသည် သူ့ပုဆိန်ဖြင့် ဆက်လက်ခုတ်ပိုင်းနေခဲ့သည်။သစ်သားခြောက်တွေက အတုံးအသေးလေးတွေအဖြစ် ဖြတ်ရတာပိုလွယ်တယ်။တီးတိုးသံက သစ်ပင်ပေါ်က ငှက်တွေကို ကြောက်လန့်ပြီး သစ်ရွက်ခြောက်တွေ တဆတ်ဆတ်ကျသွားစေသည်။
"ဒီအချိန်တိုလေးအတွင်းမှာတော့ မင်းမိသားစုကနေခွဲထွက်ဖို့အတွက်က မဖြစ်နိုင်ဘူး" ကျန်းတရွှေသည် ထင်းခုတ်နေစဉ် "မင်းနဲ့ ထျဲဇီက အခုမှ အိမ်ထောင်ကျပြီးခါစလေ။သူမသာ မင်းတို့ကို ခွဲနေခိုင်းမယ်ဆိုရင် ရွာသားတွေရဲ့အတင်းစကားတွေနဲ့ ထိုးနှက်ခံရမှာကို ကြောက်နေတာနေမယ်။ဒါ့အပြင် ထျဲဇီက လဲ့ယ်မိသားစုထဲမှာ အကြီးဆုံးသား။မင်းတို့တွေက ခွဲနေရင်တောင်မှ မင်းနဲ့ထျဲဇီက လူအိုကြီးနှစ်ယောက်ကို ပြုစုပျိုးထောင်ပေးရလိမ့်မယ်။"
ဟမ်? ချင်မျန်က အံသြသွားသည်။
သူတို့နောက်မှာ သစ်ကိုင်းနင်းသံတွေ ထွက်ပေါ်လာတာကြောင့် နှစ်ယောက်သား လှည့်ကြည့်လိုက်၏။
လဲ့ယ်ထျဲက ဘယ်ဘက်လက်တွင် ဒူးလေးကို ကိုင်ဆောင်ထားရင်း ညာဘက်ပခုံးပေါ်တွင်သမင်တစ်ကောင် ထမ်းလာလျက် လမ်းလျှောက်လာသည်။အနည်းဆုံး ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ကျင်း အလေးချိန်ရှိသောသမင်ကြီးသည် သူ့ခန္ဓာကိုယ်ပေါ်တွင် မလှုပ်မယှက် ချိတ်ဆွဲခံထားရသည်။
"ထျဲဇီ...မင်း ကံကောင်းလိုက်တာကွာ။ဒီလိုမျိုး အကောင်ကြီးကြီးကို ရောင်းလိုက်ရင် ပိုက်ဆံအများကြီးရမှာ ဒါမှမဟုတ်ရင် ကိုယ်စားအတွက် သိမ်းထားရင်တောင် အချိန်အကြာကြီး စားလို့ရတယ်။” ကျန်းတရွှေက သမင်ကို မနာလိုစွာ စိုက်ကြည့်ရင်း လဲ့ယ်ထျဲအား ပြုံးပြ နေသည်။
ချင်မျန်သည်ကား သမင်ကို စိုက်ကြည့်ရင်း နှုတ်ခမ်းကို လျှာဖြင့် မလျက်ဘဲမနေနိုင်ပေ။သူက အသားကို ကြိုက်တယ်။ဒါပေမယ့် လဲ့ယ်ထျဲက သားကောင်ကိုရလာလျှင်ပင် အသားမစားရတာ သူသိသည်။တုရှီက အသားမပါတဲ့ အသီးအရွက်ကြော်ကိုတောင် တွန့်တိုတတ်သည့်သူမျိုးဖြစ်သည်။ကြက်ဥကြော်လျှင်တောင် သူ့ရဲ့ သားယောကျ်ားလေးမြေးနှစ်ယောက်နှင့် သူ့သမီးကိုသာ ကျွေးသည်။အသက်နှစ်,နှစ်သာရှိသေးသည့် မြေးမလေး လဲ့ယ်ရှင်းရှင်း အပါအဝင်အခြားသူများကို စားရဖို့ စိတ်တောင်မကူးလေနှင့်။သူ့အိမ်[နယ်မြေ]မှာ အသားနဲ့ဥတွေ ရှိပေမယ့် ချက်ပြုတ်ဖို့ အခွင့်မသာပြန်ဘူး။
လဲ့ယ်ထျဲက ချင်မျန်ထံ လှမ်းလျှောက်သွားရင်း ကျန်းတရွှေကို အသိအမှတ်ပြု ခေါင်းညိတ်ပြလိုက်သည်။ချင်မျန်ဆီ ရောက်တော့ သူရပ်ပြီး သူ့ရင်ခွင်ထဲက တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်။အစိမ်းရောင်ကြာရွက်နှင့်ပတ်ထားပြီး အသားနံ့သင်းသင်းလေးထွက်နေတာကြောင့် ချင်မျန်သည် သူ့တံထွေးကို တိတ်တိတ်လေး အသာမျိုချလိုက်ရသည်။
ကျန်းတရွှေသည် ချင်မျန်ကို ဖျတ်ခနဲ ပြုံးလိုက်ပြီး ထင်းဆက်ခုတ်နေသည်။
ချင်မျန်သည် ကြာရွက်ထုပ်လေးကို ယူရန် အချိန်ခဏလောက် ရုန်းကန်လိုက်ရသည်။ "ကျေးဇူးတင်ပါတယ်။" ကြာရွက်ကိုဖွင့်လိုက်သည်နှင့် အထဲမှာ ကြက်ပေါင်ကင်တစ်ချောင်းရှိနေကာ အနည်းငယ်ပင် ပူနေသေးသည်။
လဲ့ယ်ထျဲသည် သားကောင်နှင့်လေးကို ချလိုက်ပြီးနောက် ပုဆိန်ကို ကောက်ကိုင်ကာ ထင်းခုတ်ရန် တစ်ဖက်သို့ သွားလေ၏။
သူ့လက်မောင်းတွေကို မြှောက်လိုက်တဲ့အခါ သူ့ပခုံးပေါ်က ကြွက်သားတွေက သိသိသာသာ ကြွတတ်လာကာ သန်မာပြီးအားကောင်းသည့်ပုံပင်။
ယခင်က ခြင်းတောင်းများထဲတွင် ထင်းသုံးလေးချောင်းသာရှိသော်လည်း ယခုတော့ တဖြည်းဖြည်း စုပုံလာသည်။
ချင်မျန်က ကြက်ပေါင်စားပြီသွားပြီးနောက် သူစားဖူးသမျှ ကြက်ပေါင်ထက် ပိုကောင်းတယ်လို့ ခံစားရသည်။
ကြက်ပေါင်ကို စားပြီးခါနီးတွင် လဲ့ယ်ထျဲက လက်စသပ်ကာ မတ်တပ်ထရပ်လိုက်သည်။ချင်မျန်ယူလာခဲ့တဲ့ တောင်းနှစ်တောင်းထဲတွင် တစ်လုံးက ထင်းချောင်းတွေနဲ့ ပြည့်နေပြီ။လဲ့ယ်ထျဲက ပုဆိန်နှင့်သားကောင်ရော လေးပါ တခြားတောင်းထဲသို့ထည့်ပြီး တောင်းနှစ်တောင်းကြားတွင် ထမ်းပိုးခံကာ ကောက်မလိုက်သည်။
ချင်မိန်၏ခံစားချက်သည် အနည်းငယ် နူးညံ့လိုသွားခဲ့သည်။သူ ကြက်ပေါင်စားပြီးတဲ့အထိ လဲ့ယ်ထျဲ ထင်းခုတ်ရင်း စောင့်နေတာလို့ သူဘာကြောင့်များ ခံစားမိနေရတာလဲ?!
"အစ်ကိုကျန်း ကျွန်တော်တို့ အရင်သွားလိုက်တော့မယ်။" လဲ့ယ်ထျဲက ကျန်းတရွှေကို နှုတ်ဆက်လိုက်သည်။
ကျန်းတရွှေက သူ့လက်ကို ဝှေ့ယမ်းပြလိုက်ပြီး "အေး..ရတယ်၊ ငါ မပြန်ခင် နဲနဲခုတ်လိုက်ဦးမယ်"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
006:မိသားစုရဲ႕ပိုင္ဆိုင္မႈေတြကို ခြဲျခမ္းၿပီး အိမ္ခြဲေနခ်င္တယ္
လက္ထပ္ၿပီးေနာက္ ခ်င္မ်န္ကို လဲ့မိသားစု၏အိမ္ေထာင္စုစာရင္းထဲ ေ႐ႊ႕ေျပာင္းေပးခဲ့သည္။အခုအခ်ိန္အထိ သူတို႔လက္ထပ္ထားတာ ရက္ပိုင္းပဲ႐ွိပါေသးသည္။
ခ်င္မ်န္သည္ သူ႕ႏွလုံးသားေအာက္ေျခထိ စိတ္ဓါတ္က်သြားေစသည့္ အျခားသတင္းတစ္ခုကိုပင္ ၾကားလိုက္ရသည္။အမ်ိဳးသားႏွစ္ဦးလက္ထပ္ထားသည့္သတင္းသည္ တစ္ျပည္လုံးတြင္ ပ်ံ႕ႏွံ႔သြားၿပီး ဘယ္အေျခအေနထိပ်ံ႕ႏွံ႔သြားသည္ ႐ွိမ႐ွိေတာ့ မသိရေပ။ေယာက်္ားႏွင့္မိန္းမ လက္ထပ္ေပါင္းစည္းျခင္းကသာ မွန္ကန္ေသာနည္းလမ္းေလ။ဒါေပမဲ့ ေတာင္စိမ္း႐ြာတြင္ အိမ္ေထာင္သည္လင္မယားျဖစ္သြားေသာ အမ်ိဳးသားႏွစ္ဦး႐ွိေန၏။ဒီလိုကိစၥက တျခားသူမ်ားရဲ႕ ေလွာင္ေျပာင္တာကို ခံရမယ္မဟုတ္ဘူးလား?
ဆိုလိုသည္မွာ လဲ့ယ့္ထ်ဲနဲ႔သူ ကြာ႐ွင္းခဲ့ရင္ သူ႕နာမည္ပ်က္သြားလိမ့္မည္။ဒီနားမွာ ဇနီးမယားတစ္ေယာက္ကို႐ွာဖို႔ မျဖစ္ႏိုင္ေတာ့ဘူး။ဘယ္မိသားစုရဲ႕မိဘေတြက ေယာက်္ားနဲ႔လက္ထပ္ဖူးတဲ့ သူကို ကိုယ့္သမီးနဲ႔ လက္ထပ္ေစခ်င္ၾကမွာလဲ?
Advertisement
လဲ့ယ္ထ်ဲႏွင့္ သူ ႏွစ္ဦးသေဘာတူကြာ႐ွင္းဖို႔လိုေနၿပီျဖစ္သည္။
ေန႔ခင္းဘက္တြင္ တု႐ွီက ခ်င္မ်န္ကို ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳးျဖင့္ အခက္ေတြ႕ေအာင္လုပ္ဖို႔ ႀကိဳးစားေလ့႐ွိၿပီး လဲ့ယ္ထ်ဲကေတာ့အလုပ္လုပ္ရသည္။ညေနမွသာ လဲ့ယ္ထ်ဲႏွင့္ စကားေျပာခြင့္ရေတာ့သည္။ထိုညတြင္ လဲ့ယ္ထ်ဲ ေရခ်ိဳးၿပီးေနာက္ ခ်င္မိန္က မဝံ့မရဲ ေျပာလိုက္သည္။ “တကယ္ေတာ့ ခင္ဗ်ားနဲ႔ကြၽန္ေတာ္က အတင္းအၾကပ္လက္ထပ္ခိုင္းခံခဲ့ရတာမလား။ခင္ဗ်ားက ဇနီးတစ္ေယာက္နဲ႔လက္ထပ္ခ်င္တာ..ကြၽန္ေတာ္ဆိုလိုခ်င္တာက သာမာန္မိန္းမနဲ႔ လက္ထပ္ခ်င္တာပဲ မဟုတ္လား?"
"မင္းက ကိုယ့္မိန္းမ။" လဲယ္ထ်ဲက သူ႕ကိုၾကည့္ကာ တစ္ဖက္လူက ဘာေၾကာင့္ ဒီစကားေတြေျပာသည္ကို နားမလည္ပုံရသည္။
အခ်ိန္အတိုင္းအတာတစ္ခုအထိ ခ်င္မ်န္သည္ ေဒါသစိတ္ျဖင့္ ပူေလာင္ေနခဲ့သည္။သူက မူမမွန္ေနဘူးလို႔ ဆိုလိုတာလား? ေအးေအးေဆးေဆးနဲ႔ စိတ္႐ွည္သည္းခံဖို႔ သူႀကိဳးစားခဲ့တယ္ - "ကြၽန္ေတာ္ဆိုလိုတာက ကေလးရႏိုင္တဲ့ မိန္းမနဲ႔ လက္ထပ္ခ်င္ခဲ့တာ မဟုတ္လား?"
"မလိုပါဘူး" လဲ့ယ္ထ်ဲက ႐ိုး႐ိုး႐ွင္း႐ွင္းနဲ႔ အမွန္အတိုင္းေျပာၿပီး ေကာက္႐ိုးဖိနပ္ကို ခြၽတ္လိုက္သည္။
ခ်င္မ်န္က သူ တကယ္နားမလည္တာလား,ဟန္ေဆာင္တာလား ဆိုတာ မသိ။ပိုေကာင္းတဲ့ေ႐ြးခ်ယ္စရာမ႐ွိစြာ သူ ပြင့္ပြင့္လင္းလင္း ေျပာလိုက္သည္။ “ကြၽန္ေတာ္တို႔ ႏွစ္ဦးသေဘာတူ ကြာ႐ွင္းလိုက္ၾကရေအာင္”
လဲ့ယ္ထ်ဲက ႐ုတ္တရက္ ေနာက္ျပန္လွည့္ကာ သူ႕ကို ခဏေလာက္ စိုက္ၾကည့္ေနသည္။ "ကိုယ္က ဘယ္ေတာ့မွ ႏွစ္ဦးသေဘာတူ ကြာ႐ွင္းမွာ မဟုတ္ဘူး"
ထို႔ေနာက္ သူသည္ ေနာက္ဆုံးအႀကိမ္ကလို အိပ္ရာဝင္သြားခဲ့သည္။ခ်င္မ်န္က ထိတ္လန္႔တုန္လႈပ္သြားၿပီး ေတြးလိုက္မိသည္။လဲ့ယ္ထ်ဲက နဂိုကတည္းက ေယာက်္ားေတြကိုႀကိဳက္တာ ျဖစ္ေနမလား?ဒါေပမယ့္ အဲဒါက အဓိပၸါယ္မ႐ွိဘူးေလ။သူ႕ နယ္ေျမထဲမွာ မွန္ၾကည့္ဖူးၿပီး သူက အခုခ်ိန္မွာ လုံးဝၾကည့္ေကာင္းမေနဘူး။သူက မည္းတယ္၊ပိန္တယ္၊႐ြံ႕တြေနေသးတယ္။ဒါတင္မကေသးပါဘူး။သူက အခုထိ ကေလးပဲ ႐ွိေသးတယ္။လဲ့ယ္ထ်ဲက ေယာက်္ားေတြကို ႀကိဳက္တယ္ဆိုရင္ေတာင္ သူ႕ကို ႀကိဳက္ဖို႔ မျဖစ္ႏိုင္ဘူး။
မည္သို႔ပင္ဆိုေစ လဲ့ယ္ထ်ဲက ႏွစ္ဦးသေဘာတူ ကြာ႐ွင္းရန္ သေဘာမတူေသာေၾကာင့္ မတတ္ႏိုင္ခဲ့ေပ။သူ႕အိမ္ေထာင္စုစာရင္းက လဲ့ယ္မိသားစုေအာက္မွာ ႐ွိေနသေ႐ြ႕ေတာ့ သူ ေ႐ွာင္ေျပးလို႔ မရဘူး။႐ြာက အစ္ကိုက်န္းထံမွ ၾကားသိရသည့္အတိုင္း ဒီႏိုင္ငံ၏အိမ္ေထာင္စုစာရင္း စီမံခန္႔ခြဲမႈမွာ တင္းက်ပ္လြန္းလွသည္။တစ္ခုကေန အျခားတစ္ခုကို စလုပ္ရင္ ေငြအမ်ားႀကီးကုန္က်႐ုံတင္မကဘဲ ခ်ိတ္ဆက္မႈအခ်ိဳ႕လည္း လိုအပ္လိမ့္မယ္။ပိုက္ဆံ႐ွိရင္ေတာင္ မွန္ကန္တဲ့ခ်ိတ္ဆက္မႈမ႐ွိရင္ ဘယ္လိုမွ မျဖစ္ႏိုင္ဘူး။မွတ္ပုံတင္မထားတဲ့အိမ္ေထာင္စုတစ္စုျဖစ္လာဖို႔ တစ္ခ်ိန္လုံး ခက္ခဲရသလား?
ခ်င္မ်န္က တြန္႔ဆုတ္တြန္႔ဆုတ္ျဖင့္သာ ဝန္ခံခဲ့ရေတာ့သည္- သူ လဲ့ယ္အိမ္မွာပဲ ေနတာက ပိုေကာင္းတယ္ဆိုတာကိုေပါ့။
ခ်င္မ်န္က ေနဖို႔ ဆုံးျဖတ္ၿပီးကတည္းက လဲ့ယ္မိသားစုရဲ႕ အေျခအေနကို ျခဳံငုံလိုက္သည္။လဲ့ယ္မိသားစု၏အေျခအေနက ႐ြာထဲတြင္ သာမန္သာျဖစ္သည္။ပင္မအိမ္ကို အုတ္ျဖင့္ေဆာက္ထားၿပီး ေတာင္ဘက္တြင္ အထိုင္ခ်ကာ ေျမာက္ဘက္သို႔ မ်က္ႏွာမူထားသည္။စုစုေပါင္း အခန္းေျခာက္ခန္း႐ွိ၏။ဝင္ေပါက္အခန္းက ဗဟိုခန္းမ နဲ႔ ထမင္းစားေသာက္ဖို႔ေနရာျဖစ္ၿပီး လဲ့ယ္တာခ်န္ႏွင့္ ဇနီးတို႔က တစ္ခန္း၊လဲ့ယ္႐ွန္းရန္၏မိသားစုက တစ္ခန္း၊လဲ့ယ္႐ွန္းရီမိသားစုက တစ္ခန္း၊လဲ့ယ္႐ွန္းက်စ္က စာေပပညာ႐ွင္တစ္ဦးျဖစ္ေသာေၾကာင့္ သူ တစ္ေယာက္အခန္းကိုသာ သုံးရသည္ကို ႏွစ္ၿခိဳက္သည္။ေနာက္ဆုံးအခန္းကို လဲ့ယ္႐ွန္းလီ ႏွင့္ လဲ့ယ္ခြၽင္းေထာင္အတြက္ အခန္းႏွစ္ခန္းဖြဲ႕ေပးထားသည္။
ပင္မအိမ္အျပင္ဘက္ကေတာ့ ျခံဝင္းက်ယ္က်ယ္ပင္။ အေနာက္ေျမာက္ေထာင့္တြင္ မီးဖိုေခ်ာင္၊ညာဘက္ေထာင့္တြင္ ေရတြင္းတစ္ခု႐ွိၿပီး အေ႐ွ႕ဘက္ဝင္ေပါက္တံခါးအနီးတြင္ ဝက္ျခံ႐ွိသည္။လယ္ယာသုံးကိရိယာမ်ားႏွင့္ အျခားအရာမ်ားထားရန္ ဝက္ျခံၾကားတြင္ ေနရာလြတ္တစ္ခု႐ွိ၏။လဲ့ယ္ထ်ဲ ျပန္လာေတာ့သူ႕အတြက္ ေနရာမ႐ွိသျဖင့္ ျခံအေနာက္ေတာင္ေထာင့္တြင္ သက္ကယ္အိမ္တစ္လုံး ေဆာက္ရသည္။ပထမဆုံးအေနနဲ႔ သက္ကယ္အိမ္ရဲ႕ တစ္ဖက္ျခမ္းမွာ ၀က္ျခံျပႆနာ ႐ွိေနတာပဲ။ သက္ကယ္အိမ္ထဲမွာ ေလဝင္ေလထြက္မေကာင္းေပ။ရာသီဥတုက ပိုေအးလာတာနဲ႔အမွ် အလုပ္မျဖစ္ႏိုင္ေတာ့ဘူး။ဒါ့အျပင္ မိုး႐ြာၿပီး ႏွင္းေတြက်လာတဲ့အခါ အဲဒီအထဲမွာ ေနႏိုင္မယ္ဆိုတာ ဘယ္သူသိႏိုင္မလဲ။အရမ္းသနားဖို႔ေကာင္းတယ္..ဟင္း!
ခ်င္မ်န္သည္ လဲ့ယ္ထ်ဲအတြက္ အနည္းငယ္ စိတ္တိုမိသြားသည္။လဲ့ယ္မိသားစုက သူ႕အေပၚကို ဒီလိုအႏိုင္က်င့္တာကို လဲ့ယ္ထ်ဲက ဘာလို႔ ဘာမွျပန္မလုပ္ခ်င္တာလဲ?သူက အျပင္ေလာကဘက္ကို ေျခဆန္႔ဖူးတာပဲကို အနည္းဆုံးေတာ့ ထိုးထြင္းဉာဏ္႐ွိသင့္တယ္မလား?
သူတို႔ ထြက္သြားတာက အေကာင္းဆုံးျဖစ္လိမ့္မယ္ထင္တယ္ ဘာျဖစ္လို႔လဲဆိုေတာ့ အေၾကာင္းျပခ်က္တစ္ခ်က္အရ လဲ့ယ္ထ်ဲႏွင့္ ႏွစ္ဦးသေဘာတူ ကြာ႐ွင္းဖို႔ စည္း႐ုံးတဲ့ေနရာမွာ တျခားလဲ့ယ္မိသားစုဝင္ေတြက သူတို႔ကို အေႏွာင့္အယွက္မေပးႏိုင္ေတာ့ဘူး။တစ္ဖက္မွာလည္း သူသေဘာသူ႕စိတ္ႀကိဳက္ သူ႕ဘဝကို စီမံခန္႔ခြဲရတာ ပိုအဆင္ေျပမယ္။
ထူးဆန္းသည္မွာ တု႐ွီက လဲ့ယ္ထ်ဲကို အလြန္မုန္းတီးေသာ္လည္း သူတို႔ကို ေျပာင္းေ႐ႊ႕ေနထိုင္ဖို႔ လဲ့တာ့ခ်န္ကို ဘာေၾကာင့္မ်ား မတိုက္တြန္းခဲ့ရတာလဲ?
"ေလာင္တာ့ရဲ႕ဇနီး.. သတိထား!"
႐ုတ္တရက္ သူ႕နားထဲတြင္ အေရးေပၚသတိေပးခ်က္တစ္ခု ထြက္ေပၚလာသည္။ခ်င္မ်န္က တုန္လႈပ္သြားၿပီး သူ႕လက္ထဲမွာ႐ွိတဲ့ အရာေတြကို မသိစိတ္က လႊင့္ပစ္လိုက္ၿပီး ထင္းခုတ္ေနတာကို ႐ုတ္တရက္ သတိရသြားတာေၾကာင့္ ေနာက္ျပန္ဆုတ္လိုက္သည္။အခုေလးတင္ ပုဆိန္က ေလကိုသာ ခုတ္ခ်မိသြားတာမို႔ သူ ထိခိုက္ဒဏ္ရာရလုနီးပါး ျဖစ္သြားသည္။
အသက္သုံးဆယ္ေက်ာ္ခန္႔႐ွိ ၾကမ္းတမ္းေသာ အမ်ိဳးသားတစ္ဦးသည္ လ်င္ျမန္စြာ ေရာက္႐ွိလာၿပီး သူ႕ကို ေလးေလးနက္နက္ စိုးရိမ္စိတ္ျဖင့္ စိုက္ၾကည့္ေနသည္။ အဲဒီလူက ေတာင္းတစ္လုံးကိုသူ႕ေနာက္ေက်ာမွာ လြယ္ထားၿပီး ထိုေတာင္းထဲတြင္ ပုဆိန္အေဟာင္းတစ္ခု႐ွိေန၏။
"အဆင္ေျပရဲ႕လား?"
“ကြၽန္ေတာ္ အဆင္ေျပပါတယ္။ေက်းဇူးတင္ပါတယ္ အစ္ကိုက်န္း"
ခ်င္မ်န္က ႐ိုးသားစြာ ေက်းဇူးတင္လိုက္သည္။မ်ားေသာအားျဖင့္ေတာ့ သူၾကားရတဲ့သတင္းအားလုံးက ဒီလူ က်န္းတေ႐ႊဆီက ၾကားရတာပဲ။မၾကာေသးမီရက္မ်ားအတြင္း လဲ့ယ္မိသားစုမွလြဲ၍ လူဆယ္ဦးေက်ာ္ႏွင့္ ေတြ႕ဆုံခဲ့ဖူးသည္။က်န္းတေ႐ႊႏွင့္ သူ႕ဇနီး,မရီးခြၽင္းဟြာသာလွ်င္ သူ႕အေပၚ ပုံမွန္သေဘာထား,ထား႐ွိေပးသည္။အျခားလူမ်ားက သူ႕ကိုျမင္ေသာအခါ ကဲ့ရဲ႕ၾကသလို ေဘးဥပဒ္ကို ေ႐ွာင္သကဲ့သို႔ သူ႕ကို ေ႐ွာင္ၾကသည္။
က်န္းတေ႐ႊ၏မ်က္လုံးထဲတြင္ ခ်င္မ်န္က သူ႕သားထက္ ႏွစ္အနည္းငယ္သာႀကီးေသာ ကေလးပင္။သူတကယ္အဆင္ေျပေနတာကိုျမင္ေတာ့မွ ေပါ့ေပါ့ပါးပါးေမးလိုက္ေတာ့သည္။
"ဒီေလာက္စိတ္ေထြျပားေနရေအာင္ မင္းဘာေတြေတြးေနတာလဲ?" သူေျပာေနရင္း ထမ္းပိုးကို ခ်လိုက္ၿပီး ပုဆိန္ကို ေကာက္ယူကာ သစ္ပင္တစ္ပင္ကို ခုတ္လွဲလိုက္သည္။သစ္ပင္ေပၚသို႔ ပုဆိန္က်သြားသည္ႏွင့္ တၿပိဳင္နက္ ညိႇဳးႏြမ္းေနေသာအရာတစ္ခု ေပၚလာသည္။ေဆာင္းဦးရာသီတြင္ မၾကာမီ ရိတ္သိမ္းရေတာ့မည္ ျဖစ္ၿပီး လယ္သမားမ်ားသည္ ဤကာလတြင္ အလုပ္မ်ား ပိုမိုလုပ္ေဆာင္ၾကရမည္ပင္။
ခ်င္မ်န္က အဲဒါကို ေတြးမိၿပီး အမွန္အတိုင္း ျပန္ေျပာလိုက္သည္။ " ကြၽန္ေတာ္႕အေမက ကြၽန္ေတာ္နဲ႔ လဲ့ယ္ထ်ဲကို သေဘာမက်တာပဲကို ဘာလို႔မ်ား သူတို႔နဲ႔ ခြဲခြာၿပီးမေနခိုင္းရတာလဲ?ကြၽန္ေတာ္သိသေလာက္က လ်ိဳမိသားစုလည္း ခြဲၿပီးေန,ေနတာမဟုတ္ဘူးလား။”
THUMP!သစ္ပင္ငယ္ကို ခုတ္လွဲၿပီးေနာက္ က်န္းတေ႐ႊသည္ သူ႕ပုဆိန္ျဖင့္ ဆက္လက္ခုတ္ပိုင္းေနခဲ့သည္။သစ္သားေျခာက္ေတြက အတုံးအေသးေလးေတြအျဖစ္ ျဖတ္ရတာပိုလြယ္တယ္။တီးတိုးသံက သစ္ပင္ေပၚက ငွက္ေတြကို ေၾကာက္လန္႔ၿပီး သစ္႐ြက္ေျခာက္ေတြ တဆတ္ဆတ္က်သြားေစသည္။
"ဒီအခ်ိန္တိုေလးအတြင္းမွာေတာ့ မင္းမိသားစုကေနခြဲထြက္ဖို႔အတြက္က မျဖစ္ႏိုင္ဘူး" က်န္းတေ႐ႊသည္ ထင္းခုတ္ေနစဥ္ "မင္းနဲ႔ ထ်ဲဇီက အခုမွ အိမ္ေထာင္က်ၿပီးခါစေလ။သူမသာ မင္းတို႔ကို ခြဲေနခိုင္းမယ္ဆိုရင္ ႐ြာသားေတြရဲ႕အတင္းစကားေတြနဲ႔ ထိုးႏွက္ခံရမွာကို ေၾကာက္ေနတာေနမယ္။ဒါ့အျပင္ ထ်ဲဇီက လဲ့ယ္မိသားစုထဲမွာ အႀကီးဆုံးသား။မင္းတို႔ေတြက ခြဲေနရင္ေတာင္မွ မင္းနဲ႔ထ်ဲဇီက လူအိုႀကီးႏွစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ေပးရလိမ့္မယ္။"
ဟမ္? ခ်င္မ်န္က အံၾသသြားသည္။
သူတို႔ေနာက္မွာ သစ္ကိုင္းနင္းသံေတြ ထြက္ေပၚလာတာေၾကာင့္ ႏွစ္ေယာက္သား လွည့္ၾကည့္လိုက္၏။
လဲ့ယ္ထ်ဲက ဘယ္ဘက္လက္တြင္ ဒူးေလးကို ကိုင္ေဆာင္ထားရင္း ညာဘက္ပခုံးေပၚတြင္သမင္တစ္ေကာင္ ထမ္းလာလ်က္ လမ္းေလွ်ာက္လာသည္။အနည္းဆုံး ငါးဆယ္ သို႔မဟုတ္ ေျခာက္ဆယ္က်င္း အေလးခ်ိန္႐ွိေသာသမင္ႀကီးသည္ သူ႕ခႏၶာကိုယ္ေပၚတြင္ မလႈပ္မယွက္ ခ်ိတ္ဆြဲခံထားရသည္။
"ထ်ဲဇီ...မင္း ကံေကာင္းလိုက္တာကြာ။ဒီလိုမ်ိဳး အေကာင္ႀကီးႀကီးကို ေရာင္းလိုက္ရင္ ပိုက္ဆံအမ်ားႀကီးရမွာ ဒါမွမဟုတ္ရင္ ကိုယ္စားအတြက္ သိမ္းထားရင္ေတာင္ အခ်ိန္အၾကာႀကီး စားလို႔ရတယ္။” က်န္းတေ႐ႊက သမင္ကို မနာလိုစြာ စိုက္ၾကည့္ရင္း လဲ့ယ္ထ်ဲအား ျပဳံးျပ ေနသည္။
ခ်င္မ်န္သည္ကား သမင္ကို စိုက္ၾကည့္ရင္း ႏႈတ္ခမ္းကို လွ်ာျဖင့္ မလ်က္ဘဲမေနႏိုင္ေပ။သူက အသားကို ႀကိဳက္တယ္။ဒါေပမယ့္ လဲ့ယ္ထ်ဲက သားေကာင္ကိုရလာလွ်င္ပင္ အသားမစားရတာ သူသိသည္။တု႐ွီက အသားမပါတဲ့ အသီးအ႐ြက္ေၾကာ္ကိုေတာင္ တြန္႔တိုတတ္သည့္သူမ်ိဳးျဖစ္သည္။ၾကက္ဥေၾကာ္လွ်င္ေတာင္ သူ႕ရဲ႕ သားေယာက်္ားေလးေျမးႏွစ္ေယာက္ႏွင့္ သူ႕သမီးကိုသာ ေကြၽးသည္။အသက္ႏွစ္,ႏွစ္သာ႐ွိေသးသည့္ ေျမးမေလး လဲ့ယ္႐ွင္း႐ွင္း အပါအဝင္အျခားသူမ်ားကို စားရဖို႔ စိတ္ေတာင္မကူးေလႏွင့္။သူ႕အိမ္[နယ္ေျမ]မွာ အသားနဲ႔ဥေတြ ႐ွိေပမယ့္ ခ်က္ျပဳတ္ဖို႔ အခြင့္မသာျပန္ဘူး။
လဲ့ယ္ထ်ဲက ခ်င္မ်န္ထံ လွမ္းေလွ်ာက္သြားရင္း က်န္းတေ႐ႊကို အသိအမွတ္ျပဳ ေခါင္းညိတ္ျပလိုက္သည္။ခ်င္မ်န္ဆီ ေရာက္ေတာ့ သူရပ္ၿပီး သူ႕ရင္ခြင္ထဲက တစ္စုံတစ္ရာကို ထုတ္ယူလိုက္သည္။အစိမ္းေရာင္ၾကာ႐ြက္ႏွင့္ပတ္ထားၿပီး အသားနံ႔သင္းသင္းေလးထြက္ေနတာေၾကာင့္ ခ်င္မ်န္သည္ သူ႕တံေထြးကို တိတ္တိတ္ေလး အသာမ်ိဳခ်လိုက္ရသည္။
က်န္းတေ႐ႊသည္ ခ်င္မ်န္ကို ဖ်တ္ခနဲ ျပဳံးလိုက္ၿပီး ထင္းဆက္ခုတ္ေနသည္။
ခ်င္မ်န္သည္ ၾကာ႐ြက္ထုပ္ေလးကို ယူရန္ အခ်ိန္ခဏေလာက္ ႐ုန္းကန္လိုက္ရသည္။ "ေက်းဇူးတင္ပါတယ္။" ၾကာ႐ြက္ကိုဖြင့္လိုက္သည္ႏွင့္ အထဲမွာ ၾကက္ေပါင္ကင္တစ္ေခ်ာင္း႐ွိေနကာ အနည္းငယ္ပင္ ပူေနေသးသည္။
လဲ့ယ္ထ်ဲသည္ သားေကာင္ႏွင့္ေလးကို ခ်လိုက္ၿပီးေနာက္ ပုဆိန္ကို ေကာက္ကိုင္ကာ ထင္းခုတ္ရန္ တစ္ဖက္သို႔ သြားေလ၏။
သူ႕လက္ေမာင္းေတြကို ေျမႇာက္လိုက္တဲ့အခါ သူ႕ပခုံးေပၚက ႂကြက္သားေတြက သိသိသာသာ ႂကြတတ္လာကာ သန္မာၿပီးအားေကာင္းသည့္ပုံပင္။
ယခင္က ျခင္းေတာင္းမ်ားထဲတြင္ ထင္းသုံးေလးေခ်ာင္းသာ႐ွိေသာ္လည္း ယခုေတာ့ တျဖည္းျဖည္း စုပုံလာသည္။
ခ်င္မ်န္က ၾကက္ေပါင္စားၿပီသြားၿပီးေနာက္ သူစားဖူးသမွ် ၾကက္ေပါင္ထက္ ပိုေကာင္းတယ္လို႔ ခံစားရသည္။
Advertisement
- In Serial29 Chapters
The Hammer Effect
Power, Power, Power. Everyone wants it. No one wants to lose it. It corrupts, It performs miracles. It causes untold devastation. Power, the aim of all madmen. The thing that allows them to enable their impetus. I want power, and with where I'm going, I'll need it to ensure my survival, after all there's much of it up for the taking.
8 134 - In Serial23 Chapters
Mr. Montgomery
Heroes and villains roam the earth shaping the landscape on which we live. Alien species start to integrate into our daily lives as their new technology threatens to warp our very existence. As a humble spectator to this mind boggling experience, a retired teacher goes through the motions as life seems to drive him into his final chapter, that is until a job offer appears changing everything.
8 206 - In Serial9 Chapters
Reborn into Naruto with full Hollowfication!
Join our main character as he travels across the Narutoverse as a junior member of the Akatsuki! there will be laughs[no my comedy sucks] there will be action[i suck at writing action scenes too] but most important of all there will be an overpowered character messing with the scenes you love the most, plus im not afraid to skip the fillers and jump right into the good bits. im writing this story for fun but hopefully the maincharacter might see other animeverses in the future! cover arts not mine[i suck at drawing] chapters release every Tuesday
8 154 - In Serial16 Chapters
Rise of the demon god
«The trials ahead to prove my worth? I’ll crush them ! Enemies? I’ll slaughter them!» Waking up in a new body and a new world after dying on Earth, Long Chen embarks on a new journey in a world filled with gods and demons. A world where myriad of life forms exist and humans can cultivate and become immortals.Watch him rise to prominence with a supreme inheritance and his hard work as he slaughtered everyone who stood in his path. Watch His journey as he became known in the Universe as the Demon God, the ruler of death forcing the heavens to bow before him.Known as the second inheritor, what happened to the first one? Who does this legacy belongs to? What secrets is the universe hiding?
8 136 - In Serial15 Chapters
The Sharmat's Incarnate (Morrowind Fan-Fic)
When Antuul Dralosi discovers an ancient artifact of an evil that was destroyed millennia ago, his life is forever altered.
8 253 - In Serial28 Chapters
Broken- A Larry Stylinson AU
"He's a delicate thing. Like a rose. He's gorgeous but he has his thorns. Fresh as dew. I just want to bundle him up in warmth and keep him happy, always."Cover credits to @harryonmen on Twitter© larryslittlest 2015. All rights reserved
8 251

