《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[7]
Advertisement
[Unicode]
007:သားကောင်အတွက် အငြင်းပွားကြခြင်း
ချင်မျန်က သူ့နှုတ်ခမ်းတွေကိုလျက်လိုက်ပြီး သဲလွန်စအနေနဲ့ အဆီတွေ မကျန်အောင် ကြိုးစားဖုံးဖိနေလိုက်သည်။သူ့အဝတ်အစားတွေကို ကြည့်ရင်း ပါးစပ်ကို ကြာရွက်ဖြင့် သုတ်ဖို့သာ ရွေးချယ်လိုက်သည်။သူ့ပါးစပ်မှာ အဆီတွေမရှိတော့တာမို့ ကြာရွက်ကို လွှင့်ပစ်လိုက်သည်။
လဲ့ယ်ထျဲက သူ့လှုပ်ရှားမှုများကို သတိပြုမိကာ သူ့မျက်လုံးများက တခဏမျှ လှုပ်ခါသွားပြီး အောက်နှုတ်ခမ်းကိုဖိလိုက်သည်။
နေဝင်ချိန်၌ အဝါရောင်သမ်းနေသည့်နေရောင်သည် တိမ်တိုက်များကိုဖြတ်၍ ဖြာထွက်နေပြီး တိမ်များကို ရောင်စုံဆိုးဆေးများဖြင့် ပြန်ဆိုထားသကဲ့သို့ တောက်ပနေ၏။ကန်အတွင်းရှိရေတို့က အဆက်မပြတ်စီးဆင်း လွင့်မျောနေပြီး ရေကန်ပေါ်တွင် အဝါရောင်သန်းနေသည့်နေရောင်တို့က ထင်ဟပ်နေသည်။ငှက်အုပ်တစ်အုပ်သည် ကောင်းကင်ယံတွင် ပျံဝဲကာ စူးရှသော တေးသီချင်းသံတို့ကို ချန်ထားခဲ့သည်။လယ်ကွင်းထဲတွင် စည်ကားနေသော လူများသည် မမှောင်မီ အိမ်သို့ အမြန်ပြန်သွားကြ၏။အလုပ်ပြီးရင် အိမ်မှာ ကောင်းကောင်း အနားယူနိုင်ဖို့အတွက်ပေါ့။ပူပင်သောကမရှိ ခပ်ဆိုးဆိုး ကလေးငယ်တွေကသာ လယ်ကွင်းထဲမှာ ပြေးလွှားဆော့ကစားနေကြ၏။ရံဖန်ရံခါ ပျော်ပျော်ကြီး ရယ်မောကြပြန်၏။မတော်တဆ ချော်လဲရင်တောင် ဂရုမစိုက်ဘဲ ကစားပွဲကို ဆက်လက်ကစားနိုင်ဖို့အတွက် ပျော်ရွှင်စွာ ပြန်ကုန်းထကြပြန်သည်။ပြောစကားနားထောင်တတ်သည့် လိမ္မာတဲ့ခွေးအချို့ကလည်း သူတို့ရဲ့အမြီးများကို လှုပ်ယမ်းနေပြီး သွက်လက်စွာ ပြေးလွှားနေကြသည်။
လဲ့ယ်ထျဲက စကားပြောရတာမကြိုက်သလို ချင်မိန်ကလည်း သူ့ကို စကားမပြောဖြစ်ပေ။သူ့က လေးကို ကြည့်လိုက်သည်။လေးကိုယ်ထည်သည် မီးခိုးရောင်ဖြစ်ပြီး မည်သည့်သစ်သားဖြင့်ပြုလုပ်ထားသည်ကို သူမသိသော်လည်း အထူးသဖြင့် ခိုင်ခံ့ပြောင်မြောက်ပြီး တောက်ပြောင်နေပုံရသည်။မကြာခဏ ဆေးသုတ်ပြီး ထိန်းသိမ်းခံထားရသည်ဖြစ်ပြီး ပိုင်ရှင်က မြတ်နိုးတန်ဖိုးထားသည်ဟု ဆိုလိုခြင်းပင်။ကျည်တောက်ကို မီးခိုးရောင်အထည်ဖြင့် ပြုလုပ်ထားပြီး အပ်ကဲ့သို့ သန့်ရှင်းတောက်ပြောင်နေသည့် မြှားဆယ်ချောင်းလည်း ပါရှိ၏။
"အိုး...ငယ်ရွယ်တဲ့အတွဲလေးတို့က နှစ်ယောက်သားအတူတူ အိမ်ပြန်ကြလို့ပါလား,အရမ်းချစ်ဖို့ကောင်းတာပဲ"
လယ်ကွင်းလမ်းမှ ဆူးဆံညှပ်နှင့် စကတ်ကြမ်းကို ၀တ်ဆင်ထားသော အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးသည် ပခုံးပေါ်၌ ပေါက်ပြားတစ်ခု ကိုင်ဆောင်ကာ ချင်မျန်နှင့် လဲ့ယ်ထျဲတို့ကို ပြုံးပြနေသည်။သူမ၏မျက်လုံးများသည် ခြင်းတောင်းထဲရှိ သမင်ပေါ်တွင် အချိန်အတော်ကြာအောင် စိုက်ကြည့်နေသည်။
အနှီအမျိုးသမီးမှာ ကြင်နာပုံရကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း သူမရဲ့အထင်သေးခြင်းကို ဖုံးကွယ်ထားနိုင်ခြင်းတော့မရှိပေ။
အမျိုးသမီးက ဆက်ပြောသည် – “တော်တော်လေးကိုကြီးတာပဲ..အဟင်း..မင်းတို့မိသားစုတော့ ၁၀ရက် ၁၅ရက်လောက် အသားအတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။အငယ်လေးရှောင်ချင် မင်းက လဲ့ယ်အိမ်ကို ရောက်နေပြီ မဟုတ်လား?မင်းယောက္ခမရဲ့ ဟင်းချက်နည်းက ငါတို့ရွာမှာ အကောင်းဆုံးထဲကတစ်ခုပဲ။ဒီည အစားအသောက်ကောင်းတွေ စားခွင့်ရတာ မင်း ကံကောင်းတာပဲ”
အသီးအရွက်တောင်းကို ထမ်းပြီး သူမ ပါးစပ်ကို အုပ်ထားသည့် အနောက်မလှမ်းမကမ်းက အမျိုးသမီးသည် မရှင်းလင်းသည့်သဘောဖြင့် အပြုံးလေး ပြုံးကာ ပြောလိုက်သည်။ “လျိုအကြီးဆုံးမိသားစုရဲ့ဇနီး..ဘာကြောင့်များ သူတို့ကို လှောင်ပြောင်ပြောနေရတာလဲ?ယောက္ခမလဲ့ယ်က သူ့အိမ်မှာ အလုပ်ကြိုးစားပြီး ခြွေတာ စားသောက်နေတယ်ဆိုတာ ငါတို့ရွာက ဘယ်သူမဆို မသိတာရှိလို့လဲ?”
လဲ့ယ်ထျဲက ယခင်ကကဲ့သို့ မလျင်မြန်လွန်းသလို နှေးလည်းမနှေးဘဲ ဆက်လျှောက်သွားလေသည်။
ချင်မျန်က အတွင်းစိတ်ထဲကနေ သက်ပြင်းတစ်ချက်ချပြီး သူ့အရှိန်ကို အရှိန်မြှင့်လိုက်သည်။
အိမ်ထဲသို့ဝင်လိုက်သောအခါ တုရှီသည် အပြင်သို့ထွက်တော့မည်နှင့် ကြုံလေ၏။သူမ တစ်ချက်ရပ်လိုက်ပြီး တောင်းကို ငုံ့ကြည့်ကာ သားကောင်ကိုမြင်တော့ ကျေနပ်သွားသော်လည်း အခြားခြင်းတောင်းထဲရှိ ထင်းအနည်းငယ်ကိုမြင်သောအခါတွင် သူမမျက်နှာမှာ မည်းညစ်သွားသည်။
"လောင်တာ့ရဲ့ဇနီး..နင် ဒီနေ့လည်ခင်းလုံးကို ဒီလောက်ထင်းလေးပဲ ခုတ်လာတာလား?"
ချင်မျန်သည် လဲ့ယ်ထျဲ၏နောက်တွင် ရပ်သွားခဲ့သည်။ "အမေ..ကျွန်တော်က လူသေးသေးလေးပဲလေ။ကျွန်တော့်မှာ ခွန်အားမရှိဘူး။ခွင့်လွှတ်ပါ။"
"မင်းကို ခွင့်လွှတ်လိုက်ရင် ဘယ်သူက ငါ့ကို ခွင့်လွှတ်မှာလဲ။လူတိုင်းက ငါ့ကို ဘယ်တော့မှ အလေးထားမှာ မဟုတ်တော့ဘူး။မင်းအတွက် ဒီည ညစာမရှိဘူး!”
တုရှီ၏မျက်လုံးများက သမင်ကို ထပ်မံစိုက်ကြည့်လာသောအခါ လဲ့ယ်ထျဲကို ပြောသည့် သူမ၏လေသံမှာအနည်းငယ်နူးညံ့သွားပြီး "လောင်တာ့...မင်း ဒါကို ကိုင်ဖို့ယူသွားလိုက်"
"အစ်ကိုကြီး ပြန်လာပြီ" အဝတ်ကြမ်းဝတ်ထားသော အမျိုးသားတစ်ဦးသည် အတွင်းထဲမှ ထွက်လာပြီး ပျော်ရွှင်သော မျက်နှာဖြင့် သမင်ကို လှမ်းကြည့်လာသည်။သူ့ရဲ့တြိဂံပုံမျက်လုံး တစ်စုံသည် တောက်ပစွာ လင်းလက်လျက်ရှိကာ မျက်လုံးထောင့်တွင် မထင်ရှားသော မျဉ်းနှစ်ကြောင်းလည်း ရှိနေ၏။
“အကြီးကြီးပဲ..ကျွန်တော်တို့ ဒီည အသားစားလို့ရပြီပေါ့။အမေ ညစာအတွက် သမင်သားနဲ့ အာလူးစွပ်ပြုတ် ချက်စားကြမလား?”
လဲ့ယ်ရှန်းရန်သည် လဲ့ယ်ထျဲထက် တစ်နှစ်သာ ငယ်သော်လည်း လဲ့ယ်ထျဲထက် လေးနှစ်ငါးနှစ်ပိုကြီးပုံရသည်။လဲ့ယ်ရှန်းရီသည်လည်း လဲ့ယ်ထျဲထက် အသက်ပိုကြီးပုံရသည်။သူတို့သုံးယောက် အတူတူ အပြင်ထွက်ရင် လဲ့ယ်ထျဲက သူတို့နှစ်ယောက်ရဲ့ညီလို့ ထင်ကြမှာ သေချာ၏။ဒါက လဲ့ယ်ထျဲနဲ့ပတ်သက်တဲ့ တစ်ခုခုလွဲမှားနေတယ်လို့ ချင်မျန်အမြဲခံစားရတဲ့ အကြောင်းရင်းတစ်ခုပဲ။လဲ့ယ်ထျဲအိမ်မှ ထွက်ခွာသွားသည့် ဆယ်နှစ်တာကာလကို သူ သိချင်နေမိသည်။
ကျိုးရှီသည် အထဲမှာ လူတွေပြောနေသည့်အသံကိုကြားရပြီး အမြန်ထွက်လာခဲ့သည်။သူမသည် ပြုံးကာ တုရှီ၏လက်မောင်းကို ကိုင်ထားရင်း အလွန်ရင်းနှီးနေပုံဖြင့် "အမေ အခုချိန်မှာ အစားအသောက်ကောင်းကောင်းစားရတာ ကံကောင်းတယ်။အမေလုပ်ထားတဲ့ စွပ်ပြုတ်က အမြဲတမ်းအရသာရှိတယ်။ရှောင်ပေါင်ကို မွေးပြီးတုန်းက အမေလုပ်ကျွေးတဲ့ မုန်လာဥနီနဲ့ တောဝက်စွပ်ပြုတ်ကို ပြန်တွေးကြည့်မိတော့ အမေရဲ့ချွေးမက သရေပြန်ကျနေမိပြီ။"
ချင်မျန်မှာ ရယ်မောလုနီးပါး ဖြစ်သွားသည်။ဒီစကားတွေက လဲ့ယ်မိသားစုက အသားမစားတာကြာနေပြီလို့ ပြောတာမဟုတ်ဘူးလား?
မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ ချင်းရှီက အက်ကွဲနေတဲ့ပြတင်းပေါက်ကနေ ကျိုးရှီကို လှမ်းကြည့်လိုက်သည်။သူမက မထီမဲ့မြင်ပြုကာ တိုးတိုးလေး ထေ့ငေါလိုက်၏ "ငါတို့ စားနိုင်ပါ့မလားဆိုတာ သိချင်မိတယ်"
Advertisement
ဝင်လာသော လဲ့ယ်ရှန်းရီသည်ပင် ကျိုးရှီ၏စကားကိုကြားပြီး တုရှီကို မျှော်လင့်ချက်ဖြင့် ကြည့်နေလေသည်။ဟင်းသီးဟင်းရွက်တွေ,မုန်လာဥနှင့် ကန်စွန်းဥများကို တစ်ချိန်လုံး စားရသည်မှာ ငြီးငွေ့နေပြီ။
"ဘာကိုစားမှာလဲ?" တုရှီသည် ကျိုးရှီကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ သံသယမရှိခွင့်မပြုပေ။ “ဆောင်းဦးရိပ်သိမ်းမယ့်အချိန်အထိ ဒါကို ထိန်းသိမ်းထားရမယ်”
ထို့နောက် လဲ့ယ်ထျဲက ပြောဖို့ အခွင့်အရေးယူလိုက်ပြီး “ဒါကိုမနက်ဖြန် မနက်ရောင်းမယ်”
ထို့နောက် တခြားသူများ၏ တုံ့ပြန်မှုကို မည်သို့ပင်ဖြစ်စေ ဂရုမစိုက်ဘဲ ထမ်းပိုးကို ဘေးဖယ်ကာ သမင်ကို ရေတွင်းနားသို့ ခေါ်ဆောင်သွားခဲ့သည်။
တုရှီ,လဲ့ယ်ရှန်းရန်နှင့် အခြားသူများသည် စကားမပြောနိုင်တော့ဘဲ အံ့သြသွားကြသည်။
လဲ့ယ်ရှန်းရီက သိပ်ဂရုမစိုက်တာကြောင့် အိမ်ထဲကို တိုက်ရိုက်ပြန်ဝင်သွား၏။
“လောင်တာ့..” တုရှီက သူ့ဆီလှမ်းလာပြီး “ဆောင်းရာသီရိတ်သိမ်းပွဲတော်က လာတော့မယ်။အဆီတွေ အများကြီးလိုတယ်လေ။သမင်ကို သိမ်းထားရင် အသားအတွက် ပိုက်ဆံထပ်သုံးစရာ မလိုတော့ဘူး။အမေပြောတာ နားထောင်..အသားတွေကို သိမ်းရအောင်။”
လဲ့ယ်ထျဲက ရေတွင်းဘေးတွင် ငုတ်တုတ်ထိုင်ကာ တစ်နေရာမှ ဓားတစ်ချောင်းကို ထုတ်ပြီး သမင်ဝမ်းဗိုက်ကို သပ်သပ်ရပ်ရပ်လှီးဖြတ်ကာ အရေခွံခွာရန် ပြင်ဆင်နေသည်။ “မနက်ဖြန် မနက်ရောင်းမယ်” ဆိုတဲ့ စကားကို သူသုံးနေတုန်းပါပဲ။
ချင်မျန်က ဒရာမာဇာတ်ကားကြည့်ရရေးအတွက် စောင့်နေသည်။သူ လဲ့ယ်ထျဲနှင့် ရက်အနည်းငယ်သာ နေခဲ့ရသော်လည်း လဲ့ယ်ထျဲ၏ထူးခြားသည့် ကိုယ်ရည်ကိုယ်သွေးကို သူမြင်ဖူးသည်။သူဆုံးဖြတ်ထားတဲ့အရာတစ်ခုရှိနေသရွေ့တော့ ပြောင်းလဲဖို့ခက်တယ်။တုရှီ ဘာလုပ်မလဲ?
“လောင်တာ့..မင်းအမေကို ဘာလို့ဆန့်ကျင်ရတာလဲ။အမေ စိတ်ဆိုးသွားပြီ” ကျိုးရှီက ကဲ့ရဲ့ရှုတ်ချပြောဆိုလိုက်သည်။ "မင်းဘာလို့ အသားကိုရောင်းရမှာလဲ?"
"ရှောင်မျန် နဲ့ ငါ အဝတ်အစားတွေ ထပ်လိုတယ်" လဲ့ယ်ထျဲက သူ့လက်တွေ တရွေ့ရွေ့ရွေ့လျားနေပြီး သမင်သွေးနံ့က ခြံတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
"........."
တုရှီက ရုတ်တရက် ခေါင်းကိုလှည့်လိုက်သည်။
ချင်မျန်က စိတ်ထဲကနေ တွေးလိုက်မိပြီ။
မကောင်းတော့ဘူး!
“နင် တော်နေတာပေါ့!” ဒူရှီက သူ့ဆီ ခြေလှမ်းနှစ်လှမ်းစာလောက်လှမ်းလာရင်း သူ့နှာခေါင်းတည့်တည့်ကို လက်ညိုးထိုးရင်း အော်ပြောလိုက်သည်။သူမ ဒေါသအရမ်းထွက်လွန်းလို့ မျက်လုံးတောင် ထွက်ကျမတက်ပါပဲ။မသိရင် ကောင်းကင်ဘုံကပဲ သူမအပေါ်ကို ပြစ်မှားမိသလိုပဲ။
“ငါထင်သားပဲ!လောင်တာ့က ဘာလို့များ ရုတ်တရက် သေးသိမ်သွားရတာလဲလို့!နင်က နောက်ကွယ်မှာ သွေးထိုးလှုံ့ဆော်နေခဲ့တာပဲ!ချင်မျန် နင် ငါတို့သားအမိကို ရည်ရွယ်ချက်ရှိရှိနဲ့ မကွဲကွဲအောင် လုပ်နေတာလား?"
"မဟုတ်ပါဘူး၊ဒါ ကျွန်တော့်ကြောင့်မဟုတ်ဘူး" ချင်မျန်သည် လဲ့ယ်ထျဲထံ ပါးနပ်စွာ ရှောင်သွားပြီး သူ့ကို ဒိုင်းတစ်ခုအဖြစ် အသုံးပြုခဲ့သည်။ဒီလိုလုပ်ရတဲ့အတွက် တစ်ဝက်လောက်တော့ စိတ်မကောင်းပါဘူး။သူ စိတ်ထဲကနေ ပြောလိုက်သည်။
နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲတာကို ဘယ်သူက သဘောမတူတာလဲ?
တုရှီကို သူ မကိုင်တွယ်နိုင်တာတော့ မဟုတ်ဘူး၊ဒါပေမယ့် "သားသမီးတို့၏ရိုသေကိုင်းရှိုင်းမှုက လူကို သေစေတယ်" ဆိုတဲ့ စကားလည်း ရှိတယ်လေ။အကယ်၍ သူသာ တုရှီကို အမှန်တကယ် ပြန်ပြောတာတို့ သို့မဟုတ် တုရှီကို တစ်ခုခုလုပ်ပါက ယင်းကိစ္စသည် လဲ့မိသားစုသာမဟုတ် တစ်ရွာလုံးကပါ သူ့ဘက်ကနေ လိုက်လျောညီထွေ မရှိပေးနိုင်ပေ။တုရှီကို ကိုင်တွယ်ရန် တခြားနည်းလမ်းတစ်ခုကို စဉ်းစားရပေမည်။
"မဟုတ်လို့လား?" တုရှီက ဒေါသတကြီးဖြင့် လှစ်ခနဲရောက်ချလာပြီး “လောင်တာ့က နင့်အတွက် အဝတ်အစားထပ်ဝယ်ပေးချင်တယ်လို့ ပြောနေတာမဟုတ်ဘူးလား။ငါ့ရဲ့လဲ့ယ်မိသားစုက မင်းရဲ့အစားအစာ,သောက်စရာတွေကို လျှော့ပေးခဲ့လား?အဲဒီတုန်းက နင့်အတွက် အဝတ်အစားတွေကို ဘယ်လောက်များထည့်ပေးခဲ့မှန်းတောင်မသိတော့ဘူး!ငါတို့တစ်မိသားစုလုံးက ယဉ်ကျေးပြီး ဖော်ရွေတာကို မမြင်နိုင်ဘူးလား?လောင်တာ့!ဘေးဖယ်နေစမ်း!!"
သူမရဲ့ဒေါသကြောင့် သူမသည် လဲ့ယ်ထျဲအပေါ် အနည်းငယ်မျှ စိတ်ရှည်မှုပင်မရှိ လုံးဝ လိုက်လျောညီထွေရှိစွာ မပြောနိုင်တော့ပေ။သို့သော် လဲ့ယ်ထျဲ အိမ်မှ ထွက်သွားကတည်းက ရွာရှိလူများက သူ့နောက်ကျောကို လက်ညိုးထိုးကြသည်။ရှန်းလီသည် မိန်းမယူမည့်အကြောင်း မဟခဲ့သလို လဲ့ယ်ချွင်းထောင်သည်လည်း လက်မထပ်ရသေးပေ။သူတို့ရဲ့ နာမည်ဂုဏ်သတင်းကြောင့် သူမ သည်းခံခဲ့ရရုံသာ။လဲ့ယ်ထျဲကို ခက်ခဲအောင် လုပ်ရတာက သူမအတွက် မကောင်းတာကြောင့် သူမသည် ချင်မျန်ကို ဦးတည်တိုက်ခိုက်လာခဲ့တာပဲ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
007:သားေကာင္အတြက္ အျငင္းပြားၾကျခင္း
ခ်င္မ်န္က သူ႕ႏႈတ္ခမ္းေတြကိုလ်က္လိုက္ၿပီး သဲလြန္စအေနနဲ႔ အဆီေတြ မက်န္ေအာင္ ႀကိဳးစားဖုံးဖိေနလိုက္သည္။သူ႕အဝတ္အစားေတြကို ၾကည့္ရင္း ပါးစပ္ကို ၾကာ႐ြက္ျဖင့္ သုတ္ဖို႔သာ ေ႐ြးခ်ယ္လိုက္သည္။သူ႕ပါးစပ္မွာ အဆီေတြမ႐ွိေတာ့တာမို႔ ၾကာ႐ြက္ကို လႊင့္ပစ္လိုက္သည္။
လဲ့ယ္ထ်ဲက သူ႕လႈပ္႐ွားမႈမ်ားကို သတိျပဳမိကာ သူ႕မ်က္လုံးမ်ားက တခဏမွ် လႈပ္ခါသြားၿပီး ေအာက္ႏႈတ္ခမ္းကိုဖိလိုက္သည္။
ေနဝင္ခ်ိန္၌ အဝါေရာင္သမ္းေနသည့္ေနေရာင္သည္ တိမ္တိုက္မ်ားကိုျဖတ္၍ ျဖာထြက္ေနၿပီး တိမ္မ်ားကို ေရာင္စုံဆိုးေဆးမ်ားျဖင့္ ျပန္ဆိုထားသကဲ့သို႔ ေတာက္ပေန၏။ကန္အတြင္း႐ွိေရတို႔က အဆက္မျပတ္စီးဆင္း လြင့္ေမ်ာေနၿပီး ေရကန္ေပၚတြင္ အဝါေရာင္သန္းေနသည့္ေနေရာင္တို႔က ထင္ဟပ္ေနသည္။ငွက္အုပ္တစ္အုပ္သည္ ေကာင္းကင္ယံတြင္ ပ်ံဝဲကာ စူး႐ွေသာ ေတးသီခ်င္းသံတို႔ကို ခ်န္ထားခဲ့သည္။လယ္ကြင္းထဲတြင္ စည္ကားေနေသာ လူမ်ားသည္ မေမွာင္မီ အိမ္သို႔ အျမန္ျပန္သြားၾက၏။အလုပ္ၿပီးရင္ အိမ္မွာ ေကာင္းေကာင္း အနားယူႏိုင္ဖို႔အတြက္ေပါ့။ပူပင္ေသာကမ႐ွိ ခပ္ဆိုးဆိုး ကေလးငယ္ေတြကသာ လယ္ကြင္းထဲမွာ ေျပးလႊားေဆာ့ကစားေနၾက၏။ရံဖန္ရံခါ ေပ်ာ္ေပ်ာ္ႀကီး ရယ္ေမာၾကျပန္၏။မေတာ္တဆ ေခ်ာ္လဲရင္ေတာင္ ဂ႐ုမစိုက္ဘဲ ကစားပြဲကို ဆက္လက္ကစားႏိုင္ဖို႔အတြက္ ေပ်ာ္႐ႊင္စြာ ျပန္ကုန္းထၾကျပန္သည္။ေျပာစကားနားေထာင္တတ္သည့္ လိမၼာတဲ့ေခြးအခ်ိဳ႕ကလည္း သူတို႔ရဲ႕အၿမီးမ်ားကို လႈပ္ယမ္းေနၿပီး သြက္လက္စြာ ေျပးလႊားေနၾကသည္။
Advertisement
လဲ့ယ္ထ်ဲက စကားေျပာရတာမႀကိဳက္သလို ခ်င္မိန္ကလည္း သူ႕ကို စကားမေျပာျဖစ္ေပ။သူ႕က ေလးကို ၾကည့္လိုက္သည္။ေလးကိုယ္ထည္သည္ မီးခိုးေရာင္ျဖစ္ၿပီး မည္သည့္သစ္သားျဖင့္ျပဳလုပ္ထားသည္ကို သူမသိေသာ္လည္း အထူးသျဖင့္ ခိုင္ခံ့ေျပာင္ေျမာက္ၿပီး ေတာက္ေျပာင္ေနပုံရသည္။မၾကာခဏ ေဆးသုတ္ၿပီး ထိန္းသိမ္းခံထားရသည္ျဖစ္ၿပီး ပိုင္႐ွင္က ျမတ္ႏိုးတန္ဖိုးထားသည္ဟု ဆိုလိုျခင္းပင္။က်ည္ေတာက္ကို မီးခိုးေရာင္အထည္ျဖင့္ ျပဳလုပ္ထားၿပီး အပ္ကဲ့သို႔ သန္႔႐ွင္းေတာက္ေျပာင္ေနသည့္ ျမႇားဆယ္ေခ်ာင္းလည္း ပါ႐ွိ၏။
"အိုး...ငယ္႐ြယ္တဲ့အတြဲေလးတို႔က ႏွစ္ေယာက္သားအတူတူ အိမ္ျပန္ၾကလို႔ပါလား,အရမ္းခ်စ္ဖို႔ေကာင္းတာပဲ"
လယ္ကြင္းလမ္းမွ ဆူးဆံညႇပ္ႏွင့္ စကတ္ၾကမ္းကို ၀တ္ဆင္ထားေသာ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ ပခုံးေပၚ၌ ေပါက္ျပားတစ္ခု ကိုင္ေဆာင္ကာ ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔ကို ျပဳံးျပေနသည္။သူမ၏မ်က္လုံးမ်ားသည္ ျခင္းေတာင္းထဲ႐ွိ သမင္ေပၚတြင္ အခ်ိန္အေတာ္ၾကာေအာင္ စိုက္ၾကည့္ေနသည္။
အႏွီအမ်ိဳးသမီးမွာ ၾကင္နာပုံရေၾကာင္း ႐ွင္း႐ွင္းလင္းလင္း ျမင္ႏိုင္ေသာ္လည္း သူမရဲ႕အထင္ေသးျခင္းကို ဖုံးကြယ္ထားႏိုင္ျခင္းေတာ့မ႐ွိေပ။
အမ်ိဳးသမီးက ဆက္ေျပာသည္ – “ေတာ္ေတာ္ေလးကိုႀကီးတာပဲ..အဟင္း..မင္းတို႔မိသားစုေတာ့ ၁၀ရက္ ၁၅ရက္ေလာက္ အသားအတြက္ စိတ္ပူစရာမလိုေတာ့ဘူးေပါ့။အငယ္ေလးေ႐ွာင္ခ်င္ မင္းက လဲ့ယ္အိမ္ကို ေရာက္ေနၿပီ မဟုတ္လား?မင္းေယာကၡမရဲ႕ ဟင္းခ်က္နည္းက ငါတို႔႐ြာမွာ အေကာင္းဆုံးထဲကတစ္ခုပဲ။ဒီည အစားအေသာက္ေကာင္းေတြ စားခြင့္ရတာ မင္း ကံေကာင္းတာပဲ”
အသီးအ႐ြက္ေတာင္းကို ထမ္းၿပီး သူမ ပါးစပ္ကို အုပ္ထားသည့္ အေနာက္မလွမ္းမကမ္းက အမ်ိဳးသမီးသည္ မ႐ွင္းလင္းသည့္သေဘာျဖင့္ အျပဳံးေလး ျပဳံးကာ ေျပာလိုက္သည္။ “လ်ိဳအႀကီးဆုံးမိသားစုရဲ႕ဇနီး..ဘာေၾကာင့္မ်ား သူတို႔ကို ေလွာင္ေျပာင္ေျပာေနရတာလဲ?ေယာကၡမလဲ့ယ္က သူ႕အိမ္မွာ အလုပ္ႀကိဳးစားၿပီး ေႁခြတာ စားေသာက္ေနတယ္ဆိုတာ ငါတို႔႐ြာက ဘယ္သူမဆို မသိတာ႐ွိလို႔လဲ?”
လဲ့ယ္ထ်ဲက ယခင္ကကဲ့သို႔ မလ်င္ျမန္လြန္းသလို ေႏွးလည္းမေႏွးဘဲ ဆက္ေလွ်ာက္သြားေလသည္။
ခ်င္မ်န္က အတြင္းစိတ္ထဲကေန သက္ျပင္းတစ္ခ်က္ခ်ၿပီး သူ႕အ႐ွိန္ကို အ႐ွိန္ျမႇင့္လိုက္သည္။
အိမ္ထဲသို႔ဝင္လိုက္ေသာအခါ တု႐ွီသည္ အျပင္သို႔ထြက္ေတာ့မည္ႏွင့္ ၾကဳံေလ၏။သူမ တစ္ခ်က္ရပ္လိုက္ၿပီး ေတာင္းကို ငုံ႔ၾကည့္ကာ သားေကာင္ကိုျမင္ေတာ့ ေက်နပ္သြားေသာ္လည္း အျခားျခင္းေတာင္းထဲ႐ွိ ထင္းအနည္းငယ္ကိုျမင္ေသာအခါတြင္ သူမမ်က္ႏွာမွာ မည္းညစ္သြားသည္။
"ေလာင္တာ့ရဲ႕ဇနီး..နင္ ဒီေန႔လည္ခင္းလုံးကို ဒီေလာက္ထင္းေလးပဲ ခုတ္လာတာလား?"
ခ်င္မ်န္သည္ လဲ့ယ္ထ်ဲ၏ေနာက္တြင္ ရပ္သြားခဲ့သည္။ "အေမ..ကြၽန္ေတာ္က လူေသးေသးေလးပဲေလ။ကြၽန္ေတာ္႕မွာ ခြန္အားမ႐ွိဘူး။ခြင့္လႊတ္ပါ။"
"မင္းကို ခြင့္လႊတ္လိုက္ရင္ ဘယ္သူက ငါ့ကို ခြင့္လႊတ္မွာလဲ။လူတိုင္းက ငါ့ကို ဘယ္ေတာ့မွ အေလးထားမွာ မဟုတ္ေတာ့ဘူး။မင္းအတြက္ ဒီည ညစာမ႐ွိဘူး!”
တု႐ွီ၏မ်က္လုံးမ်ားက သမင္ကို ထပ္မံစိုက္ၾကည့္လာေသာအခါ လဲ့ယ္ထ်ဲကို ေျပာသည့္ သူမ၏ေလသံမွာအနည္းငယ္ႏူးညံ့သြားၿပီး "ေလာင္တာ့...မင္း ဒါကို ကိုင္ဖို႔ယူသြားလိုက္"
"အစ္ကိုႀကီး ျပန္လာၿပီ" အဝတ္ၾကမ္းဝတ္ထားေသာ အမ်ိဳးသားတစ္ဦးသည္ အတြင္းထဲမွ ထြက္လာၿပီး ေပ်ာ္႐ႊင္ေသာ မ်က္ႏွာျဖင့္ သမင္ကို လွမ္းၾကည့္လာသည္။သူ႕ရဲ႕ႀတိဂံပုံမ်က္လုံး တစ္စုံသည္ ေတာက္ပစြာ လင္းလက္လ်က္႐ွိကာ မ်က္လုံးေထာင့္တြင္ မထင္႐ွားေသာ မ်ဥ္းႏွစ္ေၾကာင္းလည္း ႐ွိေန၏။
“အႀကီးႀကီးပဲ..ကြၽန္ေတာ္တို႔ ဒီည အသားစားလို႔ရၿပီေပါ့။အေမ ညစာအတြက္ သမင္သားနဲ႔ အာလူးစြပ္ျပဳတ္ ခ်က္စားၾကမလား?”
လဲ့ယ္႐ွန္းရန္သည္ လဲ့ယ္ထ်ဲထက္ တစ္ႏွစ္သာ ငယ္ေသာ္လည္း လဲ့ယ္ထ်ဲထက္ ေလးႏွစ္ငါးႏွစ္ပိုႀကီးပုံရသည္။လဲ့ယ္႐ွန္းရီသည္လည္း လဲ့ယ္ထ်ဲထက္ အသက္ပိုႀကီးပုံရသည္။သူတို႔သုံးေယာက္ အတူတူ အျပင္ထြက္ရင္ လဲ့ယ္ထ်ဲက သူတို႔ႏွစ္ေယာက္ရဲ႕ညီလို႔ ထင္ၾကမွာ ေသခ်ာ၏။ဒါက လဲ့ယ္ထ်ဲနဲ႔ပတ္သက္တဲ့ တစ္ခုခုလြဲမွားေနတယ္လို႔ ခ်င္မ်န္အၿမဲခံစားရတဲ့ အေၾကာင္းရင္းတစ္ခုပဲ။လဲ့ယ္ထ်ဲအိမ္မွ ထြက္ခြာသြားသည့္ ဆယ္ႏွစ္တာကာလကို သူ သိခ်င္ေနမိသည္။
က်ိဳး႐ွီသည္ အထဲမွာ လူေတြေျပာေနသည့္အသံကိုၾကားရၿပီး အျမန္ထြက္လာခဲ့သည္။သူမသည္ ျပဳံးကာ တု႐ွီ၏လက္ေမာင္းကို ကိုင္ထားရင္း အလြန္ရင္းႏွီးေနပုံျဖင့္ "အေမ အခုခ်ိန္မွာ အစားအေသာက္ေကာင္းေကာင္းစားရတာ ကံေကာင္းတယ္။အေမလုပ္ထားတဲ့ စြပ္ျပဳတ္က အၿမဲတမ္းအရသာ႐ွိတယ္။ေ႐ွာင္ေပါင္ကို ေမြးၿပီးတုန္းက အေမလုပ္ေကြၽးတဲ့ မုန္လာဥနီနဲ႔ ေတာဝက္စြပ္ျပဳတ္ကို ျပန္ေတြးၾကည့္မိေတာ့ အေမရဲ႕ေခြၽးမက သေရျပန္က်ေနမိၿပီ။"
ခ်င္မ်န္မွာ ရယ္ေမာလုနီးပါး ျဖစ္သြားသည္။ဒီစကားေတြက လဲ့ယ္မိသားစုက အသားမစားတာၾကာေနၿပီလို႔ ေျပာတာမဟုတ္ဘူးလား?
မီးဖိုေခ်ာင္ထဲမွာ ခ်က္ျပဳတ္ေနတဲ့ ခ်င္း႐ွီက အက္ကြဲေနတဲ့ျပတင္းေပါက္ကေန က်ိဳး႐ွီကို လွမ္းၾကည့္လိုက္သည္။သူမက မထီမဲ့ျမင္ျပဳကာ တိုးတိုးေလး ေထ့ေငါလိုက္၏ "ငါတို႔ စားႏိုင္ပါ့မလားဆိုတာ သိခ်င္မိတယ္"
ဝင္လာေသာ လဲ့ယ္႐ွန္းရီသည္ပင္ က်ိဳး႐ွီ၏စကားကိုၾကားၿပီး တု႐ွီကို ေမွ်ာ္လင့္ခ်က္ျဖင့္ ၾကည့္ေနေလသည္။ဟင္းသီးဟင္း႐ြက္ေတြ,မုန္လာဥႏွင့္ ကန္စြန္းဥမ်ားကို တစ္ခ်ိန္လုံး စားရသည္မွာ ၿငီးေငြ႕ေနၿပီ။
"ဘာကိုစားမွာလဲ?" တု႐ွီသည္ က်ိဳး႐ွီကို ျပင္းျပင္းထန္ထန္ စိုက္ၾကည့္ကာ သံသယမ႐ွိခြင့္မျပဳေပ။ “ေဆာင္းဦးရိပ္သိမ္းမယ့္အခ်ိန္အထိ ဒါကို ထိန္းသိမ္းထားရမယ္”
ထို႔ေနာက္ လဲ့ယ္ထ်ဲက ေျပာဖို႔ အခြင့္အေရးယူလိုက္ၿပီး “ဒါကိုမနက္ျဖန္ မနက္ေရာင္းမယ္”
ထို႔ေနာက္ တျခားသူမ်ား၏ တုံ႔ျပန္မႈကို မည္သို႔ပင္ျဖစ္ေစ ဂ႐ုမစိုက္ဘဲ ထမ္းပိုးကို ေဘးဖယ္ကာ သမင္ကို ေရတြင္းနားသို႔ ေခၚေဆာင္သြားခဲ့သည္။
တု႐ွီ,လဲ့ယ္႐ွန္းရန္ႏွင့္ အျခားသူမ်ားသည္ စကားမေျပာႏိုင္ေတာ့ဘဲ အံ့ၾသသြားၾကသည္။
လဲ့ယ္႐ွန္းရီက သိပ္ဂ႐ုမစိုက္တာေၾကာင့္ အိမ္ထဲကို တိုက္႐ိုက္ျပန္ဝင္သြား၏။
“ေလာင္တာ့..” တု႐ွီက သူ႕ဆီလွမ္းလာၿပီး “ေဆာင္းရာသီရိတ္သိမ္းပြဲေတာ္က လာေတာ့မယ္။အဆီေတြ အမ်ားႀကီးလိုတယ္ေလ။သမင္ကို သိမ္းထားရင္ အသားအတြက္ ပိုက္ဆံထပ္သုံးစရာ မလိုေတာ့ဘူး။အေမေျပာတာ နားေထာင္..အသားေတြကို သိမ္းရေအာင္။”
လဲ့ယ္ထ်ဲက ေရတြင္းေဘးတြင္ ငုတ္တုတ္ထိုင္ကာ တစ္ေနရာမွ ဓားတစ္ေခ်ာင္းကို ထုတ္ၿပီး သမင္ဝမ္းဗိုက္ကို သပ္သပ္ရပ္ရပ္လွီးျဖတ္ကာ အေရခြံခြာရန္ ျပင္ဆင္ေနသည္။ “မနက္ျဖန္ မနက္ေရာင္းမယ္” ဆိုတဲ့ စကားကို သူသုံးေနတုန္းပါပဲ။
ခ်င္မ်န္က ဒရာမာဇာတ္ကားၾကည့္ရေရးအတြက္ ေစာင့္ေနသည္။သူ လဲ့ယ္ထ်ဲႏွင့္ ရက္အနည္းငယ္သာ ေနခဲ့ရေသာ္လည္း လဲ့ယ္ထ်ဲ၏ထူးျခားသည့္ ကိုယ္ရည္ကိုယ္ေသြးကို သူျမင္ဖူးသည္။သူဆုံးျဖတ္ထားတဲ့အရာတစ္ခု႐ွိေနသေ႐ြ႕ေတာ့ ေျပာင္းလဲဖို႔ခက္တယ္။တု႐ွီ ဘာလုပ္မလဲ?
“ေလာင္တာ့..မင္းအေမကို ဘာလို႔ဆန္႔က်င္ရတာလဲ။အေမ စိတ္ဆိုးသြားၿပီ” က်ိဳး႐ွီက ကဲ့ရဲ႕႐ႈတ္ခ်ေျပာဆိုလိုက္သည္။ "မင္းဘာလို႔ အသားကိုေရာင္းရမွာလဲ?"
"ေ႐ွာင္မ်န္ နဲ႔ ငါ အဝတ္အစားေတြ ထပ္လိုတယ္" လဲ့ယ္ထ်ဲက သူ႕လက္ေတြ တေ႐ြ႕ေ႐ြ႕ေ႐ြ႕လ်ားေနၿပီး သမင္ေသြးနံ႔က ျခံတစ္ခုလုံးကို လႊမ္းျခဳံသြားသည္။
"........."
တု႐ွီက ႐ုတ္တရက္ ေခါင္းကိုလွည့္လိုက္သည္။
ခ်င္မ်န္က စိတ္ထဲကေန ေတြးလိုက္မိၿပီ။
မေကာင္းေတာ့ဘူး!
“နင္ ေတာ္ေနတာေပါ့!” ဒူ႐ွီက သူ႕ဆီ ေျခလွမ္းႏွစ္လွမ္းစာေလာက္လွမ္းလာရင္း သူ႕ႏွာေခါင္းတည့္တည့္ကို လက္ညိဳးထိုးရင္း ေအာ္ေျပာလိုက္သည္။သူမ ေဒါသအရမ္းထြက္လြန္းလို႔ မ်က္လုံးေတာင္ ထြက္က်မတက္ပါပဲ။မသိရင္ ေကာင္းကင္ဘုံကပဲ သူမအေပၚကို ျပစ္မွားမိသလိုပဲ။
“ငါထင္သားပဲ!ေလာင္တာ့က ဘာလို႔မ်ား ႐ုတ္တရက္ ေသးသိမ္သြားရတာလဲလို႔!နင္က ေနာက္ကြယ္မွာ ေသြးထိုးလႈံ႕ေဆာ္ေနခဲ့တာပဲ!ခ်င္မ်န္ နင္ ငါတို႔သားအမိကို ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ မကြဲကြဲေအာင္ လုပ္ေနတာလား?"
"မဟုတ္ပါဘူး၊ဒါ ကြၽန္ေတာ္႕ေၾကာင့္မဟုတ္ဘူး" ခ်င္မ်န္သည္ လဲ့ယ္ထ်ဲထံ ပါးနပ္စြာ ေ႐ွာင္သြားၿပီး သူ႕ကို ဒိုင္းတစ္ခုအျဖစ္ အသုံးျပဳခဲ့သည္။ဒီလိုလုပ္ရတဲ့အတြက္ တစ္ဝက္ေလာက္ေတာ့ စိတ္မေကာင္းပါဘူး။သူ စိတ္ထဲကေန ေျပာလိုက္သည္။
ႏွစ္ဦးသေဘာတူ ကြာ႐ွင္းျပတ္စဲတာကို ဘယ္သူက သေဘာမတူတာလဲ?
တု႐ွီကို သူ မကိုင္တြယ္ႏိုင္တာေတာ့ မဟုတ္ဘူး၊ဒါေပမယ့္ "သားသမီးတို႔၏႐ိုေသကိုင္း႐ိႈင္းမႈက လူကို ေသေစတယ္" ဆိုတဲ့ စကားလည္း ႐ွိတယ္ေလ။အကယ္၍ သူသာ တု႐ွီကို အမွန္တကယ္ ျပန္ေျပာတာတို႔ သို႔မဟုတ္ တု႐ွီကို တစ္ခုခုလုပ္ပါက ယင္းကိစၥသည္ လဲ့မိသားစုသာမဟုတ္ တစ္႐ြာလုံးကပါ သူ႕ဘက္ကေန လိုက္ေလ်ာညီေထြ မ႐ွိေပးႏိုင္ေပ။တု႐ွီကို ကိုင္တြယ္ရန္ တျခားနည္းလမ္းတစ္ခုကို စဥ္းစားရေပမည္။
"မဟုတ္လို႔လား?" တု႐ွီက ေဒါသတႀကီးျဖင့္ လွစ္ခနဲေရာက္ခ်လာၿပီး “ေလာင္တာ့က နင့္အတြက္ အဝတ္အစားထပ္ဝယ္ေပးခ်င္တယ္လို႔ ေျပာေနတာမဟုတ္ဘူးလား။ငါ့ရဲ႕လဲ့ယ္မိသားစုက မင္းရဲ႕အစားအစာ,ေသာက္စရာေတြကို ေလွ်ာ့ေပးခဲ့လား?အဲဒီတုန္းက နင့္အတြက္ အဝတ္အစားေတြကို ဘယ္ေလာက္မ်ားထည့္ေပးခဲ့မွန္းေတာင္မသိေတာ့ဘူး!ငါတို႔တစ္မိသားစုလုံးက ယဥ္ေက်းၿပီး ေဖာ္ေ႐ြတာကို မျမင္ႏိုင္ဘူးလား?ေလာင္တာ့!ေဘးဖယ္ေနစမ္း!!"
သူမရဲ႕ေဒါသေၾကာင့္ သူမသည္ လဲ့ယ္ထ်ဲအေပၚ အနည္းငယ္မွ် စိတ္႐ွည္မႈပင္မ႐ွိ လုံးဝ လိုက္ေလ်ာညီေထြ႐ွိစြာ မေျပာႏိုင္ေတာ့ေပ။သို႔ေသာ္ လဲ့ယ္ထ်ဲ အိမ္မွ ထြက္သြားကတည္းက ႐ြာ႐ွိလူမ်ားက သူ႕ေနာက္ေက်ာကို လက္ညိဳးထိုးၾကသည္။႐ွန္းလီသည္ မိန္းမယူမည့္အေၾကာင္း မဟခဲ့သလို လဲ့ယ္ခြၽင္းေထာင္သည္လည္း လက္မထပ္ရေသးေပ။သူတို႔ရဲ႕ နာမည္ဂုဏ္သတင္းေၾကာင့္ သူမ သည္းခံခဲ့ရ႐ုံသာ။လဲ့ယ္ထ်ဲကို ခက္ခဲေအာင္ လုပ္ရတာက သူမအတြက္ မေကာင္းတာေၾကာင့္ သူမသည္ ခ်င္မ်န္ကို ဦးတည္တိုက္ခိုက္လာခဲ့တာပဲ။
Advertisement
- In Serial33 Chapters
The Essence of Cultivation
After experiencing five years of an adventurer's life, Arcanist Sylar Wershin now spends his days catching up on developments in Essence Studies and teasing apart the functions of arcane trinkets and artifacts discovered by him and his companions throughout their time travelling the realms of Resham. An unexpected accident during the study of his latest subject of intrigue, however, displaces him across the Planes beyond what any known spell is capable of achieving. Now finding himself lost in a realm rich in previously-limited Transcendental Essences, however, does he truly even want to return back to his old world? If nothing else, plagiarising - ahem, learning new spell structures by observing the local mages should prove entertaining. Sure, there were new dangers in this foreign world, but they wouldn't be anything a fancy bit of spellwork couldn't solve. Though, he would appreciate it greatly if someone could explain to him just what this 'cultivation' business was, why the local Mages were all muscle-brained freaks obsessed with immortality, and why they all seemed to lack any appreciation for the finer details of Essence manipulation. That would be nice.
8 180 - In Serial20 Chapters
Creation Records
A boy got reincarnated in Another World. With the power he regained from his forgotten past, he used it to create a mighty force. Will he become an Anti-Hero that would dominate the new world? And will he become the world's strongest? This is a story of a boy reaching the top of the world as he recovers the memories of his mysterious past.
8 123 - In Serial26 Chapters
Unique Delivery System
The cruel conditions of the bet put him on edge! Can the smart, energetic and fat hero find the right path to the customer? Where will the great and almighty Delivery System lead him? Translation of the original work by Michael Dulepa. The original is here.
8 208 - In Serial8 Chapters
Welcome to My Xianxia Livestream
Ever since the discovery of countless New Worlds beyond the known dimension, Nine Heaven Empire has unceasingly sent its explorer into the unknown. Li Jiangsu is one of them, no matter how unwilling he is. Come and see how Li Jiangsu survives in the fiercest age known to man! ---------- Discord: https://discord.gg/8Ryp5FbuGf I will try to update every week. The story will slowly build up to the climax at the end of each volume/arc. This means it might be very boring/slow if you expect a lot of actions.
8 196 - In Serial14 Chapters
Nadia *Dropped*
Nadia was a beautiful yet poor 9 year old girl when she was kidnapped from her family and raised to be an assassin. This is the story of how she escapes and what she becomes.This is dropped._________________________________________________________________________________________I am only 12 years old and new to writing so please give me harsh criticism and suggestions.It might be mature in some ways. You have been warned.
8 120 - In Serial45 Chapters
The Billionaire in Love
| THIS STORY IS BEING EDITED. READ AT YOUR OWN RISK PLEASE |Arshad Khan was one of the richest bachelors of Dubai who had no intention of stepping down from the bachelorhood any time soon. But of course, when matchmaking mothers are involved, anything can happen. Right? So when he steps into India for a family gathering, things just take a different turn. Meeting her was coincidental but loving her, it was a choice. Little did he know that even the purest of love, comes with consequences. And this billionaire, well he sure was in love. © scopian_16 2014
8 135

