《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[10+11]
Advertisement
[Unicode]
010:မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ခွဲခြမ်းပြီး အိမ်ခွဲနေခြင်း (3)
သူတို့လည်း ဆီမီးမထွန်းတော့ဘဲ အမှောင်ထဲမှာပင် အိပ်ယာဝင်ခဲ့ကြသည်။
ချင်မျန်သည် မကြာမီတွင် ဤမိသားစုကနေ ခွဲခွာပြီး နေထိုင်ရတော့မည်ဖြစ်တာကြောင့် သူ့ခန္ဓာကိုယ်ပေါ်ကို လွှားခြုံထားသည့် ဟောင်းနွမ်းနေသော ချည်ထည်စောင်ပင် သက်တောင့်သက်သာရှိသလို ခံစားခဲ့ရသည်။အိမ်ခွဲပြီး နေထိုင်ရတာနှင့် နှိုင်းယှဥ်ရင် တခြားသော ဝမ်းနည်းစရာတွေက ဘာမျှမဟုတ်။
"စကားမစပ် မိသားစုရဲ့စည်းစိမ်တွေကို ခွဲဝေပေးပြီးရင် ဘယ်မှာသွားနေကြမလဲ?" ချင်မျန်က အရေးကြီးဆုံးအရာကို ဆွေးနွေးနေသည်ဟု ရုတ်တရက် တွေးတောမိရင်း အသံတိုးတိုးဖြင့် မေးလိုက်သည်။
အမှောင်ထဲတွင် လဲ့ယ်ထျဲက ခေတ္တတုံ့ဆိုင်းသွားသည်။ “သက်ကယ်အိမ်တစ်အိမ်ဆောက်ဖို့လောက်တော့ လက်ထဲမှာ ပိုက်ဆံအလုံအလောက်ရှိတယ်။”
ချင်မျန်က အမှုမဲ့အမှတ်မဲ့ပြုံးပြီး "ကျွန်တော်တို့ ဒီကနေ ထွက်သွားနိုင်မယ်ဆိုရင် ဂူထဲမှာတောင် နေနိုင်တယ်"
ဒီနေရာကနေ ထွက်သွားရင် ပိုက်ဆံရှာနိုင်ပြီ။
လဲ့ယ်ထျဲက အတော်ကြာသည့်အထိ စကားဆက်မပြောတာကြောင့် ဒီလူအိပ်ပျော်သွားပြီလား ဆိုတာ မသိချေ။ချင်မျန်ကတော့ အိပ်မပျော်ပေ။သူ ထမထိုင်ခင် တစ်နာရီနီးပါးလောက် လှန်လိုက်မှောက်လိုက်လုပ်နေ၏။
"ဘယ်သွားမလို့လဲ?"
လဲ့ယ်ထျဲ၏အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။ချင်မျန် လန့်သွား၏။ကံကောင်းထောက်မစွာ သူ အစားအစာတွေကို နယ်မြေထဲကနေ မထုတ်ခဲ့လို့သာပဲ။သူ့ဗိုက်ကိုထိလိုက်ပြီး သက်ပြင်းချလျက် ပြောလိုက်သည်။ "ဗိုက်ဆာလို့"
သူ ဖွံ့ဖြိုးနေတဲ့အချိန်မှာ ကြက်ပေါင်တစ်ချောင်း ကြက်ဥတစ်လုံးလောက်နဲ့ ဘယ်လိုလုပ်ဗိုက်ပြည့်နိုင်မလဲ။ကျန်တဲ့ အစားအသောက်တွေကိုတောင် သော့တစ်ချောင်းတည်းကိုကိုင်ဆောင်ထားတဲ့ တုရှီက ဗီရိုထဲမှာ သော့ခတ်သိမ်းထားသေးသည်။
ဘေးနားတွင် ရှပ်တိုက်အသံတစ်ခုထွက်ပေါ်လာရာ လဲ့ယ်ထျဲက ဘေးနားကနေ ထလာခဲ့ခြင်းသာ။အပြင်ဘက်တွင် လရောင်များ ဖြာကျလျက်ရှိနေသည်။လဲ့ယ်ထျဲက တံခါးကို တိတ်တဆိတ်ဖွင့်ပေးလိုက်၏။
“သွားကြရအောင်” လဲ့ယ်ထျဲက ညင်သာစွာပြောလိုက်သည်။
"ဘယ်ကိုသွားကြမှာလဲ?" ချင်မျန်က အံ့သြမိသည်။အိပ်ယာမှထကာ ကောက်ရိုးဖိနပ်ကို စီးလိုက်၏။
လဲယ်ထျဲက ခြံဝန်းထဲကတံခါးကို ဖွင့်လိုက်ကာ ချင်မျန် ထွက်လာပြီးနောက် တံခါးကို အသာလေးပြန်ပိတ်လိုက်သည်။
လရောင်က မြေပြင်မှာ တောက်ပနေတဲ့ရေလို ငြိမ်သက်နေ၏။စက်တင်ဘာလနှောင်းပိုင်း၌ ညဘက်တွင် အတော်လေးအေးသော်လည်း လူကို အအေးမိစေလောက်သည်အထိ မအေးပေ။ညနေခင်းလေက သူတို့မျက်နှာကို တိုက်ခတ်လာတော့ အရမ်းခံစားလို့ကောင်း၏။
လဲ့ယ်ထျဲက ချင်မျန်၏လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ချင်မျန်က အချိန်အတော်ကြာ ရုန်းကန်ခဲ့ရပြီးနောက် မလွတ်မြောက်နိုင်၍ ရွေးချယ်စရာမရှိဘဲ ထိုလူနောက်သို့သာ လိုက်ရတော့သည်။မြေတွင်း၌ တွင်းပေါက်များ ရှိနေတာကြောင့် ဂရုမစိုက်ရင် တွင်းထဲကို ပြုတ်ကျသွားလိမ့်မည်။လဲ့ယ်ထျဲ သူ့ကို ထိန်းထားတာ ပိုကောင်းပါတယ်လေ။
လမ်းမကြီးတစ်လျှောက် လျှောက်လာတော့ ချင်မျန်က ပိုပြီး တွေးရခက်လာသည်။သူတို့ ဒီထက်ပိုသွားရင် ရွာထဲကနေ ထွက်သွားလိမ့်မယ်။စပါးကျီမြေ(ဆန်စပါးတွေ နေလှန်းရာမြေနေရာ)တွင် လဲ့ယ်ထျဲသည် လူတစ်ယောက်ကဲ့သို့ ရှည်လျားသည့် ရွာတံတိုင်းရှေ့တွင်ရပ်ကာ ထိပ်ပေါ်ကို လှမ်းဆွဲတက်ပြီး ဥသုံးလုံးကို နှိုက်ယူလိုက်သည်။
ချင်မျန်က သူ့ကို အံ့သြတကြီးကြည့်နေသည်။လဲ့ယ်ထျဲလိုလူက တစ်စုံတစ်ယောက်၏ဥတွေကို ခိုးယူလိမ့်မယ်ဟု သူ မမျှော်လင့်ထားပေ။
လဲ့ယ်ထျဲက ချင်မျန် ဘာတွေတွေးနေတယ်ဆိုတာကို ထိုးဖောက်မြင်သည့်အတိုင်း ပြောလိုက်သည်။
"ရစ်ငှက်"
ချင်မျန်က တွေးလိုက်ကာ ရစ်ငှက်ဆိုတာ အမှန်ဖြစ်ပုံရသည်။အိမ်မွေးကြက်က ဥ,ဥဖို့ ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာမှာလဲ?
“ခဏစောင့်နေ။” လဲ့ယ်ထျဲက သူ့လက်ထဲကို ငှက်ဥသုံးလုံး ထည့်ပေးလိုက်သည်။
ချင်မျန်သည် သူ့နောက်ကျောကို မမြင်နိုင်တော့သည်အထိ တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်နေလိုက်သည်။ပြီးပြည့်စုံသော တိတ်ဆိတ်မှုတစ်ခု စိုးမိုးနေခဲ့ပြီး လရောင်အောက်တွင် ရွာတံတိုင်း၏အရိပ်မှလွဲ၍ မည်သူမျှမရှိပေ။သူ့နောက်က လေကအေးစိမ့်စိမ့်မို့ ကြက်သီးမွှေးညှင်းများထလာတာကြောင့် သူ့လက်မောင်းတွေကို ပွတ်သပ်လိုက်၏။လဲ့ယ်ထျဲ၏လုပ်ရပ်ကြောင့် သူ စိတ်လှုပ်ရှားခဲ့ရသော်လည်း တစ်ချိန်တည်းမှာပင် ထိုသို့သော မိသားစုတွင် မွေးဖွားလာရသည့်အတွက် သူ့ကို စာနာမိသည်။
တုရှီ၏ဗီရိုသော့ခတ်ခြင်းအမှုသည် သူ့ကို ဟန့်တားရုံသာမက ကျိုးရှီ နှင့် ချင်းရှီ တို့ အစားအစာခိုးယူခြင်းမှလည်း တားဆီးရန်ပင်ဖြစ်လောက်သည်။မိသားစုတစ်ခုလို့ မပြောနဲ့ ဒီအတိုင်းအတာအထိ ရောက်နေတယ်ဆိုတာ ရယ်စရာကောင်းပြီး ဝမ်းနည်းစရာလို့ ဘယ်သူက မတွေးဘဲ ဘယ်နေနိုင်ပါ့မလဲ?
များမကြာမီပင် လဲ့ယ်ထျဲက ထင်းစည်းအချို့နှင့် ပြန်ရောက်လာပြီး သူ့ညာဖက်လက်တွင် မည်သည့်နေရာမှ ရလာမှန်းမသိသည့် ပြောင်းဖူးနှစ်ဖူးလည်း ရှိနေ၏။မီးခတ်ကျောက်ကို သုံးပြီး မီးဖိုဖွဲ့ကာ ငှက်ဥများကို မီးထဲသို့ ထည့်လိုက်သည်။သူက ပြောင်းဖူးကိုပါ ဝါးပါးပါးနှစ်ချောင်းဖြင့် တုတ်ထိုးလိုက်ကာ မီးဖိုပေါ်တွင် ကင်ထားလိုက်သည်။
တဖျပ်ဖျပ်တောက်နေသော မီးရောင်အောက်တွင် ထိုလူ၏မျက်နှာက နေ့ဘက်ကထက် ပိုနူးညံ့နေသယောင်။ခါးကို ကွေးပြီး ထိုင်နေရင်တောင် မတ်နေသေးတာကြောင့် တည်ငြိမ်ပြီး စိတ်ချရတဲ့ပုံပေါ်၏။
မီးတောက်သည် ပြောင်းဖူးများကို ကျက်စေလျက် ခဏအကြာတွင် လဲ့ယ်ထျဲက သူ့လက်ထဲမှ ဝါးချောင်းများကို တစ်ဖက်သို့လှန်လိုက်သည်။ချင်မျန်က သမ်းဝေပြီး ခေါင်းကို ဒူးပေါ်တင်လျက် ပြောင်းဖူးနံ့ကို ရလိုက်သည်နှင့် တပြိုင်နက် မတ်မတ်ရပ်သွားသည်။လဲ့ယ်ထျဲက သူ့ကို ပြောင်းဖူးနှစ်ဖူးပေးရာ သူကတော့ တစ်ဖူးကိုသာ ယူလိုက်၏။
“ခင်ဗျားလည်း တစ်ခုယူ”
ချင်မျန်က ပြောင်းဖူးတစ်ကိုက် ကိုက်လိုက်၏။နူးညံ့ပြီး မွှေးပျံ့လွန်းလို့ အပြုံးရိပ်များက သူ့မျက်လုံးထက်ဝယ် ထွက်ပေါ်လာသည်။သူက မော့ကြည့်လိုက်ပြီး လဲ့ယ်ထျဲကို ပြုံးပြကာ “မွှေးလိုက်တာ။ခင်ဗျားက ကင်တဲ့နေရာမှာ ကျွမ်းကျင်တာပဲ။လုံးဝ မီးမကျွမ်းသွားဘူး”
လဲ့ယ်ထျဲက နေ့လယ်ဘက်တွင် မုဆိုးလိုက်နေတာကြောင့် နေ့လည်စာ စားရန် ပြန်မလာနိုင်တာမို့ အစားအစာပိုင်းကို သူ့ဘာသာသူ ဖြေရှင်းရန် လိုအပ်သည်။ဒီအရည်အချင်းကြောင့် ချီးမွှမ်းခံရတာ ဖြစ်နိုင်၏။
Advertisement
လဲ့ယ်ထျဲက စကားပြန်မပြော,သူ့မျက်နှာမှာ ဘာအမူအရာမှ မပြပေမယ့် သူ့မျက်နှာပေါ်ရှိ အေးစက်စက် မျဉ်းကြောင်းများက အနည်းငယ် ပျော့ပျောင်းသွားသည်။တုတ်တစ်ချောင်းကို ကောက်ကိုင်ပြီး မီးထဲက ငှက်ဥတွေကိုတစ်ဖက်လှန်လိုက်သည်။
ချင်မျန်နှင့် လဲ့ယ်ထျဲသာ နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သည့်နောက်ပိုင်းတွင်ပင် ချင်မျန်က ဒီညနေခင်း၏ ဤမြင်ကွင်းကို ပြန်သတိရမိတိုင်း နွေးထွေးမှုအပြည့်ရှိနေလိမ့်မည်။
"အိမ်ခွဲနေဖို့အကြောင်း ဘယ်တော့ပြောမလဲ?ကျွန်တော် ခင်ဗျားကိုမတိုက်တွန်းပါဘူး ဒါပေမယ့် သေချာအောင်မေးကြည့်တာပါ။ကျွန်တော့်မှာ လုပ်ရမှာတွေကို စဥ်းစားစရာတွေ ရှိသေးတယ်။"
လဲယ်ထျဲက ပြောင်းဖူးကို မစားသေးပေ။ “ပဉ္စမမြောက်ညီငယ်က မနက်ဖြန်ညနေ အိမ်ပြန်ရောက်မှာမို့ အဲဒီနေ့ အလုပ်နားကြတယ်။အဲဒီ့နေ့မှ ဒီအကြောင်းကို ပြောမယ်။”
ချင်မျန်က ခေါင်းညိတ်ပြလိုက်သည်။လဲ့ယ်ထျဲက အမြဲတမ်း သူ့အတွေး သူ့အကြံ ရှိတဲ့သူမို့ မိသားစုပိုင်ဆိုင်မှုတွေကို ခွဲဝေဖို့အတွက် အကြံကောင်းရှိလိမ့်မည်ကို သူသိထားပြီးပြီပဲ။သူ ဒီထက်ပိုပြောဖို့ မလိုတော့ဘူး။ဒါ့အပြင် သူက အပြင်လူတစ်ဦးဟု အမြဲလိုလိုခံစားရသောကြောင့် ဝင်ရောက်စွက်ဖက်ရန် ဝန်လေးမိ၏။
လဲ့ယ်ထျဲက ငှက်ဥတွေကို ထုတ်ပြီး လေတိုက်ရာ အရပ်ဘက်သို့ ထားကာအအေးခံလိုက်သည်။
ချင်မျန်သည် ပြောင်းဖူးကို စားပြီးနောက် ငှက်ဥကို ထိကြည့်လိုက်သော်လည်း မပူနေပေ။ထို့ကြောင့် သူယူ၍ အခွံခွာလိုက်သည်။ငှက်ဥသုံးလုံးစားပြီးမှပဲ ဗိုက်ပြည့်လာတော့၏။
ထိုအခါမှ လဲ့ယ်ထျဲက သူ့လက်ထဲက ပြောင်းဖူးကို စားလိုက်၏။
ပြောင်းဖူးရိုးများကို ခပ်ဝေးဝေးက ဒူးခေါင်းလောက်မြင့်သည့်စပါးခင်းထဲသို့ လွှင့်ပစ်လိုက်သည်။
"ဒီမှာလည်း ခြေရာလက်ရာတွေကျန်ခဲ့လိမ့်မယ်။"
ချင်မျန်က မီးလောင်နေတဲ့ မီးပုံကို ညွှန်ပြလိုက်၏။
လဲ့ယ်ထျဲက ပြောလိုက်သည်။ “စပါးကျီမြေကို သုံးရမယ့်အချိန်မဟုတ်သေးဘူး”
ဆိုလိုသည်မှာ ယခုရက်ပိုင်းအတွင်း ထိုခြေရာလက်ရာများကို မတွေ့သွားနိုင်ပေ။တကယ်တော့ အဲဒါကို ရှာဖွေတွေ့ရှိရင်တောင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။အများစုကတော့ ထင်ကြေးပေးတာတွေသာ ဖြစ်လာနိုင်မယ်။ကြီးကြီးကျယ်ကျယ်ကိစ္စတွေမှာ လူတချို့က အတင်းပြောကြရုံသာရှိလိမ့်မယ်။
“ဒါဆို သွားကြစို့။” လဲ့ယ်ထျဲကို ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့အနေနဲ့ချင်မျန်သည် ပိုနေသည့်ထင်းတွေကို ကိုင်ရန် လက်ကမ်းပေးလိုက်သည်။
လဲယ်ထျဲက သူ့ကို ငြင်းလိုက်ပြီး သူကသာ ထင်းကို ကောက်ကိုင်ကာ သူ့နောက်ကနေ လိုက်ရန်အချက်ပြလိုက်သည်။
အိမ်က ထင်းပုံနားကို ဖြတ်သွားတဲ့အခါ ထိုထင်းတွေကို ထင်းပုံပေါ် တင်လိုက်သည်။ထို့နောက် သက်ကယ်အိမ်ဆီသို့ ပြန်သွားကြ၏။
ခြံထဲမှာ ဘာသံမှမကြားရပေ။သူတို့ ထွက်သွားတာက မည်သူ့ကိုမှ နိုးစေခဲ့သည်မဟုတ်။
သူ့ဗိုက်ပြည့်သွားသဖြင့် ချင်မျန် အိပ်ငိုက်လာသည်။သူ အိပ်ယာပေါ်လှဲပြီးနောက် မကြာခင် အိပ်ပျော်သွားတော့၏။ညဉ့်နက်သန်းခေါင်တွင် သူသည် တစိမ့်စိမ့်အေးလာတာကြောင့် စမ်းတဝါးဝါးဖြင့် အနီးနားရှိ အပူအရင်းအမြစ်ထံ မသိစိတ်ထဲကနေ တိုးဝင်၍ အိပ်ပျော်သွားခဲ့သည်။
_______________________________
011:ပိုက်ဆံအများကြီးရှာပေးပြီး မင်း ကြိုက်
သလောက် ဆီတွေကိုထည့်ခွင့်ပေးမယ်
ပထမအကြိမ် ကြက်တွန်လာသောအခါ လဲ့ယ်ထျဲသည် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။အပြင်ဘက်မှ အလင်းရောင်ဖျော့ဖျော့နှင့်အတူ လေသည် သက်ကယ်အိမ်အတွင်းသို့ အပေါက်များထံမှ ဖြတ်ဝင်လာသည်။မကြာခင်မှာပင် သူ သတိပြန်ဝင်လာပြီး သူ့လက်ထဲက အနွေးဓာတ်လေးကို ငုံ့ကြည့်မိသည်။
ဆယ်ကျော်သက်လေးသည် သူ့ရင်ခွင်ထဲတွင် ကွေးညွတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။
ညဥ့်နက်သန်းခေါင်တွင် အနှီဆယ်ကျော်သက်လေးက အအေးဒဏ်ကို ခံစားခဲ့ရပြီး လဲ့ယ်ထျဲ၏ညာဖက်လက်မောင်းပေါ်သို့ မသိစိတ်ကနေ ခေါင်းလေး တိုးဝင်လာခဲ့သည်။
သူ့လက်မောင်းကို ပြန်ဆွဲယူကာ ဆယ်ကျော်သက်လေးအား စောင်ဖြင့် ပြန်ထုပ်ထားပေးခဲ့ပြီး အသံမထွက်အောင် အဝတ်အစားလဲလိုက်သည်။ခြံဝင်းထဲတွင် ရေအေးဖြင့် ဆေးကြောပြီးနောက် သားကောင်နှင့် လေးမြှားကိုယူရန် သက်ကယ်အိမ်သို့ ပြန်သွားကာ မှိန်ကျဲကျဲနံနက်ခင်းအလင်းရောင်အောက်တွင် စထွက်လာခဲ့သည်။မြို့က အရမ်းလည်းမနီးကာ တောင်ကိုဖြတ်ပြီး လမ်းလျှောက်ဖို့တင် တစ်နာရီကျော်ကြာမြင့်၏။စောစောထွက်လာရင်တော့ ဈေးဖွင့်ချိန်အမှီရောက်နိုင်သည်။ထိုအချိန်က အစည်ကားဆုံးအချိန်ဖြစ်ပေလိမ့်မည်။ယင်းအချိန်တွင် ချမ်းသာသည့် မိသားစုများမှ အဝယ်တော်များ ထွက်လာလေ့ရှိတာကြောင် သူသည် သားကောင်ကို အမြန်ရောင်းနိုင်ခဲ့သည်။
မဝေးလှသောနေရာ၌ တစ်ရွာတည်းနေ လူအများအပြားသည် အခြားဦးတည်ရာမှ ထွက်လာကြပြီး ပစ္စည်း၏ဖိအားကြောင့် ကွေးနေပြီဖြစ်သော ထမ်းပိုးတွေကို ထမ်းထားကြသည်။
"ထျဲဇီ " အဲဒီထဲက တစ်ယောက်ကတော့ ကျန်းတရွှေပါပဲ။
"အစ်ကိုကျန်း" လဲ့ယ်ထျဲက စကားတစ်ခွန်းမှ အပိုအလိုမပြောဘဲ နှုတ်ဆက်လိုက်သည်။
ကျန်းတရွှေသည် သူ့စရိုက်ကို သိသောကြောင့် စိတ်ထဲမထားဘဲ ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
အသက် 30 ဝန်းကျင်ရှိ လူတစ်ဦးသည် လဲ့ယ်ထျဲ၏နံဘေးသို့ ရောက်လာသည်။
ယောင်တရှန်က "ထျဲဇီ.. မင်းရဲ့ကြင်စဦးဘ၀က ဘယ်လိုလဲ။ဇနီးသည်က ယုယတတ်လား?"
"တရှန်!" ကျန်းတရွှေသည် မျက်မှောင်ကြုတ်လိုက်တာကြောင့် မျက်နှာထားက အနည်းငယ်ပြောင်းလဲသွားသည်။
ချန်းကျူက : "အဲဒါလေးမေးတာ ဘာဖြစ်နေလို့လဲ?"
နောက်တစ်ယောက်ကတော့ အသက်နှစ်ဆယ်ကျော်လောက်ငယ်ကာ ရယ်မောပြီး ကျန်းတရွှေရဲ့ ပုခုံးကို သူ့ပုခုံးနဲ့ ဆောင့်လိုက်သည်။
"အစ်ကိုကျန်းလည်း မသိချင်ဘူးလား။အစ်ကိုရှန်းလည်း သိချင်နေတာကို။လဲ့ယ်ထျဲရဲ့ဇနီးက ထိတွေ့ရတာ အဆင်မပြေဘူးဆိုတာကို ပထမဆုံးအကြိမ် တွေ့ဆုံတဲ့အချိန်မှာကတည်းက သိနေတာပဲ။ထပ်မေးနေစရာ မလိုပါဘူး" ကျန်းတရွှေက ဒေါသတကြီး
ဖြင့် ပြောနေသည်ကို တားလိုက်ပြီး "ချန်းကျူ!"
လဲယ်ထျဲက သူ့ခြေလှမ်းတွေကို ရပ်လိုက်သည်။အနက်ရောင်မျက်လုံးတစ်စုံသည် စုန်ချန်းကျူကို စူးစူးစိုက်စိုက်ကြည့်ကာ လေထုပင် အေးခဲသွားပုံရသည်။
ယောင်တရှန်က အံ့သြသွားပြီး အနည်းငယ်နောင်တရမိသွားသည်။လဲ့ယ်ထျဲက စနောက်လွယ်တဲ့သူတစ်ယောက် ဟုတ်ပုံမရဘူး,အဲလိုလူကို သွားပြီး မစနောက်သင့်ဘူး။လူကို စော်ကားရင် မြှားနဲ့ပစ်ဖို့ ဝန်မလေးလောက်ပေ။
စုန်ချန်းကျူ၏နောက်ကျောသည် အေးစိမ့်စိမ့်ဖြစ်လာသော်လည်း သူသည် အခြားသူများရှေ့တွင် မျက်နှာမပျက်ချင်သောကြောင့် လှောင်ပြောင်သောဟန်ဖြင့် ခေါင်းကို မော့လိုက်သည် - "ဘာလဲ?မင်းတောင် ယောက်ျားတစ်ယောက်ကို မယားအဖြစ်နဲ့ လက်ထပ်ဝံ့ရင် ငါလည်း ပြောရဲတယ်!”
Advertisement
လဲ့ယ်ထျဲက သူ့မျက်လုံးထဲမှ အေးစက်သည့်အရိပ်ယောင်ကို ထိန်းထားပြီး လှည့်ကြည့်ကာ ကျန်းတရွှေအား အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အစ်ကိုကျန်း..ကျွန်တော် အရင်သွားတော့မယ်"
“ကောင်းပြီ၊ ကောင်းပြီ။”
ကျန်းတရွှေသည် သူနှင့် အခြားနှစ်ယောက်ကြား နောက်ထပ် အငြင်းပွားမှုဖြစ်မည်ကို စိုးရိမ်သဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
လဲ့ယ်ထျဲ၏နောက်ကျောမြင်ကွင်းသည် စိမ်းလန်းသည့်တောင်တန်း၏အနက်ရောင်အရိပ်ထဲသို့ ပျောက်ကွယ်သွားခါမှ စုန်ချန်းကျူက အေးစက်စွာပြောခဲ့သည်။ "ငါပြောတယ်။မင်း ဘာလုပ်နိုင်လဲကြည့်စမ်း!"
ကျန်းတရွှေနှင့် ယောင်တရှန်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခေါင်းကို ယမ်းလိုက်ကြသည်။မကြောက်ရင် လဲ့ယ်ထျဲရှေ့မှာ ဘာလို့ဒီလိုသွားမပြောတာလဲ?
ကျန်းတရွှေက သူ့လက်ဖြင့် လက်ပြကာ “သွား၊သွား..ဆက်သွားတော့”
ချင်မျန်ကတော့ သူ့ရဲ့သူရဲဘောကြောင်သည့်ခင်ပွန်းသည်တစ်ယောက် ဘာတွေဖြစ်သွားသည်ကို မသိဘဲ စောင်အောက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။တံခါးကိုတွန်းဖွင့်ခံလိုက်ရတဲ့အချိန်ထိ ဘယ်လောက်ကြာသွားမှန်းမသိချေ။
“လောင်တာ့ရဲ့ဇနီး..နင် အခုထိ မထသေးဘူးလား?ဝက်တွေနဲ့ နေလာတာကြာတော့ ဝက်ဖြစ်သွားပြီလား?"
ချင်မျန်က ရုတ်တရက်ထထိုင်ပြီး တုရှီကို အေးစက်စွာကြည့်လိုက်သည်။ဒီလူအိုမကြီးက စကားပြောတဲ့နေရာမှာ သိက္ခာမရှိဘူး၊ဒါက သူ့ကို ဆဲဆိုရုံတင်မကဘဲ သူ့ယောက်ျားရဲ့သားအကြီးဆုံးကိုလည်း ကျိန်ဆဲလိုက်တာပဲ။
"ဘာလဲ?နာခံမှုမရှိသေးဘူးလား?” တုရှီက သူ့အသံပိုကျယ်လာကာ "ထပ်ပြီး လှိမ့်မနေတော့နဲ့!"
ချင်မျန်က အသက်ပြင်းပြင်းရှူပြီး သူမကို ပြုံးပြလိုက်သည်။ “အမေ..ကျွန်တော် ထတော့မယ်။အမေက အလုပ်အရမ်းကြိုးစားထားတာပဲ။ကျွန်တော် ဒီနေ့မနက်စာပြင်ပေးပါ့မယ်"
တုရှီ၏မျက်နှာသည် အနည်းငယ် ပြေလျော့သွားသည်။ "မြန်မြန်လုပ်!"
ချင်မျန်က အဝတ်အစားလဲပြီးတာနဲ့ အပြင်ထွက်လာ၏။ကောင်းကင်ကြီးက တောက်ပနေရုံသာရှိပြီး အလွန်ဆုံးမှ ခြောက်နာရီထိုးခါနီးသာ ရှိဦးမည်။မျက်နှာကို ရိုးရိုးရှင်းရှင်းသာ ဆေးကြောလိုက်ပြီး မီးဖိုချောင်ထဲကိုဝင်ကာ တစ်ချက်လှည့်ပတ်ကြည့်လိုက်သည်။ကန်စွန်းဥအချို့၊ ဆောင်းရာသီခရမ်းသီးအချို့၊ငရုတ်သီးစိမ်းအချို့၊အာလူးသုံးလုံးလောက်နှင့် ဝါးခြင်းတောင်းထဲတွင် ကြက်ဥနှစ်လုံး ရှိနေသည်။
တုရှီက နောက်က လိုက်ဝင်လာသည်။ “မနက်စာအတွက် ခြင်းတောင်းထဲက အသီးအရွက်တွေကို ကြော်လိုက်ရုံပဲ။ငါ ဆန်လုံးညိုတွေကို ကောက်ပြီးပြီ၊ထမင်းဟင်းချက်တဲ့အခါ ကြက်ဥနှစ်လုံးကို ရေနွေးအိုးထဲထည့်ထားလိုက်။
ထို့နောက် သူမ ထွက်မသွားသေးဘဲ တံခါးအပေါက်ဝကနေ လှမ်းကြည့်နေသည်။
"ကျွန်တော် နားလည်ပါပြီ" သူ ထမင်းအများကြီးချက်လိုက်မှာကို သူမ ကြောက်နေမှန်း ချင်မျန်သိသည်။သူမကို မရှိသလိုသာ သဘောထားလိုက်ပြီး မီးမြန်မြန်ညှိကာ ထမင်းကို အရင်ချက်လိုက်သည်။တောင်သူလယ်သမားမိသားစုများ အားလုံးက အလုပ်ကြိုးစားကြသောကြောင့် မြို့သူမြို့သားတို့ကဲ့သို့ နံနက်စာကို ဟင်းရည် သို့မဟုတ် အရည်ကို မစားဘဲ နေ့လယ်စာနှင့် ညစာကဲ့သို့ အဓိက အစားအစာမျိုးကို စားကြသည်။မဟုတ်ပါက အလွယ်တကူ ဗိုက်ဆာလာလိမ့်မည်။
ဆန်တွေကို ထမင်းအိုးထဲသို့ ခိုးကြောင်ခိုးဝှက်ဖြင့် ထပ်မထည့်ကြောင်း တုရှီ မြင်တော့မှ သူမ ထွက်သွားတော့သည်။
ထမင်းအိုးပွက်ပွက်ဆူလာသောအခါ ချင်မျန်သည် အသီးအရွက်တွေကို ရေဆေးကာ စတင်လှီးဖြတ်တော့သည်။ထမင်းကျက်ပြီးနောက် ဆန်လုံးညိုကို ဇလုံတစ်ခုထဲတွင် ကန်စွန်းဥများနှင်အတူထည့်ကာ ပြုတ်ရန် အတွင်းအိုး၏ရေနွေးအပေါ်တွင် ထည့်ထားပြီး အသီးအရွက်ကြော်ရန်အတွက် အခြားဒယ်အိုးကို ရေဆေးကာ ကြော်လိုက်သည်။
ချင်းရှီက ရှားရှားပါးပါးလုပ်စရာ ဘာမှမရှိတာကြောင့် ထင်းလာကူထည့်ပေးဖို့ ရောက်လာခဲ့သည်။
ချင်မျန်က သူရှာနေသည့်အရာကို အတိအကျတွေ့ရှိခဲ့ပြီးပြီ။ဒယ်အိုး ရေခြောက်သွားသောအခါ ဇွန်းကြီးဖြင့် ဆီတစ်ဇွန်းကို ခပ်ယူပြီး လောင်းထည့်လိုက်သည်။ဆီအနံ့က အနံ့အရသာဖြင့် ပြည့်စုံ၏။
ချင်းရှီက သူ့ကိုတားဖို့ အရမ်းနောက်ကျသွားပြီ။ “အကြီးဆုံးမရီး ဆီသုံးတာ အရမ်းများသွားပြီ။အမေသာသိရင် သေချာပေါက် ကြိမ်းမောင်းလိမ့်မယ်"
ချင်မျန်က တည်ငြိမ်စွာပြောလိုက်သည်။ "ခရမ်းသီးတွေက ဆီစားတယ်၊ကြော်ဖို့အတွက်ဆို ဆီပိုလိုတယ်၊ပိုပြီးလည်း အရသာရှိတယ်"
ချင်းရှီသည် အပြစ်တင်ခံရမည့်သူက သူမမဟုတ်တာကြောင့် လျစ်လျူရှုခဲ့သည်။သူမက ပြုံးပြီး ချီးကျူးလိုက်၏။ “အရမ်း မွှေးတာပဲ။အကြီးဆုံးမရီးက အရမ်းကိုသတ္တိရှိတာလိုက်တာ။အနာဂတ်မှာသာ ချက်ပြုတ်ပေးမယ့်သူဖြစ်ရင် သိပ်ကောင်းမှာပဲ။"
ချင်မျန်က မယုတ်သာမလွန်သာ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
ထိုနည်းတူ ချင်မျန်သည် ခရမ်းသီးနှစ်ပန်းကန်၊အာလူးစိတ်နှစ်ပန်းကန်နှင့် ငရုတ်သီးစိမ်းနှစ်ပန်းကန်တို့ကို ကြော်လိုက်၏။ဟင်းသီးဟင်းရွက်တွေ ကြော်ပြီးတာနဲ့ ချက်ခြင်းလစ်ထွက်လာခဲ့သည်။
သူ ခပ်ဝေးဝေးသို့ လျှောက်နေချိန်မှာပဲ တုရှီ၏ ကျယ်လောင်သော ကြိမ်းမောင်းသံကို ကြားလိုက်ရသော်လည်း ဘယ်ဘက်နားထဲသို့ ဝင်ကာ ညာဘက်နားမှ ထွက်သွားသည်။ရွာထဲက လမ်းတလျှောက် ဖြည်းညှင်းစွာ လျှောက်လာခဲ့၏။
မဝေးတဝေးအကွာအဝေးမှ အရပ်ခပ်မြင့်မြင့်နှင့် မြန်လည်းမမြန်လွန်း နှေးလည်းမနှေးလွန်း လျှောက်လာသည့် ပုံရိပ်ကို သူ မြင်လိုက်ရတော့ လျင်မြန်စွာ လက်ဝှေ့ယမ်းပြလိုက်သည်။
ဒါက တကယ့်ကို သူ့ရဲ့ အဆောင်လက်ဖွဲ့လေးပဲ!
လဲ့ယ်ထျဲသည် အဝေးမှ ပိန်ပိန်သေးသေးပုံရိပ်လေးကို လှမ်းကြည့်ရင်း သူ့ရင်ထဲတွင် ထူးဆန်းသည့်ခံစားချက်တစ်ခု ခံစားလိုက်ရပြီး သူ့အရှိန်ကို မသိစိတ်အလိုရ အရှိန်မြှင့်လိုက်သည်။ ပထမဆုံးအနေနဲ့ တစ်စုံတစ်ယောက်က သူ ပြန်လာဖို့ စောင့်မျှော်နေခဲ့တာပဲ။
သူ အနားရောက်လာတော့ သူ့အသံကို ထူးဆန်းစွာ မကြားရတာကြောင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"
"ဘာမှမဟုတ်ပါဘူး။ကျွန်တော် ထမင်းပွဲပြင်ဆင်ပေးထားတာကို အမေက ကျွန်တော် ဆီအရမ်းထည့်ထားတယ်လို့ထင်နေတယ်” ချင်မျန်က ဒီဇာတ်လမ်းကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပြီး သူက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ကြောင်းကို ကြိုပြီး ငြင်းဆိုထားခဲ့သည်။
လဲ့ယ်ထျဲက ခေါင်းညိတ်ပြီး "ကိုယ် ပိုက်ဆံပိုရှာမယ်၊ဟင်းချက်တဲ့အခါ မင်းကို ဆီကြိုက်သလောက်ထည့်ခွင့်ပေးမယ်"
ချင်မျန်၏မျက်နှာသည် အနည်းငယ်ပူလာသောကြောင့် သူသည် စကားခေါင်းစဥ်ကို လွဲလိုက်၏။ “သားကောင်ကို ရောင်းပြီးပြီလား?ဘယ်လောက်ရခဲ့လဲ?"
လဲ့ယ်ထျဲက “ငွေစ၃တုံး နဲ့ ၂ပြား ”
ချင်မျန်က ဝါး ခနဲ အသံထွက်သွားသည်။ဤရှေးခေတ်တွင် ရွှေ ၁ တုံးသည် ငွေတုံး ၁၀ နှင့် ညီမျှကြောင်း၊ငွေ ၁ တုံးသည် ဒင်္ဂါးပြား ၁၀ ပြားနှင့် ညီမျှပြီး ၁ ပြားသည် ဝမ် ၁၀၀ နှင့် ညီမျှကြောင်း သူသိသည်။ ဒါပေမယ့် 1ဝမ်နဲ့ ပစ္စည်းဘယ်လောက်ဝယ်နိုင်တယ်ဆိုတာကိုတော့ သူအတိအကျမသိတာကြောင့် ငွေစ ၃တုံး နဲ့ ၂ပြားက နည်းမလား များမလား အတိအကျ သူမသိပေ။
သူတို့ အိမ်ပြန်ရောက်တော့ ဟင်းပွဲတွေ ချပြီးနေပြီ ဖြစ်သည်။
တုရှီသည် ချင်မျန်ကိုမြင်သည်နှင့်သူမက သူ့ကို ကြိမ်းမောင်းတော့မည်ဖြစ်သော်လည်း လဲ့ယ်ထျဲက "အမေ" ဟုအရင်ခေါ်ကာ ချင်မျန်ကို သူ့အမေနားကနေ ခေါ်ကာ စားပွဲမှာအရင်ထိုင်ခိုင်းလိုက်သည်။
လဲ့ယ်ထျဲ ပိုက်ဆံရလာတာကို တုရှီက သတိရသွားတော့ ဒေါသကို ထိန်းထားပြီး ချင်မျန်ကို ခဏလောက် လွှတ်ထားပေးလိုက်သည်။သူမက လဲ့ယ်ထျဲကို နူးညံ့ချိုသာစွာပြောလိုက်၏။ “လောင်တာ့ ပြန်ရောက်ပြီပေါ့။ဒီနေ့ ပေါက်ဈေးက ဘယ်လိုလဲ?"
"ကျွန်တော်နဲ့ရှောင်မျန်အတွက် အ၀တ်အစား ၂ စုံဝယ်ဖို့ လုံလောက်ပါတယ်။"
ချင်မျန်က တုရှီကို လျစ်လျူရှုခဲ့သည်။သူ့ပန်းကန်ကိုယူ၍ ခရမ်းသီးကြော်နှင့် အာလူးများကို ထည့်လိုက်သည်။အသီးအရွက်တွေချည်း ဆိုပေမယ့် တုရှီ ကြော်ထားတဲ့ ဟင်းသီးဟင်းရွက်တွေထက် အများကြီး ပိုအရသာရှိ ပိုကောင်းသည်။
လဲ့တာ့ချန်၊လဲ့ယ်ရှန်းရန် နဲ့ တခြားသူတွေက အဆီတွေအပြည့်နဲ့ ပါးစပ်ထဲမှာ မြိန်ရေရှက်ရေစားနေကြ၏။ပန်းကန်ထဲက အသီးအရွက်တွေ ပိုနည်းလာတာကို မြင်တော့ ချင်မျန်က လဲ့ယ်ထျဲရဲ့ ပန်းကန်လုံးထဲကို တချို့အား အမြန်ယူထည့်ပေးလိုက်သည်။“
လဲ့ယ်ထျဲက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ချင်မျန်ကလည်း ပြုံးပြီး ပြန်ကြည့်လာသည်။
တုရှီသည် လဲ့ယ်ထျဲ၏အဖြေကိုမကျေနပ်သဖြင့် ထပ်မေးလိုက်သည်။ "ငွေစ ၂တုံး ၃တုံးလောက်တော့ ရမှာပေါ့"
“၁ တုံး နဲ့ ၂၀၀ ဝမ်(၂ပြား)” ထို့နောက် လဲ့ယ်ထျဲက စကားမပြောတော့ဘဲ ခေါင်းငုံ့ကာ ထမင်းစားတော့သည်။
သူက အနည်းငယ်မျှပမာဏကိုပင် သူမထံ မလွှဲပေးတော့တာကြောင့် တုရှီ၏နှလုံးသားသည် အဆင်မပြေစပြုလာပြန်သည်။သူမ ပါးစပ်ကိုဖွင့်ခါနီးတွင် မီးဖိုချောင်ထဲမှ လဲ့ယ်ရှန်းရန်၏အသံက စီခနဲ ထွက်လာသည်။
"ဘာလို့ ထမင်းမကျန်တော့တာလဲ?"
လဲ့ယ်ရှန်းရီက "မင်း နှစ်ပန်းကန် စားပြီးပြီမဟုတ်ဘူးလား?"
တုရှီက သူ့အာရုံတွေကို စားသောက်သည့်နေရာကို ပြန်သွားလိုက်ပြီး စားပွဲကို ကြည့်လိုက်၏။ပန်းကန်သုံးပန်းကန်၏အောက်ခြေတွင် ဟင်းအနည်းငယ်သာကျန်တော့ပြီး သူမ၏ပန်းကန်ထဲတွင် ဟင်းသီးဟင်းရွက်အနည်းငယ်သာကျန်ရှိတော့သည်။ပြောစရာမလိုအောင် လဲ့ယ်ချွင်းထောင်က သူမကို ထည့်ပေးခဲ့လို့သာ။
တစ်ချိန်တည်းမှာပင် ဒေါသဖြင့်ရှူရှိုက်မိသော အသက်ရှုသံများက ရုတ်တရက် ရင်ဘတ်ထဲကနေ ထွက်လာပြီး သူမ၏ဦးနှောက်ဆီသို့ ပြေးဝင်လာသည်။သူမသည် တူကို ကောက်ကိုင်ကာ မြေပေါ်သို့ ပစ်ချလိုက်ပြီး ကျိုးရှီနှင့် ချင်းရှီတို့အား အော်ဟစ်လိုက်သည်။ “လူဆိုးအကြိုက်တွေစားပြီး ထောင်က လွတ်လာတာလား?ခွေးတွေတောင် နင်တို့အားလုံးလောက် ပြောင်အောင်မစားထားဘူး!"
ချင်းရှီက ဘာသံမှ မပြုဘဲ ပန်းကန်ထဲက ထမင်းကိုသာ အမြန်ပြောင်အောင် စားလိုက်သည်။
ကျိုးရှီက သူ့ကိုယ်သူ မကျေမနပ် ညည်းညူရင်း “ယောက်မလေးလည်း စားတာပဲကို.....”
"ဒုတိယမရီး!" လဲ့ယ်ချွင်းထောင်သည် မျက်နှာတွင် နီဆွေးနေလျက် ကျိုးရှီကို စိုက်ကြည့်နေသည်။
တုရှီ၏ဒေါသကြောင့် သူမကို တုန်လှုပ်သွားစေခဲ့သည်။
"တော်ပြီ!ထမင်းစားတာတောင် အေးအေးဆေးဆေး မစားနိုင်ဘူး!” လဲ့ယ်တာချန်က သူ့လက်ကို စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။ဘာကြောင့်လဲဆိုတာ ဘယ်သူသိမလဲ?သူ့မျက်နှာက နည်းနည်းနီနေတယ်။
တုရှီက လေးလံစွာထိုင်ချလိုက်ပြီး သူမ၏မျက်လုံးများက ချင်မျန်ဘက်သို့ပြောင်းသွားသည်။ရန်သူကိုကြည့်သလိုမျိုး မကျေမနပ်ဖြင့် အေးစက်စက်နှင့် ဒေါသတကြီး ကြည့်နေ၏။
ချင်မျန်သည် လဲ့ယ်ထျဲ၏နောက်ကွယ်တွင် ပုန်းနေပြီး ဆက်စားနေခဲ့သည်။
တုရှီသည် သူမ၏အမြင်အာရုံကို ပိတ်ဆို့နေသော လဲ့ယ်ထျဲကို ကြည့်လိုက်သည်။ "လောင်တာ့ မနက်ဖြန် မင်းမြို့ကိုသွားမှာလား?ဆီနှစ်ကျင်းလောက်ဝယ်လာခဲ့ပါလား?”
လဲ့ယ်ထျဲက "မသွားဘူး၊ကျွန်တော် လုပ်စရာရှိတယ်။"
ထမင်းစားပြီးနောက် ချင်မျန်က သူ့ဘက်က စကာ ပြောလိုက်သည်။ “အမေ..ကျွန်တော် ထင်းသွားခုတ်လိုက်မယ်”
တုရှီက ချက်ချင်းပဲ “နင် သွားခုတ်စရာမလိုဘူး။တစ်နေ့ကို ထင်းနှစ်ကျင်းတောင် မခုတ်နိုင်ဘူး။လောင်အာ့ဇနီးနှင့် လောင်စန်းဇနီးတို့ ထင်းသွားခုတ်လိမ့်မယ်။လောင်တာ့ရဲ့ဇနီးက ပန်းကန်နဲ့ အဝတ်အစားတွေ သွားလျှော်!”
ချင်မျန်က သူ့ကိုယ်သူ တိတ်တဆိတ် ဂုဏ်ပြုလိုက်သည်။
ရေတွင်းနားက အဝတ်တွေစုပုံနေတဲ့ အစုအပုံကြီးကို သူမြင်လိုက်ရမှ တုရှီကို သူ လျှော့တွက်ခဲ့မှန်း သူသိလိုက်ပြီ။တုရှီက သန့်ရှင်းတဲ့အဝတ်အစားတွေကိုတောင် လာပုံထားခဲ့တာလား?
“ချီးဇီ(မိန်းမ)...မြက်ရိတ်ဖို့ ကိုယ်နောက်လိုက်ခဲ့” လဲ့ယ်ထျဲက ချင်မျန်ကို ခေါ်ကာ ထွက်ခွာသွားသည်။
ချင်မျန်က သူအိမ်ခွဲနေလိုသောဆန္ဒကို ဆုံးဖြတ်ထားပြီးပြီဟု လက်ခံထားတာကြောင့် သူသည် တုရှီကို အာရုံစိုက်ရန် မလိုအပ်တော့ပေ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
Advertisement
- In Serial109 Chapters
Transcendence?
Author's Comment: I was asked about reading my work on other sites. The answer is simple: Currently I am not active in any other networks than royalroadl.com. Only here, I correct mistakes and errors. If you read it anywhere else and have to pay for it, or have to deal with an annoying amount of advertisement, You Are Being Betrayed. You would do good if you make other people in that network aware of it. This is a free project of mine for the purpose of having fun. And if people try to make money with it you shouldn't bother visiting their website. The only one whom I actually allowed to have my work on his website is Armaell who invested the time to compile them into pdf. (http://armaell-library.net/author/andur) ——————————————————————————————— Reading Order of the Multiverse-Books ——————————————————————————————— Transcendence? is a novel about reincarnation, love, hate and war. And everything else that's included. It follows the main characters, as they climb to the top of their society. And lose their humanity in the process to become something beyond human. It's settled in the same universe as Until death?. It can be seen as a prequel. But I plan for it to be a stand alone book. Nobody has to read Until death? in order to enjoy Transcendence?. There will be cool chapters, sad chapters, romantic chapters and funny chapters. Of course there will be boring chapters too. I believe that some explanation is necessary in every novel. Though I hope that there will be more funny chapters. How a chapter turns out always depends on my mood.
8 226 - In Serial32 Chapters
True World
What if you had the ability to learn anything and everything almost instantly? What if you were able to use those knowledge with perfection upon learning them? Hm? You would be able to become a genius? Maybe even become world famous? That's true. But let's broaden your horizon a bit. What if that ability grants you the power to """"conquer"""" a whole world? Nay, worlds, with a plural? A boy who was mysteriously shot and on the brink of death is granted a power far beyond that of a human. As he was about to die, a black box appears in front of him and asks him to choose between Life and Death. As he selects his fate, a piercing light envelops him... *Light gore/death scenes, a few mature languages. Status: Dropped
8 163 - In Serial32 Chapters
The Mage returns to being an Archer
In medievel time, a mage in a hero's party has expended all his mana to save the lives of his teammates when being pressed hard by the Demon Lord's army. Unable to utilize any spells, he is forcibly removed from the hero's party and is looked down upon as below a human being. Fortunately for the mage, he is not your average human, as he is a reincarnator from Earth. As he slowly recalls his former life's knowledge, he begin his new adventure with a new profession, an archer. Watch as our protagonist sets out on to reclaim his lost honour and prove himself once again against the Demon Lord army, to aid humanity again in its darkest hour.
8 228 - In Serial14 Chapters
Dragon Arts
Abandon as a child, raised by dragons. Lee will have to show the world that the weak can become the strong. Can Lee bring hope to the weak, or will he let the strong continue to devour them. Follow Lee as he continue to rise in power and overcome the impossible.
8 125 - In Serial42 Chapters
Torment and Lies (New Danganronpa V3 x OC)
!!!NOT A READER INSERT!!!A young girl finds herself trapped in a killing game where only two can remain. It's survival of the fittest where strong bonds can be made or broken. __________________ Disclaimer: This book is going to contain spoilers for all of NDRV3. Continue at your own risk. Ndrv3 belongs to Kodaka Ichika belongs to me
8 168 - In Serial15 Chapters
The Bookworm {Jasper X Reader}
~1st under the #JasperSU tag ~2nd under the #JasperxReader tag When Jasper finaly agreed to join the Crystal Gems, Steven and the others thought it will be best for her to stay with you, in your home. One day, Jasper finds out about your hobby and wants to learn more.The little reading session of yours escalates and then you're left with a burning question if the person you love really loves you back.
8 130

