《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[13]
Advertisement
[Unicode]
ထို့နောက် လဲ့ယ်တာချန်က “လောင်တာ့...ငါသဘောမတူဘူး။ဒီထက် ပိုကောင်းအောင် မတွေးတတ်တော့ဘူးလား?တကယ်ထွက်သွားခဲ့ရင်ရော ဘယ်မှာနေကြမှာလဲ?တောအုပ်ထဲမှာလား? တော်ပြီ...ဒီအကြောင်းကို ဆက်မပြောနဲ့တော့!"
အဲဒါနဲ့ပဲ သူ ထွက်သွားရန် ထလိုက်သည်။
လဲ့ယ်ထျဲက သူ့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး သာမန်ကာလျှံကာ ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ကျွန်တော် ထွက်သွားခဲ့တယ်။နောက်ဆယ်နှစ်ကြာသွားတော့လည်း ကျွန်တော် ထပ်ပြီး ထွက်မသွားနိုင်ဘူးလို့ ထင်နေတာလား?”
လဲ့ယ်တာချန်၏မျက်နှာသည် အတော်လေး ပြောင်းလဲသွားပြီး သူ့ဘေးတွင် ချထားသည့် လက်တွေပင် အနည်းငယ်တုန်သွားသည်။
"မင်း!"
"လောင်တာ့!"
တုရှီသည် သူမ၏ဒေါသကို မထိန်းနိုင်တော့ပေ။
"နင့်အဖေကို အလေးအနက်မထားတာလား?ဟမ်?ဒါသားသမီးတာဝန် မကျေပွန်တာပဲ!"
လဲ့ယ်ထျဲက သူမကို ကြည့်ပြီး ပြောလိုက်သည်။ “ကျွန်တော်က သားသမီးဝတ္တရားမကျေပွန်ဘူးပေါ့;
ကျွန်တော် အရိုက်ခံအဆဲခံရတုန်းက အမေ့ကို ကျွန်တော် ပြန်ခံမလုပ်ခဲ့ဘူး။ကျွန်တော်က သားသမီးဝတ္တရားမကျေပွန်ဘူး;ကျွန်တော်ကို ဝက်ခြံဘေးမှာ နေခိုင်းခဲ့တယ်။ကျွန်တော် ကန့်ကွက်တာတွေ မရှိခဲ့ဘူး။ကျွန်တော်က သားသမီးဝတ္တရားမကျေပွန်ဘူး;ဗေဒင်ဆရာတစ်ယောက်ဆီက စကားတစ်ခွန်းကြောင့်နဲ့ ယောက်ျားတစ်ယောက်ကို လက်ထပ်ခဲ့ရတယ်"
သူက လဲ့ယ်တာချန်ကို တစ်ဖန်ပြန်ကြည့်ကာ "ကျွန်တော် မေးချင်နေခဲ့တာကြာပြီ၊ကျွန်တော်က အဖေ့ရဲ့သားအရင်းလား?"
ဒါကိုကြားရတာ အပြင်လူတစ်ယောက်အနေနဲ့ ချင်မျန်တောင်မှ လဲ့ယ်ထျဲကို သနားပြီးကိုယ်ချင်းစာမိသည်။
လဲ့ယ်တာ့ချန်က ပါးစပ်ဟလိုက်သော်လည်း စကားပြန်မပြောနိုင်ပေ။သူသည် လဲ့ယ်ထျဲ၏မျက်လုံးတွေကိုပင် မကြည့်ဝံ့။
လဲ့ယ်ချွင်းထောင်၏မျက်လုံးများက နီရဲလာပြီး သူမ မထိန်းနိုင်ဘဲ ငိုကြွေးမိ၏။
“အဖေ!အမေ!သဘောတူပေးလိုက်ပါ။အကိုကြီးက သမီးတို့အပေါ်မှာ အကြွေးမတင်ထားဘူးလေ!"
တုရှီက ဒေါသတကြီးနဲ့ “ပါးစပ်ပိတ်ထားစမ်း။နင်က ငါ့ဘက်မှာ နေမယ့်အစား အပြင်လူဘက်မှာ ရပ်တည်တယ်ပေါ့!"
လဲ့ယ်ရှန်းကျစ်က တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး နူးညံ့သောအသံဖြင့် “အဖေ..အကိုကြီးတို့ကို ထွက်သွားခွင့်ပေးလိုက်ပါ။အိမ်ခွဲနေရင်တောင်မှ ကျွန်တော်တို့က မိသားစုတွေပဲလေ”
ပြောရရင် လဲ့ယ်ရှန်းရီ,လဲ့ယ်ရှန်းလီနှင့် လဲ့ယ်ရှန်းကျစ်တို့၏ဆက်ဆံရေးသည် သာယာခဲ့သည်။လဲ့ယ်ရှန်းရန်ကတော့ ချွင်းချက်ပင်။သို့သော် အကြောင်းအရင်းမှာ သူသည် တုရှီ၏ပထမဦးဆုံးသားဖြစ်ခြင်းကြောင့်ပင်။ယခုနှင့်ယှဥ်လျှင် ငယ်ငယ်တုန်းကတော့ တုရှီရဲ့ လဲ့ယ်ထျဲအပေါ် ပတ်သတ်တဲ့သဘောထားက တော်တော်လေး ကွာခြားသည်။လဲ့ယ်ထျဲအပေါ် တုရှီ၏သဘောထားက သူ့ကို အတိုင်းအတာတစ်ခုအထိ စိတ်ထိခိုက်စေခဲ့သောကြောင့် လဲ့ယ်ထျဲကို လုံးဝမကြိုက်ပေ။ဤကိစ္စနှင့်စပ်လျဉ်း၍ ထိုအချိန်က လဲ့ယ်ထျဲအား ထွက်ခွာသွားစေရန် သဘောတူခဲ့သည်။ထိုအချိန်က အသက်ငါးနှစ်သာရှိသေးသော လဲ့ယ်ရှန်းကျစ်အတွက်ကတော့ သူဘာနားလည်နိုင်မည်နည်း။နောက်ပိုင်းတွင် သူ ပညာတတ်လာတာကြောင့် ညီအစ်ကိုကောင်းများကြားတွင် ချစ်ခြင်းမေတ္တာနှင့် ရိုသေမှုကိုပြသင့်သည့်နိယာမကို နားလည်လာသည်။လဲ့ယ်ထျဲနှင့် သူကြားက ဆက်ဆံရေးသည် နက်နဲသည်ဟု မယူဆနိုင်သော်လည်း သူ့ကို အနိုင်ကျင့်စော်ကားလိုစိတ်လည်း မရှိခဲ့။
"သားငယ်?" တုရှီသည် လဲ့ယ်ရှန်းကျစ်ကို မယုံနိုင်စွာ ကြည့်နေသော်လည်း သူ့ကို စကားတစ်ခွန်းမှ မပြောနိုင်ပေ။
လဲ့ယ်တာ့ချန်သည် သူ့ထိုင်ခုံပေါ်သို့ အားပျော့စွာ လဲကျသွားပြီး “ကောင်းပြီ။ ထွက်သွားချင်ရင် ထွက်သွား။”
"အဘိုးကြီး!" တုရှီက သူ့ကို စိုက်ကြည့်နေ၏။
လဲ့ယ်တာ့ချန်က သူမကို လျစ်လျူရှုခဲ့သည်။
လဲ့ယ်တာချန်က သူ့စိတ်ထဲက ဆုံးဖြတ်ချက်ချလိုက်ပြီးပြီ ဖြစ်တာကြောင့် တုရှီမှာ ရွေးချယ်စရာမရှိတော့သော်လည်း ဖိအားပေးကာ ပြောလိုက်သေးသည်။
“နင်ထွက်သွားချင်ရင် ထွက်သွားလို့ရတယ်။ဒါပေမဲ့ ဒီအိမ်ထဲကနေ ဘာပစ္စည်းမှ ယူသွားလို့မရဘူး"
လဲ့ယ်ရှန်းကျစ် နှင့် လဲ့ယ်ချွင်းထောင်က မျက်မှောင်ကြုတ်လိုက်သည်။လဲ့ယ်ထျဲက လဲ့ယ်တာချန်ကိုသာ ကြည့်နေလိုက်သည်။
လဲ့ယ်တာချန်က သက်ပြင်းချလိုက်ပြီး “လောင်တာ့..မင်းလည်း အိမ်က အခြေအနေကိုသိတာပဲ။အိမ်မှာ မင်းကို ခွဲဝေပေးစရာ အပိုပစ္စည်း မရှိတော့ဘူး။မင်းထွက်သွားဖို့ အလျင်လိုရင်တော့ အရင်နေထိုင်ဖို့ မင်းရဲ့ညီတွေနဲ့ငါ သက်ကယ်အိမ်လေးဆောက်ပေးမယ်။လယ်ယာမြေတွေ အားလုံးစုပေါင်းကြည့်ရင်တော့ တချို့လောက်ပဲရှိတယ်။စတုတ္ထမြောက်သားနဲ့ ပဉ္စမမြောက်သားလက်ထပ်သွားရင် လူတွေပိုများလာမှာကြောင့် လယ်တစ်မူနဲ့ အရိုင်းမြေတစ်မူကိုပဲ ပေးနိုင်မယ်။ ပိုက်ဆံအနေနဲ့ ဆိုရင်တော့....”
ကျိုးရှီ,ချင်းရှီ,လဲ့ယ်ရှန်းရန် နှင့် လဲ့ယ်ရှန်းရီတို့ နားစွင့်နေကြသည်။
တုရှီက လဲ့ယ်တာ့ချန်ကို နှောက်ယှက်လိုက်ပြီး စိတ်လှုပ်ရှားမှုမရှိစေဘဲ ပြောလိုက်သည်။ “အဘိုးကြီး...ရှင် ရောထွေးနေပြီလား?အိမ်မှာ ဘာပိုက်ဆံမှမရှိဘူးလေ”
လဲ့ယ်တာချန်က ပြောလိုက်သည်။ "မင်း ငါ့ကို အစတုန်းက ငွေတုံး ၂၀ ပေးခဲ့ပေမယ့် ဒီအချိန်အတွင်းမှာ ငါပိုက်ဆံနည်းနည်းသုံးထားခဲ့တယ်။အခုလက်ရှိ လက်ထဲမှာ ငွေတုံး ၁၀ စ ကျန်သေးတယ်။ငါ မင်းကို ငွေ ၂ စပေးမယ်။"
ချင်မျန်က သူ့စိတ်ထဲကနေ လှောင်ရယ်နေမိသည်။မနက်ခင်းတုန်းက ကျိုးရှီ ငါးသွားဝယ်တော့ တုရှီက ဘယ်လောက်ကျလဲလို့ မေးတဲ့အချိန် ၁၁ဝမ် ဆိုတဲ့ ကျိုးရှီရဲ့အဖြေကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ် - ဒီငါးက တစ်ကျင်းကို ၅ ဝမ်ခန့်ရှိမယ်။ဒါကြောင့် ငွေတုံး ၂၀ ဆိုတာက အနည်းငယ်မဟုတ်။သူနဲ့ လဲ့ယ်ထျဲတို့ မင်္ဂလာဆောင်တုန်းက အခမ်းအနားလည်း မလုပ်ခဲ့ကြတဲ့အပြင် ဒီတစ်လအတော်အတွင်းမှာလည်း လဲ့ယ်မိသားစုထဲမှာ တခြားဘာအကြောင်းထူးမှ ဖြစ်မလာဘူးဆိုတော့ ငွေတုံး ၁၀ က ဘယ်ရောက်သွားတာလဲ?အထူးသဖြင့် တုရှီလိုမျိုး သေးသိမ်ပြီးကပ်စေးနှဲကော်တရာက ချုပ်ကိုင်ထားတဲ့ ဒီလဲ့ယ်မိသားစုမှာ စုဆောင်းငွေ လုံးဝမရှိဘူးဆိုတာ မယုံနိုင်ဘူး။
Advertisement
ဒါကိုတောင်မှ လဲ့ယ်တာချန်က သူ့သားအရင်းကို တွက်ပြနေသေးသည်။လူရှေ့သူရှေ့တွင် ချင်မျန်သည် လဲ့ယ်ထျဲ၏ပုခုံးပေါ်ကို ထိနိုင်လို့မရနိုင်သဖြင့် နှစ်သိမ့်ပေးရန် စားပွဲအောက်ရှိ လဲ့ယ်ထျဲ၏ပေါင်ကိုသာ ပုတ်လိုက်သည်။
လဲ့ယ်ထျဲ၏မျက်နှာသည် ခါတိုင်းလိုသာ ရှိနေပြီး သူ့စိတ်နေစိတ်ထားကို နားမလည်နိုင်ဖြစ်ရသည်။
လဲ့ယ်တာ့ချန်သည် သူ့မျက်နှာကို သုတ်လိုက်ကာ သူ့မျက်နှာပေါ်ကနေ အရှက်တရားတွေကို ဖယ်သုတ်ပစ်ချင်နေပုံရသည်။ “အိမ်သုံးကိရိယာတွေကအစ ဝက်နှစ်ကောင်အပြင် အပိုမရှိဘူး။နဂိုကကတည်းက တစ်ကောင်ကိုလည်း နှစ်သစ်ကူးအတွက် သတ်တော့မှာဆိုတော့ အချိန်တန်ရင် အဲဒီအတွက် ပေးမယ်။မင်း ဘယ်လိုထင်လဲ?"
လဲ့ယ်ထျဲက မေးလိုက်သည်။ “အိမ်က ဘယ်မှာဆောက်မှာလဲ?”
“အင်း...” လဲ့ယ်တာချန်က စကားအနည်းငယ်သာ ထွက်လာပြီး “အိမ်မှာ အပိုမြေမရှိဘူး ပြီးတော့လည်း မင်းအတွက် မြေဝယ်ပေးဖို့လည်း အပိုငွေမရှိဘူး...”
တုရှီက ရယ်သံထွက်လာပြီး ဖြည်းညှင်းစွာပြောသည် - "လောင်တာ့..အစတုန်းက မင်း တစ်ခါတည်းနဲ့ ငွေတုံး ၂၀ ပေးလိုက်တာလေ။မင်းအတွက် မချန်ထားဘူးဆိုတာ မယုံဘူး။"
အစ်ကိုကြီးက အဖေကိုပေးခဲ့တဲ့ငွေ ၂၀ ကို ပြန်ပေးရတာကိုမှ မှားတယ်လို့ မပြောပါနဲ့လား။လဲ့ယ်ချွင်းထောင်မှာ ရှက်လွန်းလို့ စားပွဲအောက်ကို ဆင်းပုန်းလုနီးပါးဖြစ်သွားသည်။
လဲ့ယ်ရှန်းကျစ်က မျက်နှာပူလွန်းလို့ တုရှီကို မျက်မှောင်ကြုတ်ကြည့်ရင်း "အမေ့၊ စကားကို နည်းနည်းလောက်ထိန်းပြောပေးပါ"
လဲ့ယ်ထျဲက ထရပ်လိုက်သည်။ "ကျွန်တော် လီကျန်းကို သွားဖိတ်လိုက်မယ်။"
လဲ့ယ်ရှန်းကျစ်က ချက်ခြင်းထပြောလိုက်သည်။ "အကိုကြီး၊ကျွန်တော် သွားလိုက်မယ်။"
လဲ့ယ်ထျဲက ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးပဲ။"
လဲ့ယ်ရှန်းကျစ်က လီကျန်းကို သွားရောက်ဖိတ်ကြားနေချိန်တွင် ပင်မခန်းဆောင်ထဲတွင် မည်သူမျှ စကားမပြောခဲ့ကြပေ။ကလေးသုံးယောက်ကို အခန်းထဲမှာ ကြိုပြီး ဆော့ခိုင်းနှင့်လိုက်၏။ တိတ်ဆိတ်မှုသည် ဤလူများ၏ဦးခေါင်းပေါ်မှ မှောင်မိုက်နေသည့် တိမ်တိုက်မည်းတစ်ခုလိုဖြစ်နေပြီး ခန်းမတွင်းရှိ လေထုသည် အလွန်စိတ်ပျက်ဖွယ်ကောင်းနေသည်။
လူအားလုံးထဲမှ လဲ့ယ်ထျဲနှင့် ချင်မျန်တို့သာ ငြိမ်သက်နေကြသည်။လဲယ်ထျဲ၏မျက်လုံးများက တည်ငြိမ်နေပြီး ငြိမ်သက်နေတာကြောင့် သူ့စိတ်အတွင်းထဲမှ ခံစားချက်တစ်စွန်းတစ်စခြေရာများကိုပင် မည်သူမျှ မခန့်မှန်းနိုင်ပေ။စိတ်လှုပ်ရှားတစ်လှည့် ပျော်ရွှင်မှုများတစ်လှည့်ဖြင့် ထိန်းချုပ်ခံထားရသည့်
ချင်မျန်ကတော့ မကြာခဏဆိုသလို ထုတ်ဖော်မပြဘဲ တံခါးပေါက်ကိုသာ လှမ်းကြည့်နေတတ်သည်။
မကြာခင်မှာပဲ လဲ့ယ်ရှန်းကျစ်က လီကျန်းကို သူနဲ့အတူ ခေါ်လာခဲ့၏။
အလုပ်ကြိုးစားသည့်လယ်သမားမိသားစုများသည် လယ်ယာလုပ်ငန်းခွင်တွင် အဆင်ပြေစေရန်အတွက် အခြေခံအားဖြင့်လောက်သာ ၀တ်ဆင်ထားသော်လည်း လီကျန်းကတော့ အတွင်းဘက်တွင် မီးခိုးရောင်နှင့် အပြင်ဘက်တွင် ပါးလွှာသည့် အနက်ရောင်ချည်သားအင်္ကျီကို ၀တ်ဆင်ထားသည်။ချည်အင်္ကျီမှာ ရွှေချည်ဖြင့် ထိုးရက်ထားပြီး မြင့်မြတ်သည့်ဇာတ်ကောင်အသွင်မျိုးဖြင့် ခြယ်ထားသည်။သူသည် အရှိန်အဟုန်တစ်ခုဖြင့် မှန်မှန်လျှောက်လှမ်းလာ၏။သူသည် အသက်ငါးဆယ်ကျော်အရွယ်ရှိကာ ကျန်းမာသန်စွမ်းနေပြီး ပျူငှာတတ်သည့် အသွင်မျိုးဖြင့် သူ့မျက်လုံးထဲတွင်လည်း တလက်လက်တောက်ပနေသည့် ပါးနပ်သည့်အရိပ်အယောင်မျိုးလည်း ထင်ဟပ်နေ၏။
လဲ့ယ်တာချန် နှင့် အခြားလူများက သူ့ကို နှုတ်ဆက်ရန် ထလိုက်သည်။
"လီကျန်း...မင်း ဒီကိုရောက်လာဖို့ ငါတို့ အ နှောင့်ယှက်ပေးမိပြီပဲ" လဲ့ယ်တာချန်က တောင်းပန်သည့်မျက်နှာထားဖြင့် ယဉ်ကျေးစွာပြောသည်။
လဲ့ယ်ထျဲက လီကျန်းကို လက်နှစ်ဖက်ဖြင့် အရိုအသေပြုလိုက်သည်။
လီကျန်းက ခေါင်းညိတ်ပြပြီး ခန်းမထဲက လူတွေကို ကြည့်လိုက်သည်။သူ့မျက်လုံးတွေက လဲ့ယ်ထျဲအပေါ်တွင် ခဏလောက်ကြာအောင် စိုက်ကြည့်ရင်း “အစ်ကိုလဲ့ယ်က ဒီလောက်လေးလေးနက်နက်ပြောနေတာပဲ နည်းနည်းလေး အားထုတ်ပေးရုံနဲ့ ဘာမှမဖြစ်ပါဘူး။မိသားစုပိုင်ဆိုင်မှုကို ဘယ်လိုခွဲဝေရမလဲဆိုတာ ဆွေးနွေးပြီးပြီဆိုရင်တော့ ကျွန်တော်ရေးထားပေးပါ့မယ်။”
လဲ့ယ်ရှန်းကျစ်သည် သူ့အခန်းသို့သွားကာ စာပေပညာရှင်တစ်ယောက်၏ရတနာလေးပါးကို ထုတ်ယူလာခဲ့သည်။လဲ့ယ်ချွင်းထောင်ကလည်း အလွန်ပါးနပ်၏။သူမက စားပွဲကို အမြန်သန့်ရှင်းလိုက်သည်။
"လီကျန်းကို ဒုက္ခပေးရတော့မယ်။ကျေးဇူးပြုပြီး ဒီကိုကြွပါ။" လဲ့ယ်ထျဲက သူ့လက်ကို မြှောက်လိုက်ပြီး လီကျန်းကို စားပွဲဆီသို့ ခေါ်သွားသည်။
လီကျန်းက သူ့ကိုယ်သူ တိတ်တဆိတ် ခေါင်းညိတ်ပြသည်။လဲ့ယ်မိသားစု၏အကြီးဆုံးသားရဲ့အသွင်အပြင်မှာ ကြောက်စရာကောင်းသော်လည်း တည်ငြိမ်စွာ ပြုမူတတ်ကာ ကျင့်ဝတ်ကိုသိသည်။သူက သာမန်လူများထက် များစွာသာလွန်တယ်။ဒါပေမယ့် ကံမကောင်းရှာဘူး။
လဲ့ယ်တာချန်က အနည်းငယ် စိတ်မသက်မသာဖြစ်သလို ခံစားရသော်လည်း ဘာကြောင့်မှန်းရယ် မသိ။တကယ်တော့ ဒါဟာ သူ့ရဲ့ ခံစားချက်ဖြစ်တည်မှု အားနည်းသွားလို့ ဖြစ်ခဲ့ပေမဲ့ သူ သတိမထားမိခဲ့ပေ။သူက ခြေလှမ်းအနည်းငယ်လှမ်းပြီး လီကျန်းဘေးတွင်ထိုင်ကာ ချောင်းတစ်ချက်ဆိုးလိုက်၍ စပြောလိုက်သည်။
“လီကျန်း..ငါတို့မိသားစုရဲ့ပိုင်ဆိုင်မှု ခွဲဝေးပေးမယ့်အကြောင်း ဆွေးနွေးပြီးပြီ။မှတ်ပေးဖို့ အနှောင့်အယှက်ပေးရတော့မှာပဲ။လဲ့ယ်ထျဲကို ခွဲပေးမှာတွေက လယ်ယာစပါးခင်းတစ်မူနဲ့ အရိုင်းမြေတစ်မူ ပေးဖို့ ဆုံးဖြတ်ထားတယ်....."
ချင်မျန်သည် ရှေးခေတ်တရုတ်စကားလုံးတွေကိုကြည့်ရန် ကိုယ်ကိုစောင်းလိုက်သည်။သူသည် ယင်းတို့ကို အခြေခံအားဖြင့် နားလည်နိုင်သည်။
လီကျန်းက ဖတ်ပြလိုက်၏။"ယနေ့ လဲ့ယ်တာချန်၏သားအကြီးဆုံး လဲ့ယ်ထျဲသည် ငြိမ်းချမ်းစွာဖြင့် အိမ်ခွဲနေထိုင်ရန်အတွက် အိမ်ထောင်ဦးစီးလဲ့ယ်တာချန်က မိသားစုပိုင်ဆိုင်မှုများကို ခွဲဝေပေးပြီး လဲ့ယ်ထျဲကို ပေးအပ်ခဲ့သည်။ပိုင်ဆိုင်မှုတွေကတော့....."
ချင်မျန်က ခေါင်းညိတ်သည်။၎င်းသည် မိသားစုပိုင်ဆိုင်မှုခွဲဝေခြင်းဆိုင်ရာ စာရွက်စာတမ်းဖြစ်သောကြောင့် နောင်အခါ အငြင်းပွားမှုများရှိလာပါက စာချုပ်ပါ တစ်ဖက် A နှင့် တစ်ဖက် B ကဲ့သို့ နှစ်ဖက်လုံး၏အထောက်အထားများကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းသာ ဖြစ်သည်။
လီကျန်းသည် လဲ့ယ်တာချန်၏စကားကို နားထောင်ပြီးနောက် ခေါင်းမယမ်းဘဲ မနေနိုင်ပေ။လဲ့ယ်တာချန်က သူ့သားအကြီးဆုံးကို သူ့သားအရင်းလို မဆက်ဆံဘူးပဲ။တစ်ရွာလုံးတွင် ရှိသည့် လဲ့ယ်မိသားစုရဲ့ ပိုင်ဆိုင်မှုမှာ လယ် ၁၂ မူးနှင့် အရိုင်းမြေ ၈ မူးရှိကြောင်း တစ်ရွာလုံး မသိသူမရှိပေ။ညီအကိုတွေ တန်းတူဝေစုတွေရခဲ့ရင်တောင် လဲ့ယ်ထျဲက လယ် ၂မူး ဝေစုလောက်ကိုပင် မရသင့်ဘူး။ထို့အပြင် လဲ့ယ်ထျဲတွင် အိမ်ဆောက်ရန် အိမ်မြေနေရာမရှိပေ။အိမ်ထောင်ရေးပြိုကွဲလိုက်တာကလွဲရင် ဘာနည်းလမ်းမှ မကျန်တော့ဘူးလို့ ပြောလို့ရပါတယ်။ဒါပေမယ့် နှစ်ဖက်သဘောတူပြီးကတည်းက သူ့မှာ ဝင်စွက်ဖက်ပိုင်ခွင့် မရှိပေ။လဲ့ယ်ထျဲက ကန့်ကွက်စရာမရှိကြောင်း ရေးချလိုက်သည်။
Advertisement
လဲ့ယ်တာချန်လည်း ရေးပြီးသွားသောအခါတွင် သူသည် တစ်စုံတစ်ရာကို မလွဲမသွေစဉ်းစားနေလိုက်ပြီးနောက် "ရပါပြီ" ဟု ပြောလိုက်သည်။
လဲ့ယ်တာချန်အနားမှာ ရပ်နေတဲ့ တုရှီက အလျင်ဖြတ် ပြောလိုက်သည်။ “မိသားစုကနေ မခွဲရသေးတုန်းက ရထားခဲ့တဲ့ လောင်တာ့ဇနီးရဲ့ပိုက်ဆံတွေကို ကျွန်မဆီ လွှဲပေးပြီးမှ သူ့ရဲ့ဝေစုအပိုင်းကို ပြန်မခွဲပေးသင့်ဘူးလား?”
"အမေ!" လဲ့ယ်ရှန်းကျစ်က အရှက်ရမိသွားသည်။ “ဒီအတိုင်း ထားလိုက်ပါတော့,အခုချိန်မှာ အစ်ကိုကြီးမှာ ပိုက်ဆံမရှိဘူးလေ,သူ့မှာရှိရင်တောင် အဲဒါ သူ့ဟာပဲ”
"ဒါက မင်း ကိစ္စမဟုတ်ဘူး!" တုရှီက သူ့ကို စိုက်ကြည့်လျက် လဲ့ယ်တာချန်ကို တိုက်တွန်းလိုက်သည်။ "အဘိုးကြီး"
လဲ့ယ်တာချန်သည် လူတိုင်း၏မျက်လုံးများက သူ့ကို ဓားဖြင့်ထိုးနေသည်ဟု ခံစားလိုက်ရသည်။သူက ပြောလိုက်၏။ “ပဉ္စမမြောက်သားပြောတာမှန်တယ်။မိသားစုနဲ့ ခွဲနေပြီးရင် ယောက်ျားတွေက ဆုံးဖြတ်ပြီး မင်းတို့မိန်းမတွေက ပါးစပ်ပိတ်ထားသင့်တယ်!” သူက တုရှီကို ဒေါသတကြီးဖြင့် တစ်ချက်စိုက်ကြည့်လိုက်သည်။
သူ ဒေါသထွက်နေတာကို မြင်တော့ တုရှီက ကြောက်ရွံ့လာပြီး ဘာမှ ထပ်မပြောတော့ပေ။
လဲ့ယ်ထျဲက သူ့တို့ကို အနည်းငယ်မျှပင် စိတ်ဝင်စားခြင်းအလျင်းမရှိဘဲ လေသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ထပ်ဖြည့်ရေးပေးပါ။ဒီနေ့ကနေစပြီး နောက်နှစ်လအထိ ကျွန်တော်တို့လင်ယောကျ်ားနှစ်ယောက် ဟင်းရွက်ခင်းထဲကနေ ဟင်းသီးဟင်းရွက်တွေ ယူလို့ရတယ်ဆိုတဲ့ အကြောင်း။"
တုရှီ၏မျက်လုံးများ ပြူးထွက်ကာ စကားပြောချင်လိုစိတ်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။
လီကျန်းက ဒါကိုမြင်ပေမယ့် မမြင်သလိုပဲ နေလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်။ မင်းတို့နှစ်ယောက်ကို ဟင်းရွက်ခင်းကို ခွဲမပေးရသေးဘူး။ဟင်းရွက်ခင်းထဲက ဟင်းသီးဟင်းရွက်တွေကို ခူးခွင့်ပေးတာ ပိုကောင်းတယ်” သူက လဲ့ယ်တာချန်ကို ပြုံးပြလိုက်သည်။လဲ့ယ်တာချန်က ဒါကိုတောင် လက်မခံနိုင်ရင် နောင်အနာဂတ်မှာ သူ ဒီလိုလူနဲ့ ဝေးဝေးနေသင့်နေပြီ။
လဲ့ယ်တာချန်က မျက်နှာပူလာပြီး “သဘာဝကျပါတယ်..သဘာဝကျပါတယ်။ငါ အသက်ကြီးနေပြီပဲ၊ငါ မှတ်ဉာဏ်မကောင်းတော့ဘူး၊ဒီ့အတွက် ပြောဖို့ မေ့သွားတယ်။"
"နောက်ထပ် ဘာထပ်ပေးရမလဲ?" လီကျန်း၏စကားများက နှစ်ဖက်စလုံးကို မေးနေပုံရသော်လည်း သူ့မျက်လုံးများက လဲ့ယ်ထျဲကိုသာ ကြည့်နေသည်။
ချင်မျန်က လဲ့ယ်ထျဲရဲ့လက်ကိုဆွဲလိုက်ပြီး ပြောလိုက်သည်။ “မိသားစုနဲ့ခွဲနေပေမယ့် ဆွေမျိုးရင်းတွေပါပဲ။ဒါပေမယ့် ဒါက မိသားစုနှစ်စုပဲလေ။
ထျဲကော...အိမ်မှုကိစ္စနဲ့ငွေကြေးအပါအဝင် နှစ်ဖက်စလုံးရဲ့မိသားစုရေးရာကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခွင့်မပြုကြောင်း ထပ်ဖြည့်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ထျဲကောရော ဘယ်လိုထင်လဲ?"
လဲ့ယ်ထျဲက ခေါင်းညိတ်ပြပြီး သူ့စိတ်ထဲမှာတော့ "ထျဲကော"ဟူသည့် စကားလုံးကိုသာ တွေးနေမိသည်။
တုရှီက ချက်ချင်းထအော်လိုက်ပြီး “လောင်တာ့....မိသားစုကနေ ခွဲထွက်သွားရင်တောင် မင်းရဲ့ညီအကိုမောင်နှမတွေအတွက် မင်းမှာ တာဝန်မရှိဘူးလို့ မထင်နဲ့။စတုတ္ထ၊ပဉ္စမနှင့် အငယ်ဆုံးတို့ရဲ့ အိမ်ထောင်ရေးအတွက် ပံ့ပိုးပေးရမှာပဲ။ပြီးရင် ပဥမမြောက်ရဲ့ စာပေလေ့လာမှုအတွက် ပေးချေပေးရမယ်!မဟုတ်ရင် အိမ်ခွဲနေတာကို သဘောမတူဘူး!"
လဲ့ယ်ထျဲက “စတုတ္ထမြောက်ဖြစ်ဖြစ် ပဉ္စမမြောက်ညီမငယ်ပဲဖြစ်ဖြစ် အိမ်ထောင်ကျရင် အဖေက လက်ဖွဲ့ငွေအဖြစ် ငွေငါးစပေးရင် ကျွန်တော် တစ်စပေးမယ်။အဖေတို့မိသားစုမှာ အလုပ်သမားအင်အား ပိုများပြီး ကျွန်တော့်မိသားစုမှာ လုပ်သားအင်အားနည်းတဲ့အတွက် တရားမျှတတယ်။အဖေ..ကျွန်တော်ပြောတာက အဓိပ္ပာယ်ရှိတယ်ထင်လား?"
ချင်မျန် စိတ်ထဲတွင် ရယ်မောလိုက်သည်။လဲ့ယ်တာချန်က ခေါင်းညိတ်ပြလိုက်သည်။
တုရှီသည် သူမ၏ပါးစပ်ကို ထပ်မံဖွင့်ချင်သော်လည်း လဲ့ယ်ရှန်းကျစ်က ရပ်တန့်စေလိုက်သည်။
လီကျန်းက ထပ်ပြီး ရေးလိုက်၏။လဲ့ယ်ထျဲက ထပ်မံဖြည့်ပြောလိုက်သည် – “ကျွန်တော်တို့လင်
ယောကျ်ားနှစ်ယောက် လစဉ် သက်ကြီးအသုံးစရိတ်အတွက် ဝမ် ၁၀၀ ထောက်ပံ့ပေးမယ်။ဒါပေမယ့် ကျွန်တော် ပိုက်ဆံမရှိသေးလို့ ဒီနှစ်လကနေ သုံးလအတွင်းမှာ မပေးနိုင်မှာကိုပဲ စိုးရိမ်မိတယ်”
တုရှီ၏နှလုံးသားသည် အနည်းငယ် သက်တောင့်သက်သာ ရှိသွားတော့သည်။တစ်လလျှင် ဝမ် ၁၀၀ ရမည်၊တစ်နှစ်လျှင် ငွေတုံး ၁ စမကရလိမ့်မယ်!
လီကျန်းက သဘောကျစွာ ခေါင်းညိတ်လိုက်သည်။လဲ့ယ်ထျဲက စည်းစနစ်တကျပြောနေတာကို မြင်တော့ ကဏ္ဍပေါင်းစုံကို တွေးကြည့်ပြီး ရေရှည်အစီအစဥ်ရှိတယ်ဆိုတာ ထင်ရှားနေတာပဲ။ “လဲ့ယ်ထျဲက သားသမီးဝတ္တရားကျေပွန်တယ်။စာရွက်ပေါ်မှာ လတိုင်း ဝမ် ၁၀၀ ထောက်ပံ့မယ်လို့ ရေးလိုက်မယ်။ဒါပေမယ့် ငါနောက်ဆုံးစာကြောင်းကိုရေးစရာမလိုတော့ဘူးမလား?"
လဲ့ယ်တာချန်၏နှလုံးသားသည် ရှုပ်ထွေးလာကာ ကမန်းကတန်းထပြောခဲ့သည်- နောက်ဆုံးစာကြောင်းကို ရေးဖို့မလိုပါဘူး။ရေးဖို့ မလိုပါဘူး။ဖြည်းဖြည်းချင်းလည်း အဆင်ပြေပါတယ်။"
ထို့နောက် လီကျန်းသည် အကြောင်းအရာကို အရှိန်နှေးကွေးစွာဖြင့် အပြည့်အဝ ဖတ်ပြလိုက်သည်။
လဲ့ယ်ထျဲက ကန့်ကွက်ခြင်းမရှိကြောင်း ခေါင်းညိတ်ပြလိုက်သည်။
လဲ့ယ်တာချန်က ပညာမတတ်သောကြောင့် သူ၏တုံ့ပြန်မှုသည် အနည်းငယ်နှေးကွေး၏။ခဏအကြာတွင် သူက “ကိစ္စမရှိပါဘူး” ဟုပြောသည်။
စာရွက်စာတမ်းကို သုံးရွက်ပွားပြီး တစ်ဖက်စီက မိတ္တူတစ်စောင်စီ သိမ်းဆည်းထားကြသည်။လဲ့ယ်ထျဲ၊လဲ့ယ်တာ့ချန်း နှင့် လီကျန်းတို့သည် အပြီးသတ်ရန် သူတို့၏လက်ဗွေရာများကို နှိပ်ခဲ့ကြသည်။
ကိစ္စတွေပြီးသွားတော့ လဲ့ယ်ထျဲက လီကျန်းကို လီအိမ်ဝန်း၏အပေါက်ဝထိကို ပို့ဆောင်ပေးခဲ့ပြီး "ကျေးဇူးအများကြီးတင်ပါတယ်,လီကျန်း။တစ်နေ့နေ့တော့ ကျွန်တော် လဲ့ယ်ထျဲက ကျေးဇူးတင်စကားပြောဖို့ လာလည်ပါဦးမယ်။”
အနားတွင် ရှိနေတဲ့ ချင်မျန်က ပြုံးကာ လီကျန်းအား "ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
"ပြန်သွားပြီး ဘဝကို ကောင်းမွန်စွာနေထိုင်။" လီကျန်းက ပြောစရာစကားမရှိတော့ဘဲ သူ့နောက်ကျောကို လက်နှစ်ဖက်ပစ်ပြီး လမ်းလျှောက်ရင်း ခေါင်းယမ်းနေမိသည်။
ချင်မျန်က သူ့ခေါင်းပေါ်ရှိ တောက်ပနေသည့်နေရောင်ခြည်ကို ကြည့်ပြီး မရယ်ဘဲမနေနိုင်။လဲ့ယ်ထျဲကို တိုးတိုးလေး မေးလိုက်သည်။ “ကျွန်တော်တို့ ဘယ်တော့ ထွက်သွားကြမှာလဲ?”
လဲ့ယ်ထျဲက ဖြေလိုက်၏။ "ဒီနေ့ပဲ"
T/N: တစ်မူ = ၂.၄၇၁ ဧက
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
013 - ေနာက္ဆုံးေတာ့ မိသားစုရဲ႕ပိုင္ဆိုင္မႈေတြကို ခြဲၿပီး အိမ္ခြဲေနႏိုင္ၿပီ!
ထို႔ေနာက္ လဲ့ယ္တာခ်န္က “ေလာင္တာ့...ငါသေဘာမတူဘူး။ဒီထက္ ပိုေကာင္းေအာင္ မေတြးတတ္ေတာ့ဘူးလား?တကယ္ထြက္သြားခဲ့ရင္ေရာ ဘယ္မွာေနၾကမွာလဲ?ေတာအုပ္ထဲမွာလား? ေတာ္ၿပီ...ဒီအေၾကာင္းကို ဆက္မေျပာနဲ႔ေတာ့!"
အဲဒါနဲ႔ပဲ သူ ထြက္သြားရန္ ထလိုက္သည္။
လဲ့ယ္ထ်ဲက သူ႕မ်က္လုံးေတြကို တည့္တည့္ၾကည့္ၿပီး သာမန္ကာလွ်ံကာ ေျပာလိုက္သည္။ “လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္တုန္းက ကြၽန္ေတာ္ ထြက္သြားခဲ့တယ္။ေနာက္ဆယ္ႏွစ္ၾကာသြားေတာ့လည္း ကြၽန္ေတာ္ ထပ္ၿပီး ထြက္မသြားႏိုင္ဘူးလို႔ ထင္ေနတာလား?”
လဲ့ယ္တာခ်န္၏မ်က္ႏွာသည္ အေတာ္ေလး ေျပာင္းလဲသြားၿပီး သူ႕ေဘးတြင္ ခ်ထားသည့္ လက္ေတြပင္ အနည္းငယ္တုန္သြားသည္။
"မင္း!"
"ေလာင္တာ့!"
တု႐ွီသည္ သူမ၏ေဒါသကို မထိန္းႏိုင္ေတာ့ေပ။
"နင့္အေဖကို အေလးအနက္မထားတာလား?ဟမ္?ဒါသားသမီးတာဝန္ မေက်ပြန္တာပဲ!"
လဲ့ယ္ထ်ဲက သူမကို ၾကည့္ၿပီး ေျပာလိုက္သည္။ “ကြၽန္ေတာ္က သားသမီးဝတၱရားမေက်ပြန္ဘူးေပါ့;
ကြၽန္ေတာ္ အ႐ိုက္ခံအဆဲခံရတုန္းက အေမ့ကို ကြၽန္ေတာ္ ျပန္ခံမလုပ္ခဲ့ဘူး။ကြၽန္ေတာ္က သားသမီးဝတၱရားမေက်ပြန္ဘူး;ကြၽန္ေတာ္ကို ဝက္ျခံေဘးမွာ ေနခိုင္းခဲ့တယ္။ကြၽန္ေတာ္ ကန္႔ကြက္တာေတြ မ႐ွိခဲ့ဘူး။ကြၽန္ေတာ္က သားသမီးဝတၱရားမေက်ပြန္ဘူး;ေဗဒင္ဆရာတစ္ေယာက္ဆီက စကားတစ္ခြန္းေၾကာင့္နဲ႔ ေယာက်္ားတစ္ေယာက္ကို လက္ထပ္ခဲ့ရတယ္"
သူက လဲ့ယ္တာခ်န္ကို တစ္ဖန္ျပန္ၾကည့္ကာ "ကြၽန္ေတာ္ ေမးခ်င္ေနခဲ့တာၾကာၿပီ၊ကြၽန္ေတာ္က အေဖ့ရဲ႕သားအရင္းလား?"
ဒါကိုၾကားရတာ အျပင္လူတစ္ေယာက္အေနနဲ႔ ခ်င္မ်န္ေတာင္မွ လဲ့ယ္ထ်ဲကို သနားၿပီးကိုယ္ခ်င္းစာမိသည္။
လဲ့ယ္တာ့ခ်န္က ပါးစပ္ဟလိုက္ေသာ္လည္း စကားျပန္မေျပာႏိုင္ေပ။သူသည္ လဲ့ယ္ထ်ဲ၏မ်က္လုံးေတြကိုပင္ မၾကည့္ဝံ့။
လဲ့ယ္ခြၽင္းေထာင္၏မ်က္လုံးမ်ားက နီရဲလာၿပီး သူမ မထိန္းႏိုင္ဘဲ ငိုေႂကြးမိ၏။
“အေဖ!အေမ!သေဘာတူေပးလိုက္ပါ။အကိုႀကီးက သမီးတို႔အေပၚမွာ အေႂကြးမတင္ထားဘူးေလ!"
တု႐ွီက ေဒါသတႀကီးနဲ႔ “ပါးစပ္ပိတ္ထားစမ္း။နင္က ငါ့ဘက္မွာ ေနမယ့္အစား အျပင္လူဘက္မွာ ရပ္တည္တယ္ေပါ့!"
လဲ့ယ္႐ွန္းက်စ္က တိတ္တဆိတ္ သက္ျပင္းခ်လိုက္ၿပီး ႏူးညံ့ေသာအသံျဖင့္ “အေဖ..အကိုႀကီးတို႔ကို ထြက္သြားခြင့္ေပးလိုက္ပါ။အိမ္ခြဲေနရင္ေတာင္မွ ကြၽန္ေတာ္တို႔က မိသားစုေတြပဲေလ”
ေျပာရရင္ လဲ့ယ္႐ွန္းရီ,လဲ့ယ္႐ွန္းလီႏွင့္ လဲ့ယ္႐ွန္းက်စ္တို႔၏ဆက္ဆံေရးသည္ သာယာခဲ့သည္။လဲ့ယ္႐ွန္းရန္ကေတာ့ ခြၽင္းခ်က္ပင္။သို႔ေသာ္ အေၾကာင္းအရင္းမွာ သူသည္ တု႐ွီ၏ပထမဦးဆုံးသားျဖစ္ျခင္းေၾကာင့္ပင္။ယခုႏွင့္ယွဥ္လွ်င္ ငယ္ငယ္တုန္းကေတာ့ တု႐ွီရဲ႕ လဲ့ယ္ထ်ဲအေပၚ ပတ္သတ္တဲ့သေဘာထားက ေတာ္ေတာ္ေလး ကြာျခားသည္။လဲ့ယ္ထ်ဲအေပၚ တု႐ွီ၏သေဘာထားက သူ႕ကို အတိုင္းအတာတစ္ခုအထိ စိတ္ထိခိုက္ေစခဲ့ေသာေၾကာင့္ လဲ့ယ္ထ်ဲကို လုံးဝမႀကိဳက္ေပ။ဤကိစၥႏွင့္စပ္လ်ဥ္း၍ ထိုအခ်ိန္က လဲ့ယ္ထ်ဲအား ထြက္ခြာသြားေစရန္ သေဘာတူခဲ့သည္။ထိုအခ်ိန္က အသက္ငါးႏွစ္သာ႐ွိေသးေသာ လဲ့ယ္႐ွန္းက်စ္အတြက္ကေတာ့ သူဘာနားလည္ႏိုင္မည္နည္း။ေနာက္ပိုင္းတြင္ သူ ပညာတတ္လာတာေၾကာင့္ ညီအစ္ကိုေကာင္းမ်ားၾကားတြင္ ခ်စ္ျခင္းေမတၱာႏွင့္ ႐ိုေသမႈကိုျပသင့္သည့္နိယာမကို နားလည္လာသည္။လဲ့ယ္ထ်ဲႏွင့္ သူၾကားက ဆက္ဆံေရးသည္ နက္နဲသည္ဟု မယူဆႏိုင္ေသာ္လည္း သူ႕ကို အႏိုင္က်င့္ေစာ္ကားလိုစိတ္လည္း မ႐ွိခဲ့။
"သားငယ္?" တု႐ွီသည္ လဲ့ယ္႐ွန္းက်စ္ကို မယုံႏိုင္စြာ ၾကည့္ေနေသာ္လည္း သူ႕ကို စကားတစ္ခြန္းမွ မေျပာႏိုင္ေပ။
လဲ့ယ္တာ့ခ်န္သည္ သူ႕ထိုင္ခုံေပၚသို႔ အားေပ်ာ့စြာ လဲက်သြားၿပီး “ေကာင္းၿပီ။ ထြက္သြားခ်င္ရင္ ထြက္သြား။”
"အဘိုးႀကီး!" တု႐ွီက သူ႕ကို စိုက္ၾကည့္ေန၏။
လဲ့ယ္တာ့ခ်န္က သူမကို လ်စ္လ်ဴ႐ႈခဲ့သည္။
လဲ့ယ္တာခ်န္က သူ႕စိတ္ထဲက ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီးၿပီ ျဖစ္တာေၾကာင့္ တု႐ွီမွာ ေ႐ြးခ်ယ္စရာမ႐ွိေတာ့ေသာ္လည္း ဖိအားေပးကာ ေျပာလိုက္ေသးသည္။
“နင္ထြက္သြားခ်င္ရင္ ထြက္သြားလို႔ရတယ္။ဒါေပမဲ့ ဒီအိမ္ထဲကေန ဘာပစၥည္းမွ ယူသြားလို႔မရဘူး"
လဲ့ယ္႐ွန္းက်စ္ ႏွင့္ လဲ့ယ္ခြၽင္းေထာင္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။လဲ့ယ္ထ်ဲက လဲ့ယ္တာခ်န္ကိုသာ ၾကည့္ေနလိုက္သည္။
လဲ့ယ္တာခ်န္က သက္ျပင္းခ်လိုက္ၿပီး “ေလာင္တာ့..မင္းလည္း အိမ္က အေျခအေနကိုသိတာပဲ။အိမ္မွာ မင္းကို ခြဲေဝေပးစရာ အပိုပစၥည္း မ႐ွိေတာ့ဘူး။မင္းထြက္သြားဖို႔ အလ်င္လိုရင္ေတာ့ အရင္ေနထိုင္ဖို႔ မင္းရဲ႕ညီေတြနဲ႔ငါ သက္ကယ္အိမ္ေလးေဆာက္ေပးမယ္။လယ္ယာေျမေတြ အားလုံးစုေပါင္းၾကည့္ရင္ေတာ့ တခ်ိဳ႕ေလာက္ပဲ႐ွိတယ္။စတုတၳေျမာက္သားနဲ႔ ပၪၥမေျမာက္သားလက္ထပ္သြားရင္ လူေတြပိုမ်ားလာမွာေၾကာင့္ လယ္တစ္မူနဲ႔ အ႐ိုင္းေျမတစ္မူကိုပဲ ေပးႏိုင္မယ္။ ပိုက္ဆံအေနနဲ႔ ဆိုရင္ေတာ့....”
က်ိဳး႐ွီ,ခ်င္း႐ွီ,လဲ့ယ္႐ွန္းရန္ ႏွင့္ လဲ့ယ္႐ွန္းရီတို႔ နားစြင့္ေနၾကသည္။
တု႐ွီက လဲ့ယ္တာ့ခ်န္ကို ေႏွာက္ယွက္လိုက္ၿပီး စိတ္လႈပ္႐ွားမႈမ႐ွိေစဘဲ ေျပာလိုက္သည္။ “အဘိုးႀကီး...႐ွင္ ေရာေထြးေနၿပီလား?အိမ္မွာ ဘာပိုက္ဆံမွမ႐ွိဘူးေလ”
လဲ့ယ္တာခ်န္က ေျပာလိုက္သည္။ "မင္း ငါ့ကို အစတုန္းက ေငြတုံး ၂၀ ေပးခဲ့ေပမယ့္ ဒီအခ်ိန္အတြင္းမွာ ငါပိုက္ဆံနည္းနည္းသုံးထားခဲ့တယ္။အခုလက္႐ွိ လက္ထဲမွာ ေငြတုံး ၁၀ စ က်န္ေသးတယ္။ငါ မင္းကို ေငြ ၂ စေပးမယ္။"
Advertisement
- In Serial63 Chapters
The Great Tower
Due to unsatisfactory ratings, the social entertainment program that was humanity has been cancelled. But the studio executives of the multiverse are anything but wasteful; every human has been entered in as contestants in the popular program "The Great Tower," where challengers must fight and struggle, seeking the treasures that await at the top.Before humanity is thrown into the meat grinder, everyone is given a chance to sell parts of themselves in exchange for a little boost. One young man seizes this chance, selling everything. Even his humanity. Nameless, Raceless, and without any clear memory of the past, he is thrown into the bottom level of the tower, with one goal. Survival.**** Cover credit to NohMerci ****
8 132 - In Serial20 Chapters
My not so Peaceful Dungeon Life
My name is Shiro. Or it was. Now it is Core #293. I'm quite fond of my new name. After dying I became a dungeon core. These humans keep trying to disturb my NEET lifestyle though! I don't care if you want to go on an adventure do it in someone elses house! Art by AnubisBVS https://www.deviantart.com/anubisbvs/art/Shiro-798386994
8 200 - In Serial63 Chapters
Immutable
The world went to hell in a handbasket. Overnight, something called the Allworld downloaded itself into the universe and everything but the kitchen sink appeared to end the planet. Governments fell and chaos reigned. People were left to fend for themselves. Of course, that's not, like, a bad thing. Pollution is at an all time low which means no more global warming. And all that corrupt bureaucracy is gone now too. Which means all those evil people refusing to do something about our dying planet are gone. Plus, people got superpowers. Which is, you know, pretty sweet. Of course, they can't be normal superpowers, everything but the kitchen sink was thrown in after all. Caleb is immutable, unable to physically change in a world completely changed; Alex was granted a system that talks to her in cat puns, but also gives her power over all cats; Nathan met a god of impulse, who gave him powers because he felt like it; and June is given a power to make things lazy, something opposite to her personality. The four of them meet by chance while hunting monsters. They met by chance but must learn to work together when an empire from space lands on Earth with the intent to subjugate the surviving humans.
8 222 - In Serial36 Chapters
The Priestesses' Voice | a Jujutsu Kaisen fanfiction
Noriko Kamo, an adopted member of the Kamo Saiin - and by default the renown sorcery clan - is sent off to Tokyo in a means to spread both clan influence and the Shinto belief. However, now in a position to flourish and develop her skills, she finds that she is not the only resident within her body. While Noriko fights to claim her own freedom within the mortal world, she seeks to appease the tormented soul inside her before she falls victim to it's own curse.UPDATES BI-WEEKLY // normally Tuesday and FridayHIGHEST RANKS: #13 in sorcerer, #39 in jujutsukaisen
8 167 - In Serial13 Chapters
eidolon of helen
i am the divine idol, i am the spartan bride,i am the sacrificial lamb of man's lustful pride. i am mystified, horrified, immortalised by time;i am the haunted phantom of troy's ancient crime.
8 171 - In Serial36 Chapters
Desire [Newt Scamander]
She looks up at him as he holds out his hand."You know one day, I'm going to be the one helping you up." It's 1926 and Evelyn Lois comes across a curious man with a curious case. - Newt Scamander X OC [BOOK 1] Set around film 1 [Spoilers] [NOV 22 - Currently Rewriting/Editing}
8 115

