《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[15]
Advertisement
[Unicode]
015:အခြေချ နေထိုင်ခြင်း
ရွာအနောက်ဘက်တွင် အိမ်အိုကြီးတစ်အိမ်ရှိ၏။ရွာရှိအိမ်များသည် အခြေခံအားဖြင့် တစ်အိမ်နှင့်တစ်အိမ် နီးနီးကပ်ကပ်ရှိကြသော်လည်း ဤအိမ်ကား ဆယ်မီတာခန့်ခြားကာ တသီးတခြားဖြင့် လွတ်လွတ်လပ်လပ်တည်ရှိနေသည့် အိမ်တစ်လုံးသာ။အိမ်ရှေ့တွင် ရေကန်လည်းရှိနေ၏။ကျိုးမိသားစုသည် ဤကန်တွင် ငါးများမွေးမြူထားသောကြောင့် ယင်းကန်ဘေးတွင် အိမ်တစ်လုံးဆောက်ခဲ့သည်။ကန်ထဲရှိရေတွေက စိမ်းညိုရင့်ရင့်ဖြစ်နေပြီး ကမ်းပါးပေါ်တွင် သစ်ပင်များစွာ ပေါက်ရောက်နေသည်။
အိမ်ခေါင်မိုးမှာ အုတ်ကြွပ်ခင်းထားသည်ကို သတိပြုမိသွားတာကြောင့် ချင်မျန်သည် ချက်ချင်းပင် ပီတိဖြစ်ကာ အရှိန်မြန်လာတော့သည်။
လဲ့ယ်ထျဲ၏မျက်လုံးများက သူ့နောက်ကို တချိန်လုံး လိုက်နေမိသည်။
'သူ့ကို စိတ်ကျေနပ်စေဖို့က အရမ်းလွယ်တာပဲလား!'
"မြန်မြန်!"
ချင်မျန်သည် အမြန်ပြေးကာ အိမ်ဝန်းထဲသို့ ဝင်ပြေးသွားခဲ့လေသည်။မြက်ခင်းထဲက ကြွက်တစ်ကောင်ကလည်း ထိတ်လန့်သွားပြီး အမြန်ပြန်ဆုတ်ကာ ပျောက်ကွယ်သွားလေသည်။
တံခါးခတ်ထားသည့် သော့သည် လေနှင့်မိုးဒဏ်ကြောင့် တော်တော်များများ စုတ်နေကာ သံချေးတက်နေ၏။ချင်မျန်ခင်ဗျာ သော့ကိုဖွင့်ဖို့ အချိန်အတော်ယူလိုက်ရသည်။တံခါးကို တွန်းဖွင့်လိုက်တော့ ဖုန်မှုန့်တွေက သူ့ကို အလုံးအရင်းနဲ့ တိုက်ခိုက်လာခဲ့တော့သည်။အကြိမ်အနည်းငယ်ခန့် နှာချေလိုက်ရပြီး အမြန်နောက်သို့ ဆုတ်သွားခဲ့ရသည်။
“အဟွတ်......”
နေရောင်ခြည်သည် တံခါးအတွင်းသို့ တိုးဝင်ကာ အလင်းရောင် ဖြန့်ကျက်လာစေခဲ့ပြီး လေထဲတွင် ထူထူထဲထဲ ဖုန်မှုန့်ထုကြီးကို မြင်နိုင်လေသည်။အတွင်းတွင် အရောင်ကွာကျနေသော စားပွဲဟောင်းတစ်ခုနှင့် ဖုန်မှုန့်ထူထပ်နေသည့် နောက်ကျောမှီ ကုလားထိုင်သုံးခုံရှိနေသည်။ယှက်ပြေးနေသည့် ပင့်ကူအိမ်ထုကြီးသည်လည်း စားပွဲနှင့် ကုလားထိုင်များမှတစ်ဆင့် ခေါင်မိုးထုတ်တန်းထိ အလင်းတန်းသဖွယ် တလျှောက်လုံး ဆန့်ထွက်နေကာ လူနေရန် နေရာပင် မရှိပေ။
ချင်မျန်က ကျေနပ်သွားသည်။ဒီအိမ်က ဟောင်းနေပေမယ့် သန့်ရှင်းအောင် နေနိုင်ရင် သက်ကယ်အိမ်ထက် အဆများစွာ ပိုကောင်း၏။
အိမ်ဘေးတွင် ဝါးတောငယ်တစ်ခုရှိ၍ စိမ်းစိုနေသော ဝါးရွက်များက လေနှင်ရာဒဏ်ကြောင့် ပွတ်ရှပ်တိုက်ခံနေရ၏။သူ အကြံတစ်ခုရသွားတာကြောင့် ချင်မျန်က လဲ့ယ်ထျဲကို ပြောလိုက်သည်။
"ခင်ဗျား ပြန်သွားပြီး ကျွန်တော်တို့ ပစ္စည်းတွေ ရွှေ့လာလိုက်။ကျွန်တော် အိမ်သန့်ရှင်းရေး လုပ်ထားလိုက်မယ်"
လဲ့ယ်ထျဲက သူ့ဘေးမှာ ရပ်နေကာ,အတွင်းဘက်ကို တစ်ချက်လှည့်ကြည့်ရင်း လေသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။ “မင်းလုပ်နိုင်ရဲ့လား?”
"ဘာလို့ မလုပ်နိုင်ရမှာလဲ?မြန်မြန်သွား!ပစ္စည်းတွေ ရွေ့ပြီးရင်တော့ ဒီနေ့အတွင်းတောင် နေလို့ရမယ်"
နံရံထောင့်မှာ အဝါရောင် သံချေးတွေနဲ့တက်နေတဲ့ မီးဖိုချောင်သုံး ဓားတစ်ချောင်းရှိနေ၏။ချင်မျန်က ဝါးခုတ်ရန်အတွက် ကောက်ယူလိုက်သည်။
လဲ့ယ်ထျဲ ပြန်လှည့်မထွက်သွားခင်မှာပဲ အိမ်အတွင်းထဲရှိ စားပွဲနှင့် ကုလားထိုင်များကို ထုတ်ပေးခဲ့လိုက်သည်။ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူ နောက်တစ်ကြိမ်ပြန်လှည့်လာပြီး သူ့အပေါ်ထပ်အကျီကို ချွတ်ကာ ချင်မျန်၏ခေါင်းပေါ် အုပ်တင်ပေးလိုက်သည်။စကားတစ်ခွန်းမှ မပြောဘဲ သူ ပြန်ထွက်သွား၏။
ချင်မျန်၏ခေါင်းပေါ်ကို လွင့်ပျံလာသော တစ်စုံတစ်ရာတစ်ခုက ဖုံးအုပ်သွားခဲ့သည်။သူ ဘာလုပ်ခဲ့မှန်း ဘာကြောင့်ရယ်မသိတာကြောင့် ထိုအပေါ်ဝတ်ကို ဖယ်ပြီး သစ်ပင်တစ်ပင်ပေါ်တွင် လွှားထားပေးလိုက်သည်။ထို့နောက် ဝါးကို ဆက်ခုတ်နေခဲ့သည်။အဘိုးအဘွားတွေနဲ့အတူ ကျေးလက်တောရွာမှာ နေထိုင်ခဲ့တုန်းက နှစ်သစ်ကူးအကြို သန့်ရှင်းရေးကို အကြီးအကျယ်လုပ်ရလေသည်။အိမ်၏မြင့်မားသောနံရံများရှိ ဖုန်မှုန့်များကို သန့်ရှင်းရန်အတွက် ဝါးပင်များကို ခုတ်ထစ်ပြီး တုတ်ရှည်တစ်ချောင်းကဲ့သို့ ချည်နှောင်ထားကာ ငှက်မွှေးတုတ်ကဲ့သို့ အသုံးပြုရလွယ်ကူပြီး အိမ်၏နံရံမြင့်မြင့်ပေါ်ရှိ ဖုန်မှုန့်များကို သန့်ရှင်းလို့ ရနိုင်၏။သူသည် ဤလယ်ယာလုပ်ငန်းကို ကျင့်သားမရဘူးဆိုတာ မရှိပေ။
သံချေးတတ်နေသည့် ဓားကြောင့် လုပ်ရကိုင်ရတာ လွယ်တော့မလွယ်နေပေ။ချင်မျန်သည် ဝါးကိုမခုတ်မီ အကြိမ် ၂၀ ကျော်လောက် ခုတ်ထစ်လိုက်ရသည်။ဝါးတိုင်၏အလေးချိန်ကို လျှော့ချရန်အတွက် အောက်ခြေအကိုင်းအခက်အချို့ကို ခုတ်ရပြန်သေးသည်။ခုတ်ပြီးနောက် ၎င်းတို့ကို အိမ်ထဲသို့သယ်ယူသွားပြီး ထုတ်တန်းပေါ်ရှိ ပင့်ကူမျှင်နှင့်ဖုန်မှုန့်များကို သန့်ရှင်းရန် စတင်ခဲ့သည်။သန့်ရှင်းရေးလုပ်တာနဲ့ ဖုန်မှုန့်တွေက သူ့မျက်နှာပေါ်ကျလာကာ အကြိမ်အနည်းငယ် တံတွေးထွေးထုတ်ရလေတော့သည်။ရုတ်တရက်ပင် ဒီလူက အလွန်ဂရုတစိုက်ရှိတတ်တာကို သိလိုက်ရ၏။
သူ အပြင်ပြန်ထွက်ပြီး လဲ့ယ်ထျဲရဲ့အပေါ်ထပ်ကို ခေါင်းပေါ်ကနေအုပ်ပြီး ပါးစပ်ကိုပါ တစ်ဆက်တည်း အုပ်ကာ သန့်ရှင်းရေးစလုပ်တော့သည်။ရုတ်တရက် အိမ်ထဲတွင် ဖုန်မှုန့်တွေနဲ့သစ်ရွက်ခြောက်အမှိုက်တွေ ပြန့်ကျဲနေကာ သဲမုန်တိုင်း ဝင်တိုက်သလိုမျိုး အိမ်ထဲမှာ ပုံနေ၏။ပြတင်းပေါက်စာရွက်တွေက ပြဲနေပြီဖြစ်တာကြောင့် ပြတင်းပေါက်ဖွင့်သည်ဖြစ်စေ၊မဖွင့်သည်ဖြစ်စေ ဘာမှမထူးခြားနေပေ။
အိမ်တွင် အခန်းသုံးခန်းရှိ၏။သန့်ရှင်းရေးလုပ်ပြီးသောအခါ လဲ့ယ်ထျဲက ရင်ဘတ်ဗလာနဲ့ ပြန်ရောက်လာခဲ့ပြီး သူ့နောက်ကနေလည်း လဲ့ယ်ရှန်းလီ၊လဲ့ယ်ရှန်းကျစ် နှင့် လဲ့ယ်ချွင်းထောင်တို့ပါ လိုက်လာခဲ့သည်။သူတို့အားလုံး လက်ထဲမှာ ပစ္စည်းတွေ ကိုင်ထားကြ၏။လဲ့ယ်ရှန်းလီက ထင်းစည်းကို ကိုင်ထားပြီး အိမ်ကနေ တိတ်တဆိတ် ခိုးယူလာသည်ကို သိနိုင်သည်။လဲ့ယ်ရှန်းကျစ်ကတော့ အနည်းငယ်သေးငယ်သော သစ်သားသေတ္တာတစ်လုံးကို ကိုင်ထားသည်။
လဲ့ယ်ချွင်းထောင်က သူမလက်ထဲမှ အင်တုံကိုချလိုက်ပြီး လျှောက်လာခဲ့သည်။သူက အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် "ညီမလေး ကူညီပေးမယ်,မရီး"
ချင်မျန်က ကလေးမလေးတစ်ယောက်ကို အလုပ်လုပ်ဖို့ ဘယ်လိုလုပ်ပြီး လက်ခံလိုက်ရမှာလဲ?သူက အလျင်စလိုပြောလိုက်သည်။ “မလိုဘူး၊ဖုန်တွေက အရမ်းကိုထူနေတာ။မင်းရဲ့အဝတ်အစားတွေကို မညစ်ပတ်စေနဲ့။"
လဲ့ယ်ချွင်းထောင်က ဝါးတိုင်ကို မကိုင်နိုင်ဟု ထင်မိတာကြောင့် "ဒါဆို ဖုန်မှုန့်တွေ ရှင်းပြီးရင် စားပွဲနဲ့ ကုလားထိုင်တွေကို ရှင်းပေးမယ်။"
လဲ့ယ်ထျဲ နှင့် လဲ့ယ်ရှန်းလီတို့က ကျန်ပစ္စည်းများကို ရွှေ့ရန် ပြန်သွားခဲ့ကြပြီး လဲ့ရှန်းကျစ်သည် သံချေးတတ်နေသည့် မီးဖိုချောင်သုံးဓားဖြင့် ဝါးခုတ်ကာ ဖုန်များကို ကူးဖယ်ရှားပေးလိုက်သည်။
လဲ့ယ်ထျဲ ဒုတိယအကြိမ် ပြန်လာတော့ ရွာက သစ်သားလှေကားကိုပါ ငှားလာခဲ့၏။
လဲ့ယ်ရှန်းလီ၊လဲ့ယ်ရှန်းကျစ် နှင့် လဲ့ယ်ချွင်းထောင်တို့အားလုံးမှာ အဆင်မပြေဖြစ်ခဲ့ရသည်။ရှက်လွန်းလို့ ဘာမှမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ ကူလုပ်ပေးနေကြသည်။
Advertisement
ချင်မျန်သည်လည်း စကားစမြည်ပြောရန် စိတ်မ၀င်စားဘဲ တတ်နိုင်သမျှ အမြန်ဆုံး ပြောင်းရွှေ့ရန်သာ စိတ်နှလုံးထဲ၌ အကြွင်းမဲ့ တွေးနေခဲ့သည်။
သန့်ရှင်းရေးလုပ်ပြီးနောက် လဲ့ယ်ထျဲသည် ခေါင်မိုးပေါ်သို့တက်ကာ မိုးရာသီတွင် မိုးရေယိုစိမ့်မှုမဖြစ်စေရန်အတွက် သန့်ရှင်းရေးကြောင့် ရွေ့သွားသောအုတ်ကြွပ်ကြွေပြားတွေကို ပြန်လည်စီပေးနေသည်။
ထို့နောက် ကြမ်းပြင်ကို လှည်းကျင်းကာ စားပွဲနှင့် ကုလားထိုင်များကို ရှင်းလင်းပြီးနောက် ပြတင်းပေါက်များကိုပါ သုတ်ပေးနေသည်။အိမ်သန့်ရှင်းရေးမလုပ်ခင် နှစ်နာရီကျော်လောက် အလုပ်ရှုပ်နေခဲ့ရပြီး ရှင်းလင်းပြီးသွားတော့ ကြည့်ရတာ ပိုသက်တောင့်သက်သာရှိသွားပုံရ၏။
လဲ့ယ်ရှန်းကျစ်၏မျက်လုံးများသည် လေနှင့်အတူ လွှင့်ခါနေသော ပြတင်းပေါက်မှ စာရွက်များပေါ်တွင် ကျရောက်သွားသည်။ “အကိုကြီး..ကျွန်တော့်မှာ အသုံးမပြုတော့တဲ့ စာရွက်တချို့ရှိတယ်။ကျွန်တော် ပြန်သွားပြီး ပြတင်းပေါက်တွေဖာဖို့အတွက် သွားယူလိုက်မယ်။"
"အစ်ကိုကြီး..ချွင်းထောင်နဲ့ ကျွန်တော်လည်း ပြန်တော့မယ်" လဲ့ယ်ရှန်းလီက ပြောသည်။
လဲ့ယ်ထျဲက ခေါင်းညိတ်လိုက်၏။
ချင်မျန်ကား အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ယခင်က လဲ့ယ်ထျဲရဲ့အတော်လေးလိမ္မာပါးနပ်သည့် အခိုက်အတန့်ကို သူမြင်ခဲ့ရသည်၊ယခုအချိန်တွင် လူတွေကြားက ဆက်ဆံရေးကို ဘာ့ကြောင့်များ နားမလည်နိုင်ရတာလဲ?
“ဒီနေ့ မင်းတို့ရဲ့အကူအညီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။နေ့လယ်စာစားဖို့ အရမ်းနောက်ကျနေပြီ။ညနေကျရင်တော့ မင်းအစ်ကိုကြီးနဲ့ ငါ မင်းတို့ကို အဆင်ပြေရင် ထမင်းစားဖို့ ဖိတ်ချင်ပါတယ်”
အဆင်ပြေသည်ဖြစ်စေ၊မပြေသည်ဖြစ်စေ သူတို့ တုရှီရဲ့ ခွင့်ပြုချက်ကို မရမှာကိုပဲ စိုးရိမ်မိ၏။လဲ့ယ်ရှန်းကျစ်က အမြန် ငြင်းလိုက်သည်။
"အခုအချိန်မှာ အစ်ကိုကြီးနဲ့ မရီးတို့က အဆင်ပြေတာ မဟုတ်သေးဘူး။ဒါကြောင့် ကျွန်တော်တို့ ညစာ လာမစားတော့ပါဘူး"
လဲ့ယ်ထျဲက ပြောလိုက်၏။"အဲဒီ အချိန်ကျရင် မင်းတို့အားလုံးကို လာခေါ်လိုက်မယ်"
လဲ့ယ်ရှန်းလီတို့အုပ်စုက သဘောတူခဲ့ကြသည်။
သူတို့ထွက်သွားပြီးနောက် ချင်မျန်သည် သူတို့၏ပိုင်ဆိုင်မှုတွေကို စတင်ရေတွက်ကြည့်သည်။သစ်သားခုတင်တစ်လုံး၊စားပွဲနိမ့်တစ်ခု၊သစ်သားသေတ္တာနှစ်လုံး၊လေးတစ်ခု၊ဒယ်အိုး၊လေးထောင့်စားပွဲတစ်ခု၊ ကုလားထိုင်သုံးလုံးနှင့် သစ်သားအင်တုံတစ်ခုပင်။အဲဒါတွေကလွဲလို့ လက်တွေ့မှာ တခြားဘာမှမရှိ။ကံကောင်းထောက်မစွာ မီးဖိုချောင်အဖြစ်အသုံးပြုသည့် အခန်းတစ်ခန်းပါရှိပြီး မီးဖိုသည် ထိုနေရာတွင်ရှိနေခဲ့သောကြောင့် ထပ်မံဆောက်လုပ်ရန်မလိုအပ်။
နေက အရမ်းကိုသာလွန်းတာကြောင့် ဆေးကြောထားတဲ့ စားပွဲနဲ့ကုလားထိုင်တွေက ခပ်မြန်မြန်ပင် ခြောက်သွားတော့သည်။သူတို့လည်း ပစ္စည်းအားလုံးကို ရွှေ့ပြောင်းလိုက်ပြီး စည်းစနစ်တကျထားရှိလိုက်ကြသည်။
အိမ်ကိုအခန်း သုံးခန်းဖြင့်ဖွဲ့ထား၏;ပထမတစ်ခန်းမှာ ထမင်းစားခန်းနှင့် ဧည့်သည်များဧည့်ခံရန်အတွက် ဖြစ်ပြီး မီးဖိုချောင်အတွက် တစ်ခန်းနှင့် တစ်ချိန်တည်းမှာပင် ပစ္စည်းပစ္စယာများကို သိမ်းဆည်းထားကာ နောက်တစ်ခန်းကိုတော့ သူနဲ့ လဲ့ယ်ထျဲ အတူတူမျှသုံးရတော့မည့်အပြင် ကုတင်တစ်လုံးကိုပင် မျှသုံးနေရဆဲ ဖြစ်သည်။
အလုပ်ပြီးသောအခါ ချင်မျန်သည် ရေနွေးတစ်အိုးလောက် အပူပေးကာ ခေါင်းလျှော်လိုက်ပြီး အဝတ်အစားလဲပြီးနောက် လဲ့ယ်ထျဲ ရေချိုးရန်အတွက် ရေကို လှယ်ပေးခဲ့လိုက်သည်။
မနီးမဝေးတွင် ရေကန်တစ်ကန် ရှိနေတာကြောင့် အဝတ်အစားတွေကို အလွယ်တကူ လျှော်ဖွပ်နိုင်ခဲ့သော်လည်း အဝတ်တန်းကြိုးမရှိသေးသောကြောင့် အိမ်ရှေ့ရှိ သစ်ပင်ငယ်တစ်ပင်တွင်သာ လှမ်းခဲ့ရသည်။အိမ်အတွင်းတွင် လဲ့ယ်ထျဲက ပျက်စီးနေသော ကုလားထိုင်ကို ပြင်နေ၏။
"လဲ့ယ်ထျဲမိသားစုရဲ့ဇနီး" ကျန်းတရွှေသည် သူ့ပခုံးပေါ်တွင် ထင်းစည်းကို သယ်ထားပြီး သူ့မျက်နှာပေါ်တွင် ဖောဖောသီသီရှိလှသော အပြုံးတစ်ခုနှင့်။
"အစ်ကိုကျန်း....အလုပ်ရှုပ်လှချည်လား?"
ချင်မျန်က နှုတ်ဆက်လိုက်သည်။
"အလုပ်ကတော့ ရှုပ်ချက်ကွာ" ကျန်းတရွှေသည် နံရံကိုထောင်ကာ ထင်းစည်းကိုချလိုက်သည်။ “မင်းတို့ မိသားစုနဲ့အိမ်ခွဲနေလိုက်တယ်လို့ ငါကြားတယ်။မင်းတို့ နေရာအားလုံးလိုလိုမှာ လိုအပ်နေမှာ မှန်ပေမယ့် ငါတို့လည်း ကျန်တာတော့ မတတ်နိုင်ဘူးကွ၊ဒါကြောင့် မင်းမရီးနဲ့ငါ မင်းတို့သုံးဖို့အတွက် ဒီထင်းစည်းကို ပေးခဲ့မယ်"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
015:အေျခခ် ေနထိုင္ျခင္း
႐ြာအေနာက္ဘက္တြင္ အိမ္အိုႀကီးတစ္အိမ္႐ွိ၏။႐ြာ႐ွိအိမ္မ်ားသည္ အေျခခံအားျဖင့္ တစ္အိမ္ႏွင့္တစ္အိမ္ နီးနီးကပ္ကပ္႐ွိၾကေသာ္လည္း ဤအိမ္ကား ဆယ္မီတာခန္႔ျခားကာ တသီးတျခားျဖင့္ လြတ္လြတ္လပ္လပ္တည္႐ွိေနသည့္ အိမ္တစ္လုံးသာ။အိမ္ေ႐ွ႕တြင္ ေရကန္လည္း႐ွိေန၏။က်ိဳးမိသားစုသည္ ဤကန္တြင္ ငါးမ်ားေမြးျမဴထားေသာေၾကာင့္ ယင္းကန္ေဘးတြင္ အိမ္တစ္လုံးေဆာက္ခဲ့သည္။ကန္ထဲ႐ွိေရေတြက စိမ္းညိဳရင့္ရင့္ျဖစ္ေနၿပီး ကမ္းပါးေပၚတြင္ သစ္ပင္မ်ားစြာ ေပါက္ေရာက္ေနသည္။
အိမ္ေခါင္မိုးမွာ အုတ္ႂကြပ္ခင္းထားသည္ကို သတိျပဳမိသြားတာေၾကာင့္ ခ်င္မ်န္သည္ ခ်က္ခ်င္းပင္ ပီတိျဖစ္ကာ အ႐ွိန္ျမန္လာေတာ့သည္။
လဲ့ယ္ထ်ဲ၏မ်က္လုံးမ်ားက သူ႕ေနာက္ကို တခ်ိန္လုံး လိုက္ေနမိသည္။
'သူ႕ကို စိတ္ေက်နပ္ေစဖို႔က အရမ္းလြယ္တာပဲလား!'
"ျမန္ျမန္!"
ခ်င္မ်န္သည္ အျမန္ေျပးကာ အိမ္ဝန္းထဲသို႔ ဝင္ေျပးသြားခဲ့ေလသည္။ျမက္ခင္းထဲက ႂကြက္တစ္ေကာင္ကလည္း ထိတ္လန္႔သြားၿပီး အျမန္ျပန္ဆုတ္ကာ ေပ်ာက္ကြယ္သြားေလသည္။
တံခါးခတ္ထားသည့္ ေသာ့သည္ ေလႏွင့္မိုးဒဏ္ေၾကာင့္ ေတာ္ေတာ္မ်ားမ်ား စုတ္ေနကာ သံေခ်းတက္ေန၏။ခ်င္မ်န္ခင္ဗ်ာ ေသာ့ကိုဖြင့္ဖို႔ အခ်ိန္အေတာ္ယူလိုက္ရသည္။တံခါးကို တြန္းဖြင့္လိုက္ေတာ့ ဖုန္မႈန္႔ေတြက သူ႕ကို အလုံးအရင္းနဲ႔ တိုက္ခိုက္လာခဲ့ေတာ့သည္။အႀကိမ္အနည္းငယ္ခန္႔ ႏွာေခ်လိုက္ရၿပီး အျမန္ေနာက္သို႔ ဆုတ္သြားခဲ့ရသည္။
“အဟြတ္......”
ေနေရာင္ျခည္သည္ တံခါးအတြင္းသို႔ တိုးဝင္ကာ အလင္းေရာင္ ျဖန္႔က်က္လာေစခဲ့ၿပီး ေလထဲတြင္ ထူထူထဲထဲ ဖုန္မႈန္႔ထုႀကီးကို ျမင္ႏိုင္ေလသည္။အတြင္းတြင္ အေရာင္ကြာက်ေနေသာ စားပြဲေဟာင္းတစ္ခုႏွင့္ ဖုန္မႈန္႔ထူထပ္ေနသည့္ ေနာက္ေက်ာမွီ ကုလားထိုင္သုံးခုံ႐ွိေနသည္။ယွက္ေျပးေနသည့္ ပင့္ကူအိမ္ထုႀကီးသည္လည္း စားပြဲႏွင့္ ကုလားထိုင္မ်ားမွတစ္ဆင့္ ေခါင္မိုးထုတ္တန္းထိ အလင္းတန္းသဖြယ္ တေလွ်ာက္လုံး ဆန္႔ထြက္ေနကာ လူေနရန္ ေနရာပင္ မ႐ွိေပ။
ခ်င္မ်န္က ေက်နပ္သြားသည္။ဒီအိမ္က ေဟာင္းေနေပမယ့္ သန္႔႐ွင္းေအာင္ ေနႏိုင္ရင္ သက္ကယ္အိမ္ထက္ အဆမ်ားစြာ ပိုေကာင္း၏။
အိမ္ေဘးတြင္ ဝါးေတာငယ္တစ္ခု႐ွိ၍ စိမ္းစိုေနေသာ ဝါး႐ြက္မ်ားက ေလႏွင္ရာဒဏ္ေၾကာင့္ ပြတ္႐ွပ္တိုက္ခံေနရ၏။သူ အၾကံတစ္ခုရသြားတာေၾကာင့္ ခ်င္မ်န္က လဲ့ယ္ထ်ဲကို ေျပာလိုက္သည္။
"ခင္ဗ်ား ျပန္သြားၿပီး ကြၽန္ေတာ္တို႔ ပစၥည္းေတြ ေ႐ႊ႕လာလိုက္။ကြၽန္ေတာ္ အိမ္သန္႔႐ွင္းေရး လုပ္ထားလိုက္မယ္"
Advertisement
လဲ့ယ္ထ်ဲက သူ႕ေဘးမွာ ရပ္ေနကာ,အတြင္းဘက္ကို တစ္ခ်က္လွည့္ၾကည့္ရင္း ေလသံနိမ့္နိမ့္ျဖင့္ ေမးလိုက္သည္။ “မင္းလုပ္ႏိုင္ရဲ႕လား?”
"ဘာလို႔ မလုပ္ႏိုင္ရမွာလဲ?ျမန္ျမန္သြား!ပစၥည္းေတြ ေ႐ြ႕ၿပီးရင္ေတာ့ ဒီေန႔အတြင္းေတာင္ ေနလို႔ရမယ္"
နံရံေထာင့္မွာ အဝါေရာင္ သံေခ်းေတြနဲ႔တက္ေနတဲ့ မီးဖိုေခ်ာင္သုံး ဓားတစ္ေခ်ာင္း႐ွိေန၏။ခ်င္မ်န္က ဝါးခုတ္ရန္အတြက္ ေကာက္ယူလိုက္သည္။
လဲ့ယ္ထ်ဲ ျပန္လွည့္မထြက္သြားခင္မွာပဲ အိမ္အတြင္းထဲ႐ွိ စားပြဲႏွင့္ ကုလားထိုင္မ်ားကို ထုတ္ေပးခဲ့လိုက္သည္။ေျခလွမ္းအနည္းငယ္လွမ္းၿပီးေနာက္ သူ ေနာက္တစ္ႀကိမ္ျပန္လွည့္လာၿပီး သူ႕အေပၚထပ္အက်ီကို ခြၽတ္ကာ ခ်င္မ်န္၏ေခါင္းေပၚ အုပ္တင္ေပးလိုက္သည္။စကားတစ္ခြန္းမွ မေျပာဘဲ သူ ျပန္ထြက္သြား၏။
ခ်င္မ်န္၏ေခါင္းေပၚကို လြင့္ပ်ံလာေသာ တစ္စုံတစ္ရာတစ္ခုက ဖုံးအုပ္သြားခဲ့သည္။သူ ဘာလုပ္ခဲ့မွန္း ဘာေၾကာင့္ရယ္မသိတာေၾကာင့္ ထိုအေပၚဝတ္ကို ဖယ္ၿပီး သစ္ပင္တစ္ပင္ေပၚတြင္ လႊားထားေပးလိုက္သည္။ထို႔ေနာက္ ဝါးကို ဆက္ခုတ္ေနခဲ့သည္။အဘိုးအဘြားေတြနဲ႔အတူ ေက်းလက္ေတာ႐ြာမွာ ေနထိုင္ခဲ့တုန္းက ႏွစ္သစ္ကူးအႀကိဳ သန္႔႐ွင္းေရးကို အႀကီးအက်ယ္လုပ္ရေလသည္။အိမ္၏ျမင့္မားေသာနံရံမ်ား႐ွိ ဖုန္မႈန္႔မ်ားကို သန္႔႐ွင္းရန္အတြက္ ဝါးပင္မ်ားကို ခုတ္ထစ္ၿပီး တုတ္႐ွည္တစ္ေခ်ာင္းကဲ့သို႔ ခ်ည္ေႏွာင္ထားကာ ငွက္ေမႊးတုတ္ကဲ့သို႔ အသုံးျပဳရလြယ္ကူၿပီး အိမ္၏နံရံျမင့္ျမင့္ေပၚ႐ွိ ဖုန္မႈန္႔မ်ားကို သန္႔႐ွင္းလို႔ ရႏိုင္၏။သူသည္ ဤလယ္ယာလုပ္ငန္းကို က်င့္သားမရဘူးဆိုတာ မ႐ွိေပ။
သံေခ်းတတ္ေနသည့္ ဓားေၾကာင့္ လုပ္ရကိုင္ရတာ လြယ္ေတာ့မလြယ္ေနေပ။ခ်င္မ်န္သည္ ဝါးကိုမခုတ္မီ အႀကိမ္ ၂၀ ေက်ာ္ေလာက္ ခုတ္ထစ္လိုက္ရသည္။ဝါးတိုင္၏အေလးခ်ိန္ကို ေလွ်ာ့ခ်ရန္အတြက္ ေအာက္ေျခအကိုင္းအခက္အခ်ိဳ႕ကို ခုတ္ရျပန္ေသးသည္။ခုတ္ၿပီးေနာက္ ၎တို႔ကို အိမ္ထဲသို႔သယ္ယူသြားၿပီး ထုတ္တန္းေပၚ႐ွိ ပင့္ကူမွ်င္ႏွင့္ဖုန္မႈန္႔မ်ားကို သန္႔႐ွင္းရန္ စတင္ခဲ့သည္။သန္႔႐ွင္းေရးလုပ္တာနဲ႔ ဖုန္မႈန္႔ေတြက သူ႕မ်က္ႏွာေပၚက်လာကာ အႀကိမ္အနည္းငယ္ တံေတြးေထြးထုတ္ရေလေတာ့သည္။႐ုတ္တရက္ပင္ ဒီလူက အလြန္ဂ႐ုတစိုက္႐ွိတတ္တာကို သိလိုက္ရ၏။
သူ အျပင္ျပန္ထြက္ၿပီး လဲ့ယ္ထ်ဲရဲ႕အေပၚထပ္ကို ေခါင္းေပၚကေနအုပ္ၿပီး ပါးစပ္ကိုပါ တစ္ဆက္တည္း အုပ္ကာ သန္႔႐ွင္းေရးစလုပ္ေတာ့သည္။႐ုတ္တရက္ အိမ္ထဲတြင္ ဖုန္မႈန္႔ေတြနဲ႔သစ္႐ြက္ေျခာက္အမိႈက္ေတြ ျပန္႔က်ဲေနကာ သဲမုန္တိုင္း ဝင္တိုက္သလိုမ်ိဳး အိမ္ထဲမွာ ပုံေန၏။ျပတင္းေပါက္စာ႐ြက္ေတြက ၿပဲေနၿပီျဖစ္တာေၾကာင့္ ျပတင္းေပါက္ဖြင့္သည္ျဖစ္ေစ၊မဖြင့္သည္ျဖစ္ေစ ဘာမွမထူးျခားေနေပ။
အိမ္တြင္ အခန္းသုံးခန္း႐ွိ၏။သန္႔႐ွင္းေရးလုပ္ၿပီးေသာအခါ လဲ့ယ္ထ်ဲက ရင္ဘတ္ဗလာနဲ႔ ျပန္ေရာက္လာခဲ့ၿပီး သူ႕ေနာက္ကေနလည္း လဲ့ယ္႐ွန္းလီ၊လဲ့ယ္႐ွန္းက်စ္ ႏွင့္ လဲ့ယ္ခြၽင္းေထာင္တို႔ပါ လိုက္လာခဲ့သည္။သူတို႔အားလုံး လက္ထဲမွာ ပစၥည္းေတြ ကိုင္ထားၾက၏။လဲ့ယ္႐ွန္းလီက ထင္းစည္းကို ကိုင္ထားၿပီး အိမ္ကေန တိတ္တဆိတ္ ခိုးယူလာသည္ကို သိႏိုင္သည္။လဲ့ယ္႐ွန္းက်စ္ကေတာ့ အနည္းငယ္ေသးငယ္ေသာ သစ္သားေသတၱာတစ္လုံးကို ကိုင္ထားသည္။
လဲ့ယ္ခြၽင္းေထာင္က သူမလက္ထဲမွ အင္တုံကိုခ်လိုက္ၿပီး ေလွ်ာက္လာခဲ့သည္။သူက အနည္းငယ္႐ွက္႐ြံ႕ေနဟန္ျဖင့္ "ညီမေလး ကူညီေပးမယ္,မရီး"
ခ်င္မ်န္က ကေလးမေလးတစ္ေယာက္ကို အလုပ္လုပ္ဖို႔ ဘယ္လိုလုပ္ၿပီး လက္ခံလိုက္ရမွာလဲ?သူက အလ်င္စလိုေျပာလိုက္သည္။ “မလိုဘူး၊ဖုန္ေတြက အရမ္းကိုထူေနတာ။မင္းရဲ႕အဝတ္အစားေတြကို မညစ္ပတ္ေစနဲ႔။"
လဲ့ယ္ခြၽင္းေထာင္က ဝါးတိုင္ကို မကိုင္ႏိုင္ဟု ထင္မိတာေၾကာင့္ "ဒါဆို ဖုန္မႈန္႔ေတြ ႐ွင္းၿပီးရင္ စားပြဲနဲ႔ ကုလားထိုင္ေတြကို ႐ွင္းေပးမယ္။"
လဲ့ယ္ထ်ဲ ႏွင့္ လဲ့ယ္႐ွန္းလီတို႔က က်န္ပစၥည္းမ်ားကို ေ႐ႊ႕ရန္ ျပန္သြားခဲ့ၾကၿပီး လဲ့႐ွန္းက်စ္သည္ သံေခ်းတတ္ေနသည့္ မီးဖိုေခ်ာင္သုံးဓားျဖင့္ ဝါးခုတ္ကာ ဖုန္မ်ားကို ကူးဖယ္႐ွားေပးလိုက္သည္။
လဲ့ယ္ထ်ဲ ဒုတိယအႀကိမ္ ျပန္လာေတာ့ ႐ြာက သစ္သားေလွကားကိုပါ ငွားလာခဲ့၏။
လဲ့ယ္႐ွန္းလီ၊လဲ့ယ္႐ွန္းက်စ္ ႏွင့္ လဲ့ယ္ခြၽင္းေထာင္တို႔အားလုံးမွာ အဆင္မေျပျဖစ္ခဲ့ရသည္။႐ွက္လြန္းလို႔ ဘာမွမေျပာဘဲ တိတ္တိတ္ဆိတ္ဆိတ္သာ ကူလုပ္ေပးေနၾကသည္။
ခ်င္မ်န္သည္လည္း စကားစျမည္ေျပာရန္ စိတ္မ၀င္စားဘဲ တတ္ႏိုင္သမွ် အျမန္ဆုံး ေျပာင္းေ႐ႊ႕ရန္သာ စိတ္ႏွလုံးထဲ၌ အႂကြင္းမဲ့ ေတြးေနခဲ့သည္။
သန္႔႐ွင္းေရးလုပ္ၿပီးေနာက္ လဲ့ယ္ထ်ဲသည္ ေခါင္မိုးေပၚသို႔တက္ကာ မိုးရာသီတြင္ မိုးေရယိုစိမ့္မႈမျဖစ္ေစရန္အတြက္ သန္႔႐ွင္းေရးေၾကာင့္ ေ႐ြ႕သြားေသာအုတ္ႂကြပ္ေႂကြျပားေတြကို ျပန္လည္စီေပးေနသည္။
ထို႔ေနာက္ ၾကမ္းျပင္ကို လွည္းက်င္းကာ စားပြဲႏွင့္ ကုလားထိုင္မ်ားကို ႐ွင္းလင္းၿပီးေနာက္ ျပတင္းေပါက္မ်ားကိုပါ သုတ္ေပးေနသည္။အိမ္သန္႔႐ွင္းေရးမလုပ္ခင္ ႏွစ္နာရီေက်ာ္ေလာက္ အလုပ္႐ႈပ္ေနခဲ့ရၿပီး ႐ွင္းလင္းၿပီးသြားေတာ့ ၾကည့္ရတာ ပိုသက္ေတာင့္သက္သာ႐ွိသြားပုံရ၏။
လဲ့ယ္႐ွန္းက်စ္၏မ်က္လုံးမ်ားသည္ ေလႏွင့္အတူ လႊင့္ခါေနေသာ ျပတင္းေပါက္မွ စာ႐ြက္မ်ားေပၚတြင္ က်ေရာက္သြားသည္။ “အကိုႀကီး..ကြၽန္ေတာ္႕မွာ အသုံးမျပဳေတာ့တဲ့ စာ႐ြက္တခ်ိဳ႕႐ွိတယ္။ကြၽန္ေတာ္ ျပန္သြားၿပီး ျပတင္းေပါက္ေတြဖာဖို႔အတြက္ သြားယူလိုက္မယ္။"
"အစ္ကိုႀကီး..ခြၽင္းေထာင္နဲ႔ ကြၽန္ေတာ္လည္း ျပန္ေတာ့မယ္" လဲ့ယ္႐ွန္းလီက ေျပာသည္။
လဲ့ယ္ထ်ဲက ေခါင္းညိတ္လိုက္၏။
ခ်င္မ်န္ကား အနည္းငယ္ အကူအညီမဲ့သြားသလို ခံစားလိုက္ရသည္။ယခင္က လဲ့ယ္ထ်ဲရဲ႕အေတာ္ေလးလိမၼာပါးနပ္သည့္ အခိုက္အတန္႔ကို သူျမင္ခဲ့ရသည္၊ယခုအခ်ိန္တြင္ လူေတြၾကားက ဆက္ဆံေရးကို ဘာ့ေၾကာင့္မ်ား နားမလည္ႏိုင္ရတာလဲ?
“ဒီေန႔ မင္းတို႔ရဲ႕အကူအညီအတြက္ အားလုံးကို ေက်းဇူးတင္ပါတယ္။ေန႔လယ္စာစားဖို႔ အရမ္းေနာက္က်ေနၿပီ။ညေနက်ရင္ေတာ့ မင္းအစ္ကိုႀကီးနဲ႔ ငါ မင္းတို႔ကို အဆင္ေျပရင္ ထမင္းစားဖို႔ ဖိတ္ခ်င္ပါတယ္”
အဆင္ေျပသည္ျဖစ္ေစ၊မေျပသည္ျဖစ္ေစ သူတို႔ တု႐ွီရဲ႕ ခြင့္ျပဳခ်က္ကို မရမွာကိုပဲ စိုးရိမ္မိ၏။လဲ့ယ္႐ွန္းက်စ္က အျမန္ ျငင္းလိုက္သည္။
"အခုအခ်ိန္မွာ အစ္ကိုႀကီးနဲ႔ မရီးတို႔က အဆင္ေျပတာ မဟုတ္ေသးဘူး။ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ညစာ လာမစားေတာ့ပါဘူး"
လဲ့ယ္ထ်ဲက ေျပာလိုက္၏။"အဲဒီ အခ်ိန္က်ရင္ မင္းတို႔အားလုံးကို လာေခၚလိုက္မယ္"
လဲ့ယ္႐ွန္းလီတို႔အုပ္စုက သေဘာတူခဲ့ၾကသည္။
သူတို႔ထြက္သြားၿပီးေနာက္ ခ်င္မ်န္သည္ သူတို႔၏ပိုင္ဆိုင္မႈေတြကို စတင္ေရတြက္ၾကည့္သည္။သစ္သားခုတင္တစ္လုံး၊စားပြဲနိမ့္တစ္ခု၊သစ္သားေသတၱာႏွစ္လုံး၊ေလးတစ္ခု၊ဒယ္အိုး၊ေလးေထာင့္စားပြဲတစ္ခု၊ ကုလားထိုင္သုံးလုံးႏွင့္ သစ္သားအင္တုံတစ္ခုပင္။အဲဒါေတြကလြဲလို႔ လက္ေတြ႕မွာ တျခားဘာမွမ႐ွိ။ကံေကာင္းေထာက္မစြာ မီးဖိုေခ်ာင္အျဖစ္အသုံးျပဳသည့္ အခန္းတစ္ခန္းပါ႐ွိၿပီး မီးဖိုသည္ ထိုေနရာတြင္႐ွိေနခဲ့ေသာေၾကာင့္ ထပ္မံေဆာက္လုပ္ရန္မလိုအပ္။
ေနက အရမ္းကိုသာလြန္းတာေၾကာင့္ ေဆးေၾကာထားတဲ့ စားပြဲနဲ႔ကုလားထိုင္ေတြက ခပ္ျမန္ျမန္ပင္ ေျခာက္သြားေတာ့သည္။သူတို႔လည္း ပစၥည္းအားလုံးကို ေ႐ႊ႕ေျပာင္းလိုက္ၿပီး စည္းစနစ္တက်ထား႐ွိလိုက္ၾကသည္။
အိမ္ကိုအခန္း သုံးခန္းျဖင့္ဖြဲ႕ထား၏;ပထမတစ္ခန္းမွာ ထမင္းစားခန္းႏွင့္ ဧည့္သည္မ်ားဧည့္ခံရန္အတြက္ ျဖစ္ၿပီး မီးဖိုေခ်ာင္အတြက္ တစ္ခန္းႏွင့္ တစ္ခ်ိန္တည္းမွာပင္ ပစၥည္းပစၥယာမ်ားကို သိမ္းဆည္းထားကာ ေနာက္တစ္ခန္းကိုေတာ့ သူနဲ႔ လဲ့ယ္ထ်ဲ အတူတူမွ်သုံးရေတာ့မည့္အျပင္ ကုတင္တစ္လုံးကိုပင္ မွ်သုံးေနရဆဲ ျဖစ္သည္။
အလုပ္ၿပီးေသာအခါ ခ်င္မ်န္သည္ ေရေႏြးတစ္အိုးေလာက္ အပူေပးကာ ေခါင္းေလွ်ာ္လိုက္ၿပီး အဝတ္အစားလဲၿပီးေနာက္ လဲ့ယ္ထ်ဲ ေရခ်ိဳးရန္အတြက္ ေရကို လွယ္ေပးခဲ့လိုက္သည္။
မနီးမေဝးတြင္ ေရကန္တစ္ကန္ ႐ွိေနတာေၾကာင့္ အဝတ္အစားေတြကို အလြယ္တကူ ေလွ်ာ္ဖြပ္ႏိုင္ခဲ့ေသာ္လည္း အဝတ္တန္းႀကိဳးမ႐ွိေသးေသာေၾကာင့္ အိမ္ေ႐ွ႕႐ွိ သစ္ပင္ငယ္တစ္ပင္တြင္သာ လွမ္းခဲ့ရသည္။အိမ္အတြင္းတြင္ လဲ့ယ္ထ်ဲက ပ်က္စီးေနေသာ ကုလားထိုင္ကို ျပင္ေန၏။
"လဲ့ယ္ထ်ဲမိသားစုရဲ႕ဇနီး" က်န္းတေ႐ႊသည္ သူ႕ပခုံးေပၚတြင္ ထင္းစည္းကို သယ္ထားၿပီး သူ႕မ်က္ႏွာေပၚတြင္ ေဖာေဖာသီသီ႐ွိလွေသာ အျပဳံးတစ္ခုႏွင့္။
"အစ္ကိုက်န္း....အလုပ္႐ႈပ္လွခ်ည္လား?"
ခ်င္မ်န္က ႏႈတ္ဆက္လိုက္သည္။
"အလုပ္ကေတာ့ ႐ႈပ္ခ်က္ကြာ" က်န္းတေ႐ႊသည္ နံရံကိုေထာင္ကာ ထင္းစည္းကိုခ်လိုက္သည္။ “မင္းတို႔ မိသားစုနဲ႔အိမ္ခြဲေနလိုက္တယ္လို႔ ငါၾကားတယ္။မင္းတို႔ ေနရာအားလုံးလိုလိုမွာ လိုအပ္ေနမွာ မွန္ေပမယ့္ ငါတို႔လည္း က်န္တာေတာ့ မတတ္ႏိုင္ဘူးကြ၊ဒါေၾကာင့္ မင္းမရီးနဲ႔ငါ မင္းတို႔သုံးဖို႔အတြက္ ဒီထင္းစည္းကို ေပးခဲ့မယ္"
Advertisement
- In Serial8 Chapters
Bingo
In a broken kingdom full of crises and wars, there is a boy who dreams of becoming king someday
8 201 - In Serial33 Chapters
Harry Potter and the Seer's Ambition
After Voldemort came back at the end of the triwizard tournament, Harry tried his best to inform the wizarding world that he was back but faced with denial and ridicule, Harry could only fume in anger. Little did he know that Voldemort wasn’t the biggest threat he would have to face. Receiving power from unexpected sources and armed with Information he didn’t expect to have, Harry sets out on a mission to bring the dark lord and his followers down and uncover one of the world’s least known secrets. ============ This novel has been posted on Webnovel, Scribblehub, Fanfiction & RoyalRoad. This story was supposed to be a rewrite of my earlier book, Harry Potter and the Dark Phoenix but the plot ended up so different that I figured I’d just make a new book out of it. I might, at some point in the future, rewrite the earlier book with the earlier plot but that will have to wait for this one to finish. This is an AU so please keep that in mind. Constructive criticism is welcome, needless bashing is not.
8 815 - In Serial12 Chapters
Sandbox of Interest
Brumane, a supernatural world with an expansive past that is inhabited with various different beings that clash constantly. Isia, a normal world with advanced technology that is getting ever closer to releasing a space vessel that can explore the distant stars without restraint. The two worlds collide in mysterious and unseen ways. As if they are place in a sandbox... One may never notice, but it seems that the two worlds are actually pitted against each other. What may happen?
8 173 - In Serial65 Chapters
Lycans Of The Woods
It has been many years since Lycans revealed themselves to the world. Many humans have had difficulty adjusting to their presence, especially as a consequence of some lycans making the decision to destroy many homes and punish humans who protest their actions. Olivia has been imprisoned for the past twelve years in the Klawmoon pack and has endured many harsh treatments. However, her life changes when the pack is attacked and she manages to escape, only to eventually find herself in another pack in the woods. And it is in this pack, that she discovers that she is the Alpha's mate. Copyright © 2019 by Faith HunteAll rights reserved. No part of this book may be reproduced, distributed, or transmitted in any form or by any means, including photocopying, recording, or other electronic or mechanical methods, without written permission from the author. The image used on the cover art belongs to its respective owner.
8 90 - In Serial25 Chapters
WHEN YOU BECOME MINE
"Will you become mine baby?"- JK"Ofcaurse Hyung"- JM#jikook#kookmin#minkookoh yeah forget one thing,,We purple you and borahae💜💜💜💜
8 223 - In Serial21 Chapters
My Soulmate - Pranushka Story
One small Girl did friendship with street Kid but she got separated due to her father but she left Phone number on 100 Rupees to that Boy but he lost it.After 18 years that Street Kid became son to lovely and Billionaire Parents in Hyderabad and Girl who is already rich living in Delhi with her lovely Parents. But they never forgot each other and searching for childhood..Without their Knowledge they fall in Love with each other but they can't forgot their Childhood soulmate. Only one changed their lives..Will they meet? Will they know who they are?Will Destiny make them together?
8 239

