《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[18]
Advertisement
[Unicode]
018:ဝယ်ယူမှု (၂)
"ဒါပါပဲ။ကုန်ကျငွေကို တွက်ပေးပါ"
ဆိုင်ရှင်က ပေသီးကိုယူပြီး ကုန်ကျငွေကို တွက်ပေးလိုက်သည်။ “စုစုပေါင်း ၂၇၂ ဝမ် ကျပါတယ်။ဒီလူငယ်လေးက ကျုပ်တို့ဆိုင်မှာ အများကြီး အားပေးသွားတော့ ကျန် ၂ ဝမ်ကို လျှော့ပေးလိုက်ပါ့မယ်။စုစုပေါင်း ၂၇၀ ဝမ်ပဲ ပေးပါ"
ချင်မျန်က ပြုံးရွှင်စွာ ပြောလိုက်သည်။ “ဆိုင်ရှင်ပြောသလိုပဲ ကျွန်တော်တို့က ဒီဆိုင်မှာ အများကြီးအားပေးသွားတာပဲ။တစ်ခါတည်းနဲ့ အများကြီးဝယ်ယူသွားတာကိုလည်း ဦးလေး မြင်တာပဲကို။အဲဒါကြောင့် ၂၅၀ ဝမ်ပဲယူတာက ပိုကောင်းတာပေါ့။ဆီ၊ဆားနဲ့ ဂျုံမှုန့်တွေ ကုန်သွားရင်လည်း ကျွန်တော်တို့ ထပ်ပြီးလာအားပေးမှာ သေချာတယ်။ဟုတ်တယ်မလား?"
လဲ့ယ်ထျဲရဲ့မျက်လုံးတွေက ချင်မျန်ကို စိုက်ကြည့်ရင်း ဒီဆယ်ကျော်သက်လေးက သူ့ကို ပို၍ပို၍ အံ့အားသင့်စေခဲ့သည်။
ဆိုင်ရှင်သည် အံ့အားသင့်သွားပြီး ကူကယ်ရာမဲ့ဖြစ်စွာ ပြုံးနေလေတော့သည်။ “လူငယ်လေးက အပြောကောင်းတာပဲ။ဒါပေမယ့် ကျုပ်လုပ်ငန်းလေးက အသေးစားစီးပွားရေးလုပ်ငန်းလေးပါပဲ။ဒီလောက်ကြီး စျေးလျှော့လိုက်တာက ရက်စက်လွန်းပါတယ်ဗျာ။ကျုပ် နောက်ထပ် ငါးဝမ်ထပ်လျှော့ပေးမယ် အဲလို့မှ မရရင် ကျွန်တော်တို့ဆိုင် အရင်းပြုတ်သွားလိမ့်မယ်"
"ဘယ်လိုကြောင့်မို့လို့လဲ?" ချင်မျန်က ညင်သာစွာ ပြောလိုက်သည်။ “ဒီမှာ ကုန်ပစ္စည်းတွေ အရမ်းပြည့်စုံနေတာကို ကျွန်တော် မြင်ပါတယ်၊သိတဲ့သူတိုင်းက ဒီဆိုင်မှာ လာဝယ်ကြလိမ့်မယ်။အဲ့ခါကျ လုပ်ငန်းက ဘယ်လောက် ကြီးပွားလာမယ်ဆိုတာ တွေးကြည့်လို့ရပြီ။ရွာကို ပြန်ရောက်ပြီးရင်လည်း ပိုက်ဆံပိုရဖို့အတွက် ကျွန်တော် လူသိရှင်ကြားနှိုးဆော်ပေးပါ့မယ်။ပေးရတဲ့အခကြေးငွေ လျော့နည်းရင် ထပ်ခါတလဲလဲ ဝယ်ယူသူ ပိုများလာမှာပဲလေ။ဒါက ကောင်းမွန်တဲ့သဘောတူညီချက်တစ်ခုလိုပဲပေါ့!”
ဆိုင်ရှင်သည် မရယ်နိုင်သော်လည်း သူ့မျက်လုံးများတွင် ကူကယ်ရာမဲ့ အကြည့်တစ်ခု ရှိနေသည်။ "ကောင်းပြီ..ကောင်းပြီ ၂၅၀ ဝမ်ပဲ ပေးပါတော့"
"ကျေးဇူးအများကြီးတင်ပါတယ် ဆိုင်ရှင်" ထိုအခါမှ ချင်မျန်လည်း ကျေနပ်သွားပြီး ဆိုင်ရှင်ကို အရိုအသေပြုဟန် လက်သီးတစ်ချက်ခုပ်ကာ လဲ့ယ်ထျဲကို ငွေပေးချေရန် လက်ယပ်ခေါ်လိုက်သည်။
အကြီးအမား အစုအပုံကြီးပင်။ပန်းကန်တွေ လက်ဖက်ရည်ခွက်တွေနှင့် ကွဲလွယ်သော ကြွေခွက်များကို ဆန်နှင့်ဂျုံမှုန့်များထဲတွင် ထည့်ထားသောကြောင့် ဖိအားကြောင့် အလွယ်တကူ မတိုက်မိစေရန် ကာကွယ်ပြီးသားဖြစ်သွားသည်။
ဆိုင်ရှင်က သူ့ဘာသာသူ ခေါင်းညိတ်မိ၏။ဒီလူငယ်လေးက လိမ္မာပါးနပ်တာပဲ!
ကံကောင်းထောက်မစွာ တောင်းသည် အရာအားလုံးနီးပါး ဆန့်နိုင်လောက်အောင် ကြီးလို့သာ။ဆီအိုးနှင့် ဆားအိုး၏အဝကို ကြိုးဖြင့် ချည်နှောင်ထားပြီး လဲ့ယ်ထျဲ၏လက်တွင် ကိုင်ဆွဲထားသည်။
သူတို့ထွက်သွားတော့ ဆိုင်ရှင်က သူတို့ကို ခပ်လှမ်းလှမ်းထိ လိုက်ပို့ပေးလိုက်သည်။
ချင်မျန်က လှမ်းပြောသည်။ "ဆီနဲ့ဆားအိုးကို ကျွန်တော် ကိုင်လိုက်မယ်"
"မလိုဘူး။" လဲ့ယ်ထျဲက သူ့လက်ကိုရှောင်လိုက်ပြီး "မင်းလိုချင်တာမှန်သမျှ ဝယ်နိုင်အောင် နောင်အနာဂတ်မှာ ပိုက်ဆံပိုရှာပေးမယ်"
"အဟွတ်!အဟွတ်!" ချင်မျန်က မကြားချင်ယောင်ဆောင်ကာ "ကျွန်တော်တို့မှာ နောက်ထပ်ဝယ်စရာတွေ ရှိသေးတယ်။လှည်းငှားကြမလား?လှည်းငှားရတာ ဈေးကြီးလား?"
“မသိဘူး”
“ပိုက်ဆံအကြောင်းကို စိတ်ထဲ အရမ်းမထည့်ထားပါနဲ့။သုံးစွဲသင့်တာကို သုံးစွဲ။ပိုက်ဆံဆိုတာ ရှာလို့ရတယ်။"
ချင်မျန်သည် ရည်ရွယ်ချက်ရှိရှိ အထည်ဆိုင်သို့ သွားခဲ့သည်။အစောတုန်းက သူ ပတ်ဝန်းကျင်ကို လှည့်ပတ် လျှောက်ကြည့်ထားတာကြောင့် ဘယ်နေရာမှာ ဘာရှိသည်ကိုမှတ်မိနေပြီ။
လဲ့ယ်ထျဲက သူ့ဘေးနားကနေ လျှောက်လှမ်းလာရင်း လူတွေ ဝင်တိုက်နေတာကို ရှောင်ရှားနေရ၏။
အထည်ဆိုင်သို့ရောက်သည်နှင့် ချင်မျန်သည် အသက်သာဆုံးပိတ်ချောကို တိုက်ရိုက်မရွေးချယ်မီ အထည်အမျိုးမျိုး၏စျေးနှုန်းများကို မေးမြန်းခဲ့သည်။လဲ့ယ်ထျဲကို ဘာအရောင်လိုချင်လဲလို့ မေးတဲ့အခါ သူက “မင်းရွေး” ဆိုပြီး တုံ့ပြန်တဲ့အတွက် သူ့အတွက် အပြာရောင်နဲ့ စိမ်းပြာရောင်ယူခဲ့ပြီး မဲနယ်နဲ့အနက်ရောင်ကို လဲ့ယ်ထျဲအတွက် ရွေးချယ်ပေးခဲ့သည်။အရောင်တစ်ခုစီကို အဝတ်တစ်စုံအဖြစ် ချုပ်နိုင်ပြီး ရက်အနည်းငယ်အတွင်း လာယူနိုင်မည်ဖြစ်သည်။ထို့နောက် ပြတင်းပေါက်အတွက် ကန့်လန့်ကာအဖြစ် မီးခိုးရောင်အထည်နှစ်ထည်ပါ ဝယ်ခဲ့လိုက်သည်။အထည်လေးစုံ၊အထည်စနှစ်စ၊အထည်ချုပ်လုပ်အားခပါ အပါအဝင် စုစုပေါင်း ၂၈၅ ဝမ် ကျသင့်ခဲ့သည်။
ချင်မျန်က လိုက်လျောညီထွေ နေထိုင်တတ်ပြီး မတူညီတဲ့အခြေအနေတွေနှင့် မတူညီတဲ့လူတွေကို ဘယ်လိုပြောရမည်ကို သိသည်။သူက အသက်လေးဆယ်ကျော်အရွယ်ရှိ ဆိုင်ရှင်အမျိုးသမီးကို မမလို့ ခေါ်လိုက်တာကြောင့် အလွယ်တကူပင် ၁၅ဝမ် လျှော့ပေးခံခဲ့ရကာ အနည်းငယ်ပင် အံ့အားသင့်သွားခဲ့သေးသည်။
သို့သော် လဲ့ယ်ထျဲကတော့ဖြင့် မအံ့သြပေ။အခု သူ့ဇနီးလေးက မည်းမည်း၊ပိန်ပိန် သူရဲဘောကြောင်တဲ့ ဆယ်ကျော်သက်လေး မဟုတ်တော့ပေ။မကြာသေးမီရက်များအတွင်း သူက ပြန်လည်သက်သာရာရလာခဲ့ပြီး ၎င်းအပြင် လေ့ကျင့်ခန်းလည်း ပြုလုပ်သေးသည်။သူ့အသားအရည်က ဖြူလာရုံသာမက သူ့ခန္ဓာကိုယ်ကလည်း ပိုသန်မာလာ၏။အထူးသဖြင့် တောက်ပတဲ့မျက်လုံးတစ်စုံက ရဲရင့်သွေးတွေဖြင့် တက်ကြွနေ၏။သူ့တစ်ကိုယ်လုံးမှာ တက်ကြွမှုအပြည့်ရှိနေပြီး ဉာဏ်ရည်ထက်မြက်မှုလည်း ရှိနေသည်။သူ့ရဲ့ ထက်မြက်မှုအပေါ်မှာ လူတွေက သူ့ကို မကြိုက်ဖို့ သိပ်ခက်၏။
တိုက်ဆိုင်စွာပင် အထည်ဆိုင်တွင် ပိတ်သားဖိနပ်လည်းရောင်းသည်။ချင်မျန်က သူတို့နှစ်ယောက်စီအတွက် ဖိနပ်နှစ်ရံဝယ်လိုက်ပြီး ဆိုင်ရှင်ထံမှ ဖြတ်စအထည်လေးတွေ အပိုတောင်းလိုက်သေးသည်။သူပြန်သွားတဲ့အခါ ဝတ်ဖို့အတွက် ခြေအိတ်တွေအများကြီး ချုပ်ဖို့တွေးထားခဲ့သည်ပင်။
အိုက်ယား...ဆင်းရဲလိုက်တာ!
အထည်ဆိုင်မှ ထွက်လာပြီးနောက် နှစ်ယောက်သား အစားအသောက်ဈေးသို့ ပြေးကြသည်။လဲ့ယ်မိသားစု၏ဟင်းသီးဟင်းရွက်ခင်းထဲတွင် သူတို့ဝေစုရှိသည့်အတွက် ဟင်းသီးဟင်းရွက်များ ဝယ်ရန် မလိုပေ။ချင်မျန်က အသားများကိုသာ အဓိကဝယ်ဖို့လုပ်သည်။ပထမအချက်က ဧည့်သည်တွေကို ဧည့်ခံဖို့ဖြစ်ပြီး ဒုတိယကတော့ စိတ်နှလုံးကျေနပ်အောင် စားဖို့ပါပဲ။
အသားရောင်းသည့်ဆိုင်ရှင်တွင် စိတ်အားထက်သန်ကာ စူးရှသော မျက်လုံးတစ်စုံရှိ၏။ဆိုင်ရှင်က
ချင်မျန် နှင့် လဲ့ယ်ထျဲတို့ကို ကြည့်လိုက်သောအခါ နှစ်ယောက်ထဲတွင် ချင်မျန်က သခင်ဖြစ်မည်ကို သူသိသောကြောင့် အစပြု၍ ပြောလေသည်။
Advertisement
“လူငယ်လေး...ဒီဝက်သားက လတ်ဆတ်တယ်နော်!ဘယ်အပိုင်းလိုချင်လဲ?"
ချင်မျန်၏မျက်လုံးများသည် အသည်းအပိုင်းအစများ၊သုံးထပ်သားများ၊အရိုးများ၊လိုင်းသားများနှင့် အဆီ များထံ ရောက်သွား၏။
"စျေးနှုန်းကရော?"
"အရိုးတစ်ကျင်းဆို ၂ ဝမ်၊အသည်းက ၃ ဝမ်၊လိုင်းသားက ၁၀ ဝမ်၊ဝက်နံရိုးက ၁၂ ဝမ်၊သုံးထပ်သားက ၁၄ ဝမ်နဲ့ အဆီကတော့ ၁၆ ဝမ်ပါ"
ချင်မျန်သည် သူကြီးထွားလာဆဲကာလဖြစ်သည်ကို ထည့်သွင်းစဉ်းစားခဲ့တာကြောင့် အရိုးစွပ်ပြုတ်ကသာ သူ့ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်၏။ "အရိုးနှစ်ကျင်း၊လိုင်းသားတစ်ကျင်း၊ အသည်းနှစ်ဂျင်း၊သုံးထပ်သားတစ်ကျင်းနဲ့ အဆီဂျင်းတစ်ကျင်းပေးပါ"
လဲ့ယ်ထျဲက ပြောလိုက်သည်။ "အဆီပိုဝယ်လို့ရတယ်"
ချင်မျန်က အံ့အားသင့်သွားပြီး နောက်လှည့်ကြည့်လိုက်သည်။ "ဝက်သားအဆီကြိုက်လို့လား?"
လဲ့ယ်ထျဲက ခေါင်းယမ်းလိုက်သည်။
ချင်မျန်က နားမလည်သဖြင့် အချိန်အတော်ကြာမှ သဘောပေါက်သွားသည်။လဲ့တီးက ပိုစျေးကြီးလေ ပိုကောင်းတာလို့များ ထင်နေတာလား?သူက လဲ့ယ်ထျဲကို ပြုံးပြပြီး ဆိုင်ရှင်အား ပြောလိုက်သည်။ “အဆီနှစ်ကျင်း ပိုထည့်ပေးပါ”
"ကိစ္စမရှိပါဘူး!" ဆိုင်ရှင်သည် သားသတ်သမားဓားကို ကောက်ကိုင်လိုက်ပြီး အသားများကို ကျွမ်းကျင်စွာ ခုတ်ထစ်ကာ တစ်ခုပြီးတစ်ခု ချိန်တွယ်လိုက်သည်။
“လူငယ်လေး...အတိုင်းအတာကိုကြည့်နော်။အရိုးက နှစ်ကျင်းနဲ့ နှစ်လျန်၊နှစ်ကျင်းပဲ ထားပေးမယ်။လိုင်းသားက တစ်ကျင်းအတိအကျပဲ။အသည်းက နှစ်ကျင်းနဲ့ နှစ်လျန်၊နှစ်ကျင်းပဲ ထားလိုက်မယ်။သုံးထပ်သားကလည်း တစ်ကျင်းအတိအကျပဲ။အဆီက သုံးကျင်းနဲ့တစ်လျန်။သုံးကျင်းပဲ ထားလိုက်။စုစုပေါင်း ၈၂ ဝမ်ကျတယ်။ဝမ် ၈၀ပဲပေး။"
ဆိုင်ရှင်သည် အရိုးနှင့်အသားများကို ကောက်ရိုးကြိုးဖြင့် ချည်နှောင်ပြီး ချင်မျန်ထံ ကမ်းပေးလိုက်သည်။
"ဆိုင်ရှင်က တကယ့်ကို သဘောကောင်းတာပဲ" ချင်မျန်က ချီးကျူးပြီး လဲ့ယ်ထျဲ ပိုက်ဆံပေးချေဖို့ စောင့်နေခဲ့သည်။
လဲ့ယ်ထျဲက အိုးများကို ကိုင်ထားသည့် သူ့လက်နှစ်ဖက်ကို မြှောက်ပြလိုက်ပြီး ချင်မျန်ကို သူ့ရင်ဘတ်ဆီသို့ ညွှန်ပြလိုက်သည်။
ချင်မျန်ကတော့ လဲ့ယ်ထျဲကိုကြည့်ပြီး ဆွံအလျက်သားဖြင့်။ချင်မျန်က လဲ့ယ်ထျဲ၏ညာဘက်လက်ရှိ ဆားအိုးကို ပြုံး,ပြုံးလေး လှမ်းယူကာ မည်သည်မျှတော့ မပြောလိုက်ပေ။ထိုအခါမှ လဲ့ယ်ထျဲက တည်ငြိမ်စွာ ပိုက်ဆံအိတ်ကိုထုတ်ကာ ဆိုင်ရှင်အား ပေးလိုက်သည်။
ချင်မျန်သည် ဝမ် ၈၀ကို သေချာရေတွက်ပြီး ဆိုင်ရှင်အား ငွေပေးချေလိုက်ပြီးနောက် ဆားအိုးကို လဲ့ယ်ထျဲထံ ပြန်ပေးခဲ့သည်။
ထို့နောက် ရေစည်အိုး အကြီးနှစ်လုံးနှင့် စောင်ဝယ်ဖို့ သွားကြသည်။၁ ဝမ်တောင် လျှော့မပေးတဲ့အပြင် ဝမ် ၁၂၀ ပေးခဲ့ရသည်။ဒါပေမယ့် ဒီစောင်က အလေးချိန်ဆယ်ကျင်းရှိကာ အရမ်းထူပြီး ပေးရတန်လေ၏။
မြို့အဝင်ဝတွင် နွားလှည်းများ၊မြည်းလှည်းများနှင့် မြင်းရထားများကဲ့သို့သော လှည်းမျိုးစုံရှိသည့် နေရာလွတ်တစ်ခုရှိသည်။အဲဒီနေရာကနေ လှည်းငှားလိုက်၏။ရွာကိုရောက်ဖို့ နောက်ကျတော့မည်မဟုတ်ပေ။
ချင်မျန်က တောင်စိမ်းရွာကိုသွားလျှင် ဘယ်လောက်ကျမလဲဟု မေးလိုက်၏။နွားလှည်းမောင်းတဲ့ အဖိုးအိုက လူတစ်ဦးကို ၂ ဝမ် ပေးရတယ်ဟု ဆို၏။နေရာတစ်နေရာမှာ နေရာယူစရာတွေများလွန်းရင် ထိုင်ခုံတစ်ခုအတွက် ထပ်မံပေးချေရမည်ပင်။
ချင်မျန်က ဒီတစ်ခါတော့ ဈေးမဆစ်တော့ပေ။လှည်းပေါ်တက်ပြီး အိမ်ပြန်ခဲ့ကြသည်။
မြိုတော်မှ တောင်စိမ်းရွာသို့သွားရာလမ်းတွင် အသက် ၃၀ ၀န်းကျင်ရှိ အမျိုးသမီးနှစ်ဦး စကားစမြည်ပြောနေကြသည်။အဲဒီထဲက တစ်ယောက်က ကျိုးချွေ့ဟွာဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဖုန်းဟုန်လျို
ဖြစ်၏။ဒီနေ့ သူတို့နှစ်ယောက်က ဖိနပ်အောက်ခံပြားတွေနှင့် ကိုယ်တိုင်လုပ်ထားတဲ့ ခါးချိတ်အဆောင်လေးတွေကို ရောင်းရန်အတွက် မြို့ကို အတူတူသွားကြခြင်းပင်။စားသောက်ဆိုင်ဖွင့်ပွဲ၌ ခြင်္သေ့အက ဖျော်ဖြေပွဲနှင့် ကြုံခဲ့ရပြီး လူစည်ကားလှသော မြင်ကွင်းကို ကြည့်နေခဲ့တာကြောင့် အပြန် နောက်ကျခဲ့ကြသည်။
သူတို့နောက်က လှည်းသံကိုကြားတော့ အလျင်စလို အော်လိုက်ကြသည်။
"လှည်းမောင်းသမား...ကျွန်မတို့ လိုက်ခဲ့မယ်!" ကျိုးချွေ့ဟွာ အော်ပြီးနောက် ချင်မျန် နှင့် လဲ့ယ်ထျဲတို့ လှည်းပေါ်တွင်ထိုင်နေသည်ကို သူမ တွေ့လိုက်ရပြီး သူမရဲ့ဝေ့ယမ်းပြနေသည့်လက်က နှေးသွားလေသည်။
ဖုန်းဟုန်လျိုကတော့ ဂရုမစိုက်ပေ။သူမက လက်ပြလိုက်သည်။ "ရပ်၊ ရပ်”
အဘိုးအိုက ပြောလိုက်သည်။ “တောင်စိမ်းရွာကို သွားမှာလား? တစ်ဦးကို ၂ ဝမ်။"
"၂ ဝမ်လား?" ကျိုးချွေ့ဟွာက မျက်ခုံးပင့်လိုက်သည်။ “မြို့ကနေ ကျွန်မတို့ရွာကို ၂ ဝမ် ပေးရတာလေ။ကျွန်မတို့က အခု လမ်းတစ်ဝက်ကိုတောင်ရောက်နေပြီ။ဒါကိုလည်း ၂ ဝမ် ပေးရမှာလား?"
ဖုန်းဟုန်လျိုက “မှန်တယ်။ အမြတ်ရချင်လွန်းလို့ ရူးနေပြီလား?”
အဘိုးအိုသည် နွားဆက်သွားစေရန် ကြာပွတ်ကို ဝှေ့ယမ်းကာ “လမ်းတစ်ဝက်ကို မရောက်သေးဘူး။ထိုင်ချင်ထိုင်၊မထိုင်ချင်မထိုင်နဲ့ "
ကျိုးချွေ့ဟွာ နှင့် ဖုန်းဟုန်လျိုတို့သည် အခြားရွေးချယ်စရာမရှိပေ။
“ထိုင်မယ်၊ ထိုင်မယ်”
ယနေ့ ကြက်ဥတွေကို စျေးချရောင်းမနေဘူးဆိုလျှင်၊ ထို ပျားပန်းခတ် စည်ကားနေသောမြင်ကွင်းကို အကြာကြီးရပ်မကြည့်နေခဲ့ပါက ငွေသုံးစွဲဖြစ်မည် မဟုတ်။
အဘိုးအိုက လှည်းကိုရပ်လိုက်ပြီး နှစ်ယောက်သားကို တက်ခိုင်းလိုက်သည်။
“ထိုင်ကြ!”
အဘိုးအိုက အော်ပြီး နွားသိုးဝါကြီးက ဖြည်းဖြည်းချင်း လျှောက်လှမ်းနေသည်။
ကျိုးချွေ့ဟွာသည် ဖုန်းဟုန်လျို၏လက်ကိုဆွဲကာ နောက်သို့လှည့်ကြည့်ပြီး တိုးတိုးလေးကပ်ပြောလိုက်သည်။ "သူတို့ဝယ်ထားတဲ့ပစ္စည်းတွေ ဘယ်လောက်ရှိလဲ ကြည့်ကြည့်၊သူတို့နှစ်ယောက်က အတူနေထိုင်ဖို့ တကယ်စီစဉ်နေတာလား?ဘယ်လိုပဲ ဖြစ်နေပါစေဟယ် ဒါကြီးက မဖြစ်နိုင်ဘူး”
ဖုန်းဟုန်လျိုသည်လည်း သူမအနားသို့ ကပ်လာသည်။ “နင့်ရဲ့အသံကို တိုးဦး။ချင်မျန်က အကြံသမားလို့ ထင်တယ်။လဲ့ယ်မိသားစုက ဆင်းရဲမွဲတေပြီးကူကယ်ရာမဲ့ ဖြစ်နေတဲ့ သူ့ကို ခေါ်ထားတာမလား?သူသာ လဲ့ယ်ထျဲကို မကပ်ထားရင် ငတ်သေမှာပေါ့ဟဲ့ မဟုတ်ဘူးလား?"
Advertisement
ဝိညာဉ်စမ်းရေကြောင့် ချင်မျန်၏အာရုံငါးပါးသည် အလွန်ထက်မြက်၏။ရှုခင်းကိုကြည့်ရင်း သူ အသံကြားရသည့် ထိုနေရာကို လှည့်ကြည့်လိုက်သည်။
လဲ့ယ်အိမ်တွင် သူသည် တုရှီနှင့်ပြသာနာတွေဖြစ်ပြီး ဒုက္ခမရှာချင်သည့်အပြင် အခြားအကြောင်းအရင်းတစ်ခုမှာ မိန်းမများနှင့် မရောချင်တာလည်း ပါသည်။ယခုအခါမှာတော့ နှုတ်ဆိတ်မနေချင်တော့ပေ။မဟုတ်ရင် တခြားသူတွေက သူ့ကို ပျော့ပျောင်းတဲ့ တည်သီးတစ်လုံးလို ဆက်ဆံကြလိမ့်မယ်။
“အဒေါ်..ကျွန်တော်တို့ယောက်ျားတွေကြားက မိသားစုအရေးကို စိတ်ထဲအရမ်းထည့်ထားတာ မကောင်းဘူးမလား။ကံကောင်းထောက်မစွာနဲ့ ကျွန်တော်တို့က ကျင့်ဝတ်တွေကိုသိပေမယ့် ကျင့်ဝတ်ကို မသိတဲ့သူတွေကြားသွားရင် အဒေါ့်မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေရှိမယ်လို့ ထင်ကြလိမ့်မယ်" ချင်မျန်၏ လေသံသည် ဖြေသိမ့်သလိုနဲ့ စိုးရိမ်မှုတစ်လှည့်လည်း ရှိနေသည်။
ဖုန်းဟုန်လျိုက အံ့အားသင့်သွားကာ ဒေါသထွက်လာခဲ့သည်။သူမက ခေါင်းကို လှည့်ကာ "နင် ဘာပြောတာလဲ?နံစော်နေတဲ့ကောင်!!"
"ကျွန်တော်က မနံပါဘူး။ဒါပေမယ့် အနံ့အသက်ဆိုးတစ်ခုကို ရနေတယ်" ချင်မျန်က သူမ၏ပါးစပ်ကို စူးစူးစိုက်စိုက် ကြည့်ပြလိုက်သည်။
"နင်!" ဖုန်းဟုန်လျိုသည် သူမ၏ခန္ဓာကိုယ်ကို လှည့်ကာ လက်ကို မြှောက်လိုက်သည်။
တောက်ပသော မီးဖိုချောင်သုံး ဓားတစ်ချောင်းသည် သူတို့ကြားတွင် ရုတ်တရက် ဖြတ်ဝင်ကာ ရပ်တန့်သွား၏။
“ချင်းဇီ....ဒီမီးဖိုချောင်သုံးဓားက မထက်ဘူး”
လဲ့ယ်ထျဲက ပြော၏။
ချင်မျန်က ရယ်ချလုမတတ်။လဲ့ယ်ထျဲက အရမ်းမိုက်တာပဲ!
“အဓိပ္ပါယ်မရှိတာ။မီးဖိုချောင်သုံးဓားအသစ်က ဘာလို့ မထက်ရမှာလဲ? အရိုးကိုဖြတ်ရင်တောင် တို့ဟူးကို လှီးရသလိုပဲ ဖြစ်နေမှာ "
ဖုန်းဟုန်လျိုက တုန်လှုပ်သွားပြီး ဓာတ်လိုက်သွားသလို သူ့လက်ကို ပြန်ချလိုက်သည်။သူမလည်း ရှေ့ကို ပြန်လှည့်ကာ သူ့နောက်ကျောက တောင့်တင်းသွားသည်။
ကျိုးချွေ့ဟွာလည်း ချင်မျန်ကို အံ့အားသင့်စွာ ကြည့်နေမိသည်။သူက သူမကို ပေါ့ပေါ့ပါးပါးပြန်ကြည့်နေတာကို မြင်တော့ သူမ အမြန်ပြန်လှည့်လိုက်ကာ နှလုံးက တဒိန်းဒိန်းခုန်နေ၏။
သေမှာတော့ ကြောက်ကြသား!ချင်မျန်က တခစ်ခစ်ရယ်ပြီး သူ့နောက်က ခြင်းတောင်းကို ပျင်းရိစွာ မှီကာအိပ်လိုက်သည်။ဒီညတော့ သူ စိတ်အခြေအနေပိုကောင်းအောင် အသားလည်းစားရဦးမယ်။ဒီကိစ္စလေးတွေက သူ့စိတ်ခံစားချက်ကို လုံးဝမထိခိုက်စေပါဘူး။
လှည်းမောင်းလာတဲ့ အဖိုးအိုကတော့ ဘာမှမကြားရပုံပင်။နွားလှည်းသည် ဖြည်းညှင်းစွာ လျှောက်လာကာ ဘေးနှစ်ဖက်ရှိစိမ်းလန်းသော တောင်တန်းများအား အနောက်တွင် ကျန်ရစ်စေခဲ့သည်။
ဖုန်းဟုန်လျိုနှင့် ကျိုးချွေ့ဟွာတို့သည်လည်း စကားမပြောဖြစ်ကြတော့ပေ။ရွာအဝင်ဝကို နွားလှည်းဆိုက်တာနဲ့ နှစ်ယောက်သား ခုန်ဆင်းဖို့ပင် မစောင့်နိုင်ဘဲ ကြေးဒင်္ဂါးလေးပြားကို ပေးပြီး ပြေးထွက်သွားကြသည်။
ချင်မျန်က ယဉ်ယဉ်ကျေးကျေးပြောလိုက်သည်။ "ဦးလေး၊ကျွန်တော်တို့မှာ ပစ္စည်းတွေ အများကြီးပါလာတာမို့ ကျေးဇူးပြုပြီး တံခါးဝထိ ပို့ပေးလို့ရမလား? ကျွန်တော်တို့အိမ်က မဝေးပါဘူး”
“ကောင်းပါပြီ”
နွားလှည်းက တစ်ကွေ့ပြန်ကွေ့ပြီး သူတို့အိမ်အဝင်ဝထိ နှင်သွား၏။
လှည်းပေါ်မှဆင်းကာ ကျေးဇူးတင်စကားဆိုရင်း ငွေပေးချေလိုက်ကြသည်။
ထို့နောက် အဘိုးကြီးလည်း ပြန်မောင်းထွက်သွားသည်။
T/N:တစ်ကျင်း=0.5 kg
တစ်လျန် = 50 g
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
018:ဝယ္ယူမႈ (၂)
"ဒါပါပဲ။ကုန္က်ေငြကို တြက္ေပးပါ"
ဆိုင္႐ွင္က ေပသီးကိုယူၿပီး ကုန္က်ေငြကို တြက္ေပးလိုက္သည္။ “စုစုေပါင္း ၂၇၂ ဝမ္ က်ပါတယ္။ဒီလူငယ္ေလးက က်ဳပ္တို႔ဆိုင္မွာ အမ်ားႀကီး အားေပးသြားေတာ့ က်န္ ၂ ဝမ္ကို ေလွ်ာ့ေပးလိုက္ပါ့မယ္။စုစုေပါင္း ၂၇၀ ဝမ္ပဲ ေပးပါ"
ခ်င္မ်န္က ျပဳံး႐ႊင္စြာ ေျပာလိုက္သည္။ “ဆိုင္႐ွင္ေျပာသလိုပဲ ကြၽန္ေတာ္တို႔က ဒီဆိုင္မွာ အမ်ားႀကီးအားေပးသြားတာပဲ။တစ္ခါတည္းနဲ႔ အမ်ားႀကီးဝယ္ယူသြားတာကိုလည္း ဦးေလး ျမင္တာပဲကို။အဲဒါေၾကာင့္ ၂၅၀ ဝမ္ပဲယူတာက ပိုေကာင္းတာေပါ့။ဆီ၊ဆားနဲ႔ ဂ်ံဳမႈန္႔ေတြ ကုန္သြားရင္လည္း ကြၽန္ေတာ္တို႔ ထပ္ၿပီးလာအားေပးမွာ ေသခ်ာတယ္။ဟုတ္တယ္မလား?"
လဲ့ယ္ထ်ဲရဲ႕မ်က္လုံးေတြက ခ်င္မ်န္ကို စိုက္ၾကည့္ရင္း ဒီဆယ္ေက်ာ္သက္ေလးက သူ႕ကို ပို၍ပို၍ အံ့အားသင့္ေစခဲ့သည္။
ဆိုင္႐ွင္သည္ အံ့အားသင့္သြားၿပီး ကူကယ္ရာမဲ့ျဖစ္စြာ ျပဳံးေနေလေတာ့သည္။ “လူငယ္ေလးက အေျပာေကာင္းတာပဲ။ဒါေပမယ့္ က်ဳပ္လုပ္ငန္းေလးက အေသးစားစီးပြားေရးလုပ္ငန္းေလးပါပဲ။ဒီေလာက္ႀကီး ေစ်းေလွ်ာ့လိုက္တာက ရက္စက္လြန္းပါတယ္ဗ်ာ။က်ဳပ္ ေနာက္ထပ္ ငါးဝမ္ထပ္ေလွ်ာ့ေပးမယ္ အဲလို႔မွ မရရင္ ကြၽန္ေတာ္တို႔ဆိုင္ အရင္းျပဳတ္သြားလိမ့္မယ္"
"ဘယ္လိုေၾကာင့္မို႔လို႔လဲ?" ခ်င္မ်န္က ညင္သာစြာ ေျပာလိုက္သည္။ “ဒီမွာ ကုန္ပစၥည္းေတြ အရမ္းျပည့္စုံေနတာကို ကြၽန္ေတာ္ ျမင္ပါတယ္၊သိတဲ့သူတိုင္းက ဒီဆိုင္မွာ လာဝယ္ၾကလိမ့္မယ္။အဲ့ခါက် လုပ္ငန္းက ဘယ္ေလာက္ ႀကီးပြားလာမယ္ဆိုတာ ေတြးၾကည့္လို႔ရၿပီ။႐ြာကို ျပန္ေရာက္ၿပီးရင္လည္း ပိုက္ဆံပိုရဖို႔အတြက္ ကြၽန္ေတာ္ လူသိ႐ွင္ၾကားႏိႈးေဆာ္ေပးပါ့မယ္။ေပးရတဲ့အခေၾကးေငြ ေလ်ာ့နည္းရင္ ထပ္ခါတလဲလဲ ဝယ္ယူသူ ပိုမ်ားလာမွာပဲေလ။ဒါက ေကာင္းမြန္တဲ့သေဘာတူညီခ်က္တစ္ခုလိုပဲေပါ့!”
ဆိုင္႐ွင္သည္ မရယ္ႏိုင္ေသာ္လည္း သူ႕မ်က္လုံးမ်ားတြင္ ကူကယ္ရာမဲ့ အၾကည့္တစ္ခု ႐ွိေနသည္။ "ေကာင္းၿပီ..ေကာင္းၿပီ ၂၅၀ ဝမ္ပဲ ေပးပါေတာ့"
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဆိုင္႐ွင္" ထိုအခါမွ ခ်င္မ်န္လည္း ေက်နပ္သြားၿပီး ဆိုင္႐ွင္ကို အ႐ိုအေသျပဳဟန္ လက္သီးတစ္ခ်က္ခုပ္ကာ လဲ့ယ္ထ်ဲကို ေငြေပးေခ်ရန္ လက္ယပ္ေခၚလိုက္သည္။
အႀကီးအမား အစုအပုံႀကီးပင္။ပန္းကန္ေတြ လက္ဖက္ရည္ခြက္ေတြႏွင့္ ကြဲလြယ္ေသာ ေႂကြခြက္မ်ားကို ဆန္ႏွင့္ဂ်ံဳမႈန္႔မ်ားထဲတြင္ ထည့္ထားေသာေၾကာင့္ ဖိအားေၾကာင့္ အလြယ္တကူ မတိုက္မိေစရန္ ကာကြယ္ၿပီးသားျဖစ္သြားသည္။
ဆိုင္႐ွင္က သူ႕ဘာသာသူ ေခါင္းညိတ္မိ၏။ဒီလူငယ္ေလးက လိမၼာပါးနပ္တာပဲ!
ကံေကာင္းေထာက္မစြာ ေတာင္းသည္ အရာအားလုံးနီးပါး ဆန္႔ႏိုင္ေလာက္ေအာင္ ႀကီးလို႔သာ။ဆီအိုးႏွင့္ ဆားအိုး၏အဝကို ႀကိဳးျဖင့္ ခ်ည္ေႏွာင္ထားၿပီး လဲ့ယ္ထ်ဲ၏လက္တြင္ ကိုင္ဆြဲထားသည္။
သူတို႔ထြက္သြားေတာ့ ဆိုင္႐ွင္က သူတို႔ကို ခပ္လွမ္းလွမ္းထိ လိုက္ပို႔ေပးလိုက္သည္။
ခ်င္မ်န္က လွမ္းေျပာသည္။ "ဆီနဲ႔ဆားအိုးကို ကြၽန္ေတာ္ ကိုင္လိုက္မယ္"
"မလိုဘူး။" လဲ့ယ္ထ်ဲက သူ႕လက္ကိုေ႐ွာင္လိုက္ၿပီး "မင္းလိုခ်င္တာမွန္သမွ် ဝယ္ႏိုင္ေအာင္ ေနာင္အနာဂတ္မွာ ပိုက္ဆံပို႐ွာေပးမယ္"
"အဟြတ္!အဟြတ္!" ခ်င္မ်န္က မၾကားခ်င္ေယာင္ေဆာင္ကာ "ကြၽန္ေတာ္တို႔မွာ ေနာက္ထပ္ဝယ္စရာေတြ ႐ွိေသးတယ္။လွည္းငွားၾကမလား?လွည္းငွားရတာ ေဈးႀကီးလား?"
“မသိဘူး”
“ပိုက္ဆံအေၾကာင္းကို စိတ္ထဲ အရမ္းမထည့္ထားပါနဲ႔။သုံးစြဲသင့္တာကို သုံးစြဲ။ပိုက္ဆံဆိုတာ ႐ွာလို႔ရတယ္။"
ခ်င္မ်န္သည္ ရည္႐ြယ္ခ်က္႐ွိ႐ွိ အထည္ဆိုင္သို႔ သြားခဲ့သည္။အေစာတုန္းက သူ ပတ္ဝန္းက်င္ကို လွည့္ပတ္ ေလွ်ာက္ၾကည့္ထားတာေၾကာင့္ ဘယ္ေနရာမွာ ဘာ႐ွိသည္ကိုမွတ္မိေနၿပီ။
လဲ့ယ္ထ်ဲက သူ႕ေဘးနားကေန ေလွ်ာက္လွမ္းလာရင္း လူေတြ ဝင္တိုက္ေနတာကို ေ႐ွာင္႐ွားေနရ၏။
အထည္ဆိုင္သို႔ေရာက္သည္ႏွင့္ ခ်င္မ်န္သည္ အသက္သာဆုံးပိတ္ေခ်ာကို တိုက္႐ိုက္မေ႐ြးခ်ယ္မီ အထည္အမ်ိဳးမ်ိဳး၏ေစ်းႏႈန္းမ်ားကို ေမးျမန္းခဲ့သည္။လဲ့ယ္ထ်ဲကို ဘာအေရာင္လိုခ်င္လဲလို႔ ေမးတဲ့အခါ သူက “မင္းေ႐ြး” ဆိုၿပီး တုံ႔ျပန္တဲ့အတြက္ သူ႕အတြက္ အျပာေရာင္နဲ႔ စိမ္းျပာေရာင္ယူခဲ့ၿပီး မဲနယ္နဲ႔အနက္ေရာင္ကို လဲ့ယ္ထ်ဲအတြက္ ေ႐ြးခ်ယ္ေပးခဲ့သည္။အေရာင္တစ္ခုစီကို အဝတ္တစ္စုံအျဖစ္ ခ်ဳပ္ႏိုင္ၿပီး ရက္အနည္းငယ္အတြင္း လာယူႏိုင္မည္ျဖစ္သည္။ထို႔ေနာက္ ျပတင္းေပါက္အတြက္ ကန္႔လန္႔ကာအျဖစ္ မီးခိုးေရာင္အထည္ႏွစ္ထည္ပါ ဝယ္ခဲ့လိုက္သည္။အထည္ေလးစုံ၊အထည္စႏွစ္စ၊အထည္ခ်ဳပ္လုပ္အားခပါ အပါအဝင္ စုစုေပါင္း ၂၈၅ ဝမ္ က်သင့္ခဲ့သည္။
ခ်င္မ်န္က လိုက္ေလ်ာညီေထြ ေနထိုင္တတ္ၿပီး မတူညီတဲ့အေျခအေနေတြႏွင့္ မတူညီတဲ့လူေတြကို ဘယ္လိုေျပာရမည္ကို သိသည္။သူက အသက္ေလးဆယ္ေက်ာ္အ႐ြယ္႐ွိ ဆိုင္႐ွင္အမ်ိဳးသမီးကို မမလို႔ ေခၚလိုက္တာေၾကာင့္ အလြယ္တကူပင္ ၁၅ဝမ္ ေလွ်ာ့ေပးခံခဲ့ရကာ အနည္းငယ္ပင္ အံ့အားသင့္သြားခဲ့ေသးသည္။
သို႔ေသာ္ လဲ့ယ္ထ်ဲကေတာ့ျဖင့္ မအံ့ၾသေပ။အခု သူ႕ဇနီးေလးက မည္းမည္း၊ပိန္ပိန္ သူရဲေဘာေၾကာင္တဲ့ ဆယ္ေက်ာ္သက္ေလး မဟုတ္ေတာ့ေပ။မၾကာေသးမီရက္မ်ားအတြင္း သူက ျပန္လည္သက္သာရာရလာခဲ့ၿပီး ၎အျပင္ ေလ့က်င့္ခန္းလည္း ျပဳလုပ္ေသးသည္။သူ႕အသားအရည္က ျဖဴလာ႐ုံသာမက သူ႕ခႏၶာကိုယ္ကလည္း ပိုသန္မာလာ၏။အထူးသျဖင့္ ေတာက္ပတဲ့မ်က္လုံးတစ္စုံက ရဲရင့္ေသြးေတြျဖင့္ တက္ႂကြေန၏။သူ႕တစ္ကိုယ္လုံးမွာ တက္ႂကြမႈအျပည့္႐ွိေနၿပီး ဉာဏ္ရည္ထက္ျမက္မႈလည္း ႐ွိေနသည္။သူ႕ရဲ႕ ထက္ျမက္မႈအေပၚမွာ လူေတြက သူ႕ကို မႀကိဳက္ဖို႔ သိပ္ခက္၏။
တိုက္ဆိုင္စြာပင္ အထည္ဆိုင္တြင္ ပိတ္သားဖိနပ္လည္းေရာင္းသည္။ခ်င္မ်န္က သူတို႔ႏွစ္ေယာက္စီအတြက္ ဖိနပ္ႏွစ္ရံဝယ္လိုက္ၿပီး ဆိုင္႐ွင္ထံမွ ျဖတ္စအထည္ေလးေတြ အပိုေတာင္းလိုက္ေသးသည္။သူျပန္သြားတဲ့အခါ ဝတ္ဖို႔အတြက္ ေျခအိတ္ေတြအမ်ားႀကီး ခ်ဳပ္ဖို႔ေတြးထားခဲ့သည္ပင္။
အိုက္ယား...ဆင္းရဲလိုက္တာ!
အထည္ဆိုင္မွ ထြက္လာၿပီးေနာက္ ႏွစ္ေယာက္သား အစားအေသာက္ေဈးသို႔ ေျပးၾကသည္။လဲ့ယ္မိသားစု၏ဟင္းသီးဟင္း႐ြက္ခင္းထဲတြင္ သူတို႔ေဝစု႐ွိသည့္အတြက္ ဟင္းသီးဟင္း႐ြက္မ်ား ဝယ္ရန္ မလိုေပ။ခ်င္မ်န္က အသားမ်ားကိုသာ အဓိကဝယ္ဖို႔လုပ္သည္။ပထမအခ်က္က ဧည့္သည္ေတြကို ဧည့္ခံဖို႔ျဖစ္ၿပီး ဒုတိယကေတာ့ စိတ္ႏွလုံးေက်နပ္ေအာင္ စားဖို႔ပါပဲ။
အသားေရာင္းသည့္ဆိုင္႐ွင္တြင္ စိတ္အားထက္သန္ကာ စူး႐ွေသာ မ်က္လုံးတစ္စုံ႐ွိ၏။ဆိုင္႐ွင္က
ခ်င္မ်န္ ႏွင့္ လဲ့ယ္ထ်ဲတို႔ကို ၾကည့္လိုက္ေသာအခါ ႏွစ္ေယာက္ထဲတြင္ ခ်င္မ်န္က သခင္ျဖစ္မည္ကို သူသိေသာေၾကာင့္ အစျပဳ၍ ေျပာေလသည္။
“လူငယ္ေလး...ဒီဝက္သားက လတ္ဆတ္တယ္ေနာ္!ဘယ္အပိုင္းလိုခ်င္လဲ?"
ခ်င္မ်န္၏မ်က္လုံးမ်ားသည္ အသည္းအပိုင္းအစမ်ား၊သုံးထပ္သားမ်ား၊အ႐ိုးမ်ား၊လိုင္းသားမ်ားႏွင့္ အဆီ မ်ားထံ ေရာက္သြား၏။
"ေစ်းႏႈန္းကေရာ?"
"အ႐ိုးတစ္က်င္းဆို ၂ ဝမ္၊အသည္းက ၃ ဝမ္၊လိုင္းသားက ၁၀ ဝမ္၊ဝက္နံ႐ိုးက ၁၂ ဝမ္၊သုံးထပ္သားက ၁၄ ဝမ္နဲ႔ အဆီကေတာ့ ၁၆ ဝမ္ပါ"
ခ်င္မ်န္သည္ သူႀကီးထြားလာဆဲကာလျဖစ္သည္ကို ထည့္သြင္းစဥ္းစားခဲ့တာေၾကာင့္ အ႐ိုးစြပ္ျပဳတ္ကသာ သူ႕က်န္းမာေရးအတြက္ ပိုမိုေကာင္းမြန္၏။ "အ႐ိုးႏွစ္က်င္း၊လိုင္းသားတစ္က်င္း၊ အသည္းႏွစ္ဂ်င္း၊သုံးထပ္သားတစ္က်င္းနဲ႔ အဆီဂ်င္းတစ္က်င္းေပးပါ"
လဲ့ယ္ထ်ဲက ေျပာလိုက္သည္။ "အဆီပိုဝယ္လို႔ရတယ္"
ခ်င္မ်န္က အံ့အားသင့္သြားၿပီး ေနာက္လွည့္ၾကည့္လိုက္သည္။ "ဝက္သားအဆီႀကိဳက္လို႔လား?"
လဲ့ယ္ထ်ဲက ေခါင္းယမ္းလိုက္သည္။
ခ်င္မ်န္က နားမလည္သျဖင့္ အခ်ိန္အေတာ္ၾကာမွ သေဘာေပါက္သြားသည္။လဲ့တီးက ပိုေစ်းႀကီးေလ ပိုေကာင္းတာလို႔မ်ား ထင္ေနတာလား?သူက လဲ့ယ္ထ်ဲကို ျပဳံးျပၿပီး ဆိုင္႐ွင္အား ေျပာလိုက္သည္။ “အဆီႏွစ္က်င္း ပိုထည့္ေပးပါ”
"ကိစၥမ႐ွိပါဘူး!" ဆိုင္႐ွင္သည္ သားသတ္သမားဓားကို ေကာက္ကိုင္လိုက္ၿပီး အသားမ်ားကို ကြၽမ္းက်င္စြာ ခုတ္ထစ္ကာ တစ္ခုၿပီးတစ္ခု ခ်ိန္တြယ္လိုက္သည္။
“လူငယ္ေလး...အတိုင္းအတာကိုၾကည့္ေနာ္။အ႐ိုးက ႏွစ္က်င္းနဲ႔ ႏွစ္လ်န္၊ႏွစ္က်င္းပဲ ထားေပးမယ္။လိုင္းသားက တစ္က်င္းအတိအက်ပဲ။အသည္းက ႏွစ္က်င္းနဲ႔ ႏွစ္လ်န္၊ႏွစ္က်င္းပဲ ထားလိုက္မယ္။သုံးထပ္သားကလည္း တစ္က်င္းအတိအက်ပဲ။အဆီက သုံးက်င္းနဲ႔တစ္လ်န္။သုံးက်င္းပဲ ထားလိုက္။စုစုေပါင္း ၈၂ ဝမ္က်တယ္။ဝမ္ ၈၀ပဲေပး။"
ဆိုင္႐ွင္သည္ အ႐ိုးႏွင့္အသားမ်ားကို ေကာက္႐ိုးႀကိဳးျဖင့္ ခ်ည္ေႏွာင္ၿပီး ခ်င္မ်န္ထံ ကမ္းေပးလိုက္သည္။
"ဆိုင္႐ွင္က တကယ့္ကို သေဘာေကာင္းတာပဲ" ခ်င္မ်န္က ခ်ီးက်ဴးၿပီး လဲ့ယ္ထ်ဲ ပိုက္ဆံေပးေခ်ဖို႔ ေစာင့္ေနခဲ့သည္။
လဲ့ယ္ထ်ဲက အိုးမ်ားကို ကိုင္ထားသည့္ သူ႕လက္ႏွစ္ဖက္ကို ေျမႇာက္ျပလိုက္ၿပီး ခ်င္မ်န္ကို သူ႕ရင္ဘတ္ဆီသို႔ ၫႊန္ျပလိုက္သည္။
ခ်င္မ်န္ကေတာ့ လဲ့ယ္ထ်ဲကိုၾကည့္ၿပီး ဆြံအလ်က္သားျဖင့္။ခ်င္မ်န္က လဲ့ယ္ထ်ဲ၏ညာဘက္လက္႐ွိ ဆားအိုးကို ျပဳံး,ျပဳံးေလး လွမ္းယူကာ မည္သည္မွ်ေတာ့ မေျပာလိုက္ေပ။ထိုအခါမွ လဲ့ယ္ထ်ဲက တည္ၿငိမ္စြာ ပိုက္ဆံအိတ္ကိုထုတ္ကာ ဆိုင္႐ွင္အား ေပးလိုက္သည္။
ခ်င္မ်န္သည္ ဝမ္ ၈၀ကို ေသခ်ာေရတြက္ၿပီး ဆိုင္႐ွင္အား ေငြေပးေခ်လိုက္ၿပီးေနာက္ ဆားအိုးကို လဲ့ယ္ထ်ဲထံ ျပန္ေပးခဲ့သည္။
Advertisement
- In Serial75 Chapters
That Could Have Gone Better
A standalone tale about a modern student brought through time and space to a land of myth and fantasy. There, an escape attempt is underway and is quickly set upon by the prisoner's keepers. The stakes and tensions run high as the new arrival and the prisoner finish the escape and find themselves traveling through lands unfamiliar to both. Actions have consequences, however, and escape from Adympia is not so easily achieved. Follow the adventures of Amelia and Dexter as the pair flee from the clutches of the Elven empire of Adympia and travel the land beyond. What will they find there? What obstacles will they face? Only time will tell.
8 144 - In Serial29 Chapters
Phantom Trooper
An operative gets dishonourably discharged from the army and over-doses after which he ends up in another world. It's not heaven or hell. Will he fight? Or will he just kill himself again? Who or what will he face in this world? And how will others react to him? Read and find out. Original story is on WattPad. Under same username
8 169 - In Serial79 Chapters
WTF
When This Fella Went To Fight With This Fish What They Found Was That Friendship Was The Force Which Tethered Fates Warmly Together Forever. It's about magical fish, magical dudes, destiny, love, gang fights, cults, and aliens. Title says it all. A rewrite of an idea I started during writathon. Enjoy!
8 108 - In Serial24 Chapters
Lucky Kiss Number 13
Pineview High's Football team has a tradition. Before every game the Quarterback throws the ball randomly into the audience, and the lucky girl who catches it gets to kiss him which brings the team luck. For more than a decade, the tradition has been successful, until this streak has been broken when one girl refuses to give a kiss. What happens when its the final game that decides whether they make it to semi finals and Tessa gets hit by the ball? The exact same girl who happened to refused to give away a kiss before? What started of as a little thing called revenge, but things don't go by plan. One cold harsh jock along with a sarcastic and broken girl are thrown together, showing a side of them that no one ever knew existed. Its a change of plans.
8 170 - In Serial23 Chapters
Prose For The Soul
[The Prosaist ─ For The Soul #2]Words are more powerful than any weapon you can purchase.Hence, why not use them to make a difference?Instead of inflicting pain on other people with slander,Why not comfort and encourage them to be better?
8 128 - In Serial15 Chapters
How To Make Friends
this is the guid book to making friends, it works everytime!
8 80

