《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[25]
Advertisement
[Unicode]
025:ပထမရွှေအိုး အစီအစဉ်-လက်လုပ်ခေါက်ဆွဲညစ်စက်(3)
လဲ့ယ်ထျဲက သူ့ရည်ရွယ်ချက်တွေကိုဖြင့် ဂရုမစိုက်နေတော့ပေ။ "ထင်းရှူးပင်။အတော်လေး ပျော့ပျောင်းပြီး ဖြောင့်တန်းတဲ့အကြောလိုင်းတွေရှိတဲ့ အပင်က ကိုင်တွယ်ရလွယ်ကူပြီး တိုက်စားခံရတာတွေကို ခံနိုင်ရည်ရှိတယ်"
ချင်မျန်က ခဏလောက် စဉ်းစားလိုက်သည်။ “နှစ်ခုလုပ်နော်။နမူနာအတွက်တစ်ခု..တခြားတစ်ခုက ကျွန်တော်တို့အတွက် အသုံးပြုရမယ်"
“အင်း..”
လဲ့ယ်ထျဲက ချင်မျန်ကို လှမ်းဆွဲလိုက်တော့ ချင်မျန်တစ်ယောက် စကားစပြတ်လုနီးပါးဖြစ်သွားသည်။
"မင်းရဲ့ခြေလှမ်းတွေကို သတိထားလျှောက်"
သူ အောက်ကိုငုံ့ကြည့်လိုက်တော့ ဖြူကောင်လို အသီးအနှံတချို့က မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး အညိုရောင်အသီးများစွာကို ဆူးငယ်အခွံထဲမှာ ထုပ်ပိုးထားသည်ကို သူမြင်လိုက်ရသည်။သူ့မျက်လုံးများက တောက်ပလာ၏။
“ဒါက......”
လဲ့ယ်ထျဲက ရှင်းပြလိုက်သည်။ “ဆူးသီး။တောင်ပေါ်ကို တက်တဲ့အခါကျရင် ခေါင်းအပေါ်ကို သတိထားပြီး ကြည့်လျှောက်"
ဆူးသီးလား?တကယ်ကြီး! ချင်မျန်သည် အလွန်စိတ်လှုပ်ရှားနေ၍ လွင့်ထွက်လုမတတ်ပင်။
"ဆူးသီးလို့ခေါ်တာလား?" ချင်မျန်က မရဲတရဲဖြင့် မေးလိုက်သည်။ “ဒီအသီးတွေက စားလို့ရလား?”
လဲ့ယ်ထျဲက သူ့မျက်လုံးတွေကို ရှုပ်ထွေးစွာကြည့်နေမိသည်။တစ်ခဏမျှ တိတ်ဆိတ်ပြီးနောက် သူက ပြောလိုက်၏။ “စားလို့မရဘူး။ရှေ့မှာ ရောက်တော့မယ်”
ချင်မျန်သည် လဲ့ယ်ထျဲမျက်လုံးထဲတွင် ကူကယ်ရာမဲ့အရိပ်အယောင်များ ထင်ဟပ်သွားတာကြောင့် သူ့ပါးစပ်မှာ ပွင့်သွားရသည်။လဲ့ယ်ထျဲက အစားအသောက်ကောင်းကို နှစ်သက်တယ်လို့ သူထင်ခဲ့တာ။အချိန်ယူပြီး ဂရုတစိုက်ကြည့်ရန်အတွက် အကိုင်းအခက်နှစ်ကိုင်းကို လှမ်းယူကာ ထိုင်ချလိုက်ပြီး အနှီ “ဆူးသီး” ကို ထိုးဆွကြည့်လိုက်ရာ ၎င်းသည် သစ်အယ်သီးဖြစ်ကြောင်း သေချာသွားခဲ့သည်။
သူသည် လဲ့ယ်ထျဲ၏လက်ထဲမှ သူ့လက်ကို ဆွဲထုတ်ပြီး သစ်အယ်သီးများကို ခြင်းတောင်းထဲသို့ အမြန်ကောက်ထည့်လိုက်သည်။ “လာကူဦး။ဒါက ကောင်းတဲ့အသီးပဲ!”
“စားလို့မရဘူး” လဲ့ယ်ထျဲသည် ရင်ထဲတွင် အနည်းငယ် ညှိုးငယ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။
"စားလို့ရတယ် ယုံပါဆို!" ချင်မျန်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေလိုက်၏။
လဲ့ယ်ထျဲက သူ့ကို ဆွဲထူလိုက်ပြီး "ကိုယ်တို့ ပြန်တဲ့အခါကျမှ ကောက်ကြမယ်"
“ဟုတ်သားပဲ။” ချင်မျန်က လက်ခံလိုက်ပြီး တောင်းထဲက ဆူးသီးတွေကို ဖယ်ထုတ်ကာ ဘေးမှာ ပုံထားလိုက်သည်။သူ့လက်က လဲ့ယ်ထျဲ၏လက်ထဲသို့ ပြန်ရောက်လာပြန်သည်။ဒါက ဒုတိယအကြိမ်ဆိုတော့ အဆင်မပြေတာတွေ မရှိတော့ပါဘူး။
ရစ်ငှက်နှစ်ကောင်သည် သူတို့ရှေ့မှာရှိနေတဲ့ ထူထူထဲထဲ မြက်ခင်းပြင်ကို ဖြတ်သွား၏။ရစ်ငှက်တွေက သူတို့ကို သတိထားမိပြီး မောင်းထုတ်ချင်နေကြသည်။လဲ့ယ်ထျဲက ချင်မျန်၏လက်ကို ဖြုတ်လိုက်ပြီး မြှားနှစ်ချောင်းကို တစ်ပြိုင်နက်တည်း ပစ်လိုက်၏။ ယင်းငှက်နှစ်ကောင်သည် အတောင်ခတ်ရန်ပင် အခွင့်မသာဘဲ သေဆုံးသွားခဲ့လေပြီ။
ချင်မျန်က လဲ့ယ်ထျဲအား လက်မထောင်ပြပြီး ငှက်များကို ကောက်ယူရန် ပြေးသွားခဲ့သည်။
ပေါင်လောက်ထူတဲ့ ထင်းရှူးပင်တစ်ပင်ကို တွေ့သွားသည်မို့ လဲ့ယ်ထျဲက ချင်မျန်ကို နောက်ပြန်ဆုတ်ခိုင်းပြီး လွှဖြင့်ခုတ်နေလိုက်သည်။စောင့်နေရင်း ချင်မျန်သည်လည်း ငြီးငွေ့လာတာကြောင့် လှည့်ပတ်ကြည့်နေခဲ့သည်။
"ချင်းဇီ....အဝေးကြီး မသွားနဲ့" နောက်ပြန်မလှည့်ကြည့်ဘဲတောင် လဲ့ယ်ထျဲက သူဘာလုပ်နေတယ်ဆိုတာ သိသည်။
"သိတယ်"
ချင်မျန်သည် ကံကောင်းထောက်မစွာပင် အပင်ပေါ်တွင် တွဲလောင်းကျနေသည့် အနီရောင်တောက်တောက် ဟော်သွန်းအသီးများ သီးနေကြသည့် ဟော်သွန်းပင်အနည်းငယ်ကို တွေ့ရှိခဲ့သည်။သူက အကြီးကြီးတွေကို ရွေးခူးပြီး မကြာခင်မှာပင် ခြင်းတောင်းရဲ့တစ်ဝက်လောက်ကို ပြည့်သွား၏။
လဲ့ယ်ထျဲက သူ့ကို တစ်ချက်လှည့်ကြည့်ပြီး စိတ်လှုပ်ရှားနေတဲ့ သူ့မျက်လုံးတွေထဲမှာ တောက်ပနေတဲ့ အရိပ်အယောင်တွေကြောင့် အံ့ဩသွားမိပေမယ့် မမေးတော့ဘဲ သစ်ပင်ကိုသာ ဆက်ခုတ်နေလိုက်သည်။
ထင်းရှူးပင်ကို ခုတ်လှဲပြီးနောက် လူတစ်ဝက်လောက်မြင့်တဲ့ အပိုင်းလောက်ကို ဖြတ်ပြီး အလွယ်တကူပင် ပုခုံးပေါ်သို့ တင်လိုက်သည်။
“ပန်းသီးသွားခူးရအောင်”
လဲ့ယ်ထျဲက ချင်မျန်ကို ပန်းသီးပင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ပန်းသီးပင်သည် အလွန်ပင် ပတ်လည်ဒု ထူသော်လည်း လူတစ်ဦးအရပ်လောက်သာရှည်သည်။သစ်ကိုင်းပေါ်ရှိ ပန်းသီးတွေက တင်းနစ်ဘောလုံးထက် အနည်းငယ်ပိုကြီးကာ ပန်းရောင်ပြေးပြေးလေးတွေက အလွန်ပင် စွဲမက်ဖွယ်ကောင်းနေသည်။ချင်မျန်က တစ်လုံးကို ခူးယူပြီး မကိုက်ခင် သူ့အဝတ်အစားပေါ် သုတ်လိုက်သေးသည်။သူ အံ့ဩတကြီး အံ့ဩသင့်သွားရသည်။
“ဒီအသီးက မကြီးပေမယ့် အရသာရှိတယ်။ချဉ်ချဥ်ချိုချိုလေး။”
လဲ့ယ်ထျဲက ထင်းရှူးပင်ကိုချလိုက်ပြီး အလုံးကြီးကြီးတွေကို ရွေးခူးလိုက်သည်။
အလုံး ၂၀ ကျော်ကို ရွေးခူးပြီးနောက် ချင်မျန်က ရပ်လိုက်၏။အများကြီးခူးနေရင် သူ့ကျောက မခံနိုင်တော့ဘူး။
သစ်အယ်သီးနေရာသို့ ပြန်ရောက်သောအခါ ချင်မျန်သည် သစ်အယ်သီးခွံတွေကို ခွာကာ သစ်အယ်သီး အများအပြားကို ကောက်ယူပြီး ခြင်းတောင်းကို သစ်အယ်သီးများဖြင့် အပြည့်ဖြည့်လိုက်သည်။သူ့ပုခုံးတွေက ခံနိုင်ရည်ရှိဖို့ ခက်ခဲနေပေမယ့် တချို့ကိုလည်း ဖယ်ထုတ်ပစ်လိုက်ဖို့ ဝန်လေးနေမိသည်။
လဲ့ယ်ထျဲက ဘာမှမပြောနေဘဲ တောင်းကို သူ့ကျောပေါ်တင်လိုက်သည်။
ချင်မျန်က သူ့နှာခေါင်းသူ ပွတ်လိုက်ပြီး "ဒါမှမဟုတ်ရင် တစ်ချို့ကို ဖယ်ထုတ်ပစ်လိုက်ရမလား?"
"မလိုဘူး။သွားကြမယ်။"
ချင်မျန်သည် လဲ့ယ်ထျဲနောက်ကနေ နာခံမှုရှိရှိဖြင့် လိုက်လာခဲ့ပြီး သူ့ရဲ့ကြီးမားကျယ်ပြန့်ပြီးသန်မာတဲ့ နောက်ကျောကို သဘောကြီးကျနေကာ စိုက်ကြည့်နေသည်။ဒီလိုမျိုး သူဘယ်လိုများ ကြီးပြင်းလာရတာလဲ?
အိမ်ပြန်ရောက်သောအခါ ရှောင်ဟူသည် သူ့ဘေးနားတွင် တုတ်ရှည်တစ်ချောင်းကို ကိုင်ထားလျက် သစ်ပင်၏အရိပ်အောက်တွင် နာခံစွာ ထိုင်နေ၏။
ထိုတုတ်ကိုဖြင့် သူဘယ်ကရသွားသည် မသိ။
“ဦးလေးလဲ့ယ်...ကိုကိုချင်.."
“အဟွတ်......” ချင်မျန်သည် သူ့တံတွေးသူ သီးသွားရသည်။ဘာလို့များ "ချစ်ကိုကိုလေး"လို့ အသံထွက်နေရတာလဲ?
Advertisement
(dear=ချင်(အသံတူ))
လဲ့ယ်ထျဲက ခပ်ပြတ်ပြတ် ပြောလိုက်၏။ “သူ့ကို ဦးလေးချင်လို့ ခေါ်”
“အွန်း..” ရှောင်ဟူက ခေါင်းညိတ်လိုက်သည်။
ချင်မျန်သည် ပန်းသီးနှစ်လုံးကိုယူ၍ သူ့ကို ပေးလိုက်ပြီး "မြို့ကို ခဏနေကျမှသွားကြမှာ။မင်းအရင်ဆုံး စပါးကျီမြေကို အရင်သွားပြီး ကစားနေလိုက်။အစ်ကိုတို့ ထွက်မယ့်အချိန်ကျရင် မင်းကို လာခေါ်လိုက်မယ်။အဲ့ခါကျမှ ဆန်စေ့တွေကို လာကြည့်ပေး"
“ဟုတ်...” ရှောင်ဟူသည် လခြမ်းကွေးပုံတက်အောင်အထိ မျက်လုံးလေးများက ပြုံးလိုက်သည်။ပန်းသီးနှစ်လုံးကိုယူကာ ပြေးသွားခဲ့သည်။
လဲ့ယ်ထျဲက ကိရိယာမျိုးစုံကို ထုတ်ကာ တံခါးဝတွင်ထိုင်လျက် ပုံတွင်ပြထားသည့်အတိုင်း လက်လုပ်ခေါက်ဆွဲညစ်စက်ကို လုပ်ကြည့်နေသည်။
ချင်မျန်က တောင်းထဲက ပစ္စည်းအားလုံးကို ထုတ်ယူပြီး အရိပ်အောက်မှာ ထားလိုက်၏။သူသည် ငှက်နှစ်ကောင်ကို ဆေးကြောသန့်စင်ပြီးနောက် ဂျုံနှစ်အချို့ကို ပြင်ဆင်ခဲ့သည်။ထို့နောက် ပန်းသီးနှစ်လုံးကို ဆေးကြောကာ လဲ့ယ်ထျဲဘေးတွင် ထိုင်လျက် လမ်းညွှန်ပေးနေသည်။
လဲ့ယ်ထျဲက ထင်းရှူးပင်ကို အတွေ့အကြုံမရှိသေးသူနှင့်မတူ ကျွမ်းကျင်စွာ နွှာနေသည်ကိုမြင်တော့ လက်လုပ်ခေါက်ဆွဲညစ်စက်ကို လုပ်နိုင်ဖို့ရာ ပိုမိုယုံကြည်လာခဲ့သည်။အောက်ခြေအပြားရှိ အပေါက်များသည် လုပ်ဆောင်ရန် အခက်ခဲဆုံးအပိုင်းဖြစ်ပြီး တစ်ပေါက်ပြီးတစ်ပေါက် ထွင်းထုရန် လိုအပ်သည်။လဲ့ယ်ထျဲက အလျင်လိုနေသည်ဖြစ်စေကာမူ အရမ်းစိတ်ရှည်၏။
"ကိုယ်ထည်ကို ဓါးနဲ့အချောသတ်လိုက်ပြီးရင် သူ့ကို အောက်ခံပြားနှင့် ချိတ်ဆက်။ဒါဆိုရင် ဘယ်ညာလှည့်ပြီး ဖြုတ်တပ်လို့ရတယ်။ညာဘက်နေရာလေးကို ပိုပြီးအချောသတ်လိုက်ဦး........လက်ကိုင်ကနေ ဒေါင်လိုက်တွန်းအား ပိုပြီးသက်ရောက်နိုင်ဖို့အတွက် လျှောဘားက ဖြောင့်နေရမယ်...."
တစ်နာရီမပြည့်ခင်မှာပဲ လက်လုပ်ခေါက်ဆွဲညစ်စက်ကို ပထမဆုံးထုတ်လုပ်နိုင်ခဲ့သည်။
ချင်မျန် ချောမွေ့သည့်ကိုယ်ထည်ကို ပွတ်သပ်ပြီး ချီးမွမ်းထောပနာပြုကာ "ဒါက ကမ္ဘာပေါ်မှာ ပထမဆုံးလက်လုပ်ခေါက်ဆွဲညစ်စက်ပဲ။ကျွန်တော်တို့အတွက် အရင်သိမ်းထားရမယ်"
လဲယ်ထျဲက ခေါင်းညိတ်လိုက်ပြီး သူ့လက်ရာကို အရမ်းကျေနပ်မိ၏။
“စမ်းကြည့်ရအောင်။” ချင်မျန်သည် မီးဖိုချောင်ထဲသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်သွားသည်။ဦးစွာ လက်လုပ်ခေါက်ဆွဲညစ်စက်ကို အတွင်းနှင့်အပြင် ရေဖြင့် သန့်စင်အောင်ဆေးကြောလိုက်၏။ထို့နောက် လက်လုပ်ခေါက်ဆွဲညစ်စက်ကို တြိဂံပုံထောက်တိုင်ပေါ်တင်ကာ ဇလုံတစ်ခုကို အောက်တွင်ခံထားလျက် ဂျုံနှစ်တွေကို ကိုယ်ထည်ထဲသို့ ထည့်လိုက်သည်။
လဲ့ယ်ထျဲက လက်ကိုင်ကို ကိုင်ကာ အားဖြင့် ဖိချလိုက်သည်။ရှည်လျားပိန်လှီနေသည့် ခေါက်ဆွဲသည် အောက်အပေါက်ကနေ ချက်ချင်း ထွက်လာပြီး အင်တုံထဲသို့ ကျသွား၏။
ချင်မျန် ရယ်လျက် ပြောလိုက်သည်။ "အောင်မြင်တယ်"
လဲ့ယ်ထျဲ၏မျက်လုံးများသည်လည်း အပြုံးများကြောင့် တောက်ပလာကာ ဆက်လက်၍ ဖိနေလေသည်။
ချင်မျန်က ခေါက်ဆွဲကိုဖြတ်ရန် ကတ်ကြေးတစ်စုံကိုယူကာ ပြုံးပြုံးရွှင်ရွှင်ပြောခဲ့သည်။ "နေ့လည်စာအတွက် ခေါက်ဆွဲစားရအောင်"
လဲ့ယ်ထျဲသည် ထုံးစံအတိုင်း ကန့်ကွက်ခြင်း မရှိခဲ့ဘဲ ဒုတိယမြောက် လက်လုပ်ခေါက်ဆွဲညစ်စက်ကို လုပ်နေခဲ့သည်။
နေ့လည်စာ စားပြီးနောက် သူတို့နှစ်ဦးသည် စပါးကျီမြေသို့သွားကာ ရှောင်ဟူကိုခေါ်ပြီး လက်လုပ်ခေါက်ဆွဲညစ်စက်နှင့် ဂျုံနှစ်တွေကို ယူကာ မြို့ထဲသို့ သွားကြလေသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎[Zawgyi]
“အင်း..”
“ဒါက......”
Advertisement
"သိတယ်"
"မလိုဘူး။သွားကြမယ်။"
(dear=ချင်(အသံတူ))
Advertisement
- In Serial64 Chapters
The Aether Universe
It was a normal morning for Tai, until his longtime friend, Jake, warned him. Jake warned him that something was happening to Earth, the whole universe. It was being integrated into the Aether Universe, where all worlds and universes go to. Entering the Aether Universe, humans must survive in a new environment filled with danger at every corner where many beings that have spent all their lives in the Aether Universe await, controlling vast empires that span across many planets. Follow the story of Tai as he travels the Aether Universe, getting used to the new normal, making a name for himself and becoming a legend. --Author's Note-- This is my first book here and this book is inspired by The Legend of Randidly Ghosthound. The way to get status points were based on the way in Unlimited Power - The Arcane Path. Note: I'm only borrowing the way to get status points as I thought it was cool. I am an amateur author and am writing this as a cool hobby to get me through quarantine. If you see any grammar mistakes or anything, please let me know. Criticism is accepted, but don't use that as an excuse to just hate the book. If you don't like the book, tell me why so I can improve upon it. Cheers! Schedule: 1 chap a day
8 461 - In Serial6 Chapters
Pendulum Zero
The story follows nineteen year old Casey, a high school dropout suffering from depression, as she due to some unusual circumstances surrounding her family, ends up attending one of the most prestigious institutions for higher magical learning in the world of Eorbe. Aldor Academy of the Mundane and Magical Arts. Here, she quickly finds out that she has to live and work together with four other students who each have their own reasons for coming to this school. Some more sinister than the other. What started as a desperate attempt to save her family might turn out to be something so much more when it becomes clear that her arrival may not be the product of a mere string of coincidences.The more time she spends at this place the more she begins to realize that there may be even more threatening things than those who are hiding in the dark of the night. After all…nothing is more dangerous than those shadows who have learned to live in the light. When the lines between friend and foe, past and future, illusion and truth are starting to become blurred the harder it gets for her to stay safe. In the end, only one option remains. She has to find a way out. She has to find a way to untangle herself from this twisted web she has gotten herself into before it will end up destroying her. That is.. …unless her own demons get to her first.
8 184 - In Serial22 Chapters
A Blind Ninja's Tale
It takes a brave soul to be a ninja. It takes an even braver soul to be a ninja and blind.
8 221 - In Serial10 Chapters
bokuto kotaro tries everything to see akaashi keiji smile.
8 73 - In Serial20 Chapters
My Ruthless Mafia | TAEKOOK
Where Jeon Jungkook is mafia world, gang leader but not ruthless or cold but he show that side to the other people who are not close with him or who are his rivals but he just wanted to die since his family and his love killed by some rival he feel alone and anger inside his boby to take revenge and he don't want to live because he don't have any reason to live he feel like dying inside of his heart after death of his his family in his young age he feel Lifeless he have only one tgink to do take his revenge and go to his family and loveBut little de he know that his love is alive and Taehyung is a docter and very sweet docter who love kid so much and he also is 1 week pregnent with his husband but in shoting place his husband got died and now he is alone but not that alone he has his best friend who is treat him like his own brother Let see how there happy ending goes(gramitical mistakes)TopkookBottomtaeMpreg(no angst)Will be started on 1/April/2020 ✖ (SORRY I ALREDY HAVE STARTED THE STORY I COULD'NT STOP MYSELF)
8 91 - In Serial129 Chapters
Debut or Die [fan translation]
(This is not machine translated!)A student preparing for the Civil Service examination for the 4th year suddenly found himself in an unfamiliar body from 3 years ago.As well as a status window displaying a threat in front of his eyes![Outbreak!] [Status Abnormality: 'Debut or Death' Occurs!] A diary about the transformation of the main character, who was suddenly challenged to be an idol even though he has never been in the industry before due to sudden threat of death.※Speciality: He used to take and sell idols' data.// This is a fan translation. Do not post this on social media. // All credits go to the author Baek Deok Su.
8 135