《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[30]
Advertisement
[Unicode]
030:ပထမအကြိမ် ထိပ်တိုက်ရန်စောင်မှု
"ခဏနေ ကိုယ် လိုက်ပို့ပေးမယ်" လဲ့ယ်ထျဲက အာရုံစူးစိုက်မှုအပြည့်နဲ့ စားသောက်နေ၏။
“မလိုဘူး၊ကျွန်တော့် ဘာသာသွားနိုင်တယ်”
"လိုက်ပို့ပေးမယ်။" လဲ့ယ်ထျဲက အလျှော့မပေးပေ။
ချင်မျန်က ရွာကနေ မြို့နဲ့တော်တော်ဝေးတဲ့အပြင် အလုပ်များတဲ့ကာလမို့ လမ်းမှာဘယ်သူမှရှိမှာမဟုတ်ကြောင်း တွေးမိသည်။တောရိုင်းတိရိစ္ဆာန်များသာမက လမ်းလယ်တွင် လုယက်ခြင်းခံရနိုင်ပြီး အမှန်တကယ်ပင် အန္တရာယ်မကင်းလှချေ။
"အဲဒါဆိုလည်း လိုက်ပို့လိုက်တော့ပေါ့။စကားမစပ် ကျွန်တော်တို့ရဲ့ဟင်းရွက်စိုက်ခင်းတွေက ဘယ်မှာလဲ?ဆောင်းဝင်လာတော့မယ်။အခုချိန်မှ ဟင်းသီးဟင်းရွက်တွေ မစိုက်ရင် ဆောင်းရာသီမှာ စားဖို့ အသီးအရွက်တွေ ရှိမှာမဟုတ်ဘူး။”
လဲ့ယ်ထျဲ ဒီ့မတိုင်ခင်က စဥ်းစားထားပြီးသားပင်။ “လယ်တစ်မူကို တစ်ဝက်ခွဲထားတယ်”
ချင်မျန် ပြောလိုက်၏။ “ကျွန်တော်တို့မှာရှိနေတဲ့ လယ်ကွက်တွေက အရမ်းနည်းတယ်။လယ်တစ်ခြမ်းမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးလိုက်တာ အဆင်ပြေပါတယ်။ကျွန်တော်တို့မှာ ငွေအလုံအလောက်ရှိရင် လယ်တွေ ထပ်ဝယ်လို့ရပြီ။”
“အင်း” သူ့ဇနီးလေးက အမှန်တကယ်ပင် အကြံ
ဥာဏ်ကောင်းကောင်းရှိတဲ့သူပင်။လဲ့ယ်ထျဲက ကန့်ကွက်ခြင်းမရှိ။တစ်စုံတစ်ရာကို တွေးကြည့်ပြီးနောက် ပြောလိုက်သည်။
“မနက်အစောကြီး ဘယ်သူမှ အချိုမစားဘူး”
'မနက်ခင်းကြီး ဘယ်သူက ချိုချဉ်ဝယ်ပေးကြမှာလဲ?'ဆိုသည်ကို ချင်မျန် ရုတ်တရက် သတိထားမိလိုက်သည်။ဒါ တကယ်ကို သူလျစ်လျူရှုထားမိလိုက်တဲ့ ကိစ္စပဲ!
လဲ့ယ်ထျဲ ထမင်းစားပြီးသောအခါ ချင်မျန်သည် ပန်းကန်လုံးကိုယူကာ အိမ်ပြန်ခဲ့သည်။စပါးကျီမြေကို ဖြတ်သွားသောအခါ ရှောင်ဟူနှင့် မနေ့က ကလေးလေးသည် စိတ်မရှည်စွာ သူ့ကို ကြည့်နေကြသည်။ရုတ်တရက် အပြုံးလေးဖြင့် သူတို့ကို လက်ယက်လှမ်းခေါ်လိုက်သည်။
နတ်ဆိုးလေးနှစ်ကောင်က စိတ်လှုပ်ရှားစွာ ပြေးလာကြတော့သည်။
"ဦးလေးချင်"
"ဒီမှာ လူနှစ်ယောက်ပဲလိုတယ်" ရှောင်ဟူက ရွာမှာရှိတဲ့ ကလေးတွေအားလုံးကို ခေါ်လိုက်မှာကို ချင်မျန် စိုးရိမ်မိသည်။
ပြသာနာရှာနိုင်သည့် နတ်ဆိုးလေးနှစ်ကောင်သည် သူ ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်ပြီး သူတို့၏ရင်ဘတ်ငယ်များကို ပုတ်ပြကာ “ဦးလေးချင်....စိတ်ချထားလိုက်ပါ။လာတဲ့လူတွေ ပိုများလာရင် ကျွန်တော်တို့ရဲ့ဝေစုတွေလည်း နည်းသွားလိမ့်မယ်။”
ထို့နောက် ကုန်းတျဲန့်ဟုခေါ်သော တခြားနတ်ဆိုးလေးသည် ရှောင်ဟူထက် အသက်ကြီးကာ ဖခင်ဘက်မှဝမ်းကွဲအမျိုးတော်ကြောင်း ချင်မျန် သိလိုက်ရသည်။သူတို့က အတူတူကစားရတာကို နှစ်သက်ကြ၏။
"အစ်ကိုသွားရင် မင်းတို့ကိုခေါ်လိုက်မယ်"
လဲ့ယ်ထျဲက ထွန်ယက်ပြီး အိမ်ပြန်ရောက်တော့ ဆယ်နာရီလောက်ရှိနေပြီ။လဲ့ယ်ထျဲက တံခါးကို သော့ခတ်ပြီး ထန်ဟူလူမတ်တပ်စင်တိုင်ကို အဝတ်သန့်သန့်နဲ့ ထုပ်ပြီး ရှောင်ဟူနှင့်ကုန်းတျဲန့်တို့ရဲ့ ဝေးဝေးမှာထားနိုင်ဖို့ လဲ့ယ်ထျဲကို အရင်သယ်ထုတ်ခိုင်းလိုက်သည်။သူ ကပ်စေးနည်း၍ သူတို့ကို မပေးချင်တာ မဟုတ်ပေ။သူ ထန်းဟူလူမှ ရနိုင်မည့်ငွေအနည်းငယ်ကို တွက်ချက်ကြည့်ချင်ရုံသာ။ကလေးတွေဆီကနေ အဲဒါကို ဖုံးကွယ်ထားလို့ မရနိုင်သလို အချက်အလက်တွေ ပေါက်ကြားသွားရင်လည်း မကောင်းနိုင်ပေ။
လဲ့ယ်ထျဲ ရွာမှ ထွက်ခွာသွားနှင့်ပြီဟုယူဆချိန်တွင်
ချင်မျန်သည် ရှောင်ဟူနှင့် ကုန်းတျဲန့်တို့ကို ခေါ်ရန် စပါးကျီမြေသို့ သွားခဲ့ပြီး သူ အမြန် မထွက်ခွာမီ စပါးများကို တစ်ဖက်သို့ ခဏခဏလှန်ပေးထားရန် မှာခဲ့သေးသည်။
ရွာအထွက်လမ်း တစ်ဖက်တစ်ချက်စီတွင် poplar နှင့် locustပင်များ စိုက်ထား၏။သစ်ပင်တွေ အရွက်တွေ ကြွေကျရတော့မည့်အချိန်အခါ ရောက်နေပြီမို့ အရွက်တွေက အမြင်အာရုံကို ပိတ်ဆို့သွားစေသည်။
ချင်မျန်သည် မီတာတစ်ရာအကွာမှ လဲ့ယ်ထျဲ သူ့ကို နောက်ပြန်လှည့်ကြည့်နေသည်ကိုတွေ့ကာ ခြေလှမ်းအနည်းငယ်လောက် အရှိန်တင်ပြေးခဲ့သည်။
“လောင်တာ့ရဲ့ဇနီး... ဘယ်ကို အမြန်သွားနေတာလဲ?” ရေအိုးတစ်လုံးကို ထမ်းရင်း ကျိုးရှီသည် လျင်မြန်စွာ လျှောက်လာပြီး သူ့အကြည့်တွေက ချင်မျန်နောက်သို့ လိုက်သွားကာ "အဲ့ဒါ လောင်တာ့မဟုတ်ဘူးလား?ရှင်တို့မြို့ကို ထပ်သွားကြမလို့လား?မနေ့က နွားသိုးကြီးတစ်ကောင် ရခဲ့တယ်ဆို။ဒီနေ့ မြို့ထဲမှာ ဘာထပ်ဝယ်မလို့လဲ?ရှင့်ဘဝက ကြီးပွားချမ်းသာလာပြီပဲ...ဟမ့်!”
ချင်မျန်က သူမကို လျစ်လျူရှုပြီး အရှိန်မြှင့်လိုက်သည်။ကျိုးရှီ၏အသံသည် ကြင်နာလွန်း,လွန်းလို့ ကျောချမ်းသွားစေ၏။
"လောင်တာ့ရဲ့ဇနီး...ကျွန်မ မပြောချင်ပါဘူး။ဒါပေမယ့် ပိုက်ဆံရနိုင်မယ့် နည်းလမ်းရှိရင် မိဘတွေကို ပိုဂရုစိုက်ပေးပါ။မဟုတ်ရင်....”
ချင်မျန်က သူမကို နှောင့်ယှက်ကာ ဖြတ်ပြောလိုက်ပြီး "လောင်အာ့ရဲ့ဇနီး..အခု ကျွန်တော် လုပ်စရာတစ်ခုရှိသေးလို့ပါ။အရင်သွားလိုက်ပါဦးမယ်။"
“ဟေး!”
သူ သူမအား အမြန်ရှောင်ပြေးနေတာကို တွေ့လိုက်ရတော့ ကျိုးရှီမှာ သူမရဲ့မှန်းဆချက်တွေကို ပိုသေချာလာစေခဲ့သည်။သူမ သွားများကို အံကြိတ်ကာ ခြေထောက်ကိုဖိနင်းချပြီး တင်ပါးစုံကြီးတွေကို လွှဲလျှောက်ရင်း အိမ်သို့ ပြန်သွားလေသည်။
ချင်မျန် လဲ့ယ်ထျဲကို မှီသွားတော့မှ ချွေးများကို သုတ်လိုက်ရတော့၏။လဲ့ယ်ထျဲ အနောက်ကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “စိတ်ထဲမထည့်နဲ့”
ချင်မျန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။အိမ်ဟောင်းကလူတွေအတွက်တော့ သူ့မှာ ဘာမှပြောစရာမရှိသလို အေးစက်စက်သာ ဆက်ဆံသင့်သည်လေ။
မြို့ထဲသို့ရောက်သောအခါ အစည်ကားဆုံးလမ်းသို့ တည့်တည့်သွားကြသည်။လမ်းဘေးနှစ်ဖက်တွင် ပန်ကိတ်၊ အထည်၊ ထီး၊ ပါးနီဆိုးဆေးတွေနှင့် ဂေါ်ဖီထုပ်၊ ဟင်းသီးဟင်းရွက်များ စသည့် ပစ္စည်းများရောင်းချသည့်ဆိုင်များ ရှိနေကြပြီး ဈေးသည်များ၏အဆက်မပြတ်အော်ရောင်းသံများမှာ ရံဖန်ရံခါ ပျင်းတိပျင်းရွဲသံဖြင့် အော်ရောင်းနေကြပြီး အချို့မှာ လေသံမြင့်မြင့်ဖြင့် သီချင်းဆိုနေကြသလို အသံနဲ့ အော်ရောင်းနေကြပုံမှာ လူတွေကို ရယ်မောစေ၏။
လမ်းမများပေါ်တွင် လမ်းလျှောက်နေကြသော သာမာန်လူများ၊ အလျင်စလို ခရီးထွက်နေကြသော ကုန်သည်များ၊ ဘာမှလုပ်စရာမရှိသည့်ကျေးကျွန်များပင်လျှင် စိတ်ဝင်စားစရာကောင်းသည့် ဈေးဆိုင်ငယ်လေးများရှေ့တွင် ပစ္စည်းများကိုရွေးချယ်နေကြသည်။
ချင်မျန်သည် မတ်တပ်ရပ်ရန် နေရာတစ်ခုကို ရှာတွေ့ခဲ့သော်လည်း သူ၏စိတ်အားထက်သန်မှု တစ်ဝက်လောက်မှာ အော်ရောင်းသံများကြောင့် မှေးမှိန်သွားခဲ့သည်။
Advertisement
သူက လဲ့ယ်ထျဲကို စူးစူးစိုက်စိုက်စိုက်ကြည့်နေလိုက်၏။
လဲ့ယ်ထျဲသည်လည်း သူ့ကို တစ်ချက်အမြန်ပြန်ကြည့်ကာ ထန်းဟူလူတိုင်ကို စွေလည်းမစွေကြည့် အော်လည်းမရောင်းဖြင့် မြေပြင်ပေါ်တွင် ထောင်ထားဆဲ။
ချင်မျန် သူ့အနားသို့ တိုးကပ်လာပြီး ပုခုံးပေါ်လက်တင်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့ကို ကြည့်လိုက်သည်။ "ထျဲကော....ခင်ဗျား 'အရသာရှိတဲ့ ထန်းဟူလူတွေ...တစ်ချောင်း ၂ ဝမ် ' လို့ အော်ရောင်းပေး"
လဲ့ယ်ထျဲကား အသံလည်းမထွက်သလို စကားလုံးတစ်လုံးမျှကိုပင် မထွက်သေးပေ။
နူးနူးညံ့ညံ့ပြောတာကို မရဘူးပေါ့!
ချင်မျန်က တွန်းအားပေးတော့၏။ "ခင်ဗျား မအော်ရင် နေ့လည်စာ မစားရဘူး"
လဲ့ယ်ထျဲ၏ပါးစပ်မှာ ပွင့်ဟသွားပြီး တိုင်ကိုချင်မျန်၏လက်ထဲသို့ ရုတ်တရက် ချက်ချင်းကြီးထည့်လိုက်သည်။ "သားသတ်သမားကျန်းကို သားကောင် လိုသေးလား သွားမေးလိုက်ဦးမယ်။"
ထိုစကားကို ပြောပြီးနောက် ချင်မျန်၏တုံ့ပြန်မှုကိုပင် မစောင့်ဘဲ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
"ဟေး....ခင်ဗျား..."
ချင်မျန်မှာ ဆွံ့အသွားရပြီ။လဲ့ယ်ထျဲ တကယ်ပြန်မလာတာကိုမြင်လိုက်ရတော့ ဒေါသတွေထွက်ပြီး သူ့နှလုံးသားတွေက ဗလာကျင်းလျက် အေးစက်သွားသလို ခံစားလိုက်ရသည်။ဒီမြို့က သူ့အတွက်တော့ လုံးဝထူးဆန်းနေဆဲဖြစ်ပြီး အရင်အခေါက်တွေတုန်းကတော့ ထူးထူးခြားခြား ခံစားချက်မျိုးမရှိနေပေ။ယနေ့တွင်တော့ သူ့နှလုံးသားထဲတွင် နားမလည်နိုင်သော အထီးကျန်သည့် ခံစားမှုတစ်ခု ရှိနေပြီး နှလုံးသားအောက်ခြေကနေ မသက်မသာဖြစ်ရသည့် ခံစားချက်များ ထွက်ပေါ်လာ၏။ဤမျှကြီးမားသောကမ္ဘာကြီးတွင် သူတစ်ဉီးတည်းသာရှိသကဲ့သို့။
ဖြတ်သွားသောလူများအားလုံးသည် နီနီရဲရဲထန်းဟူလူ တွေကို သိလိုစိတ်ဖြင့် ကြည့်နေကြသည်။လာကြည့်ချင်နေကြပေမယ့် သူလုပ်နေသမျှက ပြုံးရုံသာ။သူတကယ်ပဲ အော်ရောင်းရမှာလား?
ထိုအချိန်တွင် သူသည် ထန်းဟူလူကို ရောင်းရန် စိတ်ကူးရခဲ့ခြင်းကို နောင်တရခဲ့မိသည်။ဒီပြဿနာကို သူဘာလို့ မမျှော်လင့်ထားခဲ့ရတာလဲ?
"ကောင်လေး ဘာရောင်းနေတာလဲ?" ဆံပင်ဖြူဖြူအဘွားအိုတစ်ဦးက ရွှင်ပြုံးစွာ မေးလိုက်သည်။
ချင်မျန် ပြန်ဖြေ၏။ "ဒါက ထန်းဟူလူပါ။ချဉ်ချဥ်ချိုချိုလေး။ကလေးတွေအတွက် သင့်လျော်တယ်။အဘွားရဲ့မိသားစုဝင်ကို တစ်ချောင်း ဝယ်ပေးချင်လား?"
"ထန်းဟူလူ? အရသာရှိလား?" အဘွားအိုက ထူးဆန်းသောအကြည့်ဖြင့် ကြည့်ကာမေးသည်။
သူမသည် ရိုးရှင်းစွာ ၀တ်ဆင်ထားပြီး သူမ၏အဝတ်ပေါ်တွင် ဖာထေးမှုများစွာ ရှိနေသည်ကို ချင်မျန်မြင်လိုက်ရသည်။သူမက ချမ်းသာတဲ့သူတစ်ယောက်မဟုတ်ပေ။ဒါပေမယ့် ဝင်လာတဲ့သူတိုင်းက ဖောက်သည်ပဲ။
သူ ပြုံးပြပြီး ထန်းဟူလူကိုယူကာ သူမလက်ထဲသို့ ထည့်လိုက်သည်။ "အရသာရှိမယ်ထင်ရင် အရင်မြည်းစမ်းကြည့်ပြီးမှ ဝယ်ပါ"
အနီးနားရှိ အခြားလူအချို့ကလည်း စိတ်ဝင်စားမှုတွေပြလာကြသည်။ဘယ်သူက အလကား မစားချင်မလဲ?
ချင်မျန်သည် နောက်ထပ် သုံးချောင်းကို ယူကာ မနာလိုဖြစ်နေကြသည့် ကလေးများကို ပေးလိုက်သည်။
“မြည်းစမ်းကြည့်ပါ။ကလေးတွေ ကြိုက်မှာသေချာတယ်။တစ်ချောင်း ၂ ဝမ်ပါ"
အဘွားကြီးသည် တစ်ကိုက်,ကိုက်ကာ အချဥ်ကြောင့် မျက်မှောင်ကြုတ်လိုက်သော်လည်း အလွန်ကြင်နာတတ်ကာ ပြုံးနေဆဲဖြစ်သည်။ “ဒီအဘွားကြီးက မစားနိုင်ပေမယ့် ကလေးက သေချာပေါက် ကြိုက်လိမ့်မယ်”
ထိုသို့ပြောပြီးနောက် သူမရင်ခွင်ထဲမှ ကြေးနီအနည်းငယ်ကို ထုတ်ကာ ချင်မျန်အား လေးပြားထုတ်ပေးလိုက်သည်။ "နှစ်ချောင်းပေးပါ"
စျေးဦးပေါက်သွားပြီ။ချင်မျန် သက်ပြင်းတစ်ချက်ချကာ ငွေနှင့်လဲလှယ်ရန် နှစ်ချောင်းကို အမြန်ယူလိုက်သည်။
“မေမေ....ဒါ စားလို့ကောင်းတယ်။သမီး နောက်တစ်ချောင်းလိုချင်တယ်။"
ခြောက်နှစ်အရွယ်ခန့် ကလေးမလေးသည် တိုင်ပေါ်ရှိ အနီရောင်တောက်တောက် သစ်သီးများကို တောက်ပသည့်မျက်လုံးများဖြင့် စိုက်ကြည့်ရင်း မိခင်၏အကျီလက်ကို ဆွဲလှုပ်နေသည်။
"အရမ်းချဉ်တယ်၊ ဘယ်လိုလုပ်ပြီး စားလို့ရမှာလဲ?" အမျိုးသမီးက ချင်မျန်ကို ခိုးကြောင်ခိုးဝှက်ဖြင့်ကြည့်ကာ ရှက်ရွံ့စွာဖြင့် ကလေးမလေးကို ဆွဲခေါ်ထုတ်လိုက်သည်။ထိုသို့ပြောသော်လည်း သူမလက်ထဲတွင် အကိုက်ခံထားရသော ထန်းဟူလူကိုဖြင့် လွှင့်မပစ်ခဲ့ပေ။
ချင်မျန်သည် ကူကယ်ရာမဲ့ဖြစ်စွာ ခံစားခဲ့ရသည်။ဒီနေ့က အမှားတစ်ခုလို့ သူခံစားရ၏။လဲ့ယ်ထျဲ ထွက်ခွာသွားသည့် လမ်းကြောင်းကို ကြည့်လိုက်တော့ ထိုလူ၏ပုံပန်းသဏ္ဌာန်ကို မမြင်ရသေးသောကြောင့် ဒေါသမီးလျှဲကား ပို၍ပင် ဟုန်းဟုန်းတောက်သွားခဲ့သည်။ယင်းကြောင့် သူ၏တိုက်ပွဲဝင်စိတ်ဓာတ်ကို နှိုးဆွပေးခဲ့နိုင်၏။မတ်တပ်ရပ်လျက်
“လာကြည့်...လာကြည့်၊ ချိုချိုချဉ်ချဉ်ထန်းဟူလူ၊တစ်ချောင်း ၂ ဝမ်၊.....လာကြည့်ပါ”
လမ်းတစ်ဝက်လောက် လမ်းလျှောက်ပြီး လမ်းတစ်ဝက်လောက်ကို အော်ခဲ့ရပေမယ့် ခြောက်ချောင်းသာရောင်းရသည်။
ဤအရာသည် အသစ်ဖြစ်သောကြောင့် ကြိုးစားဝံ့သူ အနည်းငယ်သာရှိခြင်းကြောင့် ဖြစ်မှန်း ချင်မျန် သဘောပေါက်ခဲ့သည်။သို့သော် ပွင့်လင်းမြင်သာသည့် ခေတ်သစ်လူသားတစ်ဦးအနေနှင့် ရှေးရိုးစွဲရှေးဟောင်းလူတစ်ဦးလို မလုပ်နိုင်ပေ။
အော်ရောင်းတော့မည့်အစား သူရဲ့ ပထမဆုံမှတ်နေရာကို ပြန်လာခဲ့သည်။
လက်ဝဲဘက်တွင် အထည်ရောင်းသည့် အသက်ငါးဆယ်ကျော် အမျိုးသမီးနှင့် လက်ယာဘက်တွင် ဟင်းသီးဟင်းရွက်ရောင်းသည့် လူငယ်အား နှစ်ချောင်း ပေးလိုက်သည်။
"စိတ်မရှိရင် မြည့်စမ်းကြည့်ပါ။"
စီးပွားရေးလုပ်သူများသည် အခြေခံအားဖြင့် အခြားသူများ၏အကျိုးစီးပွားအတွက် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျွမ်းကျင်ကြသည်။ထန်းဟူလူကို လက်ခံရရှိပြီးနောက် လူနှစ်ဦးက သူ့ကို ရက်ရက်ရောရော ကျေးဇူးတင်ကြသည်။
ချင်မျန်က သူ့စားဖို့ ထန်းဟူလူကိုယူလိုက်ပြီး " ၂ ဝမ် တစ်ချောင်းကို ၂ ဝမ်... အရသာရှိတဲ့ ထန်းဟူလူတစ်ချောင်းအတွက် ၂ ဝမ်....."
“ပြောစရာမရှိဘူးပဲ” အမျိုးသမီးက ခပ်သေးသေးလေးကိုက်ကာ ပြုံးပြလိုက်သည်။ "နည်းနည်းချဉ် ပေမယ့် ပြီးပြည့်စုံတယ်။ အရသာရှိတယ်။"
လူငယ်လေးက ဝါးချောင်းထဲက ဟော်သွန်းသီးကိုကိုက်ပြီး “ငါက သိပ်မကြိုက်ပေမယ့် ငါ့မိန်းမက ချဉ်ချဥ်ချိုချိုသရေစာတွေကိုစားရတာ ကြိုက်တယ်။ညီလေး ငါ့ကို ငါးချောင်း ပေး”
ဒီနည်းလမ်းက တကယ်အလုပ်ဖြစ်သည်။လမ်းလျှောက်လာသူ သုံးယောက်လုံး စားသောက်ပြီး စကားစမြည်ပြောနေကြတာကို တွေ့တော့ စိတ်ဝင်စားလာကြ၏။တစ်ချောင်းဝယ်ပြီး အသစ်အစမ်းတစ်ခုကို စမ်းကြည့်ဖို့ ၂ ဝမ် အကုန်အကျခံကြသည်။
Advertisement
များမကြာမီ ချင်မျန်သည် ဆယ်ချောင်းကျော် ရောင်းချနိုင်ခဲ့သည်။အသက် ဆယ်နှစ်အောက် ကောင်မလေးက ဆန့်ကျင်ဘက် ထမင်းဆိုင်ကနေ ငါးချောင်းလာဝယ်သည်။
ချင်မျန်က သူမအား အပိုလက်ဆောင်အဖြစ် တစ်ချောင်း ရက်ရက်ရောရော ပေးခဲ့သည်။
ကလေးမလေးက သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကြည့်ကာ ဝမ်းသာအားရ ပြန်ပြေးသွားခဲ့၏။ခဏအကြာတွင် သူ့အသက်အရွယ်ခန့် မိန်းကလေးငယ်တစ်ဦး အနီးနားရှိ အစားအသောက်ဆိုင်မှ ထွက်လာကာ ငါးချောင်းကို ဝယ်ယူခဲ့သည်။
ချင်မျန်ကလည်း သူမကို အပိုလက်ဆောင်တစ်ခုပေးခဲ့သည်။
တစ်နာရီကျော်ကြာပြီးနောက် ထန်းဟူလူကား ရောင်းကုန်သွားပြီ။
ချင်မျန်သည် အောင်မြင်မှု ရသွားသလို ခံစားခဲ့ရသည်။တဖြည်းဖြည်း ကျလာတဲ့ နေရောင်ကို ကြည့်လိုက်တော့ ခေတ္တနားရန် သူ့ပခုံးပေါ်ကို တိုင်ကို တင်လိုက်ရင်း စားသောက်ဆိုင်ငယ်လေးဆီကို သွားလိုက်သည်။ခရမ်းချဉ်သီးနဲ့မွှေကြော်ထားတဲ့ ကြက်ဥတစ်လုံး၊ ငရုတ်သီးစိမ်းနဲ့အသားကြော် နှင့် ထမင်းတစ်ပန်းကန်ကို မှာပြီး သူ့ဘာသာသူ စားလိုက်၏။လဲ့ယ်ထျဲအတွက်ကိုတော့ ဘယ်သူက ဂရုစိုက်ရမှာလဲ?
နှစ်လုပ်သာ စားလိုက်ပြီးသည်နှင့် သူ့ရှေ့တွင် အရိပ်တစ်ခု ကျလာသည်။ချင်မျန် မော့ကြည့်လိုက်တော့ လဲ့ယ်ထျဲ မည်သည့်နေရာမှ ထွက်လာသည်ကိုမသိ, ရောက်နေတာကိုသာ တွေ့လိုက်ရကာ သူ့အနားတွင် အလိုလို ထိုင်နှင့်ပြီးဖြစ်လေသည်။
စားပွဲထိုးတစ်ယောက် ချက်ချင်းပြေးလာ၏။ "လူကြီးမင်းတို့နှစ်ယောက်က အတူတူလား?နောက်ထပ် ဘာလိုသေးလဲ?"
ချင်မျန်က ဘာမှမပြောဘဲ ဆက်စားနေ၏။
လဲ့ယ်ထျဲလည်း စကားပင်မဟ။
စားပွဲထိုးက ချင်မျန်ကို သံသယဖြင့် ကြည့်ပြီးတော့ လဲ့ယ်ထျဲကို ပြန်ကြည့်လိုက်သည်။နှစ်ယောက်စလုံး နှုတ်ဆိတ်နေသောကြောင့် စားပွဲထိုးသည် ကူကယ်ရာမဲ့ဖြစ်စွာ ထွက်ခွာသွားခဲ့ရသည်။
ချင်မျန်က မျက်ခွံများကို လှန်လိုက်ပြီး လဲ့ယ်ထျဲကို ကလန်ကဆန် လှန်ကြည့်လိုက်သည်။
လဲ့ယ်ထျဲ၏အမူအရာမှာ ယခင်အတိုင်းပင် ဘာမှမထူးခြား။
ဒီဆိုင်က ဟင်းတွေက ကြော်ထားသည်မှာ အရသာရှိ၏။ချင်မျန်က သူ့ကို လျစ်လျူရှုပြီး အလုပ်ကြီးကြီး စားလိုက်သည်။
"ချင်းဇီ...ကိုယ် ဗိုက်ဆာတယ်"
ချင်မျန်က ထိတ်လန့်သွားပြီး ချက်ချင်းပဲ သူ့ပါးစပ်ကို အုပ်လိုက်သည်။ "ပါးစပ်ပိတ်ထားစမ်း!"
ပါးစပ်ကို တစ်ဖက်လူက ဖုံးထားသဖြင့် လဲ့ယ်ထျဲက မပြောနိုင်။သူ မျက်တောင်သာ ခတ်နိုင်သည်။
ချင်မျန်၏လက်သည် နှာခေါင်းအောက်ရှိနေရာကို ပိတ်ဆို့ထားသောကြောင့် သူ့ရဲ့နက်မှောင်သောမျက်လုံးများက ပို၍ပို၍နက်လာသလို။
ချင်မျန်၏နှလုံးသားသည် တလှုပ်လှုပ်ဖြင့်လှုပ်ခါသွားသည်။ဆိုင်ထဲက တခြားဖောက်သည်တွေကို လှည့်ကြည့်လိုက်၏။လဲယ်ထျဲ၏စကားကို မည်သူမျှ မကြားလိုက်ရသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းချကာ လဲ့ယ်ထျဲကို ပြင်းပြင်းထန်ထန် ကြည့်လိုက်သည်။
လဲယ်ထျဲက သူ့လက်တွေကို ဖယ်လိုက်ပြီး “ကိုယ် ဗိုက်ဆာနေပြီ....ဂွီ"
"စားပွဲထိုး.... ထမင်းနောက်တစ်ပန်းကန်ပေး!"
ချင်မျန် သူ့အား ဓားမြှောင်တစ်ချောင်းလို စူးကြည့်လိုက်သည်။
ချင်မျန်၏အော်ဟောက်သံကြောင့် စားပွဲထိုးသည် သူ့လက်ထဲတွင် ကိုင်ဆောင်လာသည် ပန်းကန်များကိုပင် လွတ်ကျလုနီးပါး ဖြစ်သွား၏။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
"ဦးလေးချင်"
“ဟေး!”
"ဟေး....ခင်ဗျား..."
Advertisement
- In Serial16 Chapters
Exiled Kingdom
Stiven is an ordinary boy, who for reasons of destiny is forced to lead his kingdom in a new world full of mysteries ...
8 217 - In Serial9 Chapters
Magic meets Progress
Have you ever imagined what a world full of magic might look like, when it reaches the era of industrial revolution? Have you thought about how people live, when they lose their job to runic machines, producing more, cheaper and faster than they ever could? Follow Myra and Alicia two women living completely different lifes. Alicia is the heir to one of the most powerful families in the kingdom. Myra is an orphan, and one of the few people born without any magical talent. Dire circumstances reveal her special talent. No one knew she possesses it, but everyone wants her for it. What can those two people achieve when they work together? What adventures will they face? How will they deal with the increase of kidnappings? What about the rising tensions in the population caused by the suffering of the masses? And who had Alicia’s grandfather assassinated? This is a fantasy story with magic, placed in the era of industrial revolution.
8 178 - In Serial35 Chapters
memoirs || beomryu
[ completed ]in which, when you suddenly get old memories of your past life.and it leads you to your destiny."do you believe in what they said earlier?" - choi beomgyu"if they were really made for each other, both fate and destiny will surely have its own ways to connect them together once again." - shin ryujinmemoirs:↳ a historical account or biography written from personal knowledge or special sources.I would advise you to read the first two books, although this book isn't in the same timeline as those two, they are all still connected, this is just so you wouldn't be confused with the plot.book three of the royalty series.↦ royalty series: royalty || beomryu heiress || beomryu↠ memoirs || beomryumost impressive ranking:#1 memoirs: 01 - 23 - 2021date published: 01 - 12 - 2021date ended: 06 - 03 - 2021© Center_Queen
8 202 - In Serial52 Chapters
Seven Facts Of A Hunter
Between even injuries, curses, and kidnappings, can love truly blossum?A horrible past, and even more troublesome future. This is all you have ever known, but can a pair of brothers change this fate?Highest rank: #574 in fanfiction.Highest rank: #3 in Sam Winchester
8 184 - In Serial44 Chapters
The Mighty Ducks preferences
Gotta love those ducks :)
8 175 - In Serial38 Chapters
y/n Stark (Loki x Reader)
(Loki x reader) [COMPLETED]y/n Stark, the daughter of billionaire genius Tony Stark and Pepper Potts, arrives at the Avengers Tower after spending sixteen years living alone with her mother, given her father's dangerous job.How will Thor, Loki, Natasha, Steve, Peter, Bruce and Wanda take her arrival?Will she be able to get along with them?Will any of them manage to steal her heart?Will new loves arise or will there be disappointments?Will she join the team?Feel free to comment and vote
8 126