《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[31+32]
Advertisement
[Unicode]
031: ဘယ်သူ ရှုံးတာကိုစဝန်ခံမလဲ?
ထမင်းစားပြီးသည်အထိ လဲ့ယ်ထျဲ ပါးစပ်ပိတ်နေဆဲပင်။
ချင်မျန်က အရမ်းဒေါသထွက်နေပေမယ့်လည်း ဟင်းနှစ်ပန်းကန်နှင့် ထမင်းတစ်ပန်းကန် ထပ်မှာပေးလိုက်သည်။
စားပြီးနောက် မထွက်သွားခင် ပိုက်ဆံရှင်းလိုက်သည်။လဲ့ယ်ထျဲက ဆွံ့အနေတဲ့ သူတစ်ယောက်လို လိုက်လာပြီး သူ့လက်ထဲတွင်လည်း တိုင်ကို သယ်လာ၏။ချင်မျန်ကလည်း သယ်ခိုင်းဖို့ မငြင်းပေမယ့်လည်း တောက်လျှောက် စကားမပြောပေ။
လဲ့ယ်ထျဲ စကားပြောလာချင်ပေမယ့်လည်း ဘာမှမပြောဖြစ်။သူ့မျက်လုံးတွေကတော့ ဆယ်ကျော်သက်လေး၏ပါးလွှာသည့် ကျောပြင်ပေါ်သို့ ကျရောက်နေမြဲ။မကြာသေးမီက သူတို့ အစားအသောက်ကောင်းများကို စားဖြစ်လာသောကြောင့် ဇနီးလေးက ကောင်းစွာကြီးပြင်းလာခဲ့သည်။သူ့ခန္ဓာကိုယ်က ပိန်နေသေးပေမယ့်လည်း သူ့မျက်နှာမှာ အရင်ကထက် အသားပိုထွက်လာ၏။သူ့ရဲ့ခြောက်သွေ့သည့်ဆံပင်များက ပျော့ပျောင်းပြီး ပိတုန်းရောင်ထနေကာ ဆံပင်အမြင့် ချည်နှောင်ထားလျက် သူတို့၏သခင်ဖြစ်သူမှာ ဒေါသကြီးသူ ဖြစ်ကြောင်း လူများမသိမှာကို စိုးရိမ်နေသကဲ့သို့ ယိမ်းနွဲ့နေ၏။
ဆယ်ကျော်သက်လေး၏ဒေါသအမူအရာကို တွေးမိရင်း လဲ့ယ်ထျဲ၏နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်သွားသော်လည်း ချက်ခြင်းပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။သူသည်ကား ဆယ်ကျော်သက်လေးနှင့်ပတ်သတ်ပြီး သိပ်နားမလည်ပေ။သို့သော် သူချော့ရမည့်ဆိုလျှင် သူတကယ် ဘာလုပ်ရမည်မသိ အကူအညီမဲ့ ဖြစ်ရသည်။
ချင်မျန် လမ်းလျှောက်လာရင်း သူ့နောက်က လှုပ်ရှားမှုကို နားထောင်ကြည့်နေပေမယ့် သူ ဘာမှ မကြားရဘူး။သူတကယ်စိတ်ဆိုးနေတာမဟုတ်ပေမယ့် စိတ်ပျက်လက်ပျက်ဖြစ်ပြီး သူ့နှလုံးသားရဲ့အောက်ခြေထိတိုင် အစိုင်အခဲတစ်ခုရှိနေတယ်ဆိုတာ အမှန်ပါပဲ။ဘယ်သူ အရင်အလျှော့ပေးမလဲဆိုတာ တကယ်သိချင်မိတယ်။
ဒါကိုတွေးပြီး စိတ်လျှော့လိုက်ကာ သူ့ခြေလှမ်းတွေကို ပိုသွက်လိုက်သည်။
သူ မြန်မြန်လျှောက်သည်ဖြစ်စေ နှေးသည်ဖြစ်စေ လဲ့ယ်ထျဲကတော့ သူနှင့်အကွာအဝေးကို အမြဲလိုက်ညှိနေခဲ့သည်။
လမ်းပေါ်ရှိ ဖြတ်သွားဖြတ်လာများက နှစ်ဦးသား—ရှေ့နှင့် နောက် ရန်ဖြစ်နေပုံရသည်ကို သတိပြုမိကြပြီး နှစ်ယောက်ကို လက်ညိုးထိုးပြကာ ရယ်မောနေကြသည်။
ဒါကို သူတို့ကတော့ သတိမထားမိကြသလိုပဲ...ချင်မျန် မြို့ထဲကနေမထွက်ခွာခင် သရေစာနှစ်ထုပ်နဲ့ သကြား ၂ ကျင်း ဝယ်လိုက်သည်။
လမ်းတစ်လျှောက်လုံး စကားတွေ မပြောဖြစ်ကြပေ။
အိမ်ပြန်ရောက်သောအခါ ချင်မျန်သည် ရှောင်ဟူ နှင့် ကုန်းတျဲန့်အား သရေစာမုန့်များပေးကာ ခြင်းတောင်းကို ကျောပေါ်တင်လျက် ထွက်သွားလေသည်။
"ဘယ်သွားမလို့လဲ?" လဲ့ယ်ထျဲ မေးလိုက်သည်။
ချင်မျန် သူ့ကို ပြုံးပြုံးလေး ကြည့်နေပေမယ့် ပြန်မပြောပေ။သူ တောင်အနောက်ဘက်သို့ သွားခြင်းသာ။
လဲ့ယ်ထျဲ အံ့သြသွားမိသည်။လေးကိုယူကာ တံခါးကို သော့ခတ်ပြီး အမြန်နောက်ကနေ လိုက်သွားခဲ့သည်။
ရှောင်ဟူ နှင့် ကုန်းတျဲန့်တို့သည်လည်း ထူးဆန်းနေသည့်လေထုကို ခံစားသိရှိခဲ့ကြပြီး သရေစာများကို မြိန်ရေရှက်ရေမစားမီ တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်စွာကြည့်နေကြသည်။
ချင်မျန်သည် အလွန်လျင်မြန်စွာ လျှောက်သွားခဲ့သော်လည်း တောင်ပေါ်သို့ ရောက်သွားတော့ သူ့ရဲ့ပြင်းပြသည့် စိတ်ဆန္ဒတို့မှာ လျှော့ရဲသွားလေသည်။သူ လှည့်ပတ်ကြည့်ရင်း စိတ်မညစ်ဘဲမနေနိုင်တော့။သူ ဟော်သွန်းသီးနှင့် တောပန်းသီးများကို ထပ်မံ ခူးဆွတ်ရန် စီစဉ်ထားသော်လည်း ဟော်သွန်းပင်နှင့် ပန်းသီးပင်များ မည်သည့်နေရာတွင်ရှိသည်ကို သူမသိ။
"ဘာကိုရှာနေတာလဲ?" လဲ့ယ်ထျဲက ခံစားချက်မရှိသော အသံဖြင့် ထပ်မေးသည်။ချင်မျန် ပါးစပ်ကိုဖွင့်လိုက်သော်လည်း ချက်ချင်းပြန်ပိတ်လိုက်သည်။တောင်းထဲက ဟော်သွန်းသီးတစ်လုံးနဲ့ ပန်းသီးတစ်လုံးကို ထုတ်ယူပြီး လဲ့ယ်ထျဲရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
ထိုအခိုက်တွင် လဲ့ယ်ထျဲသည် သူ့ဇနီးလေးက သူနှင့်ထပ်တူ လိုက်ပြုမူနေကြောင်း(စိတ်ကောက်) နောက်ဆုံးတွင် လဲ့ယ်ထျဲ နားလည်သွားသည်။နည်းနည်းတော့ ရယ်စရာကောင်းပေမယ့် သူ ခံစားချက်တွေကို လွယ်လွယ်ကူကူ ပြတတ်တဲ့သူတစ်ယောက် မဟုတ်ပေ။သူ့မျက်နှာမှာ ဘာအမူအရာကိုမှ မမြင်နိုင်ပေမယ့် နက်နဲပြီး ကြောက်စရာကောင်းတဲ့ အနက်ရောင် မျက်လုံးတစ်စုံကတော့ နူးညံ့မှုအလွှာနဲ့ ဖုံးလွှမ်းနေ၏။သူ ချင်မျန်၏လက်ကိုကိုင်ကာ လှည့်ပတ်ကြည့်ရှုပြီး မဆိုင်းမတွပင် လမ်းကြောင်းတစ်ခုဆီသို့ လျှောက်သွားခဲ့သည်။
တဖက်လူက ဦးဆောင်သွားပြီး ချင်မျန်ကတော့ ပတ်ပတ်လည်ကို အေးအေးဆေးဆေး ကြည့်နေသော်လည်း စကားမပြောသေးပေ။
ဟော်သွန်းသီး နှင့် တောပန်းသီး အများအပြားကို ခူးယူပြီးနောက် ခြင်းတောင်းသည် ပြည့်သွားလေပြီ။သို့သော် တောင်းကတော့ လဲ့ယ်ထျဲ၏နောက်ကျောပေါ်တွင်သာ ရှိနေသည်။
အိမ်ရောက်တာနဲ့ ချင်မျန်သည် ရှောင်ဟူ နဲ့ ကုန်းတျဲန့်တို့ကို ပြန်လွှတ်လိုက်သည်။ထို့နောက် ဟော်သွန်းသီးများနှင့် ပန်းသီးများကို ဆေးကြောရန် ဇလုံတစ်ခုထဲသို့ ရေကို လောင်းထည့်လိုက်သည်။လဲ့ယ်ထျဲက ရေစည်ရှိရာသို့ လာကြည့်ပြီး ရေပုံးအလွတ်ဖြင့် အပြင်ဘက်သို့ထွက်သွားလေသည်။
သူ အဝေးကို ထွက်သွားတာကိုမြင်တော့မှ ချင်မျန် ပါးစပ်အပြည့် လေတစ်ဝကြီး ရှူလိုက်ရသည်။ "ငါ အသက်ရှူကျပ်လုနီးပါး ဖြစ်နေပြီ။ဒီကောင် တစ်နေ့ကို စာကြောင်းသုံးကြောင်းပြည့်အောင် မပြောဘဲ ဘယ်လိုလုပ်ပြီး ထိန်းထားနိုင်ရတာလဲ?”
သူလို စကားများတဲ့လူတစ်ယောက်အတွက် အချိန်အကြာကြီး စကားမပြောဘဲ နေရမယ့်ကိစ္စတွေကို ရှောင်ရှားသင့်တယ်!!
ခပ်လှမ်းလှမ်းတွင် လဲ့ယ်ထျဲက ခေါင်းကိုလှည့်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။
သစ်သီးများကို သေချာဆေးကြောနေသောကြောင့် ချင်မျန် သတိမထားမိပေ။ဒီနေ့ ထန်းဟူလူ ရောင်းရငွေမှာ ဝမ် ၁၀၀ ကျော်ရကာ ခေတ်သစ်က ယွမ် ၁၀၀ ကျော်နှင့် ညီမျှလုနီးပါး ရောင်းချခဲ့ရသည်။သိပ်ပြီး များများစားစားမရပေမယ့် ဒီဘက်ခေတ်မှာတော့ ပမာဏနည်းသည်မဟုတ်ဘဲ ပစ္စည်းတော်တော်များများကို ဝယ်ဖို့လုံလောက်၏။သို့သော်လည်း ထန်းဟူလူကို ရောင်းချခြင်းသည် ရေရှည် မဟုတ်ပေ။
ချမ်းသာချင်လျှင် တခြားနည်းလမ်းကို စဉ်းစားရမယ်။
တွေးနေရင်းနဲ့ ရေလောင်းသံကြားလိုက်ရ၏။
လဲ့ယ်ထျဲ ရေစည်ကိုဖြည့်ပြီးနောက် ပျဉ်ပြားများနှင့် လက်သမားကိရိယာများကို ယူလိုက်သည်။သူ သစ်သားတုံးကို ရွှေ့ကာ အလယ်ခန်းရှိ တံခါးဝတွင် ထိုင်နေ၏။အာရုံစူးစိုက်စွာဖြင့် ခေါင်းငုံ့လျက် တူရိုက်နေ၏။
Advertisement
ချင်မျန်က သူ့ကို စေ့စေ့စပ်စပ်ပြန်ကြည့်သည်။
အသီးအနှံများကို ဆေးကြောပြီးနောက် ဆန်ခါတွင် ထည့်ကာ ရေလုံးဝ စစ်သွားစေရန် နေရောင်အောက်တွင် အခြောက်ခံလိုက်သည်။အဲဒီနောက် မနေ့က ခုတ်ထားတဲ့ ဝါးတွေဖြင့် ဝါးတုတ်ထပ်လုပ်သည်။
ဒါကိုမြင်တော့ လဲ့ယ်ထျဲက စကားတစ်ခွန်းမှ မပြောဘဲ ချင်မျန်ရဲ့အလုပ်ကို ဆွဲယူလုပ်လိုက်သည်။
ဝါးချောင်းက ချောမွေ့မှုမရှိရင် သူ့လက်ကို ရှလွယ်တာကြောင့် ချင်မျန်သည်လည်း လက်ခံလိုက်၏။သို့တိုင် သူ ဘာမှမလုပ်ဘဲလည်း မနေပေ။သူ စပါးကို တစ်ဖက်သို့လှန်ကာ နေပြန်လှန်းပြီး နွား ရေသောက်ရန် ရေကန်သို့ ပို့ဆောင်ပေးကာ ကောက်ရိုးတစ်ထုပ်ကို ဆွဲယူပေးခဲ့ပြီး ပြန်ချည်နှောင်ပေးလိုက်သည်။
အသီးတွေ ရေစစ်ပြီးသွားတော့ ထန်းဟူလူ ခြောက်ဆယ်ကျော်ကို ထပ်လုပ်လိုက်၏။
ညစာပြင်ပြီးသည်နှင့် လဲ့ယ်ထျဲကို မခေါ်ဘဲ ထိုင်စားနေပြန်သည်။ခရမ်းသီးနဲ့ ရောချက်ထားတဲ့ အသားက အရမ်းစားလို့ကောင်းတာပဲ။
လဲ့ယ်ထျဲ ပျဉ်ပြားများကို ပိုမိုခိုင်ခံ့အောင် မည်သို့မည်ပုံလုပ်ရမည်ကို တွေးနေရင်း ပန်းကန်ခွက်တွေနှင့် တိုက်မိသည့်အသံကို ကြားသောအခါ သူ့ဇနီးလေးက ထမင်းစားနေပြီကို သိလိုက်ရသည်။ခဏတာ ခေတ္တရပ်တန့်သွားပြီးနောက် လက်ကို တိတ်တိတ်လေးဆေးပြီး ထမင်းစားရန် ဝင်လာခဲ့သည်။
ချင်မျန် ကြိတ်ရယ်မိနေကာ အစားကိုပင် သီးလုနီးပါး ဖြစ်သွားရသည်။
လဲ့ယ်ထျဲက တည်ငြိမ်မြဲ ငြိမ်သက်နေဆဲဖြစ်ကာ မစားချင်သလိုလိုဖြင့် ပန်းကန်ကို တူဖြင့် ထိုးဆွနေလျက် ချင်မျန်ကို မရေရာသည့် အဓိပ္ပါယ်ဖြင့် လှမ်း,လှမ်းကြည့်နေသည်။
ချင်မျန်၏ကျောက်တုံးမျက်နှာထားသည် ဘာမှမထူးခြားသည့်အသွင်ကို ဆောင်ထားမြဲ။
ညဘက်အိပ်ရာဝင်တဲ့အထိ လဲ့ယ်ထျဲကို စကားတစ်ခွန်းမှ မပြောဖြစ်ဘူး။အိပ်ပျော်ပြီးနောက် လဲ့ယ်ထျဲ၏ရင်ခွင်ထဲသို့ ဝင်ရောက်ကာ ဖျစ်ညှစ်ခံလိုက်ရသည့်ကိစ္စနှင့် ပတ်သက်လို့တော့ သူ လျစ်လျူရှုထားလိုက်သည်။
နောက်နေ့ကျတော့ မနေ့ကလိုပါပဲ။လဲ့ယ်ထျဲ မြို့သို့မထွက်ခွာမီ ၁၀ နာရီခန့်အထိ လယ်ထွန်သွားခဲ့သည်။
ချင်မျန် ယခင်နေရာသို့ ရောက်သောအခါ ဘယ်ညာ စျေးဆိုင်ပိုင်ရှင်များကို နှုတ်ဆက်လိုက်သည်။ချင်မျန် အော်ရောင်းတော့မည့်အချိန်တွင် လဲ့ယ်ထျဲသည် သူ့ကို တစ်ချက်မျှပင် မကြည့်ဘဲ မတ်တပ်ရပ်စင်တိုင်ရှေ့တွင် ရုတ်တရက် ရပ်လိုက်ကာ လဲ့ယ်ထျဲသည် လမ်းသွားလမ်းလာများအား ကြမ်းတမ်းစွာ အော်ရောင်းတော့၏။ “အရသာရှိတဲ့ ထန်းဟူလူ...တစ်ချောင်း ၂ ဝမ်....."
သူ့မြေးငယ်လေးနဲ့အတူ လာဝယ်သည့် သက်ကြီးရွယ်အို အဘွားအိုတစ်ယောက်သည် သူ့ရဲ့အမူအရာမဲ့မျက်နှာထားကြောင့် ထိတ်လန့်သွားပြီး သူ့ကို မဝံ့မရဲနဲ့ လှမ်းကြည့်ရင်း နောက်ပြန်ဆုတ်သွားသည်။
ချင်မျန် အံ့အားသင့်သွားပြီး မရယ်မောဘဲမနေနိုင်ဖြစ်ကာ ခေါင်းကို အလျင်အမြန် ငုံ့ချလိုက်ရသည်။ "ဖွီး......"
လဲ့ယ်ထျဲက မသိနားမလည်နိုင်ဟန်ရှိသည့် မှုန်မှိုင်းသော အကြည့်များဖြင့် သူ့ကို လှည့်ကြည့်လိုက်သည်။
ချင်မျန် ဒါဘာကိုဆိုလိုလဲဆိုတာ မပြောနိုင်ပေမယ့် သူကတော့ စိတ်အခြေအနေကောင်းသွားပြီ။သူ လဲ့ယ်ထျဲကို အရှက်ရစေရန် မလုပ်ချင်တော့ပေမယ့်လည်း အကြိမ်အနည်းငယ်လောက် ရယ်မောမိတာကို အတောမသတ်နိုင်သေး။ “ဟားဟား.....တော်တော့...ကျွန်တော် လုပ်မယ်။"
တကယ်တော့ အနှီ "ထိပ်တိုက်ရန်စောင်ခြင်း" သည်ကား လဲ့ယ်ထျဲအတွက် စမ်းသပ်မှုတစ်မျိုးလည်းဖြစ်၏။ချင်မျန်ကတော့ ဒီရလဒ်ကို ကျေနပ်ခဲ့တာပေါ့။
_______________________________
032:လယ်ယာလုပ်ငန်း
"အရသာရှိတဲ့ ထန်းဟူလူတွေ!!တစ်ချောင်းကို ၂ဝမ်နော်!!"
ချင်မျန်က ကျယ်လောင်စွာ အော်ရောင်းနေသည်။
လဲ့ယ်ထျဲက သူ့ဘေးမှာ ရပ်နေပြီး ဘယ်နားကိုမှ တစ်ဖဝါးမခွာပေ။
ဒီတစ်ခါတော့ ထန်းဟူလူက မနေ့ကထက် ပိုရောင်းရ၏။အချိန်တိုအတွင်းမှာပင် ရှောင်ဟူနှင့် ကုန်းတျဲန့်တို့အတွက် နှစ်ခုသာ ကျန်တော့သည်။
ချင်မျန်က ပိုက်ဆံအိတ်ကို ပျော်ရွှင်စွာ ချိန်တွယ်ပြီး လဲ့ယ်ထျဲကို ပြုံးပြကာ မေးလိုက်သည်။ "ခင်ဗျားမှာ ဝယ်စရာ ရှိသေးလား?"
လဲ့ယ်ထျဲသည် သူ့ဇနီးလေးက သူ့အပေါ်ထားတဲ့သဘောထားက ပို၍ကောင်းလာပြီး ပေါ့ပေါ့ပါးပါးနှင့် ရင်းနှီးမှုရှိလာသည်ကို ချက်ချင်းသဘောပေါက်လာသည်။
“မဝယ်တော့ဘူး”
"ထမင်းပြန်စားရအောင်။စောနေသေးတယ်ဆိုတော့ မြို့ထဲမှာ မစားတော့ဘူး။အဲဒီစားသောက်ဆိုင်က အစားအသောက်တွေက ကျွန်တော် လုပ်ထားသလောက် အရသာမရှိဘူး။ခင်ဗျား စားချင်တာတစ်ခုခုရှိလား?" ချင်မျန်က မေးရင်း သူ့ကိုယ်သူ ဘာစားချင်လဲ စဥ်းစားနေ၏။
လဲ့ယ်ထျဲက "မရှိဘူး" ဟု ဖြေတော့မည်ဖြစ်သော်လည်း ချင်မျန် စိတ်အခြေအနေကောင်းနေသည်ကို မြင်တော့ စိတ်ပြောင်းသွားသည်။
"ငါး"
“ကောင်းပြီ...ငါးသွားဝယ်ရအောင်” ချင်မျန်သည် အလွန်လန်းဆန်းနေ၏။
သူတို့နှစ်ယောက်လုံးက အစားအသောက်ဆို အများကြီး စားသုံးကြသောကြောင့် ချင်မျန်သည် ၂ကျင်းလောက်ရှိသည့် ငါးနှစ်ကောင်ကို ဝယ်လိုက်၏။အိမ်မှာ ကြက်သွန်နီ၊ ဂျင်းနဲ့ ကြက်သွန်ဖြူ ဟင်းခတ်အမွှေးအကြိုင်တွေရှိတာမို့ နောက်ထပ်ဝယ်စရာ မလိုတော့ဘူး။အရိုးတွေက စျေးသက်သာတဲ့အပြင် ကျန်းမာရေးအတွက်လည်း ကောင်းမွန်တာကြောင့် ပြုတ်သောက်ရန် (၂) ကျင်းလောက် ဝယ်ခဲ့သည်။
မြို့ပြင်ထွက်ခါနီး လမ်းတွင် ကောက်ရိုးဦးထုပ်ရောင်းနေသည့် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။“
"ဦးထုပ်နှစ်လုံးဝယ်ရအောင် " လဲ့ယ်ထျဲက ပြောလိုက်သည်။
ချင်မျန် ၄ ဝမ်ကိုအသုံးပြုကာ တစ်ယောက်စီအတွက် ဦးထုပ်နှစ်လုံးဝယ်လိုက်ပြီး သူတို့ခေါင်းပေါ်ရှိ လောင်မြိုက်နေသည့်ခံစားချက်ကို ဖယ်ရှားစေလိုက်သည်။
အပြန်လမ်းမှာတော့ စကားစမြည်ပြောဖြစ်ကြတော့သည်။
"မြေရိုင်းမှာတော့ တစ်ဝက်ထွန်ပြီးပြီ၊ဟင်းသီးဟင်းရွက်တွေ စိုက်လို့ရပြီလား?" လယ်ကွင်းက အလုပ်ကိုတော့ ချန်မထားနိုင်ဘူး၊ချင်မြန် အရမ်းစိုးရိမ်မိ၏။
လဲ့ယ်ထျဲက ဖြေလိုက်သည်။ “အင်း”
"ကျွန်တော်က ဟင်းသီးဟင်းရွက်တွေစိုက်မယ်၊ခင်ဗျားက ဂျုံစိုက်။" ချင်မျန် ပြောသည်။
Advertisement
လဲ့ယ်ထျဲ သူ့ကို တစ်ချက်ကြည့်လိုက်၏။ "မင်း... နိုင်ပါ့မလား?"
“မခက်ပါဘူး။"ချင်မျန်က တည်ငြိမ်စွာပြောလိုက်သည်။"ဒါပေမယ့် မှတ်မိသေးမလားတော့ မသိဘူး....” သူ လယ်အလုပ် မလုပ်ဖြစ်တာ နှစ်အတော်ကြာပြီလေ။
လဲ့ယ်ထျဲက ဘာမှမတွေးခဲ့။ပိုင်ဆိုင်မှုအကုန်မှာ လယ်နှစ်မူသာရှိပြီး စီမံခန့်ခွဲရန်ဆိုရင်တော့ သူတစ်ယောက်တည်း အလွန်အလုပ်များသည်။
သူတို့ရွာထဲဝင်သွားတော့ ရှောင်ဟူ နဲ့ ကုန်းတျဲန့်တို့ကို တွေ့လိုက်ရသည်။ရှောင်ဟူက ပို၍ သီးသန့်နေတတ်သော်လည်း ကုန်းတျဲန့်ကတော့ဖြင့် ပျော်ရွှင်စွာ ခုန်ဆင်းကာ အဝေးမှ သူတို့ကို လက်လှမ်းပြလိုက်သည်။
ချင်မျန် သူတို့ကို ထန်းဟူလူ တစ်ယောက်တစ်ခုစီနှင့် သရေစာမုန့် တစ်ထုပ် ပေးလိုက်သည်။သူက ပြုံးပြီး “မင်းတို့ မနက်ဖြန် ဒီကိုလာစရာ မလိုဘူး။ဒီနှစ်ရက်တာအတွက် နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်။"
"ဦးလေးချင်...ဒါက ဘာလဲ?"
ကုန်းတျဲန့်က ရှောင်ဟူထက် ပိုတက်ကြွပြီး ထန်းဟူလူကို ကိုင်ထားရင်း စပ်စပ်စုစုမေးလိုက်သည်။
ချင်မျန် ပြောလိုက်၏။ "ဒါက ထန်းဟူလူ လို့ခေါ်တယ်။ချိုချိုလေး။”
"ကျေးဇူးတင်ပါတယ် ဦးလေးချင်" ကုန်းတျဲန့်သည် သူ တစ်ခါမှ မမြင်ဖူးသောသရေစာ နှင့် ကိတ်မုန့် နှစ်မျိုးစလုံးကို ရရှိခဲ့တာကြောင့် ပျော်ရွှင်မှုတွေဖြင့် ပြည့်နှက်နေခဲ့သည်။
ရှောင်ဟူက သူ့နှုတ်ခမ်းတွေကို မသပ်ဘဲ မနေနိုင်တော့ပေ။နှစ်ယောက်သား ခုန်ပေါက်ထွက်ပြေးသွားကြတော့သည်။
နေ့လယ်စာစားပြီးနောက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့ ကောက်ရိုးဦးထုပ်များကို ဆောင်းကာ မြေရိုင်း လယ်ကွင်းသို့သွားကြသည်။
ချင်မျန်က အသီးအရွက်တွေ စိုက်ပြီး လဲ့ယ်ထျဲက ကျန်တဲ့တစ်ဝက်ကို ထွန်နေ၏။
ဆောင်းဦးအတွက် စိုက်မည့် ဟင်းသီးဟင်းရွက်တွေကတော့ ချင်မျန် ဝယ်လာသည့် မုန်လာထုပ်၊ ဂေါ်ဖီထုပ်၊ မုန်လာဥနှင့် ဟင်းနုနယ်ရွက်မျိုးစေ့တို့ပင်။ချင်မျန် အကြမ်းဖျင်းအားဖြင့် ဟင်းသီးဟင်းရွက်စိုက်မည့်အပိုင်းကို လေးကွက်ငယ်အဖြစ် ဟင်းသီးဟင်းရွက်အမျိုးအစားအလိုက် တစ်ကွက်စီခွဲကာ ဘောင်ဖော်ထားလိုက်သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
031: ဘယ္သူ ႐ႈံးတာကိုစဝန္ခံမလဲ?
ထမင္းစားၿပီးသည္အထိ လဲ့ယ္ထ်ဲ ပါးစပ္ပိတ္ေနဆဲပင္။
ခ်င္မ်န္က အရမ္းေဒါသထြက္ေနေပမယ့္လည္း ဟင္းႏွစ္ပန္းကန္ႏွင့္ ထမင္းတစ္ပန္းကန္ ထပ္မွာေပးလိုက္သည္။
စားၿပီးေနာက္ မထြက္သြားခင္ ပိုက္ဆံ႐ွင္းလိုက္သည္။လဲ့ယ္ထ်ဲက ဆြံ႕အေနတဲ့ သူတစ္ေယာက္လို လိုက္လာၿပီး သူ႕လက္ထဲတြင္လည္း တိုင္ကို သယ္လာ၏။ခ်င္မ်န္ကလည္း သယ္ခိုင္းဖို႔ မျငင္းေပမယ့္လည္း ေတာက္ေလွ်ာက္ စကားမေျပာေပ။
လဲ့ယ္ထ်ဲ စကားေျပာလာခ်င္ေပမယ့္လည္း ဘာမွမေျပာျဖစ္။သူ႕မ်က္လုံးေတြကေတာ့ ဆယ္ေက်ာ္သက္ေလး၏ပါးလႊာသည့္ ေက်ာျပင္ေပၚသို႔ က်ေရာက္ေနၿမဲ။မၾကာေသးမီက သူတို႔ အစားအေသာက္ေကာင္းမ်ားကို စားျဖစ္လာေသာေၾကာင့္ ဇနီးေလးက ေကာင္းစြာႀကီးျပင္းလာခဲ့သည္။သူ႕ခႏၶာကိုယ္က ပိန္ေနေသးေပမယ့္လည္း သူ႕မ်က္ႏွာမွာ အရင္ကထက္ အသားပိုထြက္လာ၏။သူ႕ရဲ႕ေျခာက္ေသြ႕သည့္ဆံပင္မ်ားက ေပ်ာ့ေပ်ာင္းၿပီး ပိတုန္းေရာင္ထေနကာ ဆံပင္အျမင့္ ခ်ည္ေႏွာင္ထားလ်က္ သူတို႔၏သခင္ျဖစ္သူမွာ ေဒါသႀကီးသူ ျဖစ္ေၾကာင္း လူမ်ားမသိမွာကို စိုးရိမ္ေနသကဲ့သို႔ ယိမ္းႏြဲ႕ေန၏။
ဆယ္ေက်ာ္သက္ေလး၏ေဒါသအမူအရာကို ေတြးမိရင္း လဲ့ယ္ထ်ဲ၏ႏႈတ္ခမ္းေထာင့္က အနည္းငယ္ တြန္႔သြားေသာ္လည္း ခ်က္ျခင္းပင္ ျပန္လည္ေပ်ာက္ကြယ္သြားခဲ့သည္။သူသည္ကား ဆယ္ေက်ာ္သက္ေလးႏွင့္ပတ္သတ္ၿပီး သိပ္နားမလည္ေပ။သို႔ေသာ္ သူေခ်ာ့ရမည့္ဆိုလွ်င္ သူတကယ္ ဘာလုပ္ရမည္မသိ အကူအညီမဲ့ ျဖစ္ရသည္။
ခ်င္မ်န္ လမ္းေလွ်ာက္လာရင္း သူ႕ေနာက္က လႈပ္႐ွားမႈကို နားေထာင္ၾကည့္ေနေပမယ့္ သူ ဘာမွ မၾကားရဘူး။သူတကယ္စိတ္ဆိုးေနတာမဟုတ္ေပမယ့္ စိတ္ပ်က္လက္ပ်က္ျဖစ္ၿပီး သူ႕ႏွလုံးသားရဲ႕ေအာက္ေျခထိတိုင္ အစိုင္အခဲတစ္ခု႐ွိေနတယ္ဆိုတာ အမွန္ပါပဲ။ဘယ္သူ အရင္အေလွ်ာ့ေပးမလဲဆိုတာ တကယ္သိခ်င္မိတယ္။
ဒါကိုေတြးၿပီး စိတ္ေလွ်ာ့လိုက္ကာ သူ႕ေျခလွမ္းေတြကို ပိုသြက္လိုက္သည္။
သူ ျမန္ျမန္ေလွ်ာက္သည္ျဖစ္ေစ ေႏွးသည္ျဖစ္ေစ လဲ့ယ္ထ်ဲကေတာ့ သူႏွင့္အကြာအေဝးကို အၿမဲလိုက္ညႇိေနခဲ့သည္။
လမ္းေပၚ႐ွိ ျဖတ္သြားျဖတ္လာမ်ားက ႏွစ္ဦးသား—ေ႐ွ႕ႏွင့္ ေနာက္ ရန္ျဖစ္ေနပုံရသည္ကို သတိျပဳမိၾကၿပီး ႏွစ္ေယာက္ကို လက္ညိဳးထိုးျပကာ ရယ္ေမာေနၾကသည္။
ဒါကို သူတို႔ကေတာ့ သတိမထားမိၾကသလိုပဲ...ခ်င္မ်န္ ၿမိဳ႕ထဲကေနမထြက္ခြာခင္ သေရစာႏွစ္ထုပ္နဲ႔ သၾကား ၂ က်င္း ဝယ္လိုက္သည္။
လမ္းတစ္ေလွ်ာက္လုံး စကားေတြ မေျပာျဖစ္ၾကေပ။
အိမ္ျပန္ေရာက္ေသာအခါ ခ်င္မ်န္သည္ ေ႐ွာင္ဟူ ႏွင့္ ကုန္းတ်ဲန္႔အား သေရစာမုန္႔မ်ားေပးကာ ျခင္းေတာင္းကို ေက်ာေပၚတင္လ်က္ ထြက္သြားေလသည္။
"ဘယ္သြားမလို႔လဲ?" လဲ့ယ္ထ်ဲ ေမးလိုက္သည္။
ခ်င္မ်န္ သူ႕ကို ျပဳံးျပဳံးေလး ၾကည့္ေနေပမယ့္ ျပန္မေျပာေပ။သူ ေတာင္အေနာက္ဘက္သို႔ သြားျခင္းသာ။
လဲ့ယ္ထ်ဲ အံ့ၾသသြားမိသည္။ေလးကိုယူကာ တံခါးကို ေသာ့ခတ္ၿပီး အျမန္ေနာက္ကေန လိုက္သြားခဲ့သည္။
ေ႐ွာင္ဟူ ႏွင့္ ကုန္းတ်ဲန္႔တို႔သည္လည္း ထူးဆန္းေနသည့္ေလထုကို ခံစားသိ႐ွိခဲ့ၾကၿပီး သေရစာမ်ားကို ၿမိန္ေရ႐ွက္ေရမစားမီ တစ္ေယာက္ကိုတစ္ေယာက္ နားမလည္ႏိုင္စြာၾကည့္ေနၾကသည္။
ခ်င္မ်န္သည္ အလြန္လ်င္ျမန္စြာ ေလွ်ာက္သြားခဲ့ေသာ္လည္း ေတာင္ေပၚသို႔ ေရာက္သြားေတာ့ သူ႕ရဲ႕ျပင္းျပသည့္ စိတ္ဆႏၵတို႔မွာ ေလွ်ာ့ရဲသြားေလသည္။သူ လွည့္ပတ္ၾကည့္ရင္း စိတ္မညစ္ဘဲမေနႏိုင္ေတာ့။သူ ေဟာ္သြန္းသီးႏွင့္ ေတာပန္းသီးမ်ားကို ထပ္မံ ခူးဆြတ္ရန္ စီစဥ္ထားေသာ္လည္း ေဟာ္သြန္းပင္ႏွင့္ ပန္းသီးပင္မ်ား မည္သည့္ေနရာတြင္႐ွိသည္ကို သူမသိ။
"ဘာကို႐ွာေနတာလဲ?" လဲ့ယ္ထ်ဲက ခံစားခ်က္မ႐ွိေသာ အသံျဖင့္ ထပ္ေမးသည္။ခ်င္မ်န္ ပါးစပ္ကိုဖြင့္လိုက္ေသာ္လည္း ခ်က္ခ်င္းျပန္ပိတ္လိုက္သည္။ေတာင္းထဲက ေဟာ္သြန္းသီးတစ္လုံးနဲ႔ ပန္းသီးတစ္လုံးကို ထုတ္ယူၿပီး လဲ့ယ္ထ်ဲေ႐ွ႕တြင္ ေဝွ႔ယမ္းျပလိုက္သည္။
ထိုအခိုက္တြင္ လဲ့ယ္ထ်ဲသည္ သူ႕ဇနီးေလးက သူႏွင့္ထပ္တူ လိုက္ျပဳမူေနေၾကာင္း(စိတ္ေကာက္) ေနာက္ဆုံးတြင္ လဲ့ယ္ထ်ဲ နားလည္သြားသည္။နည္းနည္းေတာ့ ရယ္စရာေကာင္းေပမယ့္ သူ ခံစားခ်က္ေတြကို လြယ္လြယ္ကူကူ ျပတတ္တဲ့သူတစ္ေယာက္ မဟုတ္ေပ။သူ႕မ်က္ႏွာမွာ ဘာအမူအရာကိုမွ မျမင္ႏိုင္ေပမယ့္ နက္နဲၿပီး ေၾကာက္စရာေကာင္းတဲ့ အနက္ေရာင္ မ်က္လုံးတစ္စုံကေတာ့ ႏူးညံ့မႈအလႊာနဲ႔ ဖုံးလႊမ္းေန၏။သူ ခ်င္မ်န္၏လက္ကိုကိုင္ကာ လွည့္ပတ္ၾကည့္႐ႈၿပီး မဆိုင္းမတြပင္ လမ္းေၾကာင္းတစ္ခုဆီသို႔ ေလွ်ာက္သြားခဲ့သည္။
တဖက္လူက ဦးေဆာင္သြားၿပီး ခ်င္မ်န္ကေတာ့ ပတ္ပတ္လည္ကို ေအးေအးေဆးေဆး ၾကည့္ေနေသာ္လည္း စကားမေျပာေသးေပ။
ေဟာ္သြန္းသီး ႏွင့္ ေတာပန္းသီး အမ်ားအျပားကို ခူးယူၿပီးေနာက္ ျခင္းေတာင္းသည္ ျပည့္သြားေလၿပီ။သို႔ေသာ္ ေတာင္းကေတာ့ လဲ့ယ္ထ်ဲ၏ေနာက္ေက်ာေပၚတြင္သာ ႐ွိေနသည္။
အိမ္ေရာက္တာနဲ႔ ခ်င္မ်န္သည္ ေ႐ွာင္ဟူ နဲ႔ ကုန္းတ်ဲန္႔တို႔ကို ျပန္လႊတ္လိုက္သည္။ထို႔ေနာက္ ေဟာ္သြန္းသီးမ်ားႏွင့္ ပန္းသီးမ်ားကို ေဆးေၾကာရန္ ဇလုံတစ္ခုထဲသို႔ ေရကို ေလာင္းထည့္လိုက္သည္။လဲ့ယ္ထ်ဲက ေရစည္႐ွိရာသို႔ လာၾကည့္ၿပီး ေရပုံးအလြတ္ျဖင့္ အျပင္ဘက္သို႔ထြက္သြားေလသည္။
သူ အေဝးကို ထြက္သြားတာကိုျမင္ေတာ့မွ ခ်င္မ်န္ ပါးစပ္အျပည့္ ေလတစ္ဝႀကီး ႐ွဴလိုက္ရသည္။ "ငါ အသက္႐ွဴက်ပ္လုနီးပါး ျဖစ္ေနၿပီ။ဒီေကာင္ တစ္ေန႔ကို စာေၾကာင္းသုံးေၾကာင္းျပည့္ေအာင္ မေျပာဘဲ ဘယ္လိုလုပ္ၿပီး ထိန္းထားႏိုင္ရတာလဲ?”
သူလို စကားမ်ားတဲ့လူတစ္ေယာက္အတြက္ အခ်ိန္အၾကာႀကီး စကားမေျပာဘဲ ေနရမယ့္ကိစၥေတြကို ေ႐ွာင္႐ွားသင့္တယ္!!
ခပ္လွမ္းလွမ္းတြင္ လဲ့ယ္ထ်ဲက ေခါင္းကိုလွည့္ကာ ေနာက္သို႔ လွည့္ၾကည့္လိုက္သည္။
သစ္သီးမ်ားကို ေသခ်ာေဆးေၾကာေနေသာေၾကာင့္ ခ်င္မ်န္ သတိမထားမိေပ။ဒီေန႔ ထန္းဟူလူ ေရာင္းရေငြမွာ ဝမ္ ၁၀၀ ေက်ာ္ရကာ ေခတ္သစ္က ယြမ္ ၁၀၀ ေက်ာ္ႏွင့္ ညီမွ်လုနီးပါး ေရာင္းခ်ခဲ့ရသည္။သိပ္ၿပီး မ်ားမ်ားစားစားမရေပမယ့္ ဒီဘက္ေခတ္မွာေတာ့ ပမာဏနည္းသည္မဟုတ္ဘဲ ပစၥည္းေတာ္ေတာ္မ်ားမ်ားကို ဝယ္ဖို႔လုံေလာက္၏။သို႔ေသာ္လည္း ထန္းဟူလူကို ေရာင္းခ်ျခင္းသည္ ေရ႐ွည္ မဟုတ္ေပ။
ခ်မ္းသာခ်င္လွ်င္ တျခားနည္းလမ္းကို စဥ္းစားရမယ္။
ေတြးေနရင္းနဲ႔ ေရေလာင္းသံၾကားလိုက္ရ၏။
လဲ့ယ္ထ်ဲ ေရစည္ကိုျဖည့္ၿပီးေနာက္ ပ်ဥ္ျပားမ်ားႏွင့္ လက္သမားကိရိယာမ်ားကို ယူလိုက္သည္။သူ သစ္သားတုံးကို ေ႐ႊ႕ကာ အလယ္ခန္း႐ွိ တံခါးဝတြင္ ထိုင္ေန၏။အာ႐ုံစူးစိုက္စြာျဖင့္ ေခါင္းငုံ႔လ်က္ တူ႐ိုက္ေန၏။
ခ်င္မ်န္က သူ႕ကို ေစ့ေစ့စပ္စပ္ျပန္ၾကည့္သည္။
အသီးအႏွံမ်ားကို ေဆးေၾကာၿပီးေနာက္ ဆန္ခါတြင္ ထည့္ကာ ေရလုံးဝ စစ္သြားေစရန္ ေနေရာင္ေအာက္တြင္ အေျခာက္ခံလိုက္သည္။အဲဒီေနာက္ မေန႔က ခုတ္ထားတဲ့ ဝါးေတြျဖင့္ ဝါးတုတ္ထပ္လုပ္သည္။
ဒါကိုျမင္ေတာ့ လဲ့ယ္ထ်ဲက စကားတစ္ခြန္းမွ မေျပာဘဲ ခ်င္မ်န္ရဲ႕အလုပ္ကို ဆြဲယူလုပ္လိုက္သည္။
ဝါးေခ်ာင္းက ေခ်ာေမြ႕မႈမ႐ွိရင္ သူ႕လက္ကို ႐ွလြယ္တာေၾကာင့္ ခ်င္မ်န္သည္လည္း လက္ခံလိုက္၏။သို႔တိုင္ သူ ဘာမွမလုပ္ဘဲလည္း မေနေပ။သူ စပါးကို တစ္ဖက္သို႔လွန္ကာ ေနျပန္လွန္းၿပီး ႏြား ေရေသာက္ရန္ ေရကန္သို႔ ပို႔ေဆာင္ေပးကာ ေကာက္႐ိုးတစ္ထုပ္ကို ဆြဲယူေပးခဲ့ၿပီး ျပန္ခ်ည္ေႏွာင္ေပးလိုက္သည္။
အသီးေတြ ေရစစ္ၿပီးသြားေတာ့ ထန္းဟူလူ ေျခာက္ဆယ္ေက်ာ္ကို ထပ္လုပ္လိုက္၏။
ညစာျပင္ၿပီးသည္ႏွင့္ လဲ့ယ္ထ်ဲကို မေခၚဘဲ ထိုင္စားေနျပန္သည္။ခရမ္းသီးနဲ႔ ေရာခ်က္ထားတဲ့ အသားက အရမ္းစားလို႔ေကာင္းတာပဲ။
လဲ့ယ္ထ်ဲ ပ်ဥ္ျပားမ်ားကို ပိုမိုခိုင္ခံ့ေအာင္ မည္သို႔မည္ပုံလုပ္ရမည္ကို ေတြးေနရင္း ပန္းကန္ခြက္ေတြႏွင့္ တိုက္မိသည့္အသံကို ၾကားေသာအခါ သူ႕ဇနီးေလးက ထမင္းစားေနၿပီကို သိလိုက္ရသည္။ခဏတာ ေခတၱရပ္တန္႔သြားၿပီးေနာက္ လက္ကို တိတ္တိတ္ေလးေဆးၿပီး ထမင္းစားရန္ ဝင္လာခဲ့သည္။
ခ်င္မ်န္ ႀကိတ္ရယ္မိေနကာ အစားကိုပင္ သီးလုနီးပါး ျဖစ္သြားရသည္။
လဲ့ယ္ထ်ဲက တည္ၿငိမ္ၿမဲ ၿငိမ္သက္ေနဆဲျဖစ္ကာ မစားခ်င္သလိုလိုျဖင့္ ပန္းကန္ကို တူျဖင့္ ထိုးဆြေနလ်က္ ခ်င္မ်န္ကို မေရရာသည့္ အဓိပၸါယ္ျဖင့္ လွမ္း,လွမ္းၾကည့္ေနသည္။
ခ်င္မ်န္၏ေက်ာက္တုံးမ်က္ႏွာထားသည္ ဘာမွမထူးျခားသည့္အသြင္ကို ေဆာင္ထားၿမဲ။
ညဘက္အိပ္ရာဝင္တဲ့အထိ လဲ့ယ္ထ်ဲကို စကားတစ္ခြန္းမွ မေျပာျဖစ္ဘူး။အိပ္ေပ်ာ္ၿပီးေနာက္ လဲ့ယ္ထ်ဲ၏ရင္ခြင္ထဲသို႔ ဝင္ေရာက္ကာ ဖ်စ္ညႇစ္ခံလိုက္ရသည့္ကိစၥႏွင့္ ပတ္သက္လို႔ေတာ့ သူ လ်စ္လ်ဴ႐ႈထားလိုက္သည္။
ေနာက္ေန႔က်ေတာ့ မေန႔ကလိုပါပဲ။လဲ့ယ္ထ်ဲ ၿမိဳ႕သို႔မထြက္ခြာမီ ၁၀ နာရီခန္႔အထိ လယ္ထြန္သြားခဲ့သည္။
ခ်င္မ်န္ ယခင္ေနရာသို႔ ေရာက္ေသာအခါ ဘယ္ညာ ေစ်းဆိုင္ပိုင္႐ွင္မ်ားကို ႏႈတ္ဆက္လိုက္သည္။ခ်င္မ်န္ ေအာ္ေရာင္းေတာ့မည့္အခ်ိန္တြင္ လဲ့ယ္ထ်ဲသည္ သူ႕ကို တစ္ခ်က္မွ်ပင္ မၾကည့္ဘဲ မတ္တပ္ရပ္စင္တိုင္ေ႐ွ႕တြင္ ႐ုတ္တရက္ ရပ္လိုက္ကာ လဲ့ယ္ထ်ဲသည္ လမ္းသြားလမ္းလာမ်ားအား ၾကမ္းတမ္းစြာ ေအာ္ေရာင္းေတာ့၏။ “အရသာ႐ွိတဲ့ ထန္းဟူလူ...တစ္ေခ်ာင္း ၂ ဝမ္....."
သူ႕ေျမးငယ္ေလးနဲ႔အတူ လာဝယ္သည့္ သက္ႀကီး႐ြယ္အို အဘြားအိုတစ္ေယာက္သည္ သူ႕ရဲ႕အမူအရာမဲ့မ်က္ႏွာထားေၾကာင့္ ထိတ္လန္႔သြားၿပီး သူ႕ကို မဝံ့မရဲနဲ႔ လွမ္းၾကည့္ရင္း ေနာက္ျပန္ဆုတ္သြားသည္။
ခ်င္မ်န္ အံ့အားသင့္သြားၿပီး မရယ္ေမာဘဲမေနႏိုင္ျဖစ္ကာ ေခါင္းကို အလ်င္အျမန္ ငုံ႔ခ်လိုက္ရသည္။ "ဖြီး......"
လဲ့ယ္ထ်ဲက မသိနားမလည္ႏိုင္ဟန္႐ွိသည့္ မႈန္မိႈင္းေသာ အၾကည့္မ်ားျဖင့္ သူ႕ကို လွည့္ၾကည့္လိုက္သည္။
ခ်င္မ်န္ ဒါဘာကိုဆိုလိုလဲဆိုတာ မေျပာႏိုင္ေပမယ့္ သူကေတာ့ စိတ္အေျခအေနေကာင္းသြားၿပီ။သူ လဲ့ယ္ထ်ဲကို အ႐ွက္ရေစရန္ မလုပ္ခ်င္ေတာ့ေပမယ့္လည္း အႀကိမ္အနည္းငယ္ေလာက္ ရယ္ေမာမိတာကို အေတာမသတ္ႏိုင္ေသး။ “ဟားဟား.....ေတာ္ေတာ့...ကြၽန္ေတာ္ လုပ္မယ္။"
တကယ္ေတာ့ အႏွီ "ထိပ္တိုက္ရန္ေစာင္ျခင္း" သည္ကား လဲ့ယ္ထ်ဲအတြက္ စမ္းသပ္မႈတစ္မ်ိဳးလည္းျဖစ္၏။ခ်င္မ်န္ကေတာ့ ဒီရလဒ္ကို ေက်နပ္ခဲ့တာေပါ့။
_______________________________
032:လယ္ယာလုပ္ငန္း
"အရသာ႐ွိတဲ့ ထန္းဟူလူေတြ!!တစ္ေခ်ာင္းကို ၂ဝမ္ေနာ္!!"
ခ်င္မ်န္က က်ယ္ေလာင္စြာ ေအာ္ေရာင္းေနသည္။
လဲ့ယ္ထ်ဲက သူ႕ေဘးမွာ ရပ္ေနၿပီး ဘယ္နားကိုမွ တစ္ဖဝါးမခြာေပ။
ဒီတစ္ခါေတာ့ ထန္းဟူလူက မေန႔ကထက္ ပိုေရာင္းရ၏။အခ်ိန္တိုအတြင္းမွာပင္ ေ႐ွာင္ဟူႏွင့္ ကုန္းတ်ဲန္႔တို႔အတြက္ ႏွစ္ခုသာ က်န္ေတာ့သည္။
ခ်င္မ်န္က ပိုက္ဆံအိတ္ကို ေပ်ာ္႐ႊင္စြာ ခ်ိန္တြယ္ၿပီး လဲ့ယ္ထ်ဲကို ျပဳံးျပကာ ေမးလိုက္သည္။ "ခင္ဗ်ားမွာ ဝယ္စရာ ႐ွိေသးလား?"
လဲ့ယ္ထ်ဲသည္ သူ႕ဇနီးေလးက သူ႕အေပၚထားတဲ့သေဘာထားက ပို၍ေကာင္းလာၿပီး ေပါ့ေပါ့ပါးပါးႏွင့္ ရင္းႏွီးမႈ႐ွိလာသည္ကို ခ်က္ခ်င္းသေဘာေပါက္လာသည္။
“မဝယ္ေတာ့ဘူး”
Advertisement
- In Serial20 Chapters
Farmer Boy
Evel was just a farmer boy in a remote village. Where other boys left to go on adventures, he stayed with what remained of his family, toiling away at the field his father had left him with. One day, as he explored the woods, he was attacked by a wild goblin. Afraid and weak, he could only cower when a knight came to his rescue, saving him from his untimely death. Then, as he stared at the corpse of the goblin, he had an idea, and buried the goblin into the soil before planting some seeds over it. He thought the goblin would act as a good fertilizer! At least, according to that old book he read. To be fair, it was. But how was he supposed to realise that it would bear so much more? A slice-of-life story of a fantasy farmer boy growing towards the future, and all that happens along the way. -Updates roughly twice a week. New chapters every Tuesdays and Fridays-
8 94 - In Serial22 Chapters
They Call Me Fionn
Faerie is real, but it's not the place of sunshine and buttercups. It's a place of madness, of homicidal Queens and Kings. For centuries our world has been kept safe from them by trickery, lies and a system of Visas that only lets some of them out at a time. Things become a little unhinged when Cliodhna, the ancient Goddess of love escapes. She's looking for her eternal lover, Ciabhan, and for William Suntag this is not a good thing. As grade 12 student, William is just trying to survive. He soon finds himself stuck between the Goddess and her intended, and is abruptly transported into a bizarre world where he is strangely -- at home. There he finds out who he truly is, his family and his heritage and his purpose, which is to protect humanity from the impending madness that is trying to reclaim the world.
8 162 - In Serial23 Chapters
I have a Cat Problem (RWBY Comedy)
What happens when a simple life is screwed by a perpetually-running Cat Faunus? Lots of shenanigans of the comedic kind and... an incredibly unsure fate for Remnant. NoPairing?
8 202 - In Serial25 Chapters
The Swordmaster and the New God
People have always called me an optimist, someone who always sees what could be, instead of what is. I had always believed that doing the right thing was important and that I was doing my part one task at a time, starting at my school, Kobe High. One day, however, I, Kazuma Sato, and my best friend Austin Huber got teleported to another world. There, an angel spun a wheel to choose our class so we could help defeat the demon lord, and I got a never seen before class; god. Will we survive in the new fantasy world, where not all is as it seems, or will the secrets and true reason that we were summoned consume us?
8 168 - In Serial48 Chapters
Sarafina De Luca
Sara also know as Sarafina De Luca was born in the family in the Mafia world.What will happen if the parents give her up at the age of 2 for her own safety?Will she survive?What happens when she finds out she has five older brothers after 14 years of her life? Will she be the cute, innocent girl they once knew? What will happen when secrets will reveal and mystery will be solved!?
8 435 - In Serial19 Chapters
TikTok University
You go to a school filled with famous TikTok stars and the DRAMA is unbelievable. You came to L.A for business but will you fall in love?
8 197

