《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[33]
Advertisement
[Unicode]
: လဲ့ယ်ထျဲက ကိုယ်ခံပညာကို တတ်တယ်!
လဲ့ယ်ထျဲက လုပ်ရည်ကိုင်ရည်ရှိသည့် လူတစ်ယောက်ပင်။မြေကြီးကို ပွရောင်းအောင် ထွန်ယက်လို့ပြီးလေပြီ။ပထမဦးစွာ မြေဆီလွှာတွင် ရေပါဝင်မှုသေချာစေရန် ရေကို အသုံးပြုဖို့ကလည်း လိုအပ်သေးသည်။ချင်မျန်မှာ သေးငယ်တဲ့ခန္ဓာကိုယ်ရှိပြီး တစ်ခေါက်လျှင် ပခုံးပေါ်သို့ ထမ်းပိုးတစ်ခုနှုန်းဖြင့်သာ ရေကို သယ်ဆောင်နိုင်သည်။ပုံးနှစ်ပုံးတွင် တစ်ဝက်သာဖြည့်ထားသော်လည်း သူ့ပခုံးတွေကတော့ ဖိအားအောက်တွင် အလွန်နာကျင်နေရသဖြင့် သွားတွေကို အံကြိတ်သွားစေသည်။
လဲ့ယ်ထျဲ မျက်မှောင်ကြုတ်ပြီး သူ့ပခုံးပေါ်က ထမ်းပိုးကို ဖယ်လိုက်ကာ “အိမ်ပြန်...”
"ဒါပေမယ့်..." ချင်မျန်က သူ့ပခုံးကို ပွတ်သပ်ပြီး လယ်ကွင်းပြင်ကို ရှက်ရွံ့စွာ ကြည့်နေသည်။လက်ရှိသူ့အခြေအနေက ပြင်းထန်တဲ့ အလုပ်အတွက် သင့်လျော်တာမျိုးမဟုတ်ပေမယ့်လည်း သူလည်း ယောက်ျားတစ်ယောက်ပင်။ချက်ပြီးသားထမင်းကို အဆင်သင့်ထိုင်စားဖို့ မဖြစ်နိုင်ဘူး။
မိသားစုအတွက် တစ်ခုခုလုပ်ရမယ်။လယ်ယာမြေဘက်မှာ မကျွမ်းကျင်တဲ့အတွက် တတ်နိုင်သမျှ သူကျွမ်းကျင်တဲ့ တခြားအလုပ်ကို လုပ်ရမှာပေါ့။
"ဒါဆို ကျွန်တော် အရင်ပြန်လိုက်မယ်။ဒီအလုပ်တွေအကုန်လုံးကို ခင်ဗျား တစ်ယောက်တည်းလုပ်မှာလား?လုပ်နိုင်ရဲ့လား?"
သူအနည်းငယ်သံသယဖြစ်မိသည်။လဲ့ယ်ထျဲ၏ အသွင်အပြင်ကို ကြည့်ရင်း သူထွက်ခွာသွားခဲ့သည့် ဆယ်နှစ်တာကာလကြောင့် လယ်လုပ်ရန် မဖြစ်နိုင်ပေ။
လဲ့ယ်ထျဲ ပြောလိုက်၏။ “ကိုယ် လယ်သမားအိုကြီးတစ်ယောက်နဲ့ အတူနေဖူးတယ်”
လဲ့ယ်ထျဲ၏မျက်လုံးထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို ချင်မျန် သတိပြုမိလိုက်တာကြောင့် သူ့ပါးစပ်မှာ ပွင့်သွားရသည်(အံ့သြ)။
လဲ့ယ်ထျဲက လယ်သမားမိသားစုတွင် မွေးဖွားလာသော်လည်း သူ့ရဲ့လယ်ယာလုပ်ငန်းကျွမ်းကျင်မှုကတော့ ပြင်ပလူဆီမှ တတ်မြောက်လာခဲ့ရတာတော့ ဝမ်းနည်းဖွယ်ပင်။သူ့ရဲ့လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလက ကြည်နူးစရာအတွေ့အကြုံမဟုတ်ခဲ့တာတော့ သေချာ၏။ချင်မျန် သိချင်နေပေမယ့် အခုမေးရမယ့်အချိန်မဟုတ်သေးဘူး။သူမြင်လိုက်ရတဲ့ ဝမ်းနည်းမှုက သူ့ကို ဂရုတစိုက်ဖြစ်စေခဲ့၏။
သူ ရှေ့ကိုနှစ်လှမ်း,လှမ်းပြီး လဲ့ယ်ထျဲကို ပုခုံးကို ပုတ်ပေးကာ သဘောရိုးဖြင့်ပြောလိုက်သည်။ “အားလုံးပြီးပြီးသားတွေပဲ။နေဝင်ချိန် အမှီအိမ်ပြန်လာခဲ့။"
လဲ့ယ်ထျဲ ခေါင်းညိတ်ပြပြီး သူ့ပုခုံးတွေကို ငုံ့ကြည့်လိုက်သည်။ချင်မျန် အိမ်သို့ အမြန်ပြန်သွားခဲ့၏။လယ်အလုပ်ကို လဲ့ယ်ထျဲအတွက်ထားခဲ့ရသော်လည်း အလုပ်မလုပ်ဘဲ ပျင်းရိစွာ ထိုင်မစားနိုင်ပေ။
မြို့ထဲကနေ သူနောက်ဆုံးဝယ်ခဲ့တဲ့ ခဲသားတစ်ချောင်းနဲ့ စက္ကူဖြူတစ်ထပ်ကို ထုတ်ယူပြီး ငွေရှာရန် နည်းလမ်းများကို တွေးတောနေရင်း ထမင်းစား စားပွဲပေါ်ကို မှီချလိုက်သည်။လဲ့ယ်ထျဲက သူ့ရဲ့ကာယလုပ်အားဖြင့် ငွေရှာနေချိန်မှာ သူကလည်း ဦးနှောက်ဖြင့် ငွေရှာရမည်။တကယ်တော့ သူ့မှာ ကံကြမ္မာအလှည့်အပြောင်းဖြစ်ဖို့ ပဏာမအစီအစဥ်ရှိပေမယ့် အဲဒီအစီအစဥ်က ကြီးလွန်းပြီး အခုချိန်မှာ လူအင်အားနဲ့ အရင်းအနှီးနည်းပါးတဲ့အတွက် အကောင်အထည်ဖော်ဖို့ရာ ခက်ခဲ၏။သူ ဖြည်းဖြည်းချင်းပဲ လုပ်နိုင်မယ်။
အများကြီးမတွေးဘဲ သူရှေ့ ဘာဆက်လုပ်မလဲဆိုတာကိုပဲ အရင်စဉ်းစားတာပေါ့။
ပေတံအဖြစ် ဖြောင့်တန်းနေသည့်တုတ်တစ်ချောင်းကို တွေ့ရှိခဲ့ပြီး စာရွက်ပေါ်တွင် ရေးရန် ခဲတံတစ်ချောင်းကို ယူခဲ့သည်။ခေါင်းပြန်မမော့ခင် တစ်နာရီခန့်အကြာ စာရွက်ပေါ်ရှိ ခဲခြစ်ကို ကျေနပ်စွာ ကြည့်မိသည်။ဒီအရာများဖြင့် သူ နောက်ထပ်ငွေရှာနိုင်မည်။
အချိန် စောနေသေး၏။သူ နောက်ထပ်စာရွက်တစ်ရွက်ကို ထုတ်ပြီး စားပွဲပေါ်တွင် ဆက်ဆွဲနေလိုက်သည်။ခေတ်မီဒီဇိုင်းပုံစံများနှင့် စားပွဲ၊ ကုလားထိုင်နှင့် ဗီရို ဒီဇိုင်းပုံများသည် စာရွက်ပေါ်တွင် တဖြည်းဖြည်း ပုံပေါ်လာသည်။သူ ယင်းတို့ကို ရောင်းချရန် အစီအစဉ်မရှိသော်လည်း အိမ်ဆောက်ပြီးသည့်နောက်တွင် ကိုယ်တိုင် အသုံးပြုရန် တစ်စုံတစ်ဦးကို ရှာဖွေဖို့တော့ စဥ်းစားခဲ့သည်။ခေတ်ရှေ့ပြေးသည့်လူတစ်ယောက်အနေနဲ့ ခေတ်မီပရိဘောဂတွေကိုသာ ပိုသုံးချင်၏။ဘာမှလုပ်စရာမရှိတာကြောင့် အိမ်၏အတွင်းပိုင်းဒီဇိုင်းအတွက် အကိုးအကားအဖြစ် ရိုးရှင်းစွာရေးဆွဲခဲ့သည်။
"ချင်းဇီ......ကိုယ် ပြန်လာပြီ။" လဲ့ယ်ထျဲသည် စာရေးနေသောလူကို ငုံ့ကြည့်ပြီး သူရေးလေ့ရှိသည့် ထူးဆန်းသည့်အရာတွေက လဲ့ယ်ထျဲ၏အာရုံကို စွဲဆောင်သွားခဲ့သည်။အလင်းတစ်ဖြတ်က သူ့မျက်လုံးထဲကို ဖြတ်သွားပေမယ့် ဇနီးလေးကို မနှောင့်ယှက်ဖြစ်ပေ။သူ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ အနီးသို့ မရောက်မီ နောက်တစ်ကြိမ် ထပ်အော်လိုက်သည်။စားပွဲပေါ်တွင် စာရွက်တွေ ရှိသေးပေမယ့် သူရေးနေတဲ့စာကတော့ ပျောက်သွား၏။
"ခင်ဗျား....ဒီနေ့ စောစောရောက်သားပဲ။"
ချင်မျန်သည် မထမီ ကြွက်သားတွေကို ဖြေလျှော့ပြီး လဲ့ယ်ထျဲ၏လက်ထဲမှ ပေါက်ပြားကို ယူထားလိုက်သည်။ "ခင်ဗျား အရင်လက်သွားဆေးလိုက်။ထမင်းက ချက်ပြီးသား။ဟင်းအတွက် သွားပြင်လိုက်ဦးမယ်"
လဲ့ယ်ထျဲ နွားကို ရေသောက်ရန် ရေကန်သို့ ပို့ဆောင်ပြီးနောက် နွားကို ပြန်ကြိုးချည်ပြီး မီးဖိုချောင်သို့ မသွားခင် မျက်နှာအရင်သစ်လိုက်သည်။
ချင်မျန် အိုးသန့်ထဲသို့ ဆီလောင်းထည့်လိုက်သည်။ “နောက်ထပ် ငွေရှာနိုင်မယ့် အစီအစဉ်ကို တွေးမိတယ်။ မနက်ဖြန် မြို့ကို သွားချင်တယ်"
"အတူတူ သွားမယ်" လဲ့ယ်ထျဲ ပြောလိုက်သည်။
“လယ်ကိစ္စက ပြီးပြီလား?” ချင်မျန် မေးလိုက်သည်။
“မပြီးသေးဘူး။”
လဲ့ယ်ထျဲက သူ့ကို တစ်ယောက်တည်း မြို့ထဲသွားခွင့်မပြုဘူးဆိုတာ သိလိုက်ရလို့ ချင်မျန် ခဏတုံ့ဆိုင်းသွားသည်။ “ထားလိုက်တာ ပိုကောင်းတော့မယ်။ဟွန်း....ကျွန်တော်သာ ကိုယ်ခံပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်ထားရင် ခင်ဗျားကို မြို့ထဲသွားဖို့ တစ်ချိန်လုံးလိုက်ခိုင်းဖြစ်မှာ မဟုတ်ဘူး။"
"ကိုယ် မင်းကို သင်ပေးမယ်။" လဲယ်ထျဲဆီက ရုတ်တရက် အသံထွက်လာသည်။
အဖြစ်အပျက်များ၏အလှည့်အပြောင်းကြောင့် ချင်မျန်ခဗျာ အံ့အားသင့်သွားကာ သူ့လက်ပေါ်ရှိ ရေများက အိုးထဲသို့ စီးကျလာပြီး “ရှီး...” ဟု အသံထွက်လာသည်။ "pat" အသံဖြင့် သူ့လက်ခုံပေါ်သို့ ဆီတစ်စက်စင်သွားပြီး ယောက်မကိုပင် လွှတ်ကျလုနီးပါး ဖြစ်သွားသည်။
"ကိုယ်ခံပညာ တတ်ထားတာလား?" သူ လဲ့ယ်ထျဲကို အံ့သြပြီး ဝမ်းသာအားရ ကြည့်နေမိသည်။
Advertisement
“အင်း...” လဲ့ယ်ထျဲသည် ချင်မျန်၏လက်ကို ဆွဲကာ လက်ခုံကို ပွတ်ပေးနေရင်း မျက်မှောင်ကြုတ်လိုက်သည်။သူ့ရဲ့ရိုးရိုးရှင်းရှင်းလေသံက ကိုယ်ခံပညာရပ်ကို အသေးအဖွဲကိစ္စတစ်ခုဟု သတ်မှတ်ထားပုံ။
ချင်မျန် လဲ့ယ်ထျဲ၏လက်ကို ဆုပ်ကိုင်ထားပြီး သူ ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ပေ။ “ကောင်းလိုက်တာ!ကျွန်တော်ကို ဘယ်တော့စသင်ပေးမှာလဲ?"
ဘယ်ယောက်ျားက ကိုယ်ခံပညာကို တတ်မြောက်ဖို့ အိပ်မက်မမက်ဖူးလို့လဲ? သူ့အတွက်ကတော့ ကိုယ်ခံပညာတတ်ထားတဲ့ လဲ့ယ်ထျဲကြောင့် မိုးပေါ်ကနေ ရွှေမိုးရွာကျသလို အံ့သြစရာအတိပင်။
လဲ့ယ်ထျဲ အိုးကို မွှေလိုက်ပြီး “အရင်ကြော်လိုက်ဦး။ အိမ်ဆောက်ပြီးမှ ဆက်ပြောကြမယ်"
"ဘာလို့လဲ?" အိုးမှာ အပူရှိန်မြင့်လာလွန်းလို့ မီးခိုးငွေ့များ ထွက်လာတော့မှ ချင်မျန်သည် ဆေးကြောထားသည့် ဟင်းသီးဟင်းရွက်များကို အိုးထဲသို့ ကမန်းကတန်း ထည့်လိုက်ရသည်။ "မနက်ဖြန် သင်ပေးလို့မရဘူးလား?"
သူ လဲ့ယ်ထျဲ၏လက်ကိုဆွဲထားကာ ထွက်မသွားရန် အချက်ပြလိုက်သည်။
လဲ့ယ်ထျဲသည် မီးဖိုရှေ့ရှိ ခုံတန်းလျားတွင် ထိုင်ကာ မီးဖိုထဲသို့ ထင်းထည့်ရင်း “ဒီအကြောင်းကို အပြင်လူတွေ မသိစေချင်ဘူး။ကိုယ်ခံပညာအခြေခံက လေ့ကျင့်ရေးတိုင်နဲ့လေ့ကျင့်မှုတွေ လိုအပ်တယ်။ အိမ်ဆောက်ပြီးရင် ခြံဝန်းထဲမှာ လေ့ကျင့်လို့ရတယ်။”
သူ ကျိုးကြောင်းဆီလျော်စွာ ပြောလိုက်သည်။ချင်မျန်က “အွန်း” ဟု ဝမ်းနည်းစွာနဲ့ ပြန်ဖြေလိုက်ရပေမယ့် သူ့ရဲ့စိတ်လှုပ်ရှားမှုကတော့ လျော့မသွားပါဘူး။တစ်နေ့ သူ မိမိကိုယ်ကို ကာကွယ်နိုင်ရုံသာမက အခြားသူများကိုပါ ကူညီနိုင်မည်ဟု တွေးလိုက်သောအခါတွင် သူ စိတ်လှုပ်ရှားမိသွားရသည်။သူ လဲ့ယ်ထျဲ၏အတိတ်ကအတွေ့အကြုံတွေကို ပိုသိချင်လာမိသည်။အိုးထဲက ဟင်းတွေကိုလည်း မွှေရန်မမေ့ဘဲ မေးလိုက်၏။ “ခင်ဗျားကို ဘယ်သူ သင်ပေးထားတာလဲ?ဘယ်လောက်ကြာကြာ လေ့ကျင့်ခဲ့ရတာလဲ?ဆယ်ယောက်တစ်ယောက် တိုက်နိုင်မလား?"
လဲ့ယ်ထျဲ စကားဖြတ်လိုက်သည်။ “ဆယ်ယောက်တစ်ယောက်က အလွယ်လေးပါ။ နောက်မှပြောကြတာပေါ့။"
ချင်မျန်သည် အနည်းငယ်စိတ်ဓါတ်ကျသွားရသည်ဟု ခံစားမိသော်လည်း သူကား ယုတ္တိမရှိတဲ့ လူမဟုတ်တာကြောင့် မကြာမီ ဆုံးရှုံးလိုက်ရသည့် ခံစားချက်တွေကို ခေါင်းအနောက်ဘက်တွင် ထားခဲ့သည်။လဲ့ယ်ထျဲ ဤကာလအတွင်း ကိုယ်ခံပညာ လေ့ကျင့်သည်ကို မမြင်ဖူးပေ။လဲ့ယ်ထျဲက သူ့ကိုပါ တမင် ဖုံးကွယ်ထားချင်လို့ ဖြစ်ရမယ်။ဒီနေ့ သူ့ကို ထုတ်ဖော်လိုက်ပြီဆိုတော့ သူတို့ကြားက ဆက်ဆံရေးက တဖြည်းဖြည်း ပိုနီးစပ်လာတယ်လို့ ဆိုလိုတာမလား? ဒါကိုတွေးမိပြီး စိတ်အခြေအနေ ကောင်းလာပြန်သည်။ “ဒီအခြေအနေမှာ အုတ်မြစ်ကောင်းကောင်းချနိုင်ဖို့ မနက်ဖြန်ကစပြီး လေ့ကျင့်ခန်းတွေ ဆက်လုပ်ရမယ်။ဆရာဖြစ်တဲ့ ခင်ဗျားကလည်း သင်ပေးတဲ့အခါမှာ ရက်ရောရမယ်နော်"
“အင်း...”
ချင်မျန်မှာ စိတ်အခြေအနေကောင်းနေပြီ။လဲ့ယ်ထျဲကိုမြင်နေရတာ အရမ်း ကျေနပ်ရတာကြောင့် သူ ပြုံးကာ မီးဖိုအောက်ရှိပြာထဲမှ မွှေးကြိုင်သည့် ကန်စွန်းဥကို ထုတ်ယူလိုက်သည်။အရမ်းပူလာတာမို့ လဲ့ယ်ထျဲဆီကို အမြန်ပစ်ပေးလိုက်သည်။ "ထမင်းချက်တဲ့အချိန်ကတည်းက ထည့်ထားတာ။အခုလောက်ဆို ကျက်လောက်ပါပြီ"
လဲ့ယ်ထျဲ ကန်စွန်းဥကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။အချိန်အတော်ကြာပြီးနောက် သူ အပိုင်းနှစ်ပိုင်းခွဲပြီး ချင်မျန်ကို တစ်ဝက်ကို ပေးလိုက်သည်။
ညစာစားပြီးနောက် ချင်မျန် အရင်ဦးဆုံး ရေချိုးဖို့လုပ်လိုက်သည်။အခုချိန်က အေးလွန်းတော့ အပြင်မှာ အဝတ်မလျှော်ရဲဘဲ အိမ်ထဲမှာသာ လျှော်နေရသည်။သို့ရာတွင် မြေသည် ဘိလပ်မြေ၊ ကြွေပြားမဟုတ်ဘဲ ကျစ်ကျစ်လစ်သိပ်သိပ်မရှိသည့် မြေဖြစ်သည်။ရေစိုပြီးတာနဲ့ နေ့တစ်ဝက်လောက်အထိ မခြောက်နိုင်ဘဲ စိုစွတ်လာတာကြောင့် တကယ်ကို အဆင်မပြေဘူး။
"ကျွတ်စ်...ပြုပြင်ရမယ့် နေရာတွေ အများကြီး ရှိနေတာပဲ"
ချင်မျန် သူ့ကိုယ်သူ ရေစိမ်လိုက်ပြီး ကန့်လန့်ကာတွေကို လှမ်းကြည့်လိုက်သည်။ဒီကနေ ရွာထဲမှာ မီးရောင်တွေ မြင်နေရ၏။အနီးနားတွင် သူတို့အိမ်,သာရှိသည်။တိတ်ဆိတ်လွန်းပြီး အိမ်တွင် လူနှစ်ယောက်သာရှိသည့်အပြင် တယောက်က စကားပြောရသည်ကိုပင် မကြိုက်သော်လည်း အထီးကျန်သည်ဟု မခံစားရတာကို သူ အံ့ဩမိသည်။ဆန့်ကျင်ဘက်အားဖြင့် ခန်းမအတွင်းရှိ မှိတ်တုတ်မှိတ်တုတ် မီးရောင်များက သူ့ကို နွေးထွေးစေသည်။
ရေချိုးစည်ထဲမှာထိုင်ရင်း မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးနေတဲ့ လဲ့ယ်ထျဲရဲ့အသံကို ကြားလိုက်ရတော့ သူ့ဘာသာ ပြုံးမိပြန်သည်။
ညနေခင်းတွင် တခြားအပမ်းဖြေစရာမရှိသောကြောင့် ချင်မျန် ရေချိုးပြီးနောက် အိပ်ရာဝင်ခဲ့သည်။
လဲ့ယ်ထျဲကတော့ ခန်းမထဲမှာ ရေချိုးကျန်နေခဲ့၏။
ချင်မျန်မှာ ပြောစရာတစ်ခုရှိနေသေးတာကြောင့် မလောဘဲ မနေနိုင်စွာဖြင့် “မြန်မြန်လာတော့လေ”
လဲ့ယ်ထျဲ ရပ်သွားလေသည်။စိုစွတ်နေတဲ့မြေပြင်ကို နင်းမိကာ ခြေချော်လဲလုနီးပါးဖြစ်သွားပြီး ရေစည်၏အစွန်းကို လက်ဖြင့် အမြန်ဆုပ်ကိုင်လိုက်ရကာ စူးရှသည့်အကြည့်ဖြင့် ပွင့်နေသည့်တံခါးပေါက်ကို လှမ်းကြည့်လိုက်၏။ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သော်လည်း သူ့လှုပ်ရှားမှုတွေက ယခင်ထက် မြန်လာလေသည်။
ချင်မျန်သည် လည်တဆန့်ဆန့်ဖြင့် ကြည့်ရင်း နောက်ဆုံးမှာတော့ လဲ့ယ်ထျဲ ဆီမီးခွက်တစ်ခုနှင့်အတူ ရောက်လာသည်။အလင်းရောင်အောက်တွင် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေသည့် သူ့ဇနီးလေးရဲ့မျက်နှာသည် လရောင်အောက်တွင် ရီဝေနေကာ လူများကို ဒူးထောက် ညွှတ်ခွေသွားစေသည်။
ကုတင်ပေါ်တက်ပြီးနောက် မီးကိုငြိမ်းလိုက်၏။
အမှောင်ထဲတွင် ချင်မျန် သူ့အနားသို့ တိုးလာသည်။ “ကိုယ်ခံပညာကို ဆက်လေ့ကျင့်သင့်တယ်။အချိန်အကြာကြီး မလေ့ကျင့်ရင် အလေ့အကျင့်ပျက်သွားလိမ့်မယ်။မနက်ကျရင် တောင်ပေါ်ကို သွားပြီး လေ့ကျင့်လို့ရတယ်လေ။ခင်ဗျားရဲ့ပညာနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း အသိပညာ တိုးတာပေါ့!ဘယ်လိုလဲ?"
ရှပ်တိုက်သံကို ကြားလိုက်ရပြီးနောက် သူ့နောက်ကျောဘက်ကနေ သန်မာသည့်လက်မောင်းဖြင့် လှမ်းရစ်ပတ်ခံလိုက်ရသည်။သူ့ခန္ဓာကိုယ်မှာ တောင့်တင်းလာ၏။နိုးနေချိန်နဲ့ အိပ်ပျော်နေချိန်မှာ ဖက်ခံထားရတာ အတူတူပဲမဟုတ်ဘူး!ဟုတ်ပြီလား?သူ ခဏလောက် ရုန်းကန်ခဲ့ပေမယ့် သူ့ခါးက ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်တွယ်ခံခဲ့ရသည်။
Advertisement
"ဘာလို့ ကိုယ်ခံပညာကို လေ့ကျင့်ချင်ရတာလဲ?"
"ကိုယ်ကို ကာကွယ်နိုင်မယ်။ခန္ဓာကိုယ်ကို သန်မာကောင်းမွန်စေပြီး ကျန်းမာရေးကို ကောင်းစေဖို့။" သူ မဆိုင်းမတွ ဖြေလိုက်သည်။
သူ့ဦးခေါင်းထိပ်လေးကို ညင်သာစွာ ပွတ်ပေးလိုက်ပြီး ခါးပေါ်ရှိ လက်များကို အနည်းငယ် လျော့ရဲသွားစေကာ သူ့နားထဲတွင် နက်နဲပြီးတည်ငြိမ်သည့် အသံတစ်ခု တိုးဝင်လာသည်။ “အိပ်တော့။
မနက်ဖြန် စောစောထ။"
ချင်မျန် သူ တစ်ခါရုန်းကန်ပြီးတိုင်း လဲ့ယ်ထျဲ သူ့ကို တင်းတင်းကျပ်ကျပ် ထပ်ဖက်ထားသည်ဟု ခံစားရသောကြောင့် သူ မလှုပ်ရှားရဲတော့ဘဲ ရှင်းပြရန် လိုအပ်နေသေးသည်ဟု သူထင်ခဲ့သည်။ "တကယ်တော့ ကျွန်တော်တို့ မလို....."
သူ စကားမဆုံးခင်မှာ သူ့ခါးကို တင်းတင်းကြပ်ကြပ် ထပ်ဖက်ထားလိုက်တာကြောင့် အနည်းငယ် နာကျင်သွားသည်။ချင်မျန်မှာ အပေးအယူလုပ်ရတော့၏။ "နည်းနည်း လျှော့ပါဦး"
အခု ဖက်ချင်ရင်လည်း ဖက်ပေါ့!ဒါပေမယ့် ခင်ဗျားဆီကနေ လက်ဆင့်ကမ်းပညာတွေကို ရပြီးရင်တော့ အတွယ်မခံရဖို့ သတိထား။
သူ့စိတ်ထဲ တစ်ခုခုရှိနေခဲ့တာကြောင့် ချင်မျန်သည် စောစောနိုးနေပြီး ပြတင်းပေါက်ကို ကြည့်လိုက်တော့ အပြင်မှာ မှောင်နေတုန်းပင်။သူထထိုင်ပြီး အိပ်ပျော်နေသည့်လူကို ခက်ခက်ခဲခဲတွန်းထုတ်လိုက်ရသည်။
“ထ....မြန်မြန်ထတော့”
လဲ့ယ်ထျဲ မျက်လုံးများကိုဖွင့်ကာ ချင်မျန်တစ်ယောက် အမြန်ဝတ်နေတာကို ကြည့်ရင်း လက်နှစ်ဖက်ကို ခေါင်းအောက်တွင် ထားလိုက်သည်။သူ့အကြည့်တွေက ချင်မျန်၏တည်ငြိမ်သော မျက်လုံးများမှတစ်ဆင့် သူ့ပါးစပ်ထောင့်စွန်းသို့ ရွေ့သွားသည်။စိတ်အားထက်သန်ပြီး ရွှင်လန်းနေသည့်ပုံစံလေးက တကယ့်ကိုရှားပါးသောမြင်ကွင်းတစ်ခုပင်။
“မြန်မြန်လုပ်လေ” ချင်မျန် နောက်ပြန်လှည့်ကြည့်လိုက်ရာ လဲ့ယ်ထျဲ ပျင်းရိစွာ လဲလျောင်းနေသေးတာကို တွေ့လိုက်ရတော့ အသံမြှင့်လိုက်ပြီး သူ့အဝတ်အစားတွေဖြင့် ပစ်ပေါက်လိုက်သည်။
ထို့နောက်တွင်တော့ လဲ့ယ်ထျဲလည်း ထကာ အဝတ်အစားလဲလိုက်ရတော့သည်။သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများက အနည်းငယ် မသပ်မရပ်ဖြစ်နေကာ ကြေးဝါရင်ဘတ်ကို ပြသလို့ထားသည်။
ချင်မျန် စိတ်မသက်မသာနဲ့ အဝေးကို လှမ်းကြည့်ပြီး မျက်နှာသစ်ဖို့ ပြေးသွားလေ၏။
လေးနှင့် ခြင်းတောင်းကို ကျောပေါ်တွင်တင်ကာ သပ်ရပ်စွာပြင်ဆင်ပြီးနောက် နံနက်ခင်း၏ပထမနေရောင်ခြည်အောက်တွင် တောင်ပေါ်သို့ ချီတက်ခဲ့ကြသည်။
ရွာက အရမ်းတိတ်ဆိတ်နေကာ သူတို့ထက်စောပြီး ဘယ်သူမှမထကြပေ။
တောင်ပေါ်ရောက်တော့ သူတို့ တောနက်ထဲ ဝင်သွားသည်။
"..........."
“ဒီမှာ အဆင်ပြေပါတယ်။” ချင်မျန် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ရပ်လိုက်ရသည်။
လဲ့ယ်ထျဲ ဘာမှမပြောဘဲ ခြင်းတောင်းနဲ့လေးကို ချလိုက်၏။ ဤနေရာ၌ ထီးရိုးကဲ့သို့ တည့်တည့်မတ်တပ်ရပ်လိုက်သောအခါတွင် သူ့အရှိန်အဟုန်မှာ လျှပ်တပြက်အတွင်းပြောင်းလဲသွားတော့သည်။ပုံမှန်အားဖြင့် သူကား တိတ်ဆိတ်နေသော သစ်ပင်တစ်ပင်ဆိုလျှင် ယခုအချိန်တွင်တော့ ၎င်း၏အကာရံမှထွက်သည့် နှစ်ဖက်ချွန်ဓားသွားနှင့်တူသည်။သူ့ရဲ့စူးရှတဲ့မျက်လုံး၊စေ့ထားတဲ့နှုတ်ခမ်းနှင့် တောင့်တင်းတဲ့ ကြွက်သားများက ဖျက်ဆီးရေးသမားတစ်ယောက်၏ရောင်ဝါမျိုးကို ပေးစွမ်းနေသည်။
ချင်မျန်ကား ထိတ်လန့်တုန်လှုပ်ခြင်းမှ ပြန်လည်ကောင်းမွန်မလာမီတွင် လဲ့ယ်ထျဲကတော့ လက်သီးထိုးနည်းမျိုးစုံကို စတင်သရုပ်ပြခဲ့ပြီးပြီကို သူတွေ့လိုက်ရသည်။ရွေ့လျားပြောင်းလဲမှုကို သူရှင်းရှင်းလင်းလင်းမမြင်လိုက်ရသော်လည်း လျင်မြန်ကာ ခန့်မှန်းမရသောလှုပ်ရှားမှုများနှင့် ကျားဟိန်းဟောက်သည့်အသံလိုမျိုး သူအား ထိတ်လန့်စေရုံသာမက နှလုံးခုန်ကာ သွေးများကိုပင် ဆူပွက်လာစေခဲ့သည်။
လက်သီးနည်းစနစ်မျိုးစုံကို သရုပ်ပြပြီးနောက် လဲ့ယ်ထျဲ ခေါင်းကို မော့အကြည့် တောက်ပနေသော မျက်လုံးတစ်စုံနှင့် တွေ့လိုက်ရသောအခါ သူ့(လဲ့ယ်ထျဲ)မျက်လုံးထဲတွင် ပါးလွှာသော အပြုံးရိပ်တစ်ခု စွဲထင်ရစ်ကျန်နေခဲ့သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
033: လဲ့ယ္ထ်ဲက ကိုယ္ခံပညာကို တတ္တယ္!
လဲ့ယ္ထ်ဲက လုပ္ရည္ကိုင္ရည္႐ွိသည့္ လူတစ္ေယာက္ပင္။ေျမႀကီးကို ပြေရာင္းေအာင္ ထြန္ယက္လို႔ၿပီးေလၿပီ။ပထမဦးစြာ ေျမဆီလႊာတြင္ ေရပါဝင္မႈေသခ်ာေစရန္ ေရကို အသုံးျပဳဖို႔ကလည္း လိုအပ္ေသးသည္။ခ်င္မ်န္မွာ ေသးငယ္တဲ့ခႏၶာကိုယ္႐ွိၿပီး တစ္ေခါက္လွ်င္ ပခုံးေပၚသို႔ ထမ္းပိုးတစ္ခုႏႈန္းျဖင့္သာ ေရကို သယ္ေဆာင္ႏိုင္သည္။ပုံးႏွစ္ပုံးတြင္ တစ္ဝက္သာျဖည့္ထားေသာ္လည္း သူ႕ပခုံးေတြကေတာ့ ဖိအားေအာက္တြင္ အလြန္နာက်င္ေနရသျဖင့္ သြားေတြကို အံႀကိတ္သြားေစသည္။
လဲ့ယ္ထ်ဲ မ်က္ေမွာင္ၾကဳတ္ၿပီး သူ႕ပခုံးေပၚက ထမ္းပိုးကို ဖယ္လိုက္ကာ “အိမ္ျပန္...”
"ဒါေပမယ့္..." ခ်င္မ်န္က သူ႕ပခုံးကို ပြတ္သပ္ၿပီး လယ္ကြင္းျပင္ကို ႐ွက္႐ြံ႕စြာ ၾကည့္ေနသည္။လက္႐ွိသူ႕အေျခအေနက ျပင္းထန္တဲ့ အလုပ္အတြက္ သင့္ေလ်ာ္တာမ်ိဳးမဟုတ္ေပမယ့္လည္း သူလည္း ေယာက်္ားတစ္ေယာက္ပင္။ခ်က္ၿပီးသားထမင္းကို အဆင္သင့္ထိုင္စားဖို႔ မျဖစ္ႏိုင္ဘူး။
မိသားစုအတြက္ တစ္ခုခုလုပ္ရမယ္။လယ္ယာေျမဘက္မွာ မကြၽမ္းက်င္တဲ့အတြက္ တတ္ႏိုင္သမွ် သူကြၽမ္းက်င္တဲ့ တျခားအလုပ္ကို လုပ္ရမွာေပါ့။
"ဒါဆို ကြၽန္ေတာ္ အရင္ျပန္လိုက္မယ္။ဒီအလုပ္ေတြအကုန္လုံးကို ခင္ဗ်ား တစ္ေယာက္တည္းလုပ္မွာလား?လုပ္ႏိုင္ရဲ႕လား?"
သူအနည္းငယ္သံသယျဖစ္မိသည္။လဲ့ယ္ထ်ဲ၏ အသြင္အျပင္ကို ၾကည့္ရင္း သူထြက္ခြာသြားခဲ့သည့္ ဆယ္ႏွစ္တာကာလေၾကာင့္ လယ္လုပ္ရန္ မျဖစ္ႏိုင္ေပ။
လဲ့ယ္ထ်ဲ ေျပာလိုက္၏။ “ကိုယ္ လယ္သမားအိုႀကီးတစ္ေယာက္နဲ႔ အတူေနဖူးတယ္”
လဲ့ယ္ထ်ဲ၏မ်က္လုံးထဲတြင္ ဝမ္းနည္းမႈအရိပ္အေယာင္မ်ား ျဖတ္ေျပးသြားသည္ကို ခ်င္မ်န္ သတိျပဳမိလိုက္တာေၾကာင့္ သူ႕ပါးစပ္မွာ ပြင့္သြားရသည္(အံ့ၾသ)။
လဲ့ယ္ထ်ဲက လယ္သမားမိသားစုတြင္ ေမြးဖြားလာေသာ္လည္း သူ႕ရဲ႕လယ္ယာလုပ္ငန္းကြၽမ္းက်င္မႈကေတာ့ ျပင္ပလူဆီမွ တတ္ေျမာက္လာခဲ့ရတာေတာ့ ဝမ္းနည္းဖြယ္ပင္။သူ႕ရဲ႕လြန္ခဲ့တဲ့ ဆယ္ႏွစ္တာကာလက ၾကည္ႏူးစရာအေတြ႕အၾကဳံမဟုတ္ခဲ့တာေတာ့ ေသခ်ာ၏။ခ်င္မ်န္ သိခ်င္ေနေပမယ့္ အခုေမးရမယ့္အခ်ိန္မဟုတ္ေသးဘူး။သူျမင္လိုက္ရတဲ့ ဝမ္းနည္းမႈက သူ႕ကို ဂ႐ုတစိုက္ျဖစ္ေစခဲ့၏။
သူ ေ႐ွ႕ကိုႏွစ္လွမ္း,လွမ္းၿပီး လဲ့ယ္ထ်ဲကို ပုခုံးကို ပုတ္ေပးကာ သေဘာ႐ိုးျဖင့္ေျပာလိုက္သည္။ “အားလုံးၿပီးၿပီးသားေတြပဲ။ေနဝင္ခ်ိန္ အမွီအိမ္ျပန္လာခဲ့။"
လဲ့ယ္ထ်ဲ ေခါင္းညိတ္ျပၿပီး သူ႕ပုခုံးေတြကို ငုံ႔ၾကည့္လိုက္သည္။ခ်င္မ်န္ အိမ္သို႔ အျမန္ျပန္သြားခဲ့၏။လယ္အလုပ္ကို လဲ့ယ္ထ်ဲအတြက္ထားခဲ့ရေသာ္လည္း အလုပ္မလုပ္ဘဲ ပ်င္းရိစြာ ထိုင္မစားႏိုင္ေပ။
ၿမိဳ႕ထဲကေန သူေနာက္ဆုံးဝယ္ခဲ့တဲ့ ခဲသားတစ္ေခ်ာင္းနဲ႔ စကၠဴျဖဴတစ္ထပ္ကို ထုတ္ယူၿပီး ေငြ႐ွာရန္ နည္းလမ္းမ်ားကို ေတြးေတာေနရင္း ထမင္းစား စားပြဲေပၚကို မွီခ်လိုက္သည္။လဲ့ယ္ထ်ဲက သူ႕ရဲ႕ကာယလုပ္အားျဖင့္ ေငြ႐ွာေနခ်ိန္မွာ သူကလည္း ဦးေႏွာက္ျဖင့္ ေငြ႐ွာရမည္။တကယ္ေတာ့ သူ႕မွာ ကံၾကမၼာအလွည့္အေျပာင္းျဖစ္ဖို႔ ပဏာမအစီအစဥ္႐ွိေပမယ့္ အဲဒီအစီအစဥ္က ႀကီးလြန္းၿပီး အခုခ်ိန္မွာ လူအင္အားနဲ႔ အရင္းအႏွီးနည္းပါးတဲ့အတြက္ အေကာင္အထည္ေဖာ္ဖို႔ရာ ခက္ခဲ၏။သူ ျဖည္းျဖည္းခ်င္းပဲ လုပ္ႏိုင္မယ္။
အမ်ားႀကီးမေတြးဘဲ သူေ႐ွ႕ ဘာဆက္လုပ္မလဲဆိုတာကိုပဲ အရင္စဥ္းစားတာေပါ့။
ေပတံအျဖစ္ ေျဖာင့္တန္းေနသည့္တုတ္တစ္ေခ်ာင္းကို ေတြ႕႐ွိခဲ့ၿပီး စာ႐ြက္ေပၚတြင္ ေရးရန္ ခဲတံတစ္ေခ်ာင္းကို ယူခဲ့သည္။ေခါင္းျပန္မေမာ့ခင္ တစ္နာရီခန္႔အၾကာ စာ႐ြက္ေပၚ႐ွိ ခဲျခစ္ကို ေက်နပ္စြာ ၾကည့္မိသည္။ဒီအရာမ်ားျဖင့္ သူ ေနာက္ထပ္ေငြ႐ွာႏိုင္မည္။
အခ်ိန္ ေစာေနေသး၏။သူ ေနာက္ထပ္စာ႐ြက္တစ္႐ြက္ကို ထုတ္ၿပီး စားပြဲေပၚတြင္ ဆက္ဆြဲေနလိုက္သည္။ေခတ္မီဒီဇိုင္းပုံစံမ်ားႏွင့္ စားပြဲ၊ ကုလားထိုင္ႏွင့္ ဗီ႐ို ဒီဇိုင္းပုံမ်ားသည္ စာ႐ြက္ေပၚတြင္ တျဖည္းျဖည္း ပုံေပၚလာသည္။သူ ယင္းတို႔ကို ေရာင္းခ်ရန္ အစီအစဥ္မ႐ွိေသာ္လည္း အိမ္ေဆာက္ၿပီးသည့္ေနာက္တြင္ ကိုယ္တိုင္ အသုံးျပဳရန္ တစ္စုံတစ္ဦးကို ႐ွာေဖြဖို႔ေတာ့ စဥ္းစားခဲ့သည္။ေခတ္ေ႐ွ႕ေျပးသည့္လူတစ္ေယာက္အေနနဲ႔ ေခတ္မီပရိေဘာဂေတြကိုသာ ပိုသုံးခ်င္၏။ဘာမွလုပ္စရာမ႐ွိတာေၾကာင့္ အိမ္၏အတြင္းပိုင္းဒီဇိုင္းအတြက္ အကိုးအကားအျဖစ္ ႐ိုး႐ွင္းစြာေရးဆြဲခဲ့သည္။
"ခ်င္းဇီ......ကိုယ္ ျပန္လာၿပီ။" လဲ့ယ္ထ်ဲသည္ စာေရးေနေသာလူကို ငုံ႔ၾကည့္ၿပီး သူေရးေလ့႐ွိသည့္ ထူးဆန္းသည့္အရာေတြက လဲ့ယ္ထ်ဲ၏အာ႐ုံကို စြဲေဆာင္သြားခဲ့သည္။အလင္းတစ္ျဖတ္က သူ႕မ်က္လုံးထဲကို ျဖတ္သြားေပမယ့္ ဇနီးေလးကို မေႏွာင့္ယွက္ျဖစ္ေပ။သူ ေျခလွမ္းအနည္းငယ္ ေနာက္ျပန္ဆုတ္ကာ အနီးသို႔ မေရာက္မီ ေနာက္တစ္ႀကိမ္ ထပ္ေအာ္လိုက္သည္။စားပြဲေပၚတြင္ စာ႐ြက္ေတြ ႐ွိေသးေပမယ့္ သူေရးေနတဲ့စာကေတာ့ ေပ်ာက္သြား၏။
"ခင္ဗ်ား....ဒီေန႔ ေစာေစာေရာက္သားပဲ။"
ခ်င္မ်န္သည္ မထမီ ႂကြက္သားေတြကို ေျဖေလွ်ာ့ၿပီး လဲ့ယ္ထ်ဲ၏လက္ထဲမွ ေပါက္ျပားကို ယူထားလိုက္သည္။ "ခင္ဗ်ား အရင္လက္သြားေဆးလိုက္။ထမင္းက ခ်က္ၿပီးသား။ဟင္းအတြက္ သြားျပင္လိုက္ဦးမယ္"
လဲ့ယ္ထ်ဲ ႏြားကို ေရေသာက္ရန္ ေရကန္သို႔ ပို႔ေဆာင္ၿပီးေနာက္ ႏြားကို ျပန္ႀကိဳးခ်ည္ၿပီး မီးဖိုေခ်ာင္သို႔ မသြားခင္ မ်က္ႏွာအရင္သစ္လိုက္သည္။
ခ်င္မ်န္ အိုးသန္႔ထဲသို႔ ဆီေလာင္းထည့္လိုက္သည္။ “ေနာက္ထပ္ ေငြ႐ွာႏိုင္မယ့္ အစီအစဥ္ကို ေတြးမိတယ္။ မနက္ျဖန္ ၿမိဳ႕ကို သြားခ်င္တယ္"
"အတူတူ သြားမယ္" လဲ့ယ္ထ်ဲ ေျပာလိုက္သည္။
“လယ္ကိစၥက ၿပီးၿပီလား?” ခ်င္မ်န္ ေမးလိုက္သည္။
“မၿပီးေသးဘူး။”
လဲ့ယ္ထ်ဲက သူ႕ကို တစ္ေယာက္တည္း ၿမိဳ႕ထဲသြားခြင့္မျပဳဘူးဆိုတာ သိလိုက္ရလို႔ ခ်င္မ်န္ ခဏတုံ႔ဆိုင္းသြားသည္။ “ထားလိုက္တာ ပိုေကာင္းေတာ့မယ္။ဟြန္း....ကြၽန္ေတာ္သာ ကိုယ္ခံပညာကို ကြၽမ္းကြၽမ္းက်င္က်င္ တတ္ထားရင္ ခင္ဗ်ားကို ၿမိဳ႕ထဲသြားဖို႔ တစ္ခ်ိန္လုံးလိုက္ခိုင္းျဖစ္မွာ မဟုတ္ဘူး။"
"ကိုယ္ မင္းကို သင္ေပးမယ္။" လဲယ္ထ်ဲဆီက ႐ုတ္တရက္ အသံထြက္လာသည္။
အျဖစ္အပ်က္မ်ား၏အလွည့္အေျပာင္းေၾကာင့္ ခ်င္မ်န္ခဗ်ာ အံ့အားသင့္သြားကာ သူ႕လက္ေပၚ႐ွိ ေရမ်ားက အိုးထဲသို႔ စီးက်လာၿပီး “႐ွီး...” ဟု အသံထြက္လာသည္။ "pat" အသံျဖင့္ သူ႕လက္ခုံေပၚသို႔ ဆီတစ္စက္စင္သြားၿပီး ေယာက္မကိုပင္ လႊတ္က်လုနီးပါး ျဖစ္သြားသည္။
"ကိုယ္ခံပညာ တတ္ထားတာလား?" သူ လဲ့ယ္ထ်ဲကို အံ့ၾသၿပီး ဝမ္းသာအားရ ၾကည့္ေနမိသည္။
“အင္း...” လဲ့ယ္ထ်ဲသည္ ခ်င္မ်န္၏လက္ကို ဆြဲကာ လက္ခုံကို ပြတ္ေပးေနရင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။သူ႕ရဲ႕႐ိုး႐ိုး႐ွင္း႐ွင္းေလသံက ကိုယ္ခံပညာရပ္ကို အေသးအဖြဲကိစၥတစ္ခုဟု သတ္မွတ္ထားပုံ။
ခ်င္မ်န္ လဲ့ယ္ထ်ဲ၏လက္ကို ဆုပ္ကိုင္ထားၿပီး သူ ေပ်ာ္႐ႊင္မႈကို မဖုံးကြယ္ႏိုင္ေပ။ “ေကာင္းလိုက္တာ!ကြၽန္ေတာ္ကို ဘယ္ေတာ့စသင္ေပးမွာလဲ?"
ဘယ္ေယာက်္ားက ကိုယ္ခံပညာကို တတ္ေျမာက္ဖို႔ အိပ္မက္မမက္ဖူးလို႔လဲ? သူ႕အတြက္ကေတာ့ ကိုယ္ခံပညာတတ္ထားတဲ့ လဲ့ယ္ထ်ဲေၾကာင့္ မိုးေပၚကေန ေ႐ႊမိုး႐ြာက်သလို အံ့ၾသစရာအတိပင္။
လဲ့ယ္ထ်ဲ အိုးကို ေမႊလိုက္ၿပီး “အရင္ေၾကာ္လိုက္ဦး။ အိမ္ေဆာက္ၿပီးမွ ဆက္ေျပာၾကမယ္"
"ဘာလို႔လဲ?" အိုးမွာ အပူ႐ွိန္ျမင့္လာလြန္းလို႔ မီးခိုးေငြ႕မ်ား ထြက္လာေတာ့မွ ခ်င္မ်န္သည္ ေဆးေၾကာထားသည့္ ဟင္းသီးဟင္း႐ြက္မ်ားကို အိုးထဲသို႔ ကမန္းကတန္း ထည့္လိုက္ရသည္။ "မနက္ျဖန္ သင္ေပးလို႔မရဘူးလား?"
သူ လဲ့ယ္ထ်ဲ၏လက္ကိုဆြဲထားကာ ထြက္မသြားရန္ အခ်က္ျပလိုက္သည္။
လဲ့ယ္ထ်ဲသည္ မီးဖိုေ႐ွ႕႐ွိ ခုံတန္းလ်ားတြင္ ထိုင္ကာ မီးဖိုထဲသို႔ ထင္းထည့္ရင္း “ဒီအေၾကာင္းကို အျပင္လူေတြ မသိေစခ်င္ဘူး။ကိုယ္ခံပညာအေျခခံက ေလ့က်င့္ေရးတိုင္နဲ႔ေလ့က်င့္မႈေတြ လိုအပ္တယ္။ အိမ္ေဆာက္ၿပီးရင္ ျခံဝန္းထဲမွာ ေလ့က်င့္လို႔ရတယ္။”
Advertisement
- In Serial6 Chapters
Another World Trucker
I must be cursed. All I've ever wanted to do in my life is hit the open road and drive to my heart's content. But life seems to have other plans for me. After dying while on delivery in my semi I wake up to find myself in another world, with my truck. I've always wanted to be the driver, but at this point, I'm just in the passenger seat while whatever forces control these worlds drive me along. Hopefully, this world won't end as bad as the last one. In another world with my truck! Another fairly standard isekai, but one that's hopefully engaging enough to keep everyone around. Also, way too many references to other isekai's will be included. My first time ever writing a story so feedback is greatly appreciated.
8 196 - In Serial33 Chapters
Sakuras In Ice (A Bleach Fan fiction)
While walking down a certain forest in the outskirts of the Rokun Distirct, Captain Commander Yamamoto stumbled upon a peculiar sakura tree. Why peculiar? Because the flowers it bear are all turned to ice.At the foot of the tree, a girl in white tattered clothes lay sleeping peacefully. What caught the captain's eyes is the butterfly clip she has on her hair and the ears and tails of a cat she has.Thinking that she is an abandoned girl, Captain Commander Yamamoto decided to bring her back to Seiretei and tend to her.Will this girl bring joy to the Gotei 13? And what about the massive amount of reatsu she is suppressing inside her?
8 143 - In Serial30 Chapters
Slowtown [t.r]
no grave can hold her body down - she crawls back to him - haunting the boy who buried her. TOM RIDDLE didn't like his sins lurking after he committed them.
8 138 - In Serial6 Chapters
Class 2-A's Lessons in Italy(sponsored by Vongola 'Enterprize')
A white jet that's emblem with the famous Vongola symbol, has just arrive back in Japan. A group of 7 teens stepped out in suits and a dress. The guardians(Hayato, Takeshi, Lambo, Ryohei, Mukuro, Chrome, and Kyoya) and Vongola Deciemo(Tsuna(yoshi)) has just came back from a trip in Italy and met with a sadistic hitman tutor, Reborn(take note that he has his famous smirk on). After a day of settling in and arriving to school, they were met with a surprise appearance from Mr. Riboyama. What does Mr. Riboyama have in store for them?This is my first fanfiction/story, so I thought about writing one with not too much plot line and kinda over use, yet funny idea to get use to writing. I hope you as readers can give me some feed backs, and opinions on what I should do next, I'll be asking some questions on what I should do. Thank you very much for reading this.[I do not own Katekyo Hitman Reborn or it's characters. It rightfully belongs to it's rightful writer, producer, and director.]
8 160 - In Serial32 Chapters
- Dead Apple : Without Me || D. Osamu - [END]
After your brother, Odasaku died, you realized that more than half of your physical and mental strength was getting weaker and weaker. But then, this person -who share the same pains with you gave you a little light and hope. Not until-"This fog took away my light. Why? Why you give me this light? What will you do WITHOUT ME?"---『Dazai Osamu x Fem!Reader』Theme : Drama, Action, Mistery, Seinen, Super Natural, Song-Fiction (?)Book : 1 Prologue + 30 Chapters + 1 EpiloguePublish : June, 2020 - August, 2020Warning : May Contain Violance, Bad Words, Sensitive Content Mention and a Little bit Spoiler.Disclaimer :I do not own anything here. I only own the plot. All of the things that I mention belongs to the rightful owner.
8 210 - In Serial19 Chapters
Haruhi's Cousin (Hikaru and Kaoru x f!Reader)
(Reader is described as female and uses she/her pronouns and Japanese (being haruhi's cousin), sorry if this doesn't fit your description.)Haruhi has a wealthy cousin that the hosts never knew. well, she never told them anyway. until one day, she decided to visit Haruhi and the boys, and of course. the Twins met her.-started 5th of March 2017--I do not own any of the characters inside this book-- 2021 edited-- 2022 revisited and authors note -
8 239

