《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[35]
Advertisement
[Unicode]
035: လှည့်ကွက်များဖြင့် ကစားခြင်း။
“ပိုက်ဆံရှိခဲ့ရင်တောင် အခု အကုန်,ကုန်သွားပြီ။ကျွန်တော်တို့ နေဖို့ထိုင်ဖို့တော့ လိုအပ်သေးတယ်မလား?အခု ကျွန်တော်တို့လက်ထဲမှာ ငွေစတစ်တုံး၊ နှစ်တုံးပဲရှိတော့တာ။အိမ်ဆောက်ဖို့ လူတွေကို လုပ်အားခ ပေးရဦးမယ် မဟုတ်လား?ပြီးတော့ သူတို့ကို ထမင်းကျွေးရဦးမယ်။အဲဒီအတွက် ပိုက်ဆံမလောက်သေးဘူး။ဒီတော့ အမေရယ် လောင်အာ့ဇနီး၊ လောင်စန်းဇနီးတို့ကို အနှောင့်အယှက်ပေးရတော့မယ်...ကျွန်တော်တို့ကို ချေးပေးနိုင်မလားလို့ တွေးမိလိုက်တယ်။တတ်နိုင်သမျှ အမြန်ဆုံး ပြန်ပေးပါ့မယ်။”
ချင်မျန် တုရှီကို စိတ်ရင်းမှန်စွာ စိတ်အားထက်သန်နေသောမျက်လုံးများဖြင့် ကြည့်ကာ ကောက်ကာငင်ကာ ဆက်ပြောလိုက်သေးသည်။ "ချေးငှားပြီးရင်လည်း ပြန်ရကြောင်းသေချာစေဖို့အတွက် ချေးငွေပြေစာရေးပေးဆိုလည်း ရေးပေးနိုင်ပါတယ်!"
"ဘာ?"
တုရှီနှင့် သူမတို့၏မျက်နှာအမူအရာများမှာ တစ်ပြိုင်နက် ပြောင်းလဲသွားသည်။
ကျိုးရှီ ပါးစပ်ကိုဖွင့်ပြီး ကျယ်လောင်စွာအော်ပြောကာ "လောင်တာ့ဇနီး....ကျွန်မနဲ့ လောင်စန်းဇနီးကို အခက်အခဲတွေ ဖြစ်အောင်လုပ်နေတာမဟုတ်ဘူးလား?အမေက အိမ်မှာစီမံခန့်ခွဲနေတာလေ ကျွန်မတို့ဆီမှာ ဘယ်လိုလုပ်ပြီး ပိုက်ဆံရှိမှာလဲ?”
တုရှီက မှုန်ကုပ်ကုပ်နဲ့ကြည့်ရင်း ဒေါသတွေအပြည့်လိုက် တက်လာတာကြောင့် ရင်ဘတ်တွေ တင်းကြပ်လာသည်။သူမ ပန်းကန်ပြား၏အစွန်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားပြီး သူမ၏လက်ချောင်းများ ဖြူလာကာ ပန်းကန်ပြားကို မြေကြီးပေါ်ချပစ်ချင်သော်လည်း တောက်ပြောင်နေပြီးဆီအပြည့်ဝေ့တက်နေသော မြေပဲများကို လိုချင်မိသေးသည်။ဒီ ချင်မျန်က အလွယ်တကူ ချုပ်ကိုင်ဖို့ လွယ်တယ်လို့ သူ မထင်ခဲ့သလို သူနဲ့ ဆက်ဆံရလွယ်မယ်လို့လည်း ဘယ်တော့မှ မမျှော်လင့်ထားပါဘူး။ပိုက်ဆံပေးမယ်ဆိုတာတောင် မပြောဘဲ ပိုက်ဆံချေးချင်နေတာပဲ။မဖြစ်နိုင်ဘူး!
“ဒါက နင့်ရဲ့ပိုက်ဆံမလောက်တဲ့ နင့်ပြဿနာပဲ။ငါက ဒီနေ့ ပိုက်ဆံတောင်းဖို့လာတာ။"
တုရှီသည် မြေပဲများကို ငုံ့ကြည့်ပြီးနောက် မေးစေ့ကို မြင့်မြင့်မော့ကာ ချင်မျန်ကို တည့်တည့်ကြည့်လိုက်သည်။
“မဟုတ်သေးဘူး၊ဒီလိုဆို အဆင်ပြေမယ်။ငါတို့အိမ်မှာ ဆီမတွေ့ရတာ ရက်အတော်ကြာပြီ။ဒီနေ့ကစပြီး ငါတို့မိသားစု စားရေးသောက်ရေးအတွက် လောင်တာ့ဇနီးကို အကူအညီတောင်းရမှာပေါ့”
ကျိုးရှီ နှင့် ချင်းရှီတို့သည် ထိုစကားကိုကြားသောအခါတွင် မြေပဲများကို ဝါးနေလျက် ချင်မျန်ကို ကြည်နူးစွာကြည့်ရင်း နှုတ်ခမ်းတစ်ဖက်မှ အပြုံးတစ်ပွင့်ထွက်လာကြတော့သည်။
ချင်မျန်၏မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်သောမျက်နှာထားဖြင့် တင်းမာသွားကာ “အမေ...ကျွန်တော်တို့က ပိုက်ဆံမပေးချင်လို့ မဟုတ်ပါဘူး၊ကျွန်တော်တို့က ခက်ခဲတဲ့ကာလမှာ ရှိနေသေးတယ်။ကျွန်တော်တို့မှာ ပိုက်ဆံတကယ်မရှိပါဘူး။ ညှိနှိုင်းတဲ့အချိန်တုန်းကလည်း ငွေကို နှစ်လသုံးလ အကြာမှ ပေးနိုင်မယ်လို့ သဘောတူညီချက် ရခဲ့တယ်လေ”
တုရှီက အကျဥ်းတန်သော မျက်နှာထားဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “အဲလိုပြောလည်း အသုံးမဝင်ဘူး။နင် ဒီစကားတွေကိုပြန်ပြောချင်ရင် လီကျန်းဆီကို သွားလိုက်။"
ကျိုးရှီကလည်း မြေပဲကိုမရပ်မနား ဝါးရင်း မီးထဲ လောင်စာထည့်လိုက်သေးသည်။ "လောင်တာ့ဇနီး ဝမ် 100 ဆိုတာ ဘာမှမဟုတ်ပါဘူး။ရှင့်ရဲ့နွားသိုးတစ်ကောင်ကို အနည်းဆုံး ငွေ ၅ တုံးနဲ့ ဝယ်ခဲ့တာဆိုတော့ ၅ တုံးကျအကုန်ခံနိုင်ပြီး ဝမ် ၁၀၀ လောက် ပေးရမှာကျ ကုန်သွားပြီတဲ့လား?ရှင် ပေးလိုက်တာ ပိုကောင်းမယ်ထင်တယ်။မဟုတ်ရင် အမေက ရှင် အကြွေးတွေကိုပေးရမှာကို ငြင်းချင်နေတယ်လို့ ယုံသွားမှာစိုးရိမ်မိတယ်။"
ဝါးနေတာမှ မင်းပါးစပ်ကို မပိတ်ထားနိုင်ဘူးပေါ့!
ချင်မျန် သူမကို မထီမဲ့မြင်ပြုကာ ရှက်ရွံ့ဟန်ဆောင်ပြီး "ကောင်းပြီ...ကျွန်တော်တို့ အဲဒီ ဝမ် ၁၀၀ ပေးပါ့မယ်။"
သူ လဲ့ယ်ထျဲနားကို မှီပြီး တိုးတိုးလေးပြောရင်း “ထျဲကော...ပိုက်ဆံပေးလိုက်ပြီးရင် ကျွန်တော်တို့မှာ ပိုက်ဆံမလောက်တော့ဘူး။နှစ်ရက်လောက်ကြာရင် ပိုက်ဆံချေးပေးနိုင်မလားလို့ အဖေ့ဆီ သွားမေးကြည့်ကြရအောင်။”
လဲ့ယ်ထျဲ ချင်မျန်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်နေသော်လည်း စကားတစ်ခွန်းမှ မပြောပေ။
ရှင်းရှင်းလင်းလင်းကြားလိုက်ရသောအခါ
တုရှီ၏မျက်နှာမှာ ရုတ်တရက် နိုးကြားလာသည်။သူမ လဲ့ယ်တာ့ချန်နှင့် စကားပြောထားနှင့်ရန် စိတ်ကူးထားလိုက်ပြီး အိမ်ပြန်ရောက်လျှင် ချင်မျန်နှင့် လဲ့ယ်ထျဲကို ရှောင်ရန် မိသားစုအားလုံးကိုပါ ပြောထားရမည်။
ထို့နောက် ချင်မျန် အိပ်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။လှည့်ကြည့်လိုက်ကာ လှောင်ရယ်ထေ့ငေါ့ပြီး သူ့နောက်က တံခါးကို ပိတ်ချလိုက်၏။
ခဏအကြာတွင် လက်တစ်ဆုပ်စာ ကြေးဒင်္ဂါးပြားတစ်တွဲနှင့် ထွက်လာပြီး စားပွဲပေါ်တင်လိုက်သည်။
သူ သူမတို့ကို လက်နှစ်ဖက်ဖြင့် ပိတ်ဆို့တားဆီးလိုက်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “အလောမကြီးပါနဲ့ အမေ။မလျော့ရအောင် ကျွန်တော် အရင်ရေတွက်ကြည့်ပေးပါမယ်။"
ကျိုးရှီ တိုးတိုးလေး ရေရွတ်လိုက်သည်။ "သနားစရာပဲ"
ချင်မျန် ခေါင်းငုံ့ကာ ကြေးဒင်္ဂါးပြားများကို တစ်ခုပြီးတစ်ခု ရေတွက်နေ၏ “တစ်၊ နှစ်၊ သုံး..... ခုနစ်ဆယ့်ခြောက်...ခုနစ်ဆယ့်ခြောက်၊ ခုနစ်ဆယ့်ခုနစ်....တစ်ရာ။”
တုရှီ အံ့သြသွားပြီး သူ့ကို လှောင်ပြောင်သည့်ပုံစံဖြင့် စိုက်ကြည့်နေသည်။ငါးကြိမ်တောင် မှားပြီး ရေတွက်လိုက်တဲ့အပြင် ငါးကြီးဝယ်ဖို့ လုံလောက်တဲ့ ဝမ် ၅ ပြားတောင် ပိုပေးလိုက်သေးတယ်ပေါ့။
တုရှီ၏မျက်လုံးများက လက်သွားပြီး သူမရင်ခွင်ထဲသို့ ကြေးဒင်္ဂါးပြားများကို ထည့်ရန် လက်လှမ်းလိုက်သည်။
“အမေ....လျော့ပြီး ရေတွက်မိမှာစိုးရိမ်မိလို့ ကျွန်တော် ပြန်တွက်လိုက်ဦးမယ်။" ချင်မျန် အပြုံးလေးဖြင့် သူမကို အလျင်အမြန် ရပ်တန့်လိုက်သည်။
တုရှီ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ "မင်းတို့တွေက ငါ့သားနဲ့ချွေးမတွေပဲလေ။သုံးလေးပြားလျော့လိုက်လို့ ငါက ဘယ်လိုလုပ်ပြီး ထပ်လာရှာပါ့မလဲ?ပြီးတော့လည်း ငါ ဟင်းချက်ဖို့ မြန်မြန်ဆန်ဆန် လုပ်ရဦးမယ်"
Advertisement
ချင်မျန် မတုံ့ပြန်နိုင်ခင်မှာ ကြေးဒင်္ဂါးပြားတွေကို စုပြီး သူ့ရင်ခွင်ထဲ ထည့်လိုက်သည်။ထို့နောက် ထရပ်ပြီး ပန်းကန်ကို ယူလိုက်သည်။ "မင်းတို့အဖေ့ အရက်သောက်နေရင်း မြည်းဖို့အတွက် ငါ ဒါကိုယူသွားလိုက်မယ်။"
ထို့နောက် သူမနောက်သို့ တစ်စုံတစ်ယောက် လိုက်လာနေသကဲ့သို့ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
ကျိုးရှီနှင့် ချင်းရှီတို့ကလည်း အလျင်စလို လိုက်သွားကြတော့သည်။
၎င်းတို့ကို အဝေးမှ လှမ်းကြည့်ရင်း ချင်မျန် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ အသံထွက် ရယ်မောလိုက်မိတော့သည်။
“ဟားဟား........”
လဲ့ယ်ထျဲ သူ့နံဘေးသို့ လာကာ သူ့ခေါင်းလေးကို ထိလိုက်၏။
ချင်မျန် သူ့ကို လှည့်ကြည့်လိုက်ပြီး ပြုံးနေသည့်အမူအရာကို ထိန်းထားနိုင်ခြင်းမရှိတော့ပေ။
"ယုံချင်ယုံမယုံချင်နေ!သူတို့ ကျွန်တော်တို့ကို အချိန်အကြာကြီး ကွေ့ပတ်ရှောင်နေတော့မှာ သေချာတယ်။”
"ဗိုက်မဆာဘူးလား?" လဲ့ယ်ထျဲကို အသံတိုးတိုးဖြင့် မေးလိုက်သည်။ဟိုလူတွေ ရောက်လာတာလေးအတွက်နဲ့ စိတ်ဓာတ်မကျနေဘူး။
“ကျွန်တော်ကတော့ ဗိုက်ဆာတယ်။ဟင်းသွား ကြော်လိုက်ဦးမယ်"
ချင်မျန် သူ့လက်တွေကို အကြောဆန့်လိုက်ပြီး ပခုံးတွန့်ပြရင်း အလုပ်ဆက်လုပ်ရန် မီးဖိုချောင်သို့ ခပ်သုတ်သုတ်ဝင်သွားခဲ့သည်။
ချင်မျန်နှင့် လဲ့ယ်ထျဲတို့၏ဘဝသည် နာကြည်းစရာတွေယူလာတဲ့ အိမ်ဟောင်းမှလူတွေ မရှိတော့တာကြောင့် ငြိမ်သက်သွားပြန်သည်။
များမကြာမီ ရွာမှလူအများစုသည် အလုပ်များသောကာလ ပြီးသွားလေပြီ။ချင်မျန် လဲ့ယ်ထျဲအား နေ့ကောင်းရက်မြတ်နှင့် အချိန်ကို မေးမြန်းရန် တစ်စုံတစ်ဦးကို ရှာဖွေခိုင်းကာ ဆောက်လုပ်ရန် အချိန်သတ်မှတ်ပြီးသည်နှင့် လက်လုပ်လက်စား အယောက် ၂၀ ကို ဌားရမ်းခိုင်းခဲ့သည်။
ချင်မျန် အဲဒီအတွက်လည်း မေးမြန်းခဲ့ပြီးပြီ။အိမ်ဆောက်တဲ့ လက်လုပ်လက်စားတစ်ယောက်အတွက် ပျမ်းမျှလစာက ၂၅ဝမ် လောက်ရှိ၏။ချင်မျန်က နေ့လယ်စာ ဟင်းလေးမျိုးအပါအဝင် ဝမ် ၂၀ ပေးရန် စီစဉ်ထားသည်။အသားနှစ်မျိုးနှင့် ဟင်းသီးဟင်းရွက် နှစ်မျိုးပေါ့။
မေးလာတဲ့အခါ လဲ့ယ်ထျဲကလည်း ဒါတွေကို သေချာရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပေးသည်။ယေဘူယျအားဖြင့် ပြောရလျှင် ထိုအလုပ်သမားများသည် တစ်ရွာတည်းနေ ရွာသားများဖြစ်ကြကာ အိမ်တွင် တစ်နေ့လျှင် ထမင်းသုံးနပ်စားနိုင်ကြပြီး ထမင်းကျွေးရန် မလိုအပ်ဘဲ လုပ်အားခအနည်းငယ်သာ ပေးဆောင်ရမည်ဖြစ်သည်။ဒါပေမယ့် နေ့လည်စာကို အရသာရှိရှိစားစေတာက အိမ်ဆောက်တဲ့နေရာမှာ ပိုလုံ့လစိုက်ထုတ်စေပြီး ထိရောက်မှုရှိစေမှာပဲ။သာမာန်အားဖြင့် သူတို့အိမ်မှာ ဒီလောက်ကောင်းတဲ့ ဟင်းကို မစားဖြစ်ကြဘူးလေ။
ဖိတ်ကြားထားခံရသူများမှာ အလွန်ဝမ်းသာသွားကြသည်။လယ်ယာမြေတွေမှာ အလုပ်မရှိတဲ့အခါ အဲဒီလယ်သမားတွေက မြို့တွင်း ဒါမှမဟုတ် ခရိုင်ကိုသွားပြီး အလုပ်ရှာကြရပေမည်။
လစာက သေချာပေါက် ကျေနပ်စရာတော့ ဘယ်ဟုတ်ပါ့မလဲ။
အခု ရွာမှာတင် ဝင်ငွေရှာနိုင်ပြီး နေ့လည်စာထမင်းလည်း ကောင်းကောင်းစားနိုင်တယ်၊ဘယ်သူက မလာချင်ဘဲနေပါ့မလဲ?
လဲ့ယ်ထျဲနှင့် ချင်မျန်တို့ရဲ့ ပုတ်ခတ်ပြောဆိုမှု အတင်းအဖျင်းသတင်းများနဲ့ ပတ်သက်ပြီးတော့ မည်သူကများ ဂရုစိုက်နေတော့မလဲ? ပိုက်ဆံမရှိရင် ဘယ်သူက အသက်ရှင်နိုင်မလဲလေ?
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
035: လွည့္ကြက္မ်ားျဖင့္ ကစားျခင္း။
“ပိုက္ဆံ႐ွိရင္ေတာင္ အခု အကုန္,ကုန္သြားၿပီ။ကြၽန္ေတာ္တို႔ ေနဖို႔ထိုင္ဖို႔ေတာ့ လိုအပ္ေသးတယ္မလား?အခု ကြၽန္ေတာ္တို႔လက္ထဲမွာ ေငြစတစ္တုံး၊ ႏွစ္တုံးပဲ႐ွိေတာ့တာ။အိမ္ေဆာက္ဖို႔ လူေတြကို လုပ္အားခ ေပးရဦးမယ္ မဟုတ္ဘူးလား?ၿပီးေတာ့ သူတို႔ကို ထမင္းေကြၽးရဦးမယ္။အဲဒီအတြက္ ပိုက္ဆံမေလာက္ေသးဘူး။ဒီေတာ့ အေမရယ္ ေလာင္အာ့ဇနီး၊ ေလာင္စန္းဇနီးတို႔ကို အေႏွာင့္အယွက္ေပးရေတာ့မယ္...ကြၽန္ေတာ္တို႔ကို ေခ်းေပးႏိုင္မလားလို႔ ေတြးမိလိုက္တယ္။တတ္ႏိုင္သမွ် အျမန္ဆုံး ျပန္ေပးပါ့မယ္။”
ခ်င္မ်န္ တု႐ွီကို စိတ္ရင္းမွန္စြာ စိတ္အားထက္သန္ေနေသာမ်က္လုံးမ်ားျဖင့္ ၾကည့္ကာ ေကာက္ကာငင္ကာ ဆက္ေျပာလိုက္ေသးသည္။ "ေခ်းငွားၿပီးရင္လည္း ျပန္ရေၾကာင္းေသခ်ာေစဖို႔အတြက္ ေခ်းေငြေျပစာေရးေပးဆိုလည္း ေရးေပးႏိုင္ပါတယ္!"
"ဘာ?"
တု႐ွီႏွင့္ သူမတို႔၏မ်က္ႏွာအမူအရာမ်ားမွာ တစ္ၿပိဳင္နက္ ေျပာင္းလဲသြားသည္။
က်ိဳး႐ွီ ပါးစပ္ကိုဖြင့္ၿပီး က်ယ္ေလာင္စြာေအာ္ရင္း "ေလာင္တာ့ဇနီး....ကြၽန္မနဲ႔ ေလာင္စန္းဇနီးကို အခက္အခဲေတြ ျဖစ္ေအာင္လုပ္ေနတာမဟုတ္ဘူးလား?အေမက အိမ္မွာစီမံခန္႔ခြဲေနတာေလ ငါတို႔ဆီမွာ ဘယ္လိုလုပ္ၿပီး ပိုက္ဆံ႐ွိႏိုင္မွာလဲ?”
တု႐ွီက မႈန္ကုပ္ကုပ္နဲ႔ၾကည့္ရင္း ေဒါသေတြအျပည့္လိုက္ တက္လာတာေၾကာင့္ ရင္ဘတ္ေတြ တင္းၾကပ္လာသည္။သူမ ပန္းကန္ျပား၏အစြန္းကို လက္ႏွစ္ဘက္ျဖင့္ ဆုပ္ကိုင္ထားၿပီး သူမ၏လက္ေခ်ာင္းမ်ား ျဖဴလာကာ ပန္းကန္ျပားကို ေျမႀကီးေပၚခ်ပစ္ခ်င္ေသာ္လည္း ေတာက္ေျပာင္ေနၿပီးဆီအျပည့္ေဝ့တက္ေနေသာ ေျမပဲမ်ားကို လိုခ်င္မိေသးသည္။ဒီ ခ်င္မ်န္က အလြယ္တကူ ခ်ဳပ္ကိုင္ဖို႔ လြယ္တယ္လို႔ သူ မထင္ခဲ့သလို သူနဲ႔ ဆက္ဆံရလြယ္မယ္လို႔ ဘယ္ေတာ့မွ မေမွ်ာ္လင့္ထားပါဘူး။ပိုက္ဆံေပးမယ္ဆိုတာေတာင္ မေျပာဘဲ ပိုက္ဆံေခ်းခ်င္ေနတာပဲ။မျဖစ္ႏိုင္ဘူး!
“ဒါက နင့္ရဲ႕ပိုက္ဆံမေလာက္တဲ့ နင့္ျပႆနာပဲ။ငါက ဒီေန႔ ပိုက္ဆံေတာင္းဖို႔လာတာ။"
တု႐ွီသည္ ေျမပဲမ်ားကို ငုံ႔ၾကည့္ၿပီးေနာက္ ေမးေစ့ကို ျမင့္ျမင့္ေမာ့ကာ ခ်င္မ်န္ကို တိုက္႐ိုက္ၾကည့္လိုက္သည္။
“မဟုတ္ေသးဘူး၊ဒီလိုဆို အဆင္ေျပမယ္။ငါတို႔အိမ္မွာ ဆီမေတြ႕ရတာ ရက္အေတာ္ၾကာၿပီ။ဒီေန႔ကစၿပီး ငါ့တို႔မိသားစု ထမင္းစားဖို႔ ေလာင္တာ့ဇနီးကို အကူအညီေတာင္းရမွာေပါ့”
က်ိဳး႐ွီ ႏွင့္ ခ်င္း႐ွီတို႔သည္ ထိုစကားကိုၾကားေသာအခါတြင္ ေျမပဲမ်ားကို ဝါးေနလ်က္ ခ်င္မ်န္ကို ၾကည္ႏူးစြာၾကည့္ရင္း ႏႈတ္ခမ္းတစ္ဖက္မွ အျပဳံးတစ္ပြင့္ထြက္လာၾကေတာ့သည္။
ခ်င္မ်န္၏မ်က္လုံးမ်ားသည္ ရက္စက္ၾကမ္းၾကဳတ္ေသာမ်က္ႏွာထားျဖင့္ တင္းမာသြားကာ “အေမ...ကြၽန္ေတာ္တို႔က ပိုက္ဆံမေပးခ်င္လို႔ မဟုတ္ပါဘူး၊ကြၽန္ေတာ္တို႔က ခက္ခဲတဲ့ကာလမွာ ႐ွိေနေသးတယ္။ကြၽန္ေတာ္တို႔မွာ ပိုက္ဆံတကယ္မ႐ွိဘူး။ ညႇိႏိႈင္းတဲ့အခ်ိန္တုန္းကလည္း ေငြကို ႏွစ္လသုံးလ အၾကာမွ ေပးေဆာင္ႏိုင္မယ္လို႔ သေဘာတူညီမႈ ရခဲ့တယ္ေလ”
တု႐ွီက အက်ဥ္းတန္ေသာ မ်က္ႏွာထားျဖင့္ သူ႕လက္ကို ေဝွ႔ယမ္းလိုက္သည္။ “အဲလိုေျပာလည္း အသုံးမဝင္ဘူး။နင္ ဒီစကားျပန္ေျပာခ်င္ရင္ လီက်န္းဆီကို သြားလိုက္။"
Advertisement
က်ိဳး႐ွီကလည္း ေျမပဲကိုမရပ္မနား ဝါးရင္း မီးထဲ ေလာင္စာထည့္လိုက္ေသးသည္။ "ေလာင္တာ့ဇနီး ဝမ္ 100 ဆိုတာ ဘာမွမဟုတ္ပါဘူး။႐ွင့္ရဲ႕ႏြားသိုးတစ္ေကာင္ကို အနည္းဆုံး ေငြ ၅ ေခ်ာင္းနဲ႔ ဝယ္ခဲ့တာဆိုေတာ့ ၅ တုံးက်အကုန္ခံႏိုင္ၿပီး ဝမ္ ၁၀၀ ေလာက္ ေပးရမွာက် ကုန္သြားၿပီတဲ့လား?႐ွင္ ေပးလိုက္တာ ပိုေကာင္းမယ္ထင္တယ္။မဟုတ္ရင္ အေမက ႐ွင္ အေႂကြးေတြကိုေပးရမွာ ျငင္းခ်င္တယ္လို႔ ယုံသြားမွာစိုးရိမ္မိတယ္။"
ဝါးေနတာမွ မင္းပါးစပ္ကို မပိတ္ထားႏိုင္ဘူးေပါ့!
ခ်င္မ်န္ သူမကို မထီမဲ့ျမင္ျပဳကာ ႐ွက္႐ြံ႕ဟန္ေဆာင္ၿပီး "ေကာင္းၿပီ...ကြၽန္ေတာ္တို႔ အဲဒီ ဝမ္ ၁၀၀ ေပးပါ့မယ္။"
သူ လဲ့ယ္ထ်ဲနားကို မွီၿပီး တိုးတိုးေလးေျပာရင္း “ထ်ဲေကာ...ပိုက္ဆံေပးလိုက္ၿပီးရင္ ကြၽန္ေတာ္တို႔မွာ ပိုက္ဆံမေလာက္ေတာ့ဘူး။ႏွစ္ရက္ေလာက္ၾကာရင္ ပိုက္ဆံေခ်းေပးႏိုင္မလားလို႔ အေဖ့ဆီ သြားေမးၾကည့္ၾကရေအာင္။”
လဲ့ယ္ထ်ဲ ခ်င္မ်န္ကို ထူးဆန္းေသာအမူအရာျဖင့္ ၾကည့္ေနေသာ္လည္း စကားတစ္ခြန္းမွ မေျပာေပ။
႐ွင္း႐ွင္းလင္းလင္းၾကားလိုက္ရေသာအခါ
တု႐ွီ၏မ်က္ႏွာမွာ ႐ုတ္တရက္ ႏိုးၾကားလာသည္။သူမ လဲ့ယ္တာ့ခ်န္ႏွင့္ စကားေျပာထားႏွင့္ရန္ စိတ္ကူးထားလိုက္ၿပီး အိမ္ျပန္ေရာက္လွ်င္ ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲကို ေ႐ွာင္ရန္ မိသားစုအားလုံးကို ေျပာထားရမည္။
ထို႔ေနာက္ ခ်င္မ်န္ အိပ္ခန္းထဲသို႔ လွမ္းဝင္လိုက္သည္။လွည့္ၾကည့္လိုက္ကာ ေလွာင္ရယ္ေထ့ေငါ့ၿပီး သူ႕ေနာက္က တံခါးကို ပိတ္ခ်လိုက္၏။
ခဏအၾကာတြင္ လက္တစ္ဆုပ္စာ ေၾကးဒဂၤါးျပားတစ္တြဲႏွင့္ ထြက္လာၿပီး စားပြဲေပၚတင္လိုက္သည္။
သူ သူမတို႔ကို လက္ႏွစ္ဖက္ျဖင့္ ပိတ္ဆို႔တားဆီးလိုက္ကာ အသံတိုးတိုးျဖင့္ ေျပာလိုက္သည္။ “အေလာမႀကီးပါနဲ႔ အေမ။မေလ်ာ့ရေအာင္ ကြၽန္ေတာ္ အရင္ေရတြက္ၾကည့္ေပးပါမယ္။"
က်ိဳး႐ွီ တိုးတိုးေလး ေရ႐ြတ္လိုက္သည္။ "သနားစရာပဲ"
ခ်င္မ်န္ ေခါင္းငုံ႔ကာ ေၾကးဒဂၤါးျပားမ်ားကို တစ္ခုၿပီးတစ္ခု ေရတြက္ေန၏ “တစ္၊ ႏွစ္၊ သုံး..... ခုနစ္ဆယ့္ေျခာက္...ခုနစ္ဆယ့္ေျခာက္၊ ခုနစ္ဆယ့္ခုနစ္....တစ္ရာ။”
တု႐ွီ အံ့ၾသသြားၿပီး သူ႕ကို ေလွာင္ေျပာင္သည့္ပုံစံျဖင့္ စိုက္ၾကည့္ေနသည္။ငါးႀကိမ္ေတာင္ မွားၿပီး ေရတြက္လိုက္တဲ့အျပင္ ငါးႀကီးဝယ္ဖို႔ လုံေလာက္တဲ့ ဝမ္ ၅ ျပားေတာင္ ပိုေပးလိုက္ေသးတယ္ေပါ့။
တု႐ွီ၏မ်က္လုံးမ်ားက လက္သြားၿပီး သူမရင္ခြင္ထဲသို႔ ေၾကးဒဂၤါးျပားမ်ားကို ထည့္လိုက္ရန္ လက္လွမ္းလိုက္သည္။
“အေမ....ေလ်ာ့ၿပီး ေရတြက္မိမွာစိုးရိမ္မိလို႔ ကြၽန္ေတာ္ ျပန္တြက္လိုက္ဦးမယ္။" ခ်င္မ်န္ အျပဳံးေလးျဖင့္ သူမကို အလ်င္အျမန္ ရပ္တန္႔လိုက္သည္။
တု႐ွီ သူ႕လက္ကို ေဝွ႔ယမ္းလိုက္ၿပီး မ်က္ေမွာင္ၾကဳတ္ကာ "မင္းတို႔ေတြက ငါ့သားနဲ႔ေခြၽးမေတြပဲေလ။သုံးေလးျပားေလ်ာ့လိုက္လို႔ ငါက ဘယ္လိုလုပ္ၿပီး ထပ္လာ႐ွာပါ့မလဲ?ၿပီးေတာ့လည္း ငါ ဟင္းခ်က္ဖို႔ ျမန္ျမန္ဆန္ဆန္ လုပ္ရဦးမယ္"
ခ်င္မ်န္ မတုံ႔ျပန္ႏိုင္ခင္မွာ ေၾကးဒဂၤါးျပားေတြကို စုၿပီး သူ႕ရင္ခြင္ထဲ ထည့္လိုက္သည္။ထို႔ေနာက္ ထရပ္ၿပီး ပန္းကန္ကို ယူလိုက္သည္။ "မင္းတို႔အေဖ့ အရက္ေသာက္ေနရင္း ျမည္းဖို႔အတြက္ ငါ ဒါကိုယူသြားလိုက္မယ္။"
ထို႔ေနာက္ သူမေနာက္သို႔ တစ္စုံတစ္ေယာက္ လိုက္လာေနသကဲ့သို႔ လ်င္ျမန္စြာ ထြက္ခြာသြားခဲ့သည္။
က်ိဳး႐ွီႏွင့္ ခ်င္း႐ွီတို႔ကလည္း အလ်င္စလို လိုက္သြားၾကေတာ့သည္။
၎တို႔ကို အေဝးမွ လွမ္းၾကည့္ရင္း ခ်င္မ်န္ ေနာက္ဆုံးတြင္ မထိန္းႏိုင္ေတာ့ဘဲ အသံထြက္ ရယ္ေမာလိုက္မိေတာ့သည္။
“ဟားဟား........”
လဲ့ယ္ထ်ဲ သူ႕နံေဘးသို႔ လာကာ သူ႕ေခါင္းေလးကို ထိလိုက္၏။
ခ်င္မ်န္ သူ႕ကို လွည့္ၾကည့္လိုက္ၿပီး ျပဳံးေနသည့္အမူအရာကို ထိန္းထားႏိုင္ျခင္းမ႐ွိေတာ့ေပ။
"ယုံခ်င္ယုံမယုံခ်င္ေန!သူတို႔ ကြၽန္ေတာ္တို႔ကို အခ်ိန္အၾကာႀကီး ေကြ႕ပတ္ေ႐ွာင္ေနေတာ့မွာ ေသခ်ာတယ္။”
"ဗိုက္မဆာဘူးလား?" လဲ့ယ္ထ်ဲကို အသံတိုးတိုးျဖင့္ ေမးလိုက္သည္။ဟိုလူေတြ ေရာက္လာတာေလးအတြက္နဲ႔ စိတ္ဓာတ္မက်ေနဘူး။
“ကြၽန္ေတာ္ကေတာ့ ဗိုက္ဆာတယ္။ဟင္းသြား ေၾကာ္လိုက္ဦးမယ္"
ခ်င္မ်န္ သူ႕လက္ေတြကို အေၾကာဆန္႔လိုက္ၿပီး ပခုံးတြန္႔ျပရင္း အလုပ္ဆက္လုပ္ရန္ မီးဖိုေခ်ာင္သို႔ ခပ္သုတ္သုတ္ဝင္သြားခဲ့သည္။
ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔၏ဘဝသည္ နာၾကည္းစရာေတြယူလာတဲ့ အိမ္ေဟာင္းမွလူေတြ မ႐ွိေတာ့တာေၾကာင့္ ၿငိမ္သက္သြားျပန္သည္။
မ်ားမၾကာမီ ႐ြာမွလူအမ်ားစုသည္ အလုပ္မ်ားေသာကာလ ၿပီးသြားေလၿပီ။ခ်င္မ်န္ လဲ့ယ္ထ်ဲအား ေန႔ေကာင္းရက္ျမတ္ႏွင့္ အခ်ိန္ကို ေမးျမန္းရန္ တစ္စုံတစ္ဦးကို ႐ွာေဖြခိုင္းကာ ေဆာက္လုပ္ရန္ အခ်ိန္သတ္မွတ္ၿပီးသည္ႏွင့္ လက္လုပ္လက္စား အေယာက္ ၂၀ ကို ဌားရမ္းခဲ့သည္။
ခ်င္မ်န္ အဲဒီအတြက္လည္း ေမးျမန္းခဲ့ၿပီးၿပီ။အိမ္ေဆာက္တဲ့ လက္လုပ္လက္စားတစ္ေယာက္အတြက္ ပ်မ္းမွ်လစာက ဝမ္ ၂၅ ေလာက္႐ွိ၏။ခ်င္မ်န္ ေန႔လယ္စာ ဟင္းေလးမ်ိဳး အပါအဝင္ ဝမ္ ၂၀ ေပးရန္ စီစဥ္ထားသည္။အသားႏွစ္မ်ိဳးႏွင့္ ဟင္းသီးဟင္း႐ြက္ ႏွစ္မ်ိဳးေပါ့။
ေမးလာတဲ့အခါ လဲ့ယ္ထ်ဲက ဒါေတြကို ေသခ်ာ႐ွင္း႐ွင္းလင္းလင္းျဖစ္ေအာင္ လုပ္ေပးသည္။ေယဘူယ်အားျဖင့္ ေျပာရလွ်င္ ထိုအလုပ္သမားမ်ားသည္ တစ္႐ြာတည္းေန ႐ြာသားမ်ားျဖစ္ၾကကာ အိမ္တြင္ တစ္ေန႔လွ်င္ ထမင္းသုံးနပ္စားႏိုင္ၾကၿပီး ထမင္းေကြၽးရန္ မလိုအပ္ဘဲ လုပ္အားခအနည္းငယ္သာ ေပးေဆာင္ရမည္ျဖစ္သည္။ဒါေပမယ့္ ေန႔လည္စာကို အရသာ႐ွိ႐ွိစားေစတာက အိမ္ေဆာက္တဲ့ေနရာမွာ ပိုလုံ႔လစိုက္ထုတ္ေစၿပီး ထိေရာက္မႈ႐ွိေစမွာပဲ။သာမာန္အားျဖင့္ သူတို႔အိမ္မွာ ဒီေလာက္ေကာင္းတဲ့ ဟင္းကို မစားျဖစ္ၾကဘူးေလ။
ဖိတ္ၾကားထားခံရသူမ်ားမွာ အလြန္ဝမ္းသာသြားၾကသည္။လယ္ယာေျမေတြမွာ အလုပ္မ႐ွိတဲ့အခါ အဲဒီလယ္သမားေတြက ၿမိဳ႕တြင္း ဒါမွမဟုတ္ ခ႐ိုင္ကိုသြားၿပီး အလုပ္႐ွာၾကရေပမည္။
လစာက ေသခ်ာေပါက္ ေက်နပ္စရာေတာ့ ဘယ္ဟုတ္ပါ့မလဲ။
အခု ႐ြာမွာတင္ ဝင္ေငြ႐ွာႏိုင္ၿပီး ေန႔လည္စာထမင္းလည္း ေကာင္းေကာင္းစားႏိုင္တယ္၊ဘယ္သူက မလာခ်င္ဘဲေနပါ့မလဲ?
လဲ့ယ္ထ်ဲႏွင့္ ခ်င္မ်န္တို႔ရဲ႕ ပုတ္ခတ္ေျပာဆိုမႈ အတင္းအဖ်င္းသတင္းမ်ားနဲ႔ ပတ္သက္ၿပီးေတာ့ မည္သူကမ်ား ဂ႐ုစိုက္ေနေတာ့မလဲ? ပိုက္ဆံမ႐ွိရင္ ဘယ္သူက အသက္႐ွင္ႏိုင္မလဲေလ?
Advertisement
- In Serial35 Chapters
Sleeping Through the Apocalypse
Our 'valiant hero' Mark just finished a 72-hour VRMMO marathon and passed out as soon as he reached his goal. His rest is disturbed by patch notes, but he sleeps as the world he knows ends, and a terrifying game begins. Join Mark as he discovers the wonders and horrors of the new world that awaits him. This is 'realistic' and chaotic. There is cursing and gore. I do my best to imagine how a person would actually handle the apocalypse, and the answer is "not well."
8 164 - In Serial7 Chapters
Iciry's Light
A young boy must face the rising darkness of the High One, an ancient evil who, long ago, tried to enslave the world as a whole. Learning who he is through the forced teachings of his family, Damien must accept who he is to stop the rise of the Darkness.
8 116 - In Serial10 Chapters
God Slaying System
Issac was known to be one of the strongest players of Blue Sky City. During the initial stages of the start of The Heavenly Domain, he had already gained a lot of power and was going to become even stronger then the guild leader. But, he was betrayed by the guild leader as he feared he would be more powerful then himself and was killed until he got back to level 0. Heck, they even stripped him of his 'Sword of Heroes' that he got from completing the Diamond Ranked quest and took it away. After all that, he was banished from the guild left with nothing. Now, he could not even compete for being strong as he was. That was the time he found the God Slayer Temple. After this encounter, he was no longer the same as before. The main point is that I got the inspiration to write this novel by reading the novel “Reincarnation of The Strongest Sword God”. So, you may find some minor similarities but, well the story is completely different and the ideas are mine. So, enjoy reading my novel. This novel is also available on Webnovel under the same name. The updates on the novel are a bit faster there.
8 174 - In Serial11 Chapters
Darkness - Loki story ----- Finished!!
Well, this is my first Loki story, and I hope you guys like it. This story is about a childhood friend of both Thor and Loki. She grew up with them and is in love with someone else. Yet things change when Odin tells her that she has to make a choice...(Finished) This is one of my stories that I will be reposting do here thi. I do have this and other stories on other platforms.
8 188 - In Serial9 Chapters
Witch's Law
What's the secret of a girl who dreams of revenge on her father and stepmother? Dazzling beauty Soojin's sudden move to japan, her rise to stardom, and the unraveling of a three generation long family secret.
8 129 - In Serial36 Chapters
Daddy's feminine prince (kinda bXb)
Sam is 17 still in high school while Eric is 25 and is the boss of a big organization with construction!Eric is richSam is poorDDLBA little smutHalf way mature :PWhat will happen when these two boys cross paths?
8 102

