《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[37]
Advertisement
[Unicode]
037: မျက်နှာအရေထူလွန်းတယ်
အခန်းအပြင်ဘက်တွင် နောက်ထပ် အမျိုးသမီးအသံများစွာ ထွက်ပေါ်လာသဖြင့် ချင်မျန်သည် ပုံဆွဲနေရာမှ ခေါင်းကိုမော့ကာ တံခါးမဖွင့်မီ ခဲတံကို နယ်မြေထဲသို့ ပြန်ထည့်လိုက်သည်။
တုရှီ၊ ကျိုးရှီ နဲ့ ချင်းရှီတို့သည် မီးဖိုချောင်ရှေ့တွင် ခေါင်းကို မြင့်မြင့်မော့ထားကာ ရပ်နေကြသည်။လဲ့ယ်တာ့ပေါင်နှင့် လဲ့ယ်ရှောင်ပေါင်တို့သည်လည်း ကျိုးရှီ၏ခြေထောက်တွေကို ဆုပ်ကိုင်ထားကာ ရေဇလုံအတွင်းမှ မချက်ရသေးသည့် ရစ်ဌက်များကို ကြည့်ပြီး သွားရည်ယိုနေတော့သည်။လဲ့ယ်ရှင်းရှင်းသည်လည်း သူမလက်ချောင်းကို စုပ်ရင်း ချင်းရှီ၏လက်ကို ကိုင်ထားပြီး ထိုနေရာတွင် ရှိနေသည်။
မရီးကျန်းနဲ့ ဒေါ်လေးဝမ်တို့သည် ကိုးယိုးကားယား
ဖြင့် ထရပ်လိုက်ကာ ဒေါသတကြီးဖြင့် ရေစိုနေသည့်လက်တွေကို လက်သုတ်ဖြင့် သုတ်လိုက်ကြသည်။
ချင်မျန် သဘောပေါက်သွားပြီ။မရီးကျန်းနဲ့ဒေါ်လေးဝမ်တို့အနိုင်ကျင့်ခံခဲ့ရခြင်းဖြစ်ပေမည်။သူ အသံမြှင့်ပြီး ပြောလိုက်၏။ “အမေ၊ လောင်အာ့ဇနီးနဲ့ လောင်စန်းဇနီးတို့ ဘာလို့ ဒီကို ရောက်လာရတာလဲ?”
ကျိုးရှီက ပျံတံတံနန့်တန့်တန့်ဖြင့် ရယ်မောလိုက်သည်။ “လောင်တာ့ဇနီး ..ရှင် အလုပ်သမားတွေကို နေ့လယ်စာ ချက်မကျွေးချင်တော့ဘူးလား?ကျွန်မတို့က ထမင်းချက်ဖို့ လာကူပေးတာလေ။ဒါပေမယ့် ရှင်က တခြားလူတွေကို ခေါ်ထားမယ်လို့ ကျွန်မတို့ မမျှော်လင့်ထားဘူး။"
တုရှီ၏မျက်နှာက တင်းမာသွားသည်။ "လောင်တာ့ဇနီး...နင်က ငါနဲ့နင့်အဖေကို အလေးအနက်မထားတော့ဘူးလား?"
“ဟုတ်တယ်... ဆွေမျိုးတွေထက် အပြင်လူတွေကို ခေါ်နေတာက.......” ချင်းရှီက ရည်ရွယ်ချက်ရှိရှိ တစ်ဝက်တစ်ပျက်ပြောလိုက်သည်။
မရီးကျန်းနဲ့ ဒေါ်လေးဝမ်တို့က မျက်မှောင်ကြုတ်ရင်း တိတ်ဆိတ်နေခဲ့၏။အခုလေးတင်ပဲ တုရှီနဲ့ သူ့အပေါင်းအသင်းတွေရဲ့ ရိုင်းစိုင်းတဲ့စကားတွေက သူတို့နှစ်ယောက်ကို ဒေါသထွက်စေခဲ့သည်။သူမတို့ကို ချင်မျန် နဲ့ လဲ့ယ်ထျဲတို့က ခေါ်ထားခြင်းဖြစ်ပြီး သူတို့နဲ့ ဘာမှမသက်ဆိုင်ပေ။
တုရှီနဲ့ သူ့အပေါင်းအပါတွေက ဘာလို့ ဒီမှာ မာနကြီးကြီးနဲ့သူဌေးအထာတွေလို လာလုပ်နေရတာလဲ?
ချင်မျန် မရီးကျန်းနဲ့ဒေါ်လေးဝမ်ကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။မရီးကျန်းနဲ့ဒေါ်လေးဝမ်က သူတို့အဆင်ပြေကြောင်း အချက်ပြသည့်အနေဖြင့် ခေါင်းယမ်းပြလိုက်၏။
"အမေ၊ လောင်အာ့ဇနီးနဲ့ လောင်စန်းဇနီးတို့ နားလည်မှုလွဲနေပြီ။မရီးကျန်းနဲ့ ဒေါ်လေးဝမ်တို့ကို ထမင်းချက်ပေးဖို့အတွက် ငွေကြေးပေးရပါတယ်။ဟင်းချက်ဖို့အတွက် အမေတို့ကို ခေါ်ချင်ပေမယ့် ပိုက်ဆံ ပေးသင့်မပေးသင့် မစဥ်းစားတတ်လို့ပါ။မပေးရင်လည်း ဒုက္ခပေးရတဲ့အတွက် အားနာရမယ်။ပေးရင်လည်း အဲဒါက အရမ်းထူးဆန်းလွန်းပြီး မိသားစုနှစ်ခုကြားက ဆက်ဆံရေးကို ထိခိုက်စေမယ်။အမေ..ဘယ်လိုထင်လဲ?အများကြီးစဉ်းစားပြီးမှ အမေတို့ကို မခေါ်တော့တာပါ ဒါပေမယ့် အမေ၊ လောင်အာ့ဇနီးနဲ့ လောက်စန်းဇနီးတို့ကို အထင်လွဲသွားဖို့ မမျှော်လင့်ထားမိဘူး။ကျွန်တော် တကယ်တောင်းပန်ပါတယ်။"
တုရှီ၊ ကျိုးရှီနဲ့ချင်းရှီတို့သည် အချိန်အတော်ကြာ စကားပြန်မပြောနိုင်ခဲ့ကြပေ။တစ်နေ့စာ ထမင်းချက်ဖို့အတွက်နဲ့ သူတို့ရဲ့လစာက အဲဒီအလုပ်သမားတွေနဲ့ အတူတူပဲဆိုတာ သူတို့ သိလိုက်၏။ထမင်းတစ်နပ်စာအတွက် ဝမ် ၂၀ လောက်ရခဲ့တာပေါ့။အဲဒါက တော်တော်များတဲ့အပြင် နေ့လယ်စာကလည်း ပါသေးတယ်။ချင်မျန်က သူတို့ကို ထမင်းချက်ဖို့ ကူညီတောင်းမယ်ဆိုပါက အခကြေးငွေ မပေးရင် သူတို့ လုပ်ပေးဖို့ ဆန္ဒမရှိပေမယ့် ပေးရအောင်လည်း ဘယ်လိုလုပ်ပြီး တိုက်ရိုက်ပြောနိုင်ပါ့မလဲ?
မရီးကျန်းနဲ့ဒေါ်လေးဝမ်တို့သည် ထိုသုံးယောက်သား၏ မျက်နှာများ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသဖြင့် တိတ်တဆိတ် ရယ်မောကာ အလုပ်ရှုပ်စွာ နောက်လှည့်လိုက်ကြသည်။
"စောစောရောက်နေရင်လည်း ပျင်းနေမှာစိုးရိမ်မိလို့ပါ။နေ့လည်ထမင်းစားချိန်ကျမှ အမေတို့ကို ခေါ်လိုက်ပါ့မယ်" ချင်မျန် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ “အမေ ထမင်းစားဖို့ နှစ်နာရီကျော်လောက်လိုသေးတယ်။ဘာလို့ မထိုင်ကြတာလဲ? လက်ဖက်ရည်သောက်ပြီး ခဏလောက် စကားစမြည်ပြောကြတာပေါ့။မရီးကျန်းနဲ့ဒေါ်လေးဝမ်တို့ကို သူတို့ဘာသာသူတို့ မီးဖိုချောင်မှာ ကိုယ်တွယ်ကြပါစေ။”
မရီးကျန်းနဲ့ဒေါ်လေးဝမ်တို့ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြပြီး အလုပ်လုပ်ရန် မီးဖိုချောင်ကို သွားလိုက်ကြသည်။
တုရှီ၊ ကျိုးရှီနဲ့ချင်းရှီတို့သည် ချင်မျန်က သူတို့ကို "မျက်နှာသာ" မပေးဘဲ လျစ်လျူရှုခဲ့ခြင်းကြောင့် စိတ်ဆိုးခဲ့ကြသော်လည်း သူ့ရဲ့ ချို့ယွင်းချက်မရှိသည့်စကားလုံးတွေကို မချေပနိုင်ခဲ့ပေ။ထို့အပြင် သူတို့အားလုံး နေ့လည်စာစားရန် စောင့်မျှော်နေကြပြီး ယခုအချိန်တွင် ချင်မျန်နှင့် ငြင်းခုံနေရန် မလိုလားတော့ပေ။
သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ချင်မျန်ကို လျစ်လျူရှုပြီး လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောလျက် ခန်းမထဲက စားပွဲမှာ ဝင်ထိုင်လိုက်ကြသည်။
ချင်မျန် သူတို့ရဲ့ အရေခွံထူချက်ကိုကြည့်ပြီး တိတ်တဆိတ်ချီးကျူးလိုက်မိသည်။ဒုက္ခမပေးစေချင်ရင်တော့ မွန်းတည့်ချိန်မှာ တူအနည်းငယ်ထပ်ထည့်ရမယ့် ကိစ္စပဲလေ။
"မရီးကျန်းနဲ့ဒေါ်လေးဝမ်တို့နှစ်ယောက်ကို မီးဖိုချောင်မှာ အလုပ်ပိုစေမိတော့မယ်။"
“စိတ်မပူပါနဲ့။”
သူ့စကားတွင် အဓိပ္ပာယ်အများကြီးသက်ရောက်နေသည်ကိုသိတော့ မရီးကျန်းက တုရှီနှင့် သူ့အပေါင်းအပါတွေကို မသိမသာကြည့်ရင်း အပြုံးပီပီပြုံးကာ တုံ့ပြန်ခဲ့သည်။
"............"
ချင်မျန်လည်း ပြုံးကာ အိပ်ခန်းတံခါးကို အေးအေးဆေးဆေး သော့ခတ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ လက်ဖက်ရည်ပို့ရန် သွားခဲ့သည်။
တုရှီ၊ ကျိုးရှီနဲ့ ချင်းရှီတို့ သော့ခတ်ထားသည့်တံခါးကို စိုက်ကြည့်ရင်း သူတို့၏ရင်ဘတ်များ အသက်ရှူကျပ်သွားသလို ခံစားလိုက်ရသည်။သူတို့ တစ်ခုခုပြောချင်သော်လည်း ချင်မျန်က လျင်မြန်စွာ ထွက်ခွာသွားနှင့်ပြီ။ထိုနောက်ကျောပြင်ကိုကြည့်ရတာ အလွန်ပေါ့ပေါ့ပါးပါးနှင့် အေးအေးဆေးဆေးပင်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ လူတိုင်းက အရမ်းအလုပ်ကြိုးစားကြသည်။လက်များစွာဖြင့် လျင်မြန်စွာလုပ်နေကြသည်။လက်ရှိတွင် အောက်ခြေအုတ်ရိုးမှာ တူးပြီးလုနီးပါးဖြစ်နေပြီဖြစ်သည်။လဲ့ယ်ထျဲကတော့ လုပ်ရမယ့် သူ့အပိုင်းမပါပေ။သူ့အင်္ကျီကို ချွတ်ပြီး ဂေါ်ပြားကိုကိုင်ကာ တွင်းထဲရှိမြေများကို ဖယ်နေသည်။သန်မာတောင့်တင်းသည့်ကြွက်သားများက လက်နှစ်ဖက်လှုပ်ရှားသည့်အတိုင်း လှုပ်ရှားနေကာ ယောက်ျားပီသခြင်း၏ ခွန်အားအပြည့်အဝကိုပြသသလျက် ရှိနေ၏။
“လူတိုင်း အလုပ်ကြိုးစားနေကြတာပဲ။လက်ဖက်ရည် လာပို့ပါပြီ အားလုံး လာသောက်ကြပါဦး" ချင်မျန် ဝါးခြင်းတောင်းမှ အိုးနှင့် လက်ဖက်ရည်ခွက်များကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။
Advertisement
“ကောင်းပြီ။”
ပြန်ဖြေတဲ့လူက အနည်းငယ်သာ ရှိခဲ့သော်လည်း အလုပ်ပြန်မစခင် လက်ဖက်ရည်နှစ်ခွက်သောက်လိုက်ကြသည်။
ဝူတိရောက်လာတော့ ချင်မျန်ကို ပြုံးပြလိုက်သည်။သူကား အပြောအဆိုနည်းပါးသောအလုပ်သမားတစ်ဦးလည်း ဖြစ်သည်။လက်ဖက်ရည်သောက်ပြီးနောက် မြေကြီးကို ဆက်တူးနေ၏။
ချင်မျန်သည် တုရှီတိုအုပ်စု အိမ်မှာရောက်နေတာကြောင့် ပြန်သွားရန်မလိုလားသော်လည်း ဒီမှာနေပြန်တော့လည်း မည်သည့်အရာကိုမျှမကူညီနိုင်ပေ။သူ အုတ်ခဲအချို့ကို သစ်ပင်အောက်ရှိ အရိပ်သို့ရွှေ့ကာ သစ်ပင်,ပင်စည်နှင့် ယှဉ်ထိုင်ကာ အနည်းငယ် ငြီးငွေ့ပျင်းရိနေလေသည်။
ချင်မျန် အိမ်မပြန်ကြောင်း လဲ့ယ်ထျဲ သတိပြုမိလိုက်သည်။သူ ဂေါ်ပြားကိုချပြီး ခြေတံရှည်များကြောင့် အောက်ခြေအုတ်မြစ်တွင်းမှ အလွယ်တကူပင် အပေါ်သို့ လှမ်းနိုင်ခဲ့သည်။သူ စားပွဲသို့သွားကာ ရေတစ်ခွက်သောက်ပြီးနောက် ချင်မျန်ထံသို့ ဦးတည်လိုက်သည်။
"ဘာဖြစ်နေတာလဲ?"
“ဘာမှမဖြစ်ပါဘူး။”
ချင်မျန် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကြည့်လိုက်ပြီး အတင်းအားယူပြုံးကာ ပြောလိုက်သည်။
“ခင်ဗျား အဖေကို မတွေ့ဘူးနော်” လဲ့ယ်တာချန်က အနည်းငယ်နောက်ကျမည်ဟု သူထင်ခဲ့သော်လည်း သူဒီမှာရှိမနေဘူးလို့တော့ မထင်ခဲ့ပေ။
“အင်း။”
ချင်မျန် မျက်ခုံးပင့်လိုက်သည်။
ဒီ'အင်း' ကဘာလဲ?
"သူဘာတွေတွေးနေလဲဆိုတာကို နည်းနည်းတော့ သိချင်မိတယ်- သူ ချော့မော့ခံပြီး အသနားခံချင်တာပဲဖြစ်ဖြစ် သူနဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေးမကောင်းကြောင်း တခြားသူတွေ သိမှာကို ကြောက်နေတာများလား?"
လဲ့ယ်ညီအကို သုံးယောက်လုံး လာခဲ့ကြတာကိုမှ လဲ့ယ်တာ့ချန်က မလာနိုင်လောက်အောင် အလုပ်ရှုပ်နေတယ်ဆိုတာက လုံးဝမဖြစ်နိုင်ပေ။ချင်မျန်သည် သူ့အဖေဖြစ်သူကို ပြောခဲ့သောကြောင့် လဲ့ယ်ထျဲ စိတ်မချမ်းသာဖြစ်မည်ကို မတွေးခဲ့။ဤစကားများကို ပြောခဲ့သော်ငြား မသိစိတ်ကနေ လဲ့ယ်ထျဲက သူ့ဘက်တွင် ရှိနေလိမ့်မည်ဟု သူယုံကြည်ခဲ့သည်။
ရံဖန်ရံခါ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အလုပ်သမားများသည် တိတ်တဆိတ်ကြည့်ကာ နှစ်ယောက်သား ပေါင်းသင်းနေနိုင်ပုံကို အံ့သြနေကြသည်။
လဲ့ယ်ထျဲ စကားတစ်ခွန်းမှ မပြောပေ။သူ့ရဲ့အေးစက်သည့်အမူအရာမှာ လဲ့ယ်တာ့ချန် လာမည်ကို ဂရုမစိုက်ကြောင်း သိသာထင်ရှားစွာ ပြသလို့နေသည်။
ချင်မျန် သူ့အဖြေကို မကြားချင်တာကြောင့် ထပ်ဖြည့်ပြောလိုက်၏။ “ဒါက တရားဝင်စားပွဲတော့ မဟုတ်ဘူး။နေ့လည်စာစားတဲ့အချိန်ထိ မလာသေးရင် ထပ်ဖိတ်ဖို့မလိုဘူးထင်တယ်” သူ အနည်းငယ် လိမ္မာပါးနပ်စွာ ပြုံးလိုက်သည်။ရိုးရိုးသားသားပြောရရင် လဲ့ယ်တာ့ချန်ကို မြင်နေရတာကို သဘောမကျပေ။
လဲ့ယ်ထျဲ ခေါင်းညိတ်ပြပြီး "ကိုယ် အလုပ်သွားလုပ်တော့မယ်"
“သွားတော့လေ” ချင်မျန်က သူ့ကို လက်ပြနှုတ်ဆက်လိုက်သည်။
နေ့လည်စာစားချိန်ကို ညွှန်ပြနေသည့် နေမွန်းတည့်ချိန်အ္ရောက်မှ ချင်မျန် ပြန်သွားခဲ့သည်။ထမင်း အဆင်သင့်ဖြစ်နေပြီကိုမြင်တော့ လူကြီးတွေစားဖို့အတွက် သွားခေါ်ရန် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပြန်သွားရပြန်သည်။
အမျိုးသားများသည် အလုပ်နားလိုက်ကြပြီး စားပွဲကုလားထိုင်များကို လွယ်လွယ်ကူကူ သယ်လာကြကာ ရွာအနောက်ဘက်သို့ ကျယ်လောင်သောရယ်မောသံ
နှင့်အတူ ပြောကြဆိုကြရင်း လျှောက်လာခဲ့ကြသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
Advertisement
“စိတ်မပူပါနဲ့။”
"............"
“ကောင်းပြီ။”
"ဘာဖြစ်နေတာလဲ?"
“ဘာမှမဖြစ်ပါဘူး။”
“အင်း။”
ဒီ'အင်း' ကဘာလဲ?
Advertisement
- In Serial95 Chapters
Transcripts
Dr Uru'Nav Xant, Department Head of Research, has been detailing his interviews with the newly discovered 'Creator level' intelligent species 'Human'. The Subject of his study, Jasmine, displays many unique and interesting quirks, the most intriguing of which is the incredibly strong 'frequency' she is able to produce with the help of an implanted alien translator. Together the pair navigate their way through cultural misunderstandings, corporate politics, animal companionship and uncover the mysterious circumstances of the human's abduction. Combining memorable characters, exquisite world-building and an exhilarating pace, Transcripts is an emotional read that will have you ready to take on the universe!Transcripts was previously posted on Reddit and Patreon!
8 116 - In Serial11 Chapters
AutoDot
At the ripe old age of 12, Dorothy became a brand new Automata, synthetic beings with a living soul and memories of their previous life as an organic being. Join her on her slice-of-life adventures as she discovers what it's like to grow up as a robot that runs on magic in a world of Adventurers and dungeon explorers, and parents that can't quite get that she doesn't need food or sleep any more. AutoDot takes place in the same world as Automata Prime, but is set many years after the events of that series. This book is suitable for both kids and kids at heart that enjoy some crunchy LitRPG elements. I won't be releasing chapters on a schedule for this one, instead I'll be posting them as I write them with a target length of about 4500 words per chapter. [participant in the Royal Road Writathon challenge]
8 139 - In Serial71 Chapters
Charles the Greatest
Carl Hart, a terminally ill 17yo pro gamer whose career had just been derailed, living in a 22nd century world that is falling apart at the seams, finds a golden opportunity when full-dive technology finally hits the market and takes it by storm. The hotly anticipated fantasy adventure that comes with it, Immortal Frontier, promises to change people's dismal lives forever. Restricted to mature audience, this wondrous realm hides myriad deadly challenges that make the hearts of seasoned warriors palpitate. Undeterred by the obstacles of callous fate, Carl resolves to take them all on as his real body crumbles. But will he make it in time?
8 197 - In Serial6 Chapters
Helmschmied
When a mysterious game developer asks Zero and his friends to save a million people who are trapped inside a virtual world...they're over the moon...but they quickly realize that they have to save a lot more than a million people...they have to save all of humanity. [The Grand War Won't Be Delayed Another Century!]
8 70 - In Serial37 Chapters
Reign of the Dragons
The Brave and his sister originally just had three sons. But what if they have another child, a daughter? How would the timeline change if there was another member in House Targaryen during the reign of the Young King?Rights to the owners!
8 112 - In Serial6 Chapters
Newyears day 2018
Ano ba talaqa ang ibig sabihin ng new years day?Compulsory ba talaqa ito o Hindi?masaya ba ito o Hindi?just read my short story about my new years 2018. Story
8 139