《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[38]
Advertisement
[Unicode]
038: ဒေါသထွက်ရတယ်
လူနှစ်ဆယ်ကျော်ရှိနေသည့်အတွက် ပင်မခန်းမဆောင်တွင် နေရာမလုံလောက်သောကြောင့် အပြင်ဘက်တွင် စားပွဲလေးလုံး ထပ်ဆင်ထားရသည်။ဆောင်းဦးရဲ့ နေမင်းကြီးက ကောင်းကင်ထက်မှာ တောက်ပစွာ ရှိနေပေမယ့်လည်း နေရောင်အောက်မှာ နေပူစာလှုံနေတဲ့ ခန္ဓာကိုယ်တွေပေါ်မှာတော့ နွေးထွေးမှု မရှိလှပေ။
လဲ့ယ်ထျဲ ဧည့်သည်တွေကို နှုတ်ဆက်ကာ ထိုင်ခုံတွေဆီ ခေါ်သွားပေးပြီး ချင်မျန်ကတော့ မီးဖိုချောင်ထဲမှာ ဟင်းလျာတွေ ချပေးဖို့ ညွှန်ကြားနေသည်။ဒေါ်လေးဝမ်က ပူပူနွေးနွေးရှိနေဆဲဖြစ်သည့် မွှေးကြိုင်တဲ့ ပေါက်စီခြင်းတောင်းကို အားစိုက်မထုတ်ရဘဲ ရွှေ့လိုက်သည်။ချင်မျန်က မရီးကျန်းနဲ့အတူ စားပွဲပေါ်သို့ ပန်းကန်များ ချပေးနေပြီး တုရှီ၊ ကျိုးရှီနဲ့ ချင်းရှီတို့ကတော့ စားပွဲပေါ်တွင် အလွန်သက်တောင့်သက်သာရှိစွာဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရာ သူ့နှုတ်ခမ်းပေါ်တွင် လှောင်ပြောင်သည့်အပြုံးကို ဆွဲတင်လိုက်သည်။
မရီးကျန်းနဲ့ဒေါ်လေးဝမ်တို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်သလိုကြည့်ရင်း ခေါင်းခါလိုက်ကြသည်။လဲ့ယ်ထျဲ နှင့် ချင်မျန်တို့ ဒီမိသားစုနှင့် ခွဲနေခဲ့ရသည်မှာ အံ့သြစရာမဟုတ်ပေ။
ဧည့်သည်များသည် တုရှီနှင့် ထိုနှစ်ယောက်ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသော်လည်း ထိုသုံးယောက်မှာ လုံးဝ သတိမထားမိခဲ့ပေ။သူတို့မျက်လုံးများက ချင်မျန်၏လက်ထဲမှ ဟင်းပွဲများကိုသာ ကြည့်နေကြသည်။
စားပွဲတစ်ခုစီတွင် ဟင်းလေးမျိုးချပေးထား၏- အာလူးနဲ့ယုန်နှပ်၊ ရစ်ဌက်နဲ့မှိုနှပ်၊ ဒေစီရွက်ကြော် နှင့် ခရမ်းသီးကြော်ပင်။
ဟင်းပွဲတစ်ပွဲစီတိုင်းကို ဇလုံအသေးလေးတစ်လုံးစီတွင် ထည့်ထားပေးပြီး လူတွေရဲ့အကြည့်တွေကို မလွှဲနိုင်လောက်အောင် ပြင်းထန်တဲ့ အသားအနံ့တို့ဖြင့် ခင်းကျင်းထား၏။
“အားလုံးပဲ အခမ်းအနားတွေမှာလို ရပ်နေစရာမလိုပါဘူး” လဲ့ယ်ထျဲ မတ်တပ်ရပ်လိုက်ပြီး စကားအနည်းငယ်ပြောကာ ပြန်ထိုင်လိုက်သည်။
လူတိုင်းက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်ကြသည်။ "ဒါဆိုလည်း ယဥ်ကျေးမနေတော့ဘူးကွာ.."
သူတို့ရဲ့စိတ်ထဲမှာတော့ လဲ့ယ်ထျဲနဲ့ချင်မျန်တို့က ရိုးသားတဲ့သူတွေလို့ မှတ်ယူသွားကြ၏။အသားဟင်း နှစ်မျိုးလုံးတွင် ပါဝင်သည့်အသားပမာဏမှာ လုံလောက်စွာ ပါဝင်၏။ဧည့်သည်များကို ဧည့်ခံ ကျွေးမွေးသည့် ကပ်စေးနည်းကော်တရာတွေနဲ့ မတူစွာ အသားဟင်းလျာများတွင် အသားသည် အများစုပါဝင်ကာ အသီးအရွက်များက အနည်းအကျဉ်းသာ ပါဝင်သည်။
ချင်မျန် ပြောလိုက်၏။ "ပေါက်စီတွေ ရပါပြီ။လူတိုင်း စိတ်ကြိုက် လာယူလို့ရပါတယ်နော်။စိတ်မသက်မသာ ဖြစ်မှာစိုးလို့ ကျွန်တော် တစ်ယောက်ချင်းစီ ထည့်မပေးတော့ပါဘူး"
ကျန်းတရွှေက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ "လဲ့ယ်ထျဲဇနီး....ငါတို့ အားမနာတတ်ဘူးဆိုတာ စိတ်ချထားလိုက်တော့"
တုရှီသည် အရိုးမပါတဲ့ အသားပိုင်းအကြီးကြီးကို သူ့ပန်ကန်လုံးထဲကို ထည့်ပြီးနောက် သူ စားနေရင်း တခြားသူများထက် လက်နှေးသွားမည်ကို စိုးရိမ်မိတာကြောင့် ယုန်သားနောက်တစ်ပိုင်းကို ထပ်ယူလိုက်သည်။သူမ ချင်မျန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ "လောင်တာ့ဇနီး....မင်းတို့အဖေ သွားခေါ်လိုက်”
ဧည့်သည်တွေက ငြိမ်သွားပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြ၏။ဤမျှအရေးကြီးသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် နံနက်ခင်းတစ်ခုလုံး လဲ့ယ်တာချန် မရှိသည်ကို မည်သူကများ
သတိမထားမိဘဲ နေပါ့မလဲ?
ဝူတိက စိတ်ထဲကနေ လှောင်ရယ်နေကာ ချင်မျန်ကို စူးစူးစိုက်စိုက်ကြည့်ရင်း သူဘယ်လိုပြန်ဖြေမလဲကို သိချင်လာမိသည်။
ချင်မျန်က အေးဆေးတည်ငြိမ်စွာဖြင့် “အမေ...အဖေက ကျွန်တော်နဲ့ ထျဲကောအပေါ်မှာ အမြဲတမ်းသဘောကောင်းပြီး ကျွန်တော်တို့ကလည်း ဒါကို စိတ်ထဲမှာမှတ်ယူထားပါတယ်။သူ မလာနိုင်သေးလို့ အိမ်မှာ အနားယူနေတာဖြစ်နိုင်တယ်။ဒီရက်ပိုင်းမှာလည်း အရမ်းအေးတယ်လေ၊သတိမထားရင် အအေးမိလွယ်လိမ့်မယ်။လေအေးတွေကိုရှောင်ရအောင် အဖေ့ကို ဒီကိုလာဖို့ မတောင်းဆိုသင့်ဘူးထင်တယ်။ဒါပေမယ့် စိတ်မပူပါနဲ့ ကျွန်တော် သူနဲ့ညီမလေးအတွက် စားစရာတွေချန်ထားပေးပါ့မယ်။အမေတို့ အိမ်ပြန်တဲ့အခါ ယူသွားလိုက်ပါ။နောက်မှ ထျဲကောနဲ့အတူ တွေ့ဖို့ လာခဲ့ပါဦးမယ်"
တုရှီသည် တဆတ်ဆတ်တုန်ကာ ချင်မျန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
မရီးကျန်းနဲ့ဒေါ်လေးဝမ်တို့နှစ်ယောက်စလုံး မျက်လုံးထဲမှာ အပြုံးရိပ်တွေ ကျန်နေခဲ့တော့သည်။ချင်မျန်က တုရှီကို ရပ်တန့်ရန် စကားလုံးများကို အသုံးပြုခဲ့တာကြောင့် သူတို့ရဲ့ယားယံမှုတွေ ပြေပျောက်သွားသည်ဟု ခံစားခဲ့ရသည်။
လဲ့ယ်ရှန်းရီ နှင့် လဲ့ယ်ရှန်းလီတို့မှာ ရှက်စိတ်ဖြင့် ခေါင်းငုံ့ထားမိကြသည်။တကယ်တော့ လဲ့ယ်တာချန် မလာရတဲ့အကြောင်းကို သူတို့ အတိအကျသိကြ၏။စိတ်ထဲမှာတော့ သူတို့ လဲ့ယ်တာချန်ကို အပြစ်တင်နေမိသည်။ 'ဆရာကြီးလုပ်ချင်ရင်တောင် အချိန်ကောင်းကို ကြည့်ရမှာပေါ့'
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကူကယ်ရာမဲ့ဖြစ်နေကြတော့၏။
ချင်မျန် တုရှီ၏စူးစူးစိုက်စိုက်ကြည့်နေသည်ကို သတိမထားမိသလို ပြုမူကာ မရီးကျန်းနဲ့ဒေါ်လေးဝမ်တို့ကို အသစ်စက်စက် လေးထောင့်စားပွဲတစ်ခုသို့ ခေါ်ဆောင်သွားပြီး "မရီးကျန်းနဲ့ဒေါ်လေးဝမ်တို့ စိတ်မရှိဘူးဆိုရင် ဒီမှာ ထိုင်လို့ရတယ်။နည်းနည်းတော့ တိတ်ဆိတ်သွားပါလိမ့်မယ်"
အနှီစတုရန်းစားပွဲငယ်လေးသည် လဲ့ယ်ထျဲ လုပ်ပေးထားသည့်လှည်းမှ သစ်သားအပိုများဖြင့်ပြုလုပ်ထားပြီး ၎င်းမှာ အများကြီးပိုနေသည်လည်းမဟုတ်ပေ။ထို့ကြောင့် လဲ့ယ်ထျဲက ၎င်းကို စတုရန်းပုံစားပွဲငယ်တစ်ခု ပြုလုပ်ရန် အသုံးပြုခဲ့၏။
ထုံးစံအတိုင်း မရီးကျန်းနဲ့ဒေါ်လေးဝမ်တို့က သူဘာကိုဆိုလိုသလဲဆိုတာကို သိတဲ့အတွက် သူတို့နှစ်ယောက်လုံး စိတ်သက်သာရာရသွားကြသည်။သူတို့ တုရှီနှင့် သူ့အပေါင်းအပါတစ်သိုက်ကြားတွင် မထိုင်ချင်ကြပေ။
ပြောရရင် သူတို့တွေက တစ်ရွာတည်းနေ တစ်ရေတည်းသောက်နေတဲ့သူတွေပဲလေ။တုရှီနဲ့ သူ့အပေါင်းအပါတစ်သိုက်အကြောင်းကို ဘယ်သူက မသိဘဲနေမှာလဲ?ဒါ့အပြင် သူတို့နှစ်ဦးကို ပြသာနာရှာခဲ့သေးတာမို့ ထပ်ပြီး ပြသာနာမတက်စေချင်တာ
ကြောင့် တုရှီနှင့် မထိုင်ချင်ပေ။
အတွင်းစိတ်ထဲမှာ ပျော်ရွှင်မြူးတူးပြီး ချင်မျန်ကို ဘယ်လိုများ အပြစ်တင်ရတာလဲ?ချင်မျန်ကိုလည်း သူတို့ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့တာပဲလေ။စားပွဲအသေးလေးဆိုပေမယ့်လည်း သူတို့စားဖို့ လုံလောက်တဲ့ ပမာဏနဲ့ စားပွဲပေါ်မှာ ဟင်းလေးမျိုးလည်း ရှိနေသေး၏။
“အဲ့လို မပြောပါနဲ့။ငါတို့နှစ်ယောက်အတွက် ဒီစားပွဲကို သီးသန့်ပေးတာနဲ့တင် အရမ်းကျေးဇူးတင်ပါတယ်။” ရိုးသားပြီး ရက်ရောတတ်တဲ့ ဒေါ်လေးဝမ်က ရွှင်မြူးစွာ ပြောလိုက်သည်။
Advertisement
မရီးကျန်းကလည်း ထပ်ခါတလဲလဲ သဘောတူခဲ့သည်။
"လဲ့ယ်ထျဲဇနီး.....အလုပ်ရှုပ်မခံနဲ့တော့။ထမင်းသွားစားလေ။ ”
ချင်မျန် ပစ္စည်းများကို စနစ်တကျ စီစဉ်ပြီးနောက် သူသည်လည်း လဲ့ယ်ထျဲနံဘေးတွင် ဝင်ထိုင်လိုက်သည်။သူ့ရှေ့က ပန်းကန်လုံးအလွတ်မှာ သူ့အတွက် ဟင်းတွေဖြင့် ပြည့်နေပြီ။သူစားရန် တူကို ကောက်ကိုင်လိုက်ရင်း လဲ့ယ်ထျဲကို ပြုံးပြလိုက်သည်။
တုရှီနဲ့ အဆင်မပြေဖြစ်ခဲ့သော်လည်း ကျန်းတရွှေ၊ လဲ့ယ်ရှန်းရီ၊ လဲ့ယ်ရှန်းလီနဲ့ ဝူတိတို့၏သွက်လက်လှသောစကားများဖြင့် တင်းကျပ်နေသည့်လေထုမှာ မကြာမီပင် ပြေလျော့သွားကြသည်။လူတွေက လွတ်လွတ်လပ်လပ် အရွှန်းဖောက်ပြီး စကားစမြည်ပြောကြကုန်၏။
ဒေစီရွက်ကြော်နှင့် ခရမ်းသီးကြော်တို့က ဟင်းသီးဟင်းရွက်ဟင်းလျာများဖြစ်ပေမယ့်လည်း ဝက်ဆီဖြင့် မွှေကြော်ထားသောကြောင့် အရသာမှာ အကောင်းမွန်ဆုံးအထိဖြစ်နေသည်။ထမင်းစားပြီးနောက် စားပွဲလေးလုံးပေါ်၌ စားကြွင်းစားကျန်ဆိုတာ မကျန်ရှိသလောက်ပင်။အားလုံးက အစားအသောက်တွေကို ကျေနပ်ကြပြီး အချိန်မနှောင့်နှေးချင်ကြဘူး။ခေတ္တအနားယူပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ပြန်သွားကြသည်။
တုရှီ၊ ကျိုးရှီနဲ့ ချင်းရှီတို့က သန့်ရှင်းရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ကို စကားပင်မဟဘဲ လဲ့ယ်တာချန်နှင့် လဲ့ယ်ချွင်းထောင်တို့အတွက် ဖယ်ထားသည့် ဟင်းတွေကိုယူ၍ ပြန်သွားလေသည်။မရီးကျန်းနဲ့ဒေါ်လေးဝမ်တို့က ပန်းကန်များကိုဆေးကြောပြီးနောက် မီးဖိုချောင်ကိုပါ သပ်ရပ်စွာ ပြန်၍ သန့်ရှင်းပေးခဲ့၏။
မရီးကျန်းက ပြောလိုက်သည်။ “လဲ့ယ်ထျဲဇနီး...ဒီမှာလုပ်စရာမရှိတော့ရင် အမတို့ပြန်သွားတော့မယ်နော်။မနက်ဖြန်မနက်မှ ပြန်လာခဲ့မယ်။"
ချင်မျန်သည် ပန်းကန်နှစ်လုံးကို ကိုင်လာရင်း ပြုံးလျက် ပြောလိုက်သည်။
"မရီးကျန်းနဲ့ဒေါ်လေးဝမ်တို့ ဒီနေ့ အလုပ်ကြိုးစားခဲ့တာပဲ။ဒါတွေက စားပွဲအသေးဝိုင်းက မစားရသေးတဲ့ အစားအစာတွေပါ။အကယ်၍ စိတ်မရှိဘူးဆိုရင် ပြန်ရင်ယူသွားလိုက်ပါ။ထျဲကောနဲ့ ကျွန်တော်တို့နှစ်ယောက်လုံးအတွက် စားစရာတွေက အများကြီးကျန်နေသေးတော့ ညနေကျရင် မကုန်ဘဲ နေလိမ့်မယ်"
လယ်သမားမိသားစုတွေက သိပ်ပြီးတော့ ချေးမများကြပေ။စားစရာအကျန်တွေဆိုရင်တောင် ဒါ စားလို့ကောင်းတဲ့ အစားအသောက်တွေပင်။မရီးကျန်းနဲ့ဒေါ်လေးဝမ်တို့က ဝမ်းသာအားရ လက်ခံပြီး သူ့ကို ကျေးဇူးတင်စကားဆိုကာ အတူထွက်ခွာသွားခဲ့သည်။တုရှီ၊ ကျိုးရှီနဲ့ ချင်းရှီတို့ ဒီနေ့ ပြုလုပ်ခဲ့သည့်ကိစ္စတွေအကြောင်းပြန်ပြောရင်း လမ်းလျှောက်လာကာ သူတို့အပေါ် သဘောမကျမှုတွေက ပို၍ပင် တိုးလာခဲ့သည်။
မရီးကျန်းက ထေ့ငေါ့ပြောဆိုလိုက်သည်။ “ပုံမှန်အားဖြင့် သူတို့အိမ်မှာ ဒီလိုလုပ်တာက ပြဿနာမဟုတ်ဘူး။ဒီနေ့မှာ လူတွေအများကြီးရောက်နေကြတာကို တုရှီနဲ့ သူ့ချွေးမနှစ်ယောက်က ဒီလိုမျိုး လုပ်နေသေးတယ်။တကယ် လူတွေကို တကယ်ကြည့်မရအောင်လို့...”
"ဘယ်သူက လက်မခံတာလဲ,ဟွန့်?။သူတို့မိသားစုရဲ့ စတုတ္ထမြောက်သားက အခုချိန်ထိ လက်မထပ်ရသေးဘူး။တုရှီက သူမရဲ့နာမည်ဆိုးကြောင့် ဘယ်မိန်းကလေးမှ သူတို့မိသားစုရဲ့ချွေးမ မဖြစ်ချင်တော့မှာကို မစိုးရိမ်ဘူးလား?" ဒေါ်လေးဝမ်က ထောက်ခံလိုက်၏။
"ဟီးဟီး....." မရီးကျန်းက ပါးစပ်ကိုအုပ်ကာ ရယ်မောရင်း “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မမှာသာ သမီးတစ်ယောက်ရှိရင် သူတို့မိသားစုနဲ့ဘယ်တော့မှ လက်ထပ်ခိုင်းမှာမဟုတ်ဘူး။ဒီနေ့ နေ့လည်စာ စားတုန်းကလည်း ကျိုးရှီရဲ့ ပုံစံကို တွေ့လိုက်တယ်မလား!သူ့မမှာ ပါးစပ်နှစ်ပေါက်ရှိနေသလား မှတ်ရတယ်"
သူတို့နှစ်ယောက် အဝေးကို ထွက်သွားကြသော်လည်း ချင်မျန်၏အကြားအာရုံကောင်းမွန်မှုကို မတားဆီးနိုင်ပေ။ ကြည်လင်ပြတ်သားပြီး ရယ်မောသံများကို ကြားလိုက်ရ၏။တုရှီနှင့်သူ့အပေါင်းအပါတစ်သိုက်ကို ဖယ်ထုတ်ရန် နည်းလမ်းကို တွေးတောနေမိသည်။
သူတို့က ကူလုပ်ပေးချင်စိတ်လေးတောင်ရှိကြတာမဟုတ်ဘူး။ဘာလို့များ အလကားစားခွင့် ပေးရမှာလဲ?
အိမ်ဆောက်ပြီးဖို့ဆိုရင် လဝက်လောက် အချိန်ယူရတာ။နေ့တိုင်း နေ့လယ်စာစားဖို့ လာကြမှာတော့မဟုတ်ဘူးမလား?တခြားလူတွေကို အခွင့်ကောင်းယူခွင့်ပေးဖို့က ကြီးကြီးမားမားကိစ္စမဟုတ်ပေမယ့် သူ မကြိုက်တဲ့လူတွေက အခွင့်ကောင်းယူမှာကိုတော့ သူ ဘယ်လောက်ပဲ တွေးတွေး ဒေါသထွက်ရတယ်။
သို့သော်လည်း အရေထူလွန်းတဲ့ ဒီလူသုံးယောက်ကို လာခွင့်မပြုပါက ဘာလုပ်လာမည်မှန်း သူမသိတာကြောင့် အကြံအစည်ကို စွန့်လွှတ်လိုက်သည်။
ကောင်းပြီ...ဒီကိစ္စကို ခဏလောက် အသာထားလိုက်တော့မယ်။အိမ်ဆောက်ပြီးရင်တော့ သူတို့မိသားစု နောက်တစ်ကြိမ် ထပ်ပြီး အခွင့်ကောင်းယူဖို့ဆိုတာ မလွယ်တော့ပါဘူး။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
038: ေဒါသထြက္ရတယ္
လူႏွစ္ဆယ္ေက်ာ္႐ွိေနသည့္အတြက္ ပင္မခန္းမေဆာင္တြင္ ေနရာမလုံေလာက္ေသာေၾကာင့္ အျပင္ဘက္တြင္ စားပြဲေလးလုံး ထပ္ဆင္ထားရသည္။ေဆာင္းဦးရဲ႕ ေနမင္းႀကီးက ေကာင္းကင္ထက္မွာ ေတာက္ပစြာ ႐ွိေနေပမယ့္လည္း ေနေရာင္ေအာက္မွာ ေနပူစာလႈံေနတဲ့ ခႏၶာကိုယ္ေတြေပၚမွာေတာ့ ေႏြးေထြးမႈ မ႐ွိလွေပ။
လဲ့ယ္ထ်ဲ ဧည့္သည္ေတြကို ႏႈတ္ဆက္ကာ ထိုင္ခုံေတြဆီ ေခၚသြားေပးၿပီး ခ်င္မ်န္ကေတာ့ မီးဖိုေခ်ာင္ထဲမွာ ဟင္းလ်ာေတြ ခ်ေပးဖို႔ ၫႊန္ၾကားေနသည္။ေဒၚေလးဝမ္က ပူပူေႏြးေႏြး႐ွိေနဆဲျဖစ္သည့္ ေမႊးႀကိဳင္တဲ့ ေပါက္စီျခင္းေတာင္းကို အားစိုက္မထုတ္ရဘဲ ေ႐ႊ႕လိုက္သည္။ခ်င္မ်န္က မရီးက်န္းနဲ႔အတူ စားပြဲေပၚသို႔ ပန္းကန္မ်ား ခ်ေပးေနၿပီး တု႐ွီ၊ က်ိဳး႐ွီနဲ႔ ခ်င္း႐ွီတို႔ကေတာ့ စားပြဲေပၚတြင္ အလြန္သက္ေတာင့္သက္သာ႐ွိစြာျဖင့္ ထိုင္ေနသည္ကို ေတြ႕လိုက္ရာ သူ႕ႏႈတ္ခမ္းေပၚတြင္ ေလွာင္ေျပာင္သည့္အျပဳံးကို ဆြဲတင္လိုက္သည္။
မရီးက်န္းနဲ႔ေဒၚေလးဝမ္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ပ်က္သလိုၾကည့္ရင္း ေခါင္းခါလိုက္ၾကသည္။လဲ့ယ္ထ်ဲ ႏွင့္ ခ်င္မ်န္တို႔ ဒီမိသားစုႏွင့္ ခြဲေနခဲ့ရသည္မွာ အံ့ၾသစရာမဟုတ္ေပ။
ဧည့္သည္မ်ားသည္ တု႐ွီႏွင့္ ထိုႏွစ္ေယာက္ကို ထူးဆန္းေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနၾကေသာ္လည္း ထိုသုံးေယာက္မွာ လုံးဝ သတိမထားမိခဲ့ေပ။သူတို႔မ်က္လုံးမ်ားက ခ်င္မ်န္၏လက္ထဲမွ ဟင္းပြဲမ်ားကိုသာ ၾကည့္ေနၾကသည္။
စားပြဲတစ္ခုစီတြင္ ဟင္းေလးမ်ိဳးခ်ေပးထား၏- အာလူးနဲ႔ယုန္ႏွပ္၊ ရစ္ဌက္နဲ႔မိႈႏွပ္၊ ေဒစီ႐ြက္ေၾကာ္ ႏွင့္ ခရမ္းသီးေၾကာ္ပင္။
ဟင္းပြဲတစ္ပြဲစီတိုင္းကို ဇလုံအေသးေလးတစ္လုံးစီတြင္ ထည့္ထားေပးၿပီး လူေတြရဲ႕အၾကည့္ေတြကို မလႊဲႏိုင္ေလာက္ေအာင္ ျပင္းထန္တဲ့ အသားအနံ႔တို႔ျဖင့္ ခင္းက်င္းထား၏။
“အားလုံးပဲ အခမ္းအနားေတြမွာလို ရပ္ေနစရာမလိုပါဘူး” လဲ့ယ္ထ်ဲ မတ္တပ္ရပ္လိုက္ၿပီး စကားအနည္းငယ္ေျပာကာ ျပန္ထိုင္လိုက္သည္။
လူတိုင္းက ျပဳံးျပဳံး႐ႊင္႐ႊင္နဲ႔ ေျပာလိုက္ၾကသည္။ "ဒါဆိုလည္း ယဥ္ေက်းမေနေတာ့ဘူးကြာ.."
သူတို႔ရဲ႕စိတ္ထဲမွာေတာ့ လဲ့ယ္ထ်ဲနဲ႔ခ်င္မ်န္တို႔က ႐ိုးသားတဲ့သူေတြလို႔ မွတ္ယူသြားၾက၏။အသားဟင္း ႏွစ္မ်ိဳးလုံးတြင္ ပါဝင္သည့္အသားပမာဏမွာ လုံေလာက္စြာ ပါဝင္၏။ဧည့္သည္မ်ားကို ဧည့္ခံ ေကြၽးေမြးသည့္ ကပ္ေစးနည္းေကာ္တရာေတြနဲ႔ မတူစြာ အသားဟင္းလ်ာမ်ားတြင္ အသားသည္ အမ်ားစုပါဝင္ကာ အသီးအ႐ြက္မ်ားက အနည္းအက်ဥ္းသာ ပါဝင္သည္။
Advertisement
ခ်င္မ်န္ ေျပာလိုက္၏။ "ေပါက္စီေတြ ရပါၿပီ။လူတိုင္း စိတ္ႀကိဳက္ လာယူလို႔ရပါတယ္ေနာ္။စိတ္မသက္မသာ ျဖစ္မွာစိုးလို႔ ကြၽန္ေတာ္ တစ္ေယာက္ခ်င္းစီ ထည့္မေပးေတာ့ပါဘူး"
က်န္းတေ႐ႊက အသံက်ယ္က်ယ္ျဖင့္ ေအာ္ေျပာလိုက္သည္။ "လဲ့ယ္ထ်ဲဇနီး....ငါတို႔ အားမနာတတ္ဘူးဆိုတာ စိတ္ခ်ထားလိုက္ေတာ့"
တု႐ွီသည္ အ႐ိုးမပါတဲ့ အသားပိုင္းအႀကီးႀကီးကို သူ႕ပန္ကန္လုံးထဲကို ထည့္ၿပီးေနာက္ သူ စားေနရင္း တျခားသူမ်ားထက္ လက္ေႏွးသြားမည္ကို စိုးရိမ္မိတာေၾကာင့္ ယုန္သားေနာက္တစ္ပိုင္းကို ထပ္ယူလိုက္သည္။သူမ ခ်င္မ်န္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေျပာလိုက္၏။ "ေလာင္တာ့ဇနီး....မင္းတို႔အေဖ သြားေခၚလိုက္”
ဧည့္သည္ေတြက ၿငိမ္သြားၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ၾကည့္ေနၾက၏။ဤမွ်အေရးႀကီးသည့္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ နံနက္ခင္းတစ္ခုလုံး လဲ့ယ္တာခ်န္ မ႐ွိသည္ကို မည္သူကမ်ား
သတိမထားမိဘဲ ေနပါ့မလဲ?
ဝူတိက စိတ္ထဲကေန ေလွာင္ရယ္ေနကာ ခ်င္မ်န္ကို စူးစူးစိုက္စိုက္ၾကည့္ရင္း သူဘယ္လိုျပန္ေျဖမလဲကို သိခ်င္လာမိသည္။
ခ်င္မ်န္က ေအးေဆးတည္ၿငိမ္စြာျဖင့္ “အေမ...အေဖက ကြၽန္ေတာ္နဲ႔ ထ်ဲေကာအေပၚမွာ အၿမဲတမ္းသေဘာေကာင္းၿပီး ကြၽန္ေတာ္တို႔ကလည္း ဒါကို စိတ္ထဲမွာမွတ္ယူထားပါတယ္။သူ မလာႏိုင္ေသးလို႔ အိမ္မွာ အနားယူေနတာျဖစ္ႏိုင္တယ္။ဒီရက္ပိုင္းမွာလည္း အရမ္းေအးတယ္ေလ၊သတိမထားရင္ အေအးမိလြယ္လိမ့္မယ္။ေလေအးေတြကိုေ႐ွာင္ရေအာင္ အေဖ့ကို ဒီကိုလာဖို႔ မေတာင္းဆိုသင့္ဘူးထင္တယ္။ဒါေပမယ့္ စိတ္မပူပါနဲ႔ ကြၽန္ေတာ္ သူနဲ႔ညီမေလးအတြက္ စားစရာေတြခ်န္ထားေပးပါ့မယ္။အေမတို႔ အိမ္ျပန္တဲ့အခါ ယူသြားလိုက္ပါ။ေနာက္မွ ထ်ဲေကာနဲ႔အတူ ေတြ႕ဖို႔ လာခဲ့ပါဦးမယ္"
တု႐ွီသည္ တဆတ္ဆတ္တုန္ကာ ခ်င္မ်န္ကို ေအးစက္စြာ စိုက္ၾကည့္ေနသည္။
မရီးက်န္းနဲ႔ေဒၚေလးဝမ္တို႔ႏွစ္ေယာက္စလုံး မ်က္လုံးထဲမွာ အျပဳံးရိပ္ေတြ က်န္ေနခဲ့ေတာ့သည္။ခ်င္မ်န္က တု႐ွီကို ရပ္တန္႔ရန္ စကားလုံးမ်ားကို အသုံးျပဳခဲ့တာေၾကာင့္ သူတို႔ရဲ႕ယားယံမႈေတြ ေျပေပ်ာက္သြားသည္ဟု ခံစားခဲ့ရသည္။
လဲ့ယ္႐ွန္းရီ ႏွင့္ လဲ့ယ္႐ွန္းလီတို႔မွာ ႐ွက္စိတ္ျဖင့္ ေခါင္းငုံ႔ထားမိၾကသည္။တကယ္ေတာ့ လဲ့ယ္တာခ်န္ မလာရတဲ့အေၾကာင္းကို သူတို႔ အတိအက်သိၾက၏။စိတ္ထဲမွာေတာ့ သူတို႔ လဲ့ယ္တာခ်န္ကို အျပစ္တင္ေနမိသည္။ 'ဆရာႀကီးလုပ္ခ်င္ရင္ေတာင္ အခ်ိန္ေကာင္းကို ၾကည့္ရမွာေပါ့'
ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ ကူကယ္ရာမဲ့ျဖစ္ေနၾကေတာ့၏။
ခ်င္မ်န္ တု႐ွီ၏စူးစူးစိုက္စိုက္ၾကည့္ေနသည္ကို သတိမထားမိသလို ျပဳမူကာ မရီးက်န္းနဲ႔ေဒၚေလးဝမ္တို႔ကို အသစ္စက္စက္ ေလးေထာင့္စားပြဲတစ္ခုသို႔ ေခၚေဆာင္သြားၿပီး "မရီးက်န္းနဲ႔ေဒၚေလးဝမ္တို႔ စိတ္မ႐ွိဘူးဆိုရင္ ဒီမွာ ထိုင္လို႔ရတယ္။နည္းနည္းေတာ့ တိတ္ဆိတ္သြားပါလိမ့္မယ္"
အႏွီစတုရန္းစားပြဲငယ္ေလးသည္ လဲ့ယ္ထ်ဲ လုပ္ေပးထားသည့္လွည္းမွ သစ္သားအပိုမ်ားျဖင့္ျပဳလုပ္ထားၿပီး ၎မွာ အမ်ားႀကီးပိုေနသည္လည္းမဟုတ္ေပ။ထို႔ေၾကာင့္ လဲ့ယ္ထ်ဲက ၎ကို စတုရန္းပုံစားပြဲငယ္တစ္ခု ျပဳလုပ္ရန္ အသုံးျပဳခဲ့၏။
ထုံးစံအတိုင္း မရီးက်န္းနဲ႔ေဒၚေလးဝမ္တို႔က သူဘာကိုဆိုလိုသလဲဆိုတာကို သိတဲ့အတြက္ သူတို႔ႏွစ္ေယာက္လုံး စိတ္သက္သာရာရသြားၾကသည္။သူတို႔ တု႐ွီႏွင့္ သူ႕အေပါင္းအပါတစ္သိုက္ၾကားတြင္ မထိုင္ခ်င္ၾကေပ။
ေျပာရရင္ သူတို႔ေတြက တစ္႐ြာတည္းေန တစ္ေရတည္းေသာက္ေနတဲ့သူေတြပဲေလ။တု႐ွီနဲ႔ သူ႕အေပါင္းအပါတစ္သိုက္အေၾကာင္းကို ဘယ္သူက မသိဘဲေနမွာလဲ?ဒါ့အျပင္ သူတို႔ႏွစ္ဦးကို ျပသာနာ႐ွာခဲ့ေသးတာမို႔ ထပ္ၿပီး ျပသာနာမတက္ေစခ်င္တာ
ေၾကာင့္ တု႐ွီႏွင့္ မထိုင္ခ်င္ေပ။
အတြင္းစိတ္ထဲမွာ ေပ်ာ္႐ႊင္ျမဴးတူးၿပီး ခ်င္မ်န္ကို ဘယ္လိုမ်ား အျပစ္တင္ရတာလဲ?ခ်င္မ်န္ကိုလည္း သူတို႔ ဘယ္တုန္းကမွ ဂ႐ုမစိုက္ခဲ့တာပဲေလ။စားပြဲအေသးေလးဆိုေပမယ့္လည္း သူတို႔စားဖို႔ လုံေလာက္တဲ့ ပမာဏနဲ႔ စားပြဲေပၚမွာ ဟင္းေလးမ်ိဳးလည္း ႐ွိေနေသး၏။
“အဲ့လို မေျပာပါနဲ႔။ငါတို႔ႏွစ္ေယာက္အတြက္ ဒီစားပြဲကို သီးသန္႔ေပးတာနဲ႔တင္ အရမ္းေက်းဇူးတင္ပါတယ္။” ႐ိုးသားၿပီး ရက္ေရာတတ္တဲ့ ေဒၚေလးဝမ္က ႐ႊင္ျမဴးစြာ ေျပာလိုက္သည္။
မရီးက်န္းကလည္း ထပ္ခါတလဲလဲ သေဘာတူခဲ့သည္။
"လဲ့ယ္ထ်ဲဇနီး.....အလုပ္႐ႈပ္မခံနဲ႔ေတာ့။ထမင္းသြားစားေလ။ ”
ခ်င္မ်န္ ပစၥည္းမ်ားကို စနစ္တက် စီစဥ္ၿပီးေနာက္ သူသည္လည္း လဲ့ယ္ထ်ဲနံေဘးတြင္ ဝင္ထိုင္လိုက္သည္။သူ႕ေ႐ွ႕က ပန္းကန္လုံးအလြတ္မွာ သူ႕အတြက္ ဟင္းေတြျဖင့္ ျပည့္ေနၿပီ။သူစားရန္ တူကို ေကာက္ကိုင္လိုက္ရင္း လဲ့ယ္ထ်ဲကို ျပဳံးျပလိုက္သည္။
တု႐ွီနဲ႔ အဆင္မေျပျဖစ္ခဲ့ေသာ္လည္း က်န္းတေ႐ႊ၊ လဲ့ယ္႐ွန္းရီ၊ လဲ့ယ္႐ွန္းလီနဲ႔ ဝူတိတို႔၏သြက္လက္လွေသာစကားမ်ားျဖင့္ တင္းက်ပ္ေနသည့္ေလထုမွာ မၾကာမီပင္ ေျပေလ်ာ့သြားၾကသည္။လူေတြက လြတ္လြတ္လပ္လပ္ အ႐ႊန္းေဖာက္ၿပီး စကားစျမည္ေျပာၾကကုန္၏။
ေဒစီ႐ြက္ေၾကာ္ႏွင့္ ခရမ္းသီးေၾကာ္တို႔က ဟင္းသီးဟင္း႐ြက္ဟင္းလ်ာမ်ားျဖစ္ေပမယ့္လည္း ဝက္ဆီျဖင့္ ေမႊေၾကာ္ထားေသာေၾကာင့္ အရသာမွာ အေကာင္းမြန္ဆုံးအထိျဖစ္ေနသည္။ထမင္းစားၿပီးေနာက္ စားပြဲေလးလုံးေပၚ၌ စားႂကြင္းစားက်န္ဆိုတာ မက်န္႐ွိသေလာက္ပင္။အားလုံးက အစားအေသာက္ေတြကို ေက်နပ္ၾကၿပီး အခ်ိန္မေႏွာင့္ေႏွးခ်င္ၾကဘူး။ေခတၱအနားယူၿပီးေနာက္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္သို႔ ျပန္သြားၾကသည္။
တု႐ွီ၊ က်ိဳး႐ွီနဲ႔ ခ်င္း႐ွီတို႔က သန္႔႐ွင္းေရးအတြက္ ကူညီေဆာင္႐ြက္ေပးဖို႔ကို စကားပင္မဟဘဲ လဲ့ယ္တာခ်န္ႏွင့္ လဲ့ယ္ခြၽင္းေထာင္တို႔အတြက္ ဖယ္ထားသည့္ ဟင္းေတြကိုယူ၍ ျပန္သြားေလသည္။မရီးက်န္းနဲ႔ေဒၚေလးဝမ္တို႔က ပန္းကန္မ်ားကိုေဆးေၾကာၿပီးေနာက္ မီးဖိုေခ်ာင္ကိုပါ သပ္ရပ္စြာ ျပန္၍ သန္႔႐ွင္းေပးခဲ့၏။
မရီးက်န္းက ေျပာလိုက္သည္။ “လဲ့ယ္ထ်ဲဇနီး...ဒီမွာလုပ္စရာမ႐ွိေတာ့ရင္ အမတို႔ျပန္သြားေတာ့မယ္ေနာ္။မနက္ျဖန္မနက္မွ ျပန္လာခဲ့မယ္။"
ခ်င္မ်န္သည္ ပန္းကန္ႏွစ္လုံးကို ကိုင္လာရင္း ျပဳံးလ်က္ ေျပာလိုက္သည္။
"မရီးက်န္းနဲ႔ေဒၚေလးဝမ္တို႔ ဒီေန႔ အလုပ္ႀကိဳးစားခဲ့တာပဲ။ဒါေတြက စားပြဲအေသးဝိုင္းက မစားရေသးတဲ့ အစားအစာေတြပါ။အကယ္၍ စိတ္မ႐ွိဘူးဆိုရင္ ျပန္ရင္ယူသြားလိုက္ပါ။ထ်ဲေကာနဲ႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးအတြက္ စားစရာေတြက အမ်ားႀကီးက်န္ေနေသးေတာ့ ညေနက်ရင္ မကုန္ဘဲ ေနလိမ့္မယ္"
လယ္သမားမိသားစုေတြက သိပ္ၿပီးေတာ့ ေခ်းမမ်ားၾကေပ။စားစရာအက်န္ေတြဆိုရင္ေတာင္ ဒါ စားလို႔ေကာင္းတဲ့ အစားအေသာက္ေတြပင္။မရီးက်န္းနဲ႔ေဒၚေလးဝမ္တို႔က ဝမ္းသာအားရ လက္ခံၿပီး သူ႕ကို ေက်းဇူးတင္စကားဆိုကာ အတူထြက္ခြာသြားခဲ့သည္။တု႐ွီ၊ က်ိဳး႐ွီနဲ႔ ခ်င္း႐ွီတို႔ ဒီေန႔ ျပဳလုပ္ခဲ့သည့္ကိစၥေတြအေၾကာင္းျပန္ေျပာရင္း လမ္းေလွ်ာက္လာကာ သူတို႔အေပၚ သေဘာမက်မႈေတြက ပို၍ပင္ တိုးလာခဲ့သည္။
မရီးက်န္းက ေထ့ေငါ့ေျပာဆိုလိုက္သည္။ “ပုံမွန္အားျဖင့္ သူတို႔အိမ္မွာ ဒီလိုလုပ္တာက ျပႆနာမဟုတ္ဘူး။ဒီေန႔မွာ လူေတြအမ်ားႀကီးေရာက္ေနၾကတာကို တု႐ွီနဲ႔ သူ႕ေခြၽးမႏွစ္ေယာက္က ဒီလိုမ်ိဳး လုပ္ေနေသးတယ္။တကယ္ လူေတြကို တကယ္ၾကည့္မရေအာင္လို႔...”
"ဘယ္သူက လက္မခံတာလဲ,ဟြန္႔?။သူတို႔မိသားစုရဲ႕ စတုတၳေျမာက္သားက အခုခ်ိန္ထိ လက္မထပ္ရေသးဘူး။တု႐ွီက သူမရဲ႕နာမည္ဆိုးေၾကာင့္ ဘယ္မိန္းကေလးမွ သူတို႔မိသားစုရဲ႕ေခြၽးမ မျဖစ္ခ်င္ေတာ့မွာကို မစိုးရိမ္ဘူးလား?" ေဒၚေလးဝမ္က ေထာက္ခံလိုက္၏။
"ဟီးဟီး....." မရီးက်န္းက ပါးစပ္ကိုအုပ္ကာ ရယ္ေမာရင္း “ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္မမွာသာ သမီးတစ္ေယာက္႐ွိရင္ သူတို႔မိသားစုနဲ႔ဘယ္ေတာ့မွ လက္ထပ္ခိုင္းမွာမဟုတ္ဘူး။ဒီေန႔ ေန႔လည္စာ စားတုန္းကလည္း က်ိဳး႐ွီရဲ႕ ပုံစံကို ေတြ႕လိုက္တယ္မလား!သူ႕မမွာ ပါးစပ္ႏွစ္ေပါက္႐ွိေနသလား မွတ္ရတယ္"
သူတို႔ႏွစ္ေယာက္ အေဝးကို ထြက္သြားၾကေသာ္လည္း ခ်င္မ်န္၏အၾကားအာ႐ုံေကာင္းမြန္မႈကို မတားဆီးႏိုင္ေပ။ ၾကည္လင္ျပတ္သားၿပီး ရယ္ေမာသံမ်ားကို ၾကားလိုက္ရ၏။တု႐ွီႏွင့္သူ႕အေပါင္းအပါတစ္သိုက္ကို ဖယ္ထုတ္ရန္ နည္းလမ္းကို ေတြးေတာေနမိသည္။
သူတို႔က ကူလုပ္ေပးခ်င္စိတ္ေလးေတာင္႐ွိၾကတာမဟုတ္ဘူး။ဘာလို႔မ်ား အလကားစားခြင့္ ေပးရမွာလဲ?
အိမ္ေဆာက္ၿပီးဖို႔ဆိုရင္ လဝက်ေလာက္ အခ်ိန္ယူရတာ။ေန႔တိုင္း ေန႔လယ္စာစားဖို႔ လာၾကမွာေတာ့မဟုတ္ဘူးမလား?တျခားလူေတြကို အခြင့္ေကာင္းယူခြင့္ေပးဖို႔က ႀကီးႀကီးမားမားကိစၥမဟုတ္ေပမယ့္ သူ မႀကိဳက္တဲ့လူေတြက အခြင့္ေကာင္းယူမွာကိုေတာ့ သူ ဘယ္ေလာက္ပဲ ေတြးေတြး ေဒါသထြက္ရတယ္။
သို႔ေသာ္လည္း အေရထူလြန္းတဲ့ ဒီလူသုံးေယာက္ကို လာခြင့္မျပဳပါက ဘာလုပ္လာမည္မွန္း သူမသိတာေၾကာင့္ အၾကံအစည္ကို စြန္႔လႊတ္လိုက္သည္။
ေကာင္းၿပီ...ဒီကိစၥကို ခဏေလာက္ အသာထားလိုက္ေတာ့မယ္။အိမ္ေဆာက္ၿပီးရင္ေတာ့ သူတို႔မိသားစု ေနာက္တစ္ႀကိမ္ ထပ္ၿပီး အခြင့္ေကာင္းယူဖို႔ဆိုတာ မလြယ္ေတာ့ပါဘူး။
Advertisement
- In Serial15 Chapters
The Ghost of 191st Street
A teenage superhero is invited to join the world's most popular teen team. Once there, he learns that the entire upper echelon of the hero community is a mess of infighting and corporate special interests. Slowly, he begins to realize that if he truly wants to help people, he'll have to work outside the system.
8 75 - In Serial149 Chapters
Life Hunter
Arimane Blade was a living legend. He had been granted many names. They were not all bright. Some hailed him as a messiah, others slandered him as the Devil. A man that was feared by all even as a simple mortal. One day like any other, decades after his retirement, an old god informed him that he had been killed by mistake and offered him a chance to start a new life with a younger body. Where? A place where fantasies are reality and where everything is possible. This is where the story of the most legendary human started. People couldn't find a name for such a controversial being. Instead, they began to call him by his first and most fitting title: 'The Kind Demon' --- Note: This is a re-upload. I have 260 chapters to go through and I'll probably do it in the following week or two... probably.
8 92 - In Serial13 Chapters
Survive The Chaos
The world ended.....Humans were too lazy...they must re-learn the ability to survive and gain strength...God sent an apocalypse and created a new world from the aftermath....Lance, he must survive this new world....Survive...get Stronger....Get Stronger...and.......Evolve.
8 107 - In Serial38 Chapters
The Light - 2nd Novel in the Shadow Series
This is the second book in the Shadow Series. If you haven't yet, please read the first book The Secret War. This is a continuation. Vai Ma'amaloa is 17 years old, and his father has just accepted the position of Chief Science Officer aboard the G.E.V. Shadow, a retrofitted warship tasked with exploring the unknown reaches of the galaxy. Now, Vai will have to come to terms with leaving his old life behind. As he forges new relationships aboard the Shadow, and tries to settle into his new life among its occupants, he will be confronted with dangers and mysteries he never imagined.
8 217 - In Serial6 Chapters
Crows Zero
A Crows Zero story, giving the story with an added character-Serizawa Sumi, cousin of Tamao, is falling rapidly head-over-heels for Izaki Shun. Confrontation much? How's a girl to deal!I just want to say that this story is not mine it belongs to Avalon Shiranui from FanFiction.net Al credits go to her
8 118 - In Serial23 Chapters
Beyblade: Metal Burst All-Stars Royale!! Interdimensional Crossover Tournament!!
Groups of Bladers from different generations and dimensions have all come together for one grand tournament! Which team of bladers will come through with the victory! Who will join the battle?! Let the battle begin!
8 260

