《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[40]
Advertisement
[Unicode]
040: အိမ်သစ်တွင်နေထိုင်ခြင်း (2)
"ဘယ်လိုလုပ်လိုက်တာလဲ,ကုန်းဇီလေး?စားသောက်ဆိုင်ကြီးက ကျွမ်းကျင်ရှင်တွေထက်တောင် ပါးပါးလေးဖြစ်အောင်အပြင် မြန်မြန်လည်း လှီးဖြတ်နိုင်တယ်။”
လက်ထောက်လေးသည် နားမလည်နိုင်သောအကြည့်ဖြင့် ကြည့်ကာ ခဏအကြာတွင် ခေါင်းကုတ်လိုက်ပြီး “ဒါပေမယ့် မင်း စဉ်းတီတုံးကို သုံးထားတာ မတွေ့လိုက်ဘူးသလားလို့?”
သူ့နောက်က ပစ္စည်းကို ရှေ့ယူလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်စွာပြောလိုက်သည်။ "ဒီအာလူးကို အခွံနွှာပြီး မြန်မြန်လှီးရုံတင်မကဘူး၊အပိုင်းပိုင်းတွေဖြစ်အောင်လည်း မြန်မြန်လှီးဖြတ်နိုင်တယ်။ မန်နေဂျာလျောင်...ခင်ဗျားဘယ်လိုထင်လဲ?"
လျောင်ကျစ်ဖူက ချက်ချင်းပင် တန်းပြောလိုက်သည်။ "ငွေတုံး ၅၀!"
ချင်မျန် အရမ်းကျေနပ်သွား၏။သူ လျောင်ကျစ်ဖူကို သူ့လက်ထဲရှိ ကိရိယာသေးသေးလေးကို ပေးလိုက်ပြီး ပိုကောင်းတဲ့ စကားလုံးတွေ ပြောခဲ့လိုက်သေး၏။ "ကြားထားတဲ့အတိုင်း မန်နေဂျာလျောင်က ပြတ်သားတဲ့ လူတစ်ယောက်ပဲ။မဟုတ်ရင် ကျွန်တော်တို့ ခင်ဗျားဆီ တည့်တည့်လာခဲ့မှာ မဟုတ်ဘူး။"
ကိရိယာသေးသေးလေးက ဘယ်လိုဖွဲ့စည်းထားလဲဆိုတာကို ကြည့်လိုက်ရာ သူနောက်ဆုံးဝယ်ခဲ့တဲ့ လက်လုပ်ခေါက်ဆွဲညစ်စက်လိုပင်။လျောင်ကျစ်ဖူရဲ့မျက်နှာမှာ ကျေနပ်အားရမှုရော စိတ်ဓာတ်ကျနေတဲ့ ထူးဆန်းတဲ့အမူအရာတစ်ခုကိုပါ ထပ်မံပြသလိုက်ပြန်သည်။
ချင်မျန် ပြုံးပြီး လက်ဖက်ရည်ကို လှမ်းယူလိုက်၏။ “မန်နေဂျာလျောင်..ကျွန်တော်သာ အဲဒီနေ့က လက်တွေ သွေးထွက်တဲ့အထိ အာလူးကို မခွာဖြစ်ခဲ့ရင် ဒီလောက် အဆင်ပြေတဲ့ ကိရိယာကို တွေးခဲ့မိမှာမဟုတ်ဘူး။ဒါက ကျွန်တော့်သွေးနဲ့ ရင်းပြီးရခဲ့တာဆိုတော့ ခင်ဗျားသုံးခဲ့တဲ့ ငွေတုံး ၅၀ က အရှုံးမရှိပါဘူးဗျာ”
ဒါကြီးက သောက်ကျိုးနည်း မိုက်မဲမှုပေါ့!
လျောင်ကျစ်ဖူ ငိုရမလား ရယ်ရမလား မသိ။ချင်မျန် သူ့လက်ကျန်ပုံတွေကိုပါ ပေးသွားခဲ့သည်။ဤပုံများကား အထူးအဆန်းမဟုတ်ပေ။ဆိုင်တွင် ပြုလုပ်ထားခဲ့ဖူးသော ပစ္စည်းများ၏ပိုမိုခေတ်မီသည့်လက်ရာများသာ။
ဆယ်ရက်အတွင်း ကုန်ပစ္စည်းများပို့ဆောင်ရန် ချိန်းဆိုပြီးနောက် လျောင်ကျစ်ဖူသည် သူတို့အား ယဉ်ကျေးစွာ ပြန်လွှတ်ခဲ့သည်။
".............."
လဝက်အတွင်းနဲ့ အိမ်အသစ်ကလည်း လေ၀င်လေထွက်ကောင်းသွားပြီ။ပရိဘောဂတွေက လည်း ရက်အနည်းငယ်စောပြီး ရောက်လာခဲ့သည်။အိမ်သစ်တွင် နေထိုင်နိုင်ပြီဖြစ်သော်လည်း ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် အလျင်စလိုမလုပ်ကြဘဲ သွားရင်း လာရင်းနဲ့ပဲ အိမ်သစ်ဆီသို့ ပရိဘောဂများကို သယ်သွားကြသည်။တိုက်ဆိုင်စွာပင် လဲ့ယ်ရှန်းရီ နှင့် လဲ့ယ်ရှန်းလီတို့သည်လည်း သူတို့ကို တွေ့ပြီး အကူအညီပေးရန် ထွက်လာခဲ့သည်။
နေဝင်ချိန်မှာတော့ အရာအားလုံး ပြေလည်သွားပါပြီ။ချင်မျန် သူ့အိမ်သစ်ကို လေးနက်သည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။အဝင်ဝတွင် စတုရန်းပေ ၆၀ ခန့်ရှိသော ခြံဝန်းကြီးတစ်ခုရှိ၏။ခြံဝင်းထဲမှာတော့ လောလောဆယ် ဘာမှမရှိပေ။
အနောက်မြောက်ထောင့်မှာ အိမ်အသေးလေးနှင့် ရေချိုးခန်းလေးသာရှိ၏။ဒီခေတ်ကြီးမှာ ရေချိုးခန်းကို မော်ဒန်ခေတ်ကလို လုပ်လို့မရပေ။ရေချိုးရန်နေရာတစ်ခုသတ်မှတ်ပြီး စည်ကြီးတစ်ခုနှင့် ထောင့်စွန်းတွင် ရေနုတ်မြောင်းတစ်ခုသာရှိသည်။
ပင်မအိမ်ထဲမှာတော့ ဧည့်ခန်း-ထမင်းစားခန်းရှိသည်။စတုရန်းပုံထင်းရှူးသားထမင်းစားပွဲဘေးတွင် တူညီသည့်ကုလားထိုင်နှစ်လုံးထားရှိကာ နံရံဘက်တွင် ကပ်ထားသည့် ဆက်တီနှင့် ကော်ဖီစားပွဲအားလုံးသည် ခေတ်မီစတိုင်လ်များသာ။
တောင်ဘက်နံရံတွင် ရိုးရိုးအိမ်၏ပြတင်းပေါက်ထက် ထက်ဝက်ကြီးသော ပြတင်းပေါက်တစ်ခု ပါရှိသောကြောင့် ခန်းမသည် အလွန်လင်းထိန်နေ၏။ထူထဲသည့် အညိုရင့်ရင့် ကန့်လန့်ကာများက ဆောင်းဦးလေကို နွေးထွေးမှုအဖြစ် ပေးစွမ်းနေသည်။
အခြေအနေများတွင် ကန့်သတ်ချက်များသာ မရှိပါက သူသည် ဗဟိုခန်းမ၏ကြမ်းပြင်ပေါ်တွင် စကျင်ကျောက်ပြားများ ခင်းထားလိုသည်။
ဧည့်ခန်း-ထမင်းစားခန်း၏ဘယ်ဘက်တွင် မီးဖိုချောင်ရှိသည်။ မီးဖိုချောင်မီးဖိုကို စကျင်ကျောက်ပြားများဖြင့် ခင်းထားသောကြောင့် ချောမွေ့သန့်ရှင်းနေသည်။ဗီရိုတစ်လုံးရှိ၍ ပန်းကန်ခွက်ယောက်များ ထပ်မံထည့်ထားသည်။အသုံးများသော ပစ္စည်းများကိုမူ အသင့်တော်ဆုံး အနေအထားတွင် ထားရှိပြီး ဆန်၊ ဂျုံမှုန့် နှင့် ဆီ တို့ကိုလည်း နေရာ အလိုက်ထား,ထား၏။ခြံအတွင်းရှိ မီးဖိုချောင်နှင့် ရေချိုးခန်းသည် တောင်ဘက်နံရံတွင် တူညီစွာတည်ထားသော်လည်း ရေချိုးခန်းက သေးငယ်သောကြောင့် မီးဖိုချောင်၏တောင်ဘက်နံရံက ပြတင်းပေါက်ကိုသာ ဖွင့်ထားနိုင်ဆဲဖြစ်ပြီး လုံလောက်သည့်အလင်းရောင်ကို ပေးစွမ်းနိုင်သည်။
မြောက်ဘက်၌ အခန်းနှစ်ခန်းပါရှိပြီး အခန်းငယ်ကို လယ်ယာသုံးကိရိယာများ၊ စပါးအိတ်များ၊ ထိုင်ခုံများ စသည်ကဲ့သို့ အမျိုးမျိုးသော တိုလီမိုလီပစ္စည်းများကို သိမ်းဆည်းရန် အသုံးပြုခဲ့သည်။ပိုကြီးတဲ့အခန်းကတော့ အိပ်ခန်းပင်။အိမ်သုံးပစ္စည်းထားရန် အခန်းကတော့ အိပ်ခန်းနှင့်ကပ်ရက်ဖြစ်ကာ နောက်ဘက်သို့ ထွက်ရန် နောက်ဘေးတံခါးပေါက်ဆီသို့ စင်္ကြံလမ်းတစ်လျှောက်၌ သွားရန်သာလို၏။နောက်ကျောမှာတော့ မြေလွတ်ပင်။နောင်တွင် အိမ်နောက်ဖေးမှာ မြေကွက်လပ်ရှိပါက ပိုအဆင်ပြေလိမ့်မည်။
ချင်မျန်ကတော့ အိပ်ခန်းကို အကျေနပ်ဆုံးပင်။သူနှင့် လဲ့ယ်ထျဲတို့က တစ်ခန်းထဲ တစ်အိပ်ယာထဲကို မျှဝေနေကြရပေမယ့်လည်း အနည်းဆုံးတော့ သူတို့အဝတ်အစားများကို ခွဲထားနိုင်သည့် ဗီရိုကြီးတစ်ခု ရှိသေးသည်။
လဲ့ယ်ထျဲ သူ့နောက်ကနေလိုက်ဝင်ကာ အိပ်ခန်းအသစ်ကို လှည့်ပတ်ကြည့်ရှုရင်း မွေ့ရာအသစ်ဖြင့် ခင်းထားသည် အပူခံအုတ်ကုတင်ကို အချိန်အတော်ကြာအောင် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။တစ်ဖက်စီတွင် သီးခြားစောင်နှစ်ထည်နှင့် ခေါင်းအုံးနှစ်လုံးသည် အနည်းငယ် မျက်စိရှုပ်သလိုဖြစ်နေခြင်းပင်။
ညစာစားပြီးနောက် ချင်မျန် ရေနွေးပူပူဖြင့် ရေချိုးလိုက်သည်။သူ့ကိုယ်သူ မထိန်းနိုင်ဘဲ 'ကုတင်' အသစ်ပေါ်သို့ ခုန်တက်ပြီး အပူခံအုတ်ကုတင်၏ အကျယ်ကို တိုင်းတာပြီးနောက် နှုတ်ခမ်းထောင့်က ပြုံးနေတော့သည်။အိပ်ရာက ကြီးလွန်းသဖြင့် လဲ့ယ်ထျဲရင်ခွင်ထဲသို့ ဝင်အောင်းမိသည့်ပြဿနာကို ဖယ်ရှားနိုင်တော့မည်။
သူ စောင်ကို ဆွဲခြုံပြီး သက်တောင့်သက်သာ လှဲလျောင်းရင်း သူ့ကိုယ်ပိုင်အနေအထားဖြင့် အနားယူလိုက်သည်။သူ့လက်ထဲမှာ ပိုက်ဆံနည်းနည်းရှိနေတဲ့အတွက် မွေ့ယာအသစ်နဲ့ စောင်အသစ်ဝယ်လိုက်သည်သာ။
ခေါင်းအုံးသည်လည်း အသစ်ဖြစ်ပြီး အတွင်းဘက်တွင် ပိုးသားဖြင့်ချုပ်ထားကာ နူးညံ့ပြီး သက်တောင့်သက်သာရှိစေသည်။ခေါင်းနောက်ကျောနဲ့ ပွတ်သပ်ပြီး ခေါင်မိုးကို ကြည့်လိုက်၏။စားပွဲပေါ်ရှိ အလင်းရောင်သည် ညင်သာစွာ ဖျတ်ခနဲ တောက်လာပြီး သူ့အတွေးများကို ရွေ့လျားစေကာ အတွေးထဲတွင် မိန်းမြောသွားစေ၏။
Advertisement
ဒီကမ္ဘာမှာ အိမ်တစ်လုံးရှိဖို့ သူစဉ်းစားနေမိခဲ့တာလား?
လဲ့ယ်ထျဲသည်လည်း ရေချိုးပြီးနောက် ဝင်လာပြီး ဆယ်ကျော်သက်လေး၏စိတ်ပျက်နေသည့် မျက်နှာနှင့် မျက်လုံးထဲတွင် အထီးကျန်မှု အနည်းငယ်ကို တွေ့လိုက်ရကာ တိတ်တဆိတ် စိုက်ကြည့်နေသည်။သူ့နှလုံးခုန် မြန်သွား၏။
သူ တံခါးကို မတိုးမကျယ်အနေအထားဖြင့် ပိတ်လိုက်သည်။
ချင်မျန် သူ့ကို လှည့်ကြည့်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်၏။ "တံခါးက သော့ခတ်ပြီးပြီလား?”
"သော့ခတ်ပြီးပြီ။" လဲ့ယ်ထျဲ ကန့်လန့်ကာကိုဆွဲချကာ ဖိနပ်ကိုချွတ်ပြီး အိပ်ရာဝင်လိုက်သည်။သူ စောင်ကို စိုက်ကြည့်နေရင်း ပြီးနောက် တစ်ဖက်လူရဲ့စောင်ကို သူ့ညာလက်ဖြင့် ဆွဲယူလိုက်သည်။
လဲ့ယ်ထျဲ သူ့ခေါင်းအုံးကို တစ်ဖက်လူရဲ့ခေါင်းအုံးနားအထိ တိုးကပ်လိုက်ပြီး သူ့စောင်ထဲ တိုးဝင်လာသည်ကိုကြည့်ရင်း ချင်မျန် ထိတ်လန့်သွားသည်။သူ့နှလုံးက နှစ်စက္ကန့်လောက် ရပ်သွား၏။တစ်ဝက်လောက် လှန်လိုက်ပြီး မေးစေ့ကို အနည်းငယ် မြှောက်ကာ လဲ့ယ်ထျဲကို စွေစောင်းစောင်းကြည့်လိုက်သည်။
"ခင်ဗျား...ဘာလုပ်နေတာလဲ?"
လဲ့ယ်ထျဲ ပြောလိုက်၏။ "မင်း အိပ်ပျော်နေတဲ့အချိန်မှာ လိုက်ညှစ်နေလိမ့်မယ်။"
စိတ်အနှောက်အယှက်ကင်းပြီး ပြတ်သားသောလေသံက ချင်မျန်ကို ဒေါသထွက်လုနီးပါးဖြစ်ခဲ့ရသည်။ပါးစပ်ကိုဖွင့်ခါနီးတွင် ထိုလူက လက်ရှည်များကို ဆန့်တန်းကာ သူ့ကို ပတ်ထားလေသည်။လဲ့ယ်ထျဲက အတင်းအကြပ်မလုပ်သော်လည်း ငြင်းပယ်၍လည်း မရနိုင်ပေ။
ချင်မျန် သူ့ကို စူးစူးရဲရဲအကြည့်နဲ့ စိုက်ကြည့်နေပေမယ့် တုံ့ပြန်မှုမရရှိခဲ့တဲ့အတွက် သူ့ကံကြမ္မာကိုသာ အပြစ်တင်ပြီး ထိုအတိုင်း အိပ်လိုက်ရုံပါပဲ။
ရုတ်တရက် လဲ့ယ်ထျဲ ပြောလိုက်သည်။ “ဒီအိမ်သစ်မှာနေရတာ မပျော်ဘူးလား?”
“မဟုတ်ပါဘူး” ချင်မျန်၏အာရုံကို သူပြောင်းလိုက်ခြင်းသာ။ "ဟုတ်သား!အခန်းထဲမှာ တစ်ခုခုလိုနေတယ် ထင်လား?"
လဲ့ယ်ထျဲ၏မျက်လုံးများက အခန်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်လာသည်။
သူက တုတ်နဲ့ရိုက်ရင်တောင် စကားမပြောတဲ့ ငထိုင်းတစ်ယောက်ပင်။ဒါကြောင့် သူ့ကို အဖြေပေးလာဖို့ မမျှော်လင့်ထားပေမယ့်လည်း သူ ကြားလိုက်ရသည်။ “ဗလာကျင်းနေတယ်"
"ဒါပဲ!" ချင်မျန် သူ့ကို ထောက်ခံတဲ့အကြည့်နဲ့ကြည့်ကာ သူနဲ့ ဆန့်ကျင်ဘက်နံရံဗလာကို ညွှန်ပြလိုက်သည်။
“ပရိဘောဂတွေမရှိတော့ နံရံမှာ ပြောင်းတင်းတင်းကြီးဖြစ်နေတယ်။တစ်နေ့,နေ့လောက် မြို့ကိုသွားပြီး ချိတ်ဆွဲဖို့ လက်ရေးလှနဲ့ ပန်းချီသွားဝယ်ကြရအောင်။"
"ရက်အနည်းငယ်လောက်မှ သွားကြမယ်။ကိုယ် မနက်ဖြန် တောင်တက်ဖို့ရှိတယ်။" လဲ့ယ်ထျဲ၏မျက်နှာသည် ချင်မျန်၏ဆံပင်များဖြင့် ထိကပ်နေကာ သူ့ခေါင်းလေးဖြင့်ပွတ်ရန် မေးစေ့ကိုမြှောက်လိုက်သည်။
ရုတ်တရက် ချင်မျန်မှာ လေထုသည် နူးညံ့သိမ်မွေ့လာသည်ကို ခံစားလိုက်ရပြီး လည်ပင်းကို တင်းကြပ်သွားစေသည်။
"အမဲလိုက်သွားမလို့လား?ခင်ဗျား ကျွန်တော့်ကို ကွန်ဖူးသင်ပေးမယ်လို့ ပြောထားတယ်လေ"
"မင်းကို သင်ပေးပြီးရင် တောင်ပေါ်တက်လိုက်မယ်။" လဲ့ယ်ထျဲ သူ့လက်ကို မြှောက်ကာ မီးငြိမ်းလိုက်၏။အခန်းသည် လုံးဝအမှောင်အတိကျသွားသည်။
ချင်မျန် တိတ်တိတ်လေး သက်ပြင်းချမိပေမယ့် ဘာကြောင့်များ သူ အတတ်နိုင်ဆုံး တိတ်တိတ်ဆိတ်ဆိတ် နေချင်ရတာလဲ?
“နောက်တစ်ခုရှိသေးတယ်။အိမ်ပြောင်းပြီးရင် အိမ်တက်လုပ်ရတဲ့ အလေ့အထရှိတယ်မလား?”
“အဲဒါကြောင့် အမဲလိုက်သွားမလို့" လဲ့ယ်ထျဲ ပြောလိုက်သည်။
ချင်မျန် အလျင်အမြန် ပြောလိုက်သည်။ "အမဲလိုက်ထားတဲ့အသားက ဝက်သားထက် ပိုစျေးကြီးတယ်။ဒီတစ်ခါမှာတော့ ဧည့်သည်တွေအတွက် အမဲလိုက်ထားတဲ့အသားကို နည်းနည်းပဲလုပ်ပြီး ဝက်သားများများနဲ့ ဧည့်ခံရမယ်။ခင်ဗျား နားလည်တယ်မလား"
“အင်း” လဲ့ယ်ထျဲ၏ရင်ဘတ်မှာ အလွန်ပူလာသည်။ရင်ခွင်ထဲမှာ နောက်ထပ်လူတစ်ယောက်ရှိနေလို့များလား?
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
".............."
Advertisement
"ခင်ဗျား...ဘာလုပ်နေတာလဲ?"
Advertisement
- In Serial110 Chapters
The Suit-Maker
Tobias Wong is a man with many secrets. He dreams of being a Battlesuit Designer. He does not hate the government. And his father is a supervillain. Then one day, his absent father left him another. A secret so big and powerful, it would change his life forever. --------------------------------------------------------------------------------- For edited version of the story, the first two volumes (The Suit-Maker, and The Immortal Conspiracy) are now available on Amazon. Please take a look, and leave a rating. Thanks
8 197 - In Serial68 Chapters
What a Creator Does
"Any sufficiently advanced technology is indistinguishable from magic." Someone once said it to me, I've not seen him since then but I'm most certain I'll meet him in the future, be it by my own means or because he's back to this place. In any case, now that I’ve come so long. I'll change this world that is full of crap and only interested in appearances. In a world of technology, a girl had a chance encounter with a traveler. Once grown up she tries to replicate what she had once seen and thought was magic. Follow Charlotte in search of the true of the world, of the universe as she changes the world she lives in and create a new form of energy, one thought only had room in stories of fantasy and games. Gaining new friendships and enemies in the process. It's a world of technology more advanced than Earth's, its name is Louvya. The world of Louvya has many countries and three major powers: The United States of Atalasia, The Lurian Alliance and the theocracy of Ethas. Our protagonist lives in a country that belong to the Lurian Alliance, Gercia. And that's where her adventure beings! Be warned, the story is slow paced. Authors note: On hiatus Disclaimer! I do not own the cover!
8 148 - In Serial12 Chapters
The Wolf Hunter
Calissa's entire life had been dedicated to killing the wolves, to ridding the world of as many of the beasts as she could. Yet everything would change when she fell in love with one of them...
8 88 - In Serial48 Chapters
The Secrets of BDSM
just a few things about BDSM that any Kinky f*cker should know about 😉 hope you enjoy
8 176 - In Serial24 Chapters
RE: DIVINE
(Mature story with language, with possible sexual situations and gore later on) Partially a parody for people who complain of the influx of op reincarnated mc's. The main character died and won a prize for doing so. The prize? Divinity! Follow our main character in a realm where he is absolute!
8 82 - In Serial62 Chapters
Prince's Assassin Mate ✔
"No," She stood up straight and took his hand off her thigh. She straightened her dress and began to walk away. He grabbed her wrist and leaned against the wall, saying "How long do you think you'll be able to run away from me? I'll catch up to you eventually."_________________________ They said she was nothing less than the darkness, a living embodiment of terror. She was the assassin who has been roaming the earth for centuries, killing and hiding! But no one lived to tell her tale. She had known blood and death her entire life, but what she didn't know was that the biggest battle awaited her, one with her soul and her mate.He is ruthless and he is powerful. Everything bends to his every whim. And everyone respects him, more importantly, fears him. Lycan Prince Aiden, heir to the Kingdom of Werewolves, soon be the Alpha of all Alphas. He knew things were going to change when he found his Moon-blessing, but he wasn't ready for the storm she brought with her.While he bend himself to her will, fate twisted him to its own accord.#1 in Love#4 in Werewolf #1 in Mate#1 in moongoddess#1 in assassinate#27 in assassin#6 in running#4 in Alphafemale#1 in witchcraft#2 in assassination
8 184