《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[44]
Advertisement
[Unicode]
044: မမျှော်လင့်ထားသည့် ခရီးတစ်ထောက်
ဤရက်များတွင် ချင်မျန်သည် လဲ့ယ်ထျဲ ပြန်လာသည့်အချိန်တိုင်း ထမင်းစားနိုင်စေရန်အတွက် နေ့တိုင်း ထမင်းပို၍ ချက်ထားလေ့ရှိသည်။ညနေကထမင်းကျန်က ထမင်းကြော်လုပ်လို့ အဆင်ပြေ၏။ကြက်ဥနှစ်လုံးကို ဖောက်ထည့်ကာ မွှေထည့်ပြီးနောက် မုန်လာဥနီတစ်လုံးနဲ့ အသီးအရွက်လက်တစ်ဆုပ်စာလောက်ကို ရေဆေး၊လှီးဖြတ်ပြီး အရသာရှိတဲ့ ထမင်းကြော်ကို ကြော်လိုက်သည်။တစ်ချိန်တည်းမှာပင် မီးသွေးမီးဖိုပေါ်တွင် ချဉ်ချဉ်စပ်စပ် ဟင်းချိုကိုလည်း ချက်ပြုတ်ခဲ့သည်။
ရေချိုးပြီးသည်နှင့် လဲ့ယ်ထျဲ အဝတ်သန့်တစ်စုံကို ဝတ်ကာ မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။ဇနီးလေးက ထမင်းကြော်ကို စားပွဲပေါ်သွားတင်နေတာမြင်တော့ သူလည်းပဲ ခါးကိုကိုင်းပြီး မီးဖိုပေါ်က မြေအိုးကိုမကာ သူ့နောက်ကနေ လိုက်သွားခဲ့သည်။
"လုံလောက်ပြီလား?" ချင်မျန် မေးလိုက်သည်။ပန်းကန်ပြားပေါ်တွင် တင်ထားသည့် ထမင်းကြော်မှာ အရောင်အသွေးပါမက အရသာပါ အပြည့်ရှိသည်ပုံ။ချင်မျန်မှာ အစားအသောက်တွေကို နှစ်သက်မိသောကြောင့် ပန်းကန်အမျိုးမျိုးကိုလည်း အထူးနှစ်ခြိုက်ခဲ့သည်။အိမ်ရှိပန်းကန်များသည် ပုံသဏ္ဍာန်၊ အရွယ်အစားအမျိုးမျိုးရှိနေပြီး ထမင်းကြော်အတွက် ပန်းကန်ပြားမှာ အလွန်ကြီးမား၏။
"လုံလောက်တယ်။" လဲယ်ထျဲ မီးဖိုချောင်သို့သွားကာ ပန်းကန်လေးလုံးယူပြီး ထမင်းနှစ်ပန်းကန်နှင့် ဟင်းချိုပန်းကန်နှစ်လုံး ချပေးလိုက်၏။
“မင်းလည်း စား”
ချင်မျန်လည်း တကယ်ဗိုက်ဆာလာတာကြောင့် ထမင်းကြော်ပန်းကန်ကို လှမ်းယူလိုက်သည်။
"လုံလောက်ပြီလား?" လဲ့ယ်ထျဲ သူ့ဘေးမှာထိုင်ပြီး မေးလိုက်သည်။သူ့ဇနီးလေး ခေါင်းညိတ်ပြသည်ကိုမြင်တော့ ထမင်းပန်းကန်ကို သူ့ရှေ့သို့ ရွှေ့လိုက်ပြီး စစားလိုက်သည်။
သူတကယ် ဗိုက်ဆာနေပြီဆိုတာ သိနိုင်ပေမယ့် သူ့လှုပ်ရှားမှုတွေက အရင်အတိုင်း မပြောင်းလဲသွားပေမယ့်လည်း နည်းနည်းတော့ အလျင်လိုနေသလိုပင်။
ချင်မျန်၏နှုတ်ခမ်းထောင့်တွင် သေးငယ်သည့်အပြုံးတစ်ခု ဖြစ်တည်သွားသော်လည်း သူ့ ပြောင်ပြောင်ဘွင်းဘွင်း ပြောလိုက်သေးသည်။
"ခင်ဗျားဆီကနေ ဘယ်သူမှ မလုစားပါဘူး"
သူ ထိုသို့ ပြောလိုက်ပေမယ့်လည်း သူ့လက်က ဟင်းချိုပန်းကန်လုံးကို ယူလိုက်ပြီး ခပ်ထည့်ပေးကာ လဲ့ယ်ထျဲရဲ့ ဘယ်ဘက်ခြမ်းမှာ ထားပေးခဲ့သည်။
“တစ်ရက် မစားရဘူး” လဲ့ယ်ထျဲ တိုတိုတုတ်တုတ် ပြန်ဖြေသည်။ဟင်းချိုတစ်ခွက်သောက်ပြီးတော့ ဆက်စား၏။ချင်မျန် ဘာမှ ဆက်မပြောနိုင်တော့ဘဲ စားဖို့သာ ခေါင်းငုံ့လိုက်သည်။ထမင်းတစ်ပန်းကန်ကုန်ပြီးတာနဲ့ ဟင်းချိုတစ်ဝက်လောက်သောက်ပြီး ပန်းကန်လုံးကို ပြန်ချကာ လဲ့ယ်ထျဲ စားနေတာကို ကြည့်နေသည်။
ထို့နောက် လဲ့ယ်ထျဲလည်း ကျန်ဟင်းရည်ကို သောက်လိုက်၏။
ချင်မျန် ပြောလိုက်သည်။ “ခင်ဗျား ဗိုက်ပြည့်ပြီလား?မပြည့်သေးရင် ကျွန်တော် ပန်ကိတ် နှစ်ခု ထပ်လုပ်ပေးမယ်။"
"ပြည့်သွားပြီ" လဲ့ယ်ထျဲ ပန်းကန်လုံးများကို သယ်ရန် ထလိုက်သည်။
ချင်မျန် သမ်းဝေပြီး ပြောလိုက်၏။ "မနက်ဖြန်မှ ဆေးတော့"
လဲ့ယ်ထျဲ အံ့သြသွားမိသည်။အထူးသဖြင့် မီးဖိုချောင်နှင့်ပတ်သတ်လျှင် သူ့ဇနီးလေးက သန့်ရှင်းမှုနှင့် သပ်ရပ်မှုကို နှစ်သက်ကြောင်း သူ အမြဲသိထားခဲ့သည်။အသုံးပြုပြီးသား ပန်းကန်တွေကို နောက်နေ့မှဆေးရန် လုံးဝ ချန်ထားခွင့်မပြု။ဒါပထမဆုံးအကြိမ်ပင်။
မီးရောင်အောက်တွင် အနက်ရောင်မျက်စံများသည် နူးညံ့သော အလွှာပါးများဖြင့် ဖုံးအုပ်လျက် မီးဖိုချောင်မှ မထွက်မီ ပန်းကန်များကို မီးဖိုပေါ်၌သာ တင်ထားခဲ့သောကြောင့် မွှေးကြိုင်သော ရနံ့ရောင်စုံများဖြင့် လွှမ်းခြုံနေခဲ့သည်။
နှစ်ယောက်သား သွားတိုက်ပြီးနောက် အိပ်ခန်းထဲသို့ အတူတူ ပြန်လာခဲ့ကြသည်။
ချင်မျန် ငွေစက္ကူကို ငွေပုံးထဲသို့ထည့်ကာ သော့ခတ်ပြီးနောက် အိပ်ရာပေါ်သို့ တက်လာခဲ့သည်။
လဲ့ယ်ထျဲလည်း မီးငြိမ်းပြီးနောက် တစ်စုံတစ်ယောက်အား သူ့ရင်ခွင်ထဲသို့ သွင်းလိုက်သည်။ချင်မျန်ကား အငြင်းအခုံဖြစ်ရန် စိတ်မ၀င်စားဘဲ သက်တောင့်သက်သာရှိသော ကိုယ်ဟန်အနေအထားဖြင့် လိုက်လျောညီထွေဖြစ်စေကာ သူ့ထက်အဆပေါင်းများစွာ ပိုများသော ခန္ဓာကိုယ်အပူချိန်ကို ခံစားနေမိပြီး ထိုလူ၏ဒဏ်ရာကို ဂရုတစိုက်ရှောင်ရှားခဲ့သည်။တစ်ဖန် ဤလူကား ဆောင်းရာသီအတွက် အကောင်းဆုံးမီးဖိုဖြစ်သည်ကို သူသေချာသိရှိခဲ့သည်။
"ဒီရက်ပိုင်းရော ဘယ်လိုနေလဲ?" လဲ့ယ်ထျဲ အမှောင်ထဲတွင် ဇနီးလေး၏မျက်နှာကို သေချာထိတွေ့နိုင်ပြီး ညင်သာစွာ ပွတ်သပ်ကာ တို့ထိလိုက်သည်။
လဲ့ယ်တာချန်ကို သတိရသွားပြီး စကားမပြောခင် ခဏလောက် တုံ့ဆိုင်းသွားသည်။လဲ့ယ်တာချန် မနက်ဖြန်ကျ ရောက်လာမှာ အသေအချာပဲ!
"ခင်ဗျားကို မတွေ့ရတာ ရက်အတော်ကြာနေပြီ ပြီးတော့ မိုးကလည်းရွာနေတော့ တောင်ပေါ်တက်ပြီး ခင်ဗျားကို ဆဲလိုက်တယ် ပြီးတော့ ခင်ဗျားအဖေက ကျွန်တော့်ကို ပြန်ဆူတယ်။နောက်တော့ 'ဒါ အဖေ့ကိစ္စမဟုတ်ဘူး'လို့ ပြောပြီး ပြန်လာခဲ့တယ်"
ချင်မျန် တည်ငြိမ်စွာပြောသော်လည်း အနည်းငယ် စိတ်ရှုပ်သွားသည်။လဲ့ယ်တာချန်က လဲ့ယ်ထျဲ၏ဖခင်ပင်။သူ အလျင်အမြန် ထပ်ဖြည့် ပြောလိုက်သည်။ “အဲဒီအချိန် တခြားဘယ်သူမှ မရှိပါဘူး”
“ဘာမှမဖြစ်ဘူး။” လဲ့ယ်ထျဲ စိတ်မပါစွာ ပြောလိုက်၏။"အပေါ်ယံ သည်းခံရုံနဲ့ လုံလောက်တယ်"
ချင်မျန် ရုတ်တရက် အထီးကျန်ဆန်သော လေထုကို မကြိုက်ပေ။ထိုလူ၏ ရင်ခွင်ထဲသို့ လှည့်၍ ကျယ်လောင်စွာ ပြောလိုက်သည်။
"အိပ်ချင်ပြီ။အိပ်မယ်၊ အိပ်တော့မယ်။”
လဲ့ယ်ထျဲ သူ့လက်တွေကို တင်းကြပ်လိုက်ရင်း မျက်လုံးများကိုမှိတ်ထားပြီး သူ့ရင်ခွင်ထဲကလူကို ပိုတင်းကျပ်စွာ ဖက်တွယ်ထားလိုက်သည်။
နောက်တစ်နေ့တွင် ကောင်းကင်သည် ကြည်လင်လာကာ အေးမြသောလေကလည်း သာသာယာယာရှိလာသည်။ကြည်လင်လန်းဆန်းသော ဆောင်းဦးရာသီပင်။
ဆောင်းဦးမိုးကြောင့် ခြံတွင်းရှိ ဂန္ဓမာပင်များသည် နှင်းစက်များနှင့်အတူ ပိုမိုအားမာန်ရှိလာပုံရသည်။ပွင့်ခါစ ပန်းပွင့်တွေက ပိုကြီးပြီး အမွှေးအကြိုင်တွေ ပိုပြင်းထန်၏။ခြံဝင်းထဲရှိမြေပြင်က စိုစွတ်နေပြီး ခြေထောက်ဖြင့် နင်းမိတိုင်း ရွှံ့တွေဖြင့် စိုစွတ်နေသည်။အရင်က သူ့မှာ ပိုက်ဆံမရှိလို့ ခြံထဲအတွက် ဘာမှမလုပ်နိုင်ဘူး။လက်ရှိတွင် လဲ့ယ်ထျဲ ပေးထားသည့် ငွေတုံး ၅၀၀ ရှိပြီး သူ့တွင် ယုံကြည်မှု အပြည့်ရှိလာသည်။
Advertisement
ဒီခြံကို ကိစ္စရှင်းဖို့ လိုတယ်။
"လဲ့ယ်ထျဲ...ခင်ဗျား ဘယ်မှာလဲ?" ချင်မျန်သည် လဲ့ယ်ထျဲ ခပ်ဝေးဝေးကို သွားမည်မဟုတ်မှန်း သိသော်လည်း ဖွင့်ထားတဲ့ တံခါးပေါက်ကို ကြည့်လိုက်ပြီး အော်ခေါ်လိုက်သည်။
ဝင်းတံတိုင်းအပြင်ဘက်မှ လဲ့ယ်ထျဲအသံ ထွက်လာ၏ “ဒီမှာ..”
ချင်မျန် လှည့်ပြီး မီးဖိုချောင်ထဲဝင်သွားသည်။ထင်ထားသည့်အတိုင်း မနေ့က ပန်းကန်တွေအပြင် ဒယ်အိုးနှင့် မီးဖိုတွေပါ သန့်ရှင်းနေကြောင်း တွေ့လိုက်ရသည်။
နံနက်စာပြင်ပြီးနောက် ခြံဝင်းအတွင်း၌ မွှေးပျံ့သောရနံ့များနှင့်အတူ ပန်းပွင့်များပွင့်နေသည့် osmanthus အပင်နှစ်ပင်ရောက်နေသည်ကို တွေ့လိုက်ရသည်။
ချင်မျန် အံ့သြတကြီးနဲ့ လျှောက်လာကာ "ခင်ဗျား ဘယ်ကတူးတာလဲ?"
"တောင်ပေါ်ကနေ" လဲ့ယ်ထျဲ ခြံထဲတွင် ဂန္ဓမာပင်တွေကို မြင်ပြီးနောက် ချင်မျန်က ခြံထဲတွင် လွတ်နေသည့်နေရာကို မကြိုက်မှန်း မှန်းဆလိုက်သည်။
"မနက်စာစားပြီးမှ စိုက်လေ။"
လဲ့ယ်ထျဲ လက်ကိုဆေးပြီး စားပွဲမှာ ဝင်ထိုင်လိုက်သည်။စားပွဲပေါ်တွင် ခေါက်ဆွဲကြော် နှစ်ပန်းကန်နှင့် ဟင်းချိုပန်းကန်နှစ်လုံးရှိသည်။သူတို့ နှစ်ယောက်လုံးက အစားအသောက်ကို အမြောက်အများ စားသုံးကြသောကြောင့် ပန်းကန်လုံးကြီးမှာ ကြီးမားသော်လည်း လဲယ်ထျဲ၏ပန်းကန်က ချင်မျန်ထက် ပိုကြီးသည်။
လဲ့ယ်ထျဲက သူ့ဇနီးလေး၏လက်ရာကောင်းတယ်ဟု စိတ်ထဲတွင် တွေးကာ သက်မချလိုက်သည်။
သူတို့က တစ်ယောက်တည်း နေထိုင်လာသောကြောင့် အခြေခံအားဖြင့် မနက်စာကို ငါးရက်အတွင်းမစားဖြစ်ကြ။ယနေ့ မွှေကြော်ခေါက်ဆွဲကို ကြက်ဥ၊ နုတ်နုတ်စင်းထားသော အနီရောင်တောက်တောက်ငရုတ်သီးများနှင့် အစိမ်းရောင် မုန်ညင်းအရွက်များပါ ပေါင်းထည့်ထားသောကြောင့် လူအများ၏စားချင်စိတ်ကို နှိုးဆွပေးနေသည်။
သူ ဒီလောက် တွေးနေပေမယ့် သူ့မျက်နှာက အမြဲတမ်း ထုတ်ဖော်မပြတတ်။
သို့သော် ချင်မျန်သည် ယနေ့နံနက်စာကို သူ နှစ်သက်ကြောင်း သူ့မျက်လုံးများမှ မြင်နိုင်သေးသည်။သူ တိတ်တဆိတ် မိမိကိုယ်ကို အထင်ကြီးနေမိသည်- ခင်ဗျား ကျွန်တော့်လိုသခင်ငယ်လေးကို 'လက်ထပ်' ခွင့်ရတဲ့အတွက် ခင်ဗျားဘိုးဘေးတွေကို ကျေးဇူးတင်သင့်တယ်။
“လမ်းက ရွှံ့တွေအပြည့်ဆိုတော့ မြို့ထဲသွားဖို့ အဆင်မပြေဘူး။မြေကြီးခြောက်သွားတဲ့အထိ စောင့်တာက ပိုကောင်းမယ်။ဒီနေ့တော့ ခြံကိုခင်းဖို့ ကျောက်တုံးတွေ ကောက်ဖို့ မြစ်ကမ်းကို သွားကြည့်ရအောင်။အနည်းဆုံး လူသွားလမ်းလေးတော့ လုပ်ရမယ်။ ဘယ်လိုလဲ?"
“အင်း။”
“ဂန္ဓမာပင်ဘေးမှာ osmanthus ပင်နှစ်ပင်ကို စိုက်မယ်။ သီးပင်စားပင်တွေအတွက် နေရာချန်ထားခဲ့ဦး။”
ချင်မျန် ခြံကို လှမ်းကြည့်လိုက်တော့ ခြံက အနည်းငယ်သေးငယ်သည်ဟု ခံစားမိသေးသည်။သူ့အရင်ဘဝက မြို့ထဲတွင် အချိန်အတော်ကြာ နေထိုင်ခဲ့တာကြောင့် ကျဉ်းမြောင်းတဲ့နေရာတွေကို မကြိုက်ပေ။ကောင်းပြီ...သူငွေအများကြီးရတဲ့အထိစောင့်ရလိမ့်မယ်။
“သီးပင်စားပင်တွေလား၊ နောက်မှ တောင်ပေါ်မှာ ရှာကြမယ်။ မြန်မြန်စား။"
လဲ့ယ်ထျဲ ချင်မျန်၏ပန်းကန်လုံးအား သူ့တူဖြင့် ညင်သာစွာ တို့ထိလိုက်သည်။
သူတို့ ထမင်းစားနေတုန်း အပြင်က လူနှစ်ယောက် ဝင်လာကြသည်။သူတို့က အသက် ၃၀ အောက် ရှိပုံပေါက်တဲ့ ယောက်ျား တစ်ယောက်နဲ့ မိန်းမတစ်ယောက်ဖြစ်ကာ မျက်နှာမှာအပြုံးတွေဖြင့်ဝင်လာ၏။
ချင်မျန် အိမ်ခြံဝင်းကို လာကြည့်သောအခါ လာချောင်းကြည့်ခဲ့သည့် အမျိုးသမီးဖြစ်ကြောင်း သတိရလိုက်မိသည်။သူတို့က သူတို့ ဘေးအိမ်တွင်နေကာ သူမ၏ယောက်ျားကို ကျိုးအားဟောင် ဟုခေါ်၏။
"လဲ့ယ်ထျဲနဲ့ လဲ့ယ်ထျဲဇနီးက မနက်စာ စားနေကြတာပဲ" အားဟောင်၏ဇနီးမှာ ပြုံးနေသောအမူအရာကနေ ရုန်းမထွက်နိုင်ပုံရပြီး သူမ၏မျက်လုံးထောင့်နှစ်ဘက်စလုံးက မျဉ်းကြောင်းများ ဖြစ်လို့သွားသည်။
ချင်မျန်နှင့် လဲ့ယ်ထျဲထကာ လာထိုင်ရန် ဖိတ်ခေါ်ပြီး လာမည့် ရည်ရွယ်ချက်ကိုမူ မသိရသေးပေ။
"ဟားဟား.... မင်းတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်"
ကျိုးအားဟောင်မှာ သူ့ရဲ့တြိဂံပုံမျက်လုံးများဖြင့် အရှေ့နှင့်အနောက် ပတ်ပတ်လည်ကို ကြည့်နေကာ ထမင်းစား စားပွဲပေါ်ရှိ ဆီပြည့်ဝနေသည့် ခေါက်ဆွဲကြော်ကို တွေ့လိုက်ရပြီး တံတွေးကို တိတ်တဆိတ် မျိုချရင်း ကျိုးအားဟောင်တစ်ယောက် သူ့လက်များကို အကျီလက်ထဲ၌ စွပ်ထားလိုက်သည်။လဲ့ယ်ထျဲက ဧည့်သည်တွေအပေါ် ဆက်ဆံပုံမှာ အလွန်ရက်ရောကြောင်း သူကြားသိရသည်။သို့သော် လဲ့ယ်ထျဲ အိမ်ဆောက်နေချိန်တွင် သူ့ယောက္ခမ၏မိသားစုအရေးကြောင့် မလာဖြစ်။အိမ်သစ်တက်ပွဲတုန်းကလည်း ယောက်ဖလုပ်သူ၏ကိစ္စကြောင့် ဆွဲခေါ်ခံရပြန်သဖြင့် မစားလိုက်ရပေ။ကျိုးအားဟောင်မှာ နောင်တရမိ၏။
မနေ့ညက သူ့အိမ်နီးနားချင်းအိမ်က တစ်ခုခုကြားမိတာကြောင့် အခွင့်အလမ်းတစ်ခုရောက်လာပြီဆိုတာ သိလိုက်ရသည်။ဒီနေ့ သူ့မိန်းမက သူ့ကိုတိုက်တွန်းပြီး ဒီကိုလာကြည့်မှာကြောင့် သူ့လည်း နောက်ကလိုက်လာခဲ့သည်။ရွာသူရွာသားတွေရဲ့နံနက်စာမှာ အခြေခံအားဖြင့် ဆန်ပြုတ်၊ ပြောင်းဖူးပေါင်းနှင့် အသီးအရွက်ချဉ်များဖြစ်သည်။
လဲ့ယ်ထျဲတို့မိသားစုရဲ့ စားဝတ်နေရေးက တကယ်ကို ကြွယ်ဝချမ်းသာသည်ပင်။အဲဒီ မွှေကြော်ခေါက်ဆွဲမှာ ကြက်ဥတွေသာမကဘဲ ဆီလည်း အပြည့်အဝ ပါဝင်တာကြောင့် အနံ့ရောအရသာပါရှိပုံပေါက်နေသည်။
ချင်မျန် သူတို့ကို အလိုလိုနေရင်း သဘောမကျမိပေ။ သူ လဲ့ယ်ထျဲကို အဓိပ္ပါယ်ရှိရှိတစ်ချက်ကြည့်လိုက်ပြီး ခေါက်ဆွဲစားရန် ခေါင်းငုံ့လိုက်သည်။သူတို့ကို အမြဲတမ်း ရှောင်နေဖို့တော့ မဖြစ်နိုင်ပါဘူး။
"ကိစ္စတစ်ခုခုရှိလို့လား?" လဲ့ယ်ထျဲ သံသယဖြစ်သွားမိသည်။
အားဟောင်ဇနီးက သူမ၏လက်ကို လျင်မြန်စွာဝှေ့ယမ်းရင်း စိုးရိမ်တကြီးကြည့်ကာ
"ဘာမှမဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး။ညနက်သန်းခေါင်မှာ မင်းတို့နှစ်ယောက် ရန်ထဖြစ်ပုံရတယ်။မင်းတို့အတွက် အစ်မတို့ လုပ်ပေးနိုင်တာ တစ်ခုခုရှိမရှိ လာကြည့်တာပါ။အစ်မတို့က နောင်တစ်ချိန်မှာ အိမ်နီးချင်းတွေဖြစ်တော့မှာမို့လို့ အစ်မတို့အကူအညီကို တောင်းဖို့ အားမနာနေပါနဲ့”
"ကျေးဇူးအများကြီးတင်ပါတယ်။" လဲ့ယ်ထျဲ အသံတိုးတိုးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“မင်းရဲ့ ပရိဘောဂပုံစံကို ကြည့်ရတာ...” ကျိုးအားဟောင်သည် ချောမောလှပတဲ့ အမျိုးသမီးကို စိုက်ကြည့်နေသလိုလို လောဘကြီးတဲ့ မျက်လုံးတွေနဲ့ ဆက်တီကို ကိုင်ကြည့်လိုက်သည်။ "စျေးမနည်းဘူးမလား?မင်းတို့မိသားစုက ငါတို့ရွာမှာ ဒီလိုပစ္စည်းတွေရှိတဲ့ တစ်ဦးတည်းသောလူတွေပဲ"
Advertisement
လဲ့ယ်ထျဲ မျက်မှောင်ကြုတ်ကာ ခေါက်ဆွဲစားရန် ထိုင်လိုက်သည်။
ချင်မျန် သူ့ကို စားပွဲအောက်ကနေ ကန်လိုက်ပြီး "အစ်ကိုတို့ရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ဒါပေမယ့် လဲ့ယ်ထျဲနဲ့ ကျွန်တော် ဘာမှမဖြစ်ပါဘူး။အစ်ကိုတို့ ဘယ်နေရာမဆို ထိုင်လို့ရတယ်။ရာသီဥတုက ပိုအေးလာပြီး အစားအသောက်တွေက မြန်မြန်အေးလာတဲ့အတွက် ကျွန်တော်တို့စားပြီးဖို့ စောင့်နေရဦးမယ်။ပြီးမှ အစ်ကိုတို့ကို လာဧည့်ခံနိုင်မှာ"
သူနှင့် လဲ့ယ်ထျဲသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တိတ်တဆိတ် အရှိန်လျှော့လိုက်ကြသည်။မွှေကြော်ခေါက်ဆွဲကို အဆောတလျင်မစားဘဲ အေးဆေးစားပြီးနောက် စွပ်ပြုတ်ကို နှေးကွေးစွာ သောက်နေကြသည်။
ကျိုးအားဟောင်နဲ့ သူ့မိန်းမမှာ ထိုင်စောင့်နေရပြီး ငြီးငွေ့လာကြသည်။နောက်ဆုံးတွင် သူတို့ကို မကြိုဆိုကြောင်း သတိပြုမိကြပြီး ခြောက်သွေ့စွာပြုံးကာ မတ်တပ်ရပ်လိုက်ပြီး ထွက်ခွာမသွားခင် နှုတ်ဆက်စကားအနည်းငယ်ပြောလိုက်သည်။
ချင်မျန် လဲ့ယ်ထျဲကို စားပွဲအောက်ကနေ ဒူးနဲ့ထိပြီး “ဒီလူနှစ်ယောက်က အကျင့်မကောင်းဘူးထင်တယ်။ကြည့်ကြပ်ရှောင်"
လဲ့ယ်ထျဲ ချင်မျန်ကို အဓိပ္ပါယ်မရှင်းစွာ တစ်ချက်ကြည့်လိုက်ပြီး သူ့စွပ်ပြုတ်ကို တစ်ကျိုက်တည်း သောက်လိုက်ကာ ချင်မျန် သောက်နေတာကို ကြည့်လိုက်သည်။သူ ပန်းကန်တွေကို မသိမ်းမီ ချင်မျန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့သည်။
"နေ့လည်စာအတွက် အစပ်ဟင်းရည် ဒါမှမဟုတ် ဟော့ပေါ့?"
သူ မှတ်မိနေသေးတာပဲ!ချင်မျန် သူ့ကို စွေ့ကြည့်ပြီး "အင်း"
လဲ့ယ်ထျဲ ပန်းကန်ဆေးပြီးနောက် osmanthus ပင်များကို စိုက်ပျိုးကြပြီး ဖိနပ်ဟောင်းများစီးကာ မြစ်ကမ်းနားသို့ ကျောက်တုံးများ ကောက်ယူရန် သွားကြသည်။
ရိုးမြစ်ရေသည် ရွာ၏အနောက်ဘက်နှင့် နီးကပ်စွာ မြောက်မှတောင်သို့ စီးဆင်းသည့် တောင်စိမ်းရွာ၏ အဓိက ရေအရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည်။အခြေခံအားဖြင့် ဤနေရာသည် ရွာသားများ၏လယ်မြေများကို ရေသွင်းခြင်း၊ ဟင်းသီးဟင်းရွက်များ ရေလောင်းခြင်း၊ အဝတ်လျှော်ခြင်း၊ အားလပ်ချိန်များတွင် ငါးဖမ်းခြင်း အစရှိသည့် အလုပ်များလုပ်ကြရာ နေရာပင်။
မြစ်ကမ်းနားက စိမ်းညိုရောင် ကျောက်တုံးကြီးဘေးမှာ အမျိုးသမီးနှစ်ယောက် အဝတ်လျှော်ရင်း စကားစမြည် ပြောနေကြသည်။ကျိုးဆွေ့ဟွာ နှင့် ဖုန်းဟုန်လျိုပင်။ချင်မျန်နှင့် လဲ့ယ်ထျဲတို့ ဖြတ်သွားသည်ကို တွေ့သောအခါ ကြင်ကြင်နာနာ ပြုံးပြကြသည်။
[လှည်းပေါ်က နှစ်ယောက်]
ချင်မျန် အံ့သြသွားပြီး ပြန်ပြုံးပြလိုက်သည်။သူတို့ ဘာကြောင့်ဖြစ်ဖြစ် စိတ်နေသဘောထားပြောင်းသွားပါစေ ဒါက မကောင်းတဲ့အရာတော့မဟုတ်ပါဘူး။
မြစ်ကမ်းနံဘေးတွင် ကျောက်တုံးကြီးငယ်များစွာရှိပြီး တစ်နှစ်ပတ်လုံး မိုးရွာသဖြင့် မျောပါသွားလေ့ရှိကြသည်။သို့သော်ငြား သိပ်မကြာခင်မှာပဲ တောင်းတစ်ဝက်လောက်ကို ကောက်သိမ်းလိုက်နိုင်ပြီ။
"လောင်တာ့...မင်း ဒီရောက်နေတာလား?" သူတို့နောက်ကနေ မသာမယာအသံတစ်ခု ထွက်ပေါ်လာသည်။
ချင်မျန်၏လှုပ်ရှားမှုတို့မှာ ခေတ္တရပ်တန့်သွားပြီး လဲ့ယ်ထျဲ၏နောက်သို့ ဝင်ပုန်းလိုက်သည်။
လဲ့ယ်ထျဲက တည့်တည့်မတ်မတ်ဖြင့် ရပ်နေပြီး “အဖေ..”
လဲ့ယ်တာချန်က အေးစက်စွာခနော်ခနဲ့လိုက်ပြီး ကြီးမားသော ခြေလှမ်းများဖြင့် နီးကပ်လာကာ သူ့ရဲ့ကြမ်းတမ်းသော အသံဖြင့် အော်ဟစ်လိုက်သည် – “ငါက မင်းအဖေဆိုတာ မင်းသိသေးသားပဲ။မင်းမိန်းမ ငါ့ရှေ့မှာ ဘယ်လိုလုပ်သွားလဲ မင်းသိလား?"
လဲ့ယ်ထျဲ သူ့ရဲ့ညာလက်ကို ပေါ့ပေါ့ဆဆ မြှောက်လိုက်ကာ သူ့လက်ထဲက ငန်းနွေးကျောက်တုံးလေး(ကျောက်ချော)သည် ခပ်လှမ်းလှမ်းမှ ခြင်းတောင်းထဲသို့ တိကျစွာ ကျသွားသည်။
osmanthus
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
044: မေမွ်ာ္လင့္ထားသည့္ ခရီးတစ္ေထာက္
ဤရက္မ်ားတြင္ ခ်င္မ်န္သည္ လဲ့ယ္ထ်ဲ ျပန္လာသည့္အခ်ိန္တိုင္း ထမင္းစားႏိုင္ေစရန္အတြက္ ေန႔တိုင္း ထမင္းပို၍ ခ်က္ထားေလ့႐ွိသည္။ညေနကထမင္းက်န္က ထမင္းေၾကာ္လုပ္လို႔ အဆင္ေျပ၏။ၾကက္ဥႏွစ္လုံးကို ေဖာက္ထည့္ကာ ေမႊထည့္ၿပီးေနာက္ မုန္လာဥနီတစ္လုံးနဲ႔ အသီးအ႐ြက္လက္တစ္ဆုပ္စာေလာက္ကို ေရေဆး၊လွီးျဖတ္ၿပီး အရသာ႐ွိတဲ့ ထမင္းေၾကာ္ကို ေၾကာ္လိုက္သည္။တစ္ခ်ိန္တည္းမွာပင္ မီးေသြးမီးဖိုေပၚတြင္ ခ်ဥ္ခ်ဥ္စပ္စပ္ ဟင္းခ်ိဳကိုလည္း ခ်က္ျပဳတ္ခဲ့သည္။
ေရခ်ိဳးၿပီးသည္ႏွင့္ လဲ့ယ္ထ်ဲ အဝတ္သန္႔တစ္စုံကို ဝတ္ကာ မီးဖိုေခ်ာင္ထဲသို႔ ဝင္လာခဲ့သည္။ဇနီးေလးက ထမင္းေၾကာ္ကို စားပြဲေပၚသြားတင္ေနတာျမင္ေတာ့ သူလည္းပဲ ခါးကိုကိုင္းၿပီး မီးဖိုေပၚက ေျမအိုးကိုမကာ သူ႕ေနာက္ကေန လိုက္သြားခဲ့သည္။
"လုံေလာက္ၿပီလား?" ခ်င္မ်န္ ေမးလိုက္သည္။ပန္းကန္ျပားေပၚတြင္ တင္ထားသည့္ ထမင္းေၾကာ္မွာ အေရာင္အေသြးပါမက အရသာပါ အျပည့္႐ွိသည္ပုံ။ခ်င္မ်န္မွာ အစားအေသာက္ေတြကို ႏွစ္သက္မိေသာေၾကာင့္ ပန္းကန္အမ်ိဳးမ်ိဳးကိုလည္း အထူးႏွစ္ၿခိဳက္ခဲ့သည္။အိမ္႐ွိပန္းကန္မ်ားသည္ ပုံသ႑ာန္၊ အ႐ြယ္အစားအမ်ိဳးမ်ိဳး႐ွိေနၿပီး ထမင္းေၾကာ္အတြက္ ပန္းကန္ျပားမွာ အလြန္ႀကီးမား၏။
"လုံေလာက္တယ္။" လဲယ္ထ်ဲ မီးဖိုေခ်ာင္သို႔သြားကာ ပန္းကန္ေလးလုံးယူၿပီး ထမင္းႏွစ္ပန္းကန္ႏွင့္ ဟင္းခ်ိဳပန္းကန္ႏွစ္လုံး ခ်ေပးလိုက္၏။
“မင္းလည္း စား”
ခ်င္မ်န္လည္း တကယ္ဗိုက္ဆာလာတာေၾကာင့္ ထမင္းေၾကာ္ပန္းကန္ကို လွမ္းယူလိုက္သည္။
"လုံေလာက္ၿပီလား?" လဲ့ယ္ထ်ဲ သူ႕ေဘးမွာထိုင္ၿပီး ေမးလိုက္သည္။သူ႕ဇနီးေလး ေခါင္းညိတ္ျပသည္ကိုျမင္ေတာ့ ထမင္းပန္းကန္ကို သူ႕ေ႐ွ႕သို႔ ေ႐ႊ႕လိုက္ၿပီး စစားလိုက္သည္။
သူတကယ္ ဗိုက္ဆာေနၿပီဆိုတာ သိႏိုင္ေပမယ့္ သူ႕လႈပ္႐ွားမႈေတြက အရင္အတိုင္း မေျပာင္းလဲသြားေပမယ့္လည္း နည္းနည္းေတာ့ အလ်င္လိုေနသလိုပင္။
ခ်င္မ်န္၏ႏႈတ္ခမ္းေထာင့္တြင္ ေသးငယ္သည့္အျပဳံးတစ္ခု ျဖစ္တည္သြားေသာ္လည္း သူ႕ ေျပာင္ေျပာင္ဘြင္းဘြင္း ေျပာလိုက္ေသးသည္။
"ခင္ဗ်ားဆီကေန ဘယ္သူမွ မလုစားပါဘူး"
သူ ထိုသို႔ ေျပာလိုက္ေပမယ့္လည္း သူ႕လက္က ဟင္းခ်ိဳပန္းကန္လုံးကို ယူလိုက္ၿပီး ခပ္ထည့္ေပးကာ လဲ့ယ္ထ်ဲရဲ႕ ဘယ္ဘက္ျခမ္းမွာ ထားေပးခဲ့သည္။
“တစ္ရက္ မစားရဘူး” လဲ့ယ္ထ်ဲ တိုတိုတုတ္တုတ္ ျပန္ေျဖသည္။ဟင္းခ်ိဳတစ္ခြက္ေသာက္ၿပီးေတာ့ ဆက္စား၏။ခ်င္မ်န္ ဘာမွ ဆက္မေျပာႏိုင္ေတာ့ဘဲ စားဖို႔သာ ေခါင္းငုံ႔လိုက္သည္။ထမင္းတစ္ပန္းကန္ကုန္ၿပီးတာနဲ႔ ဟင္းခ်ိဳတစ္ဝက္ေလာက္ေသာက္ၿပီး ပန္းကန္လုံးကို ျပန္ခ်ကာ လဲ့ယ္ထ်ဲ စားေနတာကို ၾကည့္ေနသည္။
ထို႔ေနာက္ လဲ့ယ္ထ်ဲလည္း က်န္ဟင္းရည္ကို ေသာက္လိုက္၏။
ခ်င္မ်န္ ေျပာလိုက္သည္။ “ခင္ဗ်ား ဗိုက္ျပည့္ၿပီလား?မျပည့္ေသးရင္ ကြၽန္ေတာ္ ပန္ကိတ္ ႏွစ္ခု ထပ္လုပ္ေပးမယ္။"
"ျပည့္သြားၿပီ" လဲ့ယ္ထ်ဲ ပန္းကန္လုံးမ်ားကို သယ္ရန္ ထလိုက္သည္။
ခ်င္မ်န္ သမ္းေဝၿပီး ေျပာလိုက္၏။ "မနက္ျဖန္မွ ေဆးေတာ့"
လဲ့ယ္ထ်ဲ အံ့ၾသသြားမိသည္။အထူးသျဖင့္ မီးဖိုေခ်ာင္ႏွင့္ပတ္သတ္လွ်င္ သူ႕ဇနီးေလးက သန္႔႐ွင္းမႈႏွင့္ သပ္ရပ္မႈကို ႏွစ္သက္ေၾကာင္း သူ အၿမဲသိထားခဲ့သည္။အသုံးျပဳၿပီးသား ပန္းကန္ေတြကို ေနာက္ေန႔မွေဆးရန္ လုံးဝ ခ်န္ထားခြင့္မျပဳ။ဒါပထမဆုံးအႀကိမ္ပင္။
မီးေရာင္ေအာက္တြင္ အနက္ေရာင္မ်က္စံမ်ားသည္ ႏူးညံ့ေသာ အလႊာပါးမ်ားျဖင့္ ဖုံးအုပ္လ်က္ မီးဖိုေခ်ာင္မွ မထြက္မီ ပန္းကန္မ်ားကို မီးဖိုေပၚ၌သာ တင္ထားခဲ့ေသာေၾကာင့္ ေမႊးႀကိဳင္ေသာ ရနံ႔ေရာင္စုံမ်ားျဖင့္ လႊမ္းျခဳံေနခဲ့သည္။
ႏွစ္ေယာက္သား သြားတိုက္ၿပီးေနာက္ အိပ္ခန္းထဲသို႔ အတူတူ ျပန္လာခဲ့ၾကသည္။
ခ်င္မ်န္ ေငြစကၠဴကို ေငြပုံးထဲသို႔ထည့္ကာ ေသာ့ခတ္ၿပီးေနာက္ အိပ္ရာေပၚသို႔ တက္လာခဲ့သည္။
လဲ့ယ္ထ်ဲလည္း မီးၿငိမ္းၿပီးေနာက္ တစ္စုံတစ္ေယာက္အား သူ႕ရင္ခြင္ထဲသို႔ သြင္းလိုက္သည္။ခ်င္မ်န္ကား အျငင္းအခုံျဖစ္ရန္ စိတ္မ၀င္စားဘဲ သက္ေတာင့္သက္သာ႐ွိေသာ ကိုယ္ဟန္အေနအထားျဖင့္ လိုက္ေလ်ာညီေထြျဖစ္ေစကာ သူ႕ထက္အဆေပါင္းမ်ားစြာ ပိုမ်ားေသာ ခႏၶာကိုယ္အပူခ်ိန္ကို ခံစားေနမိၿပီး ထိုလူ၏ဒဏ္ရာကို ဂ႐ုတစိုက္ေ႐ွာင္႐ွားခဲ့သည္။တစ္ဖန္ ဤလူကား ေဆာင္းရာသီအတြက္ အေကာင္းဆုံးမီးဖိုျဖစ္သည္ကို သူေသခ်ာသိ႐ွိခဲ့သည္။
"ဒီရက္ပိုင္းေရာ ဘယ္လိုေနလဲ?" လဲ့ယ္ထ်ဲ အေမွာင္ထဲတြင္ ဇနီးေလး၏မ်က္ႏွာကို ေသခ်ာထိေတြ႕ႏိုင္ၿပီး ညင္သာစြာ ပြတ္သပ္ကာ တို႔ထိလိုက္သည္။
လဲ့ယ္တာခ်န္ကို သတိရသြားၿပီး စကားမေျပာခင္ ခဏေလာက္ တုံ႔ဆိုင္းသြားသည္။လဲ့ယ္တာခ်န္ မနက္ျဖန္က် ေရာက္လာမွာ အေသအခ်ာပဲ!
"ခင္ဗ်ားကို မေတြ႕ရတာ ရက္အေတာ္ၾကာေနၿပီ ၿပီးေတာ့ မိုးကလည္း႐ြာေနေတာ့ ေတာင္ေပၚတက္ၿပီး ခင္ဗ်ားကို ဆဲလိုက္တယ္ ၿပီးေတာ့ ခင္ဗ်ားအေဖက ကြၽန္ေတာ္႕ကို ျပန္ဆူတယ္။ေနာက္ေတာ့ 'ဒါ အေဖ့ကိစၥမဟုတ္ဘူး'လို႔ ေျပာၿပီး ျပန္လာခဲ့တယ္"
ခ်င္မ်န္ တည္ၿငိမ္စြာေျပာေသာ္လည္း အနည္းငယ္ စိတ္႐ႈပ္သြားသည္။လဲ့ယ္တာခ်န္က လဲ့ယ္ထ်ဲ၏ဖခင္ပင္။သူ အလ်င္အျမန္ ထပ္ျဖည့္ ေျပာလိုက္သည္။ “အဲဒီအခ်ိန္ တျခားဘယ္သူမွ မ႐ွိပါဘူး”
“ဘာမွမျဖစ္ဘူး။” လဲ့ယ္ထ်ဲ စိတ္မပါစြာ ေျပာလိုက္၏။"အေပၚယံ သည္းခံ႐ုံနဲ႔ လုံေလာက္တယ္"
ခ်င္မ်န္ ႐ုတ္တရက္ အထီးက်န္ဆန္ေသာ ေလထုကို မႀကိဳက္ေပ။ထိုလူ၏ ရင္ခြင္ထဲသို႔ လွည့္၍ က်ယ္ေလာင္စြာ ေျပာလိုက္သည္။
"အိပ္ခ်င္ၿပီ။အိပ္မယ္၊ အိပ္ေတာ့မယ္။”
လဲ့ယ္ထ်ဲ သူ႕လက္ေတြကို တင္းၾကပ္လိုက္ရင္း မ်က္လုံးမ်ားကိုမွိတ္ထားၿပီး သူ႕ရင္ခြင္ထဲကလူကို ပိုတင္းက်ပ္စြာ ဖက္တြယ္ထားလိုက္သည္။
ေနာက္တစ္ေန႔တြင္ ေကာင္းကင္သည္ ၾကည္လင္လာကာ ေအးျမေသာေလကလည္း သာသာယာယာ႐ွိလာသည္။ၾကည္လင္လန္းဆန္းေသာ ေဆာင္းဦးရာသီပင္။
ေဆာင္းဦးမိုးေၾကာင့္ ျခံတြင္း႐ွိ ဂႏၶမာပင္မ်ားသည္ ႏွင္းစက္မ်ားႏွင့္အတူ ပိုမိုအားမာန္႐ွိလာပုံရသည္။ပြင့္ခါစ ပန္းပြင့္ေတြက ပိုႀကီးၿပီး အေမႊးအႀကိဳင္ေတြ ပိုျပင္းထန္၏။ျခံဝင္းထဲ႐ွိေျမျပင္က စိုစြတ္ေနၿပီး ေျခေထာက္ျဖင့္ နင္းမိတိုင္း ႐ႊံ႕ေတြျဖင့္ စိုစြတ္ေနသည္။အရင္က သူ႕မွာ ပိုက္ဆံမ႐ွိလို႔ ျခံထဲအတြက္ ဘာမွမလုပ္ႏိုင္ဘူး။လက္႐ွိတြင္ လဲ့ယ္ထ်ဲ ေပးထားသည့္ ေငြတုံး ၅၀၀ ႐ွိၿပီး သူ႕တြင္ ယုံၾကည္မႈ အျပည့္႐ွိလာသည္။
ဒီျခံကို ကိစၥ႐ွင္းဖို႔ လိုတယ္။
"လဲ့ယ္ထ်ဲ...ခင္ဗ်ား ဘယ္မွာလဲ?" ခ်င္မ်န္သည္ လဲ့ယ္ထ်ဲ ခပ္ေဝးေဝးကို သြားမည္မဟုတ္မွန္း သိေသာ္လည္း ဖြင့္ထားတဲ့ တံခါးေပါက္ကို ၾကည့္လိုက္ၿပီး ေအာ္ေခၚလိုက္သည္။
ဝင္းတံတိုင္းအျပင္ဘက္မွ လဲ့ယ္ထ်ဲအသံ ထြက္လာ၏ “ဒီမွာ..”
ခ်င္မ်န္ လွည့္ၿပီး မီးဖိုေခ်ာင္ထဲဝင္သြားသည္။ထင္ထားသည့္အတိုင္း မေန႔က ပန္းကန္ေတြအျပင္ ဒယ္အိုးႏွင့္ မီးဖိုေတြပါ သန္႔႐ွင္းေနေၾကာင္း ေတြ႕လိုက္ရသည္။
နံနက္စာျပင္ၿပီးေနာက္ ျခံဝင္းအတြင္း၌ ေမႊးပ်ံ႕ေသာရနံ႔မ်ားႏွင့္အတူ ပန္းပြင့္မ်ားပြင့္ေနသည့္ osmanthus အပင္ႏွစ္ပင္ေရာက္ေနသည္ကို ေတြ႕လိုက္ရသည္။
ခ်င္မ်န္ အံ့ၾသတႀကီးနဲ႔ ေလွ်ာက္လာကာ "ခင္ဗ်ား ဘယ္ကတူးတာလဲ?"
"ေတာင္ေပၚကေန" လဲ့ယ္ထ်ဲ ျခံထဲတြင္ ဂႏၶမာပင္ေတြကို ျမင္ၿပီးေနာက္ ခ်င္မ်န္က ျခံထဲတြင္ လြတ္ေနသည့္ေနရာကို မႀကိဳက္မွန္း မွန္းဆလိုက္သည္။
"မနက္စာစားၿပီးမွ စိုက္ေလ။"
လဲ့ယ္ထ်ဲ လက္ကိုေဆးၿပီး စားပြဲမွာ ဝင္ထိုင္လိုက္သည္။စားပြဲေပၚတြင္ ေခါက္ဆြဲေၾကာ္ ႏွစ္ပန္းကန္ႏွင့္ ဟင္းခ်ိဳပန္းကန္ႏွစ္လုံး႐ွိသည္။သူတို႔ ႏွစ္ေယာက္လုံးက အစားအေသာက္ကို အေျမာက္အမ်ား စားသုံးၾကေသာေၾကာင့္ ပန္းကန္လုံးႀကီးမွာ ႀကီးမားေသာ္လည္း လဲယ္ထ်ဲ၏ပန္းကန္က ခ်င္မ်န္ထက္ ပိုႀကီးသည္။
လဲ့ယ္ထ်ဲက သူ႕ဇနီးေလး၏လက္ရာေကာင္းတယ္ဟု စိတ္ထဲတြင္ ေတြးကာ သက္မခ်လိုက္သည္။
သူတို႔က တစ္ေယာက္တည္း ေနထိုင္လာေသာေၾကာင့္ အေျခခံအားျဖင့္ မနက္စာကို ငါးရက္အတြင္းမစားျဖစ္ၾက။ယေန႔ ေမႊေၾကာ္ေခါက္ဆြဲကို ၾကက္ဥ၊ ႏုတ္ႏုတ္စင္းထားေသာ အနီေရာင္ေတာက္ေတာက္င႐ုတ္သီးမ်ားႏွင့္ အစိမ္းေရာင္ မုန္ညင္းအ႐ြက္မ်ားပါ ေပါင္းထည့္ထားေသာေၾကာင့္ လူအမ်ား၏စားခ်င္စိတ္ကို ႏိႈးဆြေပးေနသည္။
Advertisement
- In Serial167 Chapters
Epic Of The Second Strongest Demonic Blade King
NOTE: This book contains a lot of Violence, Blood and Gore. If that would repulse you, then this book is not for you.After being treated like scum by his overly proud and arrogant father because of th...
8 1026 - In Serial17 Chapters
Embers in the Ash
Four ordinary young people from four corners of the Earth wake up on a hill in another world. Here, their very presence is a crime against the Gods. On the fringes of civilization, life is often brief and always violent, but in the Empire's Heartland, implacable hunters seek to rectify their blasphemous existence with Blade and Fire. To return home, they will need to adapt to a place where their life will be earned in steel. But what will they be ready to sacrifice for their goal? Will their flame flicker out like so many others before them? Or will they thrive as Embers in the Ash? Hello, and welcome to my first fiction on this site! Embers in the Ash is an epic fantasy adventure story that aims to span quite a few chapters (I hope!). To set expectations, this isn't going to be a LitRPG or power fantasy-style story. I'm aiming for a fairly grounded story set in a fairly high-fantasy world. I hope you enjoy it! For this first month of publication, my aim is to give you, the reader, something to really bite into. I will be releasing a chapter every day at 9:15 AM EST (13:15 GMT), as well as the occasional double chapter (which will always be announced by a post-chapter author blurb). Check in fifteen minutes after the first chapter's release! After this first month of publication, the aim is to go for either a weekly or bi-weekly release schedule, depending on the sort of time I can reliably dedicate to writing. Either way, settle in for the long haul, and welcome to the story!
8 304 - In Serial13 Chapters
Majestic Fiend
There are many creatures and monsters inhabiting this magical world. Nanza-cats, gremlins, dwarves and so on, they come in a wide variety. Some are big and strong while some are quick and agile. Some possess intellect to match or surpass human level and some live for hundreds of years Yet, at the peak of creation throned the humans, disdainfully looking down on the rest of the world. During a night chase, the animal Ssyba is poisoned, assaulted from the cover of darkness and left dying in the streets. But as consciousness streams from the head wound, she is met with a destiny that she can't deny. With meticulous methods and great ambition, Ssyba will stop at nothing to achieve her own ends and overcome the many enemies along the true path to heaven.
8 187 - In Serial11 Chapters
The Ship's Cook
When Lynn steps up to be the sole defender of The Dragon Gem, her world is turned upside down as her life becomes filled with a sea of pirates and death-defying feats.
8 112 - In Serial34 Chapters
Interstellar Warlock
Glyphnax had finally reached his ultimate goal, they had emancipated themselves from their infernal patron after centuries of servitude. The world was theirs for the taking and power akin to a god was within their grasp. And then a bunch of uppity adventurers ruined everything. One botched teleport spell later and suddenly Glyphnax, High Warlock of the 7th circle and master diabolist was floating in an endless cold void. It took them all their might to ensure that they did not die in that cold and airless space before they were knocked unconscious from the strain. Waking up from that was no blessing either as They suddenly where in a world of science and space travel. Magic has long since been disproven as a force in that universe and Glyphnax near god-level powers have been reduced to a mere shade of what they were before. Strange blue boxes with arbitrary numbers and statistics fill up his vision and his stranded on a strange ship manned by Humans and other weirder creatures. They now have to deal with the dangers of space, megalomaniacal courier corporations, ancient cyborg hordes and an overly concerned AI with abandonment issues. Content Warning: Swearing, Gory Violence Edit here is the Patreon for those of you who are willing to support my work. Hopefully, in time I can pay for a professional editor to fix what I write: https://www.patreon.com/user?u=4699370
8 226 - In Serial9 Chapters
Nobody Gets Me (Like You)
A single night out turned into a relationship no one expected. Betty never imagined falling for Toni's drummer, Jughead Jones. For a moment, he was just another guy. He was a guy in Toni's band who she thought was good looking. That didn't mean she wanted to date him. Then, suddenly, he was her world and she couldn't imagine being with anyone other than him.
8 66

