《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[45]
Advertisement
[Unicode]
045: ချင်မျန်၏တန်ပြန်တိုက်ခိုက်မှု
တုရှီသည် လဲ့ယ်တာချန်၏နံဘေးတွင် ရပ်ကာ အားရကျေနပ်နေသော မျက်လုံးများဖြင့် ခိုးကြောင်ခိုးဝှက် နားထောင်နေသော ဖုန်းဟုန်လျိုနှင့် ကျိုးဆွေ့ဟွာကို တစ်ချက်ကြည့်လိုက်သည်။သူမသည် လဲ့ယ်တာချန်၏အကျီလက်ကိုဆွဲလိုက်ပြီး သူတော်ကောင်း ယောင်ဆောင်လျက် အကြံပေးခဲ့သေး၏- "အဖေကြီး...တစ်ခုခု ဖြစ်ထားတယ်ဆိုရင်တောင် စကားနဲ့ပဲ ပြောလေ"
"သူ့မိန်းမကိုတောင် မထိန်းနိုင်ဘူး၊ငါ ဘယ်လိုပြောရမလဲ?" လဲ့ယ်တာချန်သည် သူ့ခြေရင်းနားဆီသို့ ခုန်ဆင်းကာ လဲ့ယ်ထျဲ၏နှာခေါင်းတည့်တည့်ကို ထိုးညွှန်လိုက်သည်။
"ဒီသားက ဘာကောင်းကျိုးရလို့လဲ?မင်းမိန်းမက ငါ့ကို မရိုမသေစကားတွေ သတ္တိရှိရှိ ပြောရဲတယ်။ သိက္ခာမဲ့လွန်းတယ်။မင်း ငါ့ကိုပြောစမ်း!သူ့ကို ဘယ်လိုအပြစ်ပေးရမလဲ?"
ဖုန်းဟုန်လျိုနှင့် ကျိုးဆွေ့ဟွာတို့သည် ထွက်သွားရန် ရည်ရွယ်ချက်မရှိဘဲ ထိုနေရာတွင်သာ နေကြရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လက်များက အဝတ်များကို ပွတ်တိုက်ဟန်ဆောင်နေကြသည်။
ချင်မျန်၏အမူအရာမှာ ပြောင်းသွားသည်။သူ လဲ့ယ်ထျဲဘက်သို့သွားကာ ငြိမ်နေလိုက်သည်။သူ ခဏမျှ တုံ့ဆိုင်းသွားလျက် ထိုလူ၏လက်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်သည်။
လဲ့ယ်ထျဲ လဲ့ယ်တာချန်ကို အကြာကြီးတုံပြန်ခြင်းမရှိပေ။သူ စိတ်မဝင်စားစွာ ပြောလိုက်သည်။
"ကျွန်တော်တို့ကို သဘောမကျဘူးဆိုတာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး သိပြီးသားပါ။အိမ်ဆောက်ပြီးကတည်းက ကျွန်တော့်မိန်းမက အဖေအိမ်ကို မရောက်ဖြစ်သေးဘူး။ကျွန်တော့်မိန်းမ အဖေ့ကို ဘယ်လိုစော်ကားခဲ့တာလဲဆိုတာ မေးပါရစေ"
"မင်း!"
လဲ့ယ်တာချန် ဒေါသအရမ်းထွက်လွန်းလို့ နီရဲလာပြီး ရှုံ့မဲ့သွားသည်။ "မိမစစ်ဖမစစ်ကောင်က ငါ့ကို ပြန်ခံပြောတယ်လေ။နောက်ဆုံးအကြိမ်က မင်းကို တောင်ပေါ်မှာ သောက်ခွေးကောင်လို့ ဆဲတော့ ငါက သူ့ကို ကြိမ်းမောင်းလိုက်တာ။ဒါကို သူက ငါ့ကိစ္စမဟုတ်ဘူးလို့ ပြောသွားတယ်။ဒါ တစ်စုံတစ်ယောက်ရဲ့ဇနီးတစ်ယောက်က ပြောသင့်တဲ့စကားလား?”
"ဟား! ရယ်စရာပဲ" ချင်မျန် ထိုအဘိုးကြီးနှင့် ဆက်ပြီး အရှည်ရှည်တွေ မဖြစ်ချင်တော့ပေ။သူ လဲ့ယ်ထျဲကို သူ့လက်ဖြင့်ကာလိုက်ကာ စကားမပြောတော့ဖို့ တားမြစ်လိုက်သည်။သူ အသံကို မြင့်ကာ ပြောလိုက်၏ – "အစ်မကျိုးနဲ့ အစ်မဖုန်းတို့လည်း ဒီမှာ ရှိနေကြတာဆိုတော့ သက်သေခံနိုင်ပြီပေါ့။အခု အဖေပြောခဲ့တဲ့ အကြောင်းအရာကို ကျွန်တော် ပြန်ပြောပြပါ့မယ်။အဖေ့ရဲ့သားက အမဲလိုက်ထွက်နေတာ သုံးရက်ရှိပြီ။အဲဒီအချိန်အထိ အရိပ်အယောင်ကို မတွေ့ရသေးဘူး။ဒါကြောင့် သူနဲ့လိုက်ရှာပေးဖို့ လူတချို့ကို ရှာခိုင်းလိုက်ပါတယ်။ဒါပေမဲ့ ဖခင်တစ်ယောက်အနေနဲ့ဖြစ်ဖြစ် လူကြီးတစ်ဦးအနေနဲ့ပဲဖြစ်ဖြစ် ကိုယ့်အတွက်ကိုသာ ဂရုစိုက်ပြီး သားရဲ့လုံခြုံရေးကို ဂရုမစိုက်တာကြောင့် ကျွန်တော် ပြန်မပြောနားမထောင်သလို ပြုမူခဲ့မိပါတယ်။အဲဒါက နံပါတ်တစ်အချက်။
ဘာကိစ္စပဲဖြစ်နေပါစေ သီးသန့်ပြောလို့ရနိုင်တာကို အပြင်လူနှစ်ယောက်ရှေ့မှာ ကိုယ့်ကလေးကို အရှက်ရစေတယ်။အဲဒါက နံပါတ်နှစ်ပဲ။
အဖေက အကြင်နာတရား မဲ့လွန်းတာပဲ။ အဖေတစ်ယောက်က အကြင်နာတရားမဲ့နေပြီး သားတစ်ယောက်ကိုကျ သားသမီးဝတ္တရားကျေပွန်ဖို့ တောင်းဆိုနေရတာလဲ?ဒီအမှုကိုသာ ပဒေသရာဇ်အာဏာပိုင်တွေထံ သွားတိုင်လိုက်မယ်ဆိုရင် အဖေ့အတွက်ဆင်ခြေမရှိတော့ဘူး။”
ပဒေသရာဇ်အာဏာပိုင်တွေကို တိုင်ကြားမယ်!တုရှီသည် ကြောက်လန့်ကာ သူမ၏မျက်ဆံများ ကျုံ့သွားကာ သူမရဲ့လည်ပင်းမှာ တုန်ရီသွားခဲ့သည်။
“မင်း...မင်း....ယုတ်မာ....ယုတ်မာ....” လဲ့ယ်တာချန်၏လက်ချောင်းများသည် တုန်ရီနေကာ တောက်လောင်တော့မတက် မျက်နှာကြီးမှာ နီရဲနေ၏။
ချင်မျန် ခေါင်းမွှေးထောင်သွားကာ လဲ့ယ်ထျဲအတွက် တိတ်တဆိတ် စိုးရိမ်လိုက်မိသည်။
လဲ့ယ်ထျဲ ချင်မျန်၏ပခုံးကို ဆုပ်ကိုင်လိုက်ပြီး “ကျွန်တော်တို့ လုပ်စရာ ရှိသေးတယ်။ခွင့်ပြုပါဦး။"
လူနှစ်ယောက်သည် လဲ့ယ်တာချန်နှင့် တုရှီကို ဂရုမစိုက်တော့ဘဲ ဘာမှမဖြစ်သကဲ့သို့ ကျောက်စရစ်ခဲများကို ဆက်လက်ကောက်ယူနေခဲ့သည်။
"မင်း....မင်းတို့ ငါ့ကိုစောင့်နေလိုက်။ဘယ်သူမှန်တယ်ဆိုတာကို ဆုံးဖြတ်ပေးနိုင်မယ့် သူကို ငါသွားရှာလာခဲ့မယ်။ဟမ်!”
လဲ့ယ်တာချန် ဒေါသထွက်သွားသည်။သူ ပြင်းထန်ပုံပေါက်သည့် စကားတစ်ခွန်းကို ချန်ထားခဲ့ကာ သူ့လက်အကျီကိုဆွဲခါရင်း ထွက်သွားခဲ့သည်။
တုရှီ ခပ်မြန်မြန်ပင် နောက်ကနေလိုက်သွားခဲ့သည်။ချင်မျန်၏စကားတွေကို သူမ တွေးလိုက်မိသောအခါတွင် သူမ စိတ်မသက်မသာဖြစ်မိသည်။
ချင်မျန် မျက်မှောင်ကြုတ်လိုက်၏။သူ လဲ့ယ်တာချန် နဲ့ တုရှီကို သင်ခန်းစာတစ်ခုပေးလိုက်ရုံသာ မဟုတ်ရင် နောက်ထပ် အကြိမ်အနည်းငယ် ပြသာနာလာရှာနိုင်ပြီး သူနှင့် လဲ့ယ်ထျဲ ငြိမ်းချမ်းနိုင်ပါတော့မလား?
ဖုန်းဟုန်လျိုနှင့် ကျိုးဆွေ့ဟွာတို့သည် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကာ စိတ်လှုပ်ရှားစွာ အသံနိမ့်နိမ့်ဖြင့် တွတ်ထိုးနေသည်ကို တွေ့လိုက်ရသောအခါတွင် အစီအစဉ်တစ်ခုကို တွေးလိုက်မိသည်။သူ သူမတို့ဆီ အမြန်လျှောက်သွားလိုက်သည်။
"ဒီက အစ်မနှစ်ယောက်။"
"ဘာ,ဘာကိစ္စရှိလို့လဲ?"
သူမ၏မှတ်ဉာဏ်ထဲတွင် တလက်လက်တောက်နေသည့် မီးဖိုချောင်သုံးဓားကို ပြန်အမှတ်ရမိကာ ဖုန်းဟုန်လျိုမှာ တုန်လှုပ်သွားပြီး လျှော်နေသည့် သူမအဝတ်မှာ လက်ရှိရေစီးနှင့် လွင့်မျောလုနီးပါးဖြစ်သွားသည်။
ကျိုးဆွေ့ဟွာမှာ ခြောက်သွေ့စွာ ပြုံးပြီး အသံမထွက်ရဲ။
ချင်မျန် သူ့အင်္ကျီအိတ်ကပ်ထဲက ပိုက်ဆံအိတ်ကို ထုတ်ယူပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ပြောလိုက်သည်။ "မစိုးရိမ်ပါနဲ့ အစ်မတို့ရယ်။နောက်ဆုံးအကြိမ်တုန်းက ကိစ္စကိုတောင် ကျွန်တော် မေ့နေပြီ။ကျွန်တော်တို့အားလုံးက တစ်ရွာတည်းနေတဲ့သူတွေပဲ။တစ်ချို့အခိုက်အတန့်တွေကို ရှောင်လွှဲလို့ မရဘူးလေ။အစ်မတို့ရော အဲ့လိုမထင်ဘူးလား?"
"ဟုတ်တယ်...ဟုတ်တယ် မောင်လေး ပြောတာမှန်တာပေါ့!"
ကျိုးဆွေ့ဟွာနဲ့ ဖုန်းဟုန်လျိုတို့သည် ကျောက်စရစ်ခဲများကို ကောက်နေဆဲဖြစ်သည့် လဲ့ယ်ထျဲကို စိုက်ကြည့်ရင်း အထပ်ထပ်အခါခါ ခေါင်းညိတ်ပြကြသည်။သူ ချင်မျန်ကို အလွန်အမင်း အလိုလိုက်နေပုံရသည်။
ချင်မျန် ပြုံးပြုံးလေး ပြောလိုက်၏။ "အစ်မတို့နှစ်ယောက်သာ ကျွန်တော့်ကို နည်းနည်းလေးမျက်နှာသာပေးရင် ဝမ် 100 ပေးလို့ရတယ်။ဘယ်လိုလဲ?အဆင်ပြေပါတယ်နော့်...ဒါက လူသတ်မှုလည်း မဟုတ် မီးရှို့မှုလည်းမဟုတ်ဘူးလေ"
Advertisement
ကျိုးဆွေ့ဟွာနဲ့ ဖုန်းဟုန်လျို၏မျက်လုံးများက တောက်ပလာသည်။
ကျိုးဆွေ့ဟွာက အကဲစမ်းကာ မေးလိုက်သည်။ “ဒါ ဘာအတွက်လဲ?”
ချင်မျန် အမျိုးသမီးနှစ်ယောက်အနားတွင် ငုတ်တုတ်ထိုင်ကာ အသံကို လျှော့လိုက်သည်။သူ့မျက်နှာပေါ်ရှိ ပြုံးနေသည့်အမူအရာမှာ စဥ်းလဲပုံပေါက်ပြီး သူ့ရဲ့တောက်ပသည့်မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တလက်လက်ထနေ၏။
လဲ့ယ်ထျဲမှာ ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး ခေါင်းကို အနည်းငယ်ခါယမ်းကာ ကျောက်စရစ်ခဲနှစ်လုံးကို ကောက်ပြီး တောင်းထဲသို့ ပစ်ထည့်လိုက်သည်။
ပြီးနောက် ထိုနေရာ၌ ရှိနေတဲ့ ကျိုးဆွေ့ဟွာနဲ့ဖုန်းဟုန်လျိုတို့မှာ သူတို့ရဲ့အဝတ်များကို မလျှော်တော့ဘဲ စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် မတ်တပ်ထရပ်လိုက်ကြသည်။
“စိတ်ချထားလိုက်နော် မောင်လေး။အစ်မတို့ သေချာလုပ်လိုက်ပါ့မယ်။" ကျိုးဆွေ့ဟွာက စိတ်ရင်းမှန်ဖြင့် လေးနက်စွာကတိပြုခဲ့သည်။
ဖုန်းဟုန်လျိုက အဝတ်တွေကို ခြင်းတောင်းထဲသို့ ကောက်ထည့်လိုက်ပြီး အလျင်စလိုပြောလိုက်သည်။ "အစ်မတို့ကို စောင့်နေ။အခုချက်ချင်းလုပ်လိုက်မယ်။"
ချင်မျန် ထိုအမျိုးသမီးနှစ်ဦးအား စုစုပေါင်းဝမ် ၄၀ကို ရက်ရက်ရောရော ပေးခဲ့သည်။ “ဒီငွေက စရံငွေ။ကိစ္စပြီးသွားရင် ကျန်တာ ပေးပါ့မယ်။"
"ပြဿနာမရှိပါဘူး"
ကျိုးဆွေ့ဟွာနဲ့ ဖုန်းဟုန်လျိုတို့သည် အဝတ်လျှော်ခြင်းတောင်းများကို ထမ်းကာ သူမတို့ရဲ့ခြေထောက်သေးသေးလေးတွေဖြင့် လျင်မြန်စွာ လျှောက်သွားကြသည်။မကြာခင် ရွာထဲကို ဝင်ရောက်လာကြသည်။
ချင်မျန် လူယုတ်မာတစ်ယောက်လို ရယ်မောနေလိုက်သည်။ပြီးနောက် ကျောက်စရစ်ခဲသေးသေးလေးက သူ့ရင်ဘတ်ကို အသာလေးထိမှန်သွားလေသည်။
“လာကူဦး။”
“လာပြီ။” ချင်မျန် ပျော်ရွှင်စွာ ပြုံးပြရင်း လမ်းလျှောက်လာခဲ့သည်။
"မင်း ဘာပြောလိုက်တာလဲ?" လဲ့ယ်ထျဲ မေးလိုက်သည်။
ချင်မျန် သူ့ဘေးတွင် ထိုင်ချလိုက်ပြီး ခိုးကြောင်ခိုးဝှက် ရယ်မောလိုက်သည်။ "လျှို့ဝှက်ချက်လေ"
လဲ့ယ်ထျဲ ထိုအကြောင်းကို အကုန်လုံး ကြားလိုက်ရပြီးပြီ။ကောင်လေးရဲ့ ကျေနပ်နေတဲ့ပုံစံကို မြင်ရတာ သူ သဘောကျမိတယ်။ဒါပြင် ကောင်လေးက သူ့ကို ဂရုစိုက်တာကို ပိုလို့တောင် အရမ်းသဘောကျမိတယ်။
သူတို့နှစ်ဦးသည် လုံလောက်အောင် ကျောက်စရစ်ခဲများကို ကောက်ယူပြီးသည်အထိ အကြိမ်ပေါင်းများစွာ အသွားအပြန် လုပ်ခဲ့ကြသည်။ကျောက်စရစ်ခဲလမ်းလေးသည် အိမ်ဝင်းတံခါးမှ အိမ်တံခါးဆီသို့ တစ်ပြေးထဲ တန်းလျက်ရှိပြီး ရေချိုးခန်းတံခါးပေါက်နှင့် ထပ်၍ချိတ်ဆက်ထားသည်။လဲ့ယ်ထျဲက ကျောက်စရစ်ခဲများကို မြေကြီးထဲသို့ မြုပ်နေအောင် ထုရိုက်သည်။ယင်းကျောက်စရစ်ခဲတို့က ခိုင်ခံ့သည့်အပြင် ကြည့်လို့လည်းကောင်းပြီး စတိုင်ကျ၏။ခင်းလို့ပြီးချိန်မှာ နေ့လယ်ပင် ရောက်နေပြီ ဖြစ်သည်။
"နေ့လည်စာအတွက် ဟော့ပေါ့မလား?" ချင်မျန် လဲ့ယ်ထျဲ၏အကြံကို ထပ်မံအတည်ပြုခဲ့သည်။
"ဟော့ပေါ့အတွက် ဝါးတုတ်တွေတော့မရှိဘူး"
“အင်း။”
“အသီးအရွက်ခူးဖို့ အခင်းကိုသွားတဲ့အခါ အသီးအရွက်မျိုးစုံကို ရွေးလာခဲ့။ခင်ဗျား အဲဒီမှာရှိနေတုန်း—” ချင်မျန် ပြုံးပြီး “ရွာမှာ ကိစ္စတစ်ခုခုရှိမရှိကိုပါ သတိထားကြည့်လာနော်။”
လဲ့ယ်ထျဲ ခေါင်းညိတ်ပြပြီး ခြင်းတောင်းတစ်ခုနဲ့ ထွက်လာခဲ့သည်။
ချင်မျန် မီးဖိုချောင်သို့သွားကာ ဟင်းခတ်အမွှေးအကြိုင်တွေကို လုပ်နေလိုက်သည်။ခေတ်သစ်က ဟော့ပေါ့ဆိုင်ကို သွားလေ့ရှိကြသောကြောင့် လူအများစုသည် ဟော့ပေါ့၏အခြေခံပစ္စည်းများကို သိနိုင်ကြသည်။ချင်မျန် လိမ္မော်ခွံကို အခွံခွာပြီး စီချွမ်းသီးတွေကို အမှုန့်ဖြစ်အောင် လုပ်ရတဲ့ အကြောင်းရင်းက မည်သည့်အရာမှန်း မသိစေချင်လို့ပင်။သူ့ရဲ့ဟော့ပေါ့တွင် ငရုတ်ကောင်းပူပူ၊ စီချွမ်ငရုတ်ကောင်း၊ သစ်ကြံပိုးခေါက်၊ လိမ္မော်ခွံ၊ ပိန္နဲသီး၊ မဲဇလီဖူးအခေါက်စသည်ဖြင့် ပါဝင်ပစ္စည်း ၁၈ မျိုးပါရှိပြီး ဒီခေတ်ကလူတွေက အချို့ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် မသုံးကြသော်လည်း ဆေးဖက်ဝင်ပစ္စည်းများအဖြစ် အသုံးပြုကြသည်။ဒါကြောင့်မို့ ထိုစားသောက်ဆိုင်များရှိ အစားအသောက်များက အလွန်ကောင်းမွန်ခြင်း မရှိရခြင်း၏အဓိကအကြောင်းရင်းပင်။ချင်မျန်သည်လည်း အချိန် နှင့် နေရာကို ဖြတ်ကျော်သွားလာခွင့်ရသည့် ကောင်းချီး ကြောင့်သာ။
ဤဟင်းခတ်အမွှေးအကြိုင်တွေကို ဟင်းချက်ရာတွင်သာမက မွှေကြော်အတွက်ပါ အသုံးပြုနိုင်သည်။
လဲ့ယ်ထျဲ တံခါးကနေ အထဲဝင်လိုက်တာနဲ့ သူ့နှာခေါင်းတွေက စပ်တဲ့ရနံ့တွေနဲ့အတူ သူ့အာဒမ်ပန်းသီးတွေက အလိုအလျောက်လှုပ်ခပ်သွား၏။
"ခင်ဗျား...ပြန်လာပြီလား?" ချင်မျန် သူ့ကို မညှာမတာ ထပ်ညွှန်ကြားခဲ့ပြန်သည်။
"ဟင်းသီးဟင်းရွက်တွေကို အကုန်လုံးသာ ဆေးထားလိုက်။ခြံထဲမှာလည်း ရေတွင်းတူးရမယ်။အပြင်ကနေ ရေကို တစ်ချိန်လုံး သယ်နေရတာ ခက်ခဲလွန်းပြီး အသီးအရွက်တွေကို ဆေးကြောဖို့ အဆင်မပြေဘူး။”
လဲ့ယ်ထျဲ မီးဖိုချောင်ဘက်ကို ထင်းတုံးတစ်တုံးကို မရွှေ့ခင် မီးသွေးမီးဖိုပေါ်က နီတောက်နေတဲ့ အနီရောင်ဟင်းရည်ကို မျက်လုံးချင်းဆုံလိုက်မိ၏။အဲ့ဒီနောက် ချင်မျန်နှင့် မျက်နှာချင်းဆိုင်ထိုင်ကာ နွှာစက်ကို ယူ၍ အာလူးကို အခွံနွှာနေပြီး “နေ့လည်စာ စားပြီးရင် လူသွားရှာလိုက်မယ်”
"ရွာမှာ တစ်ခုခုထူးဆန်းနေတာများရှိလား?"
ဒါ ချင်မျန် အသိချင်ဆုံးပဲ။
လဲယ်ထျဲ သူ့မျက်ခွံတွေကို လှန်ကာ သူ့ကိုကြည့်လိုက်ပြီး "အင်း... လမ်းပေါ်မှာ လူတွေအများကြီး စကားပြောနေတာကို တွေ့ပေမယ့် သူတို့ပြောတာကို မကြားလိုက်မိဘူး"
ချင်မျန် ဖုန်းဟုန်လျို နှင့် ကျိုးဆွေ့ဟွာထံမှ သတင်းကို စောင့်ရန်သာ ဆုံးဖြတ်ခဲ့သည်။ဟင်းရွက်ခြင်းတောင်းထဲတွင် စိုစွတ်နေတဲ့ ကြာအမြစ်နှစ်ချောင်းကို သူရှာတွေ့ခဲ့သည်။ "ဒီကြာပင်က ဘယ်ကနေရလာတာလဲ?"
"အစ်ကိုကျန်းဆီကနေ...."
ချင်မျန် အသီးအရွက်တွေကို ဆေးကြောဖို့ ထကာ ရေအေးကြောင့် တုန်ရီလာရ၏။
"အစ်ကိုကျန်းက အရမ်းသဘောကောင်းတယ်။ဟော့ပေါ့ရောင်းဖို့ ဝါးချောင်းတွေ အများကြီးလိုတယ်။ အစ်ကိုကျန်းသာ ဆန္ဒရှိရင် သူ့ကို ဝါးတုတ်တွေလုပ်ခိုင်းလိုက်ရင် ဘယ်လိုလဲ?အိမ်မှာလည်း လုပ်လို့ရတယ်။လွယ်လည်းလွယ်တယ်လေ။"
"သေချာတယ် သူဆန္ဒရှိတယ်" လဲ့ယ်ထျဲ ထပြီး “မင်း အသီးအရွက်တွေကို လှီးလိုက်။ကိုယ် ကျန်တာ ရေဆေးလိုက်မယ်”
“ရတာပေါ့!ခင်ဗျား လုပ်လိုက်” ချင်မျန် ဝမ်းသာအားရဖြင့် "ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့အသားအရေက ကျွန်တော့်ထက် ပိုထူတယ်လေ"
Advertisement
လဲ့ယ်ထျဲ ချင်မျန်ကို အခွင့်ကောင်းယူခွင့်ပေးလိုက်သည်။
အလုပ်ကို မျှမျှတတ ၊ရှင်းရှင်းလင်းလင်းနဲ့ လုပ်အားခွဲဝေခြင်းဖြင့် ကြာစွယ်အချပ်များ၊ ဟင်းနုနွယ်ရွက်များ၊ ဝက်သားလုံးများ၊ အာလူးချပ်များ၊ မှိုနှင့် တို့ဟူးတို့အပါအဝင် စီမံထားသည့် ပါဝင်ပစ္စည်းများကို စားပွဲပေါ်တွင် အမြန်တင်လိုက်နိုင်ကြသည်။အချိန်မရှိတာကြောင့် အနည်းအကျဉ်းကိုသာ ပြင်ဆင်ထားနိုင်ပြီး ခုတ်ထစ်ထားသော ရစ်ဌက်သားများကို ကြိုတင်ချက်ပြုတ်ထားနိုင်လို့သာ။ဒီအချိန်မှာတော့ ချက်ပြီးသားရနံ့က ခံတွင်းတွေ့စေ၏။
ကံမကောင်းစွာပဲ ချင်မျန် ခေါက်ဆွဲမရှိခဲ့တာကြောင့် နောင်တရမိသည်။သို့သော် နောက်ပိုင်းတွင် သူလုပ်နိုင်မည်ပင်။
"စားကြရအောင်။"
တူတွေကို ကောက်ကိုင်ပြီး ခေါင်းမဖော်တမ်း စားကြတော့သည်။
"ဘယ်လိုလဲ?ကောင်းတယ်မလား?"
ချင်မျန် ဌက်သားကို ကိုက်လိုက်သည်။နူးညံ့ပြီး အရသာရှိလွန်း၏။သူ ကျေနပ်စွာ ငုံ့ကြည့်လိုက်သည်။
“မြို့ထဲမှာ ဟင်းသီးဟင်းရွက်ဈေးလည်း ရှိတယ်ဆိုတော့ ဟင်းသီးဟင်းရွက်ဝယ်ရတာ အဆင်ပြေမယ်။ဒီဆိုင်ကို တရားဝင်ဖွင့်လိုက်တာနဲ့ အမျိုးအစားတွေလည်း ပိုများလာမယ်။”
လဲ့ယ်ထျဲ ဌက်ပေါင်သားတစ်ပိုင်းကို ယူလိုက်ကာ ချင်မျန်၏ပန်းကန်လုံးထဲသို့ ထည့်လိုက်ပြီး "ပန်းကန်ဆေးဖို့ လူငှား.."
"ဒါပေါ့!" ချင်မျန် ပြောလိုက်သည်။ "ခင်ဗျားက အစားအသောက်ပြင်ဆင်ရေးမှာ တာဝန်ယူ။ကျွန်တော်က ပိုက်ဆံသိမ်းမယ် ပြီးတော့ ပန်းကန်ဆေးဖို့ စားပွဲထိုးတစ်ယောက်ကို ငှားမယ်။အဲဒါကတော့ လောလောဆယ် အစီအစဉ်ပေါ့။လုပ်ငန်းကောင်းလာရင်တော့ လူများများ ငှားရလိမ့်မယ်”
ဒီလိုပြောနေတဲ့အချိန်မှာ သူ့တင်ပါးလေးက ခွေးခြေပေါ် အသာလေး လှုပ်ရင်း တိုးတိုးလေးပြောလိုက်၏။ “အိမ်ဟောင်းကလူတွေကို ဆိုင်ရဲ့စီးပွားရေးမှာ ဝင်မစွက်ဖက်စေချင်ဘူး။ဒါကြောင့် သူတို့ထဲက တစ်ယောက်ယောက်ကို အကူအညီ မတောင်းချင်ဘူး။ခင်ဗျား သဘောကရော?
လဲ့ယ်ထျဲ မကျေနပ်ချက် တစ်စုံတစ်ရာမရှိဘဲ, “ဘာလို့လဲ?”
ချင်မျန် ရှင်းပြလိုက်သည်။ "ကျွန်တော့်အမြင်အရတော့ စီးပွားရေးမှာ အတားအဆီးဖြစ်စေတာက စီမံခန့်ခွဲမှုပိုင်းမှာ ဆွေမျိုးတွေ ပါဝင်ပတ်သက်နေတာပဲ။သဘောထားကွဲလွဲနေတာတွေရှိရင် ဆက်ဆံရေးအပေါ်မှာလည်း သက်ရောက်မှုရှိမယ်။တတိယညီ၊ စတုတ္ထညီ၊ ပဉ္စမညီ၊ ညီမငယ်များ အားလုံးက ကောင်းပါတယ်။သူတို့ကို ဆိုင်မှာ လုပ်ခိုင်းတာထက် နောက်ပိုင်းမှာ ပိုက်ဆံရှာဖို့ အကြံဥာဏ်ပေးပြီး သူတို့ကိုယ်တိုင် လုပ်ခွင့်ပေးလိုက်တာက ပိုကောင်းမယ်။”
လဲ့ယ်ထျဲ သူ့ကို နူးညံ့စွာကြည့်လိုက်သည်။
“မင်းသဘောပါပဲ"
ထိုမှသာ ချင်မျန် ပြုံးကာ ထိုလူအတွက် ရေစစ်ဇလုံထဲက အသားလုံးနှစ်လုံးကို ယူကာ ထည့်ပေးလိုက်သည်။
ကျိုးဆွေ့ဟွာနဲ့ဖုန်းဟုန်လျိုတို့သည် တံခါးပေါက်ကနေ အထဲသို့ဝင်,ဝင်ချင်း ဟော့ပေါ့ရနံ့ကို ရလိုက်သောအခါ တိတ်တဆိတ် သွားရည်ကျမိသွားကြသည်။
"အိုး မင်းတို့ ထမင်းစားနေကြတာပဲ"
"အစ်မတို့ ကြွပါ။" ချင်မျန် သူတို့နဲ့တွေ့ဖို့ ထရပ်လိုက်သည်။
ကျိုးဆွေ့ဟွာက အလျင်စလိုပြောလိုက်၏။
"ထိုင်ပြီး ဆက်စားလေ..."
ချင်မျန် သူတို့ရဲ့အသွင်အပြင်ကိုမြင်ပြီး ကိစ္စပြီးသွားသည်ကို သိလိုက်ပြီ။ထိုင်ဖို့ဖိတ်ခေါ်ပြီး လဲ့ယ်ထျဲကို ရှောင်ခိုင်းလိုက်သည်။
"ထျဲကော....အသားလုံး သွားယူပေးဦး။"
ကျိုးဆွေ့ဟွာနဲ့ဖုန်းဟုန်လျိုတို့ကို သူခိုင်းစေလိုက်သည့်ကိစ္စမှာ လဲ့ယ်တာချန်နှင့် တုရှီကို ရည်ရွယ်ထားခြင်းသာ။လဲ့ယ်ထျဲ သိသော်လည်း
ကျိုးဆွေ့ဟွာနဲ့ဖုန်းဟုန်လျိုတို့အား လဲ့ယ်ထျဲသိနေကြောင်း သိခွင့်မပြုနိုင်ပေ။မဟုတ်ရင် လဲယ်ထျဲ၏နာမည်ဂုဏ်သတင်း မကောင်းဖြစ်ပေလိမ့်မည်။
လဲ့ယ်ထျဲလည်း နာခံစွာဖြင့် မီးဖိုခန်းထဲသို့ ဝင်သွားလိုက်သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
"မင်း!"
"ဒီက အစ်မနှစ်ယောက်။"
"ဘာ,ဘာကိစ္စရှိလို့လဲ?"
"ပြဿနာမရှိပါဘူး"
“လာကူဦး။”
Advertisement
- In Serial85 Chapters
The Acts of Androkles
Elevator pitch: '300' meets 'Lone Wolf and Cub'. A retired veteran has to keep some orphans from being eaten by horrible monsters. This fiction contains the professionally-published novel Obstacles as well as the ongoing sequels. Back Cover Copy:Androkles, son of Paramonos, spent twenty-five years in the world’s greatest army trying to earn enough money to buy back his good name. He’s battle-scarred, weary, and heartbroken after decades of watching dear friends die, but he survived. He’s ready to retire and be welcomed as a hero, finally able to see the reward he sacrificed so much to achieve. There’s only one problem: his wife just fled civilization with all his hard-won savings. Now he must pursue her north, through desperate bandits, ravening beasts, and worse. But after he rescues a pair of orphans from starvation, he is faced with his most difficult challenge yet: a question that goes to the very heart of honor. The consequences might be deeper than he realizes, and it’s not just his life on the line… Updates: Irregular but Ongoing Book title in the chapter heading. If you like what you're reading, please consider purchasing a copy of the published novel Obstacles: books2read.com/u/mleazq
8 206 - In Serial52 Chapters
A Bored Immortal's Adventure with Reincarnation
Warning: This is my first time writing a story. This is the tale of a bored, all-powerfull immortal that made a deal with Fate in order to make things interesting for the both of them.
8 97 - In Serial45 Chapters
Monsters Dwell in Men - B2: Jehovah's Harmony
Saint Jericho - "There are doors better left unopened, but those secrets never haunted me. No. What makes my hands tremble are the doors that can never be closed." The wind whispers of a monster spawned from hollows of hatred and the torment of souls. He leaves calamity in his wake, and even the Immortal Saint, Solomon, has fallen. This abomination is known by the prophecy given by the oracle - The Darkened One.Distorted by the desire of an unstoppable hunger, walking with the corpse of a king, he journeys across the continent of Alta. Known as Jericho by many, known as Jack by others, he faces golems of flesh, his waning humanity, and the corruptor of worlds, Gaia. If you relish in brutality, delight in carnage, or enjoy tales that are remarkably human, please enjoy the read. Otherwise, leave for less heavy hills. You've been warned.
8 192 - In Serial6 Chapters
Trials of a Magic Core
He was brave, and noble, and true. He was also a hunk of crystal floating in a magical circle, brought into existence by the self-styled "Greatest Magus of All Time" to be his personal intelligent magical encyclopedia, filled with every minutiae of the arcane this Magus could stuff into it, all ready and accessible at a moment's notice. But is simply knowing all there is to life? Can he strive for more? Should he? (Writer's Note:) I'm a pretty new writer, so expect delays, errors, inconsistent logic, plot holes the size of a small 4-wheeled vehicle, and a distinct lack of snark. At least from the MC. Also, yes, the cover is an image I made in paint. I have...NO artistic skills. It is a placeholder. Also, I came up with this idea in the shower after a nine-hour RRL binge. SO BEAR WITH ME.
8 203 - In Serial12 Chapters
Fall of Jupiter
What happens when the most powerful man in the world loses his soulmate to a heart attack? What happens when an innocent woman is dragged into a world of magic, and superheroes? Who is the true hero of the story? Note: This is the first book I ever wrote seriously. (I even had a cover made before I decided against publishing it) I'd like to think my writing style has improved with practice, and the multiple other books I've worked on. It felt wrong to leave a nearly completed book gathering dust in my google docs, but I don't think it's good enough to be officially published. As a result, I'm putting it here instead where it at least won't be totally wasted. Eventually, I'll put in the last 10 hours or so to finish it for you guys. Hope you like it :)
8 158 - In Serial49 Chapters
Perish • Ben Parish
The wicked will perish.The 5th Wave Fan fiction[extended summary inside]
8 169