《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[51]
Advertisement
[Unicode]
051: မိန်းကလေးဝေကို Like ပေး,ပေးပါ။
ချင်မျန် မသိစိတ်ကနေ "ကောင်းပြီ" ဟု ပြန်ပြောလိုက်သည်။သတိပြန်ဝင်လာသည့်အခါမှ ရယ်ရခက်ငိုရခက်ဖြင့် ကျန်းလျို၏ခေါင်းကို ပိတ်ရိုက်လိုက်ကာ "ကောင်စုတ်လေး မင်းက မင်းရဲ့သူဌေးကို လှည့်စားရဲတယ်ပေါ့"
ဝမ်ရှောက်ကလည်း စိတ်အားထက်သန်သော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။ချင်မျန်က ခဏတာမျှ တွေးယူပြီးနောက် "ကောင်းပြီ။ဆိုင်ရဲ့လုပ်ငန်းကလည်း ကောင်းလာပြီပဲ။မင်းတို့နှစ်ယောက်နဲ့ အသားကင်ပေးတဲ့စားဖိုမှူးကလည်း အလုပ်ကို ကောင်းကောင်းလုပ်ပေးကြတယ်။ဒါကြောင့် မင်းတို့ရဲ့သူဌေးလေးနဲ့ ငါက မင်းတို့သုံးယောက်ကို 'တစ်' နဲ့ ဆုံးတဲ့ နေ့တိုင်း ညစာစားဖို့လုပ်လိုက်မယ်။ဥပမာ- ပထမ(၁)ရက်၊ (၁၁)ရက်နှင့် နှစ်ဆယ့်တစ်(၂၁)ရက်ပေါ့။"
ဝမ်ရှောက် နှင့် ကျန်းလျိုတို့သည် အလွန်ပျော်ရွှင်သွားကြပြီး ကျေးဇူးတင်ကြောင်းကို လျင်မြန်စွာဖော်ပြလိုက်ကြကာ ချင်မျန်ကို မြှောက်ပင့်ပြောဆိုကြတော့သည်။ဆိုင်မှာ ရောင်းတဲ့ မာလာထျန်း၊ အသားကင်နဲ့ ဟော့ပေါ့တွေက အရမ်းအရသာရှိတာကြောင့် စားပြီးတာနဲ့ ဒုတိယအကြိမ်ထပ်စားချင်မိကြသည်။
လဲ့ယ်ထျဲ တစ်ချက် ကြည့်လိုက်ရင်း ပေါ့ပေါ့ပါးပါးတစ်ချက် ချောင်းဆိုပြလိုက်သည်။
ဝမ်ရှောက်နှင့် ကျန်းလျို၏ကျောပြင်များသည် အေးစက်သွားသလို ခံစားလိုက်ရသည်။သူတို့ အမြန်ထွက်ခွာသွားကြပြီး အလုပ်ရှုပ်နေကြတော့၏။သူတို့က သူဌေးကြီးကို မကြောက်ကြသော်လည်း “သူဌေးလေး” ကိုဖြင့် နှလုံးသားထဲကနေ ရိုသေကြောက်ရွံ့ကြသည်။
လဲ့ယ်ထျဲက မောက်ချိုက်ပူပူနွေးနွေးကို ပန်းကန်လုံးတစ်ခုထဲကို ထည့်လိုက်ပြီး ကောင်တာပေါ် တင်ပေးလိုက်သည်။
ချင်မျန် ကြည့်လိုက်တော့ ဟင်းနုနွယ်ရွက်၊ အသားလုံးတွေ၊ သိုးသား၊ မှိုနဲ့ အာလူးတွေ အပြင် သူ ကြိုက်သည့်ပါဝင်ပစ္စည်းများကို တွေ့လိုက်ရသည်။
"သူတို့အပေါ် အရမ်းသဘောကောင်းမပြနဲ့"
"အမ်?" ချင်မျန် အသားလုံးတစ်ဝက်ကို ကိုက်လိုက်ပြီး သူ့ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
လဲ့ယ်ထျဲ စကားဆက်မပြောဘဲ သူ့ကို ကြည့်နေ၏။
ချင်မျန် ပြုံးလိုက်သည်။သူ ဝါးတုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ပန်းကန်လုံးထဲက အသားလုံးတစ်လုံးကို ထိုးလိုက်ကာ ပြုံးပြုံးရွှင်ရွှင်နဲ့ သူ့ဆီကမ်း ပေးလိုက်သည်။
လဲ့ယ်ထျဲ လှမ်းယူလိုက်ပြီး နောက်ပြန်လှည့်ကာ အိုးဆီသို့ ပြန်သွားသည်။
အဲဒီအချိန်မှာပဲ အသားကင်ရတဲ့စားဖိုမှူးက လှမ်းအော်လိုက်သည်။ “စားပွဲ ၂ မှာ ဘာဘီကျူးအဆင်သင့်ဖြစ်ပြီ”
အလုပ်များပြီး ပြီးပြည့်စုံတဲ့ နေ့တစ်နေ့ကို ဒီလိုပဲ ဖြတ်သန်းခဲ့ကြ၏။
ဟိုဘက်က အိမ်ဟောင်းမှာတော့ ပြသာနာတွေတက်နေပြီ ဖြစ်သည်။
လဲ့ယ်တာချန်မှာ ခေါင်းကိုက်ရပြီး စိတ်ရှည်သည်းခံမှုမှာ ကုန်ဆုံးသွားပြီးနောက်မှာတော့ သူမအား ပါးရိုက်လိုက်ကာ အိမ်ထဲတွင်တော့ တုရှီသည် စိတ်ပျက်လက်ပျက်ဖြစ်ကျန်ရစ်ခဲ့သည်။တုရှီ၏ဘယ်ဘက်မျက်နှာမှာ နီမြန်းနေပြီး အိမ်ပြင်ပင်မထွက်ရဲပေ။ကုတင်ပေါ်တွင် လှဲလျောင်းရင်း ရှိုက်ကြီးတငင် ငိုနေမိသည်။
လဲ့ယ်ရှန်းရန်၊ လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီတို့သည် သူတို့၏ မိဘများရဲ့ပဋိပက္ခတွေကြောင့် ကူကယ်ရာမဲ့ ဖြစ်ခဲ့ကြသည်။တဖက်မှာတော့ သူတို့အမေကို သနားမိသည်။တစ်ဖက်တွင်လည်း အောင်သွယ်တော်ကျင်၏စကားကြောင့် သူတို့၏အိမ်ထောင်စုထဲကို လူထပ်မံ ပေါင်းထည့်မယ့်ကိစ္စမှာ မကောင်းတဲ့ကိစ္စမဟုတ်ကြောင်း သူတို့ထင်မိကြသည်။
သို့သော် အဓိကအချက်မှာ လဲ့ယ်တာ့ချန်က သူတို့၏ဖခင်ဖြစ်ပြီး သူတို့လေးစားရမည့် အသက်ဝါကြီးသူတစ်ဦးသာ ဖြစ်သည်။မျိုးဆက်သစ်များအနေနှင့် အကြီးအကဲ၏အိပ်ခန်းရေးရာကိစ္စများကို စွက်ဖက်ခြင်းက သူတို့အတွက် မသင့်လျော်ပေ။ကျိုးရှီနဲ့ချင်းရှီတို့မှာ မည်သည့်လုပ်ပိုင်ခွင့်တောင် မရှိချေ။ တစ်ချိန်တည်းမှာပင် လဲ့ယ်ချွင်းထောင်သည်လည်း အိမ်ထောင်မပြုရသေးသော မိန်းကလေးတစ်ဦးဖြစ်သောကြောင့် ဝင်ရောက်စွက်ဖက်ရန်မှာ ပိုလို့တောင် မသင့်လျော်ပေ။
တစ်ခွန်းတည်းပြောရလျှင် အိမ်ဟောင်းရှိလူများသည် လဲ့ယ်ထျဲနှင့် ချင်မျန်တို့ကိစ္စကို မေ့သွားကြလေသည်။
အောင်သွယ်တော်ကျင်နဲ့ချိန်းဆိုထားသည့်နေ့ရောက်လာသည့်အခါမှာတော့ လဲ့ယ်တာချန်သည် သူ့ကိုယ်သူ သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်သွားပြီး မြို့ထဲကို ရောက်လာခဲ့သည်။
ချိန်းထားသည့် လက်ဖက်ရည်ဆိုင်အနီးတွင် ရောက်တော့ သူ မဝင်သေးဘဲ ဆန့်ကျင်ဘက်ရှိ ပန်းကန်ခွက်များ ရောင်းချသည့် ဆိုင်သို့ သွားကာ ပန်းကန်ခွက်များကို ရွေးနေ ဟန်ဆောင်လျက် တစ်ဖက်ကို မျှော်ကြည့်နေသည်။
အောင်သွယ်တော်ကျင်သည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထို မိန်းကလေးနှင့်အတူ ရောက်လာသည်ကို သူမြင်လိုက်ရသည်။သူ့နှလုံးသားမှာ ရုတ်တရက်တုန်ခါသွား၏။အောင်သွယ်တော်ကျင်၏မျက်နှာချင်းဆိုင်တွင် ရပ်နေသည်က အပြာရောင်ဝတ်စုံကို၀တ်ဆင်ထားပြီး နူးညံ့သိမ်မွေ့ကာကျက်သရေရှိသော မိန်းကလေးတစ်ဦးပင်။
တကယ်တော့ သူမသည် အသက် ၂၆-၂၇ နှစ် ရှိနေပြီဖြစ်သည်။သူမ၏အသွင်အပြင်က လှပသည်ဟု မယူဆနိုင်သော်လည်း သူမသည် 6/10 အဆင့်ရှိ ကြည့်ကောင်းသော ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး သူမ၏မျက်လုံးများသည် အထူးသဖြင့် တောက်ပလျက်ရှိနေသည်။အောင်သွယ်တော်ကျင်နှင့် စကားပြောနေရင်း သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပန်ဆင်ထားပြီး သူမ၏ အပြုံးသည် အလွန်သဘာဝကျပြီး တောက်ပနေသည်။ရံဖန်ရံခါ လက်ကိုမြှောက်ကာ ခေါင်းညိတ်ပြလိုက်သော လှုပ်ရှားမှုလေးကြောင့် သူ လျင်မြန်တဲ့ ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။
သူမက တကယ်ကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်ပင်။ထိုကဲ့သို့သော နုပျိုလှပသော မိန်းကလေးသည် သူ့အတွက် ကံကောင်းခြင်း (အချစ်ရေး) အဖြစ် မှတ်ယူနိုင်လောက်သည်။
လဲ့ယ်တာချန်၏နှလုံးသားသည် ယခုအချိန်တွင် ပူလောင်နေပြီဖြစ်သည်။
အောင်သွယ်တော်ကျင်သည် နေကိုကြည့်လိုက်ကာ ဆန့်ကျင်ဘက်ရှိ ဆိုင်လေးဆီကို ကြည့်လိုက်သည်။လဲ့ယ်တာချန် ရောက်လာပြီးဖြစ်ကြောင်း သူမ အတည်ပြုပြီးနောက် ဝေဝေ့အား ခေါင်းညိတ်ပြလိုက်သည်။
ဝေဝေ့သည် သူမမျက်လုံးနောက်လိုက်ကာ တစ်ဖက်ကိုကြည့်လိုက်သည်။မတ်တပ်ရပ်နေတဲ့လူက အသက်နည်းနည်းကြီးပေမယ့် သူမ ဂရုမစိုက်ပေ။သူမသည် ထိုအမျိုးသား၏ မျက်နှာအသွင်အပြင်ကို ကြည့်ပြီး အံ့သြသွားမိသည်။အောင်သွယ်တော်ကျင်က လဲ့ယ်တာချန်သည် ငယ်စဉ်က အလွန်ချောမောခန့်ညားခဲ့သည်ဟု သူမအား ပြောခဲ့ထားသော်လည်း သူမ မယုံခဲ့။သို့သော် သူ့မျက်လုံးနှင့်သူ မြင်လိုက်ရသောအခါတွင် သူမ ယုံရပေတော့မည်။သူမ၏စိတ်မှာ အနည်းငယ် စိတ်သက်သာရာရသွား၏။အဘိုးကြီးတစ်ယောက်နဲ့ လက်ထပ်ရတာ အဆင်ပြေပေမယ့် အဲဒီလူက သည်းမခံနိုင်လောက်အောင် ရုပ်ဆိုးနေရင်တော့ အရမ်းစိတ်ဒုက္ခရောက်ရလိမ့်မယ်။ကံကောင်းထောက်မစွာ လဲ့ယ်တာချန်က သူမကို စိတ်မပျက်စေခဲ့ပေ။
Advertisement
သူမအကြည့်ကို ကြည့်မိတော့ အောင်သွယ်တော်ကျင်သည် လဲ့ယ်တာချန်ကို ခေါင်းညိတ်ပြလိုက်သည်။
လဲ့ယ်တာချန်က အရင်ထွက်ခွာသွား၏။သူအရမ်းစိတ်လှုပ်ရှားနေပြီး သူ့ခြေထောက်တွေက ဝါဂွမ်းကိုနင်းနေသလိုမျိုး လွင့်မျောနေခဲ့သည်။သို့သော် ဝေဝေက သူ့ကို မကြိုက်တော့မည်ကို စိုးရိမ်နေမိကာ သူ့စိတ်ထဲတွင် စိုးရိမ်မှုအချို့ရှိနေခဲ့သည်။
“လဲ့ယ်တာချန်ရဲ့ ခန္ဓာကိုယ်နဲ့အရိုးတွေက ကောင်းမွန်နေသေးတယ်လို့ ပြောနိုင်တယ်။သူ့ခန္ဓာကိုယ် အရမ်းပိန်သွားရတဲ့ အကြောင်းရင်းက တုရှီကြောင့် ဖြစ်မှာကို စိုးရိမ်မိတယ်။” တုရှီရဲ့ပုံစံကြောင့် အောင်သွယ်တော်ကျင်၏မျက်နှာမှာ အထင်အမြင်သေးနေပုံပေါ်သည်။ “သူတို့ရွာကလူတွေအပြောအရတော့ လဲ့ယ်မိသားစုက ထမင်းတစ်နပ်စာအတွက် ဟင်းနှစ်ပွဲပဲ ချက်စားကြတဲ့အပြင် ဆီအများကြီးလည်းမထည့်ဘူး။သူတို့ တစ်နှစ်ပတ်လုံး အသားစားရဖို့ အခွင့်အရေး အနည်းငယ်တောင် မရှိဘူး။တို့မြို့မှာ ဆင်းရဲတဲ့ရွာတွေရှိကြပါတယ်။သူတို့မိသားစုလောက်တော့ မဟုတ်ပါဘူး။မပြောဖြစ်ဘူးဆိုရင် အကြောင်းပြချက်မရှိ ရယ်စရာဖြစ်သွားလိမ့်မယ်။”
ဝေဝေသည် လက်ဖက်ရည်အိုးကို ကောက်ယူကာ လက်ဖက်ရည်ပူပူတစ်ခွက်ကို ထည့်ပေးလျက် ပြုံးကာပြောလိုက်သည်။ "အဖွားကျင်က အောင်သွယ်ပေးတဲ့အခါ စကားချည်းသက်သက် မပြောတတ်ဘူးလို့ ကြားဖူးတယ်။ကျွန်မကတော့ အဖွားကျင်ကို စိတ်နှလုံးထဲမှာအကြွင်းမဲ့ ယုံကြည်တယ်။"
အောင်သွယ်တော်ကျင်က နားမလည်နိုင်။ "မင်းရဲ့ အရည်အချင်းတွေအရ အသက်ကြီးတဲ့သူကို ရှာမှရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒုက္ခရောက်ရကျိုးနပ်မှာတဲ့လား?" သူမသည် ဝေဝေအပေါ်တွင် သဘောထားကောင်းကောင်း ရှိတာကြောင့် အကြံပြုချက်မပေးဘဲ မနေနိုင်တော့ပေ။
ဝေဝေက မသိမသာ ပြုံးပြီး သူမကို ပြန်ပြောဖို့ရာ စိတ်မ၀င်စားပေမယ့် “လူတချို့က ယောက်ျားတချို့နဲ့ မိတ်ဆက်ပေးဖူးတယ်။ သူတို့ထဲက တစ်ဦးက ဆင်းရဲနွမ်းပါးပြီး ကျန်နှစ်ဦးက ဒုတိယမယားအဖြစ် လိုချင်ကြတယ်။တစ်ယောက်က ၆ နှစ်သားအရွယ် သားတစ်ယောက် ရှိနေပြီး၊ ကျန်တစ်ယောက်က ၈ နှစ်အရွယ် သားတစ်ယောက်ရှိတယ်။အသက် 6 နှစ် နှင့် 8 နှစ် အရွယ် ကလေးတွေက ကိစ္စတော်တော်များများကို မှတ်မိနေကြပြီး သူတို့ရဲ့မွေးမိခင်တွေရဲ့ ကျေးဇူးကိုပဲ မှတ်မိနေဦးမှာ။အဲဒီအိမ်ထဲဝင်ပြီးရင် သူတို့ရဲ့ခံစားချက်တွေကို ပြုစုပျိုးထောင်ဖို့က ပိုခက်လိမ့်မယ်။ ကျွန်မသာ အနည်းငယ် ဂရုမစိုက်မိရင် အတွင်းလူမဖြစ်လာနိုင်ဘဲ အပြင်လူတစ်ယောက်သာသာ ဖြစ်သွားလိမ့်မည်။ကျွန်မ အဲဒီအိမ်ကိုလာရတာ ဒုက္ခရောက်ရဖို့ ထိုက်တန်ပါ့မလား?လဲ့ယ်တာချန်က နည်းနည်းအသက်ကြီးပေမယ့် သူတို့ရဲ့ကလေးတွေက တွေးတောတတ်နေပြီ။ကျွန်မသာ သူတို့ကို ပိုက်ဆံများများရအောင် ကူညီပေးရင် သူတို့က ကျွန်မအပေါ် စေတနာထားဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ ဒါ့ထက် အဖွားကျင်ပြောခဲ့တဲ့စကားအရ တုရှီက ကျရှုံးသွားပြီပဲ။ကျွန်မသာ လဲ့ယ်တာချန်ရဲ့ နှလုံးသားကို အနီးကပ် ဆုပ်ကိုင်ထားနိုင်ပြီး သူနဲ့ ကလေးယူထားနိုင်သရွေ့ သူ နောက်ထပ် အနှစ် 20 ပဲ အသက်ရှင်နေနိုင်ရင်တောင် အနာဂတ်မှာ အားကိုးရမယ့် ကျွန်မရဲ့ကိုယ်ပိုင် သားသမီးတွေ ရှိလာမှာပဲ။ကျွန်မကလေးတွေ အိမ်ထောင်ကျတာပဲဖြစ်ဖြစ် အိမ်ထောင်မကျတာပဲဖြစ်ဖြစ် သူ့သားသမီးတွေထက်တော့ ပိုဆိုးမှာ မဟုတ်ဘူး။”
အောင်သွယ်တော်ကျင်က သူမကို တိတ်တဆိတ် သဘောကျမိသည်။သူမသည် ချမ်းသာသောမိသားစုအိမ်တော်တွင် အမှုထမ်းခဲ့ကြောင်း သက်သေပြနေသလိုပင်။ပြောရရင် သူမက ရေရှည်စဉ်းစားပြီးသွားပြီပဲ။
တစ်ဖက်လူက လိုလားနေတာကြောင့် သူမ ကန့်ကွက်မှာ မဟုတ်တော့ပေ။
“အဲဒီလိုဆိုရင်တော့ အများကြီး မပြောတော့ဘူး။ဒီနေ့ မင်းသဘောတူပြီးပြီဆိုတော့ နောက်တစ်ဆင့် ဆွေးနွေးဖို့ လဲ့ယ်အိမ်ကို ငါသွားလိုက်မယ်။"
"အဖွားရဲ့ကြိုးပမ်းပေးမှုအတွက် ကျေးဇူးတင်ပါတယ်" ဝေဝေက စိတ်ချလက်ချ ပြုံးလိုက်သည်။
နှစ်ရက်အကြာတွင် ချင်မျန်သည် အတိအကျပင် ယင်းသတင်းကို ရရှိခဲ့သည်။လဲ့ယ်တာချန်နှင့် ဝေဝေတို့၏ကိစ္စ ပြေလည်သွားပြီ။လဲ့ယ်တာချန်သည် ဝေဝေကို တန်းတူညီတူ ဇနီးအဖြစ် လက်ထပ်ရန် ဆန္ဒရှိရုံသာမက စောင့်ဆိုင်းရမည်ကိုပင် စိတ်မရှည်တော့ဘဲ နိုဝင်ဘာလ 18 ရက်နေ့ကို ရက်ရွေ့သတ်မှတ်လိုက်၏။
တုရှီတစ်ယောက် မကြာမီတွင် ပြင်းထန်သည့်ပြိုင်ဘက်ကို ပိုင်ဆိုင်တော့မည်ဟု တွေးလိုက်မိသောအခါ ချင်မျန် အလွန်စိတ်လှုပ်ရှားသွားသည်။
အစတွင် သူ အောင်သွယ်တော်ကိုရှာရန် သူ့ကိုယ်သူကိုယ်ယောင်ဖျောက်ကာ လဲ့ယ်တာချန်အတွက် တန်းတူဇနီးတစ်ယောက်အဖြစ် အမျိုးသမီးတစ်ဦးကို ရှာဖွေရန် တောင်းဆိုခဲ့သည်။ရည်ရွယ်ချက်မှာ တုရှီကြောင့်သာ။သူ့မှာ တခြား ဆိုးရွားတဲ့ ရည်ရွယ်ချက်တော့ မရှိချေ။ထို့အပြင် သူက အောင်သွယ်တော်ကျင်အား အထူးမှာကြားထားကာ ထိုမိန်းမသည် စိတ်ကောင်းရှိရမည်ဟူ၍။သေချာတာကတော့ အောင်သွယ်တော်ကျင်က ဝေဝေကို ရှာတွေ့နိုင်စွမ်းရှိလေသည်။
အောင်သွယ်တော်ကျင်၏စကားအရ ဝေဝေသည် အမှန်တကယ်ပင် အရည်အချင်းရှိသူဖြစ်သည်။တုရှီ၊လဲ့ယ်ရှန်းရန်နဲ့ တခြားသူတွေက သူတို့ကိုယ်သူတို့ ကောင်းမွန်စွာ ပြုမူနေထိုင်နိုင်သရွေ့ ဝေဝေက အိမ်ဟောင်းကလူတွေကို ကောင်းကောင်းမွန်မွန်နေထိုင်နိုင်စေနိုင်သည်။
ထို့အပြင် ဝေဝေ၏ကိုယ်ပိုင် ဆန္ဒလည်းဖြစ်၏။ချင်မျန်မှာ အပြစ်ရှိသလို ခံစားနေစရာ အကြောင်းမရှိပေ။သူက ဒမ်ရာမာတွေကို စောင့်ကြည့်ရုံပါပဲ။
တုရှီ လဲ့ယ်ထျဲနှင့် သူကို ပြဿနာရှာရန် လုံးဝအားလပ်ချိန်မရှိပေ။နေ့တိုင်းလိုလို လဲ့ယ်တာချန်နဲ့ စကားများပြီး ဝေဝေကို ကျိန်ဆဲ၏။အိမ်ဟောင်းသည် အနာဂတ်တွင် မည်ကဲ့သို့ ရှုပ်ထွေးနေမည်ကို မသိနိုင်ပေ။
လဲ့ယ်တာချန် နှင့် တုရှီတို့က အစမပြုကြလေတော့ လဲ့ယ်ရှန်းရန်၊ ကျိုးရှီ နှင့် ချင်းရှီတို့သည်လည်း လဲ့ယ်ထျဲကိစ္စကို ခဏရပ်ထားခဲ့သည်။
ချင်မျန် သူ့ကိုယ်သူ နောက်တစ်ကြိမ်ရုပ်ဖျက်ပြီး ကျန်ငွေတစ်ဝက်ကို အောင်သွယ်တော်ကျင်အား သွားပေးခဲ့သည်။
အစမှအဆုံး လဲ့ယ်ထျဲနှင့် ချင်မျန်ကိုယ်တိုင်မှလွဲ၍ လဲ့ယ်တာချန်တစ်ယောက် မယားချောချောလေးနှင့်လက်ထပ်သည့်ကိစ္စတွင် ချင်မျန်တွင် တာဝန်ရှိကြောင်း မည်သူမျှမသိခဲ့ကြ။
နှစ်ရက်အကြာတွင် လဲ့ယ်ရှန်းလီ နှင့် လဲ့ယ်ရှန်းကျစ်တို့ ဆိုင်သို့ အတူတူရောက်လာကြပြီး သူတို့၏အမူအရာမှာ အနည်းငယ်စိတ်မကောင်းဖြစ်နေပုံရသည်။
"လောင်တာ့"
သူတို့နှစ်ဦးသည် အပြင်လူများရှေ့တွင် ချင်မျန်ကို “အကြီးဆုံးမရီး” ဟု မခေါ်တာကြောင့် ချင်မျန် စိတ်သက်သာရာရမိသည်။ “မင်းတို့နှစ်ယောက် ရောက်လာပြီ။ နေ့လည်တောင်ထိုးနေပြီ ထမင်းစားပြီးကြပြီလား?"
Advertisement
"မစားရသေးဘူး" လဲ့ယ်ရှန်းကျစ်က ပြုံးပြီးပြောလိုက်သည်။ "စတုထ္ထမြောက်အစ်ကိုနဲ့ ကျွန်တော်ထမင်းစားဖို့လာခဲ့တာ"
ချင်မျန်ကလည်း ပြုံးပြီး “အရမ်းကို ကြိုဆိုတာပေါ့။မာလာထျန်းလား ဒါမှမဟုတ် အသားကင်ကို စားကြမလား။ဟော့ပေါ့စားချင်ရင် ခဏတော့ထိုင်စောင့်ရမယ်"
လဲ့ယ်ရှန်းလီက "ဒါဆို မာလာထျန်းပဲ စားတော့မယ်"
လဲ့ယ်ရှန်းကျစ်ကလည်း ပြောလိုက်သည်။ "ကျွန်တော်လည်း စတုတ္ထညီလေးလိုပဲ စားလိုက်မယ်"
"မင်းတို့ စားမယ့်အမယ်တွေကို အရင်သွားရွေးပြီး လဲ့ယ်ထျဲကို ပြုတ်ခိုင်းထားလိုက်။" ချင်မျန်က ကျန်းလျိုကို ထိုင်ခုံနှစ်လုံးရွှေ့ခိုင်းလိုက်ပြီး ကောင်တာနားမှာထားခိုင်းလိုက်သည်။
နှစ်ယောက်သား စားလို့ပြီးသွားတော့ ချင်မျန် ပြောလိုက်သည်။ “မင်းတို့နှစ်ယောက် ဘာမှလုပ်စရာမရှိရင် နေ့ခင်းဘက် ဆိုင်မှာလာကူပေး။ညနေခင်းမှာ ဟော့ပေါ့ ဒါမှမဟုတ် အသားကင်လေ့ရှိတယ်။”
"ရတာပေါ့" လဲ့ယ်ရှန်းလီက ပြုံးပြုံးရွှင်ရွှင်နဲ့ "အစ်ကိုရဲ့ အစီအစဉ်အတိုင်း လုပ်ပါ့မယ်။"
လဲ့ယ်ရှန်းကျစ်က သူ့အဝတ်အစားတွေကို ဆွဲတင်လိုက်ပြီး "ဟုတ်တယ် ကျွန်တော်တို့ကူညီပါ့မယ်။ဒါကြောင့် အစွန်းအထင်းခံနိုင်တဲ့ အဝတ်အစားတွေကို ရည်ရွယ်ချက်ရှိရှိ ဝတ်လာခဲ့တာ။"
ချင်မျန် ပြောလိုက်၏။ “တကယ်တော့ မင်းအစ်ကိုကြီးနဲ့ ငါက ထမင်းစားဖိတ်ဖို့စီစဉ်ထားပေမယ့် ဘာတွေဖြစ်သွားလဲဆိုတာ မင်းတို့သိနေတော့လည်း ငါဆက်မပြောတော့ပါဘူး။ညနေပြန်ရင် မိသားစုတွေ မြည်းစမ်းဖို့ ဟော့ပေါ့နဲ့ဟင်းတချို့ ယူသွားလိုက်။”
လဲ့ယ်ရှန်းလီက သက်ပြင်းတစ်ချက်ချရင်း “ကျွန်တော်တို့နားလည်ပါတယ်။အကြီးဆုံးအစ်ကိုတို့က အေးအေးဆေးဆေးရှိနေကြတာပဲ။"
"မင်းရဲ့စကားအရ အိမ်မှာ တစ်ခုခုဖြစ်နေလို့လား?" ချင်မျန်သည် သူတို့ဘာအတွက် လာသည်ကို ခန့်မှန်းနိုင်ပေမယ့် နားမလည်သလို ဟန်ဆောင်လိုက်သည်။
ထိုစကားကြောင့် လဲ့ယ်ထျဲတစ်ယောက် မာလာထျန်းချက်နေသည်ကြောင့် ခေါင်းငုံ့နေရာမှ သူ့ဇနီးလေး၏ အပြစ်ကင်းစင်ပြီး ဝေခွဲမရဖြစ်နေသည့် အမူအရာကို ကြည့်ကာ သူ့နှုတ်ခမ်းထောင့်တွေက ခပ်ရေးရေးမြင့်တက်သွားလေသည်။
လဲ့ယ်ရှန်းကျစ်နှင့် လဲ့ယ်ရှန်းလီတို့သည် ချင်မျန်က လဲ့ယ်ထျဲကို ကိုယ်စားပြုနိုင်သည်ကို သိကြပြီး သူတို့က ချင်မျန်ကို ပြောပါက လဲ့ယ်ထျဲကို စကားပြောသည်နှင့် ညီမျှကြောင်း သိကြ၏။ ထို့ကြောင့် သူတို့ ပြောလိုက်ကြသည်။
“အစ်ကိုနဲ့ အကြီးဆုံးအစ်ကိုတို့ အဖေအကြောင်း သိကြပြီးပြီလား?”
ချင်မျန်က ခေါင်းညိတ်ပြရင်း စိတ်ထဲမှာပြောလိုက်သည်။- ငါသိရုံတင် ဘယ်ကပါ့မလဲ!ဒါ ငါ့ လုပ်လိုက်တာပဲလေ!
"ဟုတ်လား။ဒီကိစ္စကို ကျွန်တော်တို့ မျိုးဆက်သစ်တွေက ဘယ်လိုပြောရမှန်းမသိဘူး.....”
လဲ့ယ်ရှန်းကျစ်က သက်ပြင်းချရင်း “အမေက အိမ်မှာ နေ့တိုင်း ပြသာနာတွေရှာနေပြီး ရန်ဖြစ်နေတာကြောင့် စတုတ္ထညီနဲ့ ကျွန်တော် ခေါင်းကိုက်ရတယ်။ဒါကြောင့် ကျွန်တော်တို့လည်း လောင်တာ့တို့ လာတွေ့ပေးဖို့ လာမေးကြည့်တာ”
“ငါ့အမြင်အရတော့ ဒီကိစ္စက ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုတော့ ဆန့်ကျင်ဆန္ဒပြဖို့က အသုံးမဝင်တော့ဘူး။အမေက ဘာလို့ဒီလိုလုပ်ရတာလဲ?"
ချင်မျန်က တုရှီအတွက် တွေးတောပေးသလိုဖြင့် “သူဒီလိုဆက်သွားရင် အဖေက သူ့ကို စိတ်ဆိုးသွားမှာကိုစိုးရိမ်မိတယ်။စတုတ္ထညီ၊ ပဉ္စမညီ၊ မင်းတို့ အခွင့်အရေးရရင် သူ့ကို စည်းရုံးရမယ်။မိသားစုတွေသဟဇာတဖြစ်ဖို့က ဘယ်လုပ်ငန်းမှာမဆို အောင်မြင်မှုအတွက် အခြေခံပဲ"
အကြီးဆုံးမရီးက လူကောင်းတစ်ယောက်ပင်။လဲ့ယ်ရှန်းလီနှင့် လဲ့ယ်ရှန်းကျစ်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။အိမ်ခွဲနေလိုက်တာစောလွန်းတာကြောင့် သူတို့နှစ်ယောက်လုံး တိတ်တဆိတ်နောင်တရခဲ့မိကြသည်။လွန်လွန်ကဲကဲ ဖြစ်နေသည့် သူတို့၏မိခင်ကြောင့်သာ မဟုတ်ပါက--- ယခုတော့ ပြောရန်ပင် နောက်ကျနေပြီ။
“အဲဒါတော့ ကျွန်တော် နားမလည်သေးဘူး။ဒီ မိန်းကလေးဝေက အဖေကို ဘယ်လိုလုပ်ပြီး သဘောကျနိုင်မှာလဲ?”
လဲ့ယ်ရှန်းကျစ်ကား ဒီတစ်လျှောက်လုံး ဒီအကြောင်းကို မစဥ်းစားနိုင်ခဲ့ပေ။
••••••••••••••••••••••••••••••••
[Zawgyi]
051: မိန္းကေလးေဝကို Like ေပး,ေပးပါ။
ခ်င္မ်န္ မသိစိတ္ကေန "ေကာင္းၿပီ" ဟု ျပန္ေျပာလိုက္သည္။သတိျပန္ဝင္လာသည့္အခါမွ ရယ္ရခက္ငိုရခက္ျဖင့္ က်န္းလ်ိဳ၏ေခါင္းကို ပိတ္႐ိုက္လိုက္ကာ "ေကာင္စုတ္ေလး မင္းက မင္းရဲ႕သူေဌးကို လွည့္စားရဲတယ္ေပါ့"
ဝမ္ေ႐ွာက္ကလည္း စိတ္အားထက္သန္ေသာ မ်က္လုံးမ်ားျဖင့္ သူ႕ကို ၾကည့္ေနသည္။ခ်င္မ်န္က ခဏတာမွ် ေတြးယူၿပီးေနာက္ "ေကာင္းၿပီ။ဆိုင္ရဲ႕လုပ္ငန္းကလည္း ေကာင္းလာၿပီပဲ။မင္းတို႔ႏွစ္ေယာက္နဲ႔ အသားကင္ေပးတဲ့စားဖိုမႉးကလည္း အလုပ္ကို ေကာင္းေကာင္းလုပ္ေပးၾကတယ္။ဒါေၾကာင့္ မင္းတို႔ရဲ႕သူေဌးေလးနဲ႔ ငါက မင္းတို႔သုံးေယာက္ကို 'တစ္' နဲ႔ ဆုံးတဲ့ ေန႔တိုင္း ညစာစားဖို႔လုပ္လိုက္မယ္။ဥပမာ- ပထမ(၁)ရက္၊ (၁၁)ရက္ႏွင့္ ႏွစ္ဆယ့္တစ္(၂၁)ရက္ေပါ့။"
ဝမ္ေ႐ွာက္ ႏွင့္ က်န္းလ်ိဳတို႔သည္ အလြန္ေပ်ာ္႐ႊင္သြားၾကၿပီး ေက်းဇူးတင္ေၾကာင္းကို လ်င္ျမန္စြာေဖာ္ျပလိုက္ၾကကာ ခ်င္မ်န္ကို ေျမႇာက္ပင့္ေျပာဆိုၾကေတာ့သည္။ဆိုင္မွာ ေရာင္းတဲ့ မာလာထ်န္း၊ အသားကင္နဲ႔ ေဟာ့ေပါ့ေတြက အရမ္းအရသာ႐ွိတာေၾကာင့္ စားၿပီးတာနဲ႔ ဒုတိယအႀကိမ္ထပ္စားခ်င္မိၾကသည္။
လဲ့ယ္ထ်ဲ တစ္ခ်က္ ၾကည့္လိုက္ရင္း ေပါ့ေပါ့ပါးပါးတစ္ခ်က္ ေခ်ာင္းဆိုျပလိုက္သည္။
ဝမ္ေ႐ွာက္ႏွင့္ က်န္းလ်ိဳ၏ေက်ာျပင္မ်ားသည္ ေအးစက္သြားသလို ခံစားလိုက္ရသည္။သူတို႔ အျမန္ထြက္ခြာသြားၾကၿပီး အလုပ္႐ႈပ္ေနၾကေတာ့၏။သူတို႔က သူေဌးႀကီးကို မေၾကာက္ၾကေသာ္လည္း “သူေဌးေလး” ကိုျဖင့္ ႏွလုံးသားထဲကေန ႐ိုေသေၾကာက္႐ြံ႕ၾကသည္။
လဲ့ယ္ထ်ဲက ေမာက္ခ်ိဳက္ပူပူေႏြးေႏြးကို ပန္းကန္လုံးတစ္ခုထဲကို ထည့္လိုက္ၿပီး ေကာင္တာေပၚ တင္ေပးလိုက္သည္။
ခ်င္မ်န္ ၾကည့္လိုက္ေတာ့ ဟင္းႏုႏြယ္႐ြက္၊ အသားလုံးေတြ၊ သိုးသား၊ မိႈနဲ႔ အာလူးေတြ အျပင္ သူ ႀကိဳက္သည့္ပါဝင္ပစၥည္းမ်ားကို ေတြ႕လိုက္ရသည္။
"သူတို႔အေပၚ အရမ္းသေဘာေကာင္းမျပနဲ႔"
"အမ္?" ခ်င္မ်န္ အသားလုံးတစ္ဝက္ကို ကိုက္လိုက္ၿပီး သူ႕ကို နားမလည္ႏိုင္စြာ ၾကည့္လိုက္သည္။
လဲ့ယ္ထ်ဲ စကားဆက္မေျပာဘဲ သူ႕ကို ၾကည့္ေန၏။
ခ်င္မ်န္ ျပဳံးလိုက္သည္။သူ ဝါးတုတ္တစ္ေခ်ာင္းကို ေကာက္ကိုင္လိုက္ၿပီး ပန္းကန္လုံးထဲက အသားလုံးတစ္လုံးကို ထိုးလိုက္ကာ ျပဳံးျပဳံး႐ႊင္႐ႊင္နဲ႔ သူ႕ဆီကမ္း ေပးလိုက္သည္။
လဲ့ယ္ထ်ဲ လွမ္းယူလိုက္ၿပီး ေနာက္ျပန္လွည့္ကာ အိုးဆီသို႔ ျပန္သြားသည္။
အဲဒီအခ်ိန္မွာပဲ အသားကင္ရတဲ့စားဖိုမႉးက လွမ္းေအာ္လိုက္သည္။ “စားပြဲ ၂ မွာ ဘာဘီက်ဴးအဆင္သင့္ျဖစ္ၿပီ”
အလုပ္မ်ားၿပီး ၿပီးျပည့္စုံတဲ့ ေန႔တစ္ေန႔ကို ဒီလိုပဲ ျဖတ္သန္းခဲ့ၾက၏။
ဟိုဘက္က အိမ္ေဟာင္းမွာေတာ့ ျပသာနာေတြတက္ေနၿပီ ျဖစ္သည္။
လဲ့ယ္တာခ်န္မွာ ေခါင္းကိုက္ရၿပီး စိတ္႐ွည္သည္းခံမႈမွာ ကုန္ဆုံးသြားၿပီးေနာက္မွာေတာ့ သူမအား ပါး႐ိုက္လိုက္ကာ အိမ္ထဲတြင္ေတာ့ တု႐ွီသည္ စိတ္ပ်က္လက္ပ်က္ျဖစ္က်န္ရစ္ခဲ့သည္။တု႐ွီ၏ဘယ္ဘက္မ်က္ႏွာမွာ နီျမန္းေနၿပီး အိမ္ျပင္ပင္မထြက္ရဲေပ။ကုတင္ေပၚတြင္ လွဲေလ်ာင္းရင္း ႐ိႈက္ႀကီးတငင္ ငိုေနမိသည္။
လဲ့ယ္႐ွန္းရန္၊ လဲ့ယ္႐ွန္းရီႏွင့္ လဲ့ယ္႐ွန္းလီတို႔သည္ သူတို႔၏ မိဘမ်ားရဲ႕ပဋိပကၡေတြေၾကာင့္ ကူကယ္ရာမဲ့ ျဖစ္ခဲ့ၾကသည္။တဖက္မွာေတာ့ သူတို႔အေမကို သနားမိသည္။တစ္ဖက္တြင္လည္း ေအာင္သြယ္ေတာ္က်င္၏စကားေၾကာင့္ သူတို႔၏အိမ္ေထာင္စုထဲကို လူထပ္မံ ေပါင္းထည့္မယ့္ကိစၥမွာ မေကာင္းတဲ့ကိစၥမဟုတ္ေၾကာင္း သူတို႔ထင္မိၾကသည္။
သို႔ေသာ္ အဓိကအခ်က္မွာ လဲ့ယ္တာ့ခ်န္က သူတို႔၏ဖခင္ျဖစ္ၿပီး သူတို႔ေလးစားရမည့္ အသက္ဝါႀကီးသူတစ္ဦးသာ ျဖစ္သည္။မ်ိဳးဆက္သစ္မ်ားအေနႏွင့္ အႀကီးအကဲ၏အိပ္ခန္းေရးရာကိစၥမ်ားကို စြက္ဖက္ျခင္းက သူတို႔အတြက္ မသင့္ေလ်ာ္ေပ။က်ိဳး႐ွီနဲ႔ခ်င္း႐ွီတို႔မွာ မည္သည့္လုပ္ပိုင္ခြင့္ေတာင္ မ႐ွိေခ်။ တစ္ခ်ိန္တည္းမွာပင္ လဲ့ယ္ခြၽင္းေထာင္သည္လည္း အိမ္ေထာင္မျပဳရေသးေသာ မိန္းကေလးတစ္ဦးျဖစ္ေသာေၾကာင့္ ဝင္ေရာက္စြက္ဖက္ရန္မွာ ပိုလို႔ေတာင္ မသင့္ေလ်ာ္ေပ။
တစ္ခြန္းတည္းေျပာရလွ်င္ အိမ္ေဟာင္း႐ွိလူမ်ားသည္ လဲ့ယ္ထ်ဲႏွင့္ ခ်င္မ်န္တို႔ကိစၥကို ေမ့သြားၾကေလသည္။
ေအာင္သြယ္ေတာ္က်င္နဲ႔ခ်ိန္းဆိုထားသည့္ေန႔ေရာက္လာသည့္အခါမွာေတာ့ လဲ့ယ္တာခ်န္သည္ သူ႕ကိုယ္သူ သန္႔႐ွင္းသပ္ရပ္စြာ ဝတ္ဆင္သြားၿပီး ၿမိဳ႕ထဲကို ေရာက္လာခဲ့သည္။
ခ်ိန္းထားသည့္ လက္ဖက္ရည္ဆိုင္အနီးတြင္ ေရာက္ေတာ့ သူ မဝင္ေသးဘဲ ဆန္႔က်င္ဘက္႐ွိ ပန္းကန္ခြက္မ်ား ေရာင္းခ်သည့္ ဆိုင္သို႔ သြားကာ ပန္းကန္ခြက္မ်ားကို ေ႐ြးေန ဟန္ေဆာင္လ်က္ တစ္ဖက္ကို ေမွ်ာ္ၾကည့္ေနသည္။
ေအာင္သြယ္ေတာ္က်င္သည္ အနီေရာင္ဝတ္စုံကို ဝတ္ဆင္ထားၿပီး ထို မိန္းကေလးႏွင့္အတူ ေရာက္လာသည္ကို သူျမင္လိုက္ရသည္။သူ႕ႏွလုံးသားမွာ ႐ုတ္တရက္တုန္ခါသြား၏။ေအာင္သြယ္ေတာ္က်င္၏မ်က္ႏွာခ်င္းဆိုင္တြင္ ရပ္ေနသည္က အျပာေရာင္ဝတ္စုံကို၀တ္ဆင္ထားၿပီး ႏူးညံ့သိမ္ေမြ႕ကာက်က္သေရ႐ွိေသာ မိန္းကေလးတစ္ဦးပင္။
တကယ္ေတာ့ သူမသည္ အသက္ ၂၆-၂၇ ႏွစ္ ႐ွိေနၿပီျဖစ္သည္။သူမ၏အသြင္အျပင္က လွပသည္ဟု မယူဆႏိုင္ေသာ္လည္း သူမသည္ 6/10 အဆင့္႐ွိ ၾကည့္ေကာင္းေသာ ႐ုပ္ရည္ကို ပိုင္ဆိုင္ထားၿပီး သူမ၏မ်က္လုံးမ်ားသည္ အထူးသျဖင့္ ေတာက္ပလ်က္႐ွိေနသည္။ေအာင္သြယ္ေတာ္က်င္ႏွင့္ စကားေျပာေနရင္း သူမ မ်က္ႏွာေပၚတြင္ အျပဳံးတစ္ခု ပန္ဆင္ထားၿပီး သူမ၏ အျပဳံးသည္ အလြန္သဘာဝက်ၿပီး ေတာက္ပေနသည္။ရံဖန္ရံခါ လက္ကိုေျမႇာက္ကာ ေခါင္းညိတ္ျပလိုက္ေသာ လႈပ္႐ွားမႈေလးေၾကာင့္ သူ လ်င္ျမန္တဲ့ ခံစားခ်က္တစ္မ်ိဳးကို ခံစားလိုက္ရသည္။
သူမက တကယ္ေကာင္းမြန္တဲ့ မိန္းကေလးတစ္ေယာက္ပင္။ထိုကဲ့သို႔ေသာ ႏုပ်ိဳလွပေသာ မိန္းကေလးသည္ သူ႕အတြက္ ကံေကာင္းျခင္း (အခ်စ္ေရး) အျဖစ္ မွတ္ယူႏိုင္ေလာက္သည္။
လဲ့ယ္တာခ်န္၏ႏွလုံးသားသည္ ယခုအခ်ိန္တြင္ ပူေလာင္ေနၿပီျဖစ္သည္။
ေအာင္သြယ္ေတာ္က်င္သည္ ေနကိုၾကည့္လိုက္ကာ ဆန္႔က်င္ဘက္႐ွိ ဆိုင္ေလးဆီကို ၾကည့္လိုက္သည္။လဲ့ယ္တာခ်န္ ေရာက္လာၿပီးျဖစ္ေၾကာင္း သူမ အတည္ျပဳၿပီးေနာက္ ေဝေဝ့အား ေခါင္းညိတ္ျပလိုက္သည္။
ေဝေဝ့သည္ သူမမ်က္လုံးေနာက္လိုက္ကာ တစ္ဖက္ကိုၾကည့္လိုက္သည္။မတ္တပ္ရပ္ေနတဲ့လူက အသက္နည္းနည္းႀကီးေပမယ့္ သူမ ဂ႐ုမစိုက္ေပ။သူမသည္ ထိုအမ်ိဳးသား၏ မ်က္ႏွာအသြင္အျပင္ကို ၾကည့္ၿပီး အံ့ၾသသြားမိသည္။ေအာင္သြယ္ေတာ္က်င္က လဲ့ယ္တာခ်န္သည္ ငယ္စဥ္က အလြန္ေခ်ာေမာခန္႔ညားခဲ့သည္ဟု သူမအား ေျပာခဲ့ထားေသာ္လည္း သူမ မယုံခဲ့။သို႔ေသာ္ သူ႕မ်က္လုံးႏွင့္သူ ျမင္လိုက္ရေသာအခါတြင္ သူမ ယုံရေပေတာ့မည္။သူမ၏စိတ္မွာ အနည္းငယ္ စိတ္သက္သာရာရသြား၏။အဘိုးႀကီးတစ္ေယာက္နဲ႔ လက္ထပ္ရတာ အဆင္ေျပေပမယ့္ အဲဒီလူက သည္းမခံႏိုင္ေလာက္ေအာင္ ႐ုပ္ဆိုးေနရင္ေတာ့ အရမ္းစိတ္ဒုကၡေရာက္ရလိမ့္မယ္။ကံေကာင္းေထာက္မစြာ လဲ့ယ္တာခ်န္က သူမကို စိတ္မပ်က္ေစခဲ့ေပ။
သူမအၾကည့္ကို ၾကည့္မိေတာ့ ေအာင္သြယ္ေတာ္က်င္သည္ လဲ့ယ္တာခ်န္ကို ေခါင္းညိတ္ျပလိုက္သည္။
လဲ့ယ္တာခ်န္က အရင္ထြက္ခြာသြား၏။သူအရမ္းစိတ္လႈပ္႐ွားေနၿပီး သူ႕ေျခေထာက္ေတြက ဝါဂြမ္းကိုနင္းေနသလိုမ်ိဳး လြင့္ေမ်ာေနခဲ့သည္။သို႔ေသာ္ ေဝေဝက သူ႕ကို မႀကိဳက္ေတာ့မည္ကို စိုးရိမ္ေနမိကာ သူ႕စိတ္ထဲတြင္ စိုးရိမ္မႈအခ်ိဳ႕႐ွိေနခဲ့သည္။
“လဲ့ယ္တာခ်န္ရဲ႕ ခႏၶာကိုယ္နဲ႔အ႐ိုးေတြက ေကာင္းမြန္ေနေသးတယ္လို႔ ေျပာႏိုင္တယ္။သူ႕ခႏၶာကိုယ္ အရမ္းပိန္သြားရတဲ့ အေၾကာင္းရင္းက တု႐ွီေၾကာင့္ ျဖစ္မွာကို စိုးရိမ္မိတယ္။” တု႐ွီရဲ႕ပုံစံေၾကာင့္ ေအာင္သြယ္ေတာ္က်င္၏မ်က္ႏွာမွာ အထင္အျမင္ေသးေနပုံေပၚသည္။ “သူတို႔႐ြာကလူေတြအေျပာအရေတာ့ လဲ့ယ္မိသားစုက ထမင္းတစ္နပ္စာအတြက္ ဟင္းႏွစ္ပြဲပဲ ခ်က္စားၾကတဲ့အျပင္ ဆီအမ်ားႀကီးလည္းမထည့္ဘူး။သူတို႔ တစ္ႏွစ္ပတ္လုံး အသားစားရဖို႔ အခြင့္အေရး အနည္းငယ္ေတာင္ မ႐ွိဘူး။တို႔ၿမိဳ႕မွာ ဆင္းရဲတဲ့႐ြာေတြ႐ွိၾကပါတယ္။သူတို႔မိသားစုေလာက္ေတာ့ မဟုတ္ပါဘူး။မေျပာျဖစ္ဘူးဆိုရင္ အေၾကာင္းျပခ်က္မ႐ွိ ရယ္စရာျဖစ္သြားလိမ့္မယ္။”
Advertisement
- In Serial8 Chapters
Vampire Life: Sara
This is a short story based on the character from my main book that is still in progress. The question that caused me to write this and other one to come was simple.... if you can't die, live forever, and interact with the human world, what do you do when something happens that you can't anticipate. In this book, Charles gets hit by a car.
8 129 - In Serial74 Chapters
Unexpected Consequences
All that occurred in this tale came about because the Gods Of Light overreached. Becoming complacent with easy victories they bit off more than they expected. The resulting chaos in the five worlds that they controlled brought great changes and opportunities. NB: This story uses UK English spelling.
8 75 - In Serial28 Chapters
TANGO Heavy
(I found a mecha-battlesuit in the ruins and now we survive together in this horrible world) Sold to slavers from birth, a girl makes a final all or nothing bid to escape her old life and to chase her single dream or die trying in the attempt. Delving into a forbidden layer of the local ruins, she finds something unexpected. Something that will change the course of her life forever. (Minimal LitRPG) (Single mecha in a dark-fantasy world) (Greedy protagonist) (Slow start)
8 175 - In Serial14 Chapters
The Direwolf Sorcerer
Wilhem Blackburn is actively involved in wildlife preservation. While investigating the most recent rumor, he dies in an accident. Getting a one-way ticket to a fantasy-laden world, Prima. Prima, a world inhabited by a plethora of species, each with a unique way to survive. A world enriched with boundless mana, resources, and power-hungry entities. And to make it worse, 'SYSTEM' happened, promising power and glory. After millennia, the dust has settled, more and more settled for a peaceful living. Wilhem Blackburn, now goes by Garm, wanted nothing of it. He was content with his life back on Earth. He wasn't ready to live a second on. Peaceful settling was it then! Peace was hard for Garm, especially when the top brass was set to wipe him out of existence. Little did they know he was nigh unkillable! Author's note: Things to expect: - Adventure, magic, and myth? Sure - Action and a bit of dry humor? Why not~ - OP MC & VILLAINS. - Mind the tags. It's a litrpg and slow-paced. - Oh! MC is a bit suicidal! Things not to expect: - Romance. I've no intention of adding romance in the foreseeable future. - Good grammar (Fair warning: I'm not native and might have some issues with the language. I hope you guys will be helpful and kind to point out the wrongs.) Greetings! 'The Direwolf Sorcerer' is my first work, so be supportive and kind by pointing out my flaws. Thanks! ( This went by the name 'I died & reincarnated as wolf in fantasy world' almost a year ago in RR. Due to personal reasons, I dropped it only after 4 chapters. Now I'm writing it again, just with a new title.) *UPDATES EVERY SATURDAY I've plans for the cover art, but that's for later.
8 181 - In Serial19 Chapters
Wednesday x Enid {Wenclair}
Based on the trailers
8 389 - In Serial39 Chapters
ɢᴏᴛ ʏᴏᴜ (ꜱ.ᴄ)
Everything can change, depend on what you do today 📸
8 172

