《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[52]
Advertisement
[Unicode]
052: ခရိုင်(မြို့တော်)မှဧည့်သည်
ချင်မျန် စိတ်ထဲမှာတော့ အတော်လေး မြူးကြွနေပေမယ့် အပြင်မှာတော့ တည်ငြိမ်သည့် အနေအထားကို ထိန်းထားရင်း,"ဒါက ငါတို့ နားလည်တာထက် နည်းနည်းတော့ ကျော်လွန်သွားပြီ။မည်သို့ပင်ဆိုစေ လဲ့ယ်မိသားစုမှာ အာဏာလည်းမရှိသလို သြဇာလည်းမရှိဘူး၊ ဆန့်ကျင်ဖို့ ကြံစည်နေစရာလည်း မလိုဘူးလေ။မိန်းကလေးဝေက ချမ်းသာတဲ့မိသားစုက အရည်အချင်းရှိတဲ့ အိမ်အကူဖြစ်ခဲ့ဖူးပြီး သူမက တခြားသူတွေနဲ့ မတူဘူးလို့ ထင်မိတယ်"
"မှန်တယ်။" လဲ့ယ်ရှန်းလီနှင့် လဲ့ယ်ရှန်းကျစ်တို့သည်လည်း ဤကိစ္စထဲတွင် ရောထွေးမနေချင်တော့ပေ။
ယနေ့မွန်းလွဲပိုင်းမှာတော့ လဲ့ယ်ရှန်းလီနှင့် လဲ့ယ်ရှန်းကျစ်တို့သည် ချင်မျန် နှင့် လဲ့ယ်ထျဲတို့၏ဖိအားများကို များစွာသက်သာရာရစေသည့်အထိ ဆိုင်တွင် ကူညီပေးခဲ့ကြသည်။မာလာထျန်းစားဖို့အတွက်ပင် မြို့ကလူတော်တော်များများက သူတို့ရဲ့ကိုယ်ပိုင်ပန်းကန်တွေ ယူလာကြတာကို မြင်တော့ ညီအစ်ကိုတွေ အံ့သြတကြီးဖြစ်သွားကြသည်။အမှန်မှာ ချင်မျန်နှင့် လဲ့ယ်ထျဲတို့အနေနဲ့ သူတို့၏ဆိုင်ကို ချဲ့ထွင်ရန် သို့မဟုတ် ပိုကြီးသည့်ဆိုင်သို့ ပြောင်းသင့်သည်ဟု ဝယ်ယူသူအများအပြားက အကြံပြုခဲ့ကြသည်။ သို့သော် ပထမချက်အနေနဲ့ သူတို့မှာ အခွင့်အရေးမရှိပေ။ဒုတိယအချက်မှာ ချင်မျန်သည် ယခုအချိန်တွင် အားအင်များစွာကုန်ခန်းနေပြီဖြစ်သည့်အပြင် မကြာမီ နှစ်သစ်ကူးကာလကို ရောက်ရှိလာတော့မည်ဖြစ်၏။နောင်ဖြစ်လာနိုင်မည့်ကိစ္စများကို ရပ်တန့်သင့် ရပ်တန့်ထားရမည်။
ညနေစောင်းရောက်တော့ လူလေးယောက်သား ဆိုင်ထဲမှာ ဟော့ပေါ့စားကြပြီးနောက် နွားလှည်းလေး,စီးရင်း အိမ်ပြန်ခဲ့ကြသည်။ယနေ့ ဆိုင်တွင် စားစရာတွေ မြန်မြန်ကုန်သွားတာကြောင့် ရွာပြန်ရောက်တော့ နေဝင်သွားရုံသာ ရှိသေး၏။
ချင်မျန်က လဲ့ယ်ထျဲကို နွားလှည်းအား အိမ်ဟောင်းခြံတံခါးဝအထိ တလျှောက်လုံး မောင်းခိုင်းလိုက်သည်။တုရှီတစ်ယောက် သူ့ကိုယ်သူ အရူးတစ်ယောက်လိုလုပ်နေတာကို သူမြင်ချင်နေခဲ့တာကိုတော့ သူ မငြင်းပါဘူး။
အိမ်ဟောင်းမှာတော့ ထမင်းစားရန် ပြင်ဆင်ပြီးနေပြီဖြစ်သည်။
ချင်မျန်က စားစရာတောင်းတစ်ခုကို ကိုင်လျက် ဝင်လာခဲ့သည်။သူ့မျက်နှာပေါ်တွင် ခပ်ပြုံးပြုံးအမူအရာဖြင့် အသံကျယ်ကျယ် ပြောလိုက်သည်။
"အဖေတို့ အမေတို့က ညစာစားဖို့ ပြင်နေပြီလား?တော်သေးတာပေါ့။ကျွန်တော်တို့ အချိန်မီလေးပြန်ရောက်လို့။လဲ့ယ်ထျဲနဲ့ ကျွန်တော် စားစရာတွေ အများကြီးယူလာပေးတယ်။အဖေနဲ့ ညီငယ်တွေက စိတ်နှလုံးကို ကျေနပ်လောက်စေမယ့် စပျစ်ဝိုင်ရည်ကိုလည်း သောက်ကြပေါ့။”
လဲ့ယ်ထျဲက လက်နှစ်ဘက်လုံးဖြင့် အိုးကို ထမ်းကာ သူနှင့်အတူ လိုက်ဝင်လာခဲ့သည်။ချင်မျန်က အမျိုးသမီး စားပွဲပေါ်သို့ အိုးကို တင်ဖို့ လဲ့ယ်ထျဲကို ရွှေ့ခိုင်းလိုက်ပြီး တုရှီရဲ့ မျက်နှာကို တမင်တကာ စိုက်ကြည့်နေလိုက်သည်။ “အမေ၊ ဒါက ကျွန်တော်တို့ဆိုင်က ဟော့ပေါ့ဟင်းရည်ပဲ။အရိုးပြုတ်ရည်နဲ့ ချက်ထားတာ အရမ်း အရသာရှိတယ်။အသားလုံး၊ သိုးသား၊ ဝက်သား၊ ကြက်သားနှင့် ငါးအသားလွှာအချို့ကိုလည်း ပြန်ယူလာခဲ့တယ်။ဟင်းရည်ထဲမှာ ချက်စားရင် အရမ်းအရသာရှိတယ်လေ”
လဲ့ယ်ရှန်းကျစ်က သူ့မေးစေ့ကို ထိလိုက်သည်။သူ့ရဲ့ အကြီးဆုံးမရီးက "သူ့ရဲ့စစ်အင်အားကိုပြဖို့” ပြန်လာတယ်လို့ သူ ဘာကြောင့်များ ခံစားနေမိရတာလဲ?မခံမရပ်နိုင်ဖြစ်လောက်တဲ့ကြင်နာမှုနှင့် ဆွဲဆောင်မှုတို့ရှိနေတဲ့ သူ့အစ်ကိုကြီးရဲ့ မျက်လုံးတွေကို မော့ကြည့်မိလိုက်ရာ သူ ကူကယ်ရာမဲ့ဖြစ်စွာ ခေါင်းကိုသာ ခါယမ်းလိုက်နိုင်သည်။
ချင်မျန်သည်ကား တုရှီကို ရန်စချင်လိုစိတ်ရှိသောကြောင့် သူ အသားဟင်းများစွာကို ပြန်ယူလာရလောက်အောင် စေတနာရှိပြီး မိသားစုတစ်ခုလုံး စားနိုင်လောက်အောင်ပင် စေတနာတွေရှိနေခဲ့သည်။
တုရှီ၏မျက်လုံးများသည် အသားဟင်းမျိုးစုံကို တစ်ခုပြီးတစ်ခု ကြည့်ကာ ဝမ်းသာအားရလည်း မဖြစ်သလို ဒေါသလည်းမဖြစ်နေပေ။အချိန်အတော်ကြာထိ သူမ စကားတစ်ခွန်းမှ မပြောခဲ့ပေ။
ချင်မျန်က အခုမှ သူ့ဒေါသတွေ ပြေသွားသလို ခံစားလိုက်ရသည်။
လဲ့ယ်ရှန်းရန်သည် လဲ့ယ်ရှန်းလီ နှင့် လဲ့ယ်ရှန်းကျစ်တို့ လဲ့ယ်ထျဲ၏ဆိုင်သို့သွားကြောင်း သိလိုက်၏။သူတို့နဲ့ မလိုက်ခဲ့မိလို့ သူ နောင်တရမိသည်။သူ အမြန်လျှောက်လာပြီး “အနံ့က ကောင်းလိုက်တာ။မိန်းမ....ဘာလို့မီးသွေးမီးဖိုနဲ့ အိုးသန့်တစ်လုံးကို မြန်မြန်သွားမယူသေးတာလဲ? တတိယမရီးက စပျစ်ဝိုင်သွားယူလိုက်လေ။"
“အာ...” ကျိုးရှီသည် သူမ၏တံတွေးကို မျိုချလိုက်ပြီး မီးဖိုချောင်ဘက်သို့ လှည့်သွားသည်။
ချင်းရှီလည်း နောက်ကနေ လိုက်သွား၏။
လဲ့ယ်တာချန်က ခပ်တိုးတိုးလေး ချောင်းဟန့်လိုက်ပြီး "လောင်တာ့...မင်းနဲ့ မင်းမိန်းမရော ထမင်းစားပြီးပြီလား?မင်းတို့နှစ်ယောက် မစားရသေးရင်ဝင်စားလိုက်။"
လဲ့ယ်ထျဲ ပြောလိုက်သည်။ “စားပြီးပြီ။ချင်းဇီ... သွားရအောင်။ ”
“ကောင်းပြီ။အဖေ၊ အမေ၊ ကျွန်တော်တို့ ပြန်တော့မယ်နော်"
ချင်မျန်က စိတ်အခြေအနေကောင်းစွာဖြင့် သူ့လက်ကို ဝှေ့ယမ်းပြီး လဲ့ယ်ထျဲနှင့်အတူ ထွက်သွားသည်။ နွားလှည်းပေါ်ထိုင်ရင်း သီချင်းတစ်ပုဒ်ကို မညည်းပဲ မနေနိုင်။
"ပျော်နေတာလား?" လဲ့ယ်ထျဲ မေးလိုက်၏။
"အရမ်းအရမ်းကို ကောင်းတာပေါ့!" ချင်မျန်က ဝမ်းသာအားရနဲ့ အမှတ်မထင် ဆက်ပြောနေမြဲ။ "မိန်းကလေးဝေ အိမ်ဝန်းထဲကို ဝင်လာတဲ့အခါ စားပွဲတစ်ခုစီအတွက် ဟော့ပေါ့တစ်အိုးစီ ပေးလိုက်ကြမလား?အိမ်ခွဲနေခဲ့ကြပေမယ့်လည်း ရွာသားတွေအမြင်မှာ 'မိဘ'တွေကို ဂရုစိုက်ပေးနေဆဲဆိုတာကို မြင်စေရမယ်လေ"
လဲ့ယ်ထျဲ ချင်မျန်၏လက်ကို ဆုပ်ကိုင်ထားပြီး သူ့ရင်ထဲတွင် နွေးထွေးသွားကာ သြရှရှအသံဖြင့် ပြောလိုက်သည်။ “မင်းပြောတဲ့အတိုင်း နားထောင်မယ်”
ရက်အတော်ကြာပြီးနောက် တုရှီတစ်ယောက် တိတ်ဆိတ်နေဆဲပင်။ချင်မျန်သည်လည်း အိမ်ဟောင်းအကြောင်း စဉ်းစားနေသည်ကို ရပ်တန့်လိုက်တော့သည်။
ထိုနေ့တွင် နောက်ဖေးမီးဖိုချောင်၌ ပါဝင်ပစ္စည်းများအားလုံးကို ပြင်ဆင်ပြီးနောက် ချင်မျန်တစ်ယောက် ဆိုင်ဖွင့်ရန် ထွက်လာခဲ့သည်။
လဲ့ယ်ထျဲသည်လည်း ရည်ရွယ်ချက်ရှိရှိ မရည်ရွယ်ဘဲ တံခါးအပြင်သို့ လှည့်ကြည့်မိလိုက်ကာ သူ့လက်ပေါ်ရှိ ရေများကို သုတ်လိုက်ပြီး မမြန်မနှေး နောက်ကနေလျှောက်လာလိုက်သည်။
ချင်မျန် တံခါးအပြင်ဘက်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေပုံပေါ်သော လူပေါင်းများစွာကို ကြည့်ပြီး သံသယဖြစ်ဖွယ်ကို တွေ့လိုက်မိသည်။
Advertisement
ယင်းမှာ စုစုပေါင်း လူသုံးယောက်ရှိနေကာ တစ်ဦးက အသက် ၂၅ နှစ်မှ ၂၆ နှစ်ကြား လူငယ်တစ်ဦးဖြစ်ပြီး လည်ပင်းတစ်ဝိုက်တွင် နှင်းဖြူမြေခွေးမွေးများဖြင့် ရံထားသည့် အဖြူရောင် ချည်သားအင်္ကျီကို ၀တ်ဆင်ထားပြီး အဖိုးတန်ကျောက်စိမ်းကို ခါးတွင်ချိတ်ဆွဲထားသည်။သူက ချမ်းသာတဲ့အိမ်တော်က ကုန်းဇီ(သခင်လေး)တစ်ယောက်လိုပင်။သူကား စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည့် ကျဉ်းမြောင်းသော ဖီးနစ်မျက်လုံးတစ်စုံဖြင့် ချင်မျန်ကို ကြည့်လိုက်သည်။
သူ့လက်ဝဲဘက်တွင် မီးခိုးရောင် ၀တ်ဆင်ထားသော အသက် ၄၀ အရွယ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အိမ်တော်ထိန်းတစ်ဦးနှင့်တူလှ၏။
သူ့ညာဘက်ခြမ်းတွင်တော့ အစေခံအဖြစ် ၀တ်ဆင်ထားသော အသက် 17 ~ 18 နှစ်အရွယ် လူငယ်တစ်ဦးမျှသာ။
"လျိုဇီ..ရှောက်ဇီ...ဧည့်သည်တွေကို ကြိုဆိုလိုက်ဦး"ချင်မျန် အနောက်ကနေ အော်လိုက်သည်။
“လာပြီ။” ကျန်းလျိုက အမြန်ပြေးထွက်သွားပြီး "မင်္ဂလာပါ ဧည့်သည်တို့...ဟော့ပေါ့၊ မာလာထျန်း ဒါမှမဟုတ် အသားကင် သုံးဆောင်ကြမလား?"
ကုန်းဇီလေးသည် သူ့ကို လျစ်လျူရှုကာ လဲ့ယ်ထျဲကို ကြည့်ကာ ချင်မျန်ကို တစ်ဖန်ပြန်ကြည့်သည်။ "မင်းက ဒီဆိုင်ပိုင်ရှင်လား?"
"မှန်ပါတယ်" ချင်မျန်က အသာပြုံးပြရင်း "ကုန်းဇီ မစားသေးရင် ကျေးဇူးပြုပြီး တစ်ဖက်လူကို မပိတ်ပါနဲ့"
အစေခံသည် စူးစူးဝါးဝါးကြည့်ကာ “အတင့်ရဲလှချည်လား!”
လဲ့ယ်ထျဲကား မျက်မှောင်ကြုတ်လိုက်သည်။
ချင်မျန်လည်း ကြမ်းတမ်းစွာပြောလိုက်သည်။ "မင်းကမှ အတင့်ရဲလှချည်လား!မင်းရဲ့သခင်ကတောင် စကားမပြောရသေးဘူး။ဒါပေမယ့် မင်းက အရင် စကားပြောရဲတယ်ပေါ့။မင်းသာ ငါ့ရဲ့အစေခံသာဆိုရင် မင်းပါးစပ်ကို အကြိမ် ၂၀ ရိုက်မိလိမ့်မယ်"
အစေခံ၏မျက်နှာမှာ အလွန်ပင် ပျက်ယွင်းသွားသည်။သူ သူ့သခင်လေး၏မျက်နှာကို ကြည့်ကာ ခေါင်းကို အမြန်ငုံ့ချလိုက်သည်။
ကျန်းလျိုကတော့ဖြင့် သူ့သူဌေးကြီးကို သဘောကျစွာ ကြည့်နေသည်။ကုန်းဇီလူငယ်လေးသည် ထူးခြားသည့်အသွင်ပြင်မျိုးရှိနေပြီး ကြည့်လိုက်သည်နှင့် လူမှုနယ်ပယ်တွင် အလွန်သြဇာကြီးသူဖြစ်ကြောင်း သိနိုင်သည်။သို့သော် သူ့သူဌေးကား လုံးဝမကြောက်။
"လူကြီးမင်း....ကျေးဇူးပြုပြီး တစ်ဖက်ကို လမ်းဖယ်ပေးပါ။" ချင်မျန် တိုက်တွန်းလိုက်၏။
ကုန်းဇီလူငယ်လေးသည် ချင်မျန်ကို စိတ်ဝင်တစားကြည့်ကာ အနီးဆုံးစားပွဲ၌ ထိုင်လိုက်သည်။ "ငါတို့ ဟော့ပေါ့စားမယ်"
ကျန်းလျိုက ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်ပြီး သူ့ပါးစပ်ကို ဟလိုက်သည်။ "ဟော့ပေါ့စားချင်ရင် ဆိုင်ထဲကို ဝင်ပါခင်ဗျ။အပြင်မှာရှိနေတဲ့ စားပွဲတွေက မာလာထျန်းနဲ့ အသားကင်စားတဲ့ ဖောက်သည်တွေအတွက်ပါ။”
ကုန်းဇီလူငယ်လေးသည် ထပ်မံအသံပြုလိုက်သည်။ “အိုး... အပြင်မှာက ပိုအေးတယ်။ဒါဆို မာလာထျန်းနဲ့ အသားကင်ပဲစားတော့မယ်။ချွမ်းရှန်..မင်း သွားမှာလိုက်။"
အစေခံလေးက လေးလေးစားစား ပြန်ဖြေ၏။ "ဟုတ်ကဲ့ သခင်လေး"
ချင်မျန် ကောင်တာသို့ပြန်လာပြီးနောက် လဲ့ယ်ထျဲလည်း အိုးရှိရာသို့ပြန်ဝင်လာခဲ့သည်။
"သူတို့က ချက်နည်းအတွက် ဒီကို ရောက်လာတာဖြစ်နိုင်တယ်။" ချင်မျန်က လဲ့ယ်ထျဲကို တိုးတိုးလေးကပ်ပြောသည်။
လဲ့ယ်ထျဲက ဂရုမထားသလိုဖြင့် ပြန်ဖြေလိုက်သည်။ “ကိုယ် ဒီမှာရှိတယ်”
အနှီကုန်းဇီ မှာယူထားသော မာလာထျန်းနဲ့အသားကင်ကို တည်ခင်းပေးလိုက်သည်။သူနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဟင်းချိုတစ်ဇွန်းကို ဦးစွာ ကောက်ယူပြီး အရသာကို ခံစားရန် ဂရုတစိုက် မြည်းစမ်းကြည့်နေသည်ကို ချင်မျန် သတိပြုမိလိုက်သည်။
သူတို့တွေ ဒီလိုလုပ်ကြတာ ပထမဆုံး မဟုတ်ပေ။
ချင်မျန်ကတော့ ပါဝင်ပစ္စည်းတွေကို မြည်းစမ်း၍သိသွားမည်ကို မစိုးရိမ်။သာမန်လူအသုံးမပြုကြသည့် ဟင်းခတ်အမွှေးအကြိုင်အချို့ကို အသုံးပြုခဲ့ပြီး ဟင်းခတ်အမွှေးအကြိုင်အဖြစ် တစ်ခါမျှ အသုံးမပြုဖူးသည့် စီချွမ်ငရုတ်ကောင်းလည်းပါသည်။ထို့အပြင် မည်သူမျှမသိအောင် သူထည့်ထားသော ဝိညာဉ်စမ်းရေကြောင့်လည်း အရသာအလွန်ကောင်းမွန်နေခြင်းကြောင့်သာ။
"ဘယ်လိုလဲ?" ကုန်းဇီက ပေါ့ပေါ့ပါးပါး လေသံနဲ့ မေးလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက တိုးတိုးပြော၏။ “ဒီလက်အောက်ငယ်သားက ရှက်မိပါတယ်။ပါဝင်ပစ္စည်း ရှစ်မျိုးခန့်သာ သိပါတယ်"
လူငယ်ကုန်းဇီ၏မျက်လုံးများသည် အံ့အားသင့်သည့် အမူအရာပြရုံမှလွဲပြီး ဘာမှပြန်မပြောပေ။ထို့နောက်တွင်တော့ သူ တူချောင်းတွေကို ကောက်ကိုင်လိုက်ပြီး မာလာထျန်းဟင်းရည်ထဲရှိ အစားအစာတွေကို စတင်မြည်းစမ်းကြည့်လိုက်သည်။
"ရှောက်ဇီ...ဒီနှစ်ရက်အတွင်း မြို့ထဲမှာ အလုပ်သမားတွေ အများကြီးရှိနေပုံရတယ်။ဘာဖြစ်နေကြတာတဲ့လဲ?" ချင်မျန်သည် ရွှံ့ခြောက်များဖြင့် စွန်းထင်းနေသော ဖောက်သည်လေးယောက်ကို ကြည့်လိုက်ပြီး ဝမ်ရှောက်ကို မေးလိုက်သည်။မိမိတို့ဆိုင်သည် ဖောက်သည်များ အများအပြားရှိလာရုံသာမက မြို့တွင်းရှိ အခြားစားသောက်ဆိုင်များနှင့် ခေါက်ဆွဲဆိုင်များ၏လုပ်ငန်းများမှာလည်း ယခင်ကထက် ပိုမိုကောင်းမွန်လာသည်။
ဝမ်ရှောက်က ပြော၏။ "သူဌေးကြီး မသိသေးဘူးလား? မြစ်ရေမျက်နှာပြင်က ဆောင်းဦးနှင့် ဆောင်းရာသီတိုင်းမှာ နိမ့်ကျပြီး လျော့နည်းလာတယ်လေ။ဒါကြောင့် မအေးလာခင်မှာ ခြောက်ကွေးမြစ်ကို သောင်တူး(ရေကြောင်းရှင်း)ဖို့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေက လူအင်အား အမြောက်အများ စုစည်းပြီး ဆောင်ရွက်နေကြတာ။ခြောက်ကွေးမြစ်ကို သောင်တူးတဲ့ လုပ်သားတွေက တစ်ရက်ကို ဝမ် ၂၀ အနည်းဆုံး ဝင်ငွေရရှိတယ်။မနှစ်က စလုပ်ခဲ့တာပဲ။" ခြောက်ကွေးမြစ်သည် ခရိုင်အတွင်းရှိ အကြီးဆုံးမြစ်ဖြစ်ပြီး တောင်စိမ်းကျေးရွာရှိ မြစ်ငယ်မှာ ယင်း၏မြစ်ခွဲ(အကိုင်းအခက်)ဖြစ်သည်။
"အိုး?" ချင်မျန်က အမြန်မေးလိုက်၏။ “ခြောက်ကွေးမြစ်က ဒီနေရာနဲ့ ဝေးလား?သောင်တူးတဲ့လုပ်ငန်းက ဘယ်လောက်ကြာလဲ?"
ဝမ်ရှောက်က “မနှစ်ကတော့ တစ်လခွဲလောက်ကြာတယ်။ဒီနဲ့ ခြောက်ကွေးမြစ်က နည်းနည်းတော့အလှမ်းဝေးတယ်။အနည်းဆုံး မိနစ်သုံးဆယ်ကျော်လောက် ခြေလျင်လျှောက်ရတယ်။"
"သူတို့ရဲ့နေ့လည်စာအတွက်ကော ဘာစားကြလဲ?" ချင်မျန်က ထပ်မေးသည်။
Advertisement
ဝမ်ရှောက်က “အများစုကတော့ သူတို့ကိုယ်ပိုင် အစာခြောက်တွေ ယူလာကြတယ်။သူတို့မှာ လှည်းရှိရင်တော့ မြို့ထဲကိုလာစားကြတာပေါ့။”
ချင်မျန်၏မျက်လုံးများက လက်သွားကာ လဲ့ယ်ထျဲ၏နံဘေးကိုရောက်သွားပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။ "ကျွန်တော် ငွေရှာဖို့ စိတ်ကူးပေါ်လာပြီ"
လဲ့ယ်ထျဲ မျက်ခုံးပင့်မိလိုက်သည်။တကယ်တော့ သူ့အလုပ်က တအားကြီး ဝန်ပိရသည့် အလုပ်မဟုတ်ပေ။ဖောက်သည်တွေ ရွေးချယ်ထားည့် ဟင်းလျာအမယ်တွေကို အိုးထဲသို့ထည့်ကာ ချက်ပြုတ်ပြီးပါက ပန်းကန်လုံးထဲသို့ လောင်းထည့်ပြီး ယင်း ပန်းကန်လုံးထဲသို့ ဟင်းရည်၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ကို ထည့်ရန်သာ လိုအပ်သည်။
“ဒီစိတ်ကူးက အိမ်ဟောင်းကလူတွေအတွက်ပါ။အိမ်ပြန်ရောက်တဲ့အခါ အဘိုးကြီး သုံးလေးယောက်ကို ပြောပြလိုက်။သူတို့ တခြားသူတွေကို ပြောပြတာပဲဖြစ်ဖြစ် ဒါက ကျွန်တော်တို့ကိစ္စမဟုတ်တော့ဘူး”
လဲ့ယ်ထျဲက ခေါင်းညိတ်ပြပြီး ချင်မျန်၏ခေါင်းကို သက်တောင့်သက်သာရှိစွာ သပ်ပေးလိုက်သည်။
ကုန်းဇီသည် တစ်ယောက်ကိုတစ်ယောက် ပြုံးပြနေကြသော လူနှစ်ယောက်ကို မော့ကြည့်လိုက်သည်။ဆိုင်ပိုင်ရှင်နှင့် စကားပြောရန်အတွက် ဖောက်သည်အနည်းငယ်သာကျန်တော့သည်အထိ စောင့်ရန်စီစဉ်ထားသော်လည်း ဆိုင်သည် အမြဲလူပြည့်နေသောကြောင့် ထကာ သူတို့ဆီလမ်းလျှောက်သွားရသည်။
"လူကြီးမင်း....ကျွန်တော်က ကျိုးရန်မြို့တော်က နျဲ့ဟန်ပါ။စကားပြောဖို့ အချိန်ရမလား?မင်းရဲ့ဟင်းချက်နည်းကို ဝယ်ယူဖို့ ကျွန်တော် စိတ်ဝင်စားမိတယ်"
လဲ့ယ်ထျဲက ချင်မျန်ကို ကြည့်သည်။
နျဲ့ဟန်သည်လည်း ချင်မျန်ကို ကြည့်လိုက်၏။
ချင်မျန်က လက်တစ်ဖက်ကို နျဲဟန်ဆီသို့ ဟန်ပြလိုက်ပြီး "နျဲ့သခင်လေးရဲ့အထင်ကြီးလေးစားမှုကို ခံရတာ ကျွန်တော်တို့ ဂုဏ်ယူစရာပါပဲ။နျဲ့သခင်လေးက အရမ်းရိုးသားပြီးပြတ်သားတဲ့ ပုံစံကြောင့် ကျွန်တော် တန်းသာပြောပါရစေ။ကျွန်တော်တို့ လာမည့်နှစ် မေလအထိ ချက်ပြုတ်နည်းကို ရောင်းချဖို့ အစီအစဉ်မရှိပါဘူး။နျဲ့ကုန်းဇီက ထက်မြက်တဲ့လူတစ်ယောက်ဆိုတော့ မာလာထျန်းနဲ့ ဟော့ပေါ့ရောင်းတာက ရာသီဥတုပေါ်မူတည်တယ်ဆိုတာ နားလည်မည်ထင်ပါတယ်။” သူနှင့် လဲယ်ထျဲ၏သြဇာအာဏာက အားနည်းသည်။စျေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ ဘယ်တုန်းကမှ မတွေးထားခဲ့ကြပေ။
နျဲ့ဟန် မျက်ခုံးတွေကိုဖြေလျှော့လိုက်ကာ “တစ်နည်းအားဖြင့်ပြောရရင် လာမယ့်နှစ်မေလမှာ သူဌေးချင် နဲ့ သူဌေးလဲ့ယ်က ဟင်းချက်နည်းကို ရောင်းမယ်ပေါ့”
ချင်မျန်၏မျက်စံများက ကျဉ်းမြောင်းသွားသည်။
ဒီလူက သူနဲ့လဲ့ယ်ထျဲအကြောင်းကို စုံစမ်းထားတာပဲ။
"ကျွန်တော်တို့မှာ ဒီလိုရည်ရွယ်ချက်ရှိပေမယ့် အတိအကျ အစီအစဉ်ကြီးရယ်လို့ မရှိသေးပါဘူး" ချင်မျန်က ထပ်မံဖြည့်စွက်ခဲ့သည်။
အများကြီး လေးလေးနက်နက် စဉ်းစားပြီးမှ နျဲဟန်က ဆက်ပြောလိုက်သည်။ "သူဌေးနှစ်ယောက်က အဲဒီအချိန်မှာ ကျွန်တော်တို့ကို ဦးစားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ချင်မျန်က ခပ်ဖျော့ဖျော့ အပြုံးလေးနဲ့ ပြောလိုက်သည်။
"နျဲ့သခင်လေး သေချာရင် နောက်နှစ် မေလမှာ တွေ့ကြတာပေါ့"
နျဲ့ဟန်က သူ့ကို လေးလေးနက်နက်ကြည့်ကာ အနှီဆယ်ကျော်သက်လေးသည် ရိုးရှင်းသည့်လူတစ်ယောက်မဟုတ်ကြောင်းသိလိုက်သည်။အကာအကွယ်ပုံစံဖြင့် ဆယ်ကျော်သက်လေး၏ဘေးတွင် ရပ်နေသော အမျိုးသားသည်လည်း ရိုးရိုးရှင်းရှင်းလူမဟုတ်သည်မှာ သေချာ၏။
"ဝမ်းမြောက်ဝမ်းသာပါပဲ!ကျွန်တော်နဲ့ တူညီတဲ့ အတွေးအမြင်ရှိသူ တစ်ယောက်ထက်မက ရှိနိုင်တယ်။သူတို့က ကျွန်တော်တို့လိုကြီးကျယ်ခမ်းနားခြင်းမျိုး မရှိနိုင်ဘူး။ဟင်းချက်နည်းက တခြားသူတွေလက်ထဲသာ တကယ်ရောက်သွားရင် အရမ်းနှမြောမိမယ်ထင်တယ်”
လဲ့ယ်ထျဲသည် တည်ငြိမ်အေးစက်သော အသံဖြင့် ပြောလိုက်သော်ငြား ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်စွာ ပဲ့တင်ထပ်နေသည့် စကားလုံးများ ထွက်လာခဲ့၏။ "အဲ့ဒီအခါကျမှ ကြည့်ကြတာပေါ့"
နျဲ့ဟန် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။အစေခံကို ငွေပေးချေရန် အချက်ပြပြီးနောက် ထိုအစေခံကျွန်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားကိုပါ ခေါ်ဆောင်သွားခဲ့သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
052: ခ႐ိုင္(ၿမိဳ႕ေတာ္)မွဧည့္သည္
ခ်င္မ်န္ စိတ္ထဲမွာေတာ့ အေတာ္ေလး ျမဴးႂကြေနေပမယ့္ အျပင္မွာေတာ့ တည္ၿငိမ္သည့္ အေနအထားကို ထိန္းထားရင္း,"ဒါက ငါတို႔ နားလည္တာထက္ နည္းနည္းေတာ့ ေက်ာ္လြန္သြားၿပီ။မည္သို႔ပင္ဆိုေစ လဲ့ယ္မိသားစုမွာ အာဏာလည္းမ႐ွိသလို ၾသဇာလည္းမ႐ွိဘူး၊ ဆန္႔က်င္ဖို႔ ၾကံစည္ေနစရာလည္း မလိုဘူးေလ။မိန္းကေလးေဝက ခ်မ္းသာတဲ့မိသားစုက အရည္အခ်င္း႐ွိတဲ့ အိမ္အကူျဖစ္ခဲ့ဖူးၿပီး သူမက တျခားသူေတြနဲ႔ မတူဘူးလို႔ ထင္မိတယ္"
"မွန္တယ္။" လဲ့ယ္႐ွန္းလီႏွင့္ လဲ့ယ္႐ွန္းက်စ္တို႔သည္လည္း ဤကိစၥထဲတြင္ ေရာေထြးမေနခ်င္ေတာ့ေပ။
ယေန႔မြန္းလြဲပိုင္းမွာေတာ့ လဲ့ယ္႐ွန္းလီႏွင့္ လဲ့ယ္႐ွန္းက်စ္တို႔သည္ ခ်င္မ်န္ ႏွင့္ လဲ့ယ္ထ်ဲတို႔၏ဖိအားမ်ားကို မ်ားစြာသက္သာရာရေစသည့္အထိ ဆိုင္တြင္ ကူညီေပးခဲ့ၾကသည္။မာလာထ်န္းစားဖို႔အတြက္ပင္ ၿမိဳ႕ကလူေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ကိုယ္ပိုင္ပန္းကန္ေတြ ယူလာၾကတာကို ျမင္ေတာ့ ညီအစ္ကိုေတြ အံ့ၾသတႀကီးျဖစ္သြားၾကသည္။အမွန္မွာ ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔အေနနဲ႔ သူတို႔၏ဆိုင္ကို ခ်ဲ႕ထြင္ရန္ သို႔မဟုတ္ ပိုႀကီးသည့္ဆိုင္သို႔ ေျပာင္းသင့္သည္ဟု ဝယ္ယူသူအမ်ားအျပားက အၾကံျပဳခဲ့ၾကသည္။ သို႔ေသာ္ ပထမခ်က္အေနနဲ႔ သူတို႔မွာ အခြင့္အေရးမ႐ွိေပ။ဒုတိယအခ်က္မွာ ခ်င္မ်န္သည္ ယခုအခ်ိန္တြင္ အားအင္မ်ားစြာကုန္ခန္းေနၿပီျဖစ္သည့္အျပင္ မၾကာမီ ႏွစ္သစ္ကူးကာလကို ေရာက္႐ွိလာေတာ့မည္ျဖစ္၏။ေနာင္ျဖစ္လာႏိုင္မည့္ကိစၥမ်ားကို ရပ္တန္႔သင့္ ရပ္တန္႔ထားရမည္။
ညေနေစာင္းေရာက္ေတာ့ လူေလးေယာက္သား ဆိုင္ထဲမွာ ေဟာ့ေပါ့စားၾကၿပီးေနာက္ ႏြားလွည္းေလး,စီးရင္း အိမ္ျပန္ခဲ့ၾကသည္။ယေန႔ ဆိုင္တြင္ စားစရာေတြ ျမန္ျမန္ကုန္သြားတာေၾကာင့္ ႐ြာျပန္ေရာက္ေတာ့ ေနဝင္သြား႐ုံသာ ႐ွိေသး၏။
ခ်င္မ်န္က လဲ့ယ္ထ်ဲကို ႏြားလွည္းအား အိမ္ေဟာင္းျခံတံခါးဝအထိ တေလွ်ာက္လုံး ေမာင္းခိုင္းလိုက္သည္။တု႐ွီတစ္ေယာက္ သူ႕ကိုယ္သူ အ႐ူးတစ္ေယာက္လိုလုပ္ေနတာကို သူျမင္ခ်င္ေနခဲ့တာကိုေတာ့ သူ မျငင္းပါဘူး။
အိမ္ေဟာင္းမွာေတာ့ ထမင္းစားရန္ ျပင္ဆင္ၿပီးေနၿပီျဖစ္သည္။
ခ်င္မ်န္က စားစရာေတာင္းတစ္ခုကို ကိုင္လ်က္ ဝင္လာခဲ့သည္။သူ႕မ်က္ႏွာေပၚတြင္ ခပ္ျပဳံးျပဳံးအမူအရာျဖင့္ အသံက်ယ္က်ယ္ ေျပာလိုက္သည္။
"အေဖတို႔ အေမတို႔က ညစာစားဖို႔ ျပင္ေနၿပီလား?ေတာ္ေသးတာေပါ့။ကြၽန္ေတာ္တို႔ အခ်ိန္မီေလးျပန္ေရာက္လို႔။လဲ့ယ္ထ်ဲနဲ႔ ကြၽန္ေတာ္ စားစရာေတြ အမ်ားႀကီးယူလာေပးတယ္။အေဖနဲ႔ ညီငယ္ေတြက စိတ္ႏွလုံးကို ေက်နပ္ေလာက္ေစမယ့္ စပ်စ္ဝိုင္ရည္ကိုလည္း ေသာက္ၾကေပါ့။”
လဲ့ယ္ထ်ဲက လက္ႏွစ္ဘက္လုံးျဖင့္ အိုးကို ထမ္းကာ သူႏွင့္အတူ လိုက္ဝင္လာခဲ့သည္။ခ်င္မ်န္က အမ်ိဳးသမီး စားပြဲေပၚသို႔ အိုးကို တင္ဖို႔ လဲ့ယ္ထ်ဲကို ေ႐ႊ႕ခိုင္းလိုက္ၿပီး တု႐ွီရဲ႕ မ်က္ႏွာကို တမင္တကာ စိုက္ၾကည့္ေနလိုက္သည္။ “အေမ၊ ဒါက ကြၽန္ေတာ္တို႔ဆိုင္က ေဟာ့ေပါ့ဟင္းရည္ပဲ။အ႐ိုးျပဳတ္ရည္နဲ႔ ခ်က္ထားတာ အရမ္း အရသာ႐ွိတယ္။အသားလုံး၊ သိုးသား၊ ဝက္သား၊ ၾကက္သားႏွင့္ ငါးအသားလႊာအခ်ိဳ႕ကိုလည္း ျပန္ယူလာခဲ့တယ္။ဟင္းရည္ထဲမွာ ခ်က္စားရင္ အရမ္းအရသာ႐ွိတယ္ေလ”
လဲ့ယ္႐ွန္းက်စ္က သူ႕ေမးေစ့ကို ထိလိုက္သည္။သူ႕ရဲ႕ အႀကီးဆုံးမရီးက "သူ႕ရဲ႕စစ္အင္အားကိုျပဖို႔” ျပန္လာတယ္လို႔ သူ ဘာေၾကာင့္မ်ား ခံစားေနမိရတာလဲ?မခံမရပ္ႏိုင္ျဖစ္ေလာက္တဲ့ၾကင္နာမႈႏွင့္ ဆြဲေဆာင္မႈတို႔႐ွိေနတဲ့ သူ႕အစ္ကိုႀကီးရဲ႕ မ်က္လုံးေတြကို ေမာ့ၾကည့္မိလိုက္ရာ သူ ကူကယ္ရာမဲ့ျဖစ္စြာ ေခါင္းကိုသာ ခါယမ္းလိုက္ႏိုင္သည္။
ခ်င္မ်န္သည္ကား တု႐ွီကို ရန္စခ်င္လိုစိတ္႐ွိေသာေၾကာင့္ သူ အသားဟင္းမ်ားစြာကို ျပန္ယူလာရေလာက္ေအာင္ ေစတနာ႐ွိၿပီး မိသားစုတစ္ခုလုံး စားႏိုင္ေလာက္ေအာင္ပင္ ေစတနာေတြ႐ွိေနခဲ့သည္။
တု႐ွီ၏မ်က္လုံးမ်ားသည္ အသားဟင္းမ်ိဳးစုံကို တစ္ခုၿပီးတစ္ခု ၾကည့္ကာ ဝမ္းသာအားရလည္း မျဖစ္သလို ေဒါသလည္းမျဖစ္ေနေပ။အခ်ိန္အေတာ္ၾကာထိ သူမ စကားတစ္ခြန္းမွ မေျပာခဲ့ေပ။
ခ်င္မ်န္က အခုမွ သူ႕ေဒါသေတြ ေျပသြားသလို ခံစားလိုက္ရသည္။
လဲ့ယ္႐ွန္းရန္သည္ လဲ့ယ္႐ွန္းလီ ႏွင့္ လဲ့ယ္႐ွန္းက်စ္တို႔ လဲ့ယ္ထ်ဲ၏ဆိုင္သို႔သြားေၾကာင္း သိလိုက္၏။သူတို႔နဲ႔ မလိုက္ခဲ့မိလို႔ သူ ေနာင္တရမိသည္။သူ အျမန္ေလွ်ာက္လာၿပီး “အနံ႔က ေကာင္းလိုက္တာ။မိန္းမ....ဘာလို႔မီးေသြးမီးဖိုနဲ႔ အိုးသန္႔တစ္လုံးကို ျမန္ျမန္သြားမယူေသးတာလဲ? တတိယမရီးက စပ်စ္ဝိုင္သြားယူလိုက္ေလ။"
“အာ...” က်ိဳး႐ွီသည္ သူမ၏တံေတြးကို မ်ိဳခ်လိုက္ၿပီး မီးဖိုေခ်ာင္ဘက္သို႔ လွည့္သြားသည္။
ခ်င္း႐ွီလည္း ေနာက္ကေန လိုက္သြား၏။
လဲ့ယ္တာခ်န္က ခပ္တိုးတိုးေလး ေခ်ာင္းဟန္႔လိုက္ၿပီး "ေလာင္တာ့...မင္းနဲ႔ မင္းမိန္းမေရာ ထမင္းစားၿပီးၿပီလား?မင္းတို႔ႏွစ္ေယာက္ မစားရေသးရင္ဝင္စားလိုက္။"
လဲ့ယ္ထ်ဲ ေျပာလိုက္သည္။ “စားၿပီးၿပီ။ခ်င္းဇီ... သြားရေအာင္။ ”
“ေကာင္းၿပီ။အေဖ၊ အေမ၊ ကြၽန္ေတာ္တို႔ ျပန္ေတာ့မယ္ေနာ္"
ခ်င္မ်န္က စိတ္အေျခအေနေကာင္းစြာျဖင့္ သူ႕လက္ကို ေဝွ႔ယမ္းၿပီး လဲ့ယ္ထ်ဲႏွင့္အတူ ထြက္သြားသည္။ ႏြားလွည္းေပၚထိုင္ရင္း သီခ်င္းတစ္ပုဒ္ကို မညည္းပဲ မေနႏိုင္။
"ေပ်ာ္ေနတာလား?" လဲ့ယ္ထ်ဲ ေမးလိုက္၏။
"အရမ္းအရမ္းကို ေကာင္းတာေပါ့!" ခ်င္မ်န္က ဝမ္းသာအားရနဲ႔ အမွတ္မထင္ ဆက္ေျပာေနၿမဲ။ "မိန္းကေလးေဝ အိမ္ဝန္းထဲကို ဝင္လာတဲ့အခါ စားပြဲတစ္ခုစီအတြက္ ေဟာ့ေပါ့တစ္အိုးစီ ေပးလိုက္ၾကမလား?အိမ္ခြဲေနခဲ့ၾကေပမယ့္လည္း ႐ြာသားေတြအျမင္မွာ 'မိဘ'ေတြကို ဂ႐ုစိုက္ေပးေနဆဲဆိုတာကို ျမင္ေစရမယ္ေလ"
လဲ့ယ္ထ်ဲ ခ်င္မ်န္၏လက္ကို ဆုပ္ကိုင္ထားၿပီး သူ႕ရင္ထဲတြင္ ေႏြးေထြးသြားကာ ၾသ႐ွ႐ွအသံျဖင့္ ေျပာလိုက္သည္။ “မင္းေျပာတဲ့အတိုင္း နားေထာင္မယ္”
ရက္အေတာ္ၾကာၿပီးေနာက္ တု႐ွီတစ္ေယာက္ တိတ္ဆိတ္ေနဆဲပင္။ခ်င္မ်န္သည္လည္း အိမ္ေဟာင္းအေၾကာင္း စဥ္းစားေနသည္ကို ရပ္တန္႔လိုက္ေတာ့သည္။
ထိုေန႔တြင္ ေနာက္ေဖးမီးဖိုေခ်ာင္၌ ပါဝင္ပစၥည္းမ်ားအားလုံးကို ျပင္ဆင္ၿပီးေနာက္ ခ်င္မ်န္တစ္ေယာက္ ဆိုင္ဖြင့္ရန္ ထြက္လာခဲ့သည္။
လဲ့ယ္ထ်ဲသည္လည္း ရည္႐ြယ္ခ်က္႐ွိ႐ွိ မရည္႐ြယ္ဘဲ တံခါးအျပင္သို႔ လွည့္ၾကည့္မိလိုက္ကာ သူ႕လက္ေပၚ႐ွိ ေရမ်ားကို သုတ္လိုက္ၿပီး မျမန္မေႏွး ေနာက္ကေနေလွ်ာက္လာလိုက္သည္။
ခ်င္မ်န္ တံခါးအျပင္ဘက္တြင္ အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းေနပုံေပၚေသာ လူေပါင္းမ်ားစြာကို ၾကည့္ၿပီး သံသယျဖစ္ဖြယ္ကို ေတြ႕လိုက္မိသည္။
ယင္းမွာ စုစုေပါင္း လူသုံးေယာက္႐ွိေနကာ တစ္ဦးက အသက္ ၂၅ ႏွစ္မွ ၂၆ ႏွစ္ၾကား လူငယ္တစ္ဦးျဖစ္ၿပီး လည္ပင္းတစ္ဝိုက္တြင္ ႏွင္းျဖဴေျမေခြးေမြးမ်ားျဖင့္ ရံထားသည့္ အျဖဴေရာင္ ခ်ည္သားအက်ႌကို ၀တ္ဆင္ထားၿပီး အဖိုးတန္ေက်ာက္စိမ္းကို ခါးတြင္ခ်ိတ္ဆြဲထားသည္။သူက ခ်မ္းသာတဲ့အိမ္ေတာ္က ကုန္းဇီ(သခင္ေလး)တစ္ေယာက္လိုပင္။သူကား စူးစမ္းလိုစိတ္မ်ား ျပည့္ႏွက္ေနသည့္ က်ဥ္းေျမာင္းေသာ ဖီးနစ္မ်က္လုံးတစ္စုံျဖင့္ ခ်င္မ်န္ကို ၾကည့္လိုက္သည္။
သူ႕လက္ဝဲဘက္တြင္ မီးခိုးေရာင္ ၀တ္ဆင္ထားေသာ အသက္ ၄၀ အ႐ြယ္ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ အိမ္ေတာ္ထိန္းတစ္ဦးႏွင့္တူလွ၏။
သူ႕ညာဘက္ျခမ္းတြင္ေတာ့ အေစခံအျဖစ္ ၀တ္ဆင္ထားေသာ အသက္ 17 ~ 18 ႏွစ္အ႐ြယ္ လူငယ္တစ္ဦးမွ်သာ။
"လ်ိဳဇီ..ေ႐ွာက္ဇီ...ဧည့္သည္ေတြကို ႀကိဳဆိုလိုက္ဦး"ခ်င္မ်န္ အေနာက္ကေန ေအာ္လိုက္သည္။
“လာၿပီ။” က်န္းလ်ိဳက အျမန္ေျပးထြက္သြားၿပီး "မဂၤလာပါ ဧည့္သည္တို႔...ေဟာ့ေပါ့၊ မာလာထ်န္း ဒါမွမဟုတ္ အသားကင္ သုံးေဆာင္ၾကမလား?"
ကုန္းဇီေလးသည္ သူ႕ကို လ်စ္လ်ဴ႐ႈကာ လဲ့ယ္ထ်ဲကို ၾကည့္ကာ ခ်င္မ်န္ကို တစ္ဖန္ျပန္ၾကည့္သည္။ "မင္းက ဒီဆိုင္ပိုင္႐ွင္လား?"
"မွန္ပါတယ္" ခ်င္မ်န္က အသာျပဳံးျပရင္း "ကုန္းဇီ မစားေသးရင္ ေက်းဇူးျပဳၿပီး တစ္ဖက္လူကို မပိတ္ပါနဲ႔"
အေစခံသည္ စူးစူးဝါးဝါးၾကည့္ကာ “အတင့္ရဲလွခ်ည္လား!”
လဲ့ယ္ထ်ဲကား မ်က္ေမွာင္ၾကဳတ္လိုက္သည္။
ခ်င္မ်န္လည္း ၾကမ္းတမ္းစြာေျပာလိုက္သည္။ "မင္းကမွ အတင့္ရဲလွခ်ည္လား!မင္းရဲ႕သခင္ကေတာင္ စကားမေျပာရေသးဘူး။ဒါေပမယ့္ မင္းက အရင္ စကားေျပာရဲတယ္ေပါ့။မင္းသာ ငါ့ရဲ႕အေစခံသာဆိုရင္ မင္းပါးစပ္ကို အႀကိမ္ ၂၀ ႐ိုက္မိလိမ့္မယ္"
အေစခံ၏မ်က္ႏွာမွာ အလြန္ပင္ ပ်က္ယြင္းသြားသည္။သူ သူ႕သခင္ေလး၏မ်က္ႏွာကို ၾကည့္ကာ ေခါင္းကို အျမန္ငုံ႔ခ်လိုက္သည္။
က်န္းလ်ိဳကေတာ့ျဖင့္ သူ႕သူေဌးႀကီးကို သေဘာက်စြာ ၾကည့္ေနသည္။ကုန္းဇီလူငယ္ေလးသည္ ထူးျခားသည့္အသြင္ျပင္မ်ိဳး႐ွိေနၿပီး ၾကည့္လိုက္သည္ႏွင့္ လူမႈနယ္ပယ္တြင္ အလြန္ၾသဇာႀကီးသူျဖစ္ေၾကာင္း သိႏိုင္သည္။သို႔ေသာ္ သူ႕သူေဌးကား လုံးဝမေၾကာက္။
"လူႀကီးမင္း....ေက်းဇူးျပဳၿပီး တစ္ဖက္ကို လမ္းဖယ္ေပးပါ။" ခ်င္မ်န္ တိုက္တြန္းလိုက္၏။
Advertisement
- In Serial24 Chapters
To The Land of Nyx
When Hyde ends up inside a carriage with his sister and a butler, he knows that his carefree days as a young nobleman are becoming out of reach. Tasked to journey to a kingdom far from home, he finds himself looking for ways to make their trip less unbearable and even enjoyable. Accompanied by soldiers he considers as friends—there's hope for them! But things are not as they seem to be. A slice of life fantasy fiction that updates sporadically!
8 197 - In Serial16 Chapters
Werewolf Lord Through the Multiverse
MC dies and reincarnates in Twilight with a mission from ROB. Destroy the volturi. If he completes his mission, he can travel to the worlds he actually wants to travel to, like Fairy Tail and maybe One Piece later.This is my first fan-fiction, so constructive critisism is welcome.There will be NO harem, so don't ask for it. MC will be with Alice, and she will join him on his travels.
8 248 - In Serial56 Chapters
For a Change - A Slice of Life LitRPG
Change is constant. Starting over without your own memories? Connected to some System AI? Probably a pretty big change. Join Monday March as she attempts to deal with these changes and many others in a fantasy future with magic, monsters, AIs, and dating. Notes / Expectations: - About the writing style - Almost always First Person past tense (aside from the prologue), Chapters are short by design. Also, I'm not rushing to the conclusion, it's there, I'm in no hurry. - Genres - Fantasy is the most obvious umbrella, Action, Comedy, Romance, Psychological and everything else that makes a character into a comprehensive person will likely crop up, but won't be the main focus, at least not for hundreds of pages - Tags - Dungeon, Gender Bender (closer to gender themes), Post Apocalyptic and a few others might be a valid fit, but anything that doesn't fit most chapters will be set aside tag wise for now. Possible updates in the future if needed. - Content Warnings - While I want to write this story as accessible and friendly, sometimes a narrative gets messy, and sometimes people are naked, or get hurt either physically or mentally. Best to be prepared. As for cussing, well, our main character will avoid it. - Initial posting schedule is once a week, updates to the schedule will be posted here or in chapter notes.
8 80 - In Serial43 Chapters
Campaign: A Project Starfarer Sidestory
This novel’s lore, story and characters are entirely fictitious. Certain long-standing countries, institutions, organizations, agencies, and public offices are mentioned, but their histories and the characters involved are wholly imaginary. "What will you do with your freedom?"Growing up in a meritocracy, infamous for being lawless, Jordan Astros had been repeatedly asked this question, since times unmemorable. In a society where one's accomplishments and skills were tallied and ranked in order to determine one's standard of living however, Jordan quickly grew to understand that 'freedom,' was a reward earned by accumulating Merit. And so, after his 17th birthday, Jordan departed his Clan's habitat in orbit of Europa to embark on his century-long journey to rise from E-Ranker to S-Rank. And spread his name throughout the Galilean Powers. *** Campaign is a sidestory within its NanoPunk parent series, Project Starfarer. (Yet to be published. Be on the lookout for it!) In which the first transhuman known to humanity, the Starfarer, invokes a plan to seed terrestrial life throughout the galaxy. Campaign takes place around the middle of that timeline and explores the life of a key figure in that universe, Jordan Astros. And explores one of four great nations thriving in the Solar System during that time. A Meritocracy that spans Jupiter and its 79 moons, The Galilean Powers. What you'll find in Campaign: Brutal melee combat in airless and pressurized low gravity environments. A technology based progression system influenced by merit and accomplishments; using tech that's theoretically possible to exist in the near-future. An exploratory perspective of the dozens of Galilean societies, or 'Powers,' from Jordans; and sometimes others', POV. What you wont find: Romance. Harems. An MC who receives shortcuts, handouts, learns things unnaturally fast or has OP plot armor. Jordan is not a special individual. Jordan is not OP and he likely never will be. He's no different than any other citizen in the Galilean Powers and will certainly face as many defeats as he does wins. He'll suffer losses and grow as an individual, while the Powers evolves around him as well. This is semi-hard sci-fi/NanoPunk and takes place in a fictional version of our future solar system. Centered around technology that's plausible in the near-centuries to come. Everything abides by the laws of physics/thermodynamics (As best that I understand them, at least. I'm no scientist.) No artificial gravity, inertial dampeners, teleportation, FTL, or hand-wavy materials will be found in the Project Starfarer universe. Just advanced automation, nanotechnology, cybernetics and AI. Set in the backdrop of space. *I do not own the photo used for the cover*
8 265 - In Serial17 Chapters
Balanced
Centuries have passed , and a legend long forgotten; "When the sky ruptures , blood will rain. At this worlds' most trying time , Three brothers will rise. Only one will reign , Only he survives." In the age of old, on the planet of Luna , this is the message that prophets all around the world got at the same time. This is the message that is long forgotten. This is the message that never came true.
8 237 - In Serial6 Chapters
The Eighth Sin (Seven deadly sin fanfic)
Meliodas, Dragon sin of Wrath.King, Bear sin of sloth.Ban, Fox sin of Greed.Merlin, Boar sin of GluttonyDiane, Serpent sin of envy Escanor, Lion sin of pride.Gowther,Goat sin of lust.And....Antia, Wolf sin of Dishonor.She is a hidden sin no one knows about because she went missing right after they got framed.
8 52

