《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[55]
Advertisement
[Unicode]
055: အတူတကွရှိပြီးနောက် ပထမဆုံးပွဲတော်
"နည်းနည်းစျေးကြီးတယ်။" လဲ့ယ်ရှန်းရန်သည်လည်း သဘောတူထောက်ခံ၏။ “ဝက်နံရိုးသားပါးပါးလေးကို နှစ်ဝမ်တဲ့"
ဧည့်သည်များကို ဟော့ပေါ့ပြင်ပေးရန် အပြင်ဘက် အနည်းငယ်အကွာတွင် ရပ်နေသော ချန်းစီသည် ထိုနှစ်ယောက်အား ဆွံအမိလျက် မထီမဲ့မြင်ကြည့်နေခဲ့သည်။
ဒီလူတွေက ဘယ်ကနေရောက်လာတာလဲ?အရမ်းဈေးကြီးနေရင်လည်း မစားပါနဲ့လား။ဒါ့အပြင် တုတ်ထိုးတစ်ခုစီမှာရှိနေတဲ့ အသားလုံးတွေကလည်း အရွယ်အစား တူတူပဲလေ။ရွေးဖို့ လိုအပ်လို့လား?
ချင်မျန်က တစ်ချက်မျှမကြည့်ဘဲ အသာအယာ ဖြေးညှင်းစွာပြောလိုက်၏။
"ညာဘက်ထောင့်မှာပေါက်စီရောင်းတဲ့ဆိုင် ရှိတယ်။တည့်တည့်ဆက်သွားလိုက်ရင် ခေါက်ဆွဲဆိုင်နဲ့ နှမ်းကပ်မုန့်တွေ ရောင်းတဲ့ဆိုင်လည်း ရှိတယ်"
ကျိုးရှီ ခေါင်းငုံ့လျက် တိတ်သွားတော့သည်။
လဲ့ယ်ရှန်းလီသည်လည်း သူ့ရဲ့ လောင်အာ့နဲ့လောင်အာ့ဇနီးတို့ကြောင့် ရှက်သွားရသည်။သူ ကျယ်လောင်တဲ့ အသံနဲ့ပြောလိုက်တော့သည်။ “နောက်ထပ်စားသုံးသူတွေလာနေပြီ။မြန်မြန်လုပ်။ကောင်းကောင်းရွေးပြီးသွားရင် အရင်ပြုတ်ဖို့ ပေးလိုက်တော့။"
ကျိုးရှီနှင့် လဲ့ယ်ရှန်းရန်တို့သည် စကားမပြောတော့ဘဲ ဟင်းလျာအမယ်တွေ ရွေးချယ်နေတာကိုသာ အရှိန်မြှင့်လိုက်တော့သည်။
ချင်းရှီကတော့ဖြင့် စကားတစ်ခွန်းမှ မဆိုဘဲ သူမလိုချင်သော ဟင်းလျာများကို ရွေးချယ်ပြီးပြီဖြစ်သည်။ဘာပဲဖြစ်ဖြစ် ဒီနေ့ သူတို့ရထားတဲ့ ပိုက်ဆံအားလုံးက တုရှီကို ပြန်ပေးရလိမ့်မယ်။အခု မစားပါက သူမကသာ အရူးတစ်ယောက်ဖြစ်နေလိမ်းမယ်။
ခင်ပွန်းသည်က ဟင်းရွက်ဟင်းလျာများကိုသာ ရွေးယူနေသည်ကို မြင်လိုက်ရသဖြင့် သူမ အကြည့်ဖြတ်ကာ ပြန်ရွေးရန် ကူညီပေးခဲ့သည်။သူမ သူ့အတွက် နောက်ထပ် အသားများကို ရွေးပေးခဲ့သည်။
လဲ့ယ်ရှန်းရီက ညင်သာစွာ ပြုံးလိုက်၏။
ချင်းရှီ၏မျက်နှာကဖြင့် နီရဲလာတော့သည်။
လဲ့ယ်ရှန်းရန်နှင့် ကျိုးရှီတို့သည် သူတို့၏လက်ထဲတွင်ရှိသော ခြင်းတောင်းလေးကို ကြည့်လိုက်ကြရာ သူတို့လည်း နောက်မကျရလေအောင် အသားဟင်းအားလုံးကို ရွေးကြတော့သည်။
ငွေရှင်းတော့ စုစုပေါင်း ၆၂ ဝမ် ကျသင့်ခဲ့သည်။ 20% လျှော့စျေးရသည့်အတွက် 50 ဝမ်သာ ကုန်ကျခဲ့သည်။လဲ့ယ်ရှန်းရန်နှင့် ကျိုးရှီတို့သည် အလွန်စိတ်မသက်မသာဖြစ်မိကာ မျက်မှောင်ကြုတ်သွားကြသည်။ဤငွေတွေက တုရှီထံမှ လာသည်ဟု သတိရလိုက်မိသောအခါတွင်မှ သူတို့၏နှလုံးသားထဲရှိ လေးလံလှသည့် ဝန်ထုပ်ဝန်ပိုးကို ဖယ်ထုတ်ပစ်လိုက်ကြတော့သည်။
ထမင်းစားပြီးနောက် ထိုလူအုပ်စုသည် လှည်းကို မောင်းပြီး အိမ်သို့ ပြန်လာခဲ့ကြသည်။
မြို့ပြင် ဆိတ်ငြိမ်သောလမ်းမထက်တွင် နွားလည်ပင်းမှ ခေါင်းလောင်းသံသာ အသံမြည်နေသည်။
လဲ့ယ်ရှန်းရန်က "ဟေ့" ဟု ပေါ့ပေါ့ပါးပါး အော်လိုက်ရာ လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီတို့၏ အာရုံကိုစွဲဆောင်သွားစေခဲ့သည်။
"လောင်အာ့..ဘာဖြစ်လို့လဲ?" လဲ့ယ်ရှန်းရီ မေးလိုက်၏။
လဲ့ယ်ရှန်းရန်က “တတိယညီ..စတုတ္ထညီ...ငါမှာ အကြံတစ်ခုရှိတယ်။မင်းတို့နှစ်ယောက် နားထောင်ပြီးစဥ်းစားကြည့်ပေး။"
ကျိုးရှီနှင့် ချင်းရှီတို့နှစ်ယောက်စလုံးကလည်း တစ်ချက်ကြည့်လိုက်ကြသည်။
“လောင်အာ့...ပြောစရာရှိတာကို ပြောလိုက်လေ!" လဲ့ယ်ရှန်းရီက စိတ်ရှုပ်သွားမိသည်။
လဲ့ယ်ရှန်းရန်က "ဒီနေ့ ငါတို့ ၁၆၀ ဝမ် အမြတ်ရခဲ့တယ်လေ။ထမင်းဖိုး ဝမ် ၅၀ နုတ်ယူပြီးရင်တောင် ၁၁၀ ဝမ် ကျန်သေးတယ်။ငါတို့ညီအကို ၃ယောက်က တစ်ယောက် ၂၀ ဝမ်စီခွဲယူပြီး ကျန်တာကို အမေ့ ပေးလိုက်လို့ရတယ်။မင်းတို့နှစ်ယောက်ရော ဘယ်လိုထင်လဲ? ငါ့မှာက ကလေးနှစ်ယောက်ရှိသေးတယ်။သူတို့ကို အဆာပြေမုန့်ဝယ်ဖို့ ပိုက်ဆံတောင် မရှိဘူး”
လဲ့ယ်ရှန်းရီက လှောင်ပြောင်ရင်း “ဘယ်သူက ယုံမှာလဲ?အရင်က ရခဲ့တဲ့ ပိုက်ဆံတွေအားလုံးကိုလည်း အမေ့ကို ပြန်ပေးတယ်ဆိုတာ မယုံဘူး။”
လဲ့ယ်ရှန်းရန်က စူးစူးရဲရဲ စိုက်ကြည့်ရင်း “မင်း ဒီလိုပြောတယ်ဆိုမှတော့ မင်းလည်း ဒီလိုဖြစ်နေလို့ ဖြစ်ရမယ်။မဟုတ်ရင် ငါလုပ်ခဲ့တာ မင်းဘယ်လိုသိလဲ?"
လဲ့ယ်ရှန်းရီက ပြန်မပြောပေ။
လဲ့ယ်ရှန်းလီမှာ တိတ်တဆိတ် စိတ်ဓာတ်ကျသွားရသည်။သူ့အမေကို ရတဲ့ငွေအားလုံး ပေးနိုင်လောက်အောင် ရိုးသားတဲ့သူက သူတစ်ဦးတည်းသာ ရှိနေတာ ဖြစ်နိုင်ပါ့မလား?
လဲ့ယ်ရှန်းရန်က သူ့လေသံကို လျှော့လိုက်ပြီး "ဘယ်သူက တစ်ကိုယ်ကောင်းဆန်ခဲ့တာလဲ?မင်း ရှင်းရှင်းအတွက် သရေစာမုန့်ဝယ်ဖို့ ပိုက်ဆံမရှိဘူးလို့ မကြာခဏ ပြောမနေဘူးလား?စတုတ္ထညီကတော့ လက်ထပ်ဖို့ အချိန်ကျနေပြီလေ။ပိုက်ဆံပိုစုဖို့ လိုတယ်မဟုတ်လား?မယားအသစ်စက်စက်လေးက အိမ်ထဲဝင်လာခဲ့လို့ သူ့အတွက် ပန်းတစ်ပွင့်ဝယ်ပေးဖို့တောင် ပိုက်ဆံမရှိရင် မင်းမျက်နှာပျက်ရလိမ့်မယ်။"
လဲ့ယ်ရှန်းလီ၏မျက်နှာမှာ ပူထူလာပြီး “လောင်အာ့ ပြောစရာရှိတဲ့ ကိစ္စတွေကိုပဲ ပြော။အဓိပ္ပါယ်မရှိတဲ့စကား မပြောပါနဲ့။"
“အိုး....စတုတ္ထညီလေးက ရှက်နေတာပဲ” ကျိုးရှီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
လဲ့ယ်ရှန်းရီ နှင့် ချင်းရှီတို့သည် အဓိပ္ပါယ်ရှိရှိ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
“ကျွန်တော် မကန့်ကွက်ပါဘူး” လဲ့ယ်ရှန်းရီက ခါးသီးတဲ့ အပြုံးနဲ့ ပြောလိုက်သည်။ “အမေက ကျွန်တော်တို့ရဲ့ ရှင်းရှင်းကို သဘောမကျဘူးဆိုတာ သိတယ်မလား။အခုအချိန်အထိ ပွဲတော်ရက်တွေကလွဲလို့ သရေစာစားနိုင်တဲ့ အကြိမ်အရေအတွက်ကို လက်တစ်ဖက်တည်းနဲ့တောင် ရေတွက်လို့ရတယ်။”
သူနှင့် လဲ့ယ်ရှန်းရန်တို့က တူညီသည့်သဘောထားကို ရရှိခဲ့ပြီးနောက် နှစ်ယောက်လုံး လဲ့ယ်ရှန်းလီကို ကြည့်လိုက်ကြသည်။
လဲ့ယ်ရှန်းလီကတော့ တုရှီကိုလိမ်လည်လှည့်ဖြားရန်မှာ မကောင်းကြောင်းခံစားခဲ့ရသော်လည်း ၎င်းကိစ္စကိုမကန့်ကွက်ခဲ့ပေ။
လူအနည်းငယ်က တိတ်တဆိတ်ပြုံးပြီး တစ်ယောက်ချင်းစီ ဝေပုံဝေကျ 20 ဝမ်ကို ချက်ခြင်းယူသွားကြ၏။ထို့နောက် အခြားအကြောင်းအရာများအကြောင်း အေးအေးဆေးဆေး ဆက်ဆွေးနွေးကြတော့သည်။
ညနေပိုင်း အလုပ်ပြီးသောအခါ ချင်မျန်သည် ချန်းစီအား ၅ဝမ် ပေးကာ သူတို့ကိုယ်စား ကျန်းလျိုနှင့်ဝမ်ရှောက်တို့အား စာနာစိတ်နှင့်တကွ အရေးတယူပြုသည့်အနေဖြင့် အဆာပြေစာများ ပေးပို့ခိုင်းလိုက်သည်။
ချင်မျန်သည် သူနှင့်လဲ့ယ်ထျဲအတွက် ဟင်းပွဲအချို့နှင့် ထမင်းကို သီးသန့်ဖယ်ထားခဲ့ပြီး ဗိုက်ပြည့်စေရန်အတွက် မီးဖိုပေါ်မှ ထမင်းချက်ပြုတ်ထားလေ့ရှိသည်။ထို့နောက် လှည်းလေးမောင်းပြီး အိမ်ပြန်ကြသည်။
Advertisement
ထိုအချိန်တွင် ကောင်းကင်မှာ မှောင်မဲနေပြီး ကောင်းကင်ယံတွင် လမပြည့်တပြည့် လဝန်းကြီး ရှိနေသည်။လရောင်သည် လင်းထိန်နေကာ တစ်ဖန် နွေးထွေးလှပြန်ပြီး တိမ်ဖြူဖြူများက လှည့်ပတ်လျက် တိတ်ဆိတ်စွာ လွင့်နေသဖြင့် ည၏ကန့်လန့်ကာပြကွက်သည် ပို၍ပင် မည်းမှောင်နေလေသည်။
ချင်မျန် နောက်ပြန်ကြည့်ကာ "ကျွန်တော် စိတ်ထင်နေတာပဲလား။ကျွန်တော်တို့နောက်မှာ တစ်ယောက်ယောက်ရှိနေတယ်လို့ ဘာလို့အမြဲထင်နေတာလဲ?"
ပြောစရာမလိုအောင် သူနဲ့ လဲ့ယ်ထျဲတို့ တောင်ကုန်းလမ်းပေါ် ရောက်နေတာပဲ ဖြစ်သည်။နှစ်ဖက်စလုံးရှိ တောင်တန်းများသည် အလွန်တိတ်ဆိတ်နေသဖြင့် အလွန်ကြောက်စရာကောင်းနေ၏။
“လူတွေရှိနေတယ်။” လဲယ်ထျဲ အေးအေးဆေးဆေးပြောလိုက်သည်။
ချင်မျန် ထိတ်လန့်သွားပြီး "ဘယ်သူတွေလဲ?ချက်နည်းကို လိုချင်နေတဲ့သူတွေလား?”
“စိတ်မပူနဲ့။” လဲ့ယ်ထျဲ သူ့(QM)ရဲ့လက်ကို ဖိဆုပ်လိုက်ပြီး ဇက်ကြိုးကို ညင်သာစွာ ဆွဲလိုက်သည်။နွားလှည်းလေးက ရပ်တန့်သွား၏။
နွားခွာသံနှင့် လှည်းဘီးသံမှာ တိတ်ကျသွားတော့သည်။
ညယံသည် ပို၍ပင်တိတ်ဆိတ်လာသလို။ထိုအချိန် ဧည့်လေညှင်းမှာ တိုက်ခတ်လာ၍ ချင်မျန် မလှုပ်နိုင်လောက်အောင် တုန်လှုပ်သွားမိသည်။
လဲယ်ထျဲက သူ့ကို လှည်းထဲတွင် ငြိမ်သက်စွာ ထိုင်ခိုင်းလိုက်သည်။ထို့နောက် လှည်းပေါ်မှ တိတ်တဆိတ် ခုန်ဆင်းကာ လမ်းအလယ်သို့ လျှောက်သွားရင်း လှည်းနောက်သို့ တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။
သိုင်းဝတ္ထုများထဲက သိုင်းပညာရှင်များ အချင်းချင်း ရင်ဆိုင်ကြမည့် မြင်ကွင်းကို ချင်မျန်တစ်ယောက် အကျယ်တဝင့် တွေးတောနေမိသည်။
လဲ့ယ်ထျဲက အလွန်တည်ငြိမ်ပုံရသောကြောင့် သူစိတ်မပူတော့ပေ။သူ လှည်းနောက်ကိုလှည့်ကာ အဝေးကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
လက်ထဲတွင် သန်မာတောင့်တင်းသည့်တုတ်တွေကို ကိုင်ဆောင်ထားသော လူထွားကြီးလေးယောက် လျင်မြန်စွာ ချဉ်းကပ်လာသည်။
လမ်းလယ်မှာ ရပ်နေတဲ့ မှောင်မှောင်မည်းမည်းအရိပ်ကို တွေ့ပေမယ့်လည်း သူတို့ ပြန်မပြေးပေ။တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ခုခုမှားနေပြီဟု ယောင်ဝါးဝါးခံစားလိုက်ကြရုံသာ။တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူတို့သည် လျင်မြန်စွာချဉ်းကပ်လာပြီး သူတို့၏တုတ်များကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ နှစ်ကျန်းအကွာအဝေးတွင် ရပ်လိုက်ကြသည်။[6.6 meter]
“လဲ့ယ်ထျဲ...ချင်မျန်...ငါတို့ ဘာလို့ဒီကိုလာတာလဲဆိုတာ မင်းတို့နှစ်ယောက်သိတယ်။မင်းတို့သာ ညဏ်ကောင်းရင် ဟင်းချက်နည်းကို ပေးလိုက်။” သူတို့ထဲက လူတယောက်က စတင် ခြိမ်းခြောက်လိုက်သည်။
လဲ့ယ်ထျဲ၏ခန္ဓာကိုယ်သည် လှစ်ခနဲပျောက်သွားသည်။ချင်မျန်မှာ မည်သည့်လှုပ်ရှားမှုကိုမျှ မမြင်လိုက်ရဘဲ အော်ဟစ်သံကိုသာ ကြားလိုက်ရသည်။သေသေချာချာ ကြည့်လိုက်တော့ စကားစပြောတဲ့လူက မြေပြင်ပေါ်မှာ ဒူးထောက်လျက်သားရှိနေပြီး လက်နှစ်ဖက်မှာ ထူးဆန်းတဲ့အနေအထားဖြင့် ကျောနောက်ကနေ ဆွဲခံထားရသည်။အဆက်မပြတ် တုန်ရီခြောက်ခြားနေပြီး သူ့မျက်နှာ ကြွက်သားများမှာ ပုံပျက်ပန်းပျက် ဖြစ်နေတော့သည်။သူ့လက်ထဲက တုတ်ကတော့ တစ်နေရာရာကို ရောက်သွားလေပြီ။
ကျန်တဲ့ သုံးယောက်ကတော့ အံ့သြလွန်းလို့ ရှေ့ကို ဆက်မတိုးရဲကြတော့ပေ။ဝိညာဏ်စမ်းရေကို သောက်ထားသော ချင်မျန်တောင်မှ လဲ့ယ်ထျဲ၏လှုပ်ရှားမှုကို မမြင်လိုက်နိုင်သောကြောင့် သူတို့သုံးဦးသာ
ဆိုရင်တော့ ပိုလို့တောင် မြင်နိုင်ချေ နည်းပါးကာ ထိတ်လန့်သွားပေမည်။
လိမ္မာပါးနပ်သော အပြုံးဖြင့် ချင်မျန် ထုတ်ပြောလိုက်သည်။ "လဲ့ယ်ထျဲ... ဒီအကွက်ကို ကျွန်တော် မမြင်လိုက်ရဘူး။နောက်တစ်ခါ ချရင် ကျွန်တော် သင်ယူနိုင်ဖို့ အရှိန်နှေးပေး။”
လူသုံးယောက်သား တပြိုင်နက် တုန်လှုပ်သွားကြသည်။
“ကောင်းပြီ။” လဲ့ယ်ထျဲ၏ညာခြေသည် မြေပြင်ပေါ်သို့ ခေတ္တမျှသာ ထိမိသွားပြီး ဒုတိယလူ၏နောက်တွင် ရပ်လိုက်သည်။သူ့ရဲ့ညာလက်သည် ထိုယောက်ျား၏လက်မောင်း တစ်နေရာ၌ အမြန်ရိုက်ချက် သုံးချက် ချလိုက်သည်။
ဒုတိယလူသည်လည်း ပထမလူကဲ့သို့ တုံ့ပြန်ရ၏။နာကျင်စွာ အော်ဟစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ဘယ်လောက်ပင် ကြိုးစားကြိုးစား ထပ်ပြီးမတ်တပ်မရပ်နိုင်တော့ပေ။သူ လဲ့ယ်ထျဲကို ကြောက်လန့်တကြားကြည့်ရင်း သူ့အသံက တုန်ရီသွားကာ “မင်း-မင်း..... ငါ့ကို ဘာလုပ်လိုက်တာလဲ?”
လဲ့ယ်ထျဲ ပြောလိုက်၏။ “ဒါက ပါးပါးလေးပဲ ရှိသေးတယ်။ဒီနေ့ကစပြီး နောက်သုံးရက်ကြာတဲ့အထိ လှုပ်ရှားနိုင်မှာမဟုတ်ဘူး။ပြန်သွားပြီး မင်းတို့ရဲ့သူဌေးကို ပြန်ပြောလိုက်။သူထပ်ပြီး ရဲတင်းလာရင် သူ့ကိုယ်သူ တစ်သက်လုံး ဂရုမစိုက်နိုင်ဘဲ ပျော့ပျော့ညက်ညက် မုန့်ညှက်လိုဖြစ်သွားအောင် ငါ လုပ်ပေးမယ်။မယုံရင် အချိန်မရွေး စမ်းကြည့်နိုင်တယ်။”
သူ ဖြည်းညှင်းစွာ လေသံငြိမ်ငြိမ်ဖြင့် ပြောလိုက်သော်လည်း ထိုအရာက သူ့တို့ကို ပို၍ပင် ကြောက်ရွံ့သွားစေသည်။
သို့သော် ချင်မျန်ကတော့ ရယ်မောလိုက်မိသည်။
ဒီလူက စားသောက်ဆိုင်ထဲမှာ အကြာကြီးနေခဲ့လို့များ စိတ်စွဲနေတာလား?သူက "မုန့်ညှက်" နဲ့တောင် နှိုင်းယှဥ်လိုက်သေးတယ်!
ကျန်တဲ့နှစ်ယောက်က သတ္တိမရှိတော့ပေ။ဒဏ်ရာရတဲ့သူ နှစ်ဦးကို သယ်ဆောင်ကာ ရုန်းရင်းဆန်ခတ် ထွက်ပြေးကြတော့သည်။
"သွားကြရအောင်။" ချင်မျန် လှည်းပေါ်တက်လာဖို့ လဲ့ယ်ထျဲကို ခေါ်လိုက်သည်။ "အေးလွန်းတယ်"
လဲယ်ထျဲ လှည်းပေါ်တက်ပြီး အရှိန်ပြင်းပြင်းနဲ့ ဆက်သွားကြ၏။ "ဆိုင်ကို နေ့တိုင်းသွားမယ့်အစား တခြားစာရင်းကိုင်တစ်ယောက်ကို ငှားတော့။"
သူ့ဇနီးလေးက အအေးကိုကြောက်တတ်မှန်း သူသိတာကြာပြီ။ညဘက်အိပ်ရင်လည်း သူ (QM)က သူ့ရင်ခွင်ထဲမှာ အဆက်မပြတ် ဝင်အောင်းနေတတ်သည်။
ချင်မျန် တုံ့ဆိုင်းသွား၏။ရှေးခေတ်မှာရှိနေတာကြောင့် သူ ပိုက်ဆံကိုဖြုန်းတီးဖို့ တွန့်ဆုတ်နေခဲ့တာတော့ မဟုတ်ပေ။ "စာရင်းကိုင်တစ်ယောက်ငှားမယ်ဆိုရင်...သူ ပိုက်ဆံလိမ်သွားရင် ဘယ်လိုလုပ်မလဲ?"
"စာချုပ်စာတမ်းနဲ့ ကျွန်ဝယ်" လဲ့ယ်ထျဲ ဘာသိဘာသာပဲပြောလိုက်သည်။
ချင်မျန် အံ့သြသွားသည်။ကျွန်ပြုခြင်းလုပ်ရပ်သည် ပဒေသရာဇ်လူ့အဖွဲ့အစည်း၏လက္ခဏာတစ်ရပ်ပင်။ယင်းအယူအဆကို လက်ခံနိုင်ရန် ယခုခေတ်မှရောက်လာသော သူ့အတွက် အနည်းငယ် ခက်ခဲသည်ဟု ဆိုရမည်။ဒါပေမယ့် ခဏလောက် တုံ့ဆိုင်းနေပြီး ထို့နောက် လက်ခံလိုက်သည်။ “ရောမရောက်ရင် ရောမလို့ ကျင့်သင့်" ဟူသည့် စကားလည်း ရှိတယ်မလား?
Advertisement
ထိုသို့သော လူ့အဖွဲ့အစည်းတွင် နေထိုင်ရတာက ဟိတ်ဟန်များလွန်းသော်လည်း လူ့အခွင့်အရေးကို လိုက်နာရန် လိုအပ်နေသေးသည်ပင်။
“စာရင်းကိုင်တစ်ယောက် ဝယ်လိုက်တာ ကောင်းပါတယ်။နောက်ကျ ဆောင်းရာသီမှာ မသွားချင်ရင် အိမ်မှာနေလို့ရတာပေါ့။”
သူတို့သည် ပွဲစားထံသွားကာ ယွီသုန်အမည်ရှိ အမျိုးသားတစ်ဦးကို ဝယ်ယူခဲ့သည်။သူကား အသက်နှစ်ဆယ်ရှိနေပြီ ဖြစ်ကာ စာရေး၍ တွက်ချက်နိုင်သူဖြစ်၏။ယွီသုန်ကိုဝယ်ယူရန် ငွေ 15 တုံး ကုန်ကျခဲ့သည်။ကုန်ပစ္စည်းများနှင့် ငွေစာရင်းများ ရှင်းလင်းပြီးနောက် ယွီသုန်၏ကျွန်စာချုပ်သည်လည်း ချင်မျန်၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
ဆိုင်လေးက နေထိုင်ဖို့ရာတော့ သေးငယ်လွန်းလှသည်။
ချင်မျန်က အပြင်လူများကိုလည်း အိမ်တွင်မနေစေချင်သောကြောင့် တည်းခိုခန်း၏အများသုံး အိပ်ခန်းတွင် ယွီသုန်အတွက် အိပ်စင်တစ်ခု သီးသန့်ထားပေးခဲ့သည်။အခုအခြေအနေက အဆင်မပြေပေမယ့် နှစ်သစ်ကူးပြီးရင်တော့ အကုန်လုံးကို ပြန်လည် စီစဉ်ရမည်။
စားသောက်ဆိုင်ရှိ ဝန်ထမ်းများအတွက်လည်း လုပ်ရမယ့် အလုပ်တာဝန်တွေကို ပိုမိုရှင်းလင်းစွာ ခွဲဝေပေးခဲ့သည်။ဆိုင်မဖွင့်မီတွင် ကျန်းလျို၊ ရှီတိုးနှင့် ဝမ်ရှောက်တို့က ပန်းကန်ဆေးရမည်ဖြစ်ကာ ယွီသုန် နှင့် ချန်းစီတို့က အသားလုံးများပြုလုပ်ရန် အသားပြုတ်ခြင်းနှင့် လှီးဖြတ်ခြင်းအတွက် တာဝန်ယူရသည်။အသားလုံးတွေ အဆင်သင့်ဖြစ်ပြီးနောက် ပန်းကန်ပြားများကို ဆေးကြောကာ အသားများ တံကျင်ထိုးရန်ကူညီပေးရန်လည်း လိုသည်။ဆိုင်ဖွင့်ပြီးနောက် ချန်းစီသည် အသားကင်ရန်အတွက် တာဝန်ယူခဲ့ပြီး ရှီတိုးက မာလာထျန်းအတွက် တာဝန်ယူရကာ ကျန်းလျိုနှင့် ဝမ်ရှောက်တို့က ဖောက်သည်များအား ဧည့်ခံခြင်းနှင့် ဟင်းလျာများ ချပေးရန် တာဝန်ယူရသည်။ယွီသုန်ကတော့ ပိုက်ဆံသိမ်းရန်သာ တာဝန်ရှိသည်။
ယွီသုန်ကို ရက်အတော်ကြာ စောင့်ကြည့်လေ့လာပြီးနောက် သူသည် တည်ငြိမ်ပြီး သတိရှိကြောင်း တွေ့ရှိခဲ့သည်။သူ ယွီသုန်အား ဆိုင်သော့ကို ပေးခဲ့ကာ ဆိုင်မန်နေဂျာအဖြစ် ခန့်အပ်ပြီး ပစ္စည်း(ငွေ)များ သိုလှောင်သိမ်းဆည်းဖို့ရန်ပါ မှာကြားခဲ့သည်။
သူဌေးနှစ်ယောက်က သူ့ကို သိပ်မကြာခင်မှာပဲ ချီးမြှောက်လိမ့်မည်လို့ သူ မထင်ခဲ့မိပေ။ထိုအချိန်မှစ၍ သူသည်လည်း ပို၍လေးနက်ပြီး တာဝန်သိတတ်လာခဲ့သည်။
ဆိုင်ကို လွှဲပြောင်းပေးပြီးနောက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့က ဆိုင်သို့ ရက်အနည်းငယ်ကြာတိုင်း ဟင်းခတ်အမွှေးအကြိုင်များ လုံလုံလောက်လောက် ပေးပို့ရန်နှင့် ငွေစာရင်းစာအုပ်များ စစ်ဆေးရန် ဆိုင်သို့ ရံဖန်ရံခါ သွားရောက်စစ်ဆေးလေ့ရှိသည်။
ဆိုင်သို့ မသွားတဲ့အခါမှာတော့ ချင်မျန်သည် အိမ်တွင်သာနေပြီး လာမည့်နှစ်တွင် လာဘ်လာဘများ ရရှိနိုင်မည့် အစီအစဉ်ကို ဆွဲနေခဲ့သည်။ဤအတောအတွင်းမှာတော့ လဲ့ယ်ထျဲက တောင်ပေါ်သို့ နှစ်ရက်ခြားတစ်ကြိမ်သွားကာ ပစ္စည်းများစွာကို ပြန်လည်သယ်ယူလာလေ့ရှိစမြဲ။
ဆိုင်မှာ အလုပ်သွားလုပ်ရတာထက် လဲ့ယ်ထျဲက ယခုလက်ရှိဘဝကို ပိုသဘောကျကြောင်း ချင်မျန် သိလိုက်ရ၏။
ဤရက်အနည်းငယ်အတွင်း သူဖမ်းမိလာသော သားကောင်သည် နှစ်သစ်ကူးပွဲတော်ကျင်းပရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေခဲ့သည်။ အသားပိုင်းတစ်ပိုင်းကို ဆိုင်သို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်တစ်ပိုင်းကိုဖြင့် ဆားနယ်ပြီး အခြောက်ခံရန် တန်းပေါ်တွင် ချိတ်ဆွဲထားလိုက်သည်။
“ဒီနေ့ တောင်ပေါ်မတက်နဲ့။ဆောင်းရာသီပွဲတော်ရဲ့ကာလရောက်နေပြီ။” ချင်မျန်သည် လဲ့ယ်ထျဲတစ်ယောက် မနက်စာအတွက် ပါဝင်ပစ္စည်းများအား ဆေးကြောနေသည်ကို ကြည့်ရင်း သူ့မျက်နှာပေါ်မှာတော့ ပြုံးနေလေသည်။
ဘယ်အချိန်ကနေစခဲ့တယ်ဆိုတာ မသိပေမယ့် သူ ချက်ပြုတ်မယ့်အချိန်တိုင်း လဲ့ယ်ထျဲက ဆန်ဆေး၊ အသီးအရွက်တွေကို ရေဆေးပြီး အသီးအရွက်တွေကို လှီးဖြတ်ဖို့ အစပျိုးလုပ်ဆောင်ပေးလေ့ရှိသည်။ချင်မျန် လုပ်ရမှာက နောက်ဆုံးလုပ်ငန်းစဉ်လောက်ပင်။
"ဆောင်းရာသီပွဲတော်။" မနက်စောစော ရွာထဲမှာ သင်းရနံ့မျိုးစုံ ရနံ့သင်းသင်းရနေတာ အံ့သြစရာမဟုတ်ဘူးဟု လဲ့ယ်ထျဲတွေးမိ၏။
ဆောင်းရာသီပွဲတော်အချိန်အခါ၌ ကောင်းကင်နှင့်မြေကြီး၏အလင်းစွမ်းအားသည် နောက်သံသရာ၏အစကို ကိုယ်စားပြုသည်ဟု ရှေးလူကြီးများက ယုံကြည်ခဲ့ကြရာ အလွန်ကောင်းမွန်သောနေ့ရက်ဟု ဆိုရမည်။
ထို့ကြောင့် ဆောင်းရာသီမှာတော့ အလွန်အရေးကြီးသည့် ရိုးရာပွဲတော်တစ်ခုပင်။ဒီရက်အတော်အတွင်းမှာ လူတွေက အရသာရှိတဲ့အစားအသောက်တစ်မျိုးမျိုးကို လုပ်စားလေ့ရှိကြသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
055: အတူတကြ႐ွိၿပီးေနာက္ ပထမဆုံးပြဲေတာ္
"နည္းနည္းေစ်းႀကီးတယ္။" လဲ့ယ္႐ွန္းရန္သည္လည္း သေဘာတူေထာက္ခံ၏။ “ဝက္နံ႐ိုးသားပါးပါးေလးကို ႏွစ္ဝမ္တဲ့"
ဧည့္သည္မ်ားကို ေဟာ့ေပါ့ျပင္ေပးရန္ အျပင္ဘက္ အနည္းငယ္အကြာတြင္ ရပ္ေနေသာ ခ်န္းစီသည္ ထိုႏွစ္ေယာက္အား ဆြံအမိလ်က္ မထီမဲ့ျမင္ၾကည့္ေနခဲ့သည္။
ဒီလူေတြက ဘယ္ကေနေရာက္လာတာလဲ?အရမ္းေဈးႀကီးေနရင္လည္း မစားပါနဲ႔လား။ဒါ့အျပင္ တုတ္ထိုးတစ္ခုစီမွာ႐ွိေနတဲ့ အသားလုံးေတြကလည္း အ႐ြယ္အစား တူတူပဲေလ။ေ႐ြးဖို႔ လိုအပ္လို႔လား?
ခ်င္မ်န္က တစ္ခ်က္မွ်မၾကည့္ဘဲ အသာအယာ ေျဖးညႇင္းစြာေျပာလိုက္၏။
"ညာဘက္ေထာင့္မွာေပါက္စီေရာင္းတဲ့ဆိုင္ ႐ွိတယ္။တည့္တည့္ဆက္သြားလိုက္ရင္ ေခါက္ဆြဲဆိုင္နဲ႔ ႏွမ္းကပ္မုန္႔ေတြ ေရာင္းတဲ့ဆိုင္လည္း ႐ွိတယ္"
က်ိဳး႐ွီ ေခါင္းငုံ႔လ်က္ တိတ္သြားေတာ့သည္။
လဲ့ယ္႐ွန္းလီသည္လည္း သူ႕ရဲ႕ ေလာင္အာ့နဲ႔ေလာင္အာ့ဇနီးတို႔ေၾကာင့္ ႐ွက္သြားရသည္။သူ က်ယ္ေလာင္တဲ့ အသံနဲ႔ေျပာလိုက္ေတာ့သည္။ “ေနာက္ထပ္စားသုံးသူေတြလာေနၿပီ။ျမန္ျမန္လုပ္။ေကာင္းေကာင္းေ႐ြးၿပီးသြားရင္ အရင္ျပဳတ္ဖို႔ ေပးလိုက္ေတာ့။"
က်ိဳး႐ွီႏွင့္ လဲ့ယ္႐ွန္းရန္တို႔သည္ စကားမေျပာေတာ့ဘဲ ဟင္းလ်ာအမယ္ေတြ ေ႐ြးခ်ယ္ေနတာကိုသာ အ႐ွိန္ျမႇင့္လိုက္ေတာ့သည္။
ခ်င္း႐ွီကေတာ့ျဖင့္ စကားတစ္ခြန္းမွ မဆိုဘဲ သူမလိုခ်င္ေသာ ဟင္းလ်ာမ်ားကို ေ႐ြးခ်ယ္ၿပီးၿပီျဖစ္သည္။ဘာပဲျဖစ္ျဖစ္ ဒီေန႔ သူတို႔ရထားတဲ့ ပိုက္ဆံအားလုံးက တု႐ွီကို ျပန္ေပးရလိမ့္မယ္။အခု မစားပါက သူမကသာ အ႐ူးတစ္ေယာက္ျဖစ္ေနလိမ္းမယ္။
ခင္ပြန္းသည္က ဟင္း႐ြက္ဟင္းလ်ာမ်ားကိုသာ ေ႐ြးယူေနသည္ကို ျမင္လိုက္ရသျဖင့္ သူမ အၾကည့္ျဖတ္ကာ ျပန္ေ႐ြးရန္ ကူညီေပးခဲ့သည္။သူမ သူ႕အတြက္ ေနာက္ထပ္ အသားမ်ားကို ေ႐ြးေပးခဲ့သည္။
လဲ့ယ္႐ွန္းရီက ညင္သာစြာ ျပဳံးလိုက္၏။
ခ်င္း႐ွီ၏မ်က္ႏွာကျဖင့္ နီရဲလာေတာ့သည္။
လဲ့ယ္႐ွန္းရန္ႏွင့္ က်ိဳး႐ွီတို႔သည္ သူတို႔၏လက္ထဲတြင္႐ွိေသာ ျခင္းေတာင္းေလးကို ၾကည့္လိုက္ၾကရာ သူတို႔လည္း ေနာက္မက်ရေလေအာင္ အသားဟင္းအားလုံးကို ေ႐ြးၾကေတာ့သည္။
ေငြ႐ွင္းေတာ့ စုစုေပါင္း ၆၂ ဝမ္ က်သင့္ခဲ့သည္။ 20% ေလွ်ာ့ေစ်းရသည့္အတြက္ 50 ဝမ္သာ ကုန္က်ခဲ့သည္။လဲ့ယ္႐ွန္းရန္ႏွင့္ က်ိဳး႐ွီတို႔သည္ အလြန္စိတ္မသက္မသာျဖစ္မိကာ မ်က္ေမွာင္ၾကဳတ္သြားၾကသည္။ဤေငြေတြက တု႐ွီထံမွ လာသည္ဟု သတိရလိုက္မိေသာအခါတြင္မွ သူတို႔၏ႏွလုံးသားထဲ႐ွိ ေလးလံလွသည့္ ဝန္ထုပ္ဝန္ပိုးကို ဖယ္ထုတ္ပစ္လိုက္ၾကေတာ့သည္။
ထမင္းစားၿပီးေနာက္ ထိုလူအုပ္စုသည္ လွည္းကို ေမာင္းၿပီး အိမ္သို႔ ျပန္လာခဲ့ၾကသည္။
ၿမိဳ႕ျပင္ ဆိတ္ၿငိမ္ေသာလမ္းမထက္တြင္ ႏြားလည္ပင္းမွ ေခါင္းေလာင္းသံသာ အသံျမည္ေနသည္။
လဲ့ယ္႐ွန္းရန္က "ေဟ့" ဟု ေပါ့ေပါ့ပါးပါး ေအာ္လိုက္ရာ လဲ့ယ္႐ွန္းရီႏွင့္ လဲ့ယ္႐ွန္းလီတို႔၏ အာ႐ုံကိုစြဲေဆာင္သြားေစခဲ့သည္။
"ေလာင္အာ့..ဘာျဖစ္လို႔လဲ?" လဲ့ယ္႐ွန္းရီ ေမးလိုက္၏။
လဲ့ယ္႐ွန္းရန္က “တတိယညီ..စတုတၳညီ...ငါမွာ အၾကံတစ္ခု႐ွိတယ္။မင္းတို႔ႏွစ္ေယာက္ နားေထာင္ၿပီးစဥ္းစားၾကည့္ေပး။"
က်ိဳး႐ွီႏွင့္ ခ်င္း႐ွီတို႔ႏွစ္ေယာက္စလုံးကလည္း တစ္ခ်က္ၾကည့္လိုက္ၾကသည္။
“ေလာင္အာ့...ေျပာစရာ႐ွိတာကို ေျပာလိုက္ေလ!" လဲ့ယ္႐ွန္းရီက စိတ္႐ႈပ္သြားမိသည္။
လဲ့ယ္႐ွန္းရန္က "ဒီေန႔ ငါတို႔ ၁၆၀ ဝမ္ အျမတ္ရခဲ့တယ္ေလ။ထမင္းဖိုး ဝမ္ ၅၀ ႏုတ္ယူၿပီးရင္ေတာင္ ၁၁၀ ဝမ္ က်န္ေသးတယ္။ငါတို႔ညီအကို ၃ေယာက္က တစ္ေယာက္ ၂၀ ဝမ္စီခြဲယူၿပီး က်န္တာကို အေမ့ ေပးလိုက္လို႔ရတယ္။မင္းတို႔ႏွစ္ေယာက္ေရာ ဘယ္လိုထင္လဲ? ငါ့မွာက ကေလးႏွစ္ေယာက္႐ွိေသးတယ္။သူတို႔ကို အဆာေျပမုန္႔ဝယ္ဖို႔ ပိုက္ဆံေတာင္ မ႐ွိဘူး”
လဲ့ယ္႐ွန္းရီက ေလွာင္ေျပာင္ရင္း “ဘယ္သူက ယုံမွာလဲ?အရင္က ရခဲ့တဲ့ ပိုက္ဆံေတြအားလုံးကိုလည္း အေမ့ကို ျပန္ေပးတယ္ဆိုတာ မယုံဘူး။”
လဲ့ယ္႐ွန္းရန္က စူးစူးရဲရဲ စိုက္ၾကည့္ရင္း “မင္း ဒီလိုေျပာတယ္ဆိုမွေတာ့ မင္းလည္း ဒီလိုျဖစ္ေနလို႔ ျဖစ္ရမယ္။မဟုတ္ရင္ ငါလုပ္ခဲ့တာ မင္းဘယ္လိုသိလဲ?"
လဲ့ယ္႐ွန္းရီက ျပန္မေျပာေပ။
လဲ့ယ္႐ွန္းလီမွာ တိတ္တဆိတ္ စိတ္ဓာတ္က်သြားရသည္။သူ႕အေမကို ရတဲ့ေငြအားလုံး ေပးႏိုင္ေလာက္ေအာင္ ႐ိုးသားတဲ့သူက သူတစ္ဦးတည္းသာ ႐ွိေနတာ ျဖစ္ႏိုင္ပါ့မလား?
လဲ့ယ္႐ွန္းရန္က သူ႕ေလသံကို ေလွ်ာ့လိုက္ၿပီး "ဘယ္သူက တစ္ကိုယ္ေကာင္းဆန္ခဲ့တာလဲ?မင္း ႐ွင္း႐ွင္းအတြက္ သေရစာမုန္႔ဝယ္ဖို႔ ပိုက္ဆံမ႐ွိဘူးလို႔ မၾကာခဏ ေျပာမေနဘူးလား?စတုတၳညီကေတာ့ လက္ထပ္ဖို႔ အခ်ိန္က်ေနၿပီေလ။ပိုက္ဆံပိုစုဖို႔ လိုတယ္မဟုတ္လား?မယားအသစ္စက္စက္ေလးက အိမ္ထဲဝင္လာခဲ့လို႔ သူ႕အတြက္ ပန္းတစ္ပြင့္ဝယ္ေပးဖို႔ေတာင္ ပိုက္ဆံမ႐ွိရင္ မင္းမ်က္ႏွာပ်က္ရလိမ့္မယ္။"
လဲ့ယ္႐ွန္းလီ၏မ်က္ႏွာမွာ ပူထူလာၿပီး “ေလာင္အာ့ ေျပာစရာ႐ွိတဲ့ ကိစၥေတြကိုပဲ ေျပာ။အဓိပၸါယ္မ႐ွိတဲ့စကား မေျပာပါနဲ႔။"
“အိုး....စတုတၳညီေလးက ႐ွက္ေနတာပဲ” က်ိဳး႐ွီက က်ယ္ေလာင္စြာ ရယ္ေမာလိုက္သည္။
လဲ့ယ္႐ွန္းရီ ႏွင့္ ခ်င္း႐ွီတို႔သည္ အဓိပၸါယ္႐ွိ႐ွိ အၾကည့္ခ်င္းဖလွယ္လိုက္ၾကသည္။
“ကြၽန္ေတာ္ မကန္႔ကြက္ပါဘူး” လဲ့ယ္႐ွန္းရီက ခါးသီးတဲ့ အျပဳံးနဲ႔ ေျပာလိုက္သည္။ “အေမက ကြၽန္ေတာ္တို႔ရဲ႕ ႐ွင္း႐ွင္းကို သေဘာမက်ဘူးဆိုတာ သိတယ္မလား။အခုအခ်ိန္အထိ ပြဲေတာ္ရက္ေတြကလြဲလို႔ သေရစာစားႏိုင္တဲ့ အႀကိမ္အေရအတြက္ကို လက္တစ္ဖက္တည္းနဲ႔ေတာင္ ေရတြက္လို႔ရတယ္။”
သူႏွင့္ လဲ့ယ္႐ွန္းရန္တို႔က တူညီသည့္သေဘာထားကို ရ႐ွိခဲ့ၿပီးေနာက္ ႏွစ္ေယာက္လုံး လဲ့ယ္႐ွန္းလီကို ၾကည့္လိုက္ၾကသည္။
လဲ့ယ္႐ွန္းလီကေတာ့ တု႐ွီကိုလိမ္လည္လွည့္ျဖားရန္မွာ မေကာင္းေၾကာင္းခံစားခဲ့ရေသာ္လည္း ၎ကိစၥကိုမကန္႔ကြက္ခဲ့ေပ။
လူအနည္းငယ္က တိတ္တဆိတ္ျပဳံးၿပီး တစ္ေယာက္ခ်င္းစီ ေဝပုံေဝက် 20 ဝမ္ကို ခ်က္ျခင္းယူသြားၾက၏။ထို႔ေနာက္ အျခားအေၾကာင္းအရာမ်ားအေၾကာင္း ေအးေအးေဆးေဆး ဆက္ေဆြးေႏြးၾကေတာ့သည္။
ညေနပိုင္း အလုပ္ၿပီးေသာအခါ ခ်င္မ်န္သည္ ခ်န္းစီအား ၅ဝမ္ ေပးကာ သူတို႔ကိုယ္စား က်န္းလ်ိဳႏွင့္ဝမ္ေ႐ွာက္တို႔အား စာနာစိတ္ႏွင့္တကြ အေရးတယူျပဳသည့္အေနျဖင့္ အဆာေျပစာမ်ား ေပးပို႔ခိုင္းလိုက္သည္။
ခ်င္မ်န္သည္ သူႏွင့္လဲ့ယ္ထ်ဲအတြက္ ဟင္းပြဲအခ်ိဳ႕ႏွင့္ ထမင္းကို သီးသန္႔ဖယ္ထားခဲ့ၿပီး ဗိုက္ျပည့္ေစရန္အတြက္ မီးဖိုေပၚမွ ထမင္းခ်က္ျပဳတ္ထားေလ့႐ွိသည္။ထို႔ေနာက္ လွည္းေလးေမာင္းၿပီး အိမ္ျပန္ၾကသည္။
ထိုအခ်ိန္တြင္ ေကာင္းကင္မွာ ေမွာင္မဲေနၿပီး ေကာင္းကင္ယံတြင္ လမျပည့္တျပည့္ လဝန္းႀကီး ႐ွိေနသည္။လေရာင္သည္ လင္းထိန္ေနကာ တစ္ဖန္ ေႏြးေထြးလွျပန္ၿပီး တိမ္ျဖဴျဖဴမ်ားက လွည့္ပတ္လ်က္ တိတ္ဆိတ္စြာ လြင့္ေနသျဖင့္ ည၏ကန္႔လန္႔ကာျပကြက္သည္ ပို၍ပင္ မည္းေမွာင္ေနေလသည္။
ခ်င္မ်န္ ေနာက္ျပန္ၾကည့္ကာ "ကြၽန္ေတာ္ စိတ္ထင္ေနတာပဲလား။ကြၽန္ေတာ္တို႔ေနာက္မွာ တစ္ေယာက္ေယာက္႐ွိေနတယ္လို႔ ဘာလို႔အၿမဲထင္ေနတာလဲ?"
ေျပာစရာမလိုေအာင္ သူနဲ႔ လဲ့ယ္ထ်ဲတို႔ ေတာင္ကုန္းလမ္းေပၚ ေရာက္ေနတာပဲ ျဖစ္သည္။ႏွစ္ဖက္စလုံး႐ွိ ေတာင္တန္းမ်ားသည္ အလြန္တိတ္ဆိတ္ေနသျဖင့္ အလြန္ေၾကာက္စရာေကာင္းေန၏။
“လူေတြ႐ွိေနတယ္။” လဲယ္ထ်ဲ ေအးေအးေဆးေဆးေျပာလိုက္သည္။
ခ်င္မ်န္ ထိတ္လန္႔သြားၿပီး "ဘယ္သူေတြလဲ?ခ်က္နည္းကို လိုခ်င္ေနတဲ့သူေတြလား?”
“စိတ္မပူနဲ႔။” လဲ့ယ္ထ်ဲ သူ႕(QM)ရဲ႕လက္ကို ဖိဆုပ္လိုက္ၿပီး ဇက္ႀကိဳးကို ညင္သာစြာ ဆြဲလိုက္သည္။ႏြားလွည္းေလးက ရပ္တန္႔သြား၏။
ႏြားခြာသံႏွင့္ လွည္းဘီးသံမွာ တိတ္က်သြားေတာ့သည္။
ညယံသည္ ပို၍ပင္တိတ္ဆိတ္လာသလို။ထိုအခ်ိန္ ဧည့္ေလညႇင္းမွာ တိုက္ခတ္လာ၍ ခ်င္မ်န္ မလႈပ္ႏိုင္ေလာက္ေအာင္ တုန္လႈပ္သြားမိသည္။
လဲယ္ထ်ဲက သူ႕ကို လွည္းထဲတြင္ ၿငိမ္သက္စြာ ထိုင္ခိုင္းလိုက္သည္။ထို႔ေနာက္ လွည္းေပၚမွ တိတ္တဆိတ္ ခုန္ဆင္းကာ လမ္းအလယ္သို႔ ေလွ်ာက္သြားရင္း လွည္းေနာက္သို႔ တည္ၿငိမ္စြာ လွမ္းၾကည့္လိုက္သည္။
သိုင္းဝတၳဳမ်ားထဲက သိုင္းပညာ႐ွင္မ်ား အခ်င္းခ်င္း ရင္ဆိုင္ၾကမည့္ ျမင္ကြင္းကို ခ်င္မ်န္တစ္ေယာက္ အက်ယ္တဝင့္ ေတြးေတာေနမိသည္။
Advertisement
- In Serial14 Chapters
Raising A Monster Empire In Another World
Feeling the cold breeze on his "private," Damian snapped out of his sleep, only to find himself in the middle of a forest that was too... naked! Thrown into an unfamiliar world with uneasiness and fear of the unknown, when Damian saw the horde of monsters, he wondered if he was supposed to fight them with his bare hands. Just when he thought he was all alone... *Ding!* «Installation of the system: 100%» «Booting the 'Monster King' system» He is destined to command armies, and he will do so, subduing every Moster. Fighting and living among these monsters, he soon realises that monsters aren't the hateful demons of fantasies; in fact, they are the victims. «A Spritual mine has been discovered!» «Build your monster nation?» Buildinga kingdom was Damian's unachievable fantasy, but now that he has the chance, he won't settle for a kingdom; he will build an empire! His growth, however, is seen by others as the rise of a monster... The nature-protecting elves of the South;the cunning humans of the West, for their watering mouths.The money-loving drawfs of the underground, aren't holding back in the least;Waiting for a war is the northern army of beasts;far from the chaos are the mysterious observers of the east.All eyes are on the Monster King, waiting for the right time to give his gold mine a feast. How would Damian fend off the hungry veltures in order to keep his promise of rising in this unheard-of culture? -----//--« Status »--//----- > Release schedule: 4 chapters/week> 1 chapter every day except: Monday, Wednesday and Friday. > The book is also available on Webnovel.
8 190 - In Serial7 Chapters
The Pentagon
2240. 240 years had past since the mass change in the world. Panorama was so no longer the peaceful world in which they coexisted with monsters. Now, it was a kill or be killed world. Because of this, young children starting from 10 had to go to Military School. When they were 13, they were given the choice to specialise in military or do other work. Everyone who were born after the Monsters turned on the Human Race, were born with Modifications to their body, and these Modifications were a singular power which conspire into something unordinary when nurtured. Neo was someone who was ordinary. He had some successes in his time at Military School during his three years there, and honestly, he wasn't any good in much else. He was hand picked by people he had never seen before, and was one of the 750,000 in the whole of Panorama.
8 166 - In Serial41 Chapters
Manan ff: rab ne bana di jodi ✔
Highest rank #1 in happily ever afterWhat happens when destiny plays a crucial role in making "us"...He was sorted but she was a mess. If calmness defined him than impulsiveness defined her... Paths crossed, fates intertwined them and they ended up finding thier missing pieces in eachother. Poles apart they were but destiny tied them together with a thread called marriage....Peep in to experience a cute yet different arrange marriage saga...
8 138 - In Serial72 Chapters
Aeternum: A Collection of Poems
For those people/readers, especially "her" who want to smile, cry, be hopeful, curious, wonder about things unknown, and most importantly, inspired, then this collection of poems is the book for you. A/N: 1. The poems written here are in the English and Filipino language2. Disclaimer: Poems written in this book are all works of fiction unless otherwise indicated. All names, characters, places, events, and incidents in this book were created using the author's imagination; any resemblance to actual persons, living or dead, or actual events is purely coincidental. 3. Another Disclaimer: I do not own the picture I used for my cover page; it's rightfully owned by its respective author/s, for I just found it for free on Piktochart and freely edited it on Canva.4. Now, sit back, relax, and please do enjoy the poems written in this book. 😉
8 364 - In Serial24 Chapters
Dungeon Academy
Ethan Russell has always been poor, but up into now it hasn’t made him stand out. That changes when he wins a financial scholarship to the elite Hinan Academy in the small coastal town of Misty Oaks. While the school is amazing not everything in town is as it seems. Strange creatures are appearing all around town while rumors of missing people run rampant and deep beneath the school is something that will change Ethan forever …if he can survive long enough. Thanks for checking out my young adult school-life fantasy: Dungeon Academy. Please leave any feedback you have as I do read your opinions and ultimately they help make my books better.
8 223 - In Serial56 Chapters
Petrichor - e.mikaelson
"She wasn't doing a thing that I could see, except standing there leaning on the balcony railing, holding the universe together."- J.D. Salinger, A girl I knew (THE VAMPIRE DIARIES / THE ORIGINALS)(ELIJAH X OC)#1 in thevampirediaries#1 in elijah#1 in mikaelsonfamily#1 in niklausmikaelson#1 in klausmikaelson#1 in mikaelsons#2 in originals#2 in mikaelson#3 in elijahmikaelson#3 in rebekahmikaelson#7 in tvdfamily#32 in tvd
8 178

