《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[56]
Advertisement
[Unicode]
056: ဖက်ထုပ်များ ပို့ခြင်း။
"ကျွန်တော်တို့ မနက်စာအတွက် အဆင်ပြေတာတစ်ခုခုစားပြီး နေ့လည်ကျရင် ဖက်ထုပ်လုပ်စားကြမယ်လေ"
ချင်မျန်ကတော့ အလွန်ပင် စိတ်အားထက်သန်နေခဲ့သည်။ဒီနေရာကို သူ ကူးပြောင်းလာပြီးကတည်းက ဖက်ထုပ်စားရတာ ဒါပထမဆုံးပဲ။
"ဖက်ထုပ်?" လဲ့ယ်ထျဲ သူ့ကို နားမလည်နိုင်စွာ ကြည့်နေသည်။ချင်မျန် အံ့သြသွား၏။ဤ အချိန်နှင့်နေရာတွင် ဖက်ထုပ်ကဲ့သို့ အရသာမျိုး မရှိတာပဲလား?
"နောက် သိလိမ့်မယ်။"
“ကောင်းပြီ။”
လဲ့ယ်ထျဲ ခေါင်းညိတ်ပြပြီး တောင်တက်ဖို့ စိတ်ကူးကို စွန့်လွှတ်လိုက်တော့၏။ဆောင်းရာသီပွဲတော်သည် သူနှင့်သူရဲ့ဇနီးလေးတို့ ပေါင်းစည်းပြီးနောက် ကြုံရသည့် ပထမဆုံးသောပွဲတော်ဖြစ်သောကြောင့် စနစ်တကျ ကျင်းပသင့်သည်လေ။
ချင်မျန်သည် လဲ့ယ်ထျဲ ပြင်ပေးထားသည့်ပါဝင်ပစ္စည်းများဖြင့် ခေါက်ဆွဲပြုတ်သာချက်ခဲ့၏။မနက်စာစားပြီးနောက် သူ ဖက်ထုပ်အစာသွပ်ရန် ပြင်ဆင်နေစဉ် လဲ့ယ်ထျဲကိုတော့ မုန့်ညှက်နယ်ခိုင်းထားလိုက်သည်။သူ့အဖွားက ဝက်အီကြာနဲ့ ဖက်ထုပ်လုပ်ပြီး blindweed ပါ သိပ်ထည့်လေ့ရှိတာကို သူ ကောင်းကောင်း မှတ်မိ၏။ blindweed က လတ်ဆတ်နူးညံ့ပြီး ဝက်သားသည်လည်း အရသာရှိကာ။ရောစပ်လိုက်တဲ့အခါ အရသာက အင်မတန် တမူထူးသွား၏။
[T/N:blindweed က မြန်မာလိုမသိ ပုံစံက ကန်စွန်းရွက်နဲ့ ကန်စွန်းပွင့်တွေလိုပဲ]
အီကြာကွေးချောင်းတွေ လုပ်ရတာ အရမ်းဒုက္ခရောက်ရသည်။ချင်မျန် ဂျုံမှုန့်ကို ရေနှင့် ရောစပ်ပြီး ထိုအရည်ထဲသို့ ကြက်ဥ ရှစ်လုံးကို ထည့်ကာ အညီအမျှ ရောမွှေပြီး ဆီထည့်ထားသော အိုးထဲတွင် ဖြန့်ကြော်ကာ ကြက်ဥပန်ကိတ်များအသွင် ရောက်လာပါက အတုံးသေးသေးလေးတွေ လှီးလိုက်သည်။ထို့နောက် ဝက်သားကို အတုံးသေးသေးလေးလှီးထားလိုက်ပြန်၏။ blindweed မရှိသောကြောင့် အသီးအရွက်များကိုသုံးရန် ဆက်လှီးလိုက်၏။ဆား ပမာဏကို ချိန်မထည့်ခင် အိုးထဲသို့ လှီးထားတဲ့ ကြက်သွန်မြိတ် နဲ့ ဂျင်း တို့ကို ရောကြော်ပြီး တစ်ဝက်ကျက်တဲ့အထိ မွှေ၏။အညီအမျှရောစပ်သွားကြောင်း သေချာပြီးနောက် အရသာရှိတဲ့ ဖက်ထုပ်များဖြစ်လာရန် အစာသွပ်ဖို့အတွက် အဆင်သင့်ဖြစ်ချေ၏။
မုန့်ညှက်ပြုလုပ်ပြီးနောက် ချင်မျန်သည် မုန့်ညှက်လက်တစ်ဆုပ်စာကိုယူကာ ပိုက်ပုံသဏ္ဍာန်ဖြစ်အောင် ဆုပ်နယ်ပြီးနောက် မုန့်ညက်များကို ဓားဖြင့်လှီးဖြတ်ကာ။ထို့နောက် ဖက်ထုပ်ရွက်များ ပြုလုပ်ရန် လိပ်တံကို အသုံးပြု၍ အတုံးသေးသေးလေးများအပေါ် လှိမ့်ချလိုက်သည်။
လဲ့ယ်ထျဲသည်လည်း သင်ယူပြီးနောက် ဖက်ထုပ်ရွက်များကို ကူလှိမ့်ပေးခဲ့သည်။ထိုအချိန်မှာတော့ ချင်မျန်သည် မီးသွေးမီးဖိုဘေးတွင် ဖက်ထုပ်များကို ထုပ်နေ၏။သူ့ဘယ်ဘက်လက်ဖဝါး အလယ်ရှိ ဖက်ထုပ်ရွက်ပေါ်ကို ဇွန်းသေးသေးလေးသုံးပြီး အစာသွပ်တွေကို တင်လိုက်၏။ထို့နောက် ဖက်ထုပ်ရွက်ကို ပိတ်ကာ တင်းတင်းကျပ်ကျပ် စေ့လိုက်သည်။ဖက်ထုပ်တစ်ထုပ်ကို စက္ကန့်အနည်းငယ်ကြာသာ ထုပ်ပြီး သန့်ရှင်းသည့် ဆန်ကာကြီးတစ်ခုထဲတွင် ထည့်ထားလိုက်သည်။
လဲ့ယ်ထျဲ၏လက်ကဖြင့် ဖက်ထုပ်ရွက်တစ်ဒါဇင်ကို အလျင်အမြန်လှိမ့်လိုက်ပြီး ချင်မျန်က ယင်းတို့အားလုံးကို ထုပ်နေသည်။ဖက်ထုပ်ရွက်အားလုံးကို သုံးပြီးနောက် သူ ဆက်လက်လှိမ့်နေပြန်သည်... တစ်နာရီအကြာတွင် အဖြူရောင် ဖက်ထုပ်ပေါင်း ၂၀၀ နီးပါးသည် ဆန်ကာတစ်ခုလုံးအပြည့် ဖုံးလွှမ်းသွားခဲ့သည်။
"မီးမွှေးပြီး ဖက်ထုပ်ကို ပေါင်းဖို့ပြင်တော့။" ချင်မျန် ညွှန်ကြားလိုက်သည်။
လဲ့ယ်ထျဲက မီးဖိုကို မီးမွှေးလိုက်ပြီး အိုးထဲသို့ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်လိုက်သည်။
"ဘယ်နှစ်ခု စားမလဲ?" ချင်မျန် မေးလိုက်သည်။ဖက်ထုပ်ပေါင်း 100 ကျော်ကို တစ်နပ်တည်းတွင် လူနှစ်ဦးမစားနိုင်ချေ။
လဲ့ယ်ထျဲသည် ဖက်ထုပ်များကို ကြည့်ကာ မဆိုင်းမတွပင် “၅၀” ဟုပြောလိုက်၏။
ချင်မျန်က အနည်းငယ်တော့ မယုံသက်ာဖြစ်သွားပြီး "ခင်ဗျား အဲဒါတွေကို ကုန်အောင်စားနိုင်လို့လား?"
လဲ့ယ်ထျဲ ပါးစပ်ဖွင့်ဟလိုက်ကာ “မင်း ထုပ်ထားတာ သေးတယ်လေ”
ချင်မျန်၏စူးရှသော မျက်လုံးများက သူ၏(LT) နားရွက်များ အနည်းငယ်နီနေသည်ကို တွေ့လိုက်ရပြီး မထိန်းနိုင်ဘဲ ရယ်မောမိကာ “ဘာကို ရှက်နေတာလဲ?ခင်ဗျား အရမ်းစားနိုင်တာကို ကျွန်တော် မကြိုက်တာမျိုး မရှိပါဘူး။ကျွန်တော် ခင်ဗျား အတွက်လုပ်ပေးနိုင်တယ်၊စိတ်မပူနဲ့။"
လဲ့ယ်ထျဲ ခေါင်းညိတ်လိုက်သည်။
ချင်မျန်သည် သူက တကယ်ကြီးကို အတည်ယူတတ်လွန်းလို့ သူ စိတ်မသက်မသာ ခံစားခဲ့ရသည်။ရေဆူပြီးသည်အထိ ချင်မျန်မှာ ရယ်လို့ မဝနိုင်သေး သူ ထုပ်ထားတဲ့ ဖက်ထုပ်တွေကို ကောက်ကိုင်လိုက်ရင်း “အဟွတ်.... ပထမဦးဆုံး ကျွန်တော်တို့စားဖို့ တစ်အိုးချက်ရအောင်။ပြီးရင် အိမ်ဟောင်းနှင့် ဦးလေးကျန်းအိမ်ကို ပို့ဖို နောက်တစ်အိုး ထပ်ချက်မယ်။အဲဒီတုန်းက ဦးလေးကျန်းက ကျွန်တော်တို့ကို ကြက်ဥတွေပေးတယ်လေ။အဲဒီကျေးဇူးကို ပြန်မဆပ်ရသေးဘူး။ဒီနေ့က ကျွန်တော်တို့အတွက် အခွင့်အရေးပဲ။”
လဲ့ယ်ထျဲက ခေါင်းညိတ်ပြလိုက်သည်။
ဖက်ထုပ်တွေ ကျက်သွားတော့ ချင်မျန်သည် ၎င်းတို့ထဲမှ ၃၅ လုံးကို စားလိုက်၏။တော်တော်လေးကို အရသာရှိလှ၏။သူသာ ဗိုက်မပြည့်သွားဘူးဆိုရင် ပိုစားမိဦးမှာ။ လဲ့ယ်ထျဲကတော့ ဖက်ထုပ် ၅၀ ကိုပင် လွယ်လွယ်ကူကူ စားလိုက်ပြီး နောက်ထပ် ၅ လုံးကိုတောင် ထပ်စားလိုက်သေးသည်။
ချင်မျန် ဒုတိယအသုတ်ကို ပန်းကန်လုံးကြီး နှစ်လုံးထဲသို့ ထည့်ရန် တစ်ခုပြီးတစ်ခုထည့်ယူပြီးနောက် ပန်းကန်များကို အစားအသောက်တောင်းထဲတွင်ထည့်လိုက်သည်။
"ခင်ဗျား သွားမှာလား?" ချင်မျန် မေးသည်။
"အတူတူ သွားမယ်။" လဲ့ယ်ထျဲ ကုလားထိုင်နောက်ဘက်တွင် လွှားထားသည့် ငွေဖြူရောင်ပဝါကို ယူလိုက်ပြီး ချင်မျန်ကို ပတ်ပေးလိုက်သည်။ချင်မျန်နောက်မှ ထွက်လာပြီး တံခါးကို သော့ခတ်လိုက်သည်။
သူတို့နှစ်ဦးသား အိမ်တိုင်းအိမ်တိုင်းမှ အသား၊ ငါးနှင့် ဆီနံ့များကြား လျှောက်လာခဲ့ကြသည်။လမ်းပေါ်တွင် မည်သူမျှ မရှိသလို ပြေးလွှား ဆော့ကစားလေ့ရှိသော ကလေးဆိုးလေးများကိုလည်း မတွေ့ရချေ။အိမ်မှာ အရသာရှိတဲ့ အစားအသောက်တွေရှိနေမှတော့ ကလေးတွေက အပြင်ထွက်ဖို့ ဝန်လေးနေကြ၏။
Advertisement
"ဘယ်အိမ်ကို အရင်သွားကြမလဲ?"
ရောက်ခါနီးတွင် လဲ့ယ်ထျဲ မေးလိုက်သည်။
ချင်မျန်က အဓိပ္ပါယ်ရှိရှိတစ်ချက် ပြုံးကာ "တစ်စုံတစ်ယောက်ရဲ့ သားသမီးတွေအနေနဲ့ ကျွန်တော်တို့က မိဘအိမ်ကို အရင်သွားသင့်တာပေါ့"
အိမ်ဟောင်း၏ဝင်းတံခါးဝသို့ ဝင်ပြီးနောက် အလယ်ခန်းရှိ စားပွဲဝိုင်းတွင် လူများအားလုံး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ဝိုင်းဖွဲ့စားသောက်နေကြ၏။ကြည့်ရတာ လဲ့ယ်ရှန်းရန်တို့ ယနေ့ စွပ်ပြုတ်မရောင်းကြ
သည့်ပုံပင်။လဲ့ယ်ရှန်းကျစ်သည်လည်း အားလပ်ရက်ယူကာ အိမ်တွင်ရှိနေသည်။မိသားစုကြီးတစ်ခုက စကားပြောရယ်မောရင်း အလွန်ပင် အသက်ဝင်နေလျက် ရှိ၏။
ချင်မျန်က ကျယ်လောင်သော အသံဖြင့် နှုတ်ဆက်ကာ - “အဖေ..အမေ ကျွန်တော်တို့ ရောက်နေတယ်။အားလုံးစားပြီးကြပြီလား?"
လဲ့ယ်ရှန်းရီ၊ လဲ့ယ်ရှန်းလီ၊ လဲ့ယ်ရှန်းကျစ် နှင့် လဲ့ယ်ချွင်းထောင် တို့သည် မတ်တပ်ထရပ်ကာ နှုတ်ဆက်ကြသည်။
"လောင်တာ့...မရီး..."
ယနေ့ လဲ့ယ်တာချန်၏သဘောထားမှာ အလွန်ပင် အံ့ဩစရာကောင်းလောက်အောင် ကောင်းနေသည်။သူ ခေါင်းညိတ်ပြကာ ပြုံးရင်း “လောင်တာ့တို့ ဒီကိုလာကြလေ”
လဲ့ယ်ထျဲက မျက်နှာသေဖြင့် ခေါင်းညိတ်ကာ ပြန်နှုတ်ဆက်လိုက်သည်။
တုရှီက သူနဲ့ ချင်မျန်ကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး ထိုင်ရာကနေမထကာ “မင်းတို့နှစ်ယောက် လာမယ်ဆိုတာ ငါတို့ မသိခဲ့ဘူး။အစားအသောက်တွေ မလုံလောက်မှာကိုပဲ စိုးရိမ်မိတယ်။”
ချင်မျန်က စားပွဲပေါ်ရှိ ဟင်းပွဲများကို တမင်စိုက်ကြည့်ရင်း "ဟင်းတွေအများကြီးရှိနေတာပဲ။တူနှစ်စုံလောက် ထပ်ထည့်လိုက်တာက ပြဿနာမရှိပါဘူး"
တုရှီ၏အမူအရာမှာ ပြောင်းသွားသည်။
ကျိုးရှီက ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးကာ “လောင်တာ့တို့ ဘာသယ်လာကြတာလဲ?”
ချင်မျန်က တုရှီကို ပြုံးပြုံးကြီးကြည့်ရင်း "ကျွန်တော်တို့ ထမင်းစားပြီးမှ ဒီကိုရောက်လာကြတာပါ။ခုနက အမေကို စလိုက်တာရယ်။ကျွန်တော်တို့ ဒီမှာ စားစရာတွေ ယူလာပေးတယ်။ကျေးဇူးပြုပြီး ပန်းကန်လုံးအကြီး ဒါမှမဟုတ် ပန်းကန်အလွတ်တစ်လုံး ယူလာပေးပါလား?”
“အာ...” ကျိုးရှီသည် စားစရာပါလာကြောင်းကြားသည်နှင့် ချက်ခြင်းပင်ထကာ ပန်းကန်ပြားကြီးကို သွားယူလာခဲ့သည်။
ချင်မျန်သည် အစားအသောက်တောင်းထဲမှ ဖက်ထုပ်များကို ထုတ်ကာ ပန်းကန်ထဲသို့ လောင်းထည့်လိုက်သည်။
“ဒါက ဘာလဲ?အကြီးဆုံးမရီး?” ချင်းရှီက စိတ်ဝင်တစား မေးသည်။
ချင်မျန်က ပန်းကန်အလွတ်ကို အစားအသောက်တောင်းထဲသို့ ပြန်ထည့်လိုက်သည်။ “ဒါက ဂျုံမှုန့်နဲ့လုပ်ထားတဲ့ အစားအစာတစ်မျိုးပါ။ပေါက်စီလိုပဲ အသားအစာသွပ်ထားတဲ့ မုန့်ပါ။”
ကျိုးရှီသည် အစားအသောက်တောင်းကို စိုက်ကြည့်ကာ မျက်နှာချိုသွေးသောအပြုံးဖြင့် ပြောလိုက်သည်။ "နောက်ထပ် တစ်ပန်းကန်ကို ရှိသေးပုံရတယ်"
တုရှီသည် ထိုစကားကိုကြားလိုက်သောအခါ သူမ
ချင်မျန်ကို စိုက်ကြည့်ရင်း တခြားပန်းကန်လုံးက ပိုအရသာရှိမည်ဖြစ်ကြောင်းပြောရန် သူမမျက်လုံးတွေထဲတွင် အရိပ်ယောင်တွေဖြာထွက်နေခဲ့သည်။
ချင်မျန် စကားတောင် ပြန်မပြောရသေးခင်မှာပဲ လဲ့ယ်ရှန်းရန်က မစောင့်နိုင်တော့ဘဲ "အသားတွေ အစာသွပ်ထားတာလား?အဖေ့ကို အရင်မြည်းစမ်းကြည့်ခိုင်းပါဦး” ထို့နောက် ယောက်ျားသားတွေ စားပွဲဝိုင်းပေါ်ရှိ ဖက်ထုပ်တွေထဲက တစ်ခုကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။စမ်းတဝါးဝါးကိုက်ဝါးပြီးနောက် သူ စိတ်အားထက်သန်စွာ စားရင်း ပြောလိုက်၏။ "အင်း...အရသာရှိလိုက်တာ"
ချင်မျန် အေးအေးဆေးဆေးသာ ဆက်ပြောလိုက်သည်။ "နောက်တစ်ပန်းကန်က အဘိုးကျန်းအတွက်ပါ။မိသားစုနဲ့ ခွဲနေတုန်းက အဘိုးကျန်းက ကျွန်တော်တို့ကို အကူအညီအဖြစ် ကြက်ဥတစ်ခြင်းကို ပေးခဲ့တယ်လေ။လောင်အာ့ဇနီး...မင်းရဲ့အစ်ကိုအကြီးဆုံးက ဒီကျေးဇူးကို ပြန်ဆပ်သင့်တယ်လို့ မထင်ဘူးလား?"
“အိုး....ဒါပေါ့။” ကျိုးရှီ စိတ်ပျက်သွားသည်။
တုရှီက မျက်မှောင်ကြုတ်ရင်းနဲ့ “သူတို့ကို အိမ်သစ်တက်ပွဲတုန်းက ထမင်းစားဖို့ မဖိတ်ခဲ့ဘူးလား?ဒီဖက်ထုပ်ကို ပို့ပေးဖို့ မလိုဘူး,မဟုတ်လား”
လဲ့ယ်တာချန်က သူမစကားကိုဖြတ်ပြောလိုက်သည်။ “လောင်တာ့နဲ့ အကြီးဆုံးချွေးမ လုပ်တာ မှန်တယ်”
ချင်မျန် တခစ်ခစ်ရယ်ရင်း "အဖေ..
ကျွန်တော်တို့ အလုပ်များနေတာကြာပြီ။ကျွန်တော်တို့ အဖေ့ကို ဂုဏ်ပြုပါတယ်" သူ တုရှီကို စိတ်မသက်မသာဖြစ်အောင် တမင်လုပ်နေခြင်းသာ။
တုရှီ၏မျက်နှာမှာ မီးသွေးကဲ့သို့ မည်းနက်သွားပြီး သူမ၏ရင်ဘတ်မှာ သိသိသာသာ တင်းလာသည်။
လဲ့ယ်တာချန်က အနည်းငယ် ရှက်ရွံ့စွာ ရယ်မောလိုက်သော်ငြား မိန်းကလေးဝေကို တွေးမိကာ သူ့မျက်စံများကဖြင့် ရွှင်မြူးသော အမူအရာဖြင့် “မင်းတို့ အတူတူ ထိုင်စားကြမလား?”
လဲ့ယ်ရှန်းရန် နှင့် လဲ့ယ်ရှန်းရီတို့သည် ဖက်ထုပ်များစွာကို ဆက်တိုက်စားလိုက်ကြသည်။ကျိုးရှီက အလျင်စလိုပြောလိုက်ကာ "ဒီဖက်ထုပ်တွေက တော်တော်များတယ်။အမေ....ခွဲလိုက်ပါလား?"
လဲ့ယ်ရှန်းလီ နှင့် လဲ့ယ်ရှန်းကျစ်တို့ နှစ်ယောက်စလုံးက သူမကို တည့်တည့်ကြည့်နေကြသည်။
ချင်မျန် တခစ်ခစ်ရယ်ပြီး မတ်တပ်ထရပ်လိုက်ကာ။ “အဖေ အမေ...ဖြည်းဖြည်းစားနှင့်ကြပါ။ကျွန်တော်တို့ အဘိုးကျန်းဆီကို သွားလည်လိုက်ပါဦးမယ်။"
တစ်ဖက်အိမ်ကိုရောက်တော့ ခြံတံခါးကို ခေါက်လိုက်သည်။တံခါးဖွင့်ရန် ရောက်လာသူမှာ အသက် 17 နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပြီး ချင်မျန်နှင့် လဲ့ယ်ထျဲကို ကြည့်လိုက်သည်။
"ဘယ်သူကိုရှာနေတာလဲ?"
"အဘိုးကျန်း အိမ်မှာရှိလား?" ချင်မျန် မေးရင်း အသံမြှင့်လိုက်၏။
"ဘယ်သူလဲ?" အဘိုးကျန်းအိမ်ကနေ ထွက်လာပြီး ချင်မျန်ကိုတွေ့တာနဲ့ သူ ရယ်ပြီးပြောကာ "သြော်...မင်းတို့နှစ်ယောက်ပဲ။ လာ..လာ..ဝင်ထိုင်။"
အဘိုးကျန်း၏သားနှင့်ချွေးမတို့သည် အိမ်အတွင်းမှ ခေါင်းညိတ်ပြသော်လည်း ထွက်မလာပေ။သိပ်ပြီး မကြိုဆိုချင်ကြသည့်ပုံပင်။
Advertisement
ချင်မျန် အထဲကို မဝင်ပေ။သူ ဖက်ထုပ်တွေကို ပေးလိုက်ရုံသာ။ "အဘိုးကျန်း....ကျွန်တော်တို့မှာ လုပ်စရာတွေရှိသေးတယ်။ဒါကြောင့် ကျွန်တော်တို့မဝင်တော့ပါဘူး။နောက်ဆုံးအကြိမ်က ပေးခဲ့တဲ့ ကြက်ဥအတွက် ကျေးဇူးတင်ဖို့ အခွင့်အရေး မရှိခဲ့ဘူး။ဒါ ကျွန်တော်တို့ရဲ့ အိမ်လုပ်အစားအစာလေးပါ။အဘိုးကျန်းကို ကျွန်တော်တို့ လေးစားမှုအနေနဲ့ ပြသဖို့ သေးငယ်တဲ့စေတနာလေးတစ်ခုပါပဲ။"
"ငါတို့က တစ်ရွာထဲနေတဲ့သူတွေပဲ ဘာလို့ ယဉ်ကျေးဖို့လိုနေမှာလဲ?" အဘိုးကျန်းက အနည်းငယ် အံ့သြသွားပြီးနောက် သူ ပြုံးလိုက်ကာ သူ့မျက်လုံးထဲရှိအကြည့်များမှာ ပိုမိုချစ်ခင်နှစ်သက်လာဟန်ဖြင့် “ယောကျ်ားသားနှစ်ယောက် အတူတူနေဖို့ဆိုတာ မလွယ်ဘူး။မင်းတို့နှစ်ယောက်အတွက်သာ စားစရာတွေချန်ထားလိုက်။"
ချင်မျန် ပြောလိုက်သည်။ "အဘိုးကျန်း...အရမ်းယဉ်ကျေးမနေပါနဲ့ဗျာ။ကျွန်တော်တို့ အများကြီးလုပ်ထားတာပါ။ဒါတွေက အဘိုးအတွက် သီးသန့်ယူလာတာ။အခု လက်မခံရင် အေးသွားလိမ့်မယ်နော်။”
"ကောင်းပါပြီကွာ။" သူ့ ဆက်ပြီးတောင်းဆိုတာကိုမြင်တော့ အဘိုးကျန်းက ပန်းကန်ကိုယူကာ မီးဖိုချောင်ဘက်သွားလိုက်၏။ ခဏအကြာတွင် ပန်းကန်အလွတ်ပေါ်တွင် တရုတ်ဂေါ်ဖီထုပ် နှစ်ထုပ်ကိုပါ သယ်ယူလာခဲ့သည်။
“မနေ့က မင်းတို့ရဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းကို ဖြတ်သွားတော့ ဟင်းရွက်ခင်းထဲက အသီးအနှံတွေမထွက်လာသေးတာကို တွေ့လိုက်ရတယ်။ဒီဂေါ်ဖီထုပ်နှစ်ထုပ်ကို ယူသွား...စားလို့ရတယ်။ဘာမှ အဖိုးထိုက်မတန်ဘူး။မငြင်းနဲ့။"
"ကျေးဇူးတင်ပါတယ် အဘိုးကျန်း" သူ့ရဲ့ကြင်နာမှုကိုမြင်တော့ ချင်မျန်က ရက်ရက်ရောရောပင် လက်ခံခဲ့သည်။
လဲ့ယ်ထျဲကလည်း ဆို၏။ “ကျေးဇူးအများကြီးတင်ပါတယ်”
ထွက်သွားသော သူတို့နှစ်ဦး၏နောက်ကျောပုံများကို ကြည့်ရင်း အဘိုးကျန်းသည် အိမ်ထဲသို့ မဝင်မီ ခဏရပ်နေလိုက်သည်။
"အဖေ...ဘာလို့ သူတို့နဲ့ ရင်းနှီးနေရတာလဲ?" အဘိုးကျန်း ၏သား ကျန်းတယောင်သည် အသံတိုးတိုးဖြင့် ညည်းညူလိုက်သည်။
သူ့ချွေးမက အနားမှာ ရပ်နေ၏။သူမ ဘာမှပြန်မပြောသော်လည်း သူမမျက်နှာပေါ်တွင် မနာလိုသည့်ပုံသဏ္ဍာန်ရှိနေသည်။
အဘိုးကျန်းက စားပွဲမှာထိုင်ပြီး သူ့မိန်းမကို ကြည့်လိုက်ရင်း မြေပဲတစ်တောင့်ကို ပါးစပ်ထဲထည့်ကာ ဖြည်းညှင်းစွာဝါးရင်း "မင်းအမေကို ဘာကြောင့်လဲမေးကြည့်လိုက်"
အဖွားကျန်းက ရယ်မောပြီး သူ့မြေးလေးကို သူ့ရင်ခွင်ထဲထည့်လိုက်သည်။ "ဒါဖြင့် မင်းကို အမေ မေးပါရစေ။လဲ့ယ်ထျဲနဲ့ သူ့မိန်းမက လူသတ်မှုနဲ့ မီးရှို့မှုတွေကို ကျူးလွန်ခဲ့တာလား?”
ကျန်းတယောင် ခေါင်းယမ်းလိုက်သည်။
"လူတွေကို လှည့်စားခဲ့လို့လား?"
ကျန်းတယောင်က ပြော၏။"ဒီလိုမျိုးတော့ မရှိပါဘူး။"
"ဒါပဲလေ။" အဖွားကျန်းက နူးညံ့စွာ ဆက်ပြောလိုက်သည်။ “သူတို့ မိသားစုနဲ့ ခွဲထွက်တဲ့ အချိန်တုန်းက မင်းအဖေက ကြက်ဥနည်းနည်း ပေးခဲ့တယ်။အခုချိန်ထိ သူတို့ မှတ်ထားတုန်းပဲ။ကျေးဇူးသိတတ်တာကို မြင်နိုင်တယ်။အဲဒီအချိန်တုန်းက သူတို့ လက်ထဲမှာ ဘာမှ မကျန်ဘူး။အခုတော့ ကြည့်လေ မြို့ထဲမှာ ဆိုင်တစ်ခုတောင် လည်ပတ်နေကြပြီ။သူတို့ နေ့တိုင်း ပိုက်ဆံတွေ အများကြီးရှာလို့ရတယ်ကြားတယ်။ဘေးအိမ်က ညီအစ်ကိုတွေရဲ့ ခြောက်ကွေးမြစ်မှာ စွပ်ပြုတ်ရောင်းဖို့ စိတ်ကူးတောင် လဲ့ယ်ထျဲရဲ့ဇနီးဆီက ထွက်လာတယ်တဲ့လေ။အရည်အချင်းရှိတဲ့ လူတွေလို့ ပြောလို့ရနိုင်တယ်။”
ကျန်းတယောင်သည် အတွေးထဲတွင် နစ်မွန်းနေခဲ့သည်။
"ကောင်းပြီ။ စားကြရအောင်။" အဘိုးကျန်းက ရယ်ပြီး "မင်းသူတို့နဲ့ ပေါင်းသင်းရတာကို မကြိုက်သလို မင်းနဲ့ ပေါင်းသင်းရတာကိုလည်း သူတို့ သဘောကျမှာ မဟုတ်ဘူး"
ကျန်းတယောင်သည် ကူကယ်ရာမဲ့စွာ ခံစားခဲ့ရသည်။ကိုယ့်သားကို ဒီလိုနှိမ့်ချဖို့ လိုအပ်လို့လားဗျာ!
ချင်မျန် နှင့် လဲ့ယ်ထျဲတို့ သူတို့နေထိုင်ရာ လမ်းထဲသို့ လျှောက်ဝင်လာသောအခါ ကျန်းတရွှေသည် ပန်းကန်ပြားတစ်ချပ်ကိုင်လျက် အိမ်တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ပန်းကန်ပြားပေါ်တွင် တင်ထားသော ပန်းကန်တစ်လုံးလည်းရှိနေသည်။သူတို့ အရှိန်မြန်မြန် လျှောက်လာကြ၏။
"အစ်ကိုကျန်း"
"မင်းတို့နှစ်ယောက် ဘယ်သွားနေတာလဲ?" ကျန်းတရွှေက ပြုံးပြုံးရွှင်ရွှင်နဲ့ “ငါ စောင့်နေတာ ကြာပြီ။နေ့လည်စာစားပြီးပြီလား?ဒီနေ့ အားလပ်ရက် မဟုတ်ဘူးလား?မင်းတို့အစ်မ ဂေါ်ဖီစွပ်ပြုတ်ကို လုပ်ထားတာ အဲ့တာ မင်းတို့နှစ်ယောက်အတွက် တစ်ပန်းကန် ပို့ပေးခိုင်းလိုက်တာလေ။အခု ပူနေတုန်းပဲ။”
ချင်မျန် တံခါးဖွင့်ပြီး “ကျွန်တော်တို့စားပြီးပြီ။အခုပဲ ကျွန်တော်တို့ အိမ်ဟောင်းကို သွားတာ။အစ်ကိုနဲ့အစ်မက အတော်လေး သဘောကောင်းတာပဲ"
ကျန်းတရွှေက "ဒါက ဘာများ တန်ဖိုးရှိလို့လဲကွာ။ငါ့အတွက် ဝါးတုတ်လုပ်ခိုင်းတဲ့ အလုပ်ကြောင့် မင်းတို့နှစ်ယောက်ကိုတောင် ခုထိ ကျေးဇူးမတင်ရသေးဘူး။မကြာသေးမီက အဲ့အတွက်ကြောင့် ပိုက်ဆံအများကြီးစုမိသွားတယ်။နှစ်တစ်နှစ်အတွက် လုံလောက်သွားပြီ။”
"အစ်ကိုကျန်းက ကျွန်တော်တို့ကို ပိုဂရုစိုက်တာပါ။" လဲ့ယ်ထျဲက ပြောသည်။
ကျန်းတရွှေက ပန်းကန်လုံးကို ချင်မျန်အား ဝမ်းသာအားရ ပေးရင်း "ကောင်းပြီ...ငါ ဘာမှမပြောတော့ဘူး။ငါတို့မိသားစုနှစ်စုက တစ်ယောက်နဲ့တစ်ယောက် ပိုဂရုစိုက်ကြတာ ကောင်းတယ်။ဒီမှာ ရော့..ညနေကျ ပြန်နွေးလိုက်ရင် ပိုအရသာရှိမယ်"
ချင်မျန်သည် ပန်းကန်ပြားကို မီးဖိုချောင်သို့ယူသွားပြီး လဲ့ယ်ထျဲကို ပြောလိုက်သည်။ "အစ်ကိုကျန်းနဲ့ အတူထိုင်နေလိုက်လေ"
"မင်း အဲဒီကို ရောက်သွားခဲ့တယ်ပေါ့။" ကျန်းတရွှေသည် လဲ့ယ်ထျဲအား မရေမရာ ပြုံးပြရင်း "ရက်အနည်းငယ်ကြာရင် ဦးလေးလဲ့ယ်ရဲ့ဒုတိယဇနီးက အိမ်ထဲကို ဝင်တော့မည်ဆို"
"အဲဒါ သူ့ကိစ္စ။" လဲ့ယ်ထျဲက ဂရုမစိုက်သော အမူအရာဖြင့်။
ကျန်းတရွှေက ဘာမျှမှတ်ချက်မပေးခဲ့ပေ။လဲ့ယ်တာချန်သည် တောင်စိမ်းရွာတွင် တန်းတူညီတူဇနီးတစ်ယောက်ကို ထပ်မံလက်ထပ်ခဲ့သည့် ပထမဆုံးသူပင်ဖြစ်ကာ ရေပြေးမြို့တော်မှာ ဆိုရင်တော့ မဟုတ်။
သူနဲ့ သူ့မိန်းမက ဘာလက်ဆောင်တွေ ပေးရမလဲဆိုပြီး စိတ်ပူနေကြတုန်းပဲ။
နေ့လည်စာမစားရသေးသည့်အတွက် ခဏသာထိုင်ပြီး ဖက်ထုပ်တစ်ပန်းကန်နဲ့အတူ အိမ်ပြန်ခဲ့လိုက်၏။
Blindweed
T/N: ရှေ့မှာ uncle ကျန်းလို့ သုံးထားပေမယ့် နောက်ပိုင်းမှာ grandpa လို့ သုံးလာတာကြောင့် ကိုယ်လည်း အဘိုးလို့ ပြောင်းလိုက်ပါတယ်နော်
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
056: ဖက္ထုပ္မ်ား ပို႔ျခင္း။
"ကြၽန္ေတာ္တို႔ မနက္စာအတြက္ အဆင္ေျပတာတစ္ခုခုစားၿပီး ေန႔လည္က်ရင္ ဖက္ထုပ္လုပ္စားၾကမယ္ေလ"
ခ်င္မ်န္ကေတာ့ အလြန္ပင္ စိတ္အားထက္သန္ေနခဲ့သည္။ဒီေနရာကို သူ ကူးေျပာင္းလာၿပီးကတည္းက ဖက္ထုပ္စားရတာ ဒါပထမဆုံးပဲ။
"ဖက္ထုပ္?" လဲ့ယ္ထ်ဲ သူ႕ကို နားမလည္ႏိုင္စြာ ၾကည့္ေနသည္။ခ်င္မ်န္ အံ့ၾသသြား၏။ဤ အခ်ိန္ႏွင့္ေနရာတြင္ ဖက္ထုပ္ကဲ့သို႔ အရသာမ်ိဳး မ႐ွိတာပဲလား?
"ေနာက္ သိလိမ့္မယ္။"
“ေကာင္းၿပီ။”
လဲ့ယ္ထ်ဲ ေခါင္းညိတ္ျပၿပီး ေတာင္တက္ဖို႔ စိတ္ကူးကို စြန္႔လႊတ္လိုက္ေတာ့၏။ေဆာင္းရာသီပြဲေတာ္သည္ သူႏွင့္သူရဲ႕ဇနီးေလးတို႔ ေပါင္းစည္းၿပီးေနာက္ ၾကဳံရသည့္ ပထမဆုံးေသာပြဲေတာ္ျဖစ္ေသာေၾကာင့္ စနစ္တက် က်င္းပသင့္သည္ေလ။
ခ်င္မ်န္သည္ လဲ့ယ္ထ်ဲ ျပင္ေပးထားသည့္ပါဝင္ပစၥည္းမ်ားျဖင့္ ေခါက္ဆြဲျပဳတ္သာခ်က္ခဲ့၏။မနက္စာစားၿပီးေနာက္ သူ ဖက္ထုပ္အစာသြပ္ရန္ ျပင္ဆင္ေနစဥ္ လဲ့ယ္ထ်ဲကိုေတာ့ မုန္႔ညႇက္နယ္ခိုင္းထားလိုက္သည္။သူ႕အဖြားက ဝက္အီၾကာနဲ႔ ဖက္ထုပ္လုပ္ၿပီး blindweed ပါ သိပ္ထည့္ေလ့႐ွိတာကို သူ ေကာင္းေကာင္း မွတ္မိ၏။ blindweed က လတ္ဆတ္ႏူးညံ့ၿပီး ဝက္သားသည္လည္း အရသာ႐ွိကာ။ေရာစပ္လိုက္တဲ့အခါ အရသာက အင္မတန္ တမူထူးသြား၏။
[T/N:blindweed က ျမန္မာလိုမသိ ပုံစံက ကန္စြန္း႐ြက္နဲ႔ ကန္စြန္းပြင့္ေတြလိုပဲ]
အီၾကာေကြးေခ်ာင္းေတြ လုပ္ရတာ အရမ္းဒုကၡေရာက္ရသည္။ခ်င္မ်န္ ဂ်ံဳမႈန္႔ကို ေရႏွင့္ ေရာစပ္ၿပီး ထိုအရည္ထဲသို႔ ၾကက္ဥ ႐ွစ္လုံးကို ထည့္ကာ အညီအမွ် ေရာေမႊၿပီး ဆီထည့္ထားေသာ အိုးထဲတြင္ ျဖန္႔ေၾကာ္ကာ ၾကက္ဥပန္ကိတ္မ်ားအသြင္ ေရာက္လာပါက အတုံးေသးေသးေလးေတြ လွီးလိုက္သည္။ထို႔ေနာက္ ဝက္သားကို အတုံးေသးေသးေလးလွီးထားလိုက္ျပန္၏။ blindweed မ႐ွိေသာေၾကာင့္ အသီးအ႐ြက္မ်ားကိုသုံးရန္ ဆက္လွီးလိုက္၏။ဆား ပမာဏကို ခ်ိန္မထည့္ခင္ အိုးထဲသို႔ လွီးထားတဲ့ ၾကက္သြန္ၿမိတ္ နဲ႔ ဂ်င္း တို႔ကို ေရာေၾကာ္ၿပီး တစ္ဝက္က်က္တဲ့အထိ ေမႊ၏။အညီအမွ်ေရာစပ္သြားေၾကာင္း ေသခ်ာၿပီးေနာက္ အရသာ႐ွိတဲ့ ဖက္ထုပ္မ်ားျဖစ္လာရန္ အစာသြပ္ဖို႔အတြက္ အဆင္သင့္ျဖစ္ေခ်၏။
မုန္႔ညႇက္ျပဳလုပ္ၿပီးေနာက္ ခ်င္မ်န္သည္ မုန္႔ညႇက္လက္တစ္ဆုပ္စာကိုယူကာ ပိုက္ပုံသ႑ာန္ျဖစ္ေအာင္ ဆုပ္နယ္ၿပီးေနာက္ မုန္႔ညက္မ်ားကို ဓားျဖင့္လွီးျဖတ္ကာ။ထို႔ေနာက္ ဖက္ထုပ္႐ြက္မ်ား ျပဳလုပ္ရန္ လိပ္တံကို အသုံးျပဳ၍ အတုံးေသးေသးေလးမ်ားအေပၚ လွိမ့္ခ်လိုက္သည္။
လဲ့ယ္ထ်ဲသည္လည္း သင္ယူၿပီးေနာက္ ဖက္ထုပ္႐ြက္မ်ားကို ကူလွိမ့္ေပးခဲ့သည္။ထိုအခ်ိန္မွာေတာ့ ခ်င္မ်န္သည္ မီးေသြးမီးဖိုေဘးတြင္ ဖက္ထုပ္မ်ားကို ထုပ္ေန၏။သူ႕ဘယ္ဘက္လက္ဖဝါး အလယ္႐ွိ ဖက္ထုပ္႐ြက္ေပၚကို ဇြန္းေသးေသးေလးသုံးၿပီး အစာသြပ္ေတြကို တင္လိုက္၏။ထို႔ေနာက္ ဖက္ထုပ္႐ြက္ကို ပိတ္ကာ တင္းတင္းက်ပ္က်ပ္ ေစ့လိုက္သည္။ဖက္ထုပ္တစ္ထုပ္ကို စကၠန္႔အနည္းငယ္ၾကာသာ ထုပ္ၿပီး သန္႔႐ွင္းသည့္ ဆန္ကာႀကီးတစ္ခုထဲတြင္ ထည့္ထားလိုက္သည္။
လဲ့ယ္ထ်ဲ၏လက္ကျဖင့္ ဖက္ထုပ္႐ြက္တစ္ဒါဇင္ကို အလ်င္အျမန္လွိမ့္လိုက္ၿပီး ခ်င္မ်န္က ယင္းတို႔အားလုံးကို ထုပ္ေနသည္။ဖက္ထုပ္႐ြက္အားလုံးကို သုံးၿပီးေနာက္ သူ ဆက္လက္လွိမ့္ေနျပန္သည္... တစ္နာရီအၾကာတြင္ အျဖဴေရာင္ ဖက္ထုပ္ေပါင္း ၂၀၀ နီးပါးသည္ ဆန္ကာတစ္ခုလုံးအျပည့္ ဖုံးလႊမ္းသြားခဲ့သည္။
"မီးေမႊးၿပီး ဖက္ထုပ္ကို ေပါင္းဖို႔ျပင္ေတာ့။" ခ်င္မ်န္ ၫႊန္ၾကားလိုက္သည္။
လဲ့ယ္ထ်ဲက မီးဖိုကို မီးေမႊးလိုက္ၿပီး အိုးထဲသို႔ ေရအနည္းငယ္ထည့္ကာ အဖုံးအုပ္လိုက္သည္။
"ဘယ္ႏွစ္ခု စားမလဲ?" ခ်င္မ်န္ ေမးလိုက္သည္။ဖက္ထုပ္ေပါင္း 100 ေက်ာ္ကို တစ္နပ္တည္းတြင္ လူႏွစ္ဦးမစားႏိုင္ေခ်။
လဲ့ယ္ထ်ဲသည္ ဖက္ထုပ္မ်ားကို ၾကည့္ကာ မဆိုင္းမတြပင္ “၅၀” ဟုေျပာလိုက္၏။
ခ်င္မ်န္က အနည္းငယ္ေတာ့ မယုံသက္ာျဖစ္သြားၿပီး "ခင္ဗ်ား အဲဒါေတြကို ကုန္ေအာင္စားႏိုင္လို႔လား?"
လဲ့ယ္ထ်ဲ ပါးစပ္ဖြင့္ဟလိုက္ကာ “မင္း ထုပ္ထားတာ ေသးတယ္ေလ”
ခ်င္မ်န္၏စူး႐ွေသာ မ်က္လုံးမ်ားက သူ၏(LT) နား႐ြက္မ်ား အနည္းငယ္နီေနသည္ကို ေတြ႕လိုက္ရၿပီး မထိန္းႏိုင္ဘဲ ရယ္ေမာမိကာ “ဘာကို ႐ွက္ေနတာလဲ?ခင္ဗ်ား အရမ္းစားႏိုင္တာကို ကြၽန္ေတာ္ မႀကိဳက္တာမ်ိဳး မ႐ွိပါဘူး။ကြၽန္ေတာ္ ခင္ဗ်ား အတြက္လုပ္ေပးႏိုင္တယ္၊စိတ္မပူနဲ႔။"
လဲ့ယ္ထ်ဲ ေခါင္းညိတ္လိုက္သည္။
ခ်င္မ်န္သည္ သူက တကယ္ႀကီးကို အတည္ယူတတ္လြန္းလို႔ သူ စိတ္မသက္မသာ ခံစားခဲ့ရသည္။ေရဆူၿပီးသည္အထိ ခ်င္မ်န္မွာ ရယ္လို႔ မဝႏိုင္ေသး သူ ထုပ္ထားတဲ့ ဖက္ထုပ္ေတြကို ေကာက္ကိုင္လိုက္ရင္း “အဟြတ္.... ပထမဦးဆုံး ကြၽန္ေတာ္တို႔စားဖို႔ တစ္အိုးခ်က္ရေအာင္။ၿပီးရင္ အိမ္ေဟာင္းႏွင့္ ဦးေလးက်န္းအိမ္ကို ပို႔ဖို ေနာက္တစ္အိုး ထပ္ခ်က္မယ္။အဲဒီတုန္းက ဦးေလးက်န္းက ကြၽန္ေတာ္တို႔ကို ၾကက္ဥေတြေပးတယ္ေလ။အဲဒီေက်းဇူးကို ျပန္မဆပ္ရေသးဘူး။ဒီေန႔က ကြၽန္ေတာ္တို႔အတြက္ အခြင့္အေရးပဲ။”
လဲ့ယ္ထ်ဲက ေခါင္းညိတ္ျပလိုက္သည္။
ဖက္ထုပ္ေတြ က်က္သြားေတာ့ ခ်င္မ်န္သည္ ၎တို႔ထဲမွ ၃၅ လုံးကို စားလိုက္၏။ေတာ္ေတာ္ေလးကို အရသာ႐ွိလွ၏။သူသာ ဗိုက္မျပည့္သြားဘူးဆိုရင္ ပိုစားမိဦးမွာ။ လဲ့ယ္ထ်ဲကေတာ့ ဖက္ထုပ္ ၅၀ ကိုပင္ လြယ္လြယ္ကူကူ စားလိုက္ၿပီး ေနာက္ထပ္ ၅ လုံးကိုေတာင္ ထပ္စားလိုက္ေသးသည္။
ခ်င္မ်န္ ဒုတိယအသုတ္ကို ပန္းကန္လုံးႀကီး ႏွစ္လုံးထဲသို႔ ထည့္ရန္ တစ္ခုၿပီးတစ္ခုထည့္ယူၿပီးေနာက္ ပန္းကန္မ်ားကို အစားအေသာက္ေတာင္းထဲတြင္ထည့္လိုက္သည္။
"ခင္ဗ်ား သြားမွာလား?" ခ်င္မ်န္ ေမးသည္။
"အတူတူ သြားမယ္။" လဲ့ယ္ထ်ဲ ကုလားထိုင္ေနာက္ဘက္တြင္ လႊားထားသည့္ ေငြျဖဴေရာင္ပဝါကို ယူလိုက္ၿပီး ခ်င္မ်န္ကို ပတ္ေပးလိုက္သည္။ခ်င္မ်န္ေနာက္မွ ထြက္လာၿပီး တံခါးကို ေသာ့ခတ္လိုက္သည္။
သူတို႔ႏွစ္ဦးသား အိမ္တိုင္းအိမ္တိုင္းမွ အသား၊ ငါးႏွင့္ ဆီနံ႔မ်ားၾကား ေလွ်ာက္လာခဲ့ၾကသည္။လမ္းေပၚတြင္ မည္သူမွ် မ႐ွိသလို ေျပးလႊား ေဆာ့ကစားေလ့႐ွိေသာ ကေလးဆိုးေလးမ်ားကိုလည္း မေတြ႕ရေခ်။အိမ္မွာ အရသာ႐ွိတဲ့ အစားအေသာက္ေတြ႐ွိေနမွေတာ့ ကေလးေတြက အျပင္ထြက္ဖို႔ ဝန္ေလးေနၾက၏။
Advertisement
- In Serial6 Chapters
Gamer VS The World
Robin Murray has a lot on his plate. He's the odd man out at his high school; Homeschooled most of his life due to his poor health, he finally talked his parents into allowing him to attend school as a freshman... And he's regretted it ever since. Ostracized and bullied by his peers, Robin has been trying to keep his head down since day two, and so far, it hasn't helped. His only solace has been locking himself in his room and submerging himself into his collection of video games. Until the day he was sucked inside one of his games and imprisoned there for five years. It was only upon completing the game that he's freed and wakes up in his bed like nothing happened, except he brought the game's powers with him into the real world. But now its back to business as usual. While five years passed for him inside the game, only a single night passed in the real world and he's got school to attend in the morning. But things begin to spiral out of control when he wakes up to the reality that his parents are missing and... Monsters are hiding as humans? Turns out his P.E teacher is a troll, the local librarian is a literal harpy, and Medusa owns the most popular bar in town. Oh, and the girl he's been crushing on since he was like- six, isn't exactly human either. Robin must delve into the mysteries surrounding his town if he wants any hope of finding his missing parents. And to do that without suffering a fate worse than death, he'll need to personally enter the game worlds to level up and acquire new abilities. FPS, RPG, Strategy, they'll all help him in one way or another- there's just one catch. He only gets one life both inside and outside the game world, a single death will spell the end of Robin's Quest. It's time for a Gamer to take on The World.
8 122 - In Serial6 Chapters
Pain and Tears: A Deckbuilding LITRPG
To ensure his safety and way of life, Dean must find new cards and grow in power because the realm of Kinloralm is a place of constant strife and twisted happenings. Water Hags, Elder vampires, Skinwalkers, Djinns, and Gargoyles are just a few of the creatures that lurk in the shadows of Kinloralm. In a world where danger is just a stone's throw away, everyone has learned that life is hard and filled with uncertainty. When the world pushes you, do you crumble or push back?
8 78 - In Serial32 Chapters
The Wanderer's Beginnings (Book 1: A Dark Tale.).
Tyler get his wish to disappear granted by a strange god, but the cost of granting his wish is that he is now a pawn for said god's amusement, join him as he tries to survive in this new world when he finds out that his perfect cheat isn't so cheaty, and everything has a consequence.
8 162 - In Serial46 Chapters
Seraphim
Lumia – the city of the futureHere skyscrapers rise and Inventors strideMarching to an unseen drumRuhum – nation of fire and windHere angels live as mortals mightAs their youngest comes to BloomThe seed of their ruin slept in such a small thingA single stolen book. Published here and on amazon. Please check my stories if you like them, or want to read ahead.
8 237 - In Serial9 Chapters
To the Moon and Back
When Luna discovers the Government agency she grew up with has been lying to her about who she is and what happened to her parents she escapes and runs to small town Nova Scotia. Here she has to learn who to trust with her secrets and who is trying to hurt her. Family and Love are just the begininng of what Luna gets to explore for the first time in her life. If only she can be free for good to discover who she is and what she wants.
8 139 - In Serial9 Chapters
Upon the Sword | A Carulia Story
Julia is gravely injured when a caper goes wrong.Cover made by AgressiveKittyCat!This story does not take the events of Season 3 into account.*laughs nervously at the number of reads*
8 170

