《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[59+60]
Advertisement
[Unicode]
[စာမစစ်ရသေး]
059: အတူတူ အမဲလိုက်သွားကြခြင်း။
ပြတင်းပေါက် အပြင်ဘက်တွင် လေပြင်းများတိုက်ခတ်နေပြီး ပြတင်းပေါက်မှာ အနည်းငယ် မြည်လာသည်အထိ လေပြင်းနေခဲ့သည်။ချင်မျန်ကတော့ စောစောစီးစီးပင် နိုးလာခဲ့၏။သူ စောင်ထဲတွင် ကွေးနေပြီး လက်တစ်ချောင်းမျှပင် မလှုပ်ချင်ပေ။မလှုပ်မယှက်ဖြင့် လဲ့ယ်ထျဲတစ်ယောက် အချိန်မှန်မှန်ထ၍ အုတ်ကုတင်စွန်းတွင် ထိုင်လျက် အတွင်းအဝတ်အစားတွေကိုဝတ်ကာ ချည်ကြိုးမပါသော အပေါ်အင်္ကျီထပ်ဝတ်ပြီး ခြေအိတ်အရင်မဝတ်ခင်ဘောင်းဘီဝတ်နေသည်ကို ကြည့်နေခဲ့သည်။
"ပြေးဖို့ထတော့။" လဲယ်ထျဲက လှည့်ကြည့်လိုက်သည်။
“မလုပ်ချင်ဘူး။ဒီနေ့ ဘာလို့ မနက်စာအရင်မပြင်ရမှာလဲ?" ချင်မျန်က အကြံပြုသည်။
လဲ့ယ်ထျဲသည် ထိုလူကို ကောက်ထူလိုက်ပြီး စောင်အတွင်းထဲမှ အတော်လေးနွေးထွေးနေသည့် အဝတ်များကိုယူကာ ချင်မျန်ပေါ် ပစ်တင်လိုက်သည်။
ချင်မျန်တစ်ယောက် သူ့အဝတ်အစားတွေကို စိတ်ပျက်လက်ပျက် ဝတ်နေရင်း အေးစက်စက်နဲ့ပြောလိုက်၏။ "ခင်ဗျား ကျွန်တော် အအေးမိမှာကို မစိုးရိမ်ဘူးလား!"
လဲ့ယ်ထျဲက မထုံတတ်ထေးဖြင့်။ “အအေးမိလွယ်တာမျိုးတွေ မဖြစ်စေချင်ရင် လေ့ကျင့်မှုမှာ ပိုအားစိုက်ပေးရမယ်။"
ချင်မျန်သည် လျင်မြန်စွာ ၀တ်ဆင်ပြီး ဆံပင်ကို ဖြီးပြီးနောက် မြှားကဲ့သို့ ပြေးထွက်သွားလေသည်။
ခင်ဗျားက ကျွန်တော်မပြေးနိုင်ဘူးလို့ ထင်နေတာလား?ခင်ဗျားကို ကျွန်တော်ပြေးနိုင်ကြောင်း ပြမယ်!
လဲ့ယ်ထျဲ ခြံတံခါးကို သော့ခတ်ပြီးနောက် လှည့်ကြည့်လိုက်တော့ ချင်မျန်ကိုပင် မမြင်ရတော့ချေ။မဆိုင်းမတွပင် ညာဘက်သို့ ပြေးလိုက်သွားခဲ့သည်။မကြာခင်မှာပဲ ချင်မျန်ရဲ့နောက်ကျောကို မြင်လိုက်ရပြီး သူ့ကို မှီသွားလေသည်။
ချင်မျန်သည် သူ့နောက်မှ ခြေသံများကို ကြားလိုက်သောအခါ အရှိန်မြင့်လိုက်၏။
လဲ့ယ်ထျဲလည်း အရှိန်ထပ်မြင့်သည်။ချင်မျန် သူ့အား တစ်ကျန်းအကွာအဝေးလောက်တွင် ချန်ခဲ့လိုက်သည်။
ချင်မျန် သူ့နှုတ်ခမ်းတွေကို ကွေးလိုက်ပြီး ပုံမှန်အရှိန်နဲ့ ရှေ့ကိုသာ ဆက်ပြေးနေခဲ့ပြီး သူနဲ့ မပြိုင်တော့ပေ။
ယခုအချိန်တွင် ရွာရှိလူတိုင်း ထလာကြ၏။ပြာများ ခြစ်ထုတ်သံ၊ တံခါးဖွင့်သံနှင့်အတူ စကားပြောဆိုသံများသည် အထူးသံစဉ်တစ်ခုလိုပင် ဖြစ်ပေါ်လာသည်။
ခြံတစ်ခြံ၏တံခါးဝကို ဖြတ်သွားသောအခါ ရေအင်တုံထဲက ရေများ သူ့ဆီ လွင့်ထွက်လာ၏။ချင်မျန် လျင်မြန်စွာ ရှောင်လိုက်ရသည်။
ခပ်ဝဝအန်တီတစ်ယောက်သည် အထိတ်တလန့်ဖြစ်ကာ ရှက်ကိုးရှက်ကန်းဖြင့် လက်ထဲတွင် ဗလာကျင်းနေသောအင်တုံကို ကိုင်ထားရင်း ပြောလိုက်၏။ “လဲ့ယ်ထျဲရဲ့ဇနီး အဒေါ် တောင်းပန်ပါတယ်ကွယ်။အဒေါ် တမင်တကာလုပ်တာ မဟုတ်ပါဘူး”
“ရပါတယ်။” ချင်မျန်သည် သူ့လက်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းပြကာ ဆက်ပြေးနေသည်။
ဆောင်းဦးလေညင်းလေးမှာ တိုက်ခတ်လာသည်နှင့်အမျှ အေးမြသောလေပြေသွေးသည် အထပ်ထပ်အခါခါ မမောမပန်း တိုက်ခတ်သွားကာ ညှိုးနွမ်းနေသော သစ်ရွက်ခြောက်များကို ကြွေကျသွားစေပြီး ထူထဲစွာဖြင့် မြေပြင်ပေါ်သို့ စုပုံသွားလျက် ခြေတစ်လှမ်း လှမ်းတိုင်း ရွှဲခနဲ အသံထွက်လာလေသည်။တစ်ခဏအကြာ ပြေးပြီးနောက် တစ်ကိုယ်လုံး ပူနွေးလာ၏။ချင်မျန်လည်း သူ့အရှိန်ကို နည်းနည်းထပ်မြှင့်လိုက်သည်။
ကျန်းတရွှေ၊ ဝူတိနှင့် လဲ့ယ်ရှန်းလီတို့သည် တစ်နည်းနည်းဖြင့် အတူရှိနေခဲ့ကြပုံပင်။သူတို့ ဤလမ်းအတိုင်းလျှောက်လာ၍ ချင်မျန်နှင့် လဲ့ယ်ထျဲကို မြင်သောအခါ လက်ပြနှုတ်ဆက်ကြသည်။
ကျန်းတရွှေက ပြောလိုက်သည်။ "ပြေးနေတုန်းပဲလား။ငါတို့ မင်းတို့ကိုပြောစရာရှိတယ်"
ချင်မျန်က သူ့အရှိန်ကို ထိန်းလိုက်သည်။သူ စကားပြောနေရင်း အသက်ရှုမငြိမ်မသက်ဖြစ်နေသည်။ "မနက်... ပြေးပြီးရင်... စကားပြောမယ်"
လဲ့ယ်ထျဲကတော့ ခပ်တည်တည်မျက်နှာထားဖြင့် သူ့နောက်ကနေ လိုက်ပြေးနေသည်။
"နေ့တိုင်း ဒီလိုပြေးနေကြတာလား?" လဲ့ယ်ရှန်းလီက ကျန်းတရွှေကို မေးလိုက်၏။
ကျန်းတရွှေက “ဟုတ်တယ်။ မိုးရွာတဲ့နေ့တွေကလွဲရင် မနက်တိုင်း ရွာတစ်ပတ်ပြေးကြတယ်”
ဝူတိသည် ရယ်ချင်ပက်ကျိ မျက်နှာထားဖြင့် ဝင်ပြောသည်။ “မရီးကတော့ ဒါကို မနက်ပိုင်း လေ့ကျင့်ခန်းလုပ်တယ်လို့ ပြောတာပဲ"
လဲ့ယ်ရှန်းလီသည် ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်သည်။အပြင်လူနှစ်ယောက်က သူ့အစ်ကိုအကြီးဆုံးနဲ့ အကြီးဆုံးမရီးအကြောင်းကို သူ့ထက် ပိုသိနေ၏။
“လာ....ဖြည်းဖြည်းလျှောက်ရအောင်။ငါတို့ ခြံအဝကို ရောက်ရင် သူတို့လည်း ပြီးလောက်ပြီ" ကျန်းတရွှေက ပြော၏။
သေချာတာပေါ့!သူတို့ သုံးယောက် ခြံတံခါးဆီကို ဖြည်းညှင်းစွာ ရောက်ရှိလာချိန်မှာတော့ ချင်မျန်နဲ့ လဲ့ယ်ထျဲတို့ တောအုပ်ငယ်လေးကနေ ထွက်လာခဲ့သည်။
လဲ့ယ်ထျဲ၏အသက်ရှုသံသည် တည်ငြိမ်သွားကာ လမ်းလျှောက်နေသလိုပင်။ချင်မျန်က မောဟိုက်နေသော်လည်း သူ့အရှိန်က တည်ငြိမ်နေသေးသည်။
“တံခါးဖွင့်” ချင်မျန်သည် လဲ့ယ်ထျဲပခုံးကို ရိုက်လိုက်သည်။လဲ့ယ်ထျဲက စကားပြန်မပြောဘဲ သော့ဖွင့်ဖို့ သော့ကို ထုတ်လိုက်သည်။
ကျန်းတရွှေနှင့် အခြားသူများ တိတ်တိတ်လေး အံ့သြမိသွားကြသည်။နှစ်ယောက်သား သီးသန့်အချိန်တွေမှာ ဒီလိုဆက်ဆံကြသည်ပေါ့။
ချင်မျန်က လဲ့ယ်ထျဲကို ပြင်းပြင်းထန်ထန် ရိုက်ပေမယ့်လည်း သူတို့နှစ်ယောက် ဘယ်လောက် ရင်းနှီးတယ်ဆိုတာ ပြောနိုင်၏။
"မင်းတို့သုံးယောက်က ဘယ်လိုဖြစ်လို့ရောက်လာရတာလဲ။ဘာကိစ္စမို့တုန်း?" ချင်မျန်က မေးသည်။
ကျန်းတရွှေက စကားပြောရန် အချိန်မရသေးမီ လဲ့ယ်ထျဲက ရေတွင်းထဲက ရေကို လှမ်းခပ်ရင်း လက်ကိုဆေးပြီးနောက် ချင်မျန်ကို လှမ်းမေးလိုက်သည်။ “ချင်းဇီ...မနက်စာ ဘာစားချင်လဲ?”
“ထမင်းပဲလေ။ခေါက်ဆွဲကို အရမ်းမကြိုက်ဘူးဆိုတာ ခင်ဗျား မသိဘူးလား။မေးနေရသေးတယ်?" ချင်မျန်သည် သူချွေးတွေကို သုတ်ရန်အတွက် ဝါးတိုင်ပေါ်ရှိ သဘက်ကို ယူလိုက်သည်။
"ကိုယ် သိပါတယ်။ဟင်းပွဲကကော ဘာနဲ့စားမလဲ?"
ချင်မျန် ထိုအကြောင်းအား စဥ်းစားနေလိုက်သည်။ “ဂေါ်ဖီထုပ်တစ်ဝက်၊ မုန်လာဥ ၃ လုံးနှင့် ဝက်နံရိုးသုံးချောင်းလောက် ပြင်ထား ”
လဲ့ယ်ထျဲသည် မီးဖိုချောင်ဘက်သို့ လျှောက်သွားကာ ကျန်းတရွှေ နှင့် အခြားလူများကို တစ်ချက်ကြည့်လိုက်ပြီး "ငါ့မိန်းမကိုပဲပြောလိုက်"
Advertisement
"အစ်ကိုကြီးက ဟင်းချက်နေတာလား?" လဲ့ယ်ရှန်းလီက နားမလည်စွာ မေးလိုက်သည်။
ကျန်းတရွှေနှင့် ဝူတိတို့လည်း အံ့သြသွားကြသည်။
ချင်မျန်လည်း သတိပြန်ဝင်လာပြီး "မဟုတ်ဘူး၊သူက ဆန်နဲ့ ဟင်းသီးဟင်းရွက်တွေကို ဆေးပေးတယ်။သူ့အသားအရေက ထူလို့ အအေးကို မကြောက်ဘူးလေ။ ဟားဟား...။"
ကျန်းတရွှေနှင့် အခြားလူများက စကားမပြောမိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။ချင်မျန်နဲ့ လဲ့ယ်ထျဲတို့ရဲ့ ယောကျ်ားမောင်နှံဘဝအကြောင်း အနည်းငယ် ပိုသိလာကြသလို။
ချင်မျန်က သူတို့ကို ဧည့်ခန်းထဲမှာ ထိုင်ခိုင်းလိုက်သည်။
"မင်းတို့ လာရင်းကိစ္စကို မပြောရသေးဘူးလားလို့"
လဲ့ယ်ရှန်းလီသည် ဆက်တီပေါ်တွင်ထိုင်လိုက်တော့ နူးညံ့ပျော့ပြောင်းမှုကို ခံစားလိုက်ရသည်။
ကျန်းတရွှေက စပြောလိုက်၏။ "တကယ်တော့ ငါတို့က ထျဲဇီကိုရှာဖို့ ဒီကိုရောက်နေတာ။ငါတို့ သုံးယောက် တောင်ပေါ်ကို အမဲလိုက်သွားချင်တယ် ဒါဆိုရင် နှစ်သစ်ကူးကာလမှာ ဟင်းပွဲတွေ အများကြီးစားနိုင်မယ်လေ။ထျဲဇီက အတွေ့အကြုံအရှိဆုံး မုဆိုးတစ်ယောက်မို့လို့ သူ့ကို ခေါ်သွားချင်တယ်။”
တကယ်တော့ ယင်းကိစ္စကို ဝူတိက အဆိုပြုခဲ့ခြင်းသာ။သူသည် လဲ့ယ်ထျဲ နှင့် ချင်မျန်တို့နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသော်လည်း ကျန်းတရွှေ နှင့် လဲ့ယ်ထျဲကဲ့သို့မျိုးတော့ သူနဲ့ မရင်းနှီးပေ။သူ ကျန်းတရွှေကိုခေါ်ပြီး အိမ်ဟောင်းကနေ ဖြတ်သွားတော့ အိမ်မှာ လဲ့ယ်ရှန်းလီကိုလည်း တွေ့တာကြောင့် သူ့ကိုလည်း ခေါ်လာခဲ့ခြင်းသာ။
ဝူတိသည် မီးဖိုခန်းတံခါးဝတွင် ရပ်ကာ အတွင်းကို စပ်စပ်စုစုဖြင့် ကြည့်လိုက်သည်။လဲ့ယ်ထျဲတစ်ယောက် တကယ်ကြီး ဆန်ဆေးနေသည်ကိုတွေ့လိုက်ရတော့ သူ အံ့သြသွားသည်။သူ ချင်မျန်ကိုလေးစားစွာ ကြည့်နေပြီးနောက် ပြန်ထိုင်လိုက်သည်။
"ကြားလား?သူတို့က ထျဲကောကို အမဲလိုက်ဖို့ ခေါ်နေတာ"
ချင်မျန်က မီးဖိုချောင်ဘက်ကို လှမ်းအော်လိုက်သည်။
မီးဖိုချောင်ထဲက လဲ့ယ်ထျဲရဲ့အသံ ထွက်လာသည်။ “ကြားတယ်။မနက်စာစားပြီးမှ သွားမယ်။"
“ကျွန်တော်လည်း လိုက်မယ်နော်။” ချင်မျန်သည်လည်း အိမ်တွင်နေရတာပျင်းရိငြီးငွေ့နေပြီ။
“အင်း။”
ချင်မျန် ရယ်မောလိုက်ပြီး လဲ့ယ်ရှန်းလီကို မေးလိုက်သည်။ "စတုတ္ထညီရော... ဒီနေ့ စွပ်ပြုတ်မရောင်းဘူးလား?"
လဲ့ယ်ရှန်းလီက “မနေ့ကပဲ မြစ်ကို သောင်တူးတဲ့ လုပ်ငန်းက ပြီးသွားပြီလေ။အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ မရီးကို ကျေးဇူးအများကြီးတင်ချင်ပါတယ်။ဒီတစ်ခါ ပိုက်ဆံတွေအများကြီးရခဲ့တယ်”
ဟုတ်ပါတယ်။ဒီမှာထိုင်နေတဲ့သူတွေက သူတို့ဝင်ငွေဘယ်လောက်ရလဲလို့ မေးမှာမဟုတ်ဘူး။ချင်မျန် ခပ်ဖျော့ဖျော့ ပြုံးပြီးပြောလိုက်သည်။
"ကိစ္စကြီး မဟုတ်ပါဘူး။တတိယညီ၊ ပဉ္စမညီ၊ ညီမငယ်တို့ကလည်း ငါတို့ကို အများကြီးကူညီခဲ့တယ်။အဲဒါကို ငါတို့ စိတ်ထဲမှာ မှတ်ထားပါတယ်။”
လဲ့ယ်ရှန်းလီသည် သူ့စကားလုံးများ၏အဓိပ္ပါယ်ကို နားလည်၏။သူ ပြုံးပြကာ မည်သည်မျှတော့ မပြောတော့ပေ။
ဝူတိက ပြော၏။ "မနက်စာစားပြီးမှ အစ်ကိုလဲ့ယ်အိမ်ကို ပြန်လာကြတာပေါ့။"သုံးယောက်သား အတူထွက်ခွာသွားကြသည်။
ချင်မျန်သည် ဂေါ်ဖီထုပ်ချဥ်စပ်နှင့် ဝက်နံရိုးနှင့်မုန်လာဥကို စတူးအနေနဲ့ ချက်ထားသည်။မနက်စာစားပြီးသောအခါ လဲ့ယ်ထျဲက သူ့ရတနာလေးဖြစ်သည့် လေးကို သုတ်နေပြီး မြှား 20 ကို ကျည်တောက်ထဲသို့ ထည့်လိုက်သည်။
ချင်မျန်ကတော့ သူ့ဦးထုပ်ကို ဆောင်းပြီး ပဝါပတ်ကာ သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ခဏအကြာတွင် လဲ့ယ်ရှန်းလီ နှင့် အခြားနှစ်ယောက်ရောက်လာပြီး လေးတစ်ခုစီနှင့် ခြင်းတောင်းတစ်လုံးစီကို ကျောတွင်ထမ်းထားကြသည်။သူတို့ငါးယောက်သား တောင်နောက်ဘက်သို့ လမ်းလျှောက်ရင်း လွတ်လွတ်လပ်လပ် ရယ်မောကာ စကားစမြည်ပြောနေကြသည်။လက်ဗလာဖြစ်နေသူမှာတော့ ချင်မျန်သာ။
ကျန်းတရွှေနှင့် အခြားနှစ်ယောက်သည်လည်း ချင်မျန်က အပျော်သဘောဖြင့်သာ လိုက်ပါလာခဲ့ကြောင်း ကောင်းကောင်းသိသည်။
တောင်ပေါ်သို့ရောက်လာတော့ အနည်းငယ်သော အသိစိတ်ဖြင့် သတိကပ်လိုက်ကြကာ ငြိမ်သက်သွားကြသည်။အတန်ကြာအောင် သစ်ရွက်ခြောက်များ သို့မဟုတ် အကိုင်းအခက်များကို ခြေဖြင့်နင်းသော အသံကိုသာ ကြားရသည်။
ကျန်းတရွှေသည် ရှေ့တွင်ရှိပြီး ချင်မျန်နှင့် လဲ့ယ်ထျဲတို့က အနောက်တွင် ရှိနေသည်။ကျန်းတရွှေ၊ ဝူတိ နှင့် လဲ့ယ်ရှန်းလီတို့က အတွေ့အကြုံရှိသော မုဆိုးများမဟုတ်ကြဘဲ သူတို့၏လေးပစ်စွမ်းရည်မှာ ပျမ်းမျှသာဖြစ်သည်။ချင်မျန် နှင့် လဲ့ယ်ထျဲတို့က သူတို့ကို အခွင့်အရေးများ ပိုမိုပေးနိုင်ရန် ရည်ရွယ်ထား၏။
တောထဲ၌ ရစ်ငှက်များနှင့် တောယုန်များသာ အတွေ့အများဆုံးဖြစ်ကာ မကြာခင်မှာပဲ ကျန်းတရွှေတစ်ယောက် မြက်ခင်းပြင်မှာ အကောင်ကြီးကြီး ရစ်ဌက်တစ်ကောင် ထိုးဆွနေသည်ကို တွေ့လိုက်ရ၏။သူ ရပ်လိုက်ပြီး လဲ့ယ်ရှန်းလီနှင့် ဝူတိကို လက်ပြလိုက်သည်။လဲ့ယ်ရှန်းလီ နှင့် ဝူတိတို့သည် အခြားလမ်းကြောင်းနှစ်ခုဆီသို့ တိုးဝင်သွားပြီး လူသုံးယောက်သား ငှက်တစ်ကောင်ကို တြိဂံပုံစံတစ်ခုလို ဝိုင်းထားလိုက်၏။
ကျန်းတရွှေသည် မြှားတစ်စင်းကို ထုတ်၍ ငှက်ကို ချိန်ရွယ်ကာ လေးကို ဆွဲလိုက်သည်။မြှားသည် ငှက်၏အမွေးအစွန်းကိုဖြတ်၍ ခြောက်သွေ့နေသော မြက်ပင်များကြားသို့ ထိုးစိုက်သွား၏။
ငှက်မှာ ထိတ်လန့်သွားကာ အတောင်တွေကို ဖြန့်ပြီး ထွက်ပြေးသွားသည်။
"အာ... အရမ်းဆိုးတာပဲ!" ဝူတိသည် အလွန်စိတ်ပျက်သွား၏။စိတ်ဓာတ်ကျနေတဲ့အခိုက်အတန့်မှာပဲ ထိုရစ်ငှက်ကြီးရောက်သွားတဲ့နေရာကို ခန့်မှန်းပြီး လက်ကိုဆန့်ကာ ခုန်တက်သွား၏။
ငှက်က သူ့ကို လက်ဗလာနဲ့ ဖမ်းဖို့ တစ်စုံတစ်ယောက် ကြိုးစားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။အကျပ်အတည်းတစ်ခု၏အလယ်တွင် ကြီးမားသောအရှိန်နှင့်အတူ ဝုန်းဒိုင်းကြဲနေခဲ့သည်(ရုန်းရင်းဆန်ခတ်ဖြစ်)။သစ်ပင်၏ပင်စည်ပေါ် ခြေသည်းနှစ်ချောင်းဖြင့် ကပ်တွယ်ကာ ၎င်း၏ခန္ဓာကိုယ်ကို လှည့်ပတ်ပြီး အတောင်ပံခတ်ကာ အခြားတစ်နေရာသို့ ပျံသန်းသွားခဲ့သည်။
ဝူတိသည် မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားခဲ့၏။
ဤအချိန်တွင် "ဝှစ်ချ်" ဟူသော အသံနှင့်အတူ မြှားတစ်စင်းက ထိုငှက်ကို တိကျစွာ ထိမှန်သွားလေသည်။ရစ်ငှက်ကြီး သေသွားပြီး မြေပေါ်ကျသွား၏။
ဝူတိ အနောက်ကိုကြည့်လိုက်တော့ လဲ့ယ်ထျဲက သူ့လက်တွေကို ချနှင့်လိုက်ပြီ။ခုနက မြှားက သူ့ ပစ်လိုက်ခြင်းသာ။ချင်မျန်၊ လဲ့ယ်ရှန်းလီ နှင့် ကျန်းတရွှေတို့သည် ဝူတိ၏ရှက်ရွံ့နေသောအကြည့်ကိုမြင်လိုက်ရသောအခါ အားလုံးက ရယ်ကြတော့သည်။
Advertisement
ဝူတိ၏မျက်နှာကား နီရဲလာပြီး မြေပြင်မှ အမြန်ထလိုက်သည်။
ကျန်းတရွှေက ဆက်လက်ရယ်မောနေရင်း "ဝူတိ... ငါတို့က အမဲလိုက်ဖို့နော် ကြက်မဖမ်းဖို့ မဟုတ်ဘူး... ဟားဟား....."
"ကျွန်တော် ခဏတာ စိတ်လွတ်သွားတာပဲ" ဝူတိသည် သူ့ခန္ဓာကိုယ်ပေါ်မှ မြက်ပင်များကို ခါချလိုက်သည်။
ချင်မျန်က ရစ်ငှက်ကို ကောက်ယူပြီး ဝူတိ၏ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။
ဝူတိသည် ထိုငှက်ကို အမြန်ဆွဲပြန်ထုတ်လိုက်ပြီး "မဟုတ်ဘူး၊ အဲဒါ အစ်ကိုထျဲရဲ့ သားကောင်ပဲလေ"
ချင်မျန်က ထိုငှက်ကို သူ့ခြင်းတောင်းထဲကို ပြန်ထည့်ပေးလိုက်ပြီး “ယူသွားလိုက်ပါ။ဒါကို သူ ဂရုမစိုက်ဘူး။"
“မဟုတ်ဘူး။ဒါက အစ်ကိုထျဲ ဖမ်းလိုက်တဲ့အတွက် မရီး ပိုင်တယ်။တောင်ပေါ်ကနေဆင်းလို့ ဘာမှဖမ်းလို့မရခဲ့ဘူးဆိုရင် အစ်ကိုထျဲဆီက တောင်းလိုက်ပါ့မယ်။အခုတော့ မရီးအတွက် ဒီဟာကို ခေတ္တသိမ်းထားပေးပါ့မယ်"
ချင်မျန် ခေါင်းညိတ်ပြရုံမှတပါး ရွေးချယ်စရာမရှိပေ။
သူတို့ လျှောက်လာရင်း နောက်ထပ် ငှက်နှစ်ကောင်ကို တွေ့လိုက်ရ၏။ကံမကောင်းစွာဖြင့် ကျန်းတရွှေ၊ လဲ့ယ်ရှန်းလီ နှင့် ဝူတိတို့ လွတ်သွားခဲ့ပြန်သည်။လဲ့ယ်ထျဲက သူတို့ကို သင်ပေးဖို့ အစပြုသည်မှာ ရှား၏။
ဒါပေမယ့်လည်း ကျန်းတရွှေ၊ လဲ့ယ်ရှန်းလီ နှင့် ဝူတိတို့ကို သင်ကြားပေးခဲ့သည်ဟု ယူဆနိုင်သည်။လဲ့ယ်ရှန်းလီက ရစ်ငှက်တစ်ကောင်နှင့် ယုန်တစ်ကောင်ကို ပစ်နိုင်ခဲ့သည်။ကျန်းတရွှေ နှင့် ဝူတိတို့သည် ငှက်တစ်ကောင်စီ အမဲလိုက်နိုင်ခဲ့ကြသည်။
လဲ့ယ်ထျဲကတော့ ကံအကောင်းဆုံးပင်။သူသည်ကား ရစ်ငှက်နှစ်ကောင်နှင့် တော်ပေါ်ခါဌက်တစ်ကောင်ကို ရခဲ့သည်။
"ကျွန်တော်လည်း စမ်းကြည့်ချင်တယ်" သူတို့ကိုကြည့်ရင်း ချင်မျန်၏လက်များသည်လည်း ယားလာပြီး သူ့လက်က လဲ့ယ်ထျဲဆီသို့ ရောက်ရှိလာသည်။လဲ့ယ်ထျဲက ရှင်းပြ၏။ "ဒါက တန်တစ်ရာအင်အားရှိတယ်..မင်းဆွဲလို့မရဘူး။"
[10000 kg]
ချင်မျန်က စိတ်တိုသွားပြီး "မကြိုးစားဘဲ ဘယ်လိုလုပ်သိမှာလဲ?"
လဲယ်ထျဲ လေးကို ပေးရုံကလွဲလို့ ရွေးစရာမရှိတော့ပေ။
"........"
ချင်မျန်သည် လဲ့ယ်ထျဲကျောပေါ်မှ မြှားတစ်စင်းကို ဆွဲထုတ်ပြီး တပ်ဆင်လိုက်သည်။လဲ့ယ်ထျဲ၏ကိုယ်ဟန်အနေအထားအတိုင်း သင်ယူရင်း မြေပြင်ပေါ်ရှိ သစ်ရွက်တစ်ရွက်ကို ချိန်ရွယ်ကာ လေးညှို့ကို ဆွဲထုတ်လိုက်သည်။လေးကြိုးကဖြင့် တုပ်တုပ်မလှုပ်။ချင်မျန်သည် စိတ်ထဲမှာတော့ "နည်းနည်းလေးတောင် မနီးစပ်ဘူး” ဟု ပြောပြီး တခြားလူတွေကို လှမ်းချောင်းကြည့်၏။
ကျန်းတရွှေ နှင့် အခြားနှစ်ယောက်စလုံးက ခေါင်းကို ချက်ချင်းလှည့်ကာ အဝေးသို့ လှမ်းမျှော်ကြည့်ကြသည်။သို့သော် ချင်မျန်ကတော့ သူတို့ ရယ်မောနေသည်ကို မြင်လိုက်ရသည်။သူ မျက်နှာထားတည်တည်နဲ့ ပြောလိုက်ကာ "ဘာရယ်တာလဲ?မင်းတို့ရော ဆွဲနိုင်လို့လား?"
လဲ့ယ်ထျဲက သူ့ပခုံးနားကပ်ပြီး တိုးတိုးလေးပြောသည်။ "နောက်နေ့ကျရင် ကိုယ် မင်းအတွက် လေး လုပ်ပေးမယ်"
_______________________________
060: အနက်ရောင် ဝံပုလွေပေါက်လေး
"ငါ ကြိုးစားကြည့်မယ်။" ကျန်းတရွှေသည် သူ့ခွန်အားကတော့ အားပျော့လှသည်မဟုတ်ကြောင်း ယုံကြည်ကာ ယှဉ်ပြိုင်လိုမှုကို ခံစားခဲ့ရသည်။သူ ရှေ့သို့ လှမ်းတက်ပြီး ချင်မျန်၏လက်ထဲမှ ခိုင်ခံ့သောလေးအား ကိုင်ကာ သူ့လက်များကို ခွန်အားရှိသမျှ ထုတ်လိုက်ပြီးနောက် ခေါင်းကို တည်ငြိမ်စွာ ခါယမ်းကာ ပြောလိုက်၏၊ “မရဘူး”
လဲ့ယ်ရှန်းလီနှင့် ဝူတိတို့သည်လည်း စူးစမ်းလိုစိတ်ဖြင့် ကြိုးစားခဲ့ကြသော်ငြား သူတို့သည်လည်း ၎င်းကို မဆွဲနိုင်ကြပေ။လဲ့ယ်ထျဲ၏ခွန်အားကိုချီးကျူးမိကြတော့သည်။
"တွေ့လား?"ချင်မျန်က ကျေနပ်စွာပြောပြီး သူ့ခါးကို တည့်မတ်လိုက်ပြန်သည်။
လဲ့ယ်ရှန်းလီသည် သူ့ကိုယ်ပိုင်လေးနှင့်မြှားကို ပေးလိုက်ပြီး “မရီး ကျွန်တော့်ရဲ့ လေးမြှားကို သုံးချင်လား?” လဲ့ယ်ထျဲ၏သန်မာသောလေးသည် တောဝက်များ၊ ဝက်ဝံများ၊ ကျားများနှင့် အခြားတိရစ္ဆာန်ကြီးများကို အမဲလိုက်နိုင်၏။သူ့ရဲ့လေးကတော့ ငှက်များနှင့် ယုန်များကဲ့သို့သော သေးငယ်သောအကောင်များကိုသာ ပစ်နိုင်၏။
လဲယ်ထျဲက သူ့ကိုတစ်ချက်ကြည့်ကာ လက်ကိုဆန့်ပြီး နောက်သို့ပြန်တွန်းပေးလိုက်သည်။သူ ချင်မျန်ကို ပြောလိုက်၏။ "မင်း သင်ပြီးရင် ဒီကို ထပ်ခေါ်လာခဲ့ပေးမယ်"
ချင်မျန်က ဝမ်းသာအားရ ခေါင်းညိတ်ပြီး "ကောင်းပြီလေ"
လူအနည်းငယ်တို့သည် တောင်ပေါ်သို့ ဆက်တက်ကြသည်။ရုတ်တရက် ခပ်ကျယ်ကျယ် အသံတစ်ခုကို ကြားလိုက်ရသည်။
လဲ့ယ်ထျဲနှင့် ကျန်းတရွှေတို့သည် လေးနှင့်မြှားများကို သတိဖြင့် မြှောက်လိုက်ကြသည်။
သူတို့ရှေ့က ချုံပုတ်တွေတွန်းဖယ်ခံလိုက်ရချိန်တွင် မီးခိုးရောင်အဝတ်အစားဝတ်ထားသည့် လူငယ်တစ်ယောက်က လေးတစ်ချောင်းကိုင်ပြီး ထွက်လာကာ သူတို့ကို မြင်တော့ အံ့ဩသွားကြ၏။
သူ ဘေးသို့ရှောင်ဖယ်ပေးလိုက်ပြီး နောက်လူတစ်ယောက် ထပ်ထွက်လာသည်။ကျောပေါ်၌ လေးမြှားသယ်ဆောင်ထားသော လူငယ်တစ်ဦးသည် အဖြူရောင် အမဲလိုက်ဝတ်စုံကို ၀တ်ဆင်ထားပြီး ၎င်း၏ ကော်လံပေါ်တွင် မြေခွေးသားမွေး၊ အဝတ်ချုပ်ရိုးမှ ငွေချည်၊ ခါးမှ ချိတ်ဆွဲထားသော အဖြူရောင်ကျောက်စိမ်းကို ဆင်ယင်ထားသည်။သူ့ရဲ့ အလုံးစုံ မြင့်မြတ်သောအသွင်အပြင်နှင့် သူ့မျက်နှာမှာ အနည်းငယ် မာနထောင်လွှားနေပုံရသည်။
သူ့နောက်တွင် လေးထောင့်ပုံစံ မျက်နှာထားနှင့်လူသည် ပထမထွက်လာသူနှင့် တူညီသောအဝတ်အစားကို ၀တ်ဆင်ထားသည်။ဤမီးခိုးရောင်၀တ်စုံဝတ်ထားသည့် နှစ်ဦးသည် အဖြူရောင်ဝတ်စုံ ဝတ်ထားသည့်လူငယ်၏အစေခံများ ဖြစ်သည်မှာ ထင်ရှား၏။
နှစ်ဖက်လုံးက တစ်ယောက်နဲ့တစ်ယောက် မသိကြတဲ့အတွက် မျက်လုံးချင်းဆုံပြီး ဖြတ်သွားရုံပါပဲ။
သို့သော် ချင်မျန်သည် နောက်ဆုံးလမ်းလျှောက်လာသူ၏ခြင်းတောင်းထဲမှ ထွက်လာသော ဝမ်းနည်းမှုနှင့် ဒေါသတစ်ဖြစ်ညည်းသံကို ရုတ်တရက်ကြားလိုက်ရသည်။သူ့နှလုံးသားထဲတွင် ဖော်မပြနိုင်သော လေးလံမှုကြီးတစ်ရပ်ကို ခံစားလိုက်ရ၏။သူ့ ခြေလှမ်းများ ရပ်တန့်သွားပြီးနောက် ရယ်မောလျက် ခေါင်းခါလိုက်သည်။
ခြင်းတောင်းထဲမှာ ရှိနေတာက သူတို့ရဲ့ သားကောင်ဖြစ်ရမယ်။အားနည်းရင် သန်မာသူရဲ့ သားကောင်ဖြစ်ရမှာ သဘာဝတရားပဲမဟုတ်ဘူးလား?
"ဘာဖြစ်လို့လဲ?" လဲ့ယ်ထျဲက သူ့လက်ကို ကိုင်လိုက်သည်။
ချင်မျန်က သူ့ခေါင်းကို ခါလိုက်ပြီး ဖြေလိုက်၏။ "ဘာမှမဖြစ်ပါဘူး"
ထိုအချိန်တွင် အနောက်ဘက်မှ လေးလံသော အရာဝတ္တုတစ်ခု ပြုတ်ကျသွားသည့်အသံထွက်လာသည်။
ချင်မျန် နောက်ပြန်လှည့်ကြည့်လိုက်၏။မြေကြီးပေါ်တွင် အနက်ရောင်သားကောင်သည် ခြေလက်များနှင့် ပါးစပ်ကို ကြိုးများဖြင့် ချည်နှောင်ထားခံရပြီးအသည်းအသန် ရုန်းကန်နေရသည်။သားကောင်မှာ ဖမ်းချုပ်ခံရဖို့ မလိုလားမှန်း သိသာ၏။ဒီလို ချည်နှောင်ထားခံရတာတောင် ခြင်းတောင်းထဲက ခုန်ထွက်လာနိုင်တယ်ပေါ့။
အဖြူရောင်ဝတ်စုံ ဝတ်ထားသည့်လူက ပြန်လှည့်ကြည့်၏။သူ အံ့အားသင့်သွားပြီးနောက်တွင် လက်ခုပ်ထတီးကာ ပြုံးလျက် ပြောလိုက်သည်။ “ကောင်းတယ်! ပိုအားကောင်းလေလေ၊ အဲဒါကို ယဉ်ပါးအောင်လုပ်ဖို့ ပိုတက်ကြွလေပဲ!"
လေးထောင့်မျက်နှာဖြင့်အစောင့်က သားကောင်ကို ဖမ်းဖို့ ပြေး၏။တစ်ဖန် ထိုအရာသည် ၎င်း၏ခန္ဓာကိုယ်ကို တွန့်လိမ်ရန် ခွန်အားအပြည့်ကို အသုံးချကာ ခေါင်းကိုလှည့်ပြီး ချင်မျန်ကို သိနေသည့်အတိုင်း ကြည့်လိုက်လေသည်။
ချင်မျန် အနီးကပ်ကြည့်မိတော့ အံ့သြသွား၏။သားကောင်က အနက်ရောင် အမွေးတွေပါတဲ့ ခွေးတစ်ကောင်ဖြစ်ပြီး နားနှစ်ဖက် အလယ်မှာ အဖြူရောင် အမွေးအမှင်လေးတွေပါကာ ဖြူဖွေးနေတဲ့ အစက်အပြောက် အဖြူကွက်လိုမျိုးရှိနေ၏။အရင်ဘဝက သူကယ်ခဲ့တဲ့ ခွေးနက်နဲ့ ထပ်တူပါပဲ။တစ်ခုတည်းသော ကွာခြားချက်မှာ ဤခွေးသည် ထိုအချိန်က ခွေးထက် သေးငယ်ပြီး အရွယ်ရောက်ပြီးသော ကြောင်ထက် အနည်းငယ်သာ ကြီးသည်။
အံ့အားသင့်သွားပြီးနောက် ခွေးကို အပြေးအလွှား ပြေးသယ်ဖို့လာခဲ့သည်။ခွေးလေးကလည်း ထူးဆန်းလေ၏။သူ့ကို မကြောက်ရုံတင်မကဘဲ သူ့ဘေးမှာ လူးလိမ့်နေသည်။ချင်မျန် ကောက်ပွေ့လိုက်၏။ခွေးနက်ကြီးက သူ့ရင်ခွင်ထဲ ရောက်သွားသည်နှင့် တပြိုင်နက် ထူးထူးခြားခြား ငြိမ်သက်သွားကာ အဖြူရောင်ဝတ်ထားသော အမျိုးသားနှင့် သူ၏အစေခံများကို ပမာမခန့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ခဏလောက်တော့ လူတိုင်း အံ့အားသင့်သွား၏။လေးထောင့်မျက်နှာဖြင့် လူက ဦးစွာတုံ့ပြန်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်လေသည်။ “မင်း ဘာလုပ်နေတယ်လို့ ထင်နေတာလဲ?”
လဲ့ယ်ထျဲက ချင်မျန်ဘက်သို့ ခြေလှမ်းကြီးများဖြင့် လျှောက်လာကာ သူ့ပခုံးကိုဖက်ပြီး ထိုအမှုထမ်းကို အေးစက်စွာ ကြည့်နေလေသည်။
ကျန်းတရွှေ၊ လဲ့ယ်ရှန်းလီ နှင့်ဝူတိတို့လည်း တုန်လှုပ်ချောက်ချားစရာဟု ခံစားမိသော်လည်း မကြောက်ကြပေ။သူတို့လည်း ရောက်လာပြီး ချင်မျန်နှင့် လဲ့ယ်ထျဲတို့နှင့်အတူ ကပ်ရပ်လိုက်သည်။
အဖြူရောင် ဝတ်စုံဝတ်ထားသည့်လူ၏မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။သူ ချင်မျန်ကို ဆိုးဆိုးဝါးဝါးအကြည့်ဖြင့် စိုက်ကြည့်နေ၏။
ချင်မျန်ကလည်း ကိစ္စရပ်တွေက ကိုင်တွယ်ရမလွယ်မှန်း သိပေမယ့်လည်း ခွေးနက်ကို လက်မလွှတ်နိုင်ပေ။သူသည် အဖြူရောင်၀တ်စုံဝတ်ထားသည့်လူကို တောင်းဆိုနေသောအမူအယာဖြင့် ရိုးသားစွာ ကြည့်ကာ “ဒီကသခင်လေး...ကျွန်တော်ရဲ့ရိုင်းပြမှုအတွက် တောင်းပန်ပါတယ်။ဒါပေမယ့် သခင်လေး မြင်တဲ့အတိုင်း ဒီခွေးက ကျွန်တော်ကို သိပါတယ်။အမှန်အတိုင်းပြောရရင် တစ်ချိန်က သူ ကျွန်တော့်ကို ကယ်တင်ပေးခဲ့ဖူးတယ်။ကျွန်တော် အဲဒါကို ပြန်ပြီးပေးဆပ်ချင်ပါတယ်။သခင်လေး စျေးနှုန်းတစ်ခု သတ်မှတ်ပေးနိုင်မလား။"
အဖြူရောင် ဝတ်စုံဝတ်ထားသည့်အမျိုးသား၏ အမူအရာမှာ အေးစက်နေပြီး ဘာမျှပြန်မပြောဘဲ သူ့မျက်လုံးတွေကို မှိတ်ထားလိုက်သည်။မျက်နှာလေးထောင့်ဖြင့်အစောင့်က အေးစက်စွာ အော်ဟစ်လိုက်ပြီး "ငါတို့ သခင်လေးက ပိုက်ဆံမရှိလို့ ဖမ်းထားတယ်လို့ ထင်နေတာလား။အမြန်ချလိုက်။မဟုတ်ရင် ငါတို့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့။"
ချင်မျန် မျက်မှောင်ကြုတ်ကာ တိုက်ပွဲဆက်ဝင်ဖို့ ကြိုးစားလိုက်သည်။ "ထင်ထားတဲ့အတိုင်း သခင်လေးက ပိုက်ဆံမလိုဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ဒီခွေးကလည်း သခင်လေးအတွက် သားကောင်တစ်ကောင်ပဲလေ။ကျွန်တော်တို့ နောက်ထပ် သားကောင်အချို့ကို လိုက်လံရှာဖွေပြီးရင် သားကောင်အားလုံးကို ဒီတစ်ကောင်နဲ့ လဲလှယ်လိုပါသလား။ဘယ်လို သဘောရလဲ?"
အခြားတစ်ဦးသည် သူမျက်ဆံတွေကိုလှန်ကာ စိတ်မရှည်စွာပြောလိုက်သည်– “မင်းတို့လို တောကကောင်က ဘာသိမှာလဲ။ဒါက ရှားပါးတဲ့ တိရိစ္ဆာန်မျိုး။ငါတို့ သခင်လေးက ဒီကောင်ကို ဖမ်းမိဖို့ သုံးရက်လောက် ဖမ်းလာရတာ။အဲဒီကောင်ကို ဖမ်းပြီးရင် ထိန်းကြောင်းဖို့ပဲ။အခြားသားကောင်တွေနဲ ယှဉ်လို့မရဘူး။တော်ပြီ။မင်းနဲ့ စကားပြောဖို့ မလိုအပ်တော့ဘူး။မြန်မြန်ချလိုက်။"
မျက်နှာလေးထောင့်ဖြင့် အစောင့်က စူးစူးဝါးဝါးကြည့်ကာ ပြောလိုက်၏။ “မချသေးဘူးလား။မင်းက ငါတို့ကို တကယ် လှုပ်ရှားစေချင်တာလား?"
အခြေအနေဆိုးတွေဆီ ဦးတည်သွားတာကိုမြင်တော့ ကျန်းတရွှေက ချင်မျန်ကို အသံတိုးတိုးနဲ့ အကြံပေးခဲ့သည်။ "ဒီလူတွေက မရိုးရှင်းဘူး။ငါတို့လို သာမာန်လူတွေက သူတို့ကို ရန်စဖို့ မဖြစ်နိုင်ဘူးလေ။”
ချင်မျန်၏နှလုံးသားမှာ လေးပင်သွားသည်။ခဏနေတော့ သူ ဘာမျှမတွေးနိုင်ဖြစ်သွားပြီး လဲ့ယ်ထျဲကို ကူကယ်ရာမဲ့ ကြည့်လိုက်သည်။
လဲ့ယ်ထျဲက သူ့ကို စိတ်ချလက်ချဖြစ်စေရန် အကြည့်တစ်ချက်ပေးလိုက်ပြီး ညာဖက်လက်ဖဝါးဖြင့် ပခုံးကိုပုတ်ပေးပြီးနောက် ထလိုက်သည်။သူ့အိတ်ထဲက အစိမ်းရောင် ကြွေပုလင်းသေးသေးလေးကို ထုတ်ယူပြီး အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသားဆီ လှမ်းသွားလိုက်၏။
အခုမှပဲ အဖြူရောင် ဝတ်စုံဝတ်ထားတဲ့ အမျိုးသားက မျက်နှာမှာ အမာရွတ်တွေနဲ့ထိုယောက်ျားကို ကြည့်လိုက်တော့သည်။သူ၏ပင်ကိုယ်စိတ်အရ သူ့က သာမန်လူမဟုတ်ကြောင်း သိနေသလို။
“ချင်းလီဆေးအကြောင်းကို ကြားဖူးလား?" လဲ့ယ်ထျဲက မေးသည်။
မူလ၌ ပင်စည်ကိုမှီနေသော ထိုအမျိုးသားသည် ယင်းစကားကြားသောအခါ အနည်းငယ် လှုပ်သွားပြီး မတ်မတ်ရပ်လိုက်သည်။သူ့မျက်လုံးထဲ၌ သံသယအကြည့်များ ပေါ်လာ၏။
"ချင်းလီဆေးဆိုတာက ထူးဆန်းတဲ့ အဆိပ်မှန်သမျှကို ဖြေရှင်းပေးနိုင်တဲ့ ဒဏ္ဍာရီလာ ဆေးလုံးဖြစ်ပြီး လူတွေကတော့ နတ်ဘုရားဆေးလို့ ခေါ်ကြတယ်။ဒီလိုဆေးမျိုးက ဒီကမ္ဘာမှာ တကယ်ရှိလို့လား?"
ချင်မျန် အံ့သြသွားသည်။သူ အမြန်သွားကာ လဲ့ယ်ထျဲ၏အင်္ကျီလက်ကို ဆွဲလိုက်ကာ တိုးတိုးလေးပြောလိုက်၏။ "ကျွန်တော်တို့ တခြားနည်းလမ်းတွေ စဉ်းစားမယ်လေ"
Advertisement
- In Serial50 Chapters
Mrbeast oneshots (mpreg)
IdkI know that Chris is married and that most of the members don't have attraction to the same gender and/or are in a happy relationship. I just write these because I want to improve my writing. If you don't like it, click off. Some one shots include their real life partners but to this point I will not be adding them. Thank you for reading that, anyways enjoy!
8 130 - In Serial24 Chapters
Adult ✅
ჯიჯი ჰადდი 21 წლის გაიცნობს ჰარი სტაილს და მანდედან დაიწყება მათი სიყვარულის ისტორია , რომელიც ბევრ ტკივილს და ტანჯვას მოიცავს .
8 220 - In Serial72 Chapters
Poems And Some Deep Thoughts
"Writing feels better than speaking"The pictures I used in this book are not mine. Credits to the respective owners...#4 in poetry - 20/05/2022#1 in freeverse - 21/05/2022#1 in poetrycollection - 26/05/2022#1 in poembook - 22/05/2022#1 in deeppoetry - 21/05/2022#1 in deepshit - 21/05/2022#1 in deeppoems - 10/07/2022#3 in poet - 26/05/2022#3 in deepthoughts - 27/05/2022#1 in cinquain - 27/05/2022#1 in haiku - 22/06/2022#3 in thoughtsandfeelings - 30/05/2022#1 in thought-provoking - 31/05/2022
8 153 - In Serial126 Chapters
The Vampire & The Mistress(Yoonmin) *completed*
Yoongi is a 700 year old vampire that does want he wants without caring about anyone. His father believes that he needs a bride, which Yoongi disagrees with but a certain person changes his mind.Side ships*Namjin**Taekook**HoRu*Contains*crossdressing- mainly dresses**boyxboy**male pregnancy**language**violence*
8 196 - In Serial23 Chapters
Scream 1996 [Male reader insert]
Cover: twitter acc @.ventur_heartoutContent warning: spoilers for Scream (1996), violence, blood, gore, vulgar languageYou and your sister, Sidney Prescott, struggle to survive when a revenge-seeking killer targets you and her. Will you help Sidney out or save yourself?Stu Macher x Male reader x Billy LoomisAlso available on Quotev
8 113 - In Serial17 Chapters
Trust// Jack Dylan Grazer
Erin is a 13 year old girl with a very dark past. Her mother dying in a car crash, her father being abusive and a alcoholic. Her and her brother, Cameron, are very close and try their hardest to get away from him. It was no help that Erin also got bullied for most of her life until high school. She still gets called names and shoved by the popular girls from time to time. When this boy moves in a few blocks down from her and treats her, loves her, and shows her how to trust people and smile again.
8 103

