《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[66][Volume One End]
Advertisement
[Unicode]
066: အခုကနေစပြီး နှစ်သစ်ကူးပွဲကို အတူတူကျင်းပကြတာပေါ့ (2)
"ဘယ်လိုလဲ?" ချင်မျန်သည် ရတနာတွေ လက်ဆောင်ပေးနေသလို အကြည့်နဲ့ ကြည့်ကာ ပြောလိုက်သည်။
"ဒါတွေကို ခင်ဗျား အရင်ကလည်း မမြင်ဖူးသလို စားလည်းမစားဖူးဘူးမလား?"
လဲ့ယ်ထျဲသည် ချင်မျန်ကို ခါးကနေပွေ့ဖက်လိုက်ပြီး သူ့ရင်ခွင်ထဲထည့်ကာ တိုးတိုးလေးကပ်ပြောလိုက်၏။ “ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူး”
ချင်မျန်ကတော့ သူ့ရဲ့အတိတ်တွေထဲမှာ တစ်ချိန်လုံး နှစ်မြှုပ်နေသည်ကို သဘောမကျပေ။သူ လက်ကိုဝှေ့ယမ်းပြီး “အတိတ်ကို ပြန်မတွေးနဲ့။လူတွေက ခင်ဗျားကို မကြိုက်လေလေ သူတို့ထက် အဆပေါင်းတစ်သိန်း၊ တစ်ထောင်လောက် ပိုကောင်းအောင် နေနိုင်လေလေပဲ" သူ မုန့်လိမ်ကြော်(မုန့်ကြိုးလိမ်)ကို ကောက်ကိုင်လိုက်ပြီး လဲ့ယ်ထျဲ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
လဲယ်ထျဲ၏လက်နှစ်ချောင်းက မုန့်လိမ်ကြော်ကိုဆုပ်ကိုင်ထားပြီး ခေါင်းကို ခါယမ်းလိုက်၏။ “အဲဒီလူတွေအကြောင်း ခေါင်းထဲမထည့်ထားပါဘူး”
သူ သူတို့အား ဂရုမစိုက်သည်မှာ ကြာလှပြီ။သူ့ထံ၌ သူ့ဇနီးလေးတစ်ယောက်သာရှိနေသရွေ့ သူ့အတွက် လုံလောက်၏။
၁၂လ၏ ၂၉ရက်နေ့တွင် အခြားရွာသားများသည်လည်း ပြုတ်လိုက်၊ မွှေကြော်လုပ်လိုက်၊ နှစ်ပြန်ကြော်လုပ်လိုက်ဖြင့် အလုပ်များနေကြသည်။ချင်မျန်နှင့်လဲ့ယ်ထျဲတို့သည် ပိုင်တျန့်လေးကိုခေါ်ကာ ကျန်းတရွှေနှင့် ဝူတိတို့၏အိမ်သို့ သွားရောက်လည်ပတ်ခဲ့ကြသည်။
နှစ်သစ်ကူးနေ့တွင် ရွာရှိအိမ်ထောင်စုများသည် ဧည့်သည်များအား သူတို့၏ကိုယ်ပိုင်အစားအစာအဖြစ် ဖရဲစေ့ကြော်၊ မြေပဲကြော်၊ ပဲလုံးကြော်တို့ဖြင့် ဧည့်ခံကျွေးမွေးကြသည်။ပိုက်ဆံသုံးနိုင်တဲ့သူတွေကတော့ မြို့ထဲမှာ မုန့်အစုံတွေဝယ်ကြ၏။ဒါမှမဟုတ် တခြားအဆာပြေ၊ သစ်သီးခြောက်တွေ ဝယ်ကာ ဧည့်ခံ၏။
အလုပ်ရှုပ်သက်သာစေရန် ချင်မျန်သည်လည်း ဖရဲစေ့ကြော်၊ မြေပဲကြော်နှင့် ပဲလုံးကြော်တို့ကိုသာ ဝယ်ခဲ့သည်။ထို့ကြောင့် သူနှင့်လဲ့ယ်ထျဲတို့ အေးအေးဆေးဆေးသာ နေလိုက်ကြသည်။ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်း မရည်ရွယ်ဘဲ သော်လည်းကောင်း နှစ်ယောက်သား အိမ်ဟောင်းကို ဖြတ်ပင်မသွားချေ။
၁၂လ၏ 30 ရက်နေ့ နံနက်တွင် လဲ့ယ်ရှန်းရီ၊လဲ့ယ်ရှန်းလီ၊လဲ့ယ်ရှန်းကျစ် နှင့် လဲ့ယ်ချွင်းထောင်တို့သည် ချင်မျန်၏အိမ်ဝင်းတံခါးဝသို့ ချည်သားပိတ်အကျီထပ်ဝတ်ထားကြပြီး လေအေးတွေနှင့်အတူ ရောက်လာကြသည်။
လွန်ခဲ့သော နှစ်ရက်ခန့်က နှင်းကျသည်မှာ ရပ်တန့်ခဲ့ပြီးသော်ငြား ယမန်နေ့ ညသန်းခေါင်ယံတွင် ထပ်မံ ကျဆင်းလာခဲ့သည်။စုပြုံနေသောနှင်းများသည် ခြေကျင်းဝတ်အထိ နစ်မြုပ်သွားနိုင်သည်အထိ ထူထဲနေ၏။လဲ့ယ်မောင်နှမလေးယောက်တို့သည် အိမ်ဟောင်းမှ ချင်မျန်အိမ်ဆီသို့ လာရာလမ်းတစ်လျှောက်မှာ အကွာအဝေးတိုသော်လည်း မကြာမီမှာပင် သူတို့၏ဦးခေါင်းများထက်၌ အဖြူရောင် ကတ္တီပါဦးထုပ်ကို ဆောင်းထားပုံရသည့် နှင်းအလွှာတစ်ခု တင်ခံလာခဲ့သည်။
ပိုင်တျန့်လေးသည် ပြေးလာပြီး အဝေးကိုပြန်မထွက်သွားမီ စေ့စေ့စပ်စပ် မျက်လုံးတွေဖြင့် စစ်ဆေးကြည့်သည်။
လဲ့ယ်ညီအစ်ကို သုံးယောက်သည် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ နှင်းတွေကို ခါချကာ တစ်ယောက်ကို တစ်ယောက် ကူးကယ်ရာမဲ့ကြည့်နေမိကြသည်။ပြောရလျှင် အိမ်မွေးတိရစ္ဆာန်က ပိုင်ရှင်နဲ့တူ၏။ပိုင်တျန့်လေးကလည်း အိမ်ဟောင်းကလူတွေကို မကြိုက်ပေ။လဲ့ယ်ချွင်းထောင်ကိုသာ အနည်းငယ်လက်ခံသည့်သဘော ရှိသည်။
"အိပ်ခန်းထဲကို ဝင်ပြီး အပူခံအုတ်ကုတင်ပေါ်မှာ ထိုင်ကြ" ချင်မျန် လက်ပြလိုက်သည်။
အိပ်ခန်းထဲဝင်လိုက်သည်နှင့် မောင်နှမများသည် နွေးထွေးမှုအနည်းငယ်ခံစားရပြီး ပတ်ဝန်းကျင်ကို တိတ်တဆိတ်ကြည့်လိုက်ကြသည်။ဒီအခန်းထဲကို သူတို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင်။
အိပ်ခန်းက အရမ်းကျယ်၏။တံခါး၏ဘယ်ဘက်တွင် ဗီရိုတစ်ခုရှိပြီး ညာဘက်တွင် လူနှစ်ယောက်စာ ဆက်တီခုံနှင့် လက်ဖက်ရည်စားပွဲတစ်ခုရှိသည်။ဆက်တီခုံပေါ်တွင်လည်း အညိုရောင် ကူရှင်နှစ်ခုရှိ၏။အပူခံအုတ်ကုတင်သည် ဗီရိုနှင့် ဆန့်ကျင်ဘက်တွင်ဖြစ်ကာ ထိုကုတင်ပေါ်တွင် အနက်ရောင်အစင်းကြောင်းများဖြင့် အနီရောင်အကွက်လေးခုနှင့် ရိုက်နှိပ်ထားသော ပါးလွှာသော စောင်တစ်ထည်ပါရှိနေသည်။ကုတင်အလယ်တွင် စားပွဲငယ်တစ်ခုရှိကာ ထို စားပွဲပေါ်တွင် တစ်ဒါဇင်ထက်မနည်းသော စစ်တုရင်ရုပ်များရှိနေကာ လဲကျနေသည်။
စစ်တုရင်ခုံဘေးတွင် လက်ဖက်ရည်နှစ်ခွက်ရှိ၏။ကုတင်၏အထက်နံရံတွင် ရှုခင်းပန်းချီကားတစ်ချပ်ရှိပြီး ညာဘက်တွင် ပြန့်ကျဲနေသော စာအုပ်စင်တစ်ခုရှိကာ တစ်အုပ်မှာ ဖွင့်လျက်သားဖြင့် ပြတင်းပေါက်နံဘေးတွင် တင်ထားသည်။အခန်းက အရမ်းသန့်ပေမယ့် သပ်သပ်ရပ်ရပ်တော့ မရှိနေပေ။ဒါတောင်မှ ပေါ့ပေါ့ပါးပါးဖြင့် နွေးထွေးမှု နဲ့ စိတ်သက်သာရာရမှုတို့ကို ခံစားရသည်။
"ကုတင်ပေါ်သွားထိုင်ကြလေ" ချင်မျန်က လဲ့ယ်ထျဲကို ဧည့်ခံခိုင်းခဲ့ပြီး သူက လှည့်ပြီးထွက်သွားပြန်သည်။
ပိုင်တျန့်လေးသည် ကြမ်းပြင်ပေါ်ရှိ ဖျာပေါ်တွင် ခြေဖဝါးတွေကိုသုတ်ကာ ခုန်တက်ပြီး အပူခံအုတ်ကုတင်ပေါ်တွင် လှဲချလိုက်သည်။ထို့နောက် ထောင့်တစ်နေရာတွင် တိုးဝှေ့အိပ်နေသည်။
လဲ့ယ်ရှန်းရီနှင့် အခြားသူများသည် ဖိနပ်ကိုချွတ်ကာ အပူခံအုတ်ကုတင်ပေါ်သို့ မတက်မီ တစ်ခဏမျှ တုံ့ဆိုင်းသွားကြသည်။တင်ပါးအောက်က နွေးထွေးမှုကြောင့် သူတို့ သက်တောင့်သက်သာရှိစေသလို စိတ်သက်သာလည်းရလာကြသည်။သူတို့ရဲ့တောင့်တင်းနေသည့် မျက်နှာများသည်လည်း ပျော့ပြောင်းသွားကြသည်။
သူတို့ကား ညီအစ်ကိုမောင်နှမများ ဖြစ်ကြသော်လည်း နောက်ဆုံးအနေနဲ့ အိမ်ထောင်မှုအကြားတွင် သတိထားရမည့် အရံတစ်ခု ရှိသင့်သည်။လဲ့ယ်ချွင်းထောင်ကတော့ သူမ၏ဖိနပ်ကို မချွတ်ခဲ့ပေ။သူမသည် ပူနွေးသောအုတ်ကုတင်၏အစွန်းတွင် စောင်ခြုံကာ ခြေနှစ်ဖက်ကိုကွေးလျက် ထိုင်နေလိုက်သည်။
သူမက လဲ့ယ်ရှန်းရီအား မနာလိုစွာဖြင့် - "အစ်ကို....ညီမလေးတို့အိမ်မှာလည်း ဒီလို အပူခံအုတ်ကုတင်မျိုးလုပ်ထားရင် ဆောင်းရာသီမှာ အအေးမိမှာကို ကြောက်စရာ မလိုတော့ဘူး။"
လဲ့ယ်ရှန်းရီသည် အပူခံအုတ်ကုတင်ပေါ်တွင် လက်ကို ပူနွေးစေပြီးနောက် သူ့မျက်နှာကို ပွတ်ကာ “ဟုတ်တယ်။အစ်ကိုအကြီးဆုံး အိမ်မှာ အပူပေးအုတ်ကုတင်လုပ်ထားတယ်ဆိုတာ ရွာသားတွေသိကြတုန်းက သူတို့လည်း လက်မခံဘူး။ဒီဆောင်းရာသီမှာ အစ်ကိုအကြီးဆုံးနဲ့ မရီးတို့က တစ်ရွာလုံးမှာ သက်တောင့်သက်သာ အရှိဆုံးဖြစ်နေတာပဲ"
လဲ့ယ်ရှန်းလီက ခေါင်းယမ်းလိုက်သည်။ “အစတုန်းက အဖေနဲ့ကျွန်တော်က အပူခံအုတ်ကုတင်တစ်ခု လုပ်သင့်တယ်လို့ ပြောခဲ့ပေမယ့် ကံမကောင်းစွာပဲ အမေက သဘောမတူခဲ့ဘူး။” တုရှီက ပိုက်ဆံသုံးဖို့ တွန့်ဆုတ်နေတယ်ဆိုတာ သူတို့ သိ၏။
လဲ့ယ်ရှန်းကျစ်က “ဒီလို အပူခံအုတ်ကုတင်မျိုးက တကယ်လက်တွေ့ကျကျ အသုံးဝင်တယ်။ရာသီဥတု အဆင်ပြေလာတဲ့အခါ အဖေနဲ့အမေတို့ကို စည်းရုံးရမယ်။သူတို့က အသက်ကြီးလာပြီ။သူတို့ အအေးမိလိမ့်မယ်။အပူခံအုတ်ကုတင်ကို ဆောက်ထားမှသာ လာမယ့်ဆောင်းရာသီမှာ အဆင်ပြေကြမှာ"
Advertisement
လဲ့ယ်ထျဲကတော့ သူတို့စကားဝိုင်းမှာ မပါဝင်ဘဲ စာအုပ်တစ်အုပ်ကိုသာ လှန်ကြည့်နေသည်။
လဲ့ယ်ရှန်းရီနှင့် အခြားသူများသည် သူ့ရဲ့တိတ်တိတ်ဆိတ်ဆိတ်နေတတ်သည့် သဘာဝကို ကျင့်သားရနေကြပြီး စိတ်ထဲမထားပေ။
ချင်မျန်က ဗန်းတစ်ဗန်းနဲ့ ဝင်လာ၏။လဲ့ယ်ထျဲက လှမ်းကြည့်လိုက်ပြီး စစ်တုရင်ခုံကို ဖယ်ပေးလိုက်သည်။
ချင်မျန်သည် လက်ဖက်ရည်ပူပူလေးခွက်ကို စားပွဲငယ်လေးပေါ်တွင်တင်ကာ ဗန်းကို အပူခံအုတ်ကုတင်ပေါ်တွင်သာ တိုက်ရိုက်တင်လိုက်သည်။
လဲ့ယ်မောင်နှမလေးယောက်ကို ဗန်းထဲရှိ အဆာပြေပန်းကန်များဖြင့် ဆွဲဆောင်နိုင်ခဲ့သည်။နှမ်းနက်စေ့များဖြင့် အလှဆင်ထားသော ရွက်ကြော်တစ်ပန်းကန်၊ မုန့်လိမ်ကြော်အသေးတစ်ပန်းကန်၊ အဝါရောင်မုန့်ကြွပ်နှင့် ဆွဲဆောင်မှုရှိသည့် စန်းဇီ၊ ချိုချိုမွှေးမွှေးကော်ဇီတစ်ပန်းကန်၊ သကြားအစေ့အဆန်များပါရှိသော ပန်းကန်ပြားတစ်ချပ် နှင့်အတူ ဝါးချောင်း ခြောက်ချောင်းထိုးထားသော တို့ဟူးချဥ်လုံးတစ်ပန်းကန် ပါရှိ၏။
“အဲဒါတွေက ဘာလဲ,မရီး?" လဲ့ယ်ချွင်းထောင်က စိတ်ဝင်တစား မေးလိုက်သည်။
ချင်မျန်သည် သူ့ဖိနပ်ကို ချွတ်လိုက်ပြီး လဲ့ယ်ထျဲဘေးတွင် ဝင်ထိုင်လိုက်သည်။သူ့ဘေးနားကလူကို ခြေဖဝါးတွေဖြင့်ပွတ်ရင်း နွေးထွေးအောင် လုပ်လိုက်သည်။ “ဒါတွေက ငါနဲ့လဲ့ယ်ထျဲအတူတူလုပ်ထားတဲ့ သရေစာတွေပဲ။ဒါတွေက ရွက်ကြော်၊ မုန့်လိမ်ကြော်၊ စန်းဇီ နဲ့ ချိုချိုမွှေးမွှေးကော်ဇီ။ဒီတို့ဟူးချဥ်လုံးတွေကို အစတုန်းက ချက်ပြုတ်ဖို့ လုပ်ထားပေမယ့်လည်း အရသာက တော်တော်ကောင်းတယ်။ငါ အရမ်းကြိုက်တယ်။ဒါတွေကို မင်းတို့လည်း စမ်းစားကြည့်နိုင်တာပေါ့။ဒါပေမယ့် အထဲမှာ အသားတွေပါနေတော့ အေးရင် အများကြီး မစားသင့်ဘူး”
ထို့နောက် သူ တို့ဟူးချဥ်လုံးကို ဝါးချောင်းနဲ့ ထိုးစားလိုက်သည်။ဒီလိုမျိုးက အရသာရှိပြီး ဝါးလို့ သိပ်ကောင်း၏။
လဲ့ယ်ထျဲက ပြော၏။ "လျှော့စား"
"ကျွန်တော် သိပါတယ် နှစ်ခုပဲစားမှာ" ချင်မျန်လည်း ပြုံးပြုံးရွှင်ရွှင်နဲ့ "ညနေကျရင် ကောင်းကောင်းစားဖို့ ဗိုက်ထဲမှာ နေရာလွတ်ကျန်သေးတယ်"
လဲ့ယ်ရှန်းကျစ်ကလည်း တို့ဟူးချဥ်လုံးကို လှမ်းယူလိုက်ပြီး "ဒီနေ့ ငါတို့နေရာမှန်ကို ရောက်နေတာထင်တယ်"
လဲ့ယ်ရှန်းရီ၊ လဲ့ယ်ရှန်းလီနှင့် လဲ့ယ်ချွင်းထောင်တို့သည်လည်း သရေစာ အမျိုးမျိုးကို မြည်းစမ်းပြီး ချီးမွမ်းနေကြသည်။
အစ်ကိုအကြီးဆုံးက ယောကျ်ားလေးဇနီးသည်နဲ့ အိမ်ထောင်ကျခဲ့ပေမယ့်လည်း သူ့ဘဝက သူတို့ထက် အများကြီးသာတယ်လို့ လဲ့ယ်ရှန်းရီ တိတ်တဆိတ် ညည်းတွားမိသည်။
"မင်းတို့ဘက်ကရော ဘယ်လိုပြင်ဆင်ထားလဲ?"
ချင်မျန်က သိပ်မစဉ်းစားနေတော့ဘဲ မေးလိုက်သည်။
လဲ့ယ်ရှန်းရီက ကြွပ်ကြွပ်ရွရွဖြင့် မွှေးကြိုင်တဲ့ စန်းဇီကို ယူစားလိုက်သည်။ “အသားနှပ်နေတုန်းပဲ။ကျန်တာတော့ အဆင်သင့်ဖြစ်နေပါပြီ။”
"မင်းတို့အားလုံး ဒီကိုလာကြတာ ကိစ္စတစ်ခုခုရှိလို့လား?" ချင်မျန်သည် တို့ဟူးချဥ်ကို ထပ်မံစားရန် လက်လှမ်းလိုက်သော်လည်း လဲ့ယ်ထျဲက တားခဲ့သည်။ဝါးတံလေးကိုချ၍ ရွက်ကြော်ကိုသာ ပြောင်းယူ၍ စားလိုက်ရသည်။
လဲ့ယ်ရှန်းရီနှင့် တခြားသူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်နေမိကြသည်။လဲ့ယ်ရှန်းရီက လဲ့ယ်ထျဲကိုကြည့်ကာ လက်ဖက်ရည်ပူပူလေးတစ်ငုံသောက်လိုက်ပြီး “အဖေနဲ့အမေက နှစ်သစ်ကူးအကြိုညစာစားဖို့ အစ်ကိုတို့နှစ်ယောက်ကို ခေါ်ခိုင်းလိုက်တယ်။”
ချင်မျန်သည် ဘာမျှမပြောဘဲ လဲ့ယ်ထျဲကိုသာ ကြည့်နေခဲ့သည်။လဲ့ယ်ထျဲက ခပ်တိုတိုသာ ပြောလိုက်၏။ "ငါတို့ဇနီးမောင်နှံက နှစ်သစ်ကူးပွဲကို ကိုယ့်အိမ်မှာပဲ ကျင်းပမယ်။"
လဲ့ယ်ရှန်းရီနှင့် အခြားသူများသည် သူတို့ကို ဆွဲဆောင်ရန် စကားထပ်မပြောတော့ဘဲ အခြားအကြောင်းအရာများကိုသာ စကားစမြည်ပြောကြသည်။
လဲ့ယ်ရှန်းလီနှင့် လဲ့ယ်ရှန်းကျစ်တို့က စကားပြောကောင်းသူများပင်။ချင်မျန်သည်လည်း သွက်လက်ချက်ချာပြီး စကားပြောတတ်သူလည်းဖြစ်သည်။သူတို့ထက် နှစ်ရာနဲ့ချီတဲ့ အသိပညာတွေလည်း ရှိ၏။သူတို့ကြားက စကားဝိုင်းက အရမ်းတက်ကြွနေတော့သည်။
နောက်ပိုင်းတွင် လဲ့ယ်ထျဲသည်လည်း ရံဖန်ရံခါ စကားအနည်းငယ် ဝင်ပြောလာသည်။စကားအနည်းငယ်ပြောလာပေမယ့်လည်း သူသိပ်ပြီး မတိတ်ဆိတ်နေရုံသာ။
မသိစိတ်အလျောက် ပန်းကန်ပြားထဲက မုန့်တွေကို လုံးဝ စားကုန်သွားပြီ ဖြစ်သည်။လဲ့ယ်ရှန်းရီနှင့် အခြားသူများက အနည်းငယ် ရှက်သွားကြ၏။
ချင်မျန်က ဗန်းကိုယူပြီး အစားအသောက်များ ထပ်သွားယူသည်ကို တွေ့သောအခါ အပူခံအုတ်ကုတင်ပေါ်မှ အမြန်ဆင်းလိုက်ကြသည်။
“အလုပ်ရှုပ်မခံပါနဲ့တော့ မရီး။နေ့လယ်စာလည်း စားဖို့နီးပြီ။ညီမလေးတို့လည်း ပြန်သင့်ပြီ။” လဲ့ယ်ချွင်းထောင်က အရင်စပြောလိုက်၏။
ချင်မျန် ခေတ္တရပ်သွားပြီး ခေါင်းညိတ်ကာ “ဟုတ်သား။ ဒီနေ့ဟာ နှစ်သစ်ကူးအကြိုနေ့ပဲ။ဒီမှာ နေ့လယ်စာစားဖို့ မသင့်တော်ဘူး။ခဏစောင့်ဦး။ကလေးတွေအတွက် အိမ်ကို ယူသွားဖို့ သရေစာတွေ ထည့်ပေးလိုက်မယ်။"
လဲ့ယ်ရှန်းရီရဲ့ နှလုံးသားထဲမှာ နွေးထွေးသွား၏။သူ အလျင်စလိုပြောလိုက်သည်။ “ကျေးဇူးပါပဲ...မရီး”
ချင်မျန်သည် သစ်သားပုံးငယ်တစ်ပုံးကို ရှာခဲ့ပြီး အစားအစာတစ်မျိုးစီ၏တစ်ဝက်လောက်ကို ထိုပုံးထဲသို့ထည့်လိုက်သည်။
အိမ်ဟောင်းကိုပြန်တဲ့လမ်း၌ လဲ့ယ်ချွင်းထောင်မှာ တို့ဟူးချဥ်လုံးတွေ စားနေသည်ကို မရပ်တန့်နိုင်ပေ။လဲ့ယ်ရှန်းရီ၊ လဲ့ယ်ရှန်းလီနှင့် လဲ့ယ်ရှန်းကျစ်တို့ မရီဘဲ မနေနိုင်တော့။ လဲ့ယ်ချွင်းထောင်က ရှက်ရွံ့သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "တို့ဟူးချဥ်လုံးက တကယ်အရသာရှိလို့..."
လဲ့ယ်ရှန်းကျစ်က သူမခေါင်းကို ပုတ်လိုက်ပြီး "စိတ်မပူပါနဲ့ မင်းရဲ့ဝေစုတွေပါပဲ"
လဲ့ယ်ချွင်းထောင်၏မျက်နှာသည် ပန်းနုရောင်ပြောင်းလာပြီး လက်ကို ချက်ချင်းဝှေ့ယမ်းလိုက်ကာ “ဒါက ဘယ်လိုဖြစ်မှာလဲ။တာ့ပေါင်း၊ အာ့ပေါင်း နဲ့ ရှင်းရှင်းတို့ကိုလည်း ပေးရမယ်လေ"
လဲ့ယ်ရှန်းရီလည်း ရယ်မောရင်း “ဘာတွေ ရှက်နေတာလဲ? ငါတို့မျက်စိထဲမှာ မင်းလည်း ကလေးပဲ”
လဲ့ယ်ရှန်းလီနှင့် လဲ့ယ်ရှန်းကျစ်တို့နှစ်ယောက်စလုံး အပြုံးတွေဖြင့် ခေါင်းညိတ်ကြသည်။
လဲ့ယ်ချွင်းထောင်၏နှုတ်ခမ်းများက ကော့တက်လာသည်ကို မရပ်တန့်နိုင်။သူ့မှာ တကယ်ကောင်းတဲ့ အစ်ကိုတွေရှိနေတာပဲ။
အိမ်တံခါးဝဆီသို့လာရာလမ်းတလျှောက် နှင်းတွေပေါ် လျှောက်လာရသည်။ တုရှီနှင့် ဝေရှီတို့သည်
လဲ့ယ်ရှန်းရီ၏လက်ထဲရှိ မုန့်ပုံးကိုတွေ့လိုက်သောအခါ သူတို့၏မျက်လုံးအကြည့်များက ပြောင်းလဲသွားသည်။
"ဘာတွေ သယ်လာတာလဲ?" လဲ့ယ်ရှန်းရန်သည် သူ့ခြေထောက်တွေကို ခွေတင်ထားကာ ဖရဲစေ့တွေကို စားနေသည်။သူ ဖရဲစေ့အခွံတွေကို မြေပြင်အနှံ့ ထွေးထုတ်လိုက်ကာ သူတို့ပြန်လာတာကိုမြင်တော့ ပြေးသွားပြီး လက်တစ်ဖက်ကိုဆန့်လိုက်၏။
Advertisement
လဲ့ယ်ရှန်းရီက သူ့ဘေးကို ရှောင်သွားပြီး "ကလေးသုံးယောက်စားဖို့ အစ်ကိုကြီးနဲ့မရီးက ပေးလိုက်တာ"
"သူတို့ ဘာတွေပေးလိုက်လဲ ကြည့်ရအောင်" လဲ့ယ်ရှန်းရန်က ချဉ်းကပ်လာပြန်သည်။
လဲ့ယ်ရှန်းရီက ပုံးကို လဲ့ယ်ရှန်းကျစ်အား ပေးလိုက်သည်။
"ကြည့်ရုံလေးနဲ့ကို ဘာဖြစ်နေတာလဲ?ငါ အကုန်လုံး စားလိုက်မှာကြောက်နေတာလား?" လဲ့ယ်ရှန်းရန်က လဲ့ယ်ရှန်းရီကို ပြောလိုက်သည့်လေသံက ဆိုးပေမယ့် လဲ့ယ်ရှန်းကျစ်ဆီကနေတော့ မလုယူဝံ့ပေ။ဤညီအငယ်ဆုံးမှာ ငယ်သော်လည်း ဘာမှမပြောဘဲ လူကို စူးစူးစိုက်စိုက်ကြည့်နေတတ်သည့်ပုံသဏ္ဍာန်ကြောင့် လူတွေကို အပြစ်ရှိသည်ဟု ခံစားရစေသည်။
မစားရတော့မှာကို စိုးရိမ်တဲ့အတွက် ကျိုးရှီက "တာ့ပေါင်း..အာ့ပေါင်း...ဒီကို မြန်မြန်လာ...အရသာရှိတဲ့ အစားအစာတွေ ပါလာတယ်"
ချင်းရှီသည်လည်း ရှင်းရှင်းကို ပွေ့ဖက်ပြီး အိမ်ခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်။
ဝေရှီက လဲ့ယ်ချွင်းထောင်ကို မေးလိုက်သည်။ "မင်းရဲ့အစ်ကိုအကြီးဆုံးနဲ့ မရီးကို ဘာလို့မတွေ့တာလဲ?"
လဲ့ယ်ချွင်းထောင်က “ဒီနှစ်က သူတို့ရဲ့လက်ထပ်ပြီးတဲ့ ပထမဆုံးနှစ်လေ။နှစ်သစ်ကူးပွဲကို သူတို့ကိုယ်တိုင်ကျင်းပတာ ပိုသင့်တော်ပါတယ်”
ဝေရှီက ပြော၏။ “ဒါက ဘယ်လိုလုပ်ဖြစ်မှာလဲ။နှစ်သစ်ကူးပွဲကို ကျင်းပဖို့က သူတို့ချဥ်းပဲဆို အထီးကျန်ဆန်လွန်းတယ်။ခင်ပွန်း...ဘာလို့ လူကိုယ်တိုင် မသွားတာလဲ?” သူမသည် လဲ့ယ်တာချန်ကို အပြုံးဖြင့် မေးသည်။
လဲ့ယ်တာချန် ပြောလာမည်ကိုပင် မစောင့်ဘဲ လဲ့ယ်ရှန်းကျစ်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။ “အဖေ...ညီမလေးပြောတာ မှန်တယ်။အစ်ကိုအကြီးဆုံးနဲ့မရီးတို့ လက်ထပ်ပြီးလို့ ဒါက ပထမဆုံးနှစ်လေ။သူတို့ကို မနှောက်ယှက်ရအောင်။အကြီးဆုံးမရီးနဲ့ အစ်ကိုအကြီးဆုံးလုပ်ထားတဲ့ သရေစာတွေကို စမ်းစားကြည့်ပါဦး။”
လဲ့ယ်တာချန်၊ လဲ့ယ်ရှန်းရန်၊ တုရှီ၊ ဝေရှီ၊ ကျိုးရှီ
နှင့် ချင်းရှီတို့အား သရေစာတစ်မျိုးစီ ပေးခဲ့သည်။ကျန်ကို ကလေးတွေအတွက် အညီအမျှ ပိုင်းပေးလိုက်သည်။အရွယ်ရောက်ပြီးသူတွေအနေနဲ့ ဒီမုန့်တွေက အရသာရှိတယ်လို့ ခံစားမိပေမယ့် ကလေးတွေနဲ့ ယှဉ်ပြိုင်လုစားရမှာကိုလည်း ရှက်ရွံ့မိကြသည်။
လဲ့ယ်ရှန်းရန်သည် တိုဟူးချဥ်တွေက အရသာရှိသည်ဟု ခံစားမိသည်။တစ်ခုစားပြီးရင်း ဒီထက်မက စားချင်လာ၏။သူ ကျိုးရှီကို အသံတိုးတိုးနဲ့ ညည်းညူပြလိုက်သည်။ “ညီသုံးနဲ့ တခြားသူတွေက ဟိုမှာ အများကြီး စားလာကြလိမ့်မယ်။စောစောကသာ သိရင် ငါသူတို့နဲ့လိုက်ခဲ့ပါတယ်"
ကျိုးရှီလည်း ခေါင်းညိတ်ပြီး "ကျွန်မလည်း သိရင် လိုက်ခဲ့တာပေါ့"
လဲ့ယ်ချွင်းထောင်သည် ထိုစကားကိုကြားပြီး တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။
ချင်မျန်နဲ့ လဲ့ယ်ထျဲကတော့ သူတို့ ပေးလိုက်သည့်မုန့်တွေကို ဘယ်သူတွေစားရလဲဆိုတာ ဂရုမစိုက်နေပေ။နေ့လယ်စာစားပြီးနောက် တစ်ရေးတစ်မော အိပ်ကြသည်။သူတို့နိုးလာသောအခါတွင် ခဏတာ စစ်တုရင်ကစားကြပြီး နှစ်သစ်ကူးညစာအတွက် ပြင်ဆင်ကြသည်။
ထမင်းကျက်ပြီးတော့ မီးသွေးမီးဖိုမှာ မီးအရှိန်လျော့နေပြီ။နံရိုး၊ ကြက်သား၊ အသား၊ ဝက်လက် အစရှိသည်တို့ကို ကြိုတင်ပြီး ချက်ထားသည်ကြောင့် ချင်မျန်သည် ၎င်းတို့ကို ပြန်နွေးရန် အိုးထဲသို့ ထည့်ထားလိုက်သည်။ထို့နောက် ချက်ခြင်းချက်ရန် လိုအပ်သည့် ဟင်းပွဲများကို ပြင်ဆင်ခဲ့သည်။
လဲ့ယ်ထျဲကတော့ စေးကပ်ကော်များနှင့် ဝါးစုတ်တံငယ်တစ်ချောင်းကို ကိုင်ထားပြီး တံခါးစောင့်နတ်ပုံ နှင့် နွေဦးကာရံညီကဗျာတွေကို လိုက်ကပ်နေသည်။
အိုးထဲက အစားအစာတွေကို မီးဖိုပေါ်တင် ချက်ပြုတ်နေတုန်း ချင်မျန် ပြေးထွက်သွားပြီး ခြံတံခါးကနေ စကြည့်ကာ သဘောကျစပြုလာသည်။
ဝင်းတံခါးဝတွင် ချိတ်ထားသည့် တွဲဆိုင်းတွေကို သူတွေ့လိုက်ရသည်–--
အလျားလိုက်တွဲဆိုင်းတွင်မူ "ပျော်ရွှင်စရာနွေဦးပွဲတော်” ဟု ရေးထားပြီး [တံခါး] နားတွင် – “သင်သွားလေရာတိုင်း၌ ငြိမ်းချမ်းရေးလည်းရှိပါစေ" ဟု ပါရှိသည်။
"ခင်ဗျား ရွေးထားတာတွေက တော်တော်ကောင်းတယ်။" ချင်မျန်က လဲ့ယ်ထျဲကို ပျော်ရွှင်နေသည့် အပြုံးဖြင့် ချီးကျူးလိုက်သည်။
လဲ့ယ်ထျဲက သူ့ကို လေးလေးနက်နက်ဖြင့် အဓိပ္ပါယ်ရှိစွာ တခဏလောက် ကြည့်လိုက်သည်။သူ့မျက်လုံးထဲတွင် ခွဲခြားမရနိုင်သော ခံစားချက်တစ်ခု ရှိနေ၏။သူ အသာအယာခေါင်းညိတ်ပြပြီး “အင်း...ဟိုဟာတွေလည်း တော်တော်ကောင်းတယ်”
ချင်မျန် သူ့ကို စက္ကန့်အနည်းငယ်လောက် နားမလည်စွာ စိုက်ကြည့်နေပြီး တံခါးပေါက်ကနေ လှမ်းဝင်လိုက်သည်။
ရေတွင်းဘက်ခြမ်းကိုလည်း “အဝေးသို့ စီးဆင်းနေသော စမ်းချောင်းငယ်လေး” ဟူ၍ ကပ်ထားသည်။
ဗဟိုခန်းတံခါးတွင်မူ အောက်ပါအတိုင်းဖြစ်သည်- "နွေးထွေးချိုမြိန်သောမိသားစုသည် ကံကောင်းခြင်းအမျိုးမျိုးကိုတိုးပွားစေသည်”;"ငြိမ်းချမ်းရေးဟူသည့် စကားလုံးမှာ ရွှေစတစ်ထောင်တန်၏”။
ပြီးတော့ အလျားလိုက်တွဲဆိုင်းတွင်မူ "အရာခပ်သိမ်း အဆင်ပြေကြပါစေ” ဟူ၍ရေးထား၏။
မီးဖိုချောင်ရှိ နွေဦးစာတွဲများမှာမူ နေရာဒေသနှင့်သင့်လျော်သည် - "ထင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်နှင့် လက်ဖက်ခြောက်"; "ချဉ်၊ ချို၊ ခါး၊ စပ်၊ ငန်၊ စပ်" ဟူ၍ ဖြစ်ကာ
အလျားလိုက်တွဲဆိုင်းတွင်မူ "ကမ္ဘာ့ပေါ်ရှိအရသာအားလုံး” ဟူ၍ဖြစ်သည်။
အဝေးကနေကြည့်တော့ ဗဟိုအခန်းနံရံတွင် အနီရောင်ဖြင့်ရေးထားသည့် "ကံကောင်းမှု"ဟူ၍ စာလုံးရှိနေသည်ကို ချင်မျန်လည်း သတိပြုမိလိုက်သည်။
ထို့နောက် သူတို့အိပ်ခန်းတံခါးဝသို့ ရောက်ရှိလာပြီး နွေဦးကာရံညီကဗျာ၏အကြောင်းအရာများကို တွေ့လိုက်ရသည်။
သူ ခေတ္တရပ်သွားပြီး နှလုံးမှာ ခုန်ပေါက်လို့သွားသည်။အိပ်ခန်းထဲရှိ နွေဦးကာရံညီကဗျာစာသားတွေကို မြင်လိုက်ရတော့ သူ အံ့သြသွားသည်။
စည်းလုံးညီညွတ်သော ပြည်ထောင်စုသည် အနှစ်တစ်ရာ တည်တံ့၏။
ပင်လယ်ရေခန်းခြောက်ပြီး ကျောက်ဆောင်များ ယိုယွင်းသွားသည့်တိုင်အောင် နှလုံးသားတစ်ခုတည်းဖြင့် ထာဝရချည်နှောင်ထားလိုက်ပါ။
မြေကြီးသည် ကျယ်ပြန့်၍ ကောင်းကင်သည် မြင့်မားကာ နှလုံးသားနှစ်ခုက တစ်ထပ်တည်းကျ၏။
စုတ်ချက်များသည် ရေထဲတွင် လူးလာပျံသန်းနေ
သည့် နဂါးများကဲ့သို့ လွှမ်းမိုးချုပ်ကိုင်မှုနှင့် လိုအင်ဆန္ဒ တောင့်တမှုတို့အပြည့်ရှိနေသည်။
ဤစုတ်ချက်များသည် အခြားစာပေလွှာများနှင့် သိသိသာသာကွဲပြားနေသည်။
ချင်မျန် သူ့စိတ်ထဲတွင် ကြိုတင်မှန်းဆလိုက်ပြီး သူ့ဘေးတွင် ရပ်နေသော လဲ့ယ်ထျဲကို စိုက်ကြည့်မိလိုက်သည်။
လဲယ်ထျဲကတော့ အမူအရာကင်းမဲ့လျက်။သူ့မျက်လုံးတွေက နွေဦးကာရံညီကဗျာစာသားတွေကို ဆန်းစစ်နေဟန်ဖြင့် ခေါင်းညိတ်ပြ၏။ "ရွေးထားတဲ့ ကာရံညီကဗျာတွေက ကောင်းတယ်”
ချင်မျန်: “......”
လဲ့ယ်ထျဲက ခေါင်းလှည့်ကာ မီးဖိုချောင်ဘက်သို့ လှမ်းကြည့်ပြီး "ဟင်းတွေ တူးနေပြီ"
ချင်မျန် သူ့ကို အံ့အားသင့်စွာ ကြည့်ကာ "ဒီကာရံညီကဗျာစာသားတွေကို ခင်ဗျား ရေးခဲ့တာလို့တော့ မပြောနဲ့နော်။"
—–အတွဲ ၁ ပြီး၏—–
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎[Zawgyi]
Advertisement
- In Serial213 Chapters
Soul of the Warrior
In a world where Classes, Stats, and Levels are the everyday norm, Reivyn has a secret. He was unusually aware of his surroundings from an incredibly early age, and Skills and Stats were acquired easily. He was just the son of an ordinary village family, and nothing appeared out of the ordinary on the surface. But below the surface, dreams of another life help shape his mentality and growth. Why does he have some remembrance of a past life, and what is his purpose in this new one? "Soul of the Warrior" is what I call a Semi-Isekai LitRPG. I say "semi," because Reivyn's past life is remembered like a dream, and very incomplete. It is still Isekai, though, as he remembers enough that it directly shapes his personality and his sense of self. The System that governs the world of "Soul of the Warrior" is a combination of modified versions from Selkie's "Beneath the Dragoneye Moons" and Kosnik4's "Magic Smithing." I have changed enough of these Systems and combined them in a way that is unique that I'm mostly sure it's fine, but I still have requested permission to use these ideas. They have both graciously granted me permission. Winner of the April Writathon Challenge. Release Schedule is Mon, Wed, Fri on Royal Road.
8 937 - In Serial36 Chapters
Kingdom of the Lich
Hidden deep beneath the ruins of his home, Reud waited. As an undying lich, time was of no consequence, all that mattered was bringing back the person closest to him, his wife Lilia. In the world above, the empire that destroyed his home have ruled the land with an iron fist, kidnapping any child with a hint of magic, depriving the people of the only ones with the power to protect them from the ravages of the magical beasts that hunt in the night. The once thriving land has been reduced to isolated communities, barely scraping together a living. How will Reud and Lilia react to the new world they find themselves in? How will the world react to those with the power to change it?
8 582 - In Serial41 Chapters
City of Vengeance
Sierra Rico is a legendary killer, trained from childhood to become the perfect assassin for South America's most ruthless drug lord. But after having his whole world ripped apart by a vengeful rival, Sierra is desperately trying to escape with his life. Now he is relentlessly being hunted by the drug cartel that raised him, as well as past adversaries, professional hitmen and an old nemesis who refuses to die until Sierra has suffered up to his last breath. Kenji Kojima is a spoilt young heir to a worldwide Yakuza criminal empire, betrayed by his own jealous brother in a bloody rebellion to seize power. On the run and cast aside by the very men he was meant to one day lead, Kenji must shed his lazy playboy persona and become the warrior he needs to be in order to slay his traitorous brother and take back what was stolen from him. Fido is a mysterious vigilante without a past or a home he remembers as his own. He has dedicated all facets of his life into hunting down a psychotic posse of killers who left him for dead. He kills without mercy, seeking not only vengeance, but also the answers as to why he was targeted. In Panama City, Panama, a thriving metropolis brimming with corruption and on the brink of a massive international gang war, the fates of these three men will crash together in an epic tale of redemption, bloodshed and bullet-riddled vengeance.
8 207 - In Serial13 Chapters
He Never Loved Me (#Wattys2019)
This life is what I made it, I messed up, It's universal couldn't help it. But this broken heart I fell is the worst. It's like having broken ribs, no one can see, but it hurts every time I breath.
8 174 - In Serial200 Chapters
Longhand Letters
Love is a messy kind of art.
8 287 - In Serial8 Chapters
sakuatsu + osasuna omegaverse ♡︎
osasuna + sakuatsu omegaverse! Osamu and Atsumu transfer to Itachiyama. They then meet Sakusa and Suna, who are cousins. How will these second years make progress of their soon-to-be relationships? ~ smut + fluff~ boyxboy ~ cover made by me - not completed but not continuing. (discontinued)
8 164

