《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[69]
Advertisement
[Unicode]
069: မိခင်ဘက်က ဘိုးဘွားအိမ်
နေ့လည်ပိုင်းတွင် လဲ့ယ်ရှန်းရန်သည် တာ့ပေါင်းနှင့် အာ့ပေါင်းတို့ကို ခေါ်ဆောင်ကာ ချင်မျန်နှင့် လဲ့ယ်ထျဲတို့အား အိမ်ဟောင်းတွင် ညစာစားရန် လာရောက် ဖိတ်ခေါ်လေသည်။
လဲ့ယ်ရှောင်ယွမ်မိသားစုနှင့် လဲ့ယ်ရှောင်ဖုန်း၏မိသားစုသည်လည်း ရောက်ရှိလာခဲ့သည်။နေ့လည်စာကို လဲ့ယ်တာ့ကောင်းအိမ်တွင် စားသောက်မည်ဖြစ်ပြီး ညစာကိုတော့ လဲ့ယ်တာ့ချန်၏အိမ်တွင် စားသောက်ကြပေမည်။လဲ့ယ်ထျဲကတော့ ငြင်းပယ်လိုက်၏။
လဲ့ယ်ရှန်းရန်က ဘာမှမပြောဘဲ ပြုံးသာပြုံးပြလိုက်သည်။သူ လဲ့ယ်တာပေါင်းနှင့် လဲ့ယ်အာ့ပေါင်းတို့ကို ပန်းကန်ထဲက မုန့်နှစ်ကြော်နှင့် ကောင်းဇီမုန့်တွေကို သူတို့အိတ်ကပ်ထဲသို့ထည့်ရန် ကူညီခဲ့ပြီး သူ့ကလေးနှစ်ယောက်နှင့်အတူ အလျင်စလိုမထွက်ခွာသွားမီ စန်းဇီကိုပင် လက်နှစ်ဖက်အပြည့် ယူဆောင်သွားသေးသည်။
ပထမလ၏သုံးရက်မြောက်နေ့တွင် လဲ့ယ်တာချန်နှင့် လဲ့ယ်တာကောင်းတို့သည် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရန် တစ်ဖန် လဲ့ယ်ရှောင်ယွမ်၏အိမ်သို့ သွားကြသည်။ချင်မျန်ကတော့ အိမ်တွင်နေခဲ့ပြီး လဲ့ယ်ထျဲက သူတို့နှင့်လိုက်သွားခဲ့သည်။နှစ်သစ်ကူး လက်ဆောင်များ ပေးအပ်ပြီးနောက်တွင် သူသည်လည်း ထမင်းမစားနေတော့ဘဲ တစ်ယောက်တည်းသာ ပြန်လာခဲ့သည်။ချင်မျန်သည် ဟင်းပွဲအစုံအလင်ဖြင့် စားပွဲရှေ့တွင် သူ့အား ထိုင်စောင့်နေသည်ကို မြင်လိုက်ရပြီး ပိုင်တျန့်လေးသည်လည်း တံခါး၏ဦးတည်ရာဘက်ကို လှမ်းကြည့်လိုက်သောအခါ လဲ့ယ်ထျဲ၏နှလုံးသားလေးသည် အလွန်ပင် လုံခြုံနွေးထွေးသွားခဲ့သည်။
ပထမလ၏လေးရက်မြောက်နေ့တွင် လဲ့ယ်မိသားစုသည် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရန် လဲ့ယ်ရှောင်ဖုန်း၏အိမ်သို့ တစ်ဖန်သွားကြပြန်သည်။လဲ့ယ်ထျဲသည် လဲ့ယ်ရှောင်ဖုန်း၏အိမ်တွင် နေ့လည်စာ စားဖြစ်ခဲ့သည်။လဲ့ယ်ရှောင်ယွမ်သည် လဲ့ယ်ထျဲကို စကားလုံးခပ်ကြမ်းကြမ်းတွေဖြင့် အော်ငေါက်ပြောဆိုခဲ့ပေမယ့်လည်း သူကတော့ နှုတ်ဆိတ်နေမြဲ။လဲ့ယ်ရှောင်ယွမ်ကား မည်သို့မျှ မတတ်နိုင်။
ပထမလ၏ခြောက်ရက်မြောက်နေ့တွင် လဲ့ယ်ထျဲသည် စော်ဖောက်ထားသော တို့ဟူးထဲသို့ ဆားရည်ထည့်ရန် ချင်မျန်အား သတိပေးခဲ့သည်။ချင်မျန်သည် ဆားရည်ထည့်ပြီးနောက် မြေအိုးကို အလုံပိတ်ထားလိုက်တော့သည်။မီးဖိုချောင်ထောင့်တွင် မြေအိုးနှစ်လုံးကို သေချာထားခဲ့ပြီး ပြန်ဖွင့်ဖို့အတွက်ကတော့ တစ်နှစ်လောက် စောင့်ရပေမည်။
ပထမလ၏ခုနစ်ရက်မြောက်နေ့တွင် လဲ့ယ်ထျဲ၏ဆွေမျိုးများက လဲ့ယ်ထျဲတို့အိမ်သို့ အလည်လာရန် ချိန်းဆိုထားလိုက်ကြသည်။လဲ့ယ်တာကောင်းတို့မိသားစု၊ လဲ့ယ်တာချန်တို့မိသားစုနှင့် လဲ့ယ်ရှောင်ဖုန်းတို့မိသားစုများ အားလုံး ရောက်လာကြသည်။လဲ့ယ်ရှောင်ယွမ်ရဲ့ မိသားစုကတော့ လာလည်းမလာသလို နှစ်သစ်ကူး လက်ဆောင်လည်း မပို့ပေ။ချင်မျန်နဲ့ လဲ့ယ်ထျဲတို့ကတော့ ဒါတွေကို ဂရုမစိုက်။
ပထမလ၏ဆယ်ရက်မြောက်နေ့တွင် ဧည့်သည်လက်ခံခြင်းဓလေ့မှာ ပြီးဆုံးသွားလေရာ ရွာသူရွာသားများက သူတို့နှင့် ခင်မင်ရင်းနှီးသည့်လူများနှင့်အတူ ညစာစားရန် ဖိတ်ကြားလာကြသည်။ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည်လည်း လီကျန်း၏မိသားစု၊ ကျောက်ဝမ်ကျုံး၏မိသားစု (သူတို့ကိုအိမ်ငှားခဲ့သူ)၊ ကျန်းတရွှေ၏မိသားစု၊ အဘိုးကျန်းနှင့် ဝူတိတို့ကိုအိမ်တွင် ညစာစားရန် ဖိတ်ကြားဖို့အတွက် တစ်ရက်လုံး အလုပ်ရှုပ်နေခဲ့သည်။နောက်တစ်နေ့တွင် ကျောက်ဝမ်ကျုံး၊ ကျန်းတရွှေ၊ အဘိုးကျန်းနှင့် ဝူတိတို့သည် ဧည့်ဝတ်ပြန်လည်ကျေပွန်ဖို့အတွက် ပြန်လည်ဖိတ်ကြားလာခဲ့ကြသည်။
ဒီလို အပြန်အလှန်ဖလှယ်မှုတွေကြောင့် သူတို့ကြားက ဆက်ဆံရေးက ပိုနီးစပ်လာခဲ့၏။ယောက်ျားတွေရဲ့ ခင်မင်ရင်းနှီးမှုက အရက်ဝိုင်းကလာတာလို့ ပြောကြတာ မထူးဆန်းပေ။
ရာသီဥတုက ပိုပူလာပေမယ့် အိမ်ထဲမှာတော့ အရမ်းအေးနေသေးသည်။သို့သော် နေရောင်အောက်တွင် ခဏရပ်နေပါက ခန္ဓာကိုယ်ကို ပူလောင်သွားစေနိုင်ပြန်၏။
ပထမလ၏ဆယ်နှစ်ရက်မြောက်နေ့တွင် ဆီးနှင်းများ လုံးလုံးအရည်ပျော်သွားလေသည်။ပူနွေးသောနေရောင်ခြည်သည် ကောင်းကင်ယံတွင် မြင့်မားစွာ ရပ်တည်နေကာ မြေပြင်၏ 80% မှာ ခြောက်သွေ့သွားစေသည်။လဲ့ယ်ထျဲနှင့် ချင်မျန်တို့သည် လက်ဆောင်များပြင်ဆင်ကြပြီး လဲ့ယ်ထျဲ၏မိခင်ဘက်မှ အဘိုးအဘွားများထံ သွားရောက်လည်ပတ်ရန်
တျန်းရွာသို့သွားခဲ့သည်။
လဲ့ယ်ထျဲ နွားလှည်းလေးကို မောင်းလာပြီး ချင်မျန်ကတော့ ဘေးတွင် ဖရဲစေ့စားရင်း ထိုင်လိုက်လာသည်။
"အဘိုး၊ အဘွားနဲ့ ဒုတိယဦးလေးက အရမ်းကောင်းတဲ့လူတွေပါ၊ စိတ်မပူပါနဲ့" လဲ့ယ်ထျဲထံမှ ရုတ်တရက် စကားတစ်ခွန်း ထွက်ပေါ်လာသည်။
လဲယ်ထျဲက သူ့ဦးလေးအကြီးဆုံး၊ အကြီးဆုံးအဒေါ်နဲ့ ဒုတိယအဒေါ်အကြောင်းကို မပြောခဲ့ပေ။ချင်မျန် ဘာကြောင့် ဘာတွေဖြစ်လဲ ဆိုတာ သူသိ၏။သူ ဖရဲစေ့ကို ပါးစပ်ထဲထည့်ဝါးကာ ပြောလိုက်သည်။ "ကျွန်တော့်ပုံစံက စိတ်ပူနေတယ်လို့ ခင်ဗျား ထင်နေတာလား?"
သို့ပေသိ သူသည်ကား အသက် ၁၅ နှစ်သာ ရှိသေးသည်။
လဲ့ယ်ထျဲက သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး လက်ညှိုးလေးကို ကိုက်လိုက်သည်။
သူတို့ ရောက်လုနီးနီးဖြစ်နေသည်ကိုတွေ့သောအခါ ချင်မျန်သည် ပါးစပ်ကိုသုတ်ပြီး ဝါးခွက်ကိုထုတ်ကာ ပါးစပ်ကိုဆေးပြီးနောက် အဝတ်အစားများကိုပြန်ပြင်လိုက်၏။လဲယ်ထျဲ၏အဝတ်ပေါ်တွင် မတော်တဆပြုတ်ကျသွားခဲ့သော ဖရဲစေ့ခွံများကိုလည်း ဖယ်ပေးလိုက်သည်။
တျန်းရွာအဝင်ဝတွင် အသက် ၆၀ ခန့်ရှိ စုံတွဲတစ်တွဲသည် တစ်စုံတစ်ခုကို မျှော်လင့်နေဟန်ဖြင့် ခေါင်းမော့လျက် သစ်ပင်အောက်တွင် ခြေစုံရပ်နေကြသည်။အဘိုးအို၏ဆံပင်နှင့် မုတ်ဆိတ်မွှေးမှာ ဖြူနေကာ အလွန်စိတ်အားထက်သန်ပုံရ၏။
အဘွားကြီးသည်လည်း တစ်ခေါင်းလုံးတွင် ငွေရောင်ဆံပင်တွေ အပြည့်ရှိနေပြီး နှင်းဆီရောင် အသားရောင်နှင့် အနည်းငယ် တောင့်တောင်တင်းတင်းကိုယ်ထည်ရှိသည်။ဒီအသက်ကြီးစုံတွဲနှစ်ယောက်မှာ သခင်ကြီးတျန်းနဲ့ သခင်မကြီးတျန်းတို့သာ ဖြစ်၏။
လဲ့ယ်ထျဲက သူတို့ကို မြင်တော့ ချင်မျန်အား ပြောလိုက်သည်။ "အဲဒါ ကိုယ့်အဘိုးနဲ့ အဘွား”
ချင်မျန် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး "ခင်ဗျားကို စောင့်ဖို့ သူတို့ နေ့တိုင်း ဒီကိုရောက်နေတာပဲဖြစ်ရမယ်။မဟုတ်ရင် ဒီနေ့ လာမယ်ဆိုတာ သူတို့ သိဖို့ မဖြစ်နိုင်ဘူး။”
“သူတို့က တကယ့်ကို ကောင်းတဲ့လူတွေပါ” လဲ့ယ်ထျဲက ပြောလိုက်သည်။
ဇနီးမောင်နှံနှစ်ယောက်လည်း သူတို့ကို မြင်လိုက်ရတော့ ရှုံ့တွနေသော မျက်နှာများထက်တွင် ပျော်ရွှင်သွားကြသည့်အပြုံးတစ်ခု ပေါ်လာသည်။အဘွားအိုက သူတို့ကို သူ့ဘေးနားသို့ လှမ်းခေါ်လိုက်သည်။ချင်မျန်လည်း သူ့အဘိုးနဲ့အဘွားတွေကို သတိရမိ၏။
“အဘိုး...အဘွား။” လဲ့ယ်ထျဲသည် လှည်းပေါ်မှ ခုန်ဆင်းကာ စွေ့ခနဲ ဒူးထောက်လျက် အရိုအသေပေးလိုက်သည်။
ချင်မျန်လည်း တုံ့ဆိုင်းမနေဘဲ သူ့ဘေးမှာ ဒူးထောက်ချပြီး “အဘိုးနဲ့ အဘွားတို့ နှစ်သစ်မှာ ပျော်ရွှင်ပါစေ”
Advertisement
"ကောင်းပါပြီ၊ မြန်မြန်ထကြတော့။မင်းတို့ရဲ့အဝတ်အစားတွေ ညစ်ပတ်သွားမယ်။" သခင်မကြီးတျန်းက ချင်မျန်ကို ဆွဲထူပေးပြီး ကြည့်လိုက်သည်။ဒီကလေးက သန့်ရှင်းသပ်ရပ်ပြီး သူ့မျက်လုံးတွေကလည်း တောက်ပနေတာကို မြင်လိုက်ရတော့ သူမ ချက်ချင်းပဲ သူ့ကို သဘောကျသွား၏။သူမ အင်္ကျီအိတ်ကပ်ထဲမှ အနီရောင်စာအိတ်ကို ထုတ်ကာ ချင်မျန်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။သူမ ပြုံးလျက် "ဒါက အဖွားရဲ့သဘောထား နည်းနည်းလေးပါ။ယူထားလိုက်နော်"
"ကျေးဇူးတင်ပါတယ် အဖွား!" ချင်မျန်သည် ရှေးလူကြီးများနှင့် ပေါင်းတတ်သင်းတတ်သည်။သူ ငြင်းမနေတော့ဘဲ အိတ်ကို သူ့ရင်ခွင်ထဲ လိမ္မာပါးနပ်စွာ ထည့်လိုက်၏။ထို့နောက် အဘွား၏လက်ကို ကိုင်ကာ လဲ့ယ်ထျဲအား မျက်ခုံးပင့်ကာ ပြုံးလျက် “ကျွန်တော့်မှာ ရှိတယ် ဒါပေမယ့် ထျဲကောမှာတော့ မရှိဘူးမလား။မြန်မြန် ပြုံးပြလိုက်လေ။အဖွားက ထျဲကောကို စာအိတ်အနီ ပေးရင်ပေးလိမ့်မှာပေါ့"
လဲ့ယ်ထျဲက သူ့ကို ကူကယ်ရာမဲ့ဖြစ်စွာ စေ့စေ့ငုငု ကြည့်ရင်း မပြုံးပြနိုင်သေး။
ချင်မျန် သူ့ကို တမင်တကာ စနေတာကိုတွေ့တော့ အဘွားမှာ ရယ်မောရင်း “သူပြုံးနေရင်တောင် အဘွား မပေးဘူး။သူက ကြီးနေပြီလေ"
"ဒါဆို ကျွန်တော် အဖွားကို ထပ်ပြုံးပြမယ်" ထို့နောက် ချင်မျန် အဘွားကို ပြုံးပြလိုက်သည်။
အဘွားမှာ ရယ်လွန်းလို့ မျက်နှာပေါ်က အရေးအကြောင်းတွေပင် ထင်းလာ၏။ "ကောင်းပြီ အဖွားက မင်းကို စာအိတ်အနီတစ်အိတ်ထပ်ပေးမယ်။”
ချင်မျန် အားပါးတရယူလိုက်ပြီး လဲ့ယ်ထျဲကို ပေးလိုက်သည်။ "ဒီမှာရော့...ကျွန်တော့်ကို စိတ်မဆိုးနေနဲ့နော်"
အဘွားအိုက ပိုလို့တောင် ရယ်မောပျော်ရွှင်နေခဲ့၏။
အဘိုးအိုကဖြင့် အေးစက်စက်ဖြင့် ကြည့်နေစဉ် လက်ကို ကျောနောက်သို့ ပစ်ထားလိုက်သည်။သူ
ချင်မျန်ကို အသိအမှတ်မပြုခဲ့ပေ။
ချင်မျန်ကတော့ သိပ်ဂရုမစိုက်။လူတိုင်း သူကို သဘောကျရမယ်လို့မှ မရှိတာ။
ထိုအချိန်တွင် ပိုင်တျန့်လေးသည် လှည်းပေါ်မှ ခုန်ဆင်းကာ ချင်မျန်ထံသို့ လျှောက်လာပြီး သူ့ခြေထောက်ကို တိုးဝှေ့ပွတ်သပ်သွားကာ ရှေ့သို့ ပြေးသွားခဲ့သည်။
ချင်မျန် အမြန်လှမ်းပြောလိုက်ရသည်။
"ပိုင်တျန့်...လျှောက်ပတ်မပြေးနဲ့နော်"
ပိုင်တျန့်လေးသည် သူ့ကို ပြန်ကြည့်ကာ နာခံစွာ ပြန်ပြေးလာသည်။
အဖိုးအိုက ပိုင်တျန့်ကို စိုက်ကြည့်နေ၏။သူ့မျက်လုံးထဲတွင် မီးတောက်တစ်ခုကဲ့သို့ လင်းလက်လာပြီး
ချင်မျန်ကို မေးလိုက်သည်။ "ဒါက ဝံပုလွေလား?"
ချင်မျန် လန့်သွားပြီး "အဘိုး စိတ်ပူစရာမလိုပါဘူး။သူက အလွန်လိမ္မာပါးနပ်ပြီး သူ့ရဲ့ပင်ကိုယ်စရိုက်ကိုက လူတွေကို မထိခိုက်စေဘူး။"
အဘိုးအိုက ခေါင်းညိတ်လိုက်ပြီး သူ့အမူအရာမှာ ပျော့ပြောင်းသွားသည်။ထို့နောက် ချင်မျန်ကို ပြောလိုက်၏။“အိမ်ပြန်ကြစို့လေ”
ချင်မျန်သည် သူ့ရဲ့သဘောထားအလှည့်အပြောင်းကြောင့် ပဟေဠိ ဖြစ်နေသော်လည်း အဘိုးအိုက သူ့အား မျက်နှာကောင်း ပေးလိုသည်မှာ ကောင်းသည် မဟုတ်လား။ရှေ့ကနေ သူ အဘွားကို ကူတွဲပေးလိုက်ပြီး လဲယ်ထျဲကတော့ အဘိုးနဲ့အတူ နွားလှည်းကိုဆွဲကာ နောက်က လိုက်လာ၏။
အဘွားက ချင်မျန်ကို သူ့အသက်ဘယ်လောက်နှင့် ဘယ်ကလာကြောင်းမေးတော့ ချင်မျန်က မမှတ်မိကြောင်းသာ အမှန်အတိုင်းဖြေလိုက်သည်။
ဦးလေးတျန်း၏အိမ်သို့ ဦးစွာသွားကြသည်။အကြီးဆုံး ဦးလေးတျန်းနှင့် ဇနီးတွင် သားသမီး သုံးယောက်ရှိသည်။အကြီးဆုံးနှင့် ဒုတိယသမီး နှစ်ယောက်စလုံး အိမ်ထောင်ကျပြီးသားဖြစ်ကာ တစ်ဦးတည်းသောသားဖြစ်သူ တျန်းချွင်သည်လည်း အိမ်ထောင်ကျပြီးသွား၍ သားတစ်ယောက် သမီးတစ်ယောက်ပင် ရှိလေသည်။ကလေးနှစ်ယောက်စလုံးကို 'ကောင်းမွန်ခြင်း" ဟူသည်ကို ရည်ရွယ်ထားပုံရသည်။သူတို့၏အမည်များမှာ ခွင်းဇိုက်နှင့် ရှီယာတို့ဖြစ်၏။
ပထမဦးလေးနှင့် ပထမအဒေါ်တို့အား နှစ်သစ်ကူးနှုတ်ခွန်းစကားပြောပြီးနောက် ပထမအဒေါ်ဘက်က အလွန်နွေးထွေးစွာဆက်ဆံပုံရသော်လည်း ပထမဦးလေးမှာတော့ အလွန်အေးစက်၏။
ကလေးနှစ်ယောက်လည်း ချင်မျန်နဲ့ လဲ့ယ်ထျဲတို့အား လာရောက် ဂါရဝပြုလာသည်။ချင်မျန်သည် ခွင်းဇိုက်ကို ၁၆ဝမ်ပါအနီရောင် စာအိတ်နဲ့ သစ်သားဓားငယ်တစ်ချောင်း ပေးလိုက်ပြီး ရှီယာကို အနီရောင်စာအိတ်နဲ့ ခေါင်းစည်းတစ်ကြိုး ပေးလိုက်သည်။လဲ့ယ်ထျဲကတော့ သတိမမူခဲ့ချေ။နှစ်သစ်ကူး မတိုင်ခင်ကတည်းက ကလေးတွေအတွက် လက်ဆောင်တွေ ပြင်ဆင်ပေးရမယ်ဆိုတာကို ပြောဖို့ သူ မေ့နေခဲ့ခြင်းသာ။ထို့ကြောင့် သူ နယ်မြေထဲမှ အနီရောင်ခေါင်းစည်းကြိုးကို ကြံကြံဖန်ဖန်ရှာတွေ့ခဲ့ကာ လဲ့ယ်ထျဲကိုတော့ သစ်သားဓားတစ်လက်ကို လုပ်ခိုင်းလိုက်သည်။တကယ်တော့ ခေါင်းစည်းကြိုးဟူသည် သူ ဝတ်ဖို့အခွင့်မရှိလိုက်သည့် ဖိနပ်အသစ်တစ်ရံမှ ဖိနပ်ကြိုးတစ်ချောင်းသာ။
၎င်းကြိုးသည် အပြာ၊ ခရမ်းရောင်၊ အနီရောင်နှင့် အဝါရောင်ချည်များ ရောနှောထားသည့် အရောင်ရောကြိုးတစ်ချောင်း ဖြစ်သည်။ဒီခေတ်မှာ မတွေ့နိုင်လောက်အောင် ဆန်းသစ်ပြီး ထူးခြားပေ၏။ယင်း ဖိနပ်ကြိုးတွေက အရမ်းရှည်တာကြောင့် ချင်မျန်က ဖိနပ်ကြိုးနှစ်ချောင်းကို လေးပိုင်းခွဲလိုက်သည်။မည်သို့ပင်ဆိုစေကာမူ သူမှလွဲ၍ ဒီကြိုးတွေက ဖိနပ်ကြိုးတွေဖြစ်ကြောင်းကို မည်သူမျှ မသိခဲ့ကြပေ။
ရှီယာက "ခေါင်းစည်းကြိုး” ကို အလွန်နှစ်သက်ပုံရသည်။သူမက သူ့ကို ဝမ်းသာအားရ ကျေးဇူးတင်စကားပြောပြီး သူ့ခေါင်းပေါ်မှာ ကြိုးလေးကို တွဲချည်ပေးဖို့ သူ့အမေကို လောလိုက်သည်။
အရမ်းလှတာပဲ!
လက်ဆောင်ပစ္စည်းတွေကို လှည်းပေါ်မှ ချပြီးနောက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် ဒုတိယဦးလေး၏အိမ်သို့ သွားခဲ့ကြသည်။
ဒုတိယဦးလေးတျန်းသည် အကြီးဆုံးဦးလေးထက် ကြင်နာ၏။ဒုတိယအဒေါ်သည်လည်း ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပေးသည့်အတွက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့အတွက် အခက်အခဲမရှိခဲ့ပေ။သူတို့လင်မယားတွင် သမီးတစ်ယောက်နဲ့ သားနှစ်ယောက်ရှိ၏။ သမီးက အိမ်ထောင်ကျပြီးပြီဖြစ်ကာ အကြီးဆုံးသား တျန်းကျုံးတွင် သားတစ်ဦးနှင့် သမီးတစ်ဦးရှိသည်။သားအငယ်ဆုံး တျန်းရှောင်တွင် သားတစ်ယောက်နှင့် သမီးနှစ်ယောက်ရှိသည်။
ချင်မျန်ကတော့ သမာသမတ်ကျကျပင်။ကလေးငါးယောက်အတွက် လက်ဆောင်က ခွင်းဇိုက်နဲ့ရှီယာတို့
နှင့်အတူတူဖြစ်၏။မိန်းကလေးသုံးယောက်၏တုံ့ပြန်မှုသည် ရှီယာ၏အမူအယာနှင့် ထပ်တူနီးပါးပင်။ခေါင်းစီးကြိုးကို သူတို့ဆံပင်မှာ ပျော်ရွှင်စွာ ချည်နှောင်ထားလိုက်ကြသည်။
Advertisement
ဒုတိယဦးလေးတျန်းသည် တွေးခေါ်တတ်သူပင်။
စာအိတ်အနီနှင့် လက်ဆောင်တွေကို ချင်မျန်မှ ပေးသည်ကို မြင်သည်နှင့် တပြိုင်နက် ချင်မျန်သည် လဲ့ယ်ထျဲ၏အိမ်ထောင်စုကို တာဝန်ယူထားသည်ဟု သူ ထင်လိုက်၏။သူတို့နှစ်ဦးကြား ဆက်ဆံရေးက ကောင်းမွန်ကြောင်း ကောက်ချက်ချခဲ့သည်။
သူ လဲ့ယ်ထျဲ၏ပုခုံးကို ပုတ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။
"မင်းတို့နှစ်ယောက် ဘာပဲဖြစ်နေဖြစ်နေ ကောင်းကောင်းမွန်မွန် နေကြ။ဒါမှသာ မင်းအမေလည်း နောက်ဘဝမှာ စိတ်ချလက်ချ နေနိုင်မှာပေါ့"
လဲ့ယ်ထျဲက ပြောလိုက်သည်။ “သူက ကျွန်တော့်မိန်းမပါ"သူ့လေသံက တိုးညှင်းပေမယ့် ခပ်မာမာပင်။
ဒုတိယဦးလေးတျန်းမှာ ကြောင်အသွားပြီး တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။သူ လဲ့ယ်ထျဲ၏ပခုံးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရင်း “မင်း အရွယ်ရောက်လာပြီပဲ။ပြီးတော့ မင်းမှာ ကိုယ်ပိုင် အကြံဥာဏ်တွေရှိတယ်ဆိုတာ သိတယ်။
ဒုတိယဦးလေးကတော့ အားလုံး အဆင်ပြေပါစေလို့ပဲ ဆုတောင်းပါတယ်။” ချင်မျန်သည် လက်ဖက်ရည်သောက်လျက် စားပွဲဝိုင်းတွင် ထိုင်နေသော်လည်း အမှန်တကယ်တော့ သူတို့ပြောတာကို နားထောင်နေနေခြင်း ဖြစ်သည်။ထို့နောက် ထောင့်စွန်းတွင် ထမ်းပိုးတစ်ခုနှင့် သစ်သားစင်ငယ်တစ်ခုကို တွေ့လိုက်ရ၏။သစ်သားစင်ပေါ်တွင် သစ်သားလူရုပ်များ၊ အပ်ချုပ်သေတ္တာများ၊ ချည်ထိုးအိတ်ငယ်များနှင့် အခြားပိစိသေးသေးလေးတွေကို တင်ထားလေသည်။ "ဒုတိယဦးလေး...အဲဒါတွေက....”
ဒုတိယဦးလေးက ရယ်မောရင်း “မင်းထျဲကောက မင်းကို မပြောဘူးလား။ဦးလေးက ကုန်သည်တစ်ယောက်လေ။"
ချင်မျန်၏နှလုံးခုန်နှုန်းမှာ မြန်သွားသည်။သူ လဲ့ယ်ထျဲကိုကြည့်ကာ ဒုတိယဦးလေးတျန်းကို ပြောလိုက်၏။ "လဲ့ယ်ထျဲကနေတစ်ဆင့် နောက်ဆုံးအကြိမ်ပို့လိုက်တဲ့ ရွက်ကြော်၊ မုန့်နှစ်ကြော်နဲ့ စန်းဇီကိုရော မြည်းကြည့်ပြီးပြီလား?"
ဒုတိယဦးလေးတျန်းက ခေါင်းညိတ်ပြီး “မြည်းပြီးပြီ အရသာရှိတယ်။ကလေးတွေလည်း အရမ်းကြိုက်ကြတယ်။”
ချင်မျန်က ခပ်ဖျော့ဖျော့ပြုံးပြီး လဲ့ယ်ထျဲကိုပြောလိုက်သည်။ "ကျွန်တော်တို့ မုန့်နှစ်ကြော်၊ စန်းဇီ၊ ရွက်ကြော်နဲ့ ကောင်းဇီအချိုမုန့်တွေရဲ့ ချက်နည်းတွေကို ဒုတိယဦးလေးကို ပေးလိုက်မယ်။"
ဒုတိယဦးလေးတျန်းက လန့်ဖျပ်သွားပြီး "မလိုပါဘူး!"
လဲ့ယ်ထျဲက ချင်မျန်ကို လေးလေးနက်နက်ကြည့်ကာ "မင်း သဘော"
ဒုတိယဦးလေးတျန်းက ပြောချင်နေသေးပေမယ့် ချင်မျန်က သူ့ကို လက်ဝှေ့ယမ်းပြီး တားလိုက်သည်။ “ဒုတိယဦးလေး မငြင်းပါနဲ့။ ဒီမုန့်တွေနဲ့လည်း ကျွန်တော်တို့ ငွေရှာဖို့ အစီအစဉ်မရှိပါဘူး။အများဆုံးအနေနဲ့ ကျွန်တော်တို့အတွက် စားဖို့ပဲ လုပ်တာပါ။
ဒီအစားအစာတွေက လုပ်ရတာလည်း မရှုပ်ထွေးဘူး။တစ်အိမ်ပြီးတစ်အိမ် ရောင်းချဖို့ အလွန်သင့်တော်တယ်။ဒါ့အပြင် ထုတ်လုပ်မှု ကုန်ကျစရိတ်မှာလည်း မမြင့်မားဘူးလေ။ဒုတိယဦးလေးအနေနဲ့ ကြီးကြီးမားမား စည်းစိမ်ဥစ္စာမျိုးတွေ မရှာချင်ပေမယ့်လည်း 'သစ်လွင်မှု' ကို အားကိုးပြီး အမြတ်အနည်းငယ် ပိုရနိုင်တာပေါ့။"
“ဒါ...” ဒုတိယ ဦးလေးတျန်းက သူ့လက်ကို လိမ်နေကာ “ဒါဆို ဒီလိုဆို ဘယ်လိုလဲ?ပိုက်ဆံရှာပြီးရင် မင်းကို ပြန်မျှဝေပေးမယ်လေ။”
ချင်မျန်က ပြုံးပြီး "ဒုတိယဦးလေး ထျဲကောကို ကူညီပေးခဲ့တယ်။လဲ့ယ်ထျဲနဲ့ ကျွန်တော်က အဲဒါကို စိတ်ထဲမှာ မှတ်ထားပါတယ်။ဒုတိယဦးလေးက ကျွန်တော်တို့ကို ကျေးဇူးပြန်ဆပ်ဖို့ အခွင့်အရေး မပေးချင်ဘူးလား?”
လဲ့ယ်ထျဲကလည်း “ဒုတိယဦးလေး...မငြင်းနဲ့တော့။ကျွန်တော့်ဇနီးက သူ့စကားအတိုင်း အမြဲလုပ်တယ်။ကျွန်တော်လည်း သူ့စကားကိုလက်ခံတယ်။"
ဒုတိယဦးလေးတျန်းက သူ့ကိုယ်သူ ရယ်မိသည်။ဤကလေးနှစ်ယောက်ကတော့လေ....ချင်မျန်က လဲ့ယ်ထျဲကိုယ်စား ကျေးဇူးပြန်ဆပ်ခဲ့ပြီး လဲ့ယ်ထျဲက ချင်မျန်ကို သူ့ရှေ့မှာချီးကျူးခဲ့တယ်။နှစ်ယောက်စလုံးက တစ်ဖက်သားအတွက် လုပ်နေခဲ့တာပဲ။ထပ်ငြင်းရင် အပြင်လူအဖြစ် သတ်မှတ်ခံရလိမ့်မယ်။
ထို့ကြောင့် ဒုတိယဦးလေးတျန်းက ခေါင်းညိတ်ကာ “ဒီလိုဆိုရင်တော့ ဒုတိယဦးလေးတျန်းကပဲ အရှက်မရှိ လက်ခံပါရစေ”
ချင်မျန်သည် အဆာပြေမုန့်၏လုပ်ငန်းစဉ်တွေကို အသေးစိတ်ပြောပြခဲ့ပြီး ဒုတိယဦးလေးသည်လည်း ဂရုတစိုက် မှတ်သားခဲ့သည်။
ထိုနေရာတွင် ခဏထိုင်ပြီးနောက် ချင်မျန်နှင့် လဲ့ယ်ထျဲတိုသည် ပထမဦးလေးတျန်း၏အိမ်သို့ ပြန်သွားကြသည်။ပထမဦးလေးတျန်း၏အိမ်တွင် နေ့လည်စာ စီစဉ်ပေးထား၏။
ချင်မျန်က ဒုတိယဦးလေးကို ဟင်းချက်နည်းအနည်းငယ် ပေးခဲ့ကြောင်း ဒုတိယအဒေါ် သိလိုက်ရသောအခါတွင် ချင်မျန်နှင့် လဲ့ယ်ထျဲတို့အပေါ် ထားရှိသည့်သဘောထားမှာ ပိုမိုကောင်းမွန်လာခဲ့သည်။
စားပွဲပေါ်ရှိ နေ့လည်စာဝိုင်းလေးမှာ အလွန်အေးချမ်းဖွယ်။၎င်းနှင့်ပတ်သက်ပြီး အဆင်မပြေမှုတစ်စုံတစ်ရာမရှိခဲ့ချေ။
နေ့လယ်စာစားပြီးနောက် အဘွားသည် ချင်မျန်နှင့် လဲ့ယ်ထျဲတို့ကို စကားများ ရေပတ်မဝင်ပြောရန် ဆွဲခေါ်သွားလေသည်။
လဲ့ယ်ထျဲ၏မိခင်အရင်းဖြစ်သူ တျန်းရှီ ဆုံးပါးသွားပြီးနောက် ပထမနှစ်နှစ်အတွင်း သခင်ကြီးတျန်း၊ သခင်မကြီးတျန်း၊ ပထမဦးလေးနှင့် ဒုတိယဦးလေးတို့သည် လဲ့ယ်ထျဲအတွက် အလွန်စိုးရိမ်ခဲ့ကြကြောင်း သိလိုက်ရသည်။သူတို့ နှစ်လတစ်ကြိမ် သူ့ဆီလာလည်ပြီး ကိုယ်တိုင်လုပ်အ၀တ်အစားတွေ၊ ဖိနပ်တွေ၊ ခြေအိတ်တွေ ပို့ပေးခဲ့သည်။သို့သော် လဲ့ယ်ရှန်းရန် မွေးဖွားမှုနှင့် တုရှီ၏သွေးထိုးလှုံ့ဆော်မှုတို့ကြောင့် လဲ့ယ်တာချန်၏နှလုံးသားသည် တုရှီဘက်သို့ ပိုမိုတိမ်းညွတ်ခဲ့သည်။တစ်ချိန်တည်းမှာပင် တျန်းမိသားစုအတွင်း ပထမဦးလေးတျန်းနှင့် ဒုတိယဦးလေးတျန်းတို့ အိမ်ခွဲနေလိုက်ကြသည်။ပထမဦးလေးတျန်းက သားအကြီးဆုံးဖြစ်သောကြောင့် မိဘများက သူ့နောက်သို့ လိုက်သွားကြသည်။
တစ်ဖက်တွင် သားနှင့်မြေးများစွာဖြင့် ရှိနေခဲ့ပြီး တစ်ဖက်မှာတော့ တစ်ဦးတည်းမြေးသာ ရှိနေခဲ့သည်။ပထမအဒေါ်သည် အဘွားက မျက်နှာလိုက်သည်ဟု ယုံကြည်နေကာ လှောင်ပြောင်သော စကားများစွာကို ပြောခဲ့သည်။ဒုတိယအဒေါ်က မဆိုးပေမယ့် အရမ်းတွန့်တို၏။ဒုတိယဦးလေးက လဲ့ယ်ထျဲအကြောင်း တစ်ချိန်လုံးတွေးနေတာကို သူ သည်းမခံနိုင်တော့တာကြောင့် လဲ့ယ်ထျဲနဲ့ပတ်သတ်ပြီး အိမ်မှာ အမြဲရန်ဖြစ်ကြသည်။ဤအကြောင်းအရင်းသုံးချက်ကြောင့် နောက်ဆုံးတွင် အိမ်မှထွက်ပြေးသွားခဲ့သော လဲ့ယ်ထျဲအကြောင်းအား လုံးဝလျစ်လျူရှု့သွားစေခဲ့၏။
အများကြီးပြောသွားသည်မှာ အဘွား ဆိုလိုချင်တာက ချင်မျန်နဲ့ လဲ့ယ်ထျဲတို့ကို သူတို့အား မမုန်းစေရန် မျှော်လင့်ခြင်းသာ။လဲ့ယ်ထျဲက ခေါင်းခါလိုက်၏။
ချင်မျန်ကလည်း တျန်းမိသားစုအကြောင်း မစဉ်းစားခဲ့ဖူးပေ။လဲ့ယ်ထျဲ အိမ်မှအတင်းအကြပ်ထွက်ပြေးခဲ့ရသည့် အဓိကတရားခံတွေက သူ့အဖေ လဲ့ယ်တာချန်နှင့် တုရှီတို့ဖြစ်သည်ကိုသာ သိခဲ့ခြင်းသာ။
ဆွေမျိုးပေါက်ဖော်များကြားမှ တျန်းမိသားစုသည် မိခင်ဘက်မှ အဘိုးအဘွားများဖြစ်ကြတာကြောင့် အမှန်ပင် အပြစ်မတင်ခဲ့ကြချေ။
ယခုအခါ လဲ့ယ်ထျဲသည် အဆင်ပြေစွာ ကြီးပြင်းလာခဲ့ပြီးပြီဖြစ်ကာ မိသားစုငယ်လေးတစ်ခုပင် ရှိလာခဲ့သည်။အတိတ်က အသေးအမွှားလေးတွေအတွက် စိတ်ခုစရာ မလိုတော့ပေ။ညစာကိုတော့ ဒုတိယဦးလေးအိမ်မှာ စားဖြစ်ခဲ့ပြီး ဒုတိယအဒေါ်ကတော့ အရမ်းစိတ်အားထက်သန်နေခဲ့သည်။
ချင်မျန်နှင့် လဲ့ယ်ထျဲတို့ကတော့ သူတို့ပေးလိုက်သည့် ဟင်းချက်နည်းများနှင့် သက်ဆိုင်ကြောင်း သိ၏။
ညစာစားပြီးနောက် နေဝင်သွားချေပြီ။နှစ်ယောက်သား နေဝင်ချိန် နေရောင်အောက်မှာပင် ရေချိုးခဲ့ပြီး အိမ်သို့ ပြန်လာခဲ့ကြသည်။
လဲ့ယ်ထျဲက ဝိုင်နည်းနည်းသောက်ထားပြီး ချင်မျန်ရဲ့လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထား၏။ချင်မျန်က ထိုလူကို လှည်းမောင်းခိုင်းလိုက်ရင် နွားလှည်းက မြောင်းထဲကို ပြေးဆင်းသွားမည်ကို စိုးရိမ်တာကြောင့် လှည်းကို ကိုယ်တိုင်သာ မောင်းနေလိုက်သည်။
“ဇနီးလေး...” လဲ့ယ်ထျဲက ချင်မျန်၏ပခုံးကို မှီကာ သူ့နားထဲကို ဝိုင်ရနံ့သင်းနေသည့် လေဖြင့် မှုတ်ထုတ်ရင်း "ကိုယ် အိမ်ကနေ ထွက်သွားခဲ့တဲ့နေ့ကို အမြဲအမှတ်ရမိနေတုန်းပဲ....”
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
Advertisement
- In Serial13 Chapters
Reincarnated as a pokemon!
After a difficult life Felix Danim finally gives up and moves on to his next big journey. He wakes up to find himself having been reincarnated into a pokemon! How will Felix live, or, more importantly, survive his new circumstances? The world of pokemon is not as kind or forgiving as he remembered. -------------------------------------------------------------------------------------------------------------------- This story is set in an alternate universe where pokemon exclusively in the protagonists region live together in diverse communities, based on the pokemon mystery dungeon games. The story is set right before the theorized 'great war' occurs. Expect elements from both the mainstream games as well as elements from other pokemon franchises. Even elements from fan-made games may appear. Warning: This story uses a mix of xianxia elements and litrpg elements to flesh out the standard pokemon levelling system. Disclaimer: I do not own pokemon, or anything from the franchise, only my OC characters.
8 114 - In Serial48 Chapters
The mafia ball.
MATURE CONTENT: some may say a smut overload EDITING/REWRITING One night. A night filled with passion and longing. The annual ball has finally come, a night Nova Quinn has been dreaming of for years. Finally, she can go and live out her dreams. When she catches the eyes of Grayson Blackwell, she can't help but give into him. One night. They share one night of passion, intending of never seeing each other again. But not everything goes to plan. Nova Quinn. She's strong, stunning, sexy, smart and can pack a punch; she's everything you could ever want. However, Nova has never opened her heart nor her mind to the idea of love; until him. She's the daughter of one of the most powerful mafia bosses in England. She may be named after a star, but she's as dangerous and feisty as the devils daughter. "I'm not a princess, I don't need saving. I'm a queen, I get shit handled." *** Grayson Blackwell. He's built like a tank, tattoos cover his body, but what is he hiding under all those swirls of black ink? Having never been loved, trained since birth to become a monster, he does just that. He's ruthless to everyone, not allowing anyone got get close. Until her. He's fearless, dangerous, filled by anger and the most feared man by many. Being the son of a powerful Mafia boss has brought pain to Grayson that he always carry's with him. No one messes with the stories they've heard. "I'm not calling you a slut, but you've had more balls in your mouth than the 'Hungry, Hungry Hippos'."Highest rankings. #3 in power #2 in Nova #1 in Grayson #1 in ballroom #1 in knives#1 in teasing#10 in teen fiction #1 in non-fiction #10 in badass#1 in fighting #1 in challenge #2 in guns #8 in fiction #2 in dance*None of the photos are mine, I do not take any credit for them.*
8 91 - In Serial89 Chapters
The Two Sides of the Light
Members of an underground organization will stop at nothing to bring forth a new era in an aging society. As plans slowly shape in ideal directions, there are the unwilling few who stand in the way of their progress.Alliances are formed, conflicts of interest arise and forgotten secrets are revealed - all of them part of a path towards the ultimate goal.Their actions would either empower a nation to heights feared by all, or plunge it into chaos.[Work in progress with slow, snail-paced updates. Everything seen here is a hundred percent fresh-off-the-word-processor with barely any editing. Patience is a requirement before clicking "start reading". You have been warned][† - This work has been selected by the Wattpad Explorer to be on the Editors' Choice reading list on 04-November-2018 to 30-January-2019]
8 494 - In Serial11 Chapters
You're an Asshole (but a cute one) [Destiel AU]
Something about that cocky grin and mischievous smirk made Cas glare in fury. Dean had no sense of respect whatsoever, he tries to flirt himself out of trouble (though it has worked a few times on Cas, he must admit), and he's a complete and utter asshole... but he's a cute asshole, so who is he to say no to those taunting green eyes? • this is book one of two [ Destiel AU, ideas from tumblr ]Warning: Bad language (for those not comfortable with profanity)
8 141 - In Serial155 Chapters
PICTURES IN CARS: Traveling with Instagram
I like pictures taken in cars. Driving at night is kinda mysterious, an intimate thing - and what shall I say? Imagination's a wild thing, and there are stories hidden in your smiles.Instagram is so much more than a vanity thing. Sure, there are a lot of people out there, bloggers, starlets and so-called stars just promoting themselves, but there are also the lovers, the travelers, the real artists playing and inspiring with visuals and words, and so Instagram first of all things means worldwide traveling to me. Here's what I found on my travels there, I wanna share it with you!Title "Pictures In Cars" is inspired by a photo of wonderful hannahtaha.Cover photo © Hannah Taha Visuals belong 2 the artists and travelers. Words belong 2 me.© All Rights Reserved
8 113 - In Serial66 Chapters
LITTLE FURY ( fairy tail. )
( Completed )━━━𝐋𝐈𝐓𝐓𝐋𝐄 𝐅𝐔𝐑𝐘❝With her tiny fists she'll bring a mighty wrath.❞[ BOOK ONE OF DEALANA KA'INO ]⤷ Fem!OC x Fairy Tail⤷ Includes added lore,additional OCs, & more⤷ Based on the Anime⤷ Plans to rewrite soon
8 172

