《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[70+71]
Advertisement
[Unicode]
070: မြေရှင်ယာရှင်ဖြစ်ရတာ ကောင်းပါတယ်။
ချင်မျန်သည် လဲ့ယ်ထျဲ ပြုတ်ကျသွားမည်ကို စိုးရိမ်မိတဲ့အတွက် သူ့ခါးကနေ လှမ်းထိန်းထားရသည်။
“အဘိုးနဲ့ အဘွားကို နောက်ဆုံးအကြိမ်အနေနဲ့ တိတ်တဆိတ် သွားတွေ့ခဲ့ပေမယ့် သူတို့ သိသွားပြီး ဦးလေးငယ်ကနေတစ်ဆင့် ကိုယ့်ကို ငွေတစ်တုံး ပေးခိုင်းလိုက်တယ်။အဲဒီငွေတစ်တုံးသာ မရှိခဲ့ဘူးဆိုရင် လဲ့ယ်ထျဲဆိုတဲ့သူက ဒီကမ္ဘာမှာ ရှိတော့မှာ မဟုတ်ဘူး။ဒီငွေနဲ့ မြောက်ဘက်တလျှောက်လုံး တစ်ပါတည်းယူသွားခဲ့တယ်....”
ချင်မျန် ခေါင်းလှည့်ပြီး သူ့မျက်ဝန်းတွေထဲကို ဂရုတစိုက်ကြည့်ကာ "ခင်ဗျား ဝမ်းနည်းနေလား?"
လဲ့ယ်ထျဲက သူ့ကို ပွေ့ဖက်လိုက်ပြီး “အရမ်း ဝမ်းနည်းတယ်"
"ခင်ဗျား အဲဒီဆယ်စုနှစ်ကအကြောင်းတွေကို တစ်ခါမှ မပြောပြဖူးဘူး။ကျွန်တော်က ခင်ဗျား ကျွန်တော့်ကို မပြောချင်ဘူးလို့ထင်နေတာ"
ချင်မျန် သူ့ကို အပြုံးဖျော့ဖျော့ဖြင့် ကြည့်နေသည်။အခုမှပဲ သူ စိတ်သက်သာရာရသွားတော့၏။
"ကိုယ် မင်းကို ဘာမှဖုံးကွယ်ထားတော့မှာ မဟုတ်ဘူး။" လဲ့ယ်ထျဲ သူ့မေးစေ့ကို လှမ်းကိုင်လိုက်ပြီး နှုတ်ခမ်းကို ညင်သာစွာ နမ်းကာ နွားဇက်ကြိုးကို ယူလိုက်၏။ “အရင်က မပြောဘူးဆိုတာက ဘယ်ကနေ စပြောရမှန်းမသိလို့။အဲဒီကာလတွေမှာ....”
ချင်မျန် သေချာနားထောင်ပေးသည်။လဲယ်ထျဲ၏ဇာတ်လမ်း ပြီးဆုံးသွားသည်အထိ အိမ်သို့ မရောက်သေးပေ။ချင်မျန်ကတော့ ထိတ်လန့်နေတုန်းပါပဲ။လှည်းပေါ်မှ ဆင်းရန်ပင် မေ့သွားကာ လဲ့ယ်ထျဲက အိမ်ထဲသို့ ခေါ်ဆောင်သွားပေးရပြီး ဆက်တီခုံပေါ် တင်ပေးရလေသည်။
လဲ့ယ်ထျဲ၏ဆယ်နှစ်တာကာလသည် ဤမျှရှုပ်ထွေး၊စိတ်လှုပ်ရှား၊ အံ့သြဖွယ်ကောင်းပြီး ခက်ခဲလွန်းသည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
သူ အတိတ်အကြောင်းကို ဘယ်တုန်းကမှ မပြောခဲ့တာ အံ့သြစရာတော့ မဟုတ်ပေ။
မီးဖိုချောင်တံခါးဝတွင်ရပ်လျက် ချင်မျန်သည် မီးဖိုရှေ့တွင်ထိုင်လျက် ရေနွေးတည်ရန် မီးမွှေးနေသည့် လဲ့ယ်ထျဲကိုကြည့်နေသည်။သူရှိရာသို့ လျှောက်သွားကာ ထိုင်ချလိုက်ပြီး ပွေ့ဖက်လိုက်၏။
လဲ့ယ်ထျဲ၏အတိတ်ကို သိလိုက်ရသောအခါ သူသည်လည်း လဲ့ယ်ထျဲအတွက် ပို၍ပင် နာကျင်ခံစားခဲ့ရပြီး သူ့နှလုံးသားသည်လည်း လဲ့ယ်ထျဲနှင့် ပိုမိုနီးကပ်လာခဲ့သည်။တစ်ချိန်တည်းမှာပင် သူ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရပြန်သည်။လဲ့ယ်ထျဲက သူ့အပေါ် ပွင့်ပွင့်လင်းလင်းပြောပြသော်လည်း သူ နယ်မြေအကြောင်းကိုတော့ သူ့အား ချက်ချင်းမပြောပြချင်ပေ။ယုံကြည်မှုနှင့် မဆိုင်သော်လည်း သတိထားရမည် ဖြစ်သောကြောင့်ပင်။
"တကယ်တော့ ကျွန်တော်လည်း ခင်ဗျားကို တစ်ခုခု ဖုံးကွယ်ထားခဲ့တာလေ--"
လဲ့ယ်ထျဲက သူ့ခါးကို ဖက်လိုက်ပြီး ခေါင်းစောင်းကာ နှုတ်ခမ်းကို ပိတ်လိုက်၏။ထို့နောက် မီးကို ဆက်လက်မွှေးနေခဲ့ပြီး သူ၏အမူအရာမှာ ပုံမှန်အတိုင်းဖြင့် "သိတယ်။မင်း ကိုယ့်ကိုပြောပြချင်တဲ့နေ့အထိ စောင့်နေမယ်။"
ချင်မျန် စိတ်သက်သာရာလည်း ရသလို စိတ်လည်းပျက်မိသွားသည်။လဲ့ယ်ထျဲက လျှို့ဝှက်ချက်ကို ဆက်ပြီး မမေးတာက သူ့ကို ဂရုမစိုက်ဘူးလို့ ထင်စေသည်။
သို့သော် သူတို့မှာ အချိန်တွေ အများကြီးကျန်နေသေးပြီး အရာရာတိုင်းကို အမှန်တကယ် အလျင်စလိုလုပ်နေရန် မလိုအပ်ပေ။
“၈လပိုင်း ၁၅ ရက်နေ့ရောက်ရင် ခင်ဗျား ကျွန်တော့်ကို တကယ်သင်ပေးမှာနော်...” ချင်မျန်သည် လဲ့ယ်ထျဲ ပြောခဲ့သည့်အရေးကြီးဆုံးအရာကို တွေးမိပြီး စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။သူ့နှလုံးခုန်နှုန်းတွေ မြန်လာပြီး သွေးတွေ ဆူပွက်လာသည်။
လဲ့ယ်ထျဲက ခေါင်းညိတ်ကာ “၈လပိုင်း ၁၅ ရက်နေ့က အကောင်းဆုံးအချိန်ပဲ"
ချင်မျန် ထိုလူ၏လည်ပင်းကို လှမ်းဖက်ပြီး နမ်းလိုက်သည်။
လဲ့ယ်ထျဲ သူ့လက်ထဲက ထင်းချောင်းတွေကို လွှင့်ပစ်လိုက်ပြီး ချင်မျန်၏ခါးကို လက်နှစ်ဘက်နဲ့ ဆုပ်ကိုင်လိုက်ကာ မြှောက်လိုက်၏။သူ ထိုလူငယ်လေးကို သူ့လက်နှစ်ဖက်ဖြင့် ထိန်းထားကာ သူ့ ပေါင်ပေါ်တွင် ထိုင်ချစေသည်။နှုတ်ခမ်းဖြင့် အစချီလျက် လျှာဖျားဖြင့် ဆုပ်ယူနမ်းရှိုက်လိုက်၏။
လဲ့ယ်ထျဲ၏ခံတွင်းရှိ ဝိုင်အနံ့သည် မပျံ့လွင့်နိုင်သေးရာ ချင်မျန်၏ပါးစပ်တစ်ခုလုံး၌ အနံ့တွေဖြင့် ပြည့်နှက်သွားစေတော့သည်။ချင်မျန်၏ခန္ဓာကိုယ်မှာ အားနည်းလာပြီး လဲ့ယ်ထျဲ၏လည်ပင်းတစ်ဝိုက်ကို သူ၏လက်မောင်းများဖြင့် ရစ်ပတ်ထားရကာ အစွမ်းကုန် တုံ့ပြန်ပေးခဲ့သေးသည်။သို့သော် သူ့ခန္ဓာကိုယ်မှာ လဲ့ယ်ထျဲထက် အားနည်းလေရာ မကြာခင်မှာပင် သူ ရှုံးနိမ့်ခဲ့၏။လဲ့ယ်ထျဲ၏ရင်ခွင်ထဲတွင် သူ့အပေါ်ပိုင်းတစ်ပိုင်းလုံး မှီတွယ်ထားရလေတော့၏။
“ခဏ....”
လဲ့ယ်ထျဲ၏နှုတ်ခမ်းတွေကြောင့် မသဲမကွဲအက်ရှသည့်စကားလုံးများသည် လွင့်စင်သွားကာ ညာဘက်လက်ဖဝါးက ချင်မျန်၏လည်ကုပ်ကို ပွတ်တိုက်နေကာ ချည်သားဝတ်ရုံပေါ်မှတစ်ဆင့် သူ့နောက်ကျောတစ်လျှောက် ပွတ်ဆွဲသွားပြီး သူ့လျှာအားသည်လည်း ပို၍ပြင်းထန်လာသည်။
ချင်မျန် သူ့ကို အားကုန်တွန်းဖယ်လိုက်ရသည်။သူ့မျက်လုံးအစုံက လဲ့ယ်ထျဲကို စိုက်ကြည့်ရင်း အနည်းငယ် အသက်ရှူချောင်သွားကာ ကူကယ်ရာမဲ့ဖြစ်စွာ ပြောလိုက်ရသည်။
"ကျွန်တော့်တင်ပါး အကင်ခံနေရလို့ ပူနေပြီ"
အစကတည်းက လဲ့ယ်ထျဲသည် မီးဖိုနှင့် နီးကပ်စွာရှိနေပြီး သူကလည်း လဲ့ယ်ထျဲ၏ရင်ခွင်နှင့် ကပ်လျက်ရှိနေသေးသည်။
လဲ့ယ်ထျဲ သူ့လက်ကို ဆန့်ထုတ်ကာ စမ်းကြည့်လိုက်တော့ အမှန်တကယ်ပင် ပူနေ၏။သူ ကြောင်အသွားလေသည်။
သူ့လည်ချောင်းထဲကနေ ခပ်သြသြဖြင့် ပျော်ရွှင်ရယ်မောသံ ထွက်လာခဲ့တော့သည်။
“ဟားဟား....."
“ဘာရယ်စရာပါနေလို့လဲ--” ချင်မျန် သူ့ကိုကြည့်ရင်း သတိလက်လွတ်ဖြစ်သွားရသည်။
ဒီလူက တကယ်ချောတာပဲ။မပြုံးဘဲနေရင် ချဉ်းကပ်ရခက်ပုံရတယ်။ဒါပေမယ့် သူ ရယ်လိုက်ရင် သူ့မျက်လုံးတွေထဲကနေ ကြယ်ရောင်လေးတွေ တလက်လက် လွင့်ပျံလာသလိုပဲ။သူ့ရဲ့ ကွေးတက်သွားတဲ့ နှုတ်ခမ်းထောင့်တွေကလည်း လျှို့ဝှက်ဆန်းကြယ်ပြီး လူတွေကို အကြည့်မလွှဲနိုင်လောက်အောင် ဖမ်းစားထားနိုင်တယ်။
လဲ့ယ်ထျဲ ချင်မျန်ကို လွှတ်မပေးဘဲ သူ့အမူအရာကို ကြည့်ရင်း သူ့တင်ပါးကို မီးဖိုနဲ့ဝေးတဲ့နေရာကို ရွေ့လိုက်သည်။
သူ့ဇနီးလေး သတိမေ့မြောနေရာမှ နိုးလာကတည်းက သူ့မျက်နှာပေါ်ရှိ အမာရွတ်အပေါ် ကြောက်ရွံ့မှုနှင့် ရွံရှာမှုမျိုး တစ်ခါမျှ မပြသခဲ့ပေ။ပိုမိုတိတိကျကျ ပြောရလျှင် သူ့မျက်နှာပေါ်ရှိ အမာရွတ်သည် သူ့ဇနီးလေး၏မျက်လုံးထဲတွင် မမြင်သလိုပင်။
Advertisement
ရေလည်း ဆူပွက်သွားပြီ။တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်အပြီးမှာတော့ လဲ့ယ်ထျဲက ချင်မျန်ကို အိပ်ခန်းထဲ ပြန်ခေါ်သွားကာ နံရံထောင့်မှာ ငုတ်တုတ်ထိုင်ပြီး နံရံပေါ်က အုတ်ခဲတစ်တုံးကို သူ့လက်နဲ့ ခွဲပစ်လိုက်သည်။
"ဘာလုပ်နေတာလဲ?" ကုတင်ပေါ်တက်နေရင်း ချင်မျန်က ခြေနင်းဖိနပ်ကို ချွတ်ချလိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
လဲ့ယ်ထျဲသည် အုတ်အက်ကွဲကြောင်းမှ အညိုရောင်သစ်သားသေတ္တာကို ထုတ်ယူပြီး အုတ်ခဲကို ပြန်ထည့်ကာ သစ်သားသေတ္တာကို ချင်မျန်အား ပေးလိုက်ကာ ဖွင့်ကြည့်ရန် လောခဲ့သည်။
ချင်မျန် သစ်သားသေတ္တာကို သံသယဖြင့် ဖွင့်လိုက်၏။အထဲမှာ စာရွက်တစ်ရွက်ရှိနေကာ တစ်ချက်ကြည့်လိုက်ပြီးနောက် မတ်တပ်ထရပ်မိ၏။ “ငွေစက္ကူရွက်တွေလား? တစ်၊ နှစ်၊ သုံး.... ငွေစက္ကူ ၁၀၀၀၀ တန် သုံးရွက်၊ ငွေစက္ကူ ၅၀၀၀ တန်တစ်ရွက်နဲ့ ငွေစက္ကူ ၁၀၀၀တန် ငါးရွက်။စုစုပေါင်း 40,000 တောင်လား?"
လဲ့ယ်ထျဲ ခေါင်းညိတ်ပြလိုက်သည်။
ချင်မျန် လှောင်ပြောင်ထေ့ငေါ့ကာ ရင်ဘတ်ရှေ့သို့ သူ့လက်နှစ်ဖက်ကို ဆန့်တန်းပြီး လဲ့ယ်ထျဲကို နှိမ့်ချစွာ ကြည့်ရင်း "ဒါကို ဒီလောက်တောင် သိမ်းထားရတယ်ဆိုရင် အစကတည်းက ခင်ဗျား ကျွန်တော့်ကို ဘာလို့ မပေးထားတာလဲ?"
လဲ့ယ်ထျဲက သူ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး သူ့ကို ဆွဲချကာ ထိုင်ခိုင်းလိုက်သည်။သူ အသံတိုးတိုးဖြင့် ပြောလိုက်၏။ "ကိုယ် မင်းကို ပေးလိုက်ရင် မင်း ထွက်ပြေးသွားမှာစိုးလို့"
ချင်မျန်၏နှုတ်ခမ်းထောင့်မှာ တွန့်ချိုးသွားသည်။
သူ တွေးခဲ့ကြည့်ပြီးသားပင်။သူ ကူးပြောင်းလာတဲ့ အချိန်တုန်းကသာ လဲ့ယ်ထျဲ သူ့ကို ပိုက်ဆံတွေ ပေးထားလိုက်ရင် သူ ယူပြေးသွားနိုင်တယ်။ဒါပေမယ့် သူ အကုန်တော့ ယူပြေးသွားမှာ မဟုတ်ပါဘူး။အနည်းဆုံး ငွေတုံး၁၀၀၀တော့ ယူသွားဖြစ်လိမ့်မယ်။
ချင်မျန် တမင်တကာပြောလိုက်၏ "အခုလည်း ကျွန်တော် ထွက်ပြေးသွား-- "
သူ့စကားမပြီးသေးခင် သူ့တစ်ကိုယ်လုံး ရုတ်တရတ် လေးလံသွားသလို ခံစားလိုက်ရသည်--လဲ့ယ်ထျဲ သူကို ကုတင်ပေါ်တွင် တင်းတင်းကြပ်ကြပ် ဖိထားလိုက်ခြင်းပင်။
လဲ့ယ်ထျဲ၏ဘယ်လက်သည် သူ့(QM)ညာလက်ကောက်ဝတ်ကို ဖိထားပြီး ညာလက်က သူ့(QM)ဘယ်လက်ကောက်ဝတ်ကို ဖိထားလေသည်။
"မင်း ဘယ်ကိုပဲပြေးသွားပါစေ ကိုယ် မင်းကို တွေ့အောက်ရှာမယ်" လဲ့ယ်ထျဲသည် အသံခပ်နက်နက်ဖြင့်ပြောလိုက်ကာ သူ့ရဲ့နက်မှောင်နေသည့် မျက်လုံးတွေကလည်း သူ့ကို (QM) ကို စူးစူးစိုက်စိုက်,စိုက်ကြည့်နေသည်။
ချင်မျန် တခစ်ခစ်ရယ်ကာ သူ့ဘယ်လက်ကို မြှောက်ပြီး လဲ့ယ်ထျဲ၏လည်ကုပ်ကို ပွတ်ဆွဲရင်း “နောက်နေတာပါ။ခင်ဗျားက မြို့ထဲမှာနေရတာကို မကြိုက်တဲ့အတွက် မနက်ဖြန်မှာ မြေထပ်ဝယ်ဖို့ လီကျန်းဆီကို သွားကြမယ်။ထတော့။ကျွန်တော် ပိုက်ဆံကိုဝှက်လိုက်ဦးမယ်"
လဲ့ယ်ထျဲသည် ကုတင်ပေါ်ပြန်လှည့်ချကာ လက်နှစ်ဖက်ကို ခေါင်းခုအုံးရင်း ချင်မျန်တစ်ယောက် ဗီရိုကိုဖွင့်နေသည်ကို ကြည်နေပြီး သူ့ရင်ထဲတွင် တိတ်တဆိတ် ကျေနပ်နေမိသည်။
သူ့ရဲ့နက်နဲပြီး တည်ငြိမ်သည့် မျက်လုံးများတွင် ချစ်မြတ်နိုးနေသည့် အပြုံးတစ်ခု အရိပ်အယောင်ထင်ဟပ်နေသည်။
ချင်မျန်ကတော့ ဤမျှ ငွေအမြောက်အများကို အိမ်တွင်ထားရမည်မှာ လုံး၀ စိတ်မသက်သာဖြစ်ရ၏။လဲ့ယ်ထျဲရှေ့၌ ဟန်ဆောင်ပန်ဆောင် လုပ်နေခြင်းသာ။ လဲ့ယ်ထျဲကို ကျောခိုင်းထားချိန်တွင် ထိုသစ်သားသေတ္တာကို နယ်မြေထဲသို့ ထည့်ကာ လျှို့ဝှက်သေတ္တာကို သော့ခတ်လိုက်သည်။
လျှို့ဝှက်သေတ္တာထဲတွင် ဝက်ဝံလက်သည်း ရောင်းလို့ရသည့် ၅၀၀ တန် ငွေစက္ကူအပြင် စားသောက်ဆိုင်၏ဝင်ငွေဖြစ်သည့် ၁၀၀ တန်ငွေစက္ကူ နှစ်ရွက်လည်းရှိသည်။
ဘာမှလုပ်စရာမရှိတာကြောင့် ချင်မျန် ငွေသေတ္တာကို ကုတင်ပေါ် ရွှေ့လိုက်ပြီး ငွေအနည်းငယ်ကို အတူတူ ရေတွက်လိုက်သည်။လဲ့ယ်ထျဲက ငွေသေတ္တာ၏သော့ကို ကိုင်ဆောင်ထားသော်လည်း လျို့ဝှက်သေတ္တာ၏သော့ကတော့ ချင်မျန်ထံတွင်သာရှိသည်။
ငွေသေတ္တာထဲတွင် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့် ငွေချောင်း ၅၀ ရှိ၏။ငွေ ၁၀တုံးတန် ငွေတစ်ချောင်း၊ ငွေ ၅ တုံးတန်လေးချောင်း၊ ငွေ ၁ တုံးတန်ရှစ်ချောင်း၊ ကြေးဒင်္ဂါးသုံးတွဲနှင့် ကြေးဒင်္ဂါးငါးပြားပါရှိကာ စုစုပေါင်း ပိုင်ဆိုင်မှု ၉၁ တုံးနှင့် ၄၅ ဝမ် ရှိ၏။
"ကျွန်တော်တို့ မြေဧက ဘယ်လောက်ဝယ်မှာလဲ?" ချင်မျန် ငွေသေတ္တာကို ကျေနပ်စွာ ပုတ်လိုက်သည်။အဲဒီထဲက ပိုက်ဆံတွေအားလုံးက သူတို့ရဲ့အစွမ်းအစနဲ့ ရလာတာကြောင့် သူ့ကို အောင်မြင်မှုကြီးရသလို ခံစားရစေသည်။
လဲ့ယ်ထျဲက "မင်းဆုံးဖြတ်လေ"
ချင်မျန် သူ့ခေါင်းအုံးပေါ်မှီထိုင်ပြီး ခဏစဥ်းစားလိုက်သည်။ "ကောက်စိုက်ခင်း ၅ မူ၊ လယ်မြေ ၅ မူ၊ ဟင်းသီးဟင်းရွက်နဲ့ သီးပင်စားပင်တွေ စိုက်ဖို့ မြေလွတ် ၁၀ မူ ဝယ်မယ်"
သူတို့ဘဝရဲ့ အချိန်တော်တော်များများကို ကျေးလက်မှာ နေထိုင်ကြမည်ဖြစ်တဲ့အတွက် ပျော်ဖို့ကောင်းတဲ့ မြေရှင်ယာရှင်တစ်ယောက်ဖြစ်ရတာ ကောင်းတယ်လေ။
သူ့မှာရှိနေတဲ့ နယ်မြေဖြင့် မြေယာထွန်ယက်ဖို့ မခက်ခဲနိုင်ပေ။ပေါ်လွင်ထင်ရှားမှုမရှိစေဖို့အတွက်တော့ တစ်ကြိမ်မှာ မြေအများကြီးမဝယ်သင့်။
စကားစမြည်ပြောပြီး နောက်တစ်နေ့တွင် ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် လီကျန်း၏အိမ်သို့ ပိုက်ဆံနှင့်အတူ အဆာပြေမုန့်များကို သယ်ကာ ရောက်ရှိလာခဲ့သည်။
လီကျန်းက သူတို့မြေတွေဝယ်တော့မယ်ဆိုတာကို သိလိုက်ရတော့ အံ့သြသွား၏။ "မင်းတို့မြို့မှာ ဆိုင်မဖွင့်ဘူးလား။လယ်မြေတွေဘာကြောင့်ဝယ်ချင်တာလဲ?
ချင်မျန်က လေသံမြှင့်ပြောလိုက်၏။ "ဦးလေးလီကျန်း....ပညာရှင်၊ လယ်သမား၊ လက်သမားနဲ့ ကုန်သည်တွေကြားထဲမှာ ကုန်သည်တွေက အနိမ့်ဆုံးအဆင့်ရှိတယ်။ကျွန်တော်တို့က အစကတည်းက လယ်သမားတွေလေ။ကျွန်တော်တို့ရဲ့အရင်းအမြစ်တွေကို မမေ့ပစ်သင့်ဘူး”
Advertisement
လီကျန်း ခေါင်းညိတ်ပြီး "ဒါအမှန်ပဲ။ရွာမှာ သူတို့မြေတွေကို ရောင်းပေးဖို့ လာပြောထားကြတာ မိသားစုသုံးစုလောက်ရှိတယ်။ကောက်ဧက ၂၀ ကျော်နှင့် လယ်မြေတွေလည်း ရှိတယ်။ဒါပေမယ့် ဒီမှာတစ်ကွက်နဲ့ ဟိုမှာတစ်ကွက်နဲ့ ပြန့်ကျဲနေတယ်။ရွာမှာ မြေအလွတ်တွေလည်း အများကြီးရှိတယ်။”
လဲယ်ထျဲက "တစ်ဆက်တည်းမဟုတ်ရင် ထိန်းသိမ်းရတာ အဆင်မပြေဘူး"
"တခြားနည်းလမ်းမရှိဘူး" လီကျန်းက လက်ဖက်ရည်တစ်ငုံသောက်ရင်း "ဒါပေမယ့် မင်း တခြားလူတွေရဲ့မြေနဲ့ လဲလှယ်လို့တော့ရမယ်။"
လဲ့ယ်ထျဲ ချင်မျန်ကို လေးလေးနက်နက်ကြည့်လိုက်သည်။ချင်မျန် ခဏလောက်စဉ်းစားပြီး "ဒါဆို ကျွန်တော်တို့ အခုလောလောဆယ်မှာ မြေလွတ်မြေရိုင်း ၁၅ မူပဲဝယ်ပြီးတော့ စပါးရိတ်သိမ်းပြီးမှပဲ ကောက်မြေရော လယ်မြေတွေပါ ဝယ်လိုက်ကြမယ်"
"ကောင်းတယ်။” လီကျန်းက မေးလိုက်သည်။ "လယ်မြေမဟုတ်တဲ့ ရွာမှာလူနေထိုင်တဲ့မြေက အခြေခံအားဖြင့် မြေလွတ်မြေရိုင်းတွေချည်းပါပဲ။ဒီမြေလွတ်မြေရိုင်း ၁၅ မူကို ဘယ်လိုအနေအထားနဲ့ကန့်သတ်ထားချင်တာလဲ?"
ချင်မျန် ထပ်မေးလိုက်သည်။ "ကျွန်တော်တို့အိမ်ဘေးက တောအုပ်ဘက်ကို လေးထောင့်ကွက်တစ်ခုလို ကန့်ဖြတ်လိုက်ရင်ရော အဆင်ပြေလား?"
လီကျန်းသည် ထိုမြေကွက်၏အခြေအနေကို တွေးလိုက်မိသောအခါတွင် သူ အနည်းငယ် မျက်မှောင်ကြုတ်ရင်း အကျပ်ရိုက်သွားသကဲ့သို့ ပြောလိုက်၏။ “အိမ်ယာဘေးက တစ်စိတ်တစ်ပိုင်းကို ယူမယ်ဆိုရင်....."
ချင်မျန်သည် မီးခိုးရောင် အိတ်သေးသေးလေးကို စားပွဲပေါ်တင်လိုက်ပြီး လီကျန်းရဲ့ ဦးတည်ရာဘက်ကို တွန်းရွေ့ကာ "အိမ်ယာနေရာပဲဖြစ်ဖြစ်လေ အဲဒါက ဦးလေးရဲ့စကားအတိုင်းပဲ မဟုတ်ဘူးလား? နောက်ပြီး ကျွန်တော်တို့ရွာမှာ အိမ်ယာခုနစ်တန်းရှိတယ်။ကျွန်တော်တို့အိမ်တည်ရှိရာ အိမ်တန်းနှင့် အိမ်ရှေ့တန်းမှလွဲရင် အခြားငါးတန်းရှိသေးတယ်။ရွာသားတစ်ဦးက အိမ်ဝယ်လိုရင် အဲဒီအိမ်ရာငါးတန်းထဲကနေ ရွေးချယ်နိုင်တာပဲ။ဦးလေး ဘယ်လိုထင်လဲ?ဒါ့အပြင် ကျွန်တော်တို့က ဘယ်လိုအကျိုးအမြတ်ကိုမျှ မယူလိုပါဘူး။ကျွန်တော်တို့အိမ်နဲ့ တစ်ဆက်တည်းဖြစ်ဖို့ပဲ အဓိကထားပြီး စဉ်းစားထားတာပဲ ရှိတယ်။”
လီကျန်းသည် အိတ်၏အလေးချိန်ကို ခံစားမိသည်။ငွေချောင်းတစ်ချောင်း ရှိမည်ဖြစ်ပြီး အရွယ်အစားအရ ၎င်းသည် ငွေ၅တုံး တန်ဖိုးရှိ ငွေချောင်း ဖြစ်လောက်မည်။အိတ်ကို သူ့လက်အိတ်ထဲသို့ ထည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ “ကောင်းပြီ...အဲဒီမြေကွက်ကို ငါ ခွင့်ပြုမယ်”
"ကျေးဇူးတင်ပါတယ် ဦးလေးလီကျန်း" ချင်မျန်က ဝမ်းသာအားရပြောလိုက်သည်။
လီကျန်းက လဲ့ယ်ထျဲကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ကြည့်ပြီး အရွှန်းဖောက်ကာ “ထျဲဇီ....မင်းမှာ ဒီလိုမျိုး ဇနီးတစ်ယောက်ရှိနေတော့ နောက်ကျရင် ဒုက္ခရောက်မှာ မဟုတ်တော့ဘူးပဲ။ ဟားဟား..."
လဲ့ယ်ထျဲက သူ့လက်ခုပ်ကို ကိုင်ပြီး "နောက်ကျရင်လည်း ကျွန်တော်တို့ကို စောင့်ရှောက်ပေးဖို့ ဦးလေးလီကျန်းကို တောင်းဆိုရပါဦးမယ်"
“ပြောတာကောင်းတယ်... ပြောတာကောင်းတယ်” လီကျန်းက ဝမ်းသာအားရ ရယ်မောလိုက်သည်။လဲ့ယ်ထျဲ၏ဇနီးသည် လူများကို ဆက်ဆံရာတွင် လူရည်လည်သည်။သူ ဈေးကြီးသည့် မုန့်နှစ်အိတ်ကို ယူလာသည့်အပြင် ငွေ ၅ တုံးကိုလည်း ပေးလိုက်သေးသည်။အနာဂတ်မှာ သူ့ကို ဒုက္ခပေးစရာ တစ်ခုခုရှိလာခဲ့ရင်တောင် နှိမ့်ချပြောစရာ မလိုတော့ပေ။
စာအုပ်တစ်အုပ်ကိုဖွင့်ပြီး ကြည့်လိုက်တော့ "မြေလွတ်မြေရိုင်းဈေးက ငွေ 1 တုံး နဲ့ 200 ဝမ်၊ မြေလွတ်မြေရိုင်း 15 မူးဝယ်မယ်ဆိုရင် ငွေ 18 တုံးကုန်မယ်။နောက်ပြီး မြေယာဂရန် ကုန်ကျစရိတ်က ဝမ် ၅၀”
ချင်မျန်သည် ချက်ချင်းဆိုသလိုပင် ငွေကို ရေတွက်ကာ ပေးလိုက်သည်။
လီကျန်းသည် ပိုက်ဆံကိုလက်ခံရရှိပြီး မတ်တပ်ထရပ်ကာ သူ့အဝတ်အစားတွေကို ပြန်သပ်လိုက်သည်။
"သွားကြရအောင်။အခု ငါတို့သွားပြီးတော့ မြေကို ပိုင်းခြားမယ်။မနက်စာစားပြီးရင် မင်းတို့အတွက် မြေကွက်ကိစ္စရှင်းဖို့ ခရိုင်ကို သွားပေးမယ်။"
"အလုပ်ရှုပ်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေးလီကျန်း"
လီကျန်းက သူ့သားနှစ်ယောက်ကို ကူညီပေးဖို့ရာ ခေါ်သွား၏။မြေတိုင်းတာရန် ကိရိယာများကိုပါ ယူဆောင်လာကြသည်။တိုင်းတာဖို့ရာ တုတ်ချောင်း
များကြားတွင် ကြိုးများဖြင့် ချည်နှောင်ထားလိုက်၏။
ထောင့်တိုင်းကို အမှတ်အသားပြုပြီးနောက်
ချင်မျန်၏အိမ်တည်နေရာသည် အရှေ့ဘက်နယ်နိမိတ်အလယ်တွင် ကျသွား၏။နောင်တွင် အိမ်တိုးချဲ့လိုပါက မြောက်၊ အနောက်၊ တောင်ဘက်သို့ တိုးချဲ့မှသာ အဆင်ပြေမည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
071: ချမ်းသာချင်ရင် သီးနှံပင်တွေ စိုက်။
တောအုပ်ငယ်လေးထဲတွင် လိုးကတ်စ်ပင်၊ ပေါ့ပလာဖြူ၊ ထင်းရှူးပင်၊ မိုးမခ၊ ဝါး အစရှိတဲ့ ရာနဲ့ချီတဲ့ သစ်ပင်တွေ ရှိ၏။သစ်ပင်တွေကို ခုတ်လှဲရောင်းချပါက ငွေအမြောက်အများရရှိနိုင်သည်။ချင်မျန်က ရွာသူရွာသားတွေကို လက်ဆောင်ပေးဖို့ ကြက်ဥ တင်းပေါင်းများစွာ ဝယ်ဖို့ အကြံပြုလိုက်၏။နောင်အခါ အငြင်းပွားမှုများကို ရှောင်ရှားစေရန်အတွက် အသက် 70 နှင့် 80 နှစ်အတွင်း အသက်ကြီးသူဖြစ်စေ၊ မွေးခါစကလေးပင်ဖြစ်စေ ဤသစ်ပင်များကို ဝယ်ယူသူဟု ယူဆသင့်သည့် လူတစ်ဦးစီအား ဥနှစ်လုံးပေးရန် ဖြစ်သည်။
ရွာသားတွေမှာ တော်တော်လေးကို ပျော်သွားကြသည်။ဒီသစ်ပင်တွေက ထိုနေရာတွင် ရှိနေတာကြာပြီဖြစ်ကာ သူတို့ စိုက်ထားသည်လည်း မဟုတ်ပေ။ထိုသစ်ပင်တွေဆီက အကျိုးကျေးဇူးတွေ ရနိုင်တာ အံ့သြစရာပင်။
လယ်သမားအိမ်ထောင်စုရှိ လူများသည် “သားများလေလေ ပျော်ရွှင်လေလေ” နှင့် ပတ်သက်၍ အထူးအလေးထားကြသည်။အနည်းဆုံးမိသားစုပင်လျှင် လူသုံးယောက်ရှိတာကြောင့် ဥခြောက်လုံး ရနိုင်ပြီး မိသားစုကြီးဆိုလျှင် ဥ 20 ကျော် ရနိုင်သည်။သူတို့သည် တစ်ရက်လျှင် ကြက်ဥနှစ်လုံးနှုန်းဖြင့် ရက်အတော်ကြာအောင် စားနိုင်မည်ဖြစ်သည်။
မြေယာပိုင်ဆိုင်မှုရရှိပြီးနောက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် လက်ဖက်ရည်နှင့် အဆာပြေမုန့်များ ခင်းကျင်းကာ စာရေးစုတ်တံနှင့် စာရွက်ကို ခြေတိုစားပွဲပေါ်တင်လိုက်ကြသည်။မြေသစ်ကို စီစဥ်ရမည်ဖြစ်သောကြောင့် သူတို့ခေါင်းတွေသည် တစ်ခေါင်းနှင့်တစ်ခေါင်း ကပ်နေတော့၏။
"ခင်ဗျား ဘယ်လိုထင်လဲ?" ချင်မျန် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။လဲ့ယ်ထျဲကတော့ ကိစ္စများစွာအတွက် မြင့်မားသည့်လိုအပ်ချက်မျိုးမရှိသည့်အပြင် သူမကြာခဏပြောလေ့ရှိသည့်စကားတွေမှာ "မင်းပြောတာကို နားထောင်မယ်" သို့မဟုတ် "မင်းဆုံးဖြတ်တဲ့အတိုင်းပဲ" ဟူ၍ဖြစ်သည်။
အံ့သြစရာကောင်းစွာပဲ လဲ့ယ်ထျဲတစ်ယောက် သူ့ပါးစပ်ကိုဖွင့်ပြီး ချင်မျန်ဆွဲထားတဲ့ ပုံထဲက နေရာကို လက်ညှိုးထိုးပြကာ "ဒီနေရာမှာ ငါးမွေးဖို့နဲ့ ကြာပန်းစိုက်ဖို့အတွက် ရေကန်တူးမယ်ဆိုရင် အဆင်ပြေတယ်။အသီးအရွက်တွေကို ရေလောင်းရတာလည်း အဆင်ပြေသွားမယ်"
ချင်မျန်၏မျက်လုံးများ တောက်ပလာသည်။ “အဲဒီ စိတ်ကူးကောင်းတယ်။"တောင်ဘက်ကိုမျက်နှာမူ၍ မြောက်ဘက်ကို ကျောပေး" ဆိုသလိုပဲ ဒီမြေကွက်ပေါ်မှာ အုတ်တံတိုင်းဆောက်ပြီးရင် ဝင်ပေါက်တံခါးက တောင်ဘက်မှာ ရှိသင့်တယ်။မြင်ကွင်းကို ပိတ်ဆို့တာတွေ မဖြစ်ရအောင် အိမ်ကနေတံခါးအထိ သစ်ပင်တွေလည်း စိုက်ဖို့မသင့်တော်ဘူး။ဒီနေရာက ရေကန်တူးဖို့ အသင့်တော်ဆုံးနေရာပဲ။”
လဲ့ယ်ထျဲက ခေါင်းညိတ်လိုက်ပြီး "တောင်ဘက်မှာ ဘူးသီးပုံ ရေကန်ကို တွေ့ဖူးတယ်။ကိုယ်တို့ရေကန်ကိုလည်း အကွေးနေရာလေးမှာ တံတားတစ်စင်းထိုးပြီး ပုံစံတုပကြည့်ရမယ်"
ချင်မျန် သူ့ကို လက်မထောင်ပြလိုက်သည်။ရေကန်နှင့် တံတားငယ်ကို သူပြောသည့်အတိုင်း စာရေးတံဖြင့် ဆွဲပြီးသောအခါ စုတ်တံဖျားဖြင့် ထောင့်တစ်ခုကို ညွှန်ပြသည်။ "လယ်ယာစိုက်ပျိုးမယ့်ကိစ္စ၊ ဟင်းသီးဟင်းရွက်နှင့် သီးပင်စားပင်တွေကို စိုက်ပျိုးရမယ့်ကိစ္စတွေနဲ့ဆို ကျွန်တော်တို့ အလုပ်ရှုပ်နေမှာ။နောက်ပိုင်းကျရင် လူဌားရမယ် မဟုတ်လား။အလုပ်သမားတန်းယားဆောက်ဖို့ ဒီနံရံဘေးမှာ မြေကွက်အလွတ်တစ်နေရာထားလိုက်”
သူ့ရဲ့ရွှင်လန်းတက်ကြွနေသည့်ပုံစံကို ကြည့်ပြီး လဲ့ယ်ထျဲ၏မျက်လုံးများက နူးညံ့သွားလေသည်။
ထိုနှစ်တွင် သူအိမ်ပြန်ရောက်ပြီး မကြာမီမှာပဲ ယောက်ျားတစ်ဦးနှင့် လက်ထပ်ရန်အတင်းအကျပ်ခိုင်းစေ ခံလိုက်ရပြီး သူ့နှလုံးသားထဲတွင် ဝမ်းနည်းမှု တစ်ပိုင်းနှင့် အရှက်ရမှု သုံးပိုင်းကို ခံစားခဲ့ရသော်လည်း အမှန်တကယ်တွင်မူ သူ့တွင် လိုလားမှုကား ခြောက်ပိုင်းရှိနေသည်။သူ့အိမ်မှာ ဆယ့်နှစ်နှစ်လောက်နေခဲ့ပေမယ့်လည်း သူ့ကို ဘယ်သူမှ ဂရုမစိုက်ခဲ့။သူ့အိမ်ကနေ ဆယ်နှစ်တာ ဝေးကွာနေချိန်မှာလည်း ဘယ်သူမှ သူ့ကို နှလုံးသားထဲမှာ စစ်မှန်စွာ မပေါင်းသင်းခဲ့သည့်အပြင် သူ့နှလုံးသားထဲကိုလည်း ဘယ်သူမှ မ၀င်ရောက်နိုင်ခဲ့ကြပေ။ထို့အပြင် သူသည် အမှောင်မျိုးစုံကိုလည်း ဖြတ်သန်းခဲ့ဖူးသည်။ထို့ကြောင့် သူနှင့်သာ သက်ဆိုင်ပြီး နှလုံးသားကို အကြွင်းမဲ့ ချစ်ပေးနိုင်စေရန် တောင့်တခဲ့သည်။ထိုအချိန်တွင် ချင်မျန်ပေါ်လာခဲ့၏။ပိန်ပိန်ပါးပါးဖြင့် ရှက်ရွံ့ကာ အားနည်းသော်လည်း မိဘမရှိ ကျောထောက်နောက်ခံမရှိ။သူ့ကို လက်ထပ်ပြီးနောက် ကောင်လေးက သူ့ကိုပဲ အားကိုးနိုင်ခဲ့သည်။
ထို့ကြောင့် ဘာပဲဖြစ်ဖြစ်ကွာရှင်းဖို့ သူသဘောမတူဘူး။ချင်မျန်က ယောက်ျားတစ်ယောက်ဖြစ်သော်လည်း လဲ့ယ်ထျဲသည် တုရှီ၏နှစ်အတော်ကြာအောင် အနိုင်ကျင့်ခံခဲ့ရသောကြောင့် အမျိုးသမီးများကို လုံးဝမကြိုက်။ချင်မျန်က ယောက်ျားတစ်ယောက်ပင်။ယောက်ျားတွေကသာ ယောက်ျားတွေအကြောင်းကို ပိုနားလည်၏။
ပထမတော့ သူ ချင်မျန်ကို အပိုင်နဲ့ချုပ်ကိုင်ချင်ခဲ့ရုံသာ။ယခု ချင်မျန်သည် သူချစ်ရသူဖြစ်လေသည်။
"ကျွန်တော် ခင်ဗျားနဲ့စကားပြောနေတယ်မလား?"
ချင်မျန်သည် လဲ့ယ်ထျဲ၏နဖူးကို စာရေးတံဖြင့် ခေါက်လိုက်သည်။
လဲ့ယ်ထျဲ သူ့ဘယ်လက်ကို ဆုပ်ကိုင်လိုက်ပြီး သံလိုက်လို ဆွဲငင်နိုင်တဲ့ သူ့အသံခပ်သြသြဖြင့် “ကိုယ် နားထောင်နေတယ်။မင်းဆက်ပြောလေ။"
ချင်မျန်၏စုတ်တံသည် စာရွက်ပေါ်တွင် ဆက်လက်လျှောကျလာသည်။ "ဒီမြေကွက်က ဟင်းသီးဟင်းရွက်စိုက်ဖို့၊ ဒီတစ်ကွက်က ပန်းတွေအတွက်၊ ဒီတစ်ကွက်က စပျစ်ပင်အတွက်၊ ဒီတစ်ခုက မက်မွန်ပင်အတွက်... ပြီးတော့ ဒါက စီချွမ်ငရုတ်သီးအတွက်။ဖရဲသီး၊ သခွားမွှေးသီး စတာတွေကိုတော့ ရာသီပေါ် မူတည်ပြီး ဒီမြေကွက်တွေကို အဆင်ပြေသလို အသုံးပြုနိုင်တယ်။ဒီတောအုပ်လေးကို အချိန်အတော်ယူရမယ်။အနာဂတ်မှာ ဥယျာဉ်ငယ်လေးအဖြစ် ပြောင်းသွားနိုင်တယ်။”
"မင်း စီစဉ်ထားတာကောင်းတာပဲ။" လဲ့ယ်ထျဲက ပြောလိုက်သည်။နှစ်ယောက်သား ဝါးတစ်စည်းဖြင့် ထွက်လာကြပြီး မြေလွတ်မြေရိုင်းဧရိယာကြီးကို သေးငယ်သော အပိုင်းများအဖြစ် ပိုင်းခြားလိုက်ကြသည်။နှစ်နာရီကျော်ကြာ အလုပ်လုပ်ပြီးနောက် ချွေးများထွက်လာတော့သည်။
ရာသီဥတု ပိုပူလာမှ သီးပင်စားပင်တွေ စိုက်လို့ရမည် ဖြစ်သည်။
၅လပိုင်း ၁၅ရက်နေ့ မီးပုံးပွဲတော်ပြီးမှသာ နှစ်သစ်ကူးပွဲတော်ကို ပြီးဆုံးသည်ဟု ယူဆဆ၏။ရာသီဥတုက ပိုပူလာပြီး အပင်အနည်းငယ်တွင် အဖူးသေးသေးလေးတွေ ပေါက်လာပေမယ့် အညွန့်လေးတွေတော့ မပေါက်သေးပေ။
ထို့နောက် ချင်မျန်နှင့်လဲ့ယ်ထျဲတို့သည် သူတို့ဆိုင်သို့ သွားကြသည်။အထွေထွေကိစ္စတွေကို စီစဉ်ပေးပြီးနောက်မှာတော့ အသစ်ဝယ်ထားတဲ့မြေကို အာရုံစိုက်ကြတော့သည်။
ရွာတွင် သစ်ပင်စိုက်သမားတွေကို အရင်ငှားပြီး သီးပင်စားပင်တွေဝယ်ဖို့ တစ်ဖက်မြို့က ဥယျာဉ်ခြံကို သွားကြ၏။ပျိုးပင်တွေဝယ်မယ့်အစား အရွယ်ရောက်ပြီးသားအပင်တွေ တစ်နည်းအားဖြင့် အသီး,သီးဖူးသည့်အပင်တွေသာ ရွေးဝယ်လိုက်သည်။ပြန်လည် စိုက်ပျိုးရမည့် အရွယ်ရောက်ပြီးသော သစ်ပင်တစ်ပင်သည် အသက်ရှင်ရန် ခဲယဉ်းသော်လည်း ချင်မျန်ထံတွင် မှော်ဆန်သည့်နယ်မြေတစ်ခုရှိတာကြောင့် သူကတော့ ဒီ့အတွက် ယုံကြည်မှုရှိ၏။
မက်မွန်ပင်နှစ်ဆယ်၊ မက်မွန်အဝါဆယ်ပင်၊ သစ်တော်သီးဆယ်ပင်၊ ချယ်ရီခြောက်ပင်၊ သကြားသီးခြောက်ပင်၊ ဇီးသီးဆယ်ပင်၊ လိမ္မော်ချိုပင်နှစ်ဆယ်၊ သလဲသီးနှစ်ပင်တို့ကို ဝယ်ယူခဲ့သည်။
သာမာန်လူများသည် အသီးအနှံဝယ်စားရန် ပိုက်ဆံမကုန်ကြပေ။ထို့အပြင် ထိုခေတ်ကလူများသည် အသီးအနှံပင်များကို ပြုစုရာတွင် မကျွမ်းကျင်သောကြောင့် အသီးအနှံများ၏ အရသာမှာ အလွန်ရိုးစင်း၏။ထို့ကြောင့် အသီးအနှံများအတွက် စျေးကွက်ကြီးကြီးမားမားမရှိသည့်အပြင် သစ်သီးပင်များကိုလည်း ဈေးပေါပေါဖြင့် ရောင်းချကြသည်။
ချင်မျန်သည် သစ်ပင်တစ်ရာနီးပါးအတွက် ငွေလေးတုံးထက်ပင် သုံးစွဲခဲ့သည်။ရွာကိုပြန်တဲ့လမ်းမှာ မြို့ကိုဖြတ်ပြီး အလုပ်သမားတွေကို ပေးဆောင်ရန် အဆင်ပြေဖို့အတွက် ကြေးနီအကြွေစေ့ ၁၀ တွဲကို မြို့ဘဏ်မှာ ဝင်လဲလိုက်သည်။
သစ်ပင်တွေသယ်လာတဲ့ ဒါဇင်နဲ့ချီတဲ့ နွားလှည်းတွေက ရွာထဲကို မောင်းဝင်လာခဲ့သည်။ကြီးကျယ်ခမ်းနားသည့် စီတန်းလှည့်လည်ပွဲသကဲ့သို့ ရွာသားများကို လာရောက်ကြည့်ရှုရန် ဆွဲဆောင်စေခဲ့၏။
“လဲ့ယ်ထျဲက တကယ်ချမ်းသာသွားပုံရတယ်။မြေဆယ်မူကျော်ဝယ်ပြီး အခု သီးပင်စားပင်တွေ အများကြီးဝယ်ပြန်တယ်” ရွာသားတစ်ယောက်က မနာလိုစွာ ပြော၏။
အခြားရွာသားတစ်ဦးကလည်း စိတ်ရှုပ်ထွေးနေဟန်ဖြင့် “အသီးအနှံတွေက အမြတ်အများကြီးမရဘူး။ဘာလို့ သီးပင်စားပင်တွေ အများကြီးဝယ်ကြတာလဲ။ ထူးဆန်းတယ်။”
အခြားရွာသားတစ်ဦးကလည်း ပြုံးကာ ပြောလိုက်သည်။ “ကျွန်တော်တို့တတွေ နောင်မှာ အသီးအနှံတွေကို စျေးသက်သက်သာသာနဲ့ဝယ်လို့မရနိုင်တော့မှာများလား?”
Advertisement
- In Serial68 Chapters
What a Creator Does
"Any sufficiently advanced technology is indistinguishable from magic." Someone once said it to me, I've not seen him since then but I'm most certain I'll meet him in the future, be it by my own means or because he's back to this place. In any case, now that I’ve come so long. I'll change this world that is full of crap and only interested in appearances. In a world of technology, a girl had a chance encounter with a traveler. Once grown up she tries to replicate what she had once seen and thought was magic. Follow Charlotte in search of the true of the world, of the universe as she changes the world she lives in and create a new form of energy, one thought only had room in stories of fantasy and games. Gaining new friendships and enemies in the process. It's a world of technology more advanced than Earth's, its name is Louvya. The world of Louvya has many countries and three major powers: The United States of Atalasia, The Lurian Alliance and the theocracy of Ethas. Our protagonist lives in a country that belong to the Lurian Alliance, Gercia. And that's where her adventure beings! Be warned, the story is slow paced. Authors note: On hiatus Disclaimer! I do not own the cover!
8 106 - In Serial9 Chapters
Sand, Clouds, and Steel
Thearth. A sand planet with little to offer. Only the great crawler cities provide any form of permanency other than the great desert. Continuously roaming the sands in search of clouds, the only source of water, and quite possibly the next great Vortex. A being/machine/creature or something else entirely that forms a massive floating island and provides the other essential resource necessary for life, Aserite. It is used to power everything and anything. People cannot just take it as they will. They must fight the Vortex's guardians to claim the almost magical resource. This is a dungeon core storm story that I am working on in my free time. Please feel free to leave constructive criticism as I want to grow as an author.
8 177 - In Serial30 Chapters
Starlight Antiquities
There is a place in the galaxy that deals in antiquities of all kinds, human and non-human alike. Its inventory of artifacts is colossal as is its inventory of mercs who they hire to acquire any artifact a client may wish that is yet to come into their possession. The ill-reputable business is constantly rubbing against the changing tolerance of the Union's government, and there are many security officers who would love nothing better than to vaporize the whole place with its owners inside. Yet, there are many tasks that nobody can do better, especially in the vastness of deep space where Union law is worth less than the energy needed to display it. One of its jobs involves finding an artifact that may not only hold the future of the human race but may also disturb the balance of the whole galaxy. *** While waiting for the next season of Mandalorian and the Witcher, and rewatching Firefly for the gazillionth of time, I decided to write this space-based series. The series has some litRPG elements in it, but it does not read like one. So, you won't run into any blue screens here. Yet, I wanted to use litRPG to give another dimension to this whole story and make it as unique as possible. This is a work-in-progress. Hope to keep on improving and fixing my mistakes as I go along.
8 199 - In Serial47 Chapters
death's right hand: The Death Bringer
A Hermione x shape shifting reader story.what if there was a fifth house in hogwarts that was created by the most feared individual in wizard history, no not voldemort but someone or something else created by death themselfs, but since then no one has been sorted into it, it has been forgotten and abandoned for centuries till now.Slow updates since I'm new to making storiesPlease let me know what you all thinkI do not own any of the Harry Potter characters just my characters I'm using and created for the storyPhilosopher stone ✅ Chamber of secrets ✅Prisoner of Azkaban ✍
8 128 - In Serial5 Chapters
Berahi Solehah
(Tak vote tak sambung.Stop takat chapter 5 Vote tinggi baru ada minat sambung)Pernah menuntut di U , of T Oklahoma , US...dan sambung bekerja 4 tahun di sana seterunya pulang semula ke Malaysia....Yes I missed gangbang n BBc ( big black cock) so so much...Oh , ya....saya tak sombong...saya baik orangnya.....tetapi jika tidak menjawab apa apa walau , Hii sekalipun itu sebenarnya saya tak nak mulakan kemarahan saudara...saya ni kalau dah sibuk sangat dengan urusan harian ( walau pun bujang)kadang tu berminggu , berbulan baru jawab setiap conversations yang mana saudara sebagai kawan akan let down" dengan perangai saya yang juga sangat moody"...kejap gini , kejap gitu...Saya mengarang ni pun tiap kali semasa pepek tengah sangap batang BBc...itu yang bila (aku) baca cerita yang di karang tak sangka hasilnya semua pelik pelik , ni sah betul betul gila seks pengarangnya ... hu , huMaklumlah saya ni perempuan bila segala macam air nafsu naik kepala tak kan cakap nak kan batang pelir segera...tak patut lepaskan tempias kemarahan kat mana mana lelaki yang tengah chat dengan saya...tak nak hal hal semacam itu...Itu saya larang dan stop diri dari berbual dan chat...walau Hii sekalipun ...saya tahu kelemahan diri saya dan awal awal saya tak nak mengecewakan hati sesiapa...Harap maaf dan harap maklumIna Medinna , Tmn Maluri ,Cheras55100 KL
8 100 - In Serial7 Chapters
TREASURE&ENHYPEN GROUP CHAT || MGL
↬Сайн байна уу?ENHYPEN грүп чатанд тавтай морил☺️↬Сайн байна уу?TREASURE грүп чатанд тавтай морил☺️ Хөвгүүдийнхээ хөгжилтэй ертөнцөөр аялцгаая😊
8 106

