《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[72+73]
Advertisement
[Unicode]
072+073: ရေကန်တူးခြင်း (1+2)
အိမ်ပြန်ရောက်တော့ လဲ့ယ်ထျဲက ရေတွင်းဘက်ကိုသွားပြီး ရေတွင်းထဲက ရေတွေကို သူ့မျက်နှာပေါ် တိုက်ရိုက်လောင်းချလိုက်သည်။
ချင်မျန် မျက်မှောင်ကြုတ်ကာ "အခု ရေတွင်းထဲက ရေတွေက အရမ်းအေးနေသေးတယ်။သတိထား ဒါမှမဟုတ်ရင် ခင်ဗျား အအေးမိလိမ့်မယ်"
"မမိနိုင်ဘူး....ကိုယ့်ခန္ဓာကိုယ်က သန်မာတယ်" လဲ့ယ်ထျဲသည် အဝတ်လှမ်းတိုင်ပေါ်မှ မျက်နှာသုတ်ပုဝါကို ဆွဲယူလိုက်သည်။
သန်မာတဲ့ ခန္ဓာကိုယ်လား?
ချင်မျန်၏အကြည့်တွေသည် သူ့ရဲ့ကျယ်ပြန့်တဲ့ပခုံးမှ ထူထူထဲထဲရင်ဘတ်ဆီသို့ ထို့နောက် ကျဉ်းမြောင်းသည့်ခါးမှတစ်ဆင့် သူ့တင်ပါးဆီသို့...ထို့နောက် သူ့ရဲ့ရှည်လျားသည့်ခြေထောက်များဆီသို့ ဆက်ရွေ့လျားသွားသည်။သူ ချောင်းဆိုးပြီး အဝေးကို လှမ်းကြည့်လိုက်ရ၏။
"ဒါနဲ့ ပိုင်တျန့်လေးကို တွေ့မိလား?"
လဲ့ယ်ထျဲက “တောင်ပေါ်ကို သွားတာ ဖြစ်နိုင်တယ်”
ပိုင်တျန့်လေးသည် လူသားနှစ်ဦးနှင့်အတူ နေထိုင်ခဲ့ရုံမျှဖြင့် သူ့ရဲ့တောရိုင်းသဘာဝကို မဆုံးရှုံးခဲ့ပေ။ရံဖန်ရံခါ တောင်ပေါ်ကို တစ်ကောင်တည်း သွားလေ့ရှိသည်။တခါတရံ နှစ်ရက်မှ သုံးရက်အထိကြာပြီး တခါတရံဆိုလျှင်လည်း သေးငယ်သော သားကောင်ကို ပြန်ယူလာတတ်သေးသည်။ပထမတော့ ချင်မျန်က ညဘက် အိမ်မပြန်လာမှာကို စိုးရိမ်၏။နောက်တော့ ညစ်ပတ်ပြီး ပင်ပန်းလာရုံကလွဲရင် တခါမှ မနာကျင်မထိခိုက်ဖူးတာမို့ သူ့ဟာနဲ့သူသာ လွှတ်ထားလိုက်တော့သည်။
ချင်မျန်သည် အိမ်ရှိဆီမီးခွက်တွေကို ထွန်းညှိလိုက်ပြီးနောက် ပန်းကန်လုံးတစ်လုံးယူရန် မီးဖိုချောင်ထဲကို ဝင်သွားပြီး ထိုပန်းကန်လုံးထဲကို ဝိညာဉ်စမ်းရေ ဖြည့်ထည့်လိုက်၏။သူ လဲ့ယ်ထျဲဆီ သယ်သွားကာ "ခင်ဗျား ရေနှစ်ပုံးကိုယူပြီး ဒီရေပန်းကန်လုံးနဲ့ရောလိုက်။ပြီးရင် တစ်ပင်ချင်းစီ လိုက်လောင်းပေး။"
လဲ့ယ်ထျဲက စကားတစ်ခွန်းမှ ပြန်မမေးဘဲ ခေါင်းညိတ်ပြကာ ပန်းကန်လုံးနှင့်အတူ ထွက်လာခဲ့သည်။ချင်မျန် မီးဖိုချောင်ပြတင်းပေါက်ကနေ လဲ့ယ်ထျဲတစ်ယောက် ရေတွင်းမှရေကို ငုံ့သယ်နေသည်ကို မြင်နေရသည်။သူ၏လက်များနှင့် ပခုံးများသည် ခွန်းအားများဖြင့် ပြည့်ဝနေပြီး သူ့နောက်ကျော၊ ခါးနှင့် တင်ပါးတစ်လျှောက်တို့မှာ ကြည့်လို့ကောင်းသည့် ကောက်ကြောင်းမျိုး ရှိနေသည်။
လဲ့ယ်ထျဲ၏ကျောပြင်မှာ ခြံအပြင်ဘက်၌ ပျောက်ကွယ်သွားတော့မှ သူ လဲ့ယ်ထျဲကို တစ်ချိန်လုံး စောင့်ကြည့်နေမိကြောင်း ရုတ်တရက် သိလိုက်ရသည်။အသိစိတ်ပြန်ကပ်လာရန် သူ့မျက်နှာကို ပွတ်သပ်လိုက်ကာ တည်ငြိမ်စွာ ဆန်ဆက်ဆေးနေလိုက်သည်။သူတို့ရဲ့ ခံစားချက်တွေကို သေချာချပြပြီးနောက်မှတော့ လဲ့ယ်ထျဲက သူနှင့် မိသားစုအရ သက်ဆိုင်လာပြီ။လဲ့ယ်ထျဲကို စိုက်မကြည့်ဘဲမနေနိုင်လောက်အောင် ဖြစ်နေတာက ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူးလား?
လဲ့ယ်ထျဲ ရေလောင်းရာမှ ပြန်လာသောအခါ ချင်မျန်သည် သတိပေးခြင်းမရှိ သူ့လည်ပင်းကို ဆွဲကိုင်ကာ နှုတ်ခမ်းကို အတင်းနမ်းလိုက်သည်။သူ နည်းနည်းတော့ နားမလည်ဖြစ်သွားရ၏။ပြီးမှ ချင်မျန်သည် တက်တက်ကြွကြွဖြင့် စိတ်အခြေအနေကောင်းစွာ ချက်ပြုတ်ရန် အေးအေးဆေးဆေး ထွက်သွားတော့မှ လဲ့ယ်ထျဲ စိတ်အေးသွားကာ မီးဖိုရှေ့တွင် မီးကြည့်ကာ ထင်းထည့်နေရင်း ပုံမှန်အနေအထားအတိုင်း ငြိမ်သက်စွာ ထိုင်နေလိုက်သည်။
"မနက်ဖြန် ရေကန်တူးဖို့ လူဘယ်နှစ်ယောက် ငှားရမလဲ?" ချင်မျန်သည် အလွန်မွှေးကြိုင်နေသည့် နှစ်ပြန်နှပ်ထားသည့် ဝက်သားကို ပန်းကန်ထဲသို့ ထည့်လိုက်သည်။သူ သူ့တူချောင်းတွေဖြင့် မြည်းစမ်းရန် အသားတစ်ဖက်ကို ညှပ်ယူလိုက်သည်။ထို့နောက် နောက်အသားတစ်ပိုင်းကို ယူကာ လဲ့ယ်ထျဲ၏ပါးစပ်နားသို့ ပို့လိုက်၏။ “မြည်းကြည့်”
လဲ့ယ်ထျဲသည် တူကိုကိုင်ကာ အသားကိုစားနေစဉ် သူ့ကို ကြည့်လိုက်သည်။ချင်မျန်လည်း အခု သူ တူမလဲလိုက်ရသေးကြောင်း ရုတ်တရက် သတိရသွား၏။
“လူသုံးဆယ်။လူနှစ်ဆယ့်နှစ်ယောက်က မြေကိုတူးပြီး ရှစ်ယောက်က မြေကိုသယ်မယ်။” လဲ့ယ်ထျဲက သူ့ပါးစပ်ထဲက အသားတွေကို မျိုချပြီး စကားဆက်ပြော၏။
ချင်မျန်သည် အနီရောင်ငရုတ်ပွခြောက်နှင့် လိုင်းသားကို ကြော်ထားသည့် ဒုတိယဟင်းကို စတင်ချက်ခဲ့သည်။အခုခေတ်မှာတော့ အသားနူးအိဆေး ဒါမှမဟုတ် ပြောင်းမှုန့် မရှိတာကြောင့် လိုင်းသားတွေကို နူးညံ့ပြီး အရသာရှိအောင် ကြော်လို့ပဲရနိုင်၏။
ပဌမလကိုးရက်နေ့ ညနေတွင် ဖက်ထုပ်လုပ်တုန်းက ယခင်ဘဝ ဟင်းချက်နေချိန် အိမ်ရှိ ပြောင်းမှုန့်သည် ကုန်သွားကာ ဝယ်ရန်မေ့သွားသည်ကို အမှတ်မထင် သတိရမိသည်။ထို့နောက် မုန့်ညက်အစားထိုးသုံးခဲ့ဖူးသည်ကို အမှတ်ရလိုက်မိသည်။ဂျုံမှုန့်နှင့် ရောနယ်ပြီးနောက် သန့်စင်ထားသည့် အသားမှာ အလွန်ပျော့ပျောင်းပြီး နူးညံ့သွားလေ၏။
အိုးထဲရှိဆီပူလာသောအခါ ချင်မျန်သည် အနီငရုတ်ပွခြောက်မထည့်မီ လိုင်းသားနှင့် ဂျင်းတို့ကို ရောမွှေကြော်လိုက်၏။ငရုတ်ရနံ့သည် နှာချေချင်စေသောကြောင့် ချက်ခြင်းပြန်လှည့်လာရသည်။
“ရေကန်တူးတာကလည်း ကြီးကျယ်တဲ့အလုပ်ပဲ။ခင်ဗျား တျန်းရွာကိုသွားပြီး အဘိုးအဘွားတွေကို ပြောပြချင်လား?ဦးလေး နှစ်ယောက်နှင့် ဝမ်းကွဲသုံးယောက်လည်း ရှိတယ်ဆိုတော့ ရေကန်တူးဖို့ သူတို့ကို ကူညီပေးဖို့ မတောင်းဆိုရင် သူတို့က သူတို့ကို ထည့်သွင်းမစဉ်းစားပေးဘူးလို့ ထင်သွားနိုင်တယ်။လာမလား မလာဘူးလား ဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်တယ်လေ။”
ဒီလိုကိစ္စများသည် ဒီကတိုင်းသူပြည်သားတွေအတွက် အရမ်းထူးခြား၏။အိမ်မှာ ပွဲကြီးပွဲကောင်း တစ်ခုခုကို သူတို့ရဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေကို အကြောင်းကြားပါမှ နှစ်ဖက်စလုံးက ဆက်ဆံရေးကောင်းတယ်လို့ ဆိုလိုပြီး လေးစားမှု ပြကြလိမ့်မည်။
သူ့ဇနီးလေးက ထောက်ထားငဲ့ညှာတတ်တာကြောင့် လဲ့ယ်ထျဲလည်း ခေါင်းညိတ်ပြီး "မနက်ဖြန် မနက်စောစော သွားလိုက်မယ်။"
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် လဲ့ယ်ထျဲသည် တျန်းရွာသို့ သွားခဲ့သည်။ချင်မျန်က မနက်စာပြင်ဆင်ထားပေမယ့် လဲ့ယ်ထျဲ ပြန်မလာသေးတဲ့အတွက် သူတစ်ယောက်တည်းသာ စားလိုက်သည်။ပန်းကန်တွေဆေးပြီး အိမ်ကိုလည်း သပ်သပ်ရပ်ရပ် ခင်းထားပြီးခါမှ လဲ့ယ်ထျဲ ပြန်ရောက်လာသည်။ပထမဦးလေးတျန်း၊ ဒုတိယဦးလေးတျန်း၊ တျန်းချွင်၊ တျန်းကျုံးနှင့် တျန်းရှောင်တို့လည်း လှည်းပေါ်မှ ဂေါ်ပြားနှင့် ခြင်းတောင်းများကိုင်ကာ ခုန်ဆင်းခဲ့ကြသည်။
Advertisement
ချင်မျန် အံ့သြသွားပြီး “ပထမဦးလေး၊ ဒုတိယဦးလေးနဲ့ ဝမ်းကွဲတွေရော ပါလာတာလား?ကျေးဇူးပြု၍ ဝင်ပါ။"
ပထမဦးလေးတျန်းကတော့ နဂိုအတိုင်းမထူးမခြားဖြင့် ခေါင်းညိတ်ပြ၏။
ဒုတိယဦးလေးတျန်းက ပြုံးပြပြီး ကြင်နာစွာ ပြောလိုက်သည်။ “ချင်မျန် ဧည့်ဝတ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်”
တျန်းချွင်၊ တျန်းကျုံး နှင့် တျန်းရှောင်တို့သည် ချင်မျန်ကို အပြုံးဖြင့် နှုတ်ဆက်ကြသည်။သူ့ကို “ဝမ်းကွဲအစ်ကိုရဲ့ဇနီး” လို့ ခေါ်ရတာ အဆင်မပြေတဲ့အတွက် သူ့ကို "ညီလေးမျန်” ဟုသာ ခေါ်၏။
ဒါက သူတို့ရဲ့ပထမဆုံး အကြိမ်ပင်။အိမ်ထဲသို့ ဝင်လိုက်သည်နှင့် စပ်စပ်စုစု မကြည့်ဘဲ မနေနိုင်။
တျန်းချွင်က ပြုံးပြီး "မင်းတို့ရဲ့အိမ်က သပ်သပ်ရပ်ရပ်ပဲ"
တျန်းကျုံးက ခေါင်းညိတ်သဘောတူသည်။အလယ်ခန်းတွင် အထင်ရှားဆုံးမှာ နံရံပင်။အုတ်ခဲများကြားမှ ရွှံ့ခြောက်အလုံးအခဲများ အများအပြားအစီအရီရှိနေပြီး ယင်းတို့ကို ပွတ်ညှိထားကာ ရွာသားများ၏အိမ်ထရံများနှင့် မတူပေ။တံခါးနှင့် ဆန့်ကျင်ဘက် နံရံတွင် လက်ရေးလှနှင့် ပန်းချီကားတစ်ချပ်၊ ဘယ်ညာတွင် နံရံကပ်ပန်းတောင်းအသေးလေးတစ်ခုရှိနေ၏။တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်တွင် "ပျော်ရွှင်မှု" ဟူသော စာလုံးနှစ်လုံးကို ကပ်ထားကာ အခန်းလေးထောင့်ရှိ နံရံတွင်တပ်ဆင်ထားသော ဝါးမီးခုံလေးခုလည်း ရှိသည် - သပ်သပ်ရပ်ရပ်ဖြင့် သပ်ရပ်လှပသော အရာများစွာသည် မည်သူကိုမဆို အလွယ်တကူ ဆွဲဆောင်နိုင်ကာ တံခါးပေါက်ကနေ အထဲဝင်သွားတော့ စိုးရိမ်စိတ်တွေ လျော့သွားစေ၏။
အလယ်ခန်းရှိ ပရိဘောဂများကို တစ်ချက်ကြည့်လိုက်တော့ ထမင်းစား စားပွဲကို အနီညိုရောင် အဖြူခြစ် စားပွဲခင်းဖြင့် ဖုံးအုပ်ထားပြီး လက်ဖက်ရည်ကြမ်းအစုံအလင်ဖြင့် တင်ထားကာ ဘေးချင်းကပ်လျက် ထိုင်ခုံမြင့်နှစ်လုံးကိုချထားသည်။မီးခိုးရောင်သားမွေးအခင်းများကို ထိုင်ခုံပေါ် သပ်သပ်ရပ်ရပ်ခင်းထားသည်။
ဖုန်တစ်စက်မရှိတဲ့ လက်ဖက်ရည် စားပွဲပေါ်တွင် ပန်းသီးနှင့် လိမ္မော်သီး အနည်းငယ်ပါသော သစ်သီးခြင်းတောင်းတစ်ခုရှိ၏။ဆက်တီခုံပေါ်ရှိ ကူရှင်လေးခုသည်လည်း နူးညံ့လို့နေ၏။
ဆက်တီခုံ၏ညာဘက်တွင် မြင့်လည်းမမြင့် နိမ့်လည်းမနိမ့်သည့် သုံးလွှာသစ်သားစင်တစ်ခုရှိသည်။အပေါ်ဆုံးအလွှာတွင် သစ်သားလက်ကိုင်ပါရှိပြီး ချောမွေ့နေအောင် ပွတ်တိုက်ထားသော သစ်သားဓားတစ်ချောင်းကို ထားရှိကာ ၎င်းဘေးတွင် လေးတစ်ချောင်းရှိသည်။အလယ်အလွှာတွင် သစ်သားရထားတွဲများနှင့် ရွက်လှေပုံစံများရှိကာ အောက်ဆုံးအလွှာတွင် ဖရဲစေ့နှင့် မြေပဲများပါရှိသော သရေစာပန်းကန်ပြားနှစ်ပြားပါရှိပြီး ပိုင်ရှင်သည် ဆက်တီခုံပေါ်တွင်ထိုင်သည့်အခါ ပိုင်ရှင်အတွက် အဆင်ပြေစေမည့်အနေအထားမျိုးပင်။
ညာဘက်ကို ဆက်ကြည့်လိုက်တော့ ခါးထိမြင့်တဲ့ ဗီရိုတစ်ခုနဲ့ သူ့အပေါ်တွင် ပန်းအိုးတစ်လုံးတင်ထားသည်။ပန်းအိုးထဲတွင် လှပသော ပန်းများစွာရှိပြီး တက်ကြွမှုအပြည့်ရှိနေကာ လူတွေကို လန်းဆန်းစေ၏။အနီးကပ်ကြည့်လိုက်ရင် ပန်းအိုးထဲက ပန်းအနီတွေ၊ အဝါရောင်ပန်းတွေ၊ အစိမ်းရောင်အရွက်တွေနဲ့ နံရံကပ်ခြင်းတောင်းထဲက ပန်းတွေအားလုံးကို အထည်နဲ့လုပ်ထားတာကို တွေ့ရလိမ့်မည်။ဖန်တီးသူ၏ ဉာဏ်ပညာကို လူအများ အံ့အားသင့်စေခဲ့သည်။အလယ်ခန်းတစ်ခုလုံးသည် အလွန်နွေးထွေးပြီး တစ်မျိုးတစ်ဖုံခမ်းနားနေ၏။
တျန်းရှောင်က စ,နှောက်လိုက်၏။ “ဒီနေရာက သပ်ရပ်လွန်းလို့ ထိုင်တောင် မထိုင်ရဲတော့ဘူးဗျာ”
ချင်မျန်က သူတို့အတွက် လက်ဖက်ရည်သောက်ဖို့ ဗီရိုထဲက အကောင်းဆုံးလက်ဖက်ရည်ကို ထုတ်လိုက်၏။ချင်မျန်က ပလွှားဝင့်ဝါခြင်းမရှိ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ပျင်းရင် လှည့်ပတ်ကြည့်နေနော်"
လဲ့ယ်ထျဲသည် သရေစာပန်းကန်ကို မီးဖိုခန်းထဲသို့ ယူသွားကာ ခဏအကြာတွင် အဆာပြေပန်းကန်များစွာဖြင့် ပြန်ထွက်လာသည်။ပန်းကန်ပြားထဲက အဆာပြေတွေက မို့မို့မောက်မောက်ပင်။
“ပထမဦးလေး၊ ဒုတိယဦးလေး၊ ဝမ်းကွဲတွေ ကျေးဇူးပြုပြီး ကိုယ့်အိမ်မှာ နေသလိုနေပါ။” လဲ့ယ်ထျဲက တိုတိုတုတ်တုတ်သာပြောသည်။
တျန်းချွင်က အခမ်းအနားတွေမှာလို ဧည့်ခံစရာမလိုကြောင်း အလျင်စလိုပြောခဲ့၏။
“ပထမဦးလေး နဲ့ ဒုတိယဦးလေး...အခုက ရာသီဥတုနွေးနေပြီပဲ။ကလေးတွေကို ဒီကိုလာကစားဖို့ ဘာလို့မခေါ်လာတာလဲ?" ချင်မျန်က မေးလိုက်သည်။
လဲ့ယ်ထျဲက နှုတ်နည်းလွန်းတယ်။ဒီလို အိမ်တွင်းရေး အသေးအမွှားကိစ္စမျိုးအတွက် သူ့ကို အားကိုးလို့မရဘူး။
ကလေးများအကြောင်းပြောသောအခါတွင် ပထမဦးလေးတျန်း၏မျက်နှာသည် ပျော့ပြောင်းသွားကာ “ငါတို့ ဒီမှာ အလုပ်လုပ်ဖို့ လာကြတာပဲ။ဘာလို့ ခေါ်လာရမှာလဲ။ ဆူညံလွန်းတယ်။" ထိုသို့ပြောသော်ငြား သူ့မျက်လုံးထဲတွင် ကလေးတွေကို စိတ်ပျက်နေတာမျိုးမရှိသည့်အပြင် သူ့မြေးတွေကို ချစ်တာ သိသာနေ၏။
ချင်မျန်က “ကလေးတွေက တက်တက်ကြွကြွရှိကြတာ ကောင်းတာပေါ့။ကျွန်တော်တို့တူးမယ့်ရေကန်က အရမ်းကြီးတယ်။လုံးလုံးပြီးဖို့ဆိုရင် နှစ်ရက် သို့မဟုတ် သုံးရက်လောက်ကြာမယ် ထင်တယ်။မနက်ဖြန်ကျရင် ကလေးတွေကို ခေါ်လာတာ ပိုကောင်းတာပေါ့။အဲဒီအရွယ် ယောက်ျားလေးတွေက ရွှံ့တွေနဲ့ ကစားရတာ ပိုကြိုက်ကျတယ်။ပြေးတာတို့ ခုန်တာတို့ကခန္ဓာကိုယ်ကို ပိုမိုကျန်းမာစေတယ်လေ။ကလေးမလေးတွေအတွက်တော့ ကျွန်တော် ကြည့်ထားပေးလို့ရတယ်။မိန်းကလေးတွေက ငယ်ငယ်ရွယ်ရွယ်ပဲ အပြင်ထွက်ကြည့်ဖို့ သင့်တော်တယ်"
သူ သေသေချာချာ စီစဉ်ပြီး ရိုးရိုးသားသား ပြောလိုက်သည်။ဒုတိယဦးလေးရောက်လာပြီး “ဒါဆို မနက်ဖြန် ဒီကိုလာရင် ခေါ်လာခဲ့မယ်”
“...."
အကြီးဆုံးဦးလေးတျန်းလည်း ခေါင်းညိတ်သည်။
တျန်းဝမ်းကွဲသုံးယောက်၏ အမူအရာသည် ပို၍ပင် နူးညံ့သွားသည်။ချင်မျန်က သားသမီးတွေကို အရေးပေးခြင်းသည် သူတို့အား အလေးထားလို့ပင်။
ချင်မျန်က “အဘိုး၊ အဘွား၊ အကြီးဆုံးအဒေါ်၊ ဒုတိယအဒေါ်နဲ့ ဝမ်းကွဲမောင်နှမသုံးယောက် အတွက်တော့ အခုချိန်မှာ သူတို့ကို ကောင်းကောင်း မကြိုဆိုနိုင်မှာတော့ စိုးရိမ်မိတယ်။အသီးအနှံတွေပွင့်သီးတဲ့ရာသီရောက်တဲ့အခါကျမှ ပျော်ရွှင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။”
ပထမဦးလေးတျန်းနှင့် အခြားသူများ၏မျက်နှာများသည် အပြုံးများဖြင့် ပြည့်နှက်နေသည်။
“ဒါ သဘောတူညီချက်ပဲနော်” တျန်းကျုံးက ရယ်မောရင်း “သီးပင်တွေ ပွင့်လာတဲ့အခါ ပန်းတွေလာကြည့်ဖို့ သူတို့ကို ခေါ်လာခဲ့ပေးမယ်။”
"အဲဒါဆို ပြေလည်သွားပြီ။" ချင်မျန်က ပြုံးလျက် ခေါင်းညိတ်ပြီး "အဲအခါကျရင် လဲ့ယ်ထျဲကို လာခေါ်ခိုင်းလိုက်မယ်"
ခဏကြာ စကားစမြည်ပြောပြီးနောက် တျန်းချွင်က စပြောခဲ့၏။“နောက်ကျနေပြီ...ကျွန်တော်တို့ အခုသွားကြမလား?"
Advertisement
ချင်မျန်က လက်ကိုဝှေ့ယမ်းပြီး “ဝမ်းကွဲအစ်ကို....အလျင်မလိုပါနဲ့ဦး။အစ်ကိုတို့အားလုံး ခဏထိုင်ကြဦး။ကျန်တဲ့လူတွေကို အရင်ခေါ်လိုက်မယ်"
ချင်မျန်ထွက်သွားပြီးနောက် အခန်းထဲတွင် တခဏမျှ တိတ်ဆိတ်သွားသည်။
တျန်းချွင်သည် နှုတ်ဆိတ်နေသည့် သူ့ဝမ်းကွဲဝမ်းကွဲကို ကြည့်ကာ ကူကယ်ရာမဲ့ ခေါင်းယမ်းမိသည်။သူ့ကိုယ်သူ တွေးနေမိကာ- စိတ်နေစိတ်ထားအရဆိုရင် ဝမ်းကွဲအစ်ကိုနဲ့ ညီလေးမျန်က တကယ်လိုက်ဖက်တာပဲ!
ဒုတိယဦးလေးတျန်းက ထိုင်ရတာ ပျင်း၍ ထရပ်လိုက်၏။ "ထျဲဇီ... ကျေးဇူးပြုပြီး ငါတို့ကို အဲဒီကို အရင်ခေါ်သွားပေး မင်းရဲ့ဥယျာဉ်ခြံကို သွားကြည့်မယ်။"
လူအနည်းငယ်တို့သည် ပေါက်တူးနှင့် တောင်းများကို ထမ်းကာ လဲ့ယ်ထျဲနှင့်အတူ ထွက်သွားကြသည်။
စုစုပေါင်း လူသုံးဆယ်ခန့် ငှားရမ်းရန် လိုအပ်၏။တျန်းမိသားစုမှ ငါးဦးအပြင် ချင်မျန်သည် ရွာတွင် နောက်ထပ်လူနှစ်ဆယ့်ငါးဦးကို ရှာခဲ့သည်။
တစ်နေ့ ၈၀ ဝမ် ရတယ်ဆိုပေမယ့် ရေကန်တူးတဲ့အလုပ်က ပိုခက်၏။တစ်ရက်ကို ဝမ် ၅၀ ရသည့် တူးထားတဲ့ မြေကြီးကို ဖယ်ထုတ်ရတဲ့အလုပ်ကျတော့ အတော်လေး လွယ်သည်။တူးထားသည့်မြေဆီလွှာပမာဏအတိုင်း ဖယ်ထုတ်ရသည့်မြေပမာဏက အတူတူမို့ လူကို မပျင်းရိစေ။
သူတို့အားလုံးဟာ ရွာသားချင်းတွေလို့ ယူဆလို့ ချင်မျန်က အဲဒီလိုကပ်သပ်ပြီးမလုပ်ခဲ့ပေ။ကိစ္စအားလုံးကို အလွန်အကျွံ တွက်ချက်နေခြင်းသည် ထိုကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမဟုတ်ပေ။
မြင့်မားသော လုပ်ခလစာကြောင့် ရွာသားများ အုံကြွလာခဲ့သည်။လဲ့ယ်ရှန်းရီ၊ လဲ့ယ်ရှန်းလီ၊ ကျန်းတရွှေနှင့် ဝူတိတို့ကိုသာ ကြိုတင်အသိမပေးပါက ခွဲတမ်းကို သိမ်းပိုက်နိုင်မည်မဟုတ်။ချင်မျန်သည် ရေနွေးပူပူလေးသောက်စေချင်သည့်ရည်ရွယ်ချက်ဖြင့် ရေနွေးတည်/လက်ဖက်ရည်ချပေးရန် တစ်နေ့လုပ်အားခ ဝမ် ၂၀ နှုန်းဖြင့် အိမ်ထောင်ရှင်အမျိုးသမီး နှစ်ဦးကို ငှားရမ်းခဲ့သည်။
အိမ်ထောင်ရှင် အမျိုးသမီး နှစ်ယောက်မှာ ပျော်လွန်းလို့ နားရွက်ချိတ်မတက် ပြုံးနေကြတော့သည်။ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးနား ထိုင်ချလိုက်ရုံနဲ့ ဝမ် ၂၀ လောက် ဝင်ငွေရနိုင်တယ်ဆိုတာ အံ့သြစရာပါပဲ။
ချင်မျန် လူတွေကိုခေါ်ပြီး အိမ်ပြန်ခဲ့၏။တံခါးကို သော့ခတ်ထားသောကြောင့် မဝင်တော့ဘဲ ထိုနေရာသို့ တိုက်ရိုက်သွားခဲ့သည်။
ခြေလှမ်းနှစ်လှမ်းပြီးပြီးချင်းမှာပဲ နောက်ကျောကို လက်ပစ်ထားတဲ့ အဘိုးကြီးတစ်ယောက် ရောက်လာ၏။သူ့မျက်လုံးတွေက တောက်ပနေပြီး ခန္ဓာကိုယ်က ပိန်လှီနေပေမယ့် သူ့ခြေလှမ်းတွေက တည်ငြိမ်နေကာ ကျန်းကျန်းမာမာရှိသေးသည်ကို မြင်နိုင်သည်။
အဘိုးအိုနှင့် ဖုန်းဝူက တစ်ဝက်လောက် ဆင်တူကြောင်း ချင်မျန် သိလိုက်သည်နှင့် “ဦးလေးဖုန်း” ဟု ပြုံးကာ နှုတ်ဆက်လိုက်သည်။
“ဟားဟား...” ဦးလေးဖုန်းက ရယ်ရင်း မှေးကြည်ကာ အတူတူလမ်းလျှောက်ဖို့ လက်ယပ်ခေါ်လိုက်သည်။ “ဒီကောင်ငယ်လေးရဲ့ မျက်လုံးတွေက စူးရှလွန်းတာပဲ”
ချင်မျန် သူ့ကိုကြည့်ကာ ခေါင်းယမ်းလိုက်သည်။ “အစ်ကိုဖုန်းက ဒီနှစ်မှာ ဦးလေးအသက်က ၆၁ နှစ်ရှိနေပြီလို့ ပြောခဲ့တယ်။သူ ကျွန်တော့်ကိုလိမ်နေတာသေချာတယ်။ဒီလောက် သန်မာနေတာ အများဆုံးမှ 50 ပဲရှိသေးတယ်လို့ ထင်ရတယ်။”
“ဟာဟားဟား…” ဦးလေးဖုန်းက ရယ်လိုက်ပြီး “ဒီကောင်လေး... သူက မင်းကို လိမ်နေတာမဟုတ်ဘူး။ဖုန်းဝူပြောတာကို သဘောတူတယ်။ဒီလူငယ်လေးကိုပဲ ငါ့ကို ကြည့်ရှု့ပေးဖို့ တောင်းဆိုရမှာပဲ။”
ချင်မျန်က ယဥ်ကျေးစွာဆို၏။ "အဲဒါက ကျွန်တော်တို့ကို ဦးလေးဖန်က ဂရုစိုက်ပေးဖို့ တောင်းဆိုရမှာပါ"
ရှေးလူကြီးများက ကျိုးနွံပြီး ယဉ်ကျေးသောသူများကို နှစ်သက်ကြသည်။ဦးလေးဖုန်းက သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ပြီး ခေါင်းညိတ်ပြကာ “အဲလိုပဲပေါ့ကွာ”
ချင်မျန်က "ကျွန်တော် မသိ--"
သူဘာပြောမယ်ဆိုတာကို သိတော့ ဦးလေးဖုန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "သစ်ပင်တွေကို အရင်သွားကြည့်ရအောင်"
ချင်မျန်သည် အကြံဉာဏ်ကောင်းအားလုံးကို အဆင်သင့်လက်ခံပြီး “ကျေးဇူးပြု၍” ဟူသော အမူအရာ ပြုလုပ်ခဲ့သည်။
ဥယျာဉ်ခြံသို့ ရောက်သောအခါ ဦးလေးဖုန်းသည် သီးပင်စားပင်တွေကို မြင်တော့ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။အရှိန်အရှိန်မြှင့်ကာ ရှေ့ကို မသိမသာ လျှောက်လှမ်းလာသည်။
သူ့အမူအယာအရ သီးပင်စားပင်တွေကို တကယ်နားလည်သူ ဖြစ်ပေမည်။ချင်မျန်၏စိတ်နှလုံးသည် အမှန်တကယ်ပင် တည်ငြိမ်သွားပြီး သူ့နောက်သို့ တိတ်တဆိတ် လိုက်လာခဲ့သည်။ဥိးလေးဖုန်းသည် သူ့ လက်သည်းဖြင့် အကိုင်းအခက်မှ အခေါက်လေးတစ်ပိုင်းကို ခြစ်ယူခဲ့သည်။အခေါက်အောက်က အူတိုင်ရဲ့အရောင်ကို ကြည့်ပြီး ဆက်လျှောက်သွား၏။
သီးပင်စားပင်တွေကို လှည့်ပတ်ကြည့်ပြီးမှ ရပ်ကာ ချင်မျန်ဆီ ပြန်လှည့်လာပြီး “ သီးပင်စားပင်တွေ အများကြီးဝယ်ထားတာပဲ။သစ်ပင်သုံးပင်ကတော့ အနည်းငယ် ညှိုးနွမ်းနေတာမို့ ရှင်သန်ဖို့ ခက်ခဲမှာကို စိုးရိမ်မိတယ်။အခြားသစ်ပင်တွေကိုတော့ ကောင်းကောင်းရွေးထားတာပဲ။ဒါပေမယ့် ရွေ့စိုက်ထားတဲ့ သက်ကြီးပင်တွေက ရှင်သန်ဖို့ခက်ခဲတယ်။အခု ရွေ့စိုက်ထားတာက တစ်ရက်ပဲရှိတော့ ဘာမှမသိရသေးဘူး။ငါးရက်ကြာပြီးရင်တော့ ဒီသစ်ပင်တွေ ညှိုးနွမ်းနေတဲ့ လက္ခဏာတွေ မပြဘူးဆိုရင်တော့ အခြေခံအားဖြင့် ပြဿနာကြီးကြီးမားမား မရှိတော့ဘူး။”
ချင်မျန်ကတော့ ဒါကို စိတ်မပူပေ။သူရဲ့ဝိညာဉ်စမ်းရေကို ယုံကြည်စိတ်ချ၏။
“ကျွန်တော် ဦးလေးဖုန်းကို ပြုစုပေးဖို့ ဒုက္ခပေးရတော့မယ်။” ချင်မျန်က ခဏလောက်စဉ်းစားပြီး “ယေဘုယျအားဖြင့် အသီးရာသီက သုံးလပါ။အသီးရာသီမှာဆိုရင် ကျွန်တော် ဦးလေးဖန်ကို တစ်လ ဝမ် ၂၀၀ ပေးမယ်။အသီးရာသီမဟုတ်တဲ့ကာလတွေမှာတော့ တစ်လကို ဝမ် ၅၀ ။ဦးလေးဖုန်း ဘယ်လိုသဘောရလဲ။ဒီအငယ်က ဒီလုပ်ငန်းရဲ့စျေးကွက်အခြေအနေကို မသိပါဘူး။တကယ်လို့ အဆင်မပြေရင် ကျွန်တော့်ကို ပြောပြပေးပါ"
ဦးလေးဖုန်းသည် သူ့လက်ကို ဝှေ့ယမ်းကာ ပျော်ရွှင်ရယ်မောရင်း “ကျုပ် အများကြီး မလိုပါဘူး။အသီးရာသီမှာ တစ်လကို ဝမ် 100 နှင့် အသီးရာသီပြင်ပဆိုရင် တစ်လကို ဝမ် 20 ပေးရင်ရပြီ။ဒီအတိုင်းပဲ ထားတော့"
ထို့နောက် ချင်မျန်ပြောမည့်စကားကိုပင် စောင့်ဆိုင်းမနေတော့ဘဲ ရေကန်တူးသည့်နေရာသို့ ပြန်သွားခဲ့သည်။
ချင်မျန်လည်း နောက်ကနေ လိုက်လာခဲ့သည်။ရေကန်၏ ဧရိယာကို အကိုင်းအခက်များဖြင့် မှတ်သားထားပြီး အလုပ်သမားများကို အုပ်စုနှစ်စုခွဲကာ “ဘူးသီး” ပုံစံရေကန်ကို ခါးမှပိုင်းကာ အစွန်းနှစ်ဖက်ဆီသို့ အဖွဲ့ကိုယ်စီတူးကြသည်။အဖွဲ့တစ်ဖွဲ့၏တိုးတက်မှုသည် အခြားတစ်အုပ်စု၏နောက်တွင် လွန်စွာနောက်ကျနေပါက ထိုအုပ်စုအတွက် သေချာပေါက် ဆိုးရွားနေမည်ဖြစ်သည်။တစ်ယောက်ချင်းစီက ချည်သားအ၀တ်တွေကို ချွတ်ပြီး လိပ်တင်ထားလို့ရသည့် အင်္ကျီတစ်ထည်ကိုသာ ၀တ်ဆင်ထားကြသည်။မြေကြီးတူးရင်း အရှိန်ပြင်းပြင်းနဲ့ အလုပ်,လုပ်နေကြ၏။
လဲ့ယ်ထျဲက မဝေးသောနေရာတွင် ရပ်ကာ လူအုပ်ကို မျက်နှာထားတည်တည်ဖြင့် စိုက်ကြည့်နေသည်။
"ခင်ဗျားရဲ့အကြံလား?" ချင်မျန် သူ့အနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။
လဲ့ယ်ထျဲ ခေါင်းညိတ်လိုက်ပြီး "ဦးလေးဖုန်း ကိစ္စပြီးပြီလား?"
“အင်း” ချင်မျန်သည် လဲ့ယ်ရှန်းရန်တစ်ယောက် ပုခုံးပေါ် ပေါက်တူးထမ်းလျက် မြောက်ကြွမြောက်ကြွဖြင့် သူတို့ဘက်ဆီလျှောက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။သူ့စိတ်ထဲတွင် ရွံရှာသွားသလို ခံစားလိုက်ရကာ “သူဘာလို့ ဒီကို ထပ်ရောက်လာရတာလဲ?”
လဲ့ယ်ထျဲ၏မျက်လုံးများက ခက်ထန်သွားကာ “သူ့ကို ဘယ်သူမှ မခေါ်ဘူး”
လဲ့ယ်ရှန်းရန်သည် အလွန်လျင်မြန်စွာရောက်လာပြီး စွမ်းအင်အပြည့်ဖြင့် မြေဆီလွှာကိုတူးရန် ဂေါ်ပြားကိုမြှောက်လိုက်သည်။သို့ပေသိ သူ တူးနေသော်ငြား သူ တူးနေသည့်နေရာကား အခြားသူများ တူးပြီးသား နေရာဖြစ်လေသည်။
သူ့နှင့် မဝေးသောနေရာတွင် ရှိနေသည့် ဒုတိယဦးလေးတျန်းက ဒါကို သတိပြုမိပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ချင်မျန်သည် လဲ့ယ်ထျဲကိုကြည့်ရန် မျက်လုံးကို မော့ကာ အသံတိုးတိုးနဲ့ ပြောလိုက်၏။"ဒေါသထွက်စရာပဲ!"
လဲယ်ထျဲက သူ့ပခုံးကိုဖိကာ နောက်တစ်ကြိမ် စောင့်ကြည့်ရန် အမူအယာပြလိုက်သည်။
လဲ့ယ်ရှန်းရန်ကတော့ သူ့နှလုံးသားထဲတွင် ပျော်ရွှင်မှုနှင့်အတူ မြေကြီးကို ဖြည်းညှင်းစွာ တူးဖော်နေလိုက်သည်။ဒီလူတွေတူးထားတဲ့နေရာမှာ ပိုက်ဆံကောက်သလိုမျိုး နှစ်ရက်သုံးရက်လောက် ပေါင်းလုပ်လိုက်ရင် ဝမ် 200 ကျော် ဝင်ငွေရနိုင်တယ်။
ထိုအချိန်တွင် ညာဖက်ဒူးဆစ်မှာ ရုတ်တရက် နာကျင်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
"ဘာဖြစ်လို့လဲ?" သူ့ဘေးက ရွာသားတစ်ယောက်က ကြင်နာစွာ မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ဘာမှမဖြစ်ပါဘူး။" လဲ့ယ်ရှန်းရန် ဒူးကို ပွတ်လိုက်သည်။ဘာအမှားအယွင်းမှ မရှိမှန်းသိပြီးနောက် မြေကြီးပေါ်ကနေ အမြန်ထလိုက်သည်။ဘယ်သူသိမှာလဲ?သူ မတ်မတ်ပင် မရပ်နိုင်သေးမှာပဲ သူ့ဒူးက ထုံလာပြီး လုံးဝမတုံ့ပြန်နိုင်တော့တာကြောင့် မြေပြင်ပေါ် ပြန်ထိုင်နေလိုက်ရသည်။
လဲ့ယ်ရှန်းရီသည် လဲ့ယ်ရှင်းရန်၏စိတ်ကို လုံးဝရှင်းရှင်းလင်းလင်းသိနေ၍ စိတ်အနှောင့်အယှက်ဖြစ်စွာ ပြောလိုက်၏။ “လောင်အာ့...မင်းနေမကောင်းရင် အိမ်ပြန်အိပ်နေလိုက်လေ။”
“ငါ--ကောင်းပြီ။နောက်နေ့ကျမှ လောင်တာ့ကို ကူညီဖို့လာခဲ့မယ်။" လဲ့ယ်ရှန်းရန်သည် သူ့ခြေထောက်တွင် ဖုံးကွယ်ထားရမည့် ဝေဒနာတစ်ခုခုရှိနေမည်ကို စိုးရိမ်သဖြင့် ပြန်ဖြေလိုက်သည်။ ဂေါ်ပြားကို ချိုင်းထောက်အဖြစ် သုံးရင်း တအိအိနဲ့ ထွက်သွားခဲ့၏။
သူ့အနီးနားရှိ ရွာသားအနည်းငယ်က သက်ပြင်းတစ်ချက်ချလိုက်ကြသည်။လုပ်ခလစာပေးသူတွေမဟုတ်ပေမယ့် သူတို့ကျ ပိုလုပ်ရပြီး သိပ်မလုပ်သည့် လဲ့ယ်ရှန်းရန်နှင့်ယှဥ်လျှင် လုပ်ခလစာကျ တူတူရပါက သူတို့စိတ်မသက်မသာဖြစ်ကြမှာ သဘာဝပါပဲ။
"ခင်ဗျား လုပ်လိုက်တာလား?" ချင်မျန်သည် မျက်ဝန်းတောက်တောက်များဖြင့် လဲ့ယ်ထျဲထံသို့ ချဉ်းကပ်လာသည်။
“........."
လဲ့ယ်ထျဲသည် ရှေ့သို့သာ ကြည့်နေကာ သူ့ခေါင်းကိုတွန်းဖယ်ရန် လက်ကို မြှောက်လိုက်၏။
ချင်မျန် လဲ့ယ်ရှန်းရန်၏နောက်ကျောကို ကြည့်လိုက်သည်။လဲ့ယ်ရှန်းရန်သာ သူ့မိသားစုကို နောက်တစ်ကြိမ် အခွင့်ကောင်းယူဝံ့ပါက သူ လဲ့ယ်ထျဲကို ကန်ထုတ်ပစ်လိုက်မှာ!!
သူနှင့် လဲ့ယ်ထျဲတို့ ဒီနေရာတွင် စောင့်ကြည့်နေပါက ထိုအလုပ်သမားများ စိတ်မသက်မသာဖြစ်နေမည်စိုး၍ ထွက်ခွာရန် ရည်မှန်းထားသည်။
"အားလုံးပဲ....ကျွန်တော်တို့ ဒီမှာထားခဲ့မယ်နော်။မနက်ပိုင်းမှာ အလုပ်လုပ်ပြီးရင် မြင်းရာသီအစပိုင်းကနေ မြင်းရာသီအဆုံးထိ အနားယူနိုင်ပါတယ်။ပင်ပန်းရင်လည်း နားနားနေနေအနားယူကြပါ။အရမ်းအလျင်လိုနေဖို့ မလိုပါဘူး။”
မြင်းရာသီအစမှ မြင်းရာသီကုန်ဆုံးချိန်အထိဆိုပါက နှစ်နာရီကြာပြီး အိမ်ပြန်ကာ အနားယူရန် လုံလောက်သည်။ရွာသူရွာသားအားလုံး ဝမ်းသာအားရ တုံ့ပြန်ကြသည်။
ချင်မျန်ကလည်း လက်ဖက်ရည်တည်ခင်းပေးတဲ့ အမျိုးသမီး နှစ်ယောက်ကို လက်ဖက်ရည်အပြတ်စေရန် ညွှန်ကြားခဲ့ပြီး လဲ့ယ်ထျဲနှင့်အတူ ထွက်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့မရှိလျှင်ပင် လဲ့ယ်ရှန်းရီ၊ လဲ့ယ်ရှန်ူလီ နှင့် တျန်းမိသားစုအားလုံး ထိုနေရာတွင်ရှိနေသောကြောင့် လူအများစုက ပျင်းရိနေကြမည်မဟုတ်ပေ။
ချင်မျန်နဲ့လဲ့ယ်ထျဲတို့က နွားလှည်းလေးဖြင့် မြို့ထဲကို မောင်းသွားကြသည်။ချင်မျန်က စာရင်းရေးပြီး လဲ့ယ်ထျဲကို ကလေးတွေကြိုက်တတ်တဲ့ အဆာပြေမုန့်နဲ့ သစ်သီးတွေ ဝယ်ခိုင်းပြီး လာမဲ့ဧည့်သည်လေးတွေ အတွက် ကြိုတင်ပြင်ဆင်ပေးခြင်းသာ။
ထိုအချိန်မှာတော့ သူက စားသောက်ဆိုင်သို့ သွားခဲ့သည်။ဆိုင်ဖွင့်ချိန်မဟုတ်သေးတာကြောင့် စားပွဲများကို မရွှေ့ရသေးဘဲ တံခါးကို တစ်ဝက်သာဖွင့်ထားသည်။
ချင်မျန် တံခါးပေါက်ကနေဝင်လာချိန်တွင် ယွီသုန်သည် ကျန်းလျို၊ ဝမ်ရှောက်နှင့် အခြားလူတွေကို ဟင်းသီးဟင်းရွက်တွေဆေးကြောရန်၊ အကင်အစားအစာနှင့် အစားအစာလုံးများပြုလုပ်ရန် ဦးဆောင်နေသည်ကို တွေ့လိုက်ရသည်။လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဝန်ထမ်းများက ကျွမ်းကျင်လာခဲ့သည်။သူတို့ရဲ့လှုပ်ရှားမှုတွေက မြန်ဆန်ကာ အထူးသဖြင့် ချန်းစီ နှင့် ရှီတိုးတို့သည် အလျင်မြန်ဆုံးပင်။
အသားတစ်ဆုပ်ကို လက်ထဲတွင်ထည့်ကာ လက်မနှင့်လက်ညိုးကိုညှစ်လိုက်လျှင် အသားလုံးတစ်လုံး ပေါ်လာပြီး ဝါးဆန်ခါထဲသို့ ကျသွားသည်။အချိန်တိုအတွင်း သူတို့သည် အသားလုံးရှစ်လုံးမှ ကိုးလုံးအထိ ပြုလုပ်နိုင်လေသည်။အရှိန်က လျှပ်တစ်ပြက်ကဲ့သို့ မြန်လှ၏။
Advertisement
- In Serial6 Chapters
Renegade
Rayn finds himself unsettle in a group of bounty hunter called Silvar, and decided to leave and find a normal life. But the iron rules have kept him from doing so. P.s: Good day to you, my fellow readers. I'm a new here, a beginner author who likes to write fictions... more like LN. English is not my strong point but I hope to deliver a clear and interesting story to you guys. I welcome any improvement critics, comments or reviews, so don't be reserved
8 149 - In Serial39 Chapters
The Grave Keeper
The Barrow King is coming, and the supernatural world needs to decide what to do. The Vampire warlord has already crushed two other vampiric nobles, and now he's set his sights on the rest of the world. In the small, strange town of Silver-Spruce, the factions gather to declare war. The Grave Keeper wants nothing to do with the factions. But he might just have to get involved when he gets a chance to gain an ally for the town. The Diplomat and his apprentice need to secure a foothold for the Knull, one of the three great mage clans. A task easier said than done as he and his apprentice are forced to work around the other factions and the towns own odd residents. And the Werewolf finds herself pressured from all sides. Her mother’s strict will and constant tests, her own monstrous instincts, and now she and her pack need to secure a foothold, or leave important votes in the hands of others. Also, this bad boy is the sequel to Two And A Half Deadmen, though you can read it without having read Two And A Half Deadmen
8 198 - In Serial37 Chapters
Black Prince: Cruel Magic
Frederick, 22, is transmigrated to another world alongside other earthlings to help a new god get his first religions on the ground. They are given a few points each to choose their skills and race, however, something they cannot choose is their magic attribute. Unfortunately for Frederick, one of his magical attributes is black magic which is scorned by the people of the continent. Through necessity he is driven into the world of cults and sects. Can Frederick survive in this world of demons, angels, and legendary creatures? Well, yes, or else this would end rather quickly. But will he thrive and accept the role his magic in this unforgiving and carefully balanced world where his only advantage is his potential? The first ten chapters will be released daily. All subsequent chapters will come out every three days.
8 188 - In Serial50 Chapters
The Ship That Went to Sea
The world is filled with magic for those that are called to it or that can learn to use it. A young sorceress, the heir of great magical powers, sets out on the high seas hiding the providence of her powers from her crew. Intrigue, romance, and mutiny abound.
8 145 - In Serial14 Chapters
Tale about fire
This tale starts like many others, with a slave boy that escaped and now seeks the power to never suffer in the hands of another again, with an unbalanced and cruel world where the strong rule and the weak serve, filled with natural dangers and opportunities to the ones that call themselves practitioners, the ones who seek the power of the Four. It follows as the disgusted by the world boy, resolved to change it by fire and destruction if needed find his way into the practitioners’ world in a search for true strength. Little the boy knew that his fate, or chains if you would, bounded him to so much more than just that. - I apologize in advance for any grammatical mistakes, part of why I’m writing this tale is to get better in the language. It’s also my first story so constructive criticism is appreciated.
8 82 - In Serial7 Chapters
Met at the contest ~ Levight ( Levi x Light inquisitormaster )
This is about how Light signs up for a gummy worm eating contest and meets Levi, Not gonna lie, Starting to ship this o.o LEVIGHT! Rare pairs :D TW: Self harm, Depression, Alcohol/Drinking 14+ Parts
8 175

