《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[76]
Advertisement
[Unicode]
076: အစေခံများ ဝယ်ယူခြင်း။
ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် အိမ်ကြီးအား အလုပ်သမားများ ခန့်ထားရန် စီစဉ်ခဲ့ကြသည်။မြို့၏အရစ်ကျစနစ်မှာ အလွန်နည်းပြီး သူတို့ရောင်းချသည့် လူတွေမှာလည်း ပျော့ပြီး အခြေခံအရည်အသွေးများပင် ချို့တဲ့ကြသည်။သူတို့နှစ်ဦးသား စစ်တမ်းကောက်ယူရန် ကျိုးယန်မြို့တော်ကိုသွား၍ လှည့်ပတ်သွားကြည့်ခဲ့ကြသည်။
မြို့တော်နဲ့ မြို့စွန်မြို့ဖျားရှိ မြို့လေး၏အခြေအနေတွေက မတူပေ။တစ်ဦးတည်း နေထိုင်မှုအဆင့်သည်ပင် ရေပြေးမြို့နှင့် မယှဉ်နိုင်။မြို့တော်၏တံခါးသည် အဝင်အထွက်အဆက်မပြတ်ရှိနေကာ လူပေါင်းစုံ၊ အဆုံးမရှိသည့် မြင်းများနှင့် ရထားများဖြင့်လည်း ပြည့်နေသည်။ရထားလုံးရုံတွင် နွားလှည်းကို အပ်ထားခဲ့ပြီးနောက် နှစ်ယောက်သား မြို့ထဲကို လမ်းလျှောက်သွားကြ၏။ချင်မျန်သည် ကျယ်ဝန်းတဲ့လမ်းမကြီးတွေ၊ လမ်းသွားလမ်းလာတွေရဲ့လှပတဲ့အဝတ်အစားတွေနှင့် ဈေးဆိုင်တန်းများကို ကြည့်လိုက်ရာ အကုန်လုံးကို မျက်လုံးထဲထည့်ကြည့်နိုင်ဖို့ပင် နည်းနည်းလေးတော့ များလွန်းနေ၏။
"ချန်းမန်လမ်းကို သွားကြည့်ပါလား?အဲဒီမှာ လူစည်တယ်။” လဲ့ယ်ထျဲသည် သူ့ဇနီးလေး၏ပုံစံကို မြင်မိတော့ သနားသွားရသည်။မြို့တော်ကို လာလည်တာ သူ့ဇနီးလေးရဲ့ပထမဆုံးအကြိမ်မို့ သူ့ကို ပျော်အောင်ထားသင့်သည်လေ။
ချင်မျန်က "မသွားတော့ဘူး။ပေါ့ပေါ့ပါးပါးပဲ လျှောက်လည်ကြည့်ကြရအောင်" ကူးပြောင်းလာသူအဖြစ် ယခင်က တီဗီမှတစ်ဆင့် ရုပ်ရှင်များတွင်သာ ရှေးခေတ်ပုံစံမြို့တော်များနှင့် မြို့ငယ်များကိုသာ မြင်တွေ့ခဲ့ရသည်။အခု သူကိုယ်တိုင် ရိုက်ကွင်းမှာ ရှိနေသလို ဖြစ်နေသည်ကြောင့် သူ့စိတ်ဝင်စားမှုမှာ နည်းနည်းလေးတော့ တိုးသွား၏။
(ခရိုင်)မြို့တော်တွင်းရှိ အရာများသည် ပိုမိုလက်ရာမြောက်သည်၊ ပိုမိုအဆင့်မြင့်သည်၊ မြို့ငယ်ရှိအရာများထက် ပို၍ကွဲပြားသည်။ချင်မျန်သည် အထည်ဆိုင်၊ လက်ဝတ်ရတနာဆိုင်၊ သံထည်ဆိုင်သို့ လှုပ်ရှားသွားလာခဲ့ပြီး စားသောက်ဆိုင်ကြီးတစ်ဆိုင်သို့ ဝင်ရောက်ခဲ့သည်။အထဲကို လမ်းလျှောက်ဝင်သွားပြီး စားပွဲပေါ်က အစားအသောက်တွေကို စကင်န်ဖတ်သလိုဖတ်ကာ ပြန်ထွက်လာ၏။အာခြောက်သွားသည်အထိ ဟင်းလျာမျိုးစုံကို စိတ်ပါလက်ပါ မိတ်ဆက်ပေးခဲ့သော စားပွဲထိုးမှာတော့ မျက်လုံးတွေကိုသာ နောက်လှန်ပြလေသည်။
လဲ့ယ်ထျဲက ချင်မျန်၏အနားတွင် တိတ်ဆိတ်စွာ အတူယှဥ်တွဲလျှောက်လာခဲ့သည်။ချင်မျန်က အရှေ့နှင့်အနောက်ကို စိတ်ဝင်တစားကြည့်နေစဉ် သူကလည်း ချင်မျန်၏မျက်နှာပေါ်ရှိ အမျိုးမျိုးသောအမူအရာများကို ကြည့်နေလိုက်သည်။
စားပွဲထိုးသာ ဝိညာဥ်ကူးပြောင်းခံလိုက်ရသူ ဖြစ်ပါက “မြွေဝိဥာဉ်ရောဂါ(သည်)!” ဟူ၍ သူတို့နှစ်ဦးလုံးကို ကြိမ်းမောင်းခံရရန် သွေးထိုးပေလိမ့်မည်။
[ရှီကျင့်ဖျင် - snake spirit disease]
ဖြစ်လေတော့ တစ်ယောက်နဲ့တစ်ယောက် မသိတာကြောင့် ချင်မျန်လည်း အနှီစားပွဲထိုးလေး ဘာတွေတွေးနေလဲဆိုတာကို ဂရုမစိုက်ပေ။ချင်မျန် လဲ့ယ်ထျဲကို သရေစာဆိုင်နှစ်ဆိုင်သို့ နောက်တစ်ကြိမ်ဆွဲခေါ်သွားပြန်ကာ ထိုဆိုင်တွင်လည်း ဂရုတစိုက်ကြည့်ကာ စေ့စေ့စပ်စပ်မေးသော်လည်း ဘာမှမဝယ်ခဲ့ပေ။
လဲ့ယ်ထျဲသည် ချင်မျန်တစ်ယောက် ငွေရှာလို့ရနိုင်မည့် အကြံအစည်အချို့ကို တွေးနေမည်ဟုထင်လိုက်သည်။
နှစ်နာရီနီးပါး လမ်းပတ်လျှောက်ပြီးနောက် ချင်မျန်သည် ကျွန်ပွဲစား၏တည်နေရာကို ဆိုင်ပိုင်ရှင်အား မေးမြန်းကာ လဲ့ယ်ထျဲနှင့်အတူ တိုက်ရိုက်သာ တန်းသွားခဲ့သည်။
(ခရိုင်)မြို့တော်ရှိ အရစ်ကျစနစ်သည် သူတို့မြို့တွင်းထက် ပိုစနစ်ကျပြီး ဤနေရာတွင် ရွေးချယ်စရာများစွာလည်းရှိသည်။ပွဲစားပိုင်ရှင်က လူဝယ်ချင်ကြောင်းကြားတာနဲ့ လူအားလုံးကိုခေါ်ပြီး ချင်မျန် ရွေးချယ်နိုင်ဖို့ရာ အတန်းလိုက်ခွဲပေးလိုက်၏။
ကုန်ပစ္စည်းတွေရွေးသလိုမျိုး လူတွေကို ရွေးချယ်ရာမှာ သူ မရွေးတတ်ပေမယ့် သူ အတတ်နိုင်ဆုံးလုပ်ရပေမည်။ကျန်းမာရေးနှင့် အကျင့်စာရိတ္တဆိုင်ရာ ပြဿနာရှိသူတွေကို ဂရုမစိုက်မိဘဲ ရွေးချယ်မိပါက ဒုက္ခဖြစ်လိမ့်မည်။
အသက် ၄၀ နှစ်အောက် စုံတွဲတစ်တွဲကို ဦးစွာရွေးချယ်ခဲ့သည်။သူတို့ရဲ့အဝတ်အစားတွေက ဟောင်းနွမ်းပြီး ဖာထေးထားပေမယ့် သန့်ရှင်းပြီး မညစ်ပတ်ပေ။ထိုလူကို ဦးလေးဖူဟု အမည်ပေးထားပြီး ကျန်းမာသန်စွမ်းပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်နိုင်သူဖြစ်သည်။အမျိုးသမီးမှာ လယ်လုပ်၊ ထမင်းချက်၊ အပ်ချုပ်ဖာထေး၊ အဝတ်အစား ချုပ်လုပ်နိုင်ကာ အဒေါ်ဖူ အမည်ရှိသည်။
အိမ်တော်ဝန်းတွင် သူမက ပန်းကန်ဆေးခြင်း၊ အဝတ်လျှော်ခြင်းနှင့် ကြက်စာကျွေးခြင်းစသည့် လုပ်ငန်းတွင် ကူညီပေးနိုင်သည်။
လဲ့ယ်ထျဲက သူ့လူဖြစ်တဲ့အတွက် သူ့အပေါ် ကောင်းပေးသင့်ပြီး ပန်းကန်တွေကို တစ်သက်လုံး မဆေးခိုင်းသင့်ဘူးလို့ ချင်မျန် တွေးခဲ့ခြင်းသာ။
ကုန်းဝဟုခေါ်သော လှည်းမောင်းတတ်သည့် လူငယ်လေးကိုလည်းဝယ်ယူခဲ့သည်။သူက အသက် 20 နှစ်သာ ရှိသေး၏။သူ့မွေးရပ်မြေမှာ မိုးခေါင်ရေရှားပြီး မိသားစုထဲမှာ တစ်ဦးတည်းကျန်ခဲ့ရာ သူ့ကိုယ်သူ ရောင်းပြီး ကျိုးယန်မြို့တော်တွင် သောင်တင်နေခဲ့ခြင်း ဖြစ်သည်။
ချင်မျန်သည် ကုန်းဝနှင့် အနည်းငယ် စကားစမြည်ပြောကြည့်ပြီးနောက် ဒီကောင်လေးက အလွန်အလိုက်သိသည်ဟု ခံစားမိသည်။လယ်လုပ်တတ်ပြီး လှည်းလည်းမောင်းနိုင်သည်။ထို့ကြောင့် ချင်မျန် သူ့ကို လှည်းမောင်းသမားအဖြစ် ဝယ်ယူခဲ့သည်။ လှည်းမမောင်းရတဲ့အချိန်တွေမှာတော့ လယ်ယာလုပ်ငန်းနှင့် အထွေထွေအလုပ်တွေကို ကူညီလုပ်ကိုင်ပေးရမည်ဖြစ်သည်။
သူတို့သုံးဦးကို စုစုပေါင်း ငွေတုံး ၃၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ၎င်းတို့အားလုံးကို ပြန်လည်ရုပ်သိမ်း၍ မရနိုင်သော ပိုင်ဆိုင်မှု စာချုပ်ကိုပါ ချုပ်ဆိုခဲ့သည်။
ပြန်လာတော့ နွားလှည်းကို မှန်မှန်မောင်းနေပေးသူမှာ ကုန်းဝပင်ဖြစ်သည်။
"ကုန်းဝ...မင်းရဲ့နာမည်ရင်းက ဘယ်လိုခေါ်လဲ? 'ခွေးကလေး' လို့ ကြားရတာ အဆင်မပြေဘူး" ချင်မျန် မေးလိုက်သည်။
ကုန်းဝက ပြုံးပြီး "သခင်လေးကို ပြန်ဖြေရရင် ဒီငယ်သားမှာ တရားဝင်နာမည်ရင်းမရှိပါဘူး။ကျေးဇူးပြု၍ သခင်ငယ်လေးပဲ နာမည်ပေး,ပေးပါ။"
ချင်မျန် နည်းနည်းတော့ ကို့ယို့ကားယားဖြစ်သွား၏။" ဘာပဲဖြစ်ဖြစ် ကုန်းဝဆိုတဲ့ နာမည်က ကြားရတာ မကောင်းဘူး။မင်းကို ရှီလလို့ ခေါ်မယ်,ဘယ်လိုလဲ?"
ကုန်းဝက ဝမ်းသာအားရနဲ့ “ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး။နာမည်ကောင်းတစ်ခုပဲ။နောက်ကျရင် ဒီငယ်သားကို ရှီလလို့ ခေါ်လို့ရပါတယ်။"
ချင်မျန်က "'ငယ်သား'လို့ မသုံးနဲ့ 'ကျွန်တော်' လို့ပဲ သုံးပြီးပြောပါ။မင်းရဲ့ သခင်ကြီးနဲ့ ငါက ပေါင်းသင်းရ အရမ်းလွယ်ပါတယ်။မင်းတို့အားလုံး သိပ်ပြီးထည်ထည်ဝါဝါခစားနေဖို့ မလိုဘူး။ကုန်ကုန်ပြောရရင် ပျက်စီးမယ့်ကိစ္စတွေကိုသာမလုပ်ရင် မင်းတို့ ငါတို့ရဲ့ ခြံထဲမှာ တစ်သက်လုံးနေလို့ရတယ်။ငါတို့တွေ အချင်းချင်း အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ပါတယ်။မင်းတာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ပြီး အမှားအယွင်းမရှိသရွေ့ ငါတို့ မင်းကို အပြစ်ပေးမှာ မဟုတ်ဘူး။"
Advertisement
"စိတ်ချပါ သခင်ကြီးနဲ့ သခင်လေး...စိတ်ချပါ။ကျွန်တော် အလုပ်ကောင်းကောင်း လုပ်မှာပါ"
ရှီလက 'သခင်ကြီးသည် ပေါင်းသင်းရန် အလွန်လွယ်ကူသည်" နှင့် ပတ်သက်၍တော့ မှတ်ချက်မပေးတော့ပေ။သခင်ကြီးကိုကြည့်ဖို့ မျက်လုံးတောင် မဖွင့်ဝံ့သည့်အချိန်တွင် ချင်မျန်ကတော့ ကြင်နာတတ်တဲ့ သခင်တစ်ယောက်လို့ သူမှတ်ထင်ခဲ့၏။
ဦးလေးဖူနှင့် အဒေါ်ဖူတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အနာဂတ်သည် အနည်းငယ်မဖြောင့်ဖြူးတတ်မှန်း ခံစားမိသော်လည်း သူတို့ အနည်းငယ် စိတ်သက်သာရာရသွားသည်။မလွတ်လပ်ပေမယ့် အခြေချနေထိုင်ချင်မိ၏။
ချင်မျန် ခဏလောက်စဉ်းစားပြီး "ခဏနေရင် ပန်းကန်ခွက်တွေ၊ အိုးတွေ၊ ဂေါ်ပြားတွေကို မြို့ထဲမှာ ဘာမှမဝယ်နဲ့။ရှီလ လက်မထပ်ခင်မှာတော့ ဦးလေးဖူနဲ့ အဒေါ်ဖူတို့နဲ့အတူ ထမင်းအတူစားရမယ်။ကျန်တာတော့ အနာဂတ်မှာ ဆက်ဆွေးနွေးကြမယ်။"
အဒေါ်ဖူက “ဟုတ်ကဲ့ပါ...သခင်လေး”
သူမရော ဦးလေးဖူသည် စကားပြောများသူတွေဖြစ်တန်ရာ မဟုတ်လေရာ ချင်မျန်ရဲ့ဖြစ်စေချင်သည့်ရည်ရွယ်ချက်ကို ခပ်ရှင်းရှင်းတစ်ကြောင်းသာ ပြန်တုံ့ပြန်၏။
"ထျဲ......ခင်ဗျားမှာ ဝယ်စရာရှိသေးလား?" ချင်မျန် လဲ့ယ်ထျဲကို မေးလိုက်သည်။
လဲ့ယ်ထျဲ အံ့အားသင့်သွားပြီး "မင်း ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာ?"
ချင်မျန် မျက်ခုံးပင့်ကာ “ထျဲလို့လေ။မရဘူးလား?"
သူ့နာမည်အပြည့်အစုံကို ခေါ်ရလောက်အောင် ကြင်နာပေးမယ်လို့ သူမထင်ခဲရုံသာ။
“မင်း ကြိုက်သလိုခေါ်။” လဲ့ယ်ထျဲက သူ့လက်ကို သူ့ခါးမှာတင်ပြီး သူ့နဖူးပေါ် နှုတ်ခမ်းဖြင့်ဖိကာ “ဘာမှ ထပ်ဝယ်စရာမရှိဘူး”
ချင်မျန် သူ့ကို မတွန်းထုတ်ဘဲ ဦးလေးဖူနဲ့အဒေါ်ဖူတို့ရဲ့ တုံ့ပြန်မှုကိုသာ အာရုံစိုက်ခဲ့၏။
အဒေါ်ဖူက သိပ်စဉ်းစားမိပုံမပေါ်။ဦးလေးဖူကတော့ ထိတ်လန့်သွားပြီး ချက်ချင်း ခေါင်းငုံ့လိုက်သည်။
ချင်မျန် ပြုံးကာ စကားမပြောတော့ဘဲ လဲ့ယ်ထျဲပေါ်ကို သက်တောင့်သက်သာဖြစ်စွာ မှီတွယ်လိုက်သည်။သူတို့သုံးယောက်က သူနဲ့ လဲ့ယ်ထျဲ အတူယှဉ်တွဲနေထိုင်နေကြောင်း ချက်ခြင်းလက်ခံမယ်လို့ မမျှော်လင့်ထားသော်လည်း အနည်းဆုံးတော့ သူတို့ကို ခွဲခြားဆက်ဆံခြင်းပြုမည်မဟုတ်။
နွားလှည်းလေးသည် မြို့လေးထဲသို့ရောက်သောအခါ ချင်မျန်သည် အိုးများ၊ ပန်းကန်ခွက်များ၊ လှေကားများနှင့် အင်တုံများကို ထပ်မံဝယ်ယူခဲ့သည်။ဦးလေးဖူ၊ အဒေါ်ဖူနှင့် ရှီလတို့တွင် သူတို့နှင့်အတူ ပစ္စည်းများ မပါရှိပေ။သူ အဝတ်ကြမ်းသုံးစုံ၊ အထည်အချို့နှင့် အခြားနေ့စဉ်သုံးပစ္စည်းများကို အသီးသီးဝယ်ပေးခဲ့သည်။
ထိုစဉ်တွင် ချင်မျန်သည် ဂျုံမှုန့်နှင့် ဆန်အချို့ကိုပင် ဝယ်ယူခဲ့သည်။သူနဲ့လဲ့ယ်ထျဲတို့ နှစ်ယောက်လုံးက ထမင်းစားရတာ ကြိုက်ကြပြီး အိမ်မှာရှိနေတဲ့ ဆန်ကလည်း မြန်မြန်ကုန်လေ့ရှိ၏။
နွားလှည်းလေးက သူတို့ခြံဝန်းလေးထဲကို မောင်းဝင်လာရာ ဦးလေးဖူ၊ အဒေါ်ဖူနဲ့ရှီးလတို့သည် ခြံရဲ့လှပတဲ့ ရှုခင်းတွေကို မြင်လိုက်ရတော့ တုန်လှုပ်အံ့သြသွားကြသည်။
ဒီနေရာက သူတို့နေရမယ့်နေရာလား?ဒီလို လှပတဲ့ နေရာမှာ နေကြရမှာလား?
"........"
ချင်မျန် တခစ်ခစ်ရယ်ရင်း “အရင်ဦးဆုံး မင်းတို့နေရမယ့်ဆီကိုသွားဖို့ ငါ့နောက်ကို လိုက်ခဲ့ပါ။မင်းတို့ အထိုင်ချပြီးသွားရင် ခြံပတ်ဝန်းကျင်မှာ လမ်းလျှောက်ပြီး ပတ်ဝန်းကျင်အသစ်နဲ့ ရင်းနှီးအောင် လုပ်ကြည့်ကြပေါ့။"
ဦးလေးဖူတို့သည် အကြည့်တွေကို အလျင်အမြန် ရုပ်သိမ်းလိုက်ကြသည်။
"ဟုတ်ကဲ့ပါ သခင်လေး"
ချင်မျန် သူတို့ကို အစေခံအိမ်ယာတန်းသို့ ခေါ်သွားပြီးနောက် တစ်ဖန်လူသုံးဦးသည်လည်း အံသြသွားပြန်သည်။အိမ်ယာတန်းသည် သက်ကယ်အိမ် သို့မဟုတ် သစ်သားအိမ်မဟုတ်ဘဲ အနီရောင်အုတ်နှင့် အနက်ရောင်ကြွေပြားများဖြင့် အသစ်တည်ဆောက်ထားသော အိမ်ဖြစ်သည်။အိမ်၏အတွင်းပိုင်းသည် တောက်ပြောင်ပြီး သန့်ရှင်းသပ်ရပ်ကာ အိမ်သုံးပရိဘောဂများ ပြတ်လပ်မှုမရှိသည့်အပြင် ကုတင်ကိုလည်း အသစ်စက်စက် ချည်သားမွေ့ယာနှင့် ချည်စောင်များဖြင့် ခင်းပေးထားသေးသည်။သူတို့အိမ်မှာရှိတုန်းကထက် အဆပေါင်းများစွာ ပိုကောင်းနေ၏။
“ဦးလေးဖူနဲ့ အဒေါ်ဖူတို့နှစ်ယောက်က ပထမအိမ်မှာ နေရမယ်။ရှီလ...မင်း ဒုတိယအိမ်မှာနေလိုက်။နောက်အစေခံတစ်ယောက်ထပ်ဝင်လာရင် အိမ်ကို သူနဲ့အတူတူပေါင်းနေရမယ်။သေချာတာက မင်းအနာဂတ်မှာ အိမ်ထောင်ပြုလိုက်ရင်တော့ ဦးလေးဖူနဲ့ အဒေါ်ဖူတို့လို အိမ်မှာ သီးသန့်နေနိုင်မယ်။”
ရှီလသည် သူ၏စိတ်လှုပ်ရှားမှုကိုပင် မဖုံးကွယ်နိုင်ဘဲ “ဟုတ်ကဲ့ပါ သခင်လေး။ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး!”
ချင်မျန် လူသုံးယောက်ရဲ့အလုပ်အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီးနောက် သူ ဆက်ပြောလိုက်သည်။ “မင်းတို့ကို စားနပ်ရိက္ခာနဲ့ နေစရာ ထောက်ပံ့ပေးမယ်။လစဉ်လုပ်အားခကို 50 ဝမ်နဲ့ အစမ်းသဘောသတ်မှတ်ထားပြီး ပွဲတော်တိုင်း၊ နှစ်သစ်ကူးနှင့် အလုပ်များတဲ့ရာသီတိုင်းမှာတော့ တိုးမြှင့်ပေးမယ်။
တစ်နေ့မှာ သုံးနပ်စားလို့ရမယ်။နံနက်စာနှင့် နေ့လည်စာကတော့ ခေါက်ဆွဲ၊ ဖက်ထုပ် ဒါမဟုတ် ဂျုံ့မုန့်တွေ ဖြစ်ပြီး ညစာကတော့ ထမင်းဖြူ။ဗိုက်ဝတဲ့အထိ စားလို့ရတယ်။ဒါပေမယ့် အလဟသတော့ လုပ်ခွင့်မပြုဘူး။ဟင်းသီးဟင်းရွက်တွေကတော့ အိမ်တွင်းစိုက်မို့လို့ အချိန်တိုင်းယူနိုင်တယ်။မင်းတို့ကို လစဉ် အသား ၁၀ကျင်ပေးမှာ ဖြစ်ပြီးတော့ တစ်နပ်မှာ အားလုံးကို စားမလား ဒါမှမဟုတ် တစ်လစာစားဖို့ ချွေတာမလားဆိုတာ မင်းတို့အပေါ်မှာ မူတည်တယ်။"
ဦးလေးဖူ၊ အဒေါ်ဖူနှင့် ရှီးလတို့သည် အံ့အားသင့်စွာ ကြည့်ကာ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
ရှီလက ဦးစွာပြော၏။ “သခင်လေး....ဒီအစီအစဉ်က နည်းနည်းလေးကောင်းလွန်းနေတယ်။ကျွန်တော့်အတွက် တစ်ရက် နှစ်နပ်ဆို လုံလောက်ပါတယ်"
ချင်မျန်က ခပ်ဖျော့ဖျော့အပြုံးလေးဖြင့် "မင်း ငါတို့အိမ်ထဲဝင်လာရင် ငါတို့စည်းကမ်းတွေ လိုက်နာရမယ်။မထိုက်တန်ဘူးလို့ တွေးနေစရာမလိုပါဘူး။အလုပ်ကိုသာ ပိုကြိုးစားပေး"
ဦးလေးဖူတို့က “ဟုတ်ကဲ့” ဟူ၍ တညီတညွတ်တည်း ဖြေလိုက်ကြသည်။
လဲ့ယ်ထျဲက နွားလှည်းကိုလှမ်းကြည့်ရာ ရှီလသည်လည်း ဂျုံမှုန့်တစ်အိတ်နှင့် ဆန်တစ်အိတ်ကို လိမ္မာပါးနပ်စွာ သယ်ဆောင်လာခဲ့ပေးသည်။
ချင်မျန်က "မင်းတို့ ဒီနေ့ ဘာမှလုပ်စရာမလိုဘူး။လမ်းပတ်လျှောက်ကြည့်ကြ။မနက်ဖြန် အလုပ်စလုပ်မယ်။"
Advertisement
"ကျေးဇူးအများကြီးတင်ပါတယ် သခင်ကြီးနဲ့ သခင်လေး။"
ရှင်းရှင်းလင်းလင်း သိသင့်သည်များကို ရှင်းရှင်းလင်းလင်း သိအောင်ပြောပြပြီးနောက် လဲ့ယ့်ထျဲသည် ချင်မျန်နှင့်အတူ ထွက်ခွာရန် နွားကို ဦးဆောင်ခဲ့သည်။
ရှီလက လျင်မြန်စွာ ဖြတ်လျှောက်လာပြီး "သခင်ကြီး ကျွန်တော်ကိုပေးပါ။ဟိုမှာ နွားတင်းကုတ်မလား။ပစ္စည်းတွေ ပို့ပေးပြီးရင် နွားလှည်းကို နွားတင်းကုတ်ထဲပို့လိုက်ပါ့မယ်"
ချင်မျန် သူ့ကို သဘောကျစွာ ကြည့်လိုက်သည်။မျှော်လင့်ထားသလိုပဲ သူက တကယ်ကို ဉာဏ်ကောင်းတယ်။
အိမ်အပြင်ဘက်၌ခြံဝန်းတံတိုင်းကို ဆောက်ပြီးသည့်နောက် လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ယခင်ကအိမ်ဝင်းထရံကို ဖြိုချဖြစ်ခဲ့သည်။မြင်ကွင်းထဲ ကျယ်သွားသလိုပင်။ချင်မျန်နှင့် လဲ့ယ်ထျဲတို့၏အိမ်တံခါးဝ၌ရပ်ကာ လှည်းပေါ်ရှိပစ္စည်းတွေကို အိမ်ထဲသို့ အမြန်ရွှေ့ပေးလိုက်သည်။
ချင်မျန်သည် မီးဖိုချောင်မှ 10 ကျင်အလေးချိန်ရှိသော ဝက်သားတစ်ပိုင်းကို ယူလိုက်ပြီး ရှီလကို ပေးလိုက်သည်။ထို့နောက် သူနှင့် လဲ့ယ်ထျဲ၏နေ့လယ်စာကို စတင်ပြင်ဆင်တော့သည်။
"ချင်းဇီ.... မင်းဒါတွေနဲ့ ဘာလုပ်မလို့လဲ?" လဲ့ယ်ထျဲသည် ခေါင်းလောင်းငယ်သုံးလုံးကိုကိုင်ကာ ဝင်လာသည်။
ချင်မျန် တစ်ချက်ကြည့်လိုက်ပြီး "အိုး...ကျွန်တော် မေ့တော့မလို့။အစေခံတန်းယားနှင့် အရမ်းဝေးတာကြောင့် သူတို့ကို သွားရှာဖို့ အဆင်မပြေဘူးလေ။ကြိုးအရောင်သုံးမျိုးကိုလည်း ဝယ်ခဲ့တယ်မလား?ခင်ဗျား ခေါင်းလောင်းသုံးလုံးကို ကြိုးနဲ့ချည်။တစ်ဖက်ကို သူတို့ဘက်မှာချည်ပြီး ကျန်အစသုံးချောင်းကို ကျွန်တော်တို့ဘက်မှာ ချည်ထားလိုက်။သူတို့ကို ခေါ်ချင်ရင် ကြိုးကိုဆွဲလိုက် ခေါင်းလောင်းသံမြည်လာလိမ့်မယ်။အနက်ရောင်ကြိုးက ဦးလေးဖူ၊ အနီရောင်ကြိုးက အဒေါ်ဖူဖြစ်ပြီး မီးခိုးရောင်ကတော့ ရှီးလ။”
“ချင်းဇီက အရမ်းညဏ်ကောင်းတယ်” လဲ့ယ်ထျဲက ပြောလိုက်သည်။
"အဲဒါ လိုအပ်တယ်လေ။" ချင်မျန် ဂုဏ်ယူစွာနဲ့ ခေါင်းကို မော့လိုက်ပြီး လဲ့ယ်ထျဲကလည်း အတိအကျပင် နမ်းလိုက်သည်။သူဘာမှမပြောရသေးခင် လဲယ်ထျဲက ခေါင်းလောင်းကြိုးတွေကိုယူကာ နှောင့်နှေးမနေဘဲ ထွက်လာခဲ့သည်။
“Mensao ပဲ” ချင်မျန်က ရေရွတ်ပြီး ဟင်းချက်ဖို့အတွက် အသီးအရွက်တွေကို လှီးဖြတ်ရင်း သီချင်းတစ်ပုဒ်ကို ညည်းလိုက်၏။
[Mensao ဆိုတာက အပြင်ဘက်က အေးစက်ပြီး စိတ်ထဲမှာတော့ နွေးထွေးပြုမှုတတ်တာပါ]
လဲ့ယ်ထျဲ ပြန်လာပြီးနောက် အလယ်ခန်း ပြတင်းပေါက်တွင် ကြိုးသုံးချောင်းကို ချည်နှောင်လိုက်သည်။
ချင်မျန်က "ရေကန်တူးပြီး နောက်ဆုံးအကြိမ်တုန်းက ဘိုးဘွားတွေ အဒေါ်တွေကို ဖိတ်မယ်လို့ ကျွန်တော်တို့ပြောခဲ့တာ မှတ်မိသေးလား?"
“အင်း...” လဲ့ယ်ထျဲက "ဒီရက်ပိုင်းလား?"
ချင်မျန် ခေါင်းညိတ်ပြီး "ဒီကိစ္စကို တစ်ချိန်လုံး မစဉ်းစားမိနေအောင်လို့ သူတို့ကို မနက်ဖြန်ပဲ ဖိတ်ထားလိုက်"
လဲ့ယ်ထျဲက "မနက်ဖြန်မနက် တျန်းရွာကို သွားလိုက်မယ်"
ချင်မျန်သည် ပဲငံပြာရည်ဖြင့် ခေါက်ဆွဲကြော်ကိုကြော်ပြီးနောက် လဲ့ယ်ထျဲက ယင်းကို လမ်းကြုံယူသွားပေးခဲ့သည်။
ချင်မျန်က ပြုံးပြီး တူနှစ်စုံနဲ့ နောက်ကလိုက်လာ၏။
သူ ကုလားထိုင်ပေါ်တွင် စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်သည့်အနေအထားအတိုင်း ထိုင်ချလိုက်ပြီး ယနေ့ ခေါက်ဆွဲကြော်သည် အထူးပင်မွှေးကြိုင်လွန်းသည်ဟု ခံစားမိသည်။ “အခုထိတော့ အိမ်တော်တွင်းမှာရှိနေတဲ့ ကိစ္စတွေကို အခြေခံအားဖြင့်တော့ ကိုင်တွယ်ပြီးပြီလို့ပြောရမယ်။ ကျွန်တော်တို့ ရက်အနည်းငယ်လောက် အနားယူနိုင်ပြီ”
လဲ့ယ်ထျဲက "အဘိုးနဲ့ တခြားသူတွေ လာလည်ပြီးရင် မင်းကို တောင်ပေါ်ခေါ်သွားမယ်။"
“ကောင်းပြီ။” ချင်မျန်က ခေါက်ဆွဲစားရင်း ခေါင်းညိတ်သည်။ “အခုက နွေဦးလေ။တောင်ပေါ်က ရှုခင်းတွေက အရမ်းလှတယ်။လေးကို ယူလာခဲ့။ကျွန်တော်တို့ ခဏလောက် သားကောင်းတွေကို လိုက်ရှာလို့ရတယ်”
လဲ့ယ်ထျဲက ခေါင်းညိတ်လိုက်ပြီး "မင်းမွေးနေ့ကို မှတ်မိသေးလား?"
“တတိယလ ၂၈ ရက်နေ့။” ချင်မျန် ခေါင်းမော့ပြီး သူ့ကို ပြုံးပြကာ "ဘာလို့လဲ?ကျွန်တော့်ကို လက်ဆောင်ပေးမလို့လား?"
“အင်း...” လဲ့ယ်ထျဲက မငြင်းခဲ့ပေ။
“ခင်ဗျားရဲ့––” သူ ပြောလို့မပြီးခင်မှာ လဲ့ယ်ထျဲရဲ့ အမေက ခက်ခဲပင်ပန်းစွာ ကွယ်လွန်သွားတာကို အမှတ်တမဲ့ အမှတ်ရလိုက်မိပြီး ထို့အပြင် လဲ့ယ်ထျဲရဲ့မွေးနေ့က တျန်းရှီရဲ့ ကွယ်လွန်သည့် နှစ်ပတ်လည်ပင်။
လဲ့ယ်ထျဲဘက်မှ ပြောလာမည့်စကားကိုပင် စောင့်ဆိုင်းမနေဘဲ သူ ပြောလိုက်၏။ “ကျွန်တော်မွေးနေ့မှာ ခင်ဗျားမွေးနေ့လည်းရှိမယ်”
“ကောင်းပြီ။” လဲ့ယ်ထျဲ သူ့လက်ကို မြှောက်လိုက်ပြီး ချင်မျန်၏ပါးစပ်ထောင့်မှ ဆော့စ်တွေကို လက်မနှင့် သုတ်ပေးလိုက်သည်။
နေ့လည်စာစားပြီးသောအခါ လဲ့ယ်ထျဲက ပန်းကန်တွေကို ဆေးကြောသည်။
ချင်မျန် သူ့မှတ်စုစာအုပ်နဲ့ စာရေးတံတစ်ချောင်းကို ထုတ်ယူပြီး လက်ဖက်ရည်စားပွဲပေါ်မှာ ချရေးနေလိုက်သည်။
လဲ့ယ်ထျဲ ပန်းကန်တွေကိုဆေးကြောပြီးနောက် မီးဖိုချောင်မှ ထွက်လာကာ ချင်မျန်၏ခါးကို လက်နှစ်ဖက်ဖြင့် ကိုင်လျက် သူ့ဘေးတွင် ဝင်ထိုင်လိုက်၏။
"ဘာတွေရေးနေတာလဲ?"
"စာရင်းတွေ။" ချင်မျန်က “အရင်တုန်းကတော့ စာရင်းတွေမှတ်ပြီး သိမ်းထားစရာ မလိုဘူး။ဒါပေမယ့် အခု ကျွန်တော်တို့မိသားစုမှာ နောက်ထပ်လူ ၃ ယောက်ရှိနေပြီဆိုတော့ ကျွန်တော်တို့ရဲ့ဝင်ငွေနဲ့ အသုံးစရိတ်တွေကို မှတ်တမ်းထားလိုက်တာက ပိုကောင်းမယ်။ဒါမှ အနာဂါတ်မှာ တစ်ခုခုမှားခဲ့ရင် ထောက်ပြစရာရှိမှာ။”
"သူတို့အမှားပါရင်ရောင်းမယ်" လဲ့ယ်ထျဲက ဘာသိဘာသာ ပြောလိုက်သည်။ချင်မျန်က ခေါင်းညိတ်ပြီး "သူတို့အမှားကြီးလုပ်မိရင်လည်း ကျွန်တော်သေချာပေါက်သည်းခံမှာမဟုတ်ပါဘူး"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
076: အေစခံမ်ား ဝယ္ယူျခင္း။
ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔သည္ အိမ္ႀကီးအား အလုပ္သမားမ်ား ခန္႔ထားရန္ စီစဥ္ခဲ့ၾကသည္။ၿမိဳ႕၏အရစ္က်စနစ္မွာ အလြန္နည္းၿပီး သူတို႔ေရာင္းခ်သည့္ လူေတြမွာလည္း ေပ်ာ့ၿပီး အေျခခံအရည္အေသြးမ်ားပင္ ခ်ိဳ႕တဲ့ၾကသည္။သူတို႔ႏွစ္ဦးသား စစ္တမ္းေကာက္ယူရန္ က်ိဳးယန္ၿမိဳ႕ေတာ္ကိုသြား၍ လွည့္ပတ္သြားၾကည့္ခဲ့ၾကသည္။
ၿမိဳ႕ေတာ္နဲ႔ ၿမိဳ႕စြန္ၿမိဳ႕ဖ်ား႐ွိ ၿမိဳ႕ေလး၏အေျခအေနေတြက မတူေပ။တစ္ဦးတည္း ေနထိုင္မႈအဆင့္သည္ပင္ ေရေျပးၿမိဳ႕ႏွင့္ မယွဥ္ႏိုင္။ၿမိဳ႕ေတာ္၏တံခါးသည္ အဝင္အထြက္အဆက္မျပတ္႐ွိေနကာ လူေပါင္းစုံ၊ အဆုံးမ႐ွိသည့္ ျမင္းမ်ားႏွင့္ ရထားမ်ားျဖင့္လည္း ျပည့္ေနသည္။ရထားလုံး႐ုံတြင္ ႏြားလွည္းကို အပ္ထားခဲ့ၿပီးေနာက္ ႏွစ္ေယာက္သား ၿမိဳ႕ထဲကို လမ္းေလွ်ာက္သြားၾက၏။ခ်င္မ်န္သည္ က်ယ္ဝန္းတဲ့လမ္းမႀကီးေတြ၊ လမ္းသြားလမ္းလာေတြရဲ႕လွပတဲ့အဝတ္အစားေတြႏွင့္ ေဈးဆိုင္တန္းမ်ားကို ၾကည့္လိုက္ရာ အကုန္လုံးကို မ်က္လုံးထဲထည့္ၾကည့္ႏိုင္ဖို႔ပင္ နည္းနည္းေလးေတာ့ မ်ားလြန္းေန၏။
"ခ်န္းမန္လမ္းကို သြားၾကည့္ပါလား?အဲဒီမွာ လူစည္တယ္။” လဲ့ယ္ထ်ဲသည္ သူ႕ဇနီးေလး၏ပုံစံကို ျမင္မိေတာ့ သနားသြားရသည္။ၿမိဳ႕ေတာ္ကို လာလည္တာ သူ႕ဇနီးေလးရဲ႕ပထမဆုံးအႀကိမ္မို႔ သူ႕ကို ေပ်ာ္ေအာင္ထားသင့္သည္ေလ။
ခ်င္မ်န္က "မသြားေတာ့ဘူး။ေပါ့ေပါ့ပါးပါးပဲ ေလွ်ာက္လည္ၾကည့္ၾကရေအာင္" ကူးေျပာင္းလာသူအျဖစ္ ယခင္က တီဗီမွတစ္ဆင့္ ႐ုပ္႐ွင္မ်ားတြင္သာ ေ႐ွးေခတ္ပုံစံၿမိဳ႕ေတာ္မ်ားႏွင့္ ၿမိဳ႕ငယ္မ်ားကိုသာ ျမင္ေတြ႕ခဲ့ရသည္။အခု သူကိုယ္တိုင္ ႐ိုက္ကြင္းမွာ ႐ွိေနသလို ျဖစ္ေနသည္ေၾကာင့္ သူ႕စိတ္ဝင္စားမႈမွာ နည္းနည္းေလးေတာ့ တိုးသြား၏။
(ခ႐ိုင္)ၿမိဳ႕ေတာ္တြင္း႐ွိ အရာမ်ားသည္ ပိုမိုလက္ရာေျမာက္သည္၊ ပိုမိုအဆင့္ျမင့္သည္၊ ၿမိဳ႕ငယ္႐ွိအရာမ်ားထက္ ပို၍ကြဲျပားသည္။ခ်င္မ်န္သည္ အထည္ဆိုင္၊ လက္ဝတ္ရတနာဆိုင္၊ သံထည္ဆိုင္သို႔ လႈပ္႐ွားသြားလာခဲ့ၿပီး စားေသာက္ဆိုင္ႀကီးတစ္ဆိုင္သို႔ ဝင္ေရာက္ခဲ့သည္။အထဲကို လမ္းေလွ်ာက္ဝင္သြားၿပီး စားပြဲေပၚက အစားအေသာက္ေတြကို စကင္န္ဖတ္သလိုဖတ္ကာ ျပန္ထြက္လာ၏။အာေျခာက္သြားသည္အထိ ဟင္းလ်ာမ်ိဳးစုံကို စိတ္ပါလက္ပါ မိတ္ဆက္ေပးခဲ့ေသာ စားပြဲထိုးမွာေတာ့ မ်က္လုံးေတြကိုသာ ေနာက္လွန္ျပေလသည္။
လဲ့ယ္ထ်ဲက ခ်င္မ်န္၏အနားတြင္ တိတ္ဆိတ္စြာ အတူယွဥ္တြဲေလွ်ာက္လာခဲ့သည္။ခ်င္မ်န္က အေ႐ွ႕ႏွင့္အေနာက္ကို စိတ္ဝင္တစားၾကည့္ေနစဥ္ သူကလည္း ခ်င္မ်န္၏မ်က္ႏွာေပၚ႐ွိ အမ်ိဳးမ်ိဳးေသာအမူအရာမ်ားကို ၾကည့္ေနလိုက္သည္။
စားပြဲထိုးသာ ဝိညာဥ္ကူးေျပာင္းခံလိုက္ရသူ ျဖစ္ပါက “ေႁမြဝိဥာဥ္ေရာဂါ(သည္)!” ဟူ၍ သူတို႔ႏွစ္ဦးလုံးကို ႀကိမ္းေမာင္းခံရရန္ ေသြးထိုးေပလိမ့္မည္။
[႐ွီက်င့္ဖ်င္ - snake spirit disease]
ျဖစ္ေလေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ မသိတာေၾကာင့္ ခ်င္မ်န္လည္း အႏွီစားပြဲထိုးေလး ဘာေတြေတြးေနလဲဆိုတာကို ဂ႐ုမစိုက္ေပ။ခ်င္မ်န္ လဲ့ယ္ထ်ဲကို သေရစာဆိုင္ႏွစ္ဆိုင္သို႔ ေနာက္တစ္ႀကိမ္ဆြဲေခၚသြားျပန္ကာ ထိုဆိုင္တြင္လည္း ဂ႐ုတစိုက္ၾကည့္ကာ ေစ့ေစ့စပ္စပ္ေမးေသာ္လည္း ဘာမွမဝယ္ခဲ့ေပ။
လဲ့ယ္ထ်ဲသည္ ခ်င္မ်န္တစ္ေယာက္ ေငြ႐ွာလို႔ရႏိုင္မည့္ အၾကံအစည္အခ်ိဳ႕ကို ေတြးေနမည္ဟုထင္လိုက္သည္။
ႏွစ္နာရီနီးပါး လမ္းပတ္ေလွ်ာက္ၿပီးေနာက္ ခ်င္မ်န္သည္ ကြၽန္ပြဲစား၏တည္ေနရာကို ဆိုင္ပိုင္႐ွင္အား ေမးျမန္းကာ လဲ့ယ္ထ်ဲႏွင့္အတူ တိုက္႐ိုက္သာ တန္းသြားခဲ့သည္။
(ခ႐ိုင္)ၿမိဳ႕ေတာ္႐ွိ အရစ္က်စနစ္သည္ သူတို႔ၿမိဳ႕တြင္းထက္ ပိုစနစ္က်ၿပီး ဤေနရာတြင္ ေ႐ြးခ်ယ္စရာမ်ားစြာလည္း႐ွိသည္။ပြဲစားပိုင္႐ွင္က လူဝယ္ခ်င္ေၾကာင္းၾကားတာနဲ႔ လူအားလုံးကိုေခၚၿပီး ခ်င္မ်န္ ေ႐ြးခ်ယ္ႏိုင္ဖို႔ရာ အတန္းလိုက္ခြဲေပးလိုက္၏။
ကုန္ပစၥည္းေတြေ႐ြးသလိုမ်ိဳး လူေတြကို ေ႐ြးခ်ယ္ရာမွာ သူ မေ႐ြးတတ္ေပမယ့္ သူ အတတ္ႏိုင္ဆုံးလုပ္ရေပမည္။က်န္းမာေရးႏွင့္ အက်င့္စာရိတၱဆိုင္ရာ ျပႆနာ႐ွိသူေတြကို ဂ႐ုမစိုက္မိဘဲ ေ႐ြးခ်ယ္မိပါက ဒုကၡျဖစ္လိမ့္မည္။
အသက္ ၄၀ ႏွစ္ေအာက္ စုံတြဲတစ္တြဲကို ဦးစြာေ႐ြးခ်ယ္ခဲ့သည္။သူတို႔ရဲ႕အဝတ္အစားေတြက ေဟာင္းႏြမ္းၿပီး ဖာေထးထားေပမယ့္ သန္႔႐ွင္းၿပီး မညစ္ပတ္ေပ။ထိုလူကို ဦးေလးဖူဟု အမည္ေပးထားၿပီး က်န္းမာသန္စြမ္းၿပီး လယ္ယာလုပ္ငန္း လုပ္ကိုင္ႏိုင္သူျဖစ္သည္။အမ်ိဳးသမီးမွာ လယ္လုပ္၊ ထမင္းခ်က္၊ အပ္ခ်ဳပ္ဖာေထး၊ အဝတ္အစား ခ်ဳပ္လုပ္ႏိုင္ကာ အေဒၚဖူ အမည္႐ွိသည္။
အိမ္ေတာ္ဝန္းတြင္ သူမက ပန္းကန္ေဆးျခင္း၊ အဝတ္ေလွ်ာ္ျခင္းႏွင့္ ၾကက္စာေကြၽးျခင္းစသည့္ လုပ္ငန္းတြင္ ကူညီေပးႏိုင္သည္။
လဲ့ယ္ထ်ဲက သူ႕လူျဖစ္တဲ့အတြက္ သူ႕အေပၚ ေကာင္းေပးသင့္ၿပီး ပန္းကန္ေတြကို တစ္သက္လုံး မေဆးခိုင္းသင့္ဘူးလို႔ ခ်င္မ်န္ ေတြးခဲ့ျခင္းသာ။
ကုန္းဝဟုေခၚေသာ လွည္းေမာင္းတတ္သည့္ လူငယ္ေလးကိုလည္းဝယ္ယူခဲ့သည္။သူက အသက္ 20 ႏွစ္သာ ႐ွိေသး၏။သူ႕ေမြးရပ္ေျမမွာ မိုးေခါင္ေရ႐ွားၿပီး မိသားစုထဲမွာ တစ္ဦးတည္းက်န္ခဲ့ရာ သူ႕ကိုယ္သူ ေရာင္းၿပီး က်ိဳးယန္ၿမိဳ႕ေတာ္တြင္ ေသာင္တင္ေနခဲ့ျခင္း ျဖစ္သည္။
ခ်င္မ်န္သည္ ကုန္းဝႏွင့္ အနည္းငယ္ စကားစျမည္ေျပာၾကည့္ၿပီးေနာက္ ဒီေကာင္ေလးက အလြန္အလိုက္သိသည္ဟု ခံစားမိသည္။လယ္လုပ္တတ္ၿပီး လွည္းလည္းေမာင္းႏိုင္သည္။ထို႔ေၾကာင့္ ခ်င္မ်န္ သူ႕ကို လွည္းေမာင္းသမားအျဖစ္ ဝယ္ယူခဲ့သည္။ လွည္းမေမာင္းရတဲ့အခ်ိန္ေတြမွာေတာ့ လယ္ယာလုပ္ငန္းႏွင့္ အေထြေထြအလုပ္ေတြကို ကူညီလုပ္ကိုင္ေပးရမည္ျဖစ္သည္။
သူတို႔သုံးဦးကို စုစုေပါင္း ေငြတုံး ၃၀၀ ျဖင့္ ဝယ္ယူခဲ့ၿပီး ၎တို႔အားလုံးကို ျပန္လည္႐ုပ္သိမ္း၍ မရႏိုင္ေသာ ပိုင္ဆိုင္မႈ စာခ်ဳပ္ကိုပါ ခ်ဳပ္ဆိုခဲ့သည္။
ျပန္လာေတာ့ ႏြားလွည္းကို မွန္မွန္ေမာင္းေနေပးသူမွာ ကုန္းဝပင္ျဖစ္သည္။
"ကုန္းဝ...မင္းရဲ႕နာမည္ရင္းက ဘယ္လိုေခၚလဲ? 'ေခြးကေလး' လို႔ ၾကားရတာ အဆင္မေျပဘူး" ခ်င္မ်န္ ေမးလိုက္သည္။
ကုန္းဝက ျပဳံးၿပီး "သခင္ေလးကို ျပန္ေျဖရရင္ ဒီငယ္သားမွာ တရားဝင္နာမည္ရင္းမ႐ွိပါဘူး။ေက်းဇူးျပဳ၍ သခင္ငယ္ေလးပဲ နာမည္ေပး,ေပးပါ။"
ခ်င္မ်န္ နည္းနည္းေတာ့ ကို႔ယို႔ကားယားျဖစ္သြား၏။" ဘာပဲျဖစ္ျဖစ္ ကုန္းဝဆိုတဲ့ နာမည္က ၾကားရတာ မေကာင္းဘူး။မင္းကို ႐ွီလလို႔ ေခၚမယ္,ဘယ္လိုလဲ?"
Advertisement
- In Serial1363 Chapters
VRMMO: The Unrivaled
Lu Chen used to be a ranker of the most popular VRMMO game, Spirit of Grief. After a car accident turned his dreams into dust, his disability left him incapable of escaping the pit of mediocrity he was thrown into. Helpless and defeated, his story ended.Two years later, the Eternal Moon Corporation launched a new VRMMO called "Heavenblessed", and Lu Chen stumbled into another terrible accident that left him in a complicated situation far beyond his ability to handle. That won't stop him from rising to the top, however. Not again.Come witness the rise of the sword-wielding zombie and the relationships he makes during his journey to the apex! For riches and bi- ahem, for career and love!He wields a demonic sword from Hell, he dons armor shining with Heaven's light. His boots stride across the sky as his helmet devours the souls of his enemies. On his left side sits the Goddess of Death. On the other, the Angel of Beauty.From the land of ice and death, a generation of Asura Kings rises, their roars reverberating throughout the world.Tremble in fear, noobs!
8 8158 - In Serial1353 Chapters
Refining the Mountains and Rivers
A young man's life changes when he stumbles upon a mysterious item. Qin Yu had never been a lucky person. Weak of body, bullied by his peers, and with only his friend as his family, he struggles day-by-day to live. But everything changes when he stumbles upon a little blue lamp. An immortal and demonic cultivating adventure.
8 3346 - In Serial2455 Chapters
Mortal Cultivation Biography
A poor and ordinary boy from a village joins a minor sect in Jiang Hu and becomes an Unofficial Disciple by chance. How will Han Li, a commoner by birth, establish a foothold for himself in in his sect? With his mediocre aptitude, he must successfully traverse the treacherous path of cultivation and avoid the notice of those who may do him harm. This is a story of an ordinary mortal who, against all odds, clashes with devilish demons and ancient celestials in order to find his own path towards immortality.
8 1057 - In Serial1503 Chapters
Dragon Prince Yuan
Destiny stolen at birth, the prince of the once mighty Great Zhou Empire, Zhou Yuan, has been plagued all his life by a fatal poison, forced to suffer powerlessly until one day when fate draws him into a mysterious domain where he meets a beautiful girl in green, a bizarre dog-like creature and an unfathomable old man in black.Join Zhou Yuan as he is thrust into the whirlpool of destiny while he seeks the pinnacle of cultivation.
8 1060 - In Serial677 Chapters
Ranker's Return
In the early days of the virtual reality game, Arena, meleegod was the strongest ranked player! He deleted his character and suddenly left. In order to restore his bankrupt family, he returned to Arena!"Do you want to create a character?"
8 1719 - In Serial1525 Chapters
Monarch of Evernight
Qianye rose from hardship but was felled by betrayal. From then, one man, one gun; he tread the path between Evernight and Daybreak and became a legend. Even if Evernight was destined to be his fate, he still intends to become the ruler who dictates.
8 22867

