《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[78]
Advertisement
[Unicode]
078: ရိုမန်းတစ်စုံတွဲ၏ကမ္ဘာလေး
ချင်မျန်သည် တံခါးဆီသို့ လမ်းလျှောက်သွားရာ လဲ့ယ်ထျဲနှင့်အတူ ခွေးကလေးနှစ်ကောင်ကိုပါ ဦးဆောင်လမ်းပြခေါ်သွားခဲ့သည်။ပိုင်တျန့်လေးကတော့ သူတို့နောက်ကနေ တိတ်တဆိတ်လိုက်လာပြီး ဖျန့်ဟွေးနှင့် ဟေးမာကျားတို့ကို အချိန်တိုင်းလိုလို ကြည့်နေသည်။ရန်လိုသည်လည်းမဟုတ် မည်သည့်အရာရယ်ကိုမှ မလုပ်ခဲ့ပေ။
ဦးလေးဖူနဲ့ အဒေါ်ဖူတို့က သူတို့ကိုတွေ့တော့ လင်မယားနှစ်ယောက်သား အပြေးအလွှား လာတွေ့၏။ချင်မျန်သည် သူ့ပခုံးပေါ်တွင် လေးကိုတင်ထားကာ သူနှင့် လိုက်ဖက်လှသည့် အဖြူရောင် အမဲလိုက်ဝတ်စုံနှင့် တိရစ္ဆာန်သားရေဖိနပ်တစ်ရံကို ဝတ်ဆင်ထားပြီး ရဲရင့်ကာ ရှိန်စရာကောင်းသည့်ပုံပေါက်နေသည်။လဲ့ယ်ထျဲကတော့ အမဲလိုက်ဝတ်စုံကို ၀တ်ဆင်ထားသော်လည်း အလုံးစုံအနက်ရောင်ကိုသာဝတ်ထားသောကြောင့် သူ့ရဲ့ခမ်းနားထည်ဝါမှုမှာ ပို၍ပင် ခိုင်မာသွားစေသည်။သခင်နှစ်ယောက်၏ခန့်ညားပြီး ကြည့်ကောင်းကြသည့် ပုံပန်းသဏ္ဌာန်တွေကြောင့် ဦးလေးဖူနှင့်အဒေါ်ဖူတို့၏အကြည့်များ တခဏမျှပင် မလှုပ်နိုင်အောင် ဖြစ်သွားစေသော်လည်း လဲယ်ထျဲက သူတို့ကို တစ်ချက်ကြည့်လိုက်သောအခါတွင် မျက်လုံးများ အလျင်အမြန် အောက်စိုက်ကျသွားတော့သည်။
"ရှီလရော ဘယ်မှာလဲ?" ချင်မျန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ဦးလေးဖူက “သခင်လေး....သူ မနက်စာစားပြီးတော့ နွားကျောင်းဖို့ထွက်သွားပါတယ်”
ချင်မျန် ခေါင်းညိတ်ပြီး "ဦးလေးဖူနဲ့အဒေါ်ဖူ....ဒီခွေးနှစ်ကောင်က ဖျန့်ဟွေးနဲ့ဟေးမာကျားပါ။ဦးလေးတို့ သူတို့ကို ပြုစုပျိုးထောင်ပေးရမယ်။"
အဒေါ်ဖူသည် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ခွေးကလေးနှစ်ကောင်ကို ကြည့်လိုက်သည်။သူမ သူ့လက်ထဲက ကြိုးကို ကိုင်လိုက်ပြီး "ဟုတ်ကဲ့..... သခင်လေး စိတ်ထားချနိုင်ပါတယ်"
လဲ့ယ်ထျဲက "တံခါးကိုစောင့်နေ....မမှောင်ခင် ပြန်လာမယ်"
ဦးလေးဖူနှင့်အဒေါ်ဖူက သံတူဖြေလိုက်ကြ၏။ “ဟုတ်ကဲ့!”
အနီးနားရှိ ရွာသားအနည်းငယ်က ချင်မျန်နှင့်လဲ့ယ်ထျဲတို့ ခြံထဲမှထွက်လာသည်ကို မြင်လိုက်ကြရာ ဘေးချင်းကပ်လျက် ထွက်ခွာသွားသည်ကို မနာလိုသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။
ယောကျ်ားနှစ်ယောက် ဘယ်လိုများ အတူတူနေ,နေကြလဲ?သူတို့ရဲ့ဘဝက အခြားသူတွေထက် အဆတစ်ရာကျော် ချမ်းသာလာခဲ့သေးတယ်။ဒီလိုကြီးမားထည်ဝါတဲ့ အိမ်ကြီးကို ပိုင်ဆိုင်နိုင်ရုံသာမက အစေခံများကိုပါ အလုပ်ခန့်ထားနိုင်သေး။
တခြားသူတွေက သူတို့ကို မနာလိုဖြစ်နေကြတော့သည်။
လယ်ယာမြေတွင် ဂျုံပင်များသည် နွားပေါက်ငယ်လေးအထိ ရှည်နေပြီဖြစ်သည်။ပေါင်းပင်များကလည်း ရောနှောစွာပေါက်နေကာ ယင်းတို့ကြားထဲတွင် ထိုးထိုးထောင်ထောင်ဖြစ်နေ၏။လယ်သမားတွေက ပေါင်းပင်တွေကို လက်ဖြင့် ဆွဲနှုတ်နေကြပြီး နွားကျောင်းသူတစ်ဦးကလည်း တောင်ကြောပေါ်တွင် နွားကျောင်းရန် နွားတစ်ကောင်ကို ဦးဆောင်ခေါ်သွားနေခဲ့သည်။နွားတစ်ကောင်က မြက်ပင်ကိုစားရန် ခေါင်းငုံ့ကာ အမြီးကို ရံဖန်ရံခါ ခတ်နေရင်း အားလပ်နေသည်မှာ ရှင်းရှင်းပင်။
လဲ့ယ်ထျဲနှင့်အတူ ဝေးရာသို့ ထွက်လာစဉ် သူတွေ့ခဲ့သော ရွာသားတိုင်းကို ချင်မျန်က ပြုံးပြလေသည်။
ပိုင်တျန့်လေးသည် တောင်ပေါ်သို့ ရောက်သောအခါ ဝံပုလွေလေးတစ်ကောင်ကဲ့သို့ စိတ်လှုပ်ရှားစွာ ပြေးလွှားနေ၏။သူ့ခြေဖဝါးလေးဖြင့် စမ်းချောင်းလေးများတွင် ပြေးလွှားခုန်ပေါက်နေကာ တစ်ချက်ခုန်လိုက်တိုင်း သက်သက်သာသာနှင့် အသံမထွက်ဘဲ ပြန်ဆင်းသက်လာခဲ့သည်။ဂုဏ်ယူဝင့်ကြွားနေဟန်နှင့် အဖတ်မလုပ်တန်ရာ ဖြစ်နေ၏။သူ့ရဲ့မီးခိုးရောင် မျက်လုံးတွေထဲတွင် ထင်ရှားစွာ ပေါ်လွင်နေသည့် အထင်အမြင်သေးစွာကြည့်နေတတ်တဲ့အကြည့်တွေကြောင့်လည်း လူများက သူ့ကို ခွေးမဟုတ်ဟု ဘယ်သောအခါမှ ပြန်မငြင်းစေခဲ့ပေ။
ဤနေရာ၌ ပိုင်တျန့်လေးရှိနေသော်ငြား သူ လမ်းပျောက်ပြီး တောင်ပေါ်မှ မဆင်းတတ်တော့မည်ကို မစိုးရိမ်မိ။ချင်မျန်သည် စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ လျှောက်သွားပြီး သားကောင်ကို မျက်လုံးနှစ်ဖက်ဖြင့် ရှာဖွေနေသည်။
လဲ့ယ်ထျဲကလည်း သူ့နောက်ကနေ လေး/ငါးလှမ်း အကွာတွင် ရှိနေသည်။ရံဖန်ရံခါ လျစ်လျူရှုလေ့ရှိတတ်သည့် မျက်လုံးများသည် ဘယ်ညာကို ကြည့်ပြီး ချင်မျန်၏ပတ်ပတ်လည်တွင် ဖြစ်လာနိုင်ချေရှိသည့် အန္တရာယ်တွေကို ကာကွယ်ပေးနေသယောင်။
“ပိုင်တျန့်.....အရှေ့နားက သားကောင်ကို သွားရှာနေ” ချင်မျန်က ပိုင်တျန့်လေးကို ပြောလိုက်ခြင်းသာ။သူ လဲ့ယ်ထျဲဆီမှာ လေးပစ်ပညာကို အချိန်အတော်ကြာ သင်ယူခဲ့သော်လည်း သူ့ရဲ့လေးပစ်စွမ်းရည်မှာ ထူးချွန်သည်ဟု မယူဆနိုင်ပေ။သူ ရွေ့လျားနေသော ပစ်မှတ်ကို ပစ်ခတ်မည့် မြှားဆယ်စင်းအနက် ခုနစ်စင်းသာ ပစ်မှတ်ကို ထိမှန်လေသည်။
လဲ့ယ်ထျဲကိုယ်တိုင် ကိုင်ပေးပြီး ရွေ့လျားနေတဲ့ ပစ်မှတ်ကို ပစ်နိုင်ဖို့သင်ယူခဲ့တဲ့ အချိန်ကို ပြန်တွေးကြည့်မိရင် ချင်မျန်သည် သူ့ရင်ထဲမှာ နွေးထွေးသွားသလို ခံစားရ၏။ဒီလူက စကားများများစားစား မပြောတတ်ပေမယ့် အဲဒီလူကပဲ သူ့ကို အရိုးကြေကြေ အလိုလိုက်ပေးတတ်သည်။
ဟုတ်သား...အဲဒီအချိန်တုန်းကလည်း မတော်တဆ ထိခိုက်ဒဏ်ရာရမှာကို ရှောင်ရှားဖို့အတွက် သူ့ရဲ့မြှားတွေကို အဝတ်နဲ့ ပတ်ပေးထားသေးတယ်။လဲ့ယ်ထျဲက မြှားကို အဝတ်နဲ့ မပတ်ပေးထားရင်တောင် ချင်မျန်ကို နာကျင်ခွင့်ပြုမှာမဟုတ်ဘူး ဆိုတာကိုလည်း ပြောသေး။
ဒီအကြောင်းကိုတွေးမိပြီး ချင်မျန် လဲ့ယ်ထျဲကို နောက်ပြန်လှည့်မကြည့်ဘဲမနေနိုင်။
လဲ့ယ်ထျဲကတော့ ဤအကြည့်၏အဓိပ္ပါယ်ကို နားလည်မှုလွဲကာ "ချင်းဇီ.....စိတ်မပူပါနဲ့..ကိုယ် မင်းရဲ့နောက်မှာ အမြဲရှိနေတယ်"
ချင်မျန် ရယ်မောကာ ရှေ့ပြန်လှည့်ပြီး သားကောင်ကို ဆက်ရှာနေလိုက်သည်။
သူ့ရှေ့တွင် ပိုင်တျန့်လေးက ရုတ်တရက် ရပ်သွားပြီး ဝပ်တွားကာ ချင်မျန်ကို ကြည့်ရန် ခေါင်းကိုလှည့်လိုက်သည်။
ချင်မျန် ဒီကောင်လေးရဲ့ဉာဏ်ရည်ဉာဏ်သွေးကို အစောပိုင်းကတည်းကပင် သိခဲ့ပြီးသားဖြစ်၏။သူ့နောက်ကျောကကျည်တောက်ထဲကို လက်ရောက်သွားပြီး မြှားတစ်စင်းကို ဆွဲထုတ်လိုက်သည်။ ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်ပြီး တစ်ချိန်တည်းမှာလည်း လှုပ်ရှားမှုတွေကို တည်ငြိမ်နေစေ၏။
ဝါးကြွက်ပဲ!
နေ့ခင်းဘက်တွင် ဝါးကြွက်များသည် အစာလျှော့စားပြီး ပိုအိပ်သော်လည်း ညဘက်တွင် လွန်လွန်ကြူးကြူးစားသောက်တတ်ကြသည်။
အခု ဒင်းက မြက်ခင်းပြင်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာမလား?
ချင်မျန်သည် ခြေလှမ်းဆယ်လှမ်းအကွာတွင် ရပ်တန့်လိုက်ပြီး ဝါးကြွက်ကို ချိန်ရွယ်ကာ မြှားကိုတင်လိုက်သည်။ကြိုးက သူ့လက်ဖဝါးကို မတော်တဆ ခြစ်မိသွားရာ သူ အနည်းငယ် နာကျင်ခံစားသွားရသော်လည်း လက်ကိုမလွှတ်ခင် လေးညှို့ကို ဆွဲလိုက်၏။
Advertisement
ကြောက်လန့်တကြား အော်ဟစ်သံနှင့်အတူ ဝါးကြွက်သည် ခုန်တက်လာပြီး မြေပြင်ပေါ်သို့ အားအင်မဲ့စွာ လဲကျသွားသည်။
"အာထျဲ...ကျွန်တော် ပစ်လိုက်တာ!" ချင်မျန်က လဲ့ယ်ထျဲကို ဝမ်းသာအားရ ပြောရင်း ခေါင်းလှည့်ကြည့်လိုက်သည်။
အာထျဲ?
နောက်ထပ်အမည်နာမအသစ်ပင်။လဲ့ယ်ထျဲသည် ဇနီးဖြစ်သူ၏ခါးနှင့်လက်များဆီမှ အကြည့်တစ်ချက်ပြန်ဆုတ်လိုက်ကာ “ချင်းဇီက အရမ်းတော်တာပဲ”
ချင်မျန်ကတော့ ဒီတစ်ယောက် မရိုးသားဘူးလို့ ခံစားနေရ၏။
ဟုတ်သား... ဝါးကြွက်က အဲဒီနေရာမှာ မလှုပ်မယှက်ရှိနေတာလေ ဒါကိုမှ မထိနိုင်ရင် ထူးဆန်းနေမှာပေါ့။
သူ ဝါးကြွက်ကို သွားကောက်ပြီး လဲ့ယ်ထျဲရဲ့ ခြင်းတောင်းထဲ ထည့်လိုက်သည်။
လဲ့ယ်ထျဲ ပြုံးပြီး နှင်းဆီရောင်နှုတ်ခမ်းထောင့်တွေကို စိုက်ကြည့်ရင်း လက်နှစ်ဖက်ကို ဆန့်တန်းကာ သူ့ (QM) ခါးကို ရစ်ပတ်ပြီး ခေါင်းငုံ့လျက် နှုတ်ခမ်းတွေကို နမ်းလိုက်သည်။ပူပူနွေးနွေးအသားတွေ ထိကပ်သွားလျက် အချင်းချင်း နက်ရှိုင်းစွာ ရစ်ပတ်တွယ်ကပ်နေ၏။
ချင်မျန်လည်း သူ့ပခုံးပေါ် လက်တင်ပြီး ဂရုတစိုက် ပြန်တုံ့ပြန်သည်။သူကား ဦးဆောင်သိမ်းပိုက်လိုသော်လည်း လဲ့ယ်ထျဲက ပိုမိုပြင်းထန်သော တိုက်ခိုက်မှုဖြင့် တုံပြန်ခဲ့သည်။လက်ဖဝါးကြီးကြီးတစ်ဖက်က သူ့တင်ပါးကိုတောင် ဆွဲညစ်လိုက်သေးသည်။
အမဲလိုက်ဝတ်စုံ၏အကျိုးသာရကမှာ လှုပ်ရှားမှုကို ချောမွေ့စေရန်ဖြစ်ပြီး ခန္ဓာကိုယ်နှင့် အလွန်နီးကပ်စွာ ကပ်နေသည်။အရေပြားကို တင်းကျပ်စွာ ကပ်နေသည့်အဝတ်ကြောင့် ချင်မျန်၏ရုပ်သွင်ကို ကောင်းစွာလှစ်ဟဖော်ပြထားသလိုဖြစ်ပြီး အဖြူရောင်အဝတ်ကြောင့်သည်လည်း သူ့တင်ပါးကို ပိုမိုမြင်သာစေသည်။လဲ့ယ်ထျဲ သူ့လက်ကို ထိုနေရာကနေ လုံးဝ မရွေ့နိုင်။
ချင်မျန်သည် ထိုလူ၏လုပ်ရပ်ကြောင့် မီးတောက်သွားသည်။ခဏကြာတော့ သူ အသက်မှန်မှန်ပင် မရှူနိုင်တော့ဘဲ သူ့ခြေဖျားလေးတွေက အားနည်းသွား၏။လဲ့ယ်ထျဲနှင့် နီးကပ်စွာကပ်နေသော သူ့ရင်ဘတ်ကြောင့် ထိုလူ၏ရင်ဘတ်မှာ သိသိသာသာ တုန်ခါသွားသည်ကို ခံစားမိလေသည်။ထိုလူ၏အာရုံစူးစိုက်မှုမှာ သိသိသာသာကျဆင်းသွား၏။
သို့အတွက်ကြောင့် ချင်မျန်သည် အနည်းငယ် ဂုဏ်ယူနေသော်လည်း အဆင်သင့်မဖြစ်သေးသောကြောင့် အနည်းငယ် စိတ်ရှုပ်သွားသည်။တွန်းဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်ရင်းနဲ့ ထိုယောက်ျားကလည်း သူ့နှုတ်ခမ်းတွေကို လွှတ်ပေးလိုက်၏။သူ့မျက်လုံးတွေမှာ မှင်များဖြင့် ခြယ်သသထားသလို နက်မှောင်ဆွေးလာသည်နှင့်အမျှ သူ့အား သားကောင်ကဲ့သို့ လှောင်ပိတ်ကာ အချိန်မရွေး ကြမ်းတမ်းစွာ တိုက်ခိုက်လာနိုင်သည့် မုဆိုးတစ်ယောက်ကဲ့သို့ သူ့ကို အနီးကပ် စိုက်ကြည့်နေသည်။
ချင်မျန်၏နှလုံးခုန်သံနှင့်အတူ သူ့သွေးများ ပွက်ပွက်ဆူလာသည်။ဒီလူက သူ့ကို သဘောကျကြောင်း သူအရင်ကထက် ပိုသိလာခဲ့ပြီး သူကလည်း ဒီလူကို စွဲလန်းနေမိသည်။သူ ထိုလူကို တွန်းထုတ်သင့်သော်လည်း သူ့လက်များက ထိုယောက်ျား၏ခါးကို ပတ်ရစ်ထားနေမိသည်။သူ့နှုတ်ခမ်းပေါ်ကို နှစ်သိမ့်သော အနမ်းတစ်ချက် ချလိုက်ပြီး ရွှန်းလဲ့သော အပြုံးဖြင့် ပြောလိုက်၏။ "ကောင်းတယ်မလား"
လဲ့ယ်ထျဲကဖြင့် စကားတစ်ခွန်းမှ ပြန်မပြော။သူ့ရဲ့ ညာဘက်လက်ဖဝါးသည် အလွန်နှေးကွေးသော အရှိန်ဖြင့် သူ့ဇနီးလေး၏ခါးမှတစ်ဆင့် တက်လာခဲ့၏။အနည်းငယ်လေးသာ အမှားလုပ်မိပါက စိတ်ဆန္ဒကို ပေါက်ကွဲစေမည့်ပုံပေါက်နေသည်။နောက်ဆုံးတွင် လက်ဖဝါးကြီးသည် လူငယ်လေး၏ပခုံးပေါ်၌ ရပ်သွားကာ အပူချိန်လည်း ကျဆင်းသွားလေသည်။ထို့နောက် လဲ့ယ်ထျဲက သူ့ရင်ခွင်ထဲမှလူကို အမှုမဲ့အမှတ်မဲ့လွှတ်လိုက်ပြီး တစ်ချိန်တည်းတွင် ခြေနှစ်လှမ်း နောက်ပြန်ဆုတ်သွားသည်။သူ့မျက်နှာပေါ်ရှိ ပြင်းထန်သော ခံစားချက်များနှင့် မျက်လုံးများမှအပူများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူတို့ကြားထဲမှအခြေအနေတွေမှာ ပြန်လည်ကောင်းမွန်လာသည်။ဘာမှမဖြစ်ခဲ့သလိုပင်။
ချင်မျန်က အရမ်းရယ်စရာကောင်းတာကို တွေ့လိုက်ရပြီး သူလှည့်ပြီး ထွက်သွားလိုက်တော့သည်။
ခင်ဗျားက ဟန်ဆောင်နေတယ်ပေါ့လေ..ဟမ့်!
“အာဝူး––” အရှေ့တွင်ရောက်နေသည့် ပိုင်တျန့်လေးက သူတို့ကို တိုက်တွန်းနေသကဲ့သို့ အူသံထွက်လာသည်။
ချင်မျန် ညင်သာစွာ ဆူပူကြိမ်းမောင်းလိုက်ပြီး “ပိုင်တျန့်... တိတ်တိတ်နေ။သားကောင်တွေ ထွက်ပြေးသွားမယ်"
လူနှစ်ယောက်နှင့် ဝံပုလွေတစ်ကောင်သည် တောင်ထဲသို့ နက်နက်နဲနဲဝင်သွားသည်အထိ ရှေ့ဆက်သွားခဲ့သည်။လဲ့ယ်ထျဲက နောက်တွင် မနေတော့ဘဲ ချင်မျန်နှင့် ဘေးချင်းကပ်လျှောက်ခဲ့သည်။
“တောင်ပေါ်မှာ သားရဲတွေ အများကြီးရှိတယ်။သတိထား။" လဲ့ယ်ထျဲက ပြောလိုက်သည်။ဂရုတစိုက်ကြည့်တောင်မကြည့်ဘဲ ညာဘက်ခြမ်းရှိ မြက်ခင်းပြင်ထဲသို့ မြှားတစ်စင်း ပစ်သွင်းပြီး သုံးကျင်းထက် ပိုအလေးချိန်ရှိသော ငှက်တစ်ကောင်ကို ထိမှန်သွားလေသည်။
ချင်မျန် သူ့ကို သဘောကျစွာ ကြည့်နေလိုက်သည်။သူ့အရည်အချင်းကရော ဒီအတိုင်းအတာအထိ ဘယ်အချိန်မှာ ပြီးပြည့်စုံလာနိုင်မှာလဲ?
လဲ့ယ်ထျဲကတော့ သူ့ဇနီးလေး၏အကြည့်ကို အလွန်ပင်နှစ်သက်သဘောကျလေသည်။စကားမပြောသော်လည်း နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်နေ၏။
အတားအဆီးသဖွယ်ရှိနေတဲ့ ချုံပုတ်တွေကို တွန်းဖယ်ရင်း ချင်မျန်တို့ ရှေ့ဆက်သွားခဲ့ကြသည်။သမင်မတစ်ကောင်ကို မြင်လိုက်ရတော့ သူ အရမ်းပျော်သွားရာ သူ လဲ့ယ်ထျဲ၏လက်ကိုဆွဲကာ ရပ်ရန် အချက်ပြလိုက်ပြီး လေးနှင့်မြှားကို မြှောက်လိုက်သည်။
“ဝူး” ခနဲဖြင့် ပစ်ခွင်းလိုက်လေသည်။
ကံမကောင်းစွာနဲ့ပဲ သမင်မရဲ့ ညာဘက်ခြေထောက်အထက်ဘက်ကိုသာ ထိမှန်သွားပြီး အရေးကြီးတဲ့ အစိတ်အပိုင်းကို မထိခိုက်ခဲ့။သမင်မသည် အချိန်အတော်ကြာ လှုပ်ခပ်သွားကာ တစ်ရွတ်တိုက်ပြေးသွားလေသည်။
ချင်မျန်ကလည်း အလွန်လျင်မြန်စွာဖြင့် “အာထျဲ...!!”
“....."
နောက်ပြန်လှည့်မကြည့်ဘဲ လဲ့ယ်ထျဲလက်ကို ဖမ်းဆုပ်ဖို့ရာ သူ့လက်ကို နောက်ကျောဘက်ကို ဆန့်ထုတ်လိုက်သည်။လေကိုသာဆုပ်ကိုင်သွားမိသည့်အမူအရာကြောင့် လဲ့ယ်ထျဲရဲ့မျက်လုံးတွေထဲတွင် ချစ်မြတ်နိုးစွာ အပြုံးလေးတွေ ဖြစ်တည်လာ၏။
သူ့ဇနီးလေးစကားမဆုံးခင်မှာပင် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ချွန်ထက်တဲ့မြှားက လေကိုဖြတ်ကာ သမင်မရဲ့ဝမ်းဗိုက်ကို ထိသွားစေ၏။သမင်မသည် စောင်း၍ မလှုပ်မယှက် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ချင်မျန် သမင်မကို ကောက်ကိုင်လိုက်ပြီး လဲ့ယ်ထျဲအား ပြုံးပြုံးလေးပြောကာ "သမင်အသားက လိုင်းသားသက်သက်ဖြစ်ပြီး တစ်ကိုယ်လုံးမှာ အဆီမပါဘူး။အာဟာရတွေပြည့်ဝပြီး နူးနူးညံ့ညံ့နဲ့အရသာလည်း ကောင်းတယ်။ဒီအသားကို 'လိုင်းသားတို့ရဲ့ရှင်ဘုရင်' လို့ခေါ်တယ်။နေ့လည်ကျရင် သမင်သား စားကြမလား?"
Advertisement
"ကင်စားရင် အရသာပိုရှိတယ်" လဲ့ယ်ထျဲက ပြောလိုက်သည်။
ချင်မျန်က "ဒါဆို ကင်ကြမယ်"
သူ့ရဲ့အမဲလိုက်ချင်သည့် စိတ်ဓာတ်များတက်ကြွလာပြီး အလှမ်းကျယ်သောခြေလှမ်းများဖြင့် ရှေ့သို့ လျှောက်လှမ်းခဲ့သည်။
ရုတ်တရက်ပင် သွေးနံ့က လေထဲတွင် ပျံ့လွင့်လာ၏။လဲ့ယ်ထျဲက သူ့လက်ကိုဆွဲကာ ရပ်တန့်စေလိုက်ပြီး “နေဦး... အကောင်ကြီးကြီးရှိနေတယ်”
ထိုအချိန်တွင် ချုံပုတ်ကြီးလှုပ်ခါလာပြီး ကျားခေါင်းကြီး ထွက်ပေါ်လာသည်။အဝါရောင်အမွေးနှင့် အနက်ရောင်အစင်းကြောင်းများရှိသော ကျားသည် ပါးစပ်ထဲမှာတော့ သွေးများနှင့်ပြည့်နေလေသည်။ပါးစပ်ကိုဖွင့်လိုက်သောအခါတွင် ချွန်ထက်သောသွားများ ထွက်ပေါ်လာပြီး လည်ချောင်းဆီမှ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းသံတစ်ခုထွက်လာသည်။
"ဝေါင်း----"
“အမလေး...အမေ။” ချင်မျန်သည် ထိုကျားမျက်လုံးများကို အမှတ်မထင် ထိပ်တိုက်တွေ့ဆုံလိုက်ရပြီး ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ကာ မြေပြင်ပေါ် လဲကျသွားခဲ့သည်။
ကျားသည် ခေါင်းကိုမြှောက် ခါးကိုလျှော့လျက် ရှေ့သို့ ခုန်တက်လိုက်ရာ လဲ့ယ်ထျဲသည်လည်း ချင်မျန်ကို ကူညီရန် အချိန်မရှိတော့ပေ။နောက်ဆုတ်မည့်အစား ချင်မျန်၏ရှေ့တွင် ပိတ်ဆို့လိုက်သည်။
"လဲ့ယ်ထျဲ!!!"
ချင်မျန် ထိတ်လန့်တကြား ဖြစ်သွား၏။မတ်တပ်ရပ်ချင်သော်လည်း ခွန်အားမရှိတော့ပေ။
လဲ့ယ်ထျဲသည် ကျောက်တုံးကဲ့သို့ တည်ငြိမ်နေပြီး သူ့ကျည်တောက်ထဲမှ မြှားတစ်စင်းကို အမြန်ထုတ်လိုက်သည်။ကျားသည် သူနှင့်ငါးမီတာသာ ကွာဝေးတော့သည့်ကို မြင်တော့ မြှားကိုပစ်ခွင်းလိုက်၏။
ဝါးပင်ကို ခွဲလိုက်သလိုမျိုး(အခက်အခဲမရှိ) ချွန်ထက်သောမြှားသည် ကျားလည်ချောင်းတည့်တည့်ထဲသို့ ထိုးစိုက်သွားလေသည်။
လဲ့ယ်ထျဲ ထိုနေရာကို တစ်ချက်မျှပင် ပြန်လှည့်မကြည့်ဘဲ ချင်မျန်ကိုထူပေးရန် အနားသို့ ချက်ခြင်းရောက်သွားသည်။
ကျားကြီး၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ လဲကျသွားရာ အရွေ့ကြောင့် သူတို့နှင့် တစ်ကျန်းအကွာတွင် ရပ်သွား၏။
အသက်ရှုပင်မရှူနိုင်ဖြစ်ကာ ချင်မျန်၏မျက်လုံးများမှာ ပြူးကျယ်သွားသည်။လဲ့ယ်ထျဲသာ သူ့ကို အချိန်မီမကယ်ဘူးဆိုရင် ကျားကိုက်ခံရပြီး သူ့ခန္ဓာကိုယ် တစ်ဝက်လောက်က အကြောသေသွားလိမ့်မယ်။
ကျားကြီးသည် ခဏလောက် အော်ဟစ် အကြောဆွဲနေပြီး ရုန်းကန်နေခဲ့ပြီးမှ ငြိမ်သက်သွားခဲ့သည်။
"ချင်းဇီ....အဆင်ပြေလား?" လဲ့ယ်ထျဲက စိုးရိမ်တကြီးမေးရင်း သူ့ရင်ခွင်ထဲကလူကို ငုံ့ကြည့်နေသည်။
ချင်မျန်ကတော့ သူ့ရဲ့စွမ်းဆောင်မှုမှာ အရမ်းရှက်စရာကောင်းတယ်လို့ ခံစားရ၏။ “ကျွန်တော်ခြေထောက်တွေက နည်းနည်းအားနည်းနေသေးတာပဲ” ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။
လဲ့ယ်ထျဲ သူ့ကိုဆက်ပွေ့ထားပြီး သူ့ကျောကို အပေါ်အောက် ပွတ်သပ်ပေးလိုက်သည်။ချင်မျန်သည် လဲ့ယ်ထျဲက သူ့တင်ပါးကနေ ကလေးလေးတစ်ယောက်လို ပွေ့ချီထားသည်ကို သတိပြုမိလိုက်ပြီး ပါးစပ်ထောင့်မှာ မဲ့သွားလေသည်။မြေပြင်ပေါ်သို့ ဆင်းရန် ရုန်းကန်လိုက်၏။ "ကျွန်တော်ကို အရင်လွှတ်"
လဲ့ယ်ထျဲ သူ့ကို လွှတ်ချပေးလိုက်ပေမယ့် သူ့ဘယ်ဘက်လက်ကတော့ သူ့နောက်ကျောမှာ ရှိနေသေး၏။
ချင်မျန်သည် ခဏအကြာမှ ပြန်လည်ကောင်းမွန်လာ၏။မျက်လုံးမမှိတ်ဘဲသေသွားတဲ့ကျားကို ကြည့်ရန် ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။
သူပြောလိုက်၏။ “လူတွေ စိတ်ဆိုးနေတဲ့အချိန်မှာ "ကျားလိုမျက်လုံးမျိုးနဲ့ စိုက်ကြည့်တယ်" လို့ သုံးနှုန်းပြောကြတာ အံ့သြစရာမဟုတ်ဘူးပဲ။ဒီလိုမျက်လုံးတွေက တကယ်ကြောက်စရာကောင်းတယ်။ဟုတ်တယ်မလား..အာထျဲ...ရုတ်တရက်ကြီး ကျွန်တော့်ဆီကို ပြေးဝင်လာတာ ခုထိ ကျွန်တော် ထိတ်လန့်တုန်လှုပ်မိနေတုန်းပဲ။"
ချင်မျန်တစ်ယောက် သူ့ကိုယ်သူ အကြောင်းပြချက်တွေပေးနေ၏။
လဲ့ယ်ထျဲ၏နှုတ်ခမ်းထောင့်က ညင်ညင်သာသာ ကွေးညွတ်သွားကာ “အင်း”
“Awoo woo—”
အဝေးမှ လှမ်းခေါ်လိုက်သည့် ပိုင်တျန့်လေး၏အသံသည် ချင်မျန်၏အရှက်ကို ပြေလျော့စေကာ သူ အမြန်ပြေးလိုက်သွားခဲ့သည်။လဲ့ယ်ထျဲလည်း အနီးကပ်လိုက်လာသည်။
ချုံပုတ်အနောက်တွင် ကျားကိုက်ထားပုံရသော ဗိုက်ပေါက်နေသည့် ကျင်း၃၀၀ ကျော် အလေးချိန်ရှိ ဝက်သိုးကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။
"ဟား! ကျားနဲ့ ဝက်သိုးအချင်းချင်း ရန်သတ်ကြတော့ ကြားထဲကနေ ကျွန်တော်တို့က အကျိုးကျေးဇူးတွေ ရသွားတာပေါ့။” ချင်မျန် ဝမ်းသာအားရပြောလိုက်သည်။
လဲ့ယ်ထျဲက မျက်မှောင်ကြုတ်ကာ “သူတို့ကို တတ်နိုင်သမျှသယ်သွားရမယ် မဟုတ်ရင် တခြားသားရဲတွေကို ဆွဲဆောင်သလို ဖြစ်သွားလိမ့်မယ်”
ကျင်း ၃၀၀ အလေးချိန်ရှိဝက်သိုးတစ်ကောင်နှင့် ကျင်း ၈၀၀ နီးပါးရှိ ကျားတစ်ကောင်ကို တပြိုင်နက်တည်းသယ်သွားရန်မှာ မဖြစ်နိုင်ပေ။
ချင်မျန် မျက်လုံးပြူးသွားသည်။
သူ ငုတ်တုတ်ထိုင်ပြီး ကျားကို လက်နဲ့ထိလိုက်တာနဲ့ ကျားက ပျောက်သွား၏။တစ်ဖန် ဝက်သိုးကိုထိသောအခါ ဝက်သိုးသည်လည်း ပျောက်ကွယ်သွား၏။
လဲ့ယ်ထျဲက ထိတ်လန့်တုန်လှုပ်စွာ သူ့ကိုကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး တင်းတင်းကြပ်ကြပ်ဖက်ထားကာ "ဇနီး..."
ချင်မျန်သည် တောင့်တင်းခိုင်ခံ့သည့်ခါးကို ပြန်ဖက်ထားကာ သူ့မျက်လုံးတွေကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။
"ကျွန်တော်တို့မွေးနေ့ကျရင် ဘာကြောင့်လဲဆိုတာ ပြောပြမယ်။ကျွန်တော့်ကိုယုံကြည်ထား!"
"ကိုယ် မင်းကိုယုံတယ်။" လဲ့ယ်ထျဲ သူ့ကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်သော်လည်း ဘယ်လက်ကဖြင့် သူ့လက်ကို ဆုပ်ကိုင်ထားဆဲ။
“အမဲလိုက်စရာ မလိုတော့ဘူး။ကျွန်တော်တို့ ပြန်ဆင်းပြီး တောင်ခြေမှာ အသားကင်စားကြမယ်။ပိုင်တျန့်...သွားကြရအောင်။" ချင်မျန်သည် လဲ့ယ်ထျဲ၏လက်ကို ဆွဲကာ တောင်အောက်သို့ပြန်ဆင်းသွားကြသည်။
ဝါးကြွက်
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
078: ႐ိုမန္းတစ္စုံတြဲ၏ကမ႓ာေလး
ခ်င္မ်န္သည္ တံခါးဆီသို႔ လမ္းေလွ်ာက္သြားရာ လဲ့ယ္ထ်ဲႏွင့္အတူ ေခြးကေလးႏွစ္ေကာင္ကိုပါ ဦးေဆာင္လမ္းျပေခၚသြားခဲ့သည္။ပိုင္တ်န္႔ေလးကေတာ့ သူတို႔ေနာက္ကေန တိတ္တဆိတ္လိုက္လာၿပီး ဖ်န္႔ေဟြးႏွင့္ ေဟးမာက်ားတို႔ကို အခ်ိန္တိုင္းလိုလို ၾကည့္ေနသည္။ရန္လိုသည္လည္းမဟုတ္ မည္သည့္အရာရယ္ကိုမွ မလုပ္ခဲ့ေပ။
ဦးေလးဖူနဲ႔ အေဒၚဖူတို႔က သူတို႔ကိုေတြ႕ေတာ့ လင္မယားႏွစ္ေယာက္သား အေျပးအလႊား လာေတြ႕၏။ခ်င္မ်န္သည္ သူ႕ပခုံးေပၚတြင္ ေလးကိုတင္ထားကာ သူႏွင့္ လိုက္ဖက္လွသည့္ အျဖဴေရာင္ အမဲလိုက္ဝတ္စုံႏွင့္ တိရစၧာန္သားေရဖိနပ္တစ္ရံကို ဝတ္ဆင္ထားၿပီး ရဲရင့္ကာ ႐ွိန္စရာေကာင္းသည့္ပုံေပါက္ေနသည္။လဲ့ယ္ထ်ဲကေတာ့ အမဲလိုက္ဝတ္စုံကို ၀တ္ဆင္ထားေသာ္လည္း အလုံးစုံအနက္ေရာင္ကိုသာဝတ္ထားေသာေၾကာင့္ သူ႕ရဲ႕ခမ္းနားထည္ဝါမႈမွာ ပို၍ပင္ ခိုင္မာသြားေစသည္။သခင္ႏွစ္ေယာက္၏ခန္႔ညားၿပီး ၾကည့္ေကာင္းၾကသည့္ ပုံပန္းသဏၭာန္ေတြေၾကာင့္ ဦးေလးဖူႏွင့္အေဒၚဖူတို႔၏အၾကည့္မ်ား တခဏမွ်ပင္ မလႈပ္ႏိုင္ေအာင္ ျဖစ္သြားေစေသာ္လည္း လဲယ္ထ်ဲက သူတို႔ကို တစ္ခ်က္ၾကည့္လိုက္ေသာအခါတြင္ မ်က္လုံးမ်ား အလ်င္အျမန္ ေအာက္စိုက္က်သြားေတာ့သည္။
"႐ွီလေရာ ဘယ္မွာလဲ?" ခ်င္မ်န္က ေပါ့ေပါ့ပါးပါး ေမးလိုက္သည္။
ဦးေလးဖူက “သခင္ေလး....သူ မနက္စာစားၿပီးေတာ့ ႏြားေက်ာင္းဖို႔ထြက္သြားပါတယ္”
ခ်င္မ်န္ ေခါင္းညိတ္ၿပီး "ဦးေလးဖူနဲ႔အေဒၚဖူ....ဒီေခြးႏွစ္ေကာင္က ဖ်န္႔ေဟြးနဲ႔ေဟးမာက်ားပါ။ဦးေလးတို႔ သူတို႔ကို ျပဳစုပ်ိဳးေထာင္ေပးရမယ္။"
အေဒၚဖူသည္ ခ်စ္ျခင္းေမတၱာအျပည့္ျဖင့္ ေခြးကေလးႏွစ္ေကာင္ကို ၾကည့္လိုက္သည္။သူမ သူ႕လက္ထဲက ႀကိဳးကို ကိုင္လိုက္ၿပီး "ဟုတ္ကဲ့..... သခင္ေလး စိတ္ထားခ်ႏိုင္ပါတယ္"
လဲ့ယ္ထ်ဲက "တံခါးကိုေစာင့္ေန....မေမွာင္ခင္ ျပန္လာမယ္"
ဦးေလးဖူႏွင့္အေဒၚဖူက သံတူေျဖလိုက္ၾက၏။ “ဟုတ္ကဲ့!”
အနီးနား႐ွိ ႐ြာသားအနည္းငယ္က ခ်င္မ်န္ႏွင့္လဲ့ယ္ထ်ဲတို႔ ျခံထဲမွထြက္လာသည္ကို ျမင္လိုက္ၾကရာ ေဘးခ်င္းကပ္လ်က္ ထြက္ခြာသြားသည္ကို မနာလိုသည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနၾကသည္။
ေယာက်္ားႏွစ္ေယာက္ ဘယ္လိုမ်ား အတူတူေန,ေနၾကလဲ?သူတို႔ရဲ႕ဘဝက အျခားသူေတြထက္ အဆတစ္ရာေက်ာ္ ခ်မ္းသာလာခဲ့ေသးတယ္။ဒီလိုႀကီးမားထည္ဝါတဲ့ အိမ္ႀကီးကို ပိုင္ဆိုင္ႏိုင္႐ုံသာမက အေစခံမ်ားကိုပါ အလုပ္ခန္႔ထားႏိုင္ေသး။
တျခားသူေတြက သူတို႔ကို မနာလိုျဖစ္ေနၾကေတာ့သည္။
လယ္ယာေျမတြင္ ဂ်ံဳပင္မ်ားသည္ ႏြားေပါက္ငယ္ေလးအထိ ႐ွည္ေနၿပီျဖစ္သည္။ေပါင္းပင္မ်ားကလည္း ေရာေႏွာစြာေပါက္ေနကာ ယင္းတို႔ၾကားထဲတြင္ ထိုးထိုးေထာင္ေထာင္ျဖစ္ေန၏။လယ္သမားေတြက ေပါင္းပင္ေတြကို လက္ျဖင့္ ဆြဲႏႈတ္ေနၾကၿပီး ႏြားေက်ာင္းသူတစ္ဦးကလည္း ေတာင္ေၾကာေပၚတြင္ ႏြားေက်ာင္းရန္ ႏြားတစ္ေကာင္ကို ဦးေဆာင္ေခၚသြားေနခဲ့သည္။ႏြားတစ္ေကာင္က ျမက္ပင္ကိုစားရန္ ေခါင္းငုံ႔ကာ အၿမီးကို ရံဖန္ရံခါ ခတ္ေနရင္း အားလပ္ေနသည္မွာ ႐ွင္း႐ွင္းပင္။
လဲ့ယ္ထ်ဲႏွင့္အတူ ေဝးရာသို႔ ထြက္လာစဥ္ သူေတြ႕ခဲ့ေသာ ႐ြာသားတိုင္းကို ခ်င္မ်န္က ျပဳံးျပေလသည္။
ပိုင္တ်န္႔ေလးသည္ ေတာင္ေပၚသို႔ ေရာက္ေသာအခါ ဝံပုေလြေလးတစ္ေကာင္ကဲ့သို႔ စိတ္လႈပ္႐ွားစြာ ေျပးလႊားေန၏။သူ႕ေျခဖဝါးေလးျဖင့္ စမ္းေခ်ာင္းေလးမ်ားတြင္ ေျပးလႊားခုန္ေပါက္ေနကာ တစ္ခ်က္ခုန္လိုက္တိုင္း သက္သက္သာသာႏွင့္ အသံမထြက္ဘဲ ျပန္ဆင္းသက္လာခဲ့သည္။ဂုဏ္ယူဝင့္ႂကြားေနဟန္ႏွင့္ အဖတ္မလုပ္တန္ရာ ျဖစ္ေန၏။သူ႕ရဲ႕မီးခိုးေရာင္ မ်က္လုံးေတြထဲတြင္ ထင္႐ွားစြာ ေပၚလြင္ေနသည့္ အထင္အျမင္ေသးစြာၾကည့္ေနတတ္တဲ့အၾကည့္ေတြေၾကာင့္လည္း လူမ်ားက သူ႕ကို ေခြးမဟုတ္ဟု ဘယ္ေသာအခါမွ ျပန္မျငင္းေစခဲ့ေပ။
ဤေနရာ၌ ပိုင္တ်န္႔ေလး႐ွိေနေသာ္ျငား သူ လမ္းေပ်ာက္ၿပီး ေတာင္ေပၚမွ မဆင္းတတ္ေတာ့မည္ကို မစိုးရိမ္မိ။ခ်င္မ်န္သည္ စိတ္အားထက္သန္စြာျဖင့္ ေ႐ွ႕သို႔ ေလွ်ာက္သြားၿပီး သားေကာင္ကို မ်က္လုံးႏွစ္ဖက္ျဖင့္ ႐ွာေဖြေနသည္။
လဲ့ယ္ထ်ဲကလည္း သူ႕ေနာက္ကေန ေလး/ငါးလွမ္း အကြာတြင္ ႐ွိေနသည္။ရံဖန္ရံခါ လ်စ္လ်ဴ႐ႈေလ့႐ွိတတ္သည့္ မ်က္လုံးမ်ားသည္ ဘယ္ညာကို ၾကည့္ၿပီး ခ်င္မ်န္၏ပတ္ပတ္လည္တြင္ ျဖစ္လာႏိုင္ေခ်႐ွိသည့္ အႏၲရာယ္ေတြကို ကာကြယ္ေပးေနသေယာင္။
“ပိုင္တ်န္႔.....အေ႐ွ႕နားက သားေကာင္ကို သြား႐ွာေန” ခ်င္မ်န္က ပိုင္တ်န္႔ေလးကို ေျပာလိုက္ျခင္းသာ။သူ လဲ့ယ္ထ်ဲဆီမွာ ေလးပစ္ပညာကို အခ်ိန္အေတာ္ၾကာ သင္ယူခဲ့ေသာ္လည္း သူ႕ရဲ႕ေလးပစ္စြမ္းရည္မွာ ထူးခြၽန္သည္ဟု မယူဆႏိုင္ေပ။သူ ေ႐ြ႕လ်ားေနေသာ ပစ္မွတ္ကို ပစ္ခတ္မည့္ ျမႇားဆယ္စင္းအနက္ ခုနစ္စင္းသာ ပစ္မွတ္ကို ထိမွန္ေလသည္။
လဲ့ယ္ထ်ဲကိုယ္တိုင္ ကိုင္ေပးၿပီး ေ႐ြ႕လ်ားေနတဲ့ ပစ္မွတ္ကို ပစ္ႏိုင္ဖို႔သင္ယူခဲ့တဲ့ အခ်ိန္ကို ျပန္ေတြးၾကည့္မိရင္ ခ်င္မ်န္သည္ သူ႕ရင္ထဲမွာ ေႏြးေထြးသြားသလို ခံစားရ၏။ဒီလူက စကားမ်ားမ်ားစားစား မေျပာတတ္ေပမယ့္ အဲဒီလူကပဲ သူ႕ကို အ႐ိုးေၾကေၾက အလိုလိုက္ေပးတတ္သည္။
ဟုတ္သား...အဲဒီအခ်ိန္တုန္းကလည္း မေတာ္တဆ ထိခိုက္ဒဏ္ရာရမွာကို ေ႐ွာင္႐ွားဖို႔အတြက္ သူ႕ရဲ႕ျမႇားေတြကို အဝတ္နဲ႔ ပတ္ေပးထားေသးတယ္။လဲ့ယ္ထ်ဲက ျမႇားကို အဝတ္နဲ႔ မပတ္ေပးထားရင္ေတာင္ ခ်င္မ်န္ကို နာက်င္ခြင့္ျပဳမွာမဟုတ္ဘူး ဆိုတာကိုလည္း ေျပာေသး။
ဒီအေၾကာင္းကိုေတြးမိၿပီး ခ်င္မ်န္ လဲ့ယ္ထ်ဲကို ေနာက္ျပန္လွည့္မၾကည့္ဘဲမေနႏိုင္။
လဲ့ယ္ထ်ဲကေတာ့ ဤအၾကည့္၏အဓိပၸါယ္ကို နားလည္မႈလြဲကာ "ခ်င္းဇီ.....စိတ္မပူပါနဲ႔..ကိုယ္ မင္းရဲ႕ေနာက္မွာ အၿမဲ႐ွိေနတယ္"
Advertisement
- In Serial6 Chapters
A New Leaf
When people mention fantasy games and RPGs, they usually think of goblins, elves, orcs, dwarves and magic (apart from the percentage that gets an image of an anti-tank weapon in their mind, I will respectfully put those individuals aside for now). But what if you get neither of those (not even the weapon, I know, sad)? And what if you end up playing as something that doesn't look like an animal at all? And what if the said game you were playing weren't actually a game, but real life changed by irresponsible, beyond-mortal beings? Follow the (mis)adventures of "player" 13241, a.k.a. Treant, as he experiences what it's like to be a walking magical fruit maker (among other things). When the world goes to hell and back, plants are the ones that remain, right?
8 100 - In Serial8 Chapters
A Drop of Water & Blood
When an accident threatens seventeen year old Shay's life, he catches the eye of ancient vampire Jonathan. Something about Shay compels Jonathan to save his life, turning him into a half-vampire in the process. His dreams of going to college and becoming a journalist have been shattered, in its place is a fight for survival. Vampire hunters will stop at nothing to rid the world of creatures of the night. And darker beasts prowl, seeking to take London for themselves. But there's still one person from Shay's old life that wants to rescue him. Rosheen, his best friend. Convinced that Shay is enslaved by a vampire, Rosheen makes it her life's mission to track Jonathan down and kill him. With the help of Van Helsing's forbidden techniques, she will learn to master the mystic arts and exact her revenge. Torn between his loyalty to Jonathan, the vampire who saved his life, and Rosheen, his lifelong friend, Shay will soon be forced to choose a side. But when the line separating good and evil becomes harder to distinguish, how can he ever know which choice is right? [Posting one/two chapters every weekend]
8 86 - In Serial72 Chapters
Ninth World Lia's Struggle
Life is never as it seems and one can find themselves in different situations. What if you were to find yourself in a rather odd one. Magic, swords, war, amongst other things. That is what our lead found when she was reincarnated. Amelia bellevie, a simple girl with a simple life, that is until she got done in by truck-kun. Now she is having to find her way around the ninth world. A battle world created by the eight gods of the main races for entertainment, as well as for competition. Will she make friends and have a good life? or go into a darker path of hatred and murder? the cover is a character named Casselia illustrated by Selenada, commisioned by ShiningSiria. However, this is how I imagine Amelia looks like.
8 441 - In Serial25 Chapters
Fallen Devil
Quanye Lest awoke from his quanye rest to go on a quanye quest to be the quanye best.
8 94 - In Serial6 Chapters
Ruler of Everything
Hi guys, this is my first novel, to be honest i dont know if i'll write this till the end or not...now i just want to try write something and thought i share my story with you all so you can enjoy my story too :)
8 157 - In Serial32 Chapters
Dark Moon /✔️/
Bass Guitar & Vampire,Zither & Werewolf
8 171

