《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[79+80]
Advertisement
[Unicode]
079: မွေးနေ့လက်ဆောင်
တောင်ခြေရင်း၌ မည်သူကိုမျှ မတွေ့ရတော့မှ ချင်မျန်သည် တောဝက်သိုးနဲ့ ကျားကို နယ်မြေထဲကနေ သယ်ထုတ်လိုက်သည်။
သမင်သားအချို့ကို လှီးဖြတ်ကာ ဖြည်းညှင်းစွာ ကင်ပြီး ဗိုက်ဖြည့်လိုက်ကြသည်။ချင်မျန် အကူအညီတောင်းရန် အိမ်ပြန်သွားချိန်တွင် လဲ့ယ်ထျဲကတော့ သားကောင်ကို စောင့်ကြပ်နေခဲ့သည်။
ဦးလေးဖူသည် ဝက်သိုးနှင့်ကျားကို အိမ်ပြန်သယ်ရန် နွားလှည်းလေးကို မောင်းလာခဲ့၏။
လမ်းတစ်လျှောက်တွင် လယ်ထဲရှိ ရွာသားများသည် လှည်းပေါ်မှ ကျားကြီးတစ်ကောင်ကို တွေ့သောအခါ အံ့အားတကြီး အော်ဟစ်ပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။သူတို့အားလုံးသည် လဲ့ယ်ထျဲ၏စွမ်းရည်၊ ရဲစွမ်းသတ္တိနှင့် ထက်မြက်သည့်လေးပစ်စွမ်းရည်ကို ချီးကျူးဂုဏ်ပြုရင်း နွားလှည်းသွားရာတစ်လျှောက် စောင့်ကြည့်ရန် ဝိုင်း၍လိုက်လာကြသည်။
ချင်မျန်ကတော့ ရယ်စရာလည်းကောင်းသလို စိတ်ဓာတ်ကျသလိုလည်း ခံစားသွားရသည်။ရယ်စရာကောင်းတာက ဒီလူတွေက လဲ့ယ်ထျဲရှေ့မှာတော့ စပ်မိစပ်ရာ စကားတွေသွားမပြောရဲဘဲ သူ့ကိုပဲ ချဉ်းကပ်ဝံ့ကြတာပဲ။လဲယ်ထျဲက သူ့အစား ကျားကို အမဲလိုက်ခွင့်ရခဲ့တာ သေချာသိလေ စိတ်ဓါတ်ကျစရာ ကောင်းသွားလေပဲ!
သူ ခေါင်းကိုလှည့်၍ အရပ် 1.9 မီတာရှိသော အမျိုးသား၏သန်မာပြီး သွယ်လျသောရုပ်သွင်ကို ကြည့်ကာ 1.7 မီတာသာရှိသော သူ့ခန္ဓာကိုယ်နှင့် နှိုင်းယှဥ်ကြည့်လိုက်မိသည်။ညဘက်ကျရင်တော့ ထမင်းတစ်ပန်းကန် ပိုစားဖို့ ဆုံးဖြတ်လိုက်တော့၏။
အိမ်ထဲသို့ အချောင်ခိုရွာသားများနှင့် ခပ်ဆိုးဆိုးကလေးများကို ဝင်ခွင့်ပြုလိုက်ပါက သီးပင်စားပင်တွေနှင့် ပန်းခင်းတွေကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်သဖြင့် ရွာသူရွာသားများအား ဝင်ခွင့်မပေးဘဲ ဂိတ်ပေါက်ဝတွင် နွားလှည်းရပ်ရန် ဦးလေးဖူအား တောင်းဆိုလိုက်ပြီး အားရအောင် မတ်တပ်ရပ်ကြည့်ခိုင်းလိုက်လေသည်။
ရွာသားများက ကျားကို ဝိုင်းပတ်ကြည့်ရှုနေကြပြီး အိမ်အတွင်းသို့ လိုက်သွားကာ ခြံဝန်းအတွင်း လမ်းပတ်လျှောက်ကြည့်ချင်ကြပြန်သည်။အပြင်ဘက်ကနေ နံရံအတွင်း၌ ကပ်ပေါက်နေသည့် အဖြူရောင်သစ်တော်သီးပန်းများနှင့် ပန်းရောင်မက်မွန်ပွင့်များကို မြင်တွေ့နေရကာ သူတို့လေးတွေက အရမ်းလှပြီး အတွင်းကနေကြည့်ရင် ပိုတောင်လှနေမည်ဖြစ်ရာ စူးစမ်းကြည့်ချင်ကြ၏။
ချင်မျန်က သူတို့၏အတွေးတွေကို မဖတ်နိုင်ဘဲ ရှိနိုင်ရိုးလား?ပင်ပန်းသည်ဟု ဆိုကာ ရှီလအား ကုလားထိုင်နှစ်လုံးကို ယူလာစေပြီး ရွာသားများကို စိတ်ရှည်သည်းခံစွာဖြင့် လဲ့ယ်ထျဲနှင့်အတူ တံခါးဝတွင် ထိုင်စောင့်နေခဲ့သည်။
ရွာသားတွေကလည်း တစ်နာရီလောက်ကြာအောင် စောင့်နေကြ၏။ချင်မျန်က သူတို့ကို အိမ်ထဲဖိတ်ဖို့ အစီအစဉ်မရှိတာကို တွေ့လိုက်ရတော့ သူတို့လည်း စိတ်ပျက်လက်ပျက်နဲ့သာ ထွက်သွားခဲ့သည်။
ရှီလသည် သခင်ငယ်လေးအား ကြည်ညိုလေးစားစွာဖြင့် ကြည့်ကာ လှည့်ကွက်တစ်ခုကို သင်ယူလိုက်ခဲ့ကြောင်း ခံစားလိုက်ရ၏။
လဲ့ယ်တာချန်နှင့်တုရှီတို့ကတော့ ပြန်ရန် ဇွတ်ငြင်းလေသည်။ချင်မျန်က သူတို့အတွက် ဝက်ခြေထောက်ကို ရက်ရက်ရောရော ခုတ်ခွင့်ပေးလိုက်၏။ သူ့မှာ 100 ဝမ်ရှိရင် "1 ဝမ်" လှူဖို့က ပြဿနာမရှိဘူးလို့ ထင်မိသည်။
လဲ့ယ်တာချန်နှင့် သူ့ဇနီးသည် 10 ကျင်းနီးပါးအလေးချိန်ရှိသော ဝက်ခြေထောက်ကိုယူကာ ကျေနပ်စွာ ထွက်ခွာသွားခဲ့သည်။
လဲ့ယ်ထျဲက ကျားအရေခွံကိုချွတ်နေပြီး ချင်မျန့်အတွက် သားမွေးဝတ်ရုံ လုပ်ပေးချင်ရာ ချင်မျန် ထိတ်လန့်သွားပြီး သူ့လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းလိုက်၏။မည်သို့ပင်ဆိုစေကာမူ ကျားများသည် အကာအကွယ်ခံတိရစ္ဆာန်များအဖြစ် “အသုံးပြု” ကြ၍ သူ ၎င်းကို အမဲလိုက်ကာသတ်နိုင်ခဲ့သော်လည်း ၎င်း၏သားရေကို နေ့တိုင်း သူ့ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ရန်မှာ အမှန်တကယ် မဖြစ်နိုင်ပေ။
"ခင်ဗျားကြိုက်ရင် ခင်ဗျားအတွက် သားမွေးအင်္ကျီလေးလုပ်ပေးမယ်။" ချင်မျန်ပြောလိုက်သည့် သူ့စကားတွင် အနည်းငယ် မရိုးသားပေ။ကျားအရေခွံဝတ်ထားရင် လူချမ်းသာလူဘော်ကြော့တစ်ယောက်နဲ့တူနေမယ်လို့ အမြဲတွေးခဲ့၏။သို့သော်လည်း သူတို့က အမှန်တကယ်ပဲ လူချမ်းသာတွေ မဟုတ်ပေဘူးလား?ဟူး....
လဲ့ယ်ထျဲက ခေါင်းခါပြီး “မွေ့ယာအခင်း လုပ်မလား?”
ချင်မျန် ဆုံးဖြတ်ချက်ချပြီး “ရောင်းလိုက်ပါ။အိမ်ဆောက်ဖို့ ပိုက်ဆံအများကြီးကုန်သွားတာကို မမေ့နဲ့။အခု ကျွန်တော်တို့ ဆင်းရဲသွားပြန်ပြီ”
လဲ့ယ်ထျဲက သူ့ဇနီးလေးသာ ကျားသားရေ၀တ်ထားပါက အရမ်းကြည့်ကောင်းမယ်လို့ ခံစားမိပေမယ့် သူပြောတာကို နားထောင်ပြီး ခေါင်းညိတ်ပြလိုက်၏။
ချင်မျန်သည် ကျားအသား ၃ကျင်းမှ ၅ ကျင်းအထိ အိမ်အတွက် သိမ်းဆည်းထားပြီး ကျန်သည့် ကျားအသား၊ ကျားဝှေးစေ့နှင့် ကျားသားရေတို့ကို ရောင်းချရန် ခရိုင်မြို့သို့ ပို့ဆောင်ခဲ့သည်။ကျားအသားကို အမြတ်အစွန်းကျန်စွာ ရောင်းချနိုင်ခဲ့ရုံသာမက ကျားဝှေးစေ့နှင့် ကျားသားရေတို့ကိုပါ ငွေတုံး ၁၄၀၀ ဖြင့် ရောင်းချနိုင်ခဲ့သည်။
ချင်မျန် ဝမ်းသာရသလို စိတ်လည်းညစ်နေမိသည်။ သူ့မိသားစုအတွက် ငွေရှာရတာ အရမ်းလွယ်ကူနေတာမို့ သူ အချီကြီးအတွက် ပြင်းပြင်းထန်ထန် စတင်ရတော့မှာပဲ ဟင့်!
"ကိုယ့်ပိုက်ဆံက မင်းပိုက်ဆံပဲ" လဲယ်ထျဲ နှစ်သိမ့်လိုက်သည်။
ချင်မျန် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး “ဟုတ်ပါတယ်။ခင်ဗျားရဲ့ပိုက်ဆံက ကျွန်တော်ပိုက်ဆံပဲ။ကျွန်တော်ပိုက်ဆံက ကျွန်တော့်ပိုက်ဆံပေါ့”
လဲ့ယ်ထျဲက ငြင်းဆိုတာတွေမရှိ ခေါင်းညိတ်ပြလိုက်သည်။
"ခင်ဗျားကိုယ် ခင်ဗျားကြည့်စမ်း" ချင်မျန် သူ့မျက်နှာနှင့် နီးကပ်စွာကပ်ကာ နမ်းလိုက်ပြီး "ခင်ဗျားက ရိုးသားလွန်းလို့ ခင်ဗျားကို အနိုင်ကျင့်ရတာတောင် စိတ်မကောင်းဖြစ်မိပြီ။ကျွန်တော် ခင်ဗျားအတွက် အရသာရှိတဲ့ဟင်းတစ်ခွက် လုပ်ပေးမယ်။ ထမင်းစားပြီးရင် ကျွန်တော်တို့ မြို့ကို သွားကြတာပေါ့”
လဲ့ယ်ထျဲက မလှုပ်မယှက်ဖြင့် သူ့သဘောကျ နမ်းခွင့်ပေးလေသည်။
သူ(LT)က တစ်မျိုးတစ်ဖုံ ချစ်စရာနေတော့တာပဲ!
ချင်မျန်၏စိတ်နှလုံးမှာ နူးညံ့ပျော့ပြောင်းသွားရသည်။
ပူစပ်စပ်ပုဇွန်ဆိတ်ပန်းကန်ကြီးတစ်ပန်းကန်၊ ကြက်သားတစ်ပန်းကန်နှင့် အစိမ်းကြော်တစ်ပန်းကန်တို့ကို သူတို့ နှစ်သက်စွာစားကြလေသည်။လုံလုံလောက်လောက်စားပြီးသောက်ပြီးနောက် ချင်မျန်က ရှီလကို မြို့ထဲလိုက်ပို့ခိုင်းလိုက်၏။
ဆိုင်ကို တိုက်ရိုက်သွားမယ့်အစား ချင်မျန်က ရှီလကို ရေပြေးမြို့ကိုပတ်ပြီး မောင်းခိုင်းလိုက်သည်။
Advertisement
“ချင်းဇီ...မင်း သေရည်ဆိုင်ဖွင့်ချင်လို့လား?”လဲ့ယ်ထျဲက ထင်မြင်ချက်ပေးလိုက်သည်။
ချင်မျန် ခေါင်းညိတ်ပြီး "ဟုတ်တယ်"
သူ အိမ်ခြံမြေဘက်ကို မတတ်နိုင်သော်လည်း အစားအသောက်လုပ်ငန်းသည် အလွန်အမြတ်အစွန်းများသည်။ထိုဆိုင်ငယ်လေးသည် သူ့လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပေ။
လဲ့ယ်ထျဲ ခေတ္တရပ်လိုက်ပြီးမှ “မင်း ခရိုင်မြို့မှာ ဆိုင်ကြီးတစ်ဆိုင် ဝယ်လိုက်လို့ရတယ်လေ”
"ခင်ဗျားက မြို့ထဲမှာနေရတာ မကြိုက်ဘူးမလား?" ချင်မျန် မေးလိုက်သည်။
လဲ့ယ်ထျဲက သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “မင်းသာ သဘောကြိုက်ရင် ခရိုင်မြို့ကိုလည်း သွားလို့ရတယ်”
ချင်မျန် သူ့ကို ခပ်ပြုံးပြုံးလေးသာ ကြည့်ပြီး "ခင်ဗျားက ကျွန်တော့်ဘက်ကို တွေးပေးတယ်။ကျွန်တော်ကရော ခင်ဗျားဘက်ကို မတွေးပေးရဘူးလား?စိတ်မပူပါနဲ့...ကျွန်တော့်မှာအကြံတစ်ခုရှိတယ်။ခရိုင်မြို့ကို မသွားဘဲနဲ့ ဒီမှာ သေရည်ဆိုင် ဖွင့်လို့ရနိုင်ပါတယ်။အဲဒါက တစ်ခုတည်းသော ဆိုင်ဖြစ်လိမ့်မယ်။”
သူ့မျက်လုံးတွေက ယုံကြည်မှုအပြည့်နဲ့ တလက်လက်တောက်နေ၏။ကူးပြောင်းလာသူတစ်ယောက်အနေနဲ့ ကြီးမားတဲ့အမြတ်အစွန်းကိုရရှိဖို့ ရှိရင်းစွဲအားသာချက်တွေကို အသုံးမချနိုင်သည့်အတွက်တော့ စိတ်မကောင်းဖြစ်မိသည်။
လဲ့ယ်ထျဲ မေးလိုက်၏။ “ကိုယ်တိုင်ဆောက်မလို့လား?”
ချင်မျန် အသိအမှတ်ပြုစွာဖြင့် "ဟုတ်တယ်"
လဲ့ယ်ထျဲသည် သူ့က ထူးဆန်းပြီး ဆန်းသစ်တဲ့ အကြံအစည်တွေရှိနေတယ်ဆိုတာသိထားတာကြောင့် အများကြီးမမေးတော့ဘဲ "ကိုယ့်ကို လိုအပ်တာပြော” ဟုသာ ပြန်ဖြေခဲ့၏။
ချင်မျန်သည် အေးအေးဆေးဆေး သက်တောင့်သက်သာဖြင့် သူ့ကို မှီတွယ်လိုက်ပြီး ပြန်ဖြေ၏။ "အင်း"
အရှေ့မှာတော့ ရှီလက နားထောင်နေရာ သို့သော်လည်း သူ သိပ်နားမလည်လာတာကြောင့် ဆက်နားမထောင်နေတော့ပေ။ဘာပဲဖြစ်ဖြစ် အချိန်တန်ရင် သူသိလာမှာပဲလေ။
မြို့ကို လှည့်ပတ်သွားခဲ့ခြင်း၏ရလဒ်အနေနဲ့ ချင်မျန်သည် နောက်ထပ် ၁၅မူ မြေကွက်ကြီးကို ဝယ်ယူဖြစ်ခဲ့သည်။
အိမ်ပြန်ရောက်တော့ စားပွဲပေါ်မှာ ထိုင်ပြီး ပုံဆွဲနေတော့၏။
လဲ့ယ်ထျဲကတော့ တစ်ဖက်တွင်ထိုင်ကာ အမည်မသိသစ်ပင်၏အကိုင်းအခက်များမှ အခေါက်အချို့ကိုသုံးပြီး ရက်နေသည်။
သူ့အား ဘာလုပ်နေတာလဲဟုမေးတော့လည်း စကားတစ်ခွန်းမှ ပြန်မပြောပေ။ချင်မျန် သူ့ကို မကျေမနပ် စိုက်ကြည့်နေပေမယ့်လည်း သူ့ကတော့ သည်းခံမှုအပြည့်ဖြင့် ကြည့်နေသည်။ဆန့်ကျင်ဘက်အနေနှင့်ပြောရရင်တော့ သူ ချင်မျန်၏ဒေါသကို လျစ်လျူရှုခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်မျန်၏မွေးနေ့, တတိယမြောက်လ၏ ၂၈ ရက်နေ့သို့ ရောက်လာလေပြီ။
ယနေ့ညက 27 ရက်နေ့ ညဖြစ်လေရာ ချင်မျန် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့ပေ။သနားစရာကောင်းလှသည့် လဲ့ယ်ထျဲ၏ကလေးဘဝလေးသည် သူ့ရဲ့ မွေးနေ့ကို ဘယ်တော့မှ မကျင်းပနိုင်ခဲ့ဟု တွေးနေမိရင်း သူ့ရဲ့ "ပထမဆုံး" ကျင်းပမည့် မွေးနေ့ကို ပြီးပြည့်စုံစေရမည်ဟု သူ မျှော်လင့်ထားခဲ့သည်။
အိပ်ရာမဝင်ခင်မှာတော့ သူ လဲ့ယ်ထျဲထက်အရင် အိပ်ရာထကိုထရမည်ဟု သူ့ကိုယ်သူ သတိပေးနေကာ သူ့အား "မွေးနေ့မှာ ပျော်ရွှင်ပါစေ" ဟု ဦးစွာပြောပြီး မွေးနေ့တွင် သက်ရှည်ခေါက်ဆွဲချက်ပေးမည် ဖြစ်သည်။သို့သော်ငြား တစ်ညလုံး သူ အိပ်ပျော်တစ်လှည့် နိုးတစ်လှည့်ဖြစ်နေပုံရ၏။လဲ့ယ်ထျဲကတော့ သူ အိပ်မက်ဆိုးမက်နေသည်ဟု ထင်သောကြောင့် သူ့နောက်ကျောကို လက်ဖဝါးကြီးဖြင့် ပုတ်ပေးနေသည်။
ချင်မျန်၏ငိုက်မျဉ်းမှုက ပို၍ပို၍ ပြင်းထန်လာသော်လည်း လဲ့ယ်ထျဲ၏ရင်းနှီးကျွမ်းဝင်နေသည့်အပြုအမူအပေါ် အရှုံးပေးရန် တွန့်ဆုတ်နေသဖြင့် သူ ဆက်လက် ရုန်းကန်နေခဲ့ရပြီး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့်သာ တစ်ညလုံး အချိန်ကုန်ခဲ့၏။
အဆုံးမှာတော့ ချင်မျန်သည် ကျယ်လောင်ပြီးရှည်လျားသည့် ကြက်တွန်သံကို ကြားလိုက်သည်နှင့် တပြိုင်နက် ထထိုင်လိုက်မိ၏။
လဲ့ယ်ထျဲလည်း သတိကြီးကြီးနဲ့ ထထိုင်လိုက်ပြီး မျက်လုံးမဖွင့်နိုင်သေးတဲ့လူကို ပွေ့ဖက်လိုက်ကာ “ချင်းဇီ....ကိုယ်ဒီမှာရှိတယ်။အိပ်မက်ဆိုးတွေ မက်နေတာလား?"
ချင်မျန်ကတော့ ကြိမ်းစပ်နေပြီး လေးလံနေသည့် မျက်ခွံများကို ဖွင့်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေကာ သူ့ကို ခါးသက်စွာ စွေစောင်းကြည့်လိုက်သည်။လဲ့ယ်ထျဲသာ တစ်ချိန်လုံး သူ့နောက်ကျောကို မထိနေခဲ့ဘူးဆိုရင် သူ ဒီလောက်ဒုက္ခရောက်သွားရမှာ မဟုတ်ဘူး။
“....."
နွေဦးနံနက်ခင်းသည် အလွန်အေးလှသည်။သူ အနည်းငယ်နိုးလာပြီးနောက် ညာခြေထောက်ကို မြှောက်လိုက်ပြီး လဲ့ယ်ထျဲရဲ့ခြေထောက်တွေပေါ် ကားယားခွထိုင်လိုက်၏။သူ စောင်အတွင်းမှ ရွေ့လာကာ ထိုယောက်ျား၏ခန္ဓာကိုယ်ပေါ်ရှိ နွေးထွေးမှုကို သိမ်းပိုက်ထားလိုက်သည်။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ..အားထျဲ" သူ ထိုလူ၏ မေးစေ့ကို ကိုင်ကာ ခေါင်းကိုမော့လျက် "မွ" ဟူ၍ အနှီယောက်ျား၏နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။
လဲ့ယ်ထျဲက ထိုလူငယ်လေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဆုပ်နယ်ချင်လာမိသည်။ "ချင်းဇီ မွေးနေ့မှာ ပျော်ရွှင်ပါစေ။"
သူ စောင်ကိုဆွဲကာ ချင်မျန်ကို ထုပ်ပိုးလိုက်၏။နွေးထွေးသော အနမ်းတစ်ခုက သူ့နှုတ်ခမ်းတွေကနေ သူ့လည်ပင်းဆီသို့ လျှောကျလာပြီး ပြင်းထန်စွာ စုပ်ယူလိုက်ရင်း လက်ဖဝါးကြီးကြီးက သူ့အောက်ခံဘောင်းဘီထဲသို့ လျှောကျသွားသည်။
ချင်မျန် မော့ကြည့်ရင်း ဖြည်းညှင်းစွာ ညည်းလိုက်ပြီး ထိုလူ၏ပခုံးကို ဖက်ထားလိုက်သည်... အတန်ကြာပြီးနောက် ထိုယောက်ျားက သူ့ပုခုံးကို ကိုက်လိုက်သည်နှင့် တင်းကျပ်သော ခန္ဓာကိုယ်လေးသည် တဖြည်းဖြည်း ပြေလျော့သွားလေသည်။
လဲ့ယ်ထျဲ သူ့မေးစေ့ကို သူ့ဇနီးလေး၏ပခုံးပေါ်တင်ကာ အသက်ကိုအပြင်းအထန်ရှုနေသည်။
ချက်ခြင်းပင် အခန်းတွင်းရှိ ရနံ့များ လွင့်ပျံလာသည်။
နှစ်ယောက်သား ငြိမ်သက်သွားကာ ခဏလောက် ပွေ့ဖက်လိုက်ကြသည်။
"လွတ်တော့....သက်ရှည်ခေါက်ဆွဲ ချက်ပေးမယ်" ချင်မျန် ထိုလူ၏တောင့်တင်းခိုင်မာသည့် လက်မောင်းကို ပုတ်လိုက်၏။
လဲယ်ထျဲ သူ့လက်ကို ဆန့်တန်းကာ သူ့ဇနီးလေးရဲ့အဝတ်အစားတွေကို ယူပေးလိုက်ပြီး တစ်ထည်ပြီးတစ်ထည် ဝတ်နေတာကို ကြည့်နေလိုက်သည်။ကုတင်ပေါ်က မဆင်းခင် သူ့ဇနီးလေးရဲ့ရောင်ရမ်းနေတဲ့ နှုတ်ခမ်းတွေကို ခဏလောက် ကြည့်လိုက်၏။
Advertisement
သူလည်း သူ့ရဲ့အတွင်းခံကို အရှက်မရှိ ကွင်းလုံးချွတ်ချပြီး ခုံပေါ်တင်လိုက်ကာ အဝတ်သစ်တွေကို ထုတ်ယူဝတ်လိုက်သည်။
ချင်မျန် သူ့ကို ဆွံအလျက် စိုက်ကြည့်နေမိပြီး သူလည်း အမြန်ဝတ်ကာ အခန်းထဲက ပြေးထွက်သွား၏။ထို့နောက်တွင်တော့ သူ့ကျောပြင်ပေါ်ရှိ စူးရှသောအကြည့်များ ပျောက်ကွယ်သွားလေသည်။
ခေါက်ဆွဲတစ်အိုးချက်ထားလိုက်ပြီး နှစ်ယောက်သား ပန်းကန်လုံးကြီးတစ်လုံးစီ ကိုင်ထားကြသည်။
ခေါက်ဆွဲစားပြီးသောအခါ ပန်းကန်တွေကို စားပွဲပေါ်တွင် ထားခဲ့၏။နောက်တော့ အဒေါ်ဖူက ပန်းကန်ဆေးဖို့ ရောက်လာပေမည်။
ချင်မျန် မီးဖိုချောင်မှ အအေးခံထားသောကြက်ဥပြုတ်လေးလုံးကို ထုတ်ယူကာ ပြုံးလျက် လဲ့ယ်ထျဲအား ခေါ်လိုက်၏။ "အားထျဲ... ဒီကိုလာ"
လဲ့ယ်ထျဲက ကြက်ဥတွေကိုကြည့်ရင်း လမ်းလျှောက်လာသည်။
ချင်မျန် သူ့လက်ထဲမှာ ကြက်ဥတစ်လုံးကို ကိုင်လိုက်ပြီး လဲ့ယ်ထျဲရဲ့ နဖူးကနေ မေးစေ့အထိ ပြီနောက် သူ့မေးစေ့ကနေ သူ့နဖူးအထိ လှိမ့်လိုက်ရင်း “အသက်တစ်နှစ်က တစ်ခဏအတွင်း ကုန်ပြန်ပြီ" ဟူ၍ ကြွေးကြော်ခဲ့သည်။
"ဘာအတွက်လဲ?" ကြက်ဥပေါ်တွင် ရေကျန်နေသေးရာ လဲယ်ထျဲက သူ့မျက်နှာကို သုတ်လိုက်ပြီးနောက် ဒုတိယဥတစ်လုံး ရောက်လာပြန်သည်။
ချင်မျန်က လှောင်ရယ်ရင်း “ဒါက ကောင်းချီးတစ်ခုပဲ။လာမယ့်နှစ်အတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းတာ။”
လဲယ်ထျဲ ခေါင်းညိတ်ပြပြီး ကျန်ကြက်ဥနှစ်လုံးကို ဆွဲယူလိုက်သည်။ "မင်းကိုလည်း လှည့်ပေးမယ်"
ချင်မျန် ကြက်ဥနှစ်လုံးကို အမြန်ဆွဲယူပြီး ချက်ခြင်းပင် ခွဲလိုက်ကာ ပြောလိုက်သည်။
“ကျွန်တော် အခုချက်ခြင်း စားချင်လာပြီ”
လဲယ်ထျဲက မျက်နှာသုတ်ဖို့ မျက်နှာသုတ်ပဝါကို သွားယူရတော့သည်။
"ချင်းဇီ.....ကိုယ် မင်းကို လက်ဆောင်ပေးဖို့ မြို့ထဲကိုသွားလိုက်ဦးမယ်။"
"ကျွန်တော် အရင်စကားပြောချင်တယ်--" ချင်မျန်က နယ်မြေအကြောင်း ပြောပြချင်သည်။
လဲ့ယ်ထျဲ သူ့နှုတ်ခမ်းတွေကို နမ်းလိုက်ပြီး ပါးစပ်ထောင့်နားက ကြက်ဥအနှစ်ကိုပါ ယက်လိုက်၏။ "ပြန်လာမှ စကားပြောကြမယ်လေ"
“ကောင်းပြီ။” ချင်မျန်အတွက် အရေးမကြီးပေ။ဘာပဲဖြစ်ဖြစ် အရင်စကားပြောတာပဲဖြစ်ဖြစ် နောက်မှစကားပြောတာပဲဖြစ်ဖြစ် အားလုံးအတူတူပင်။
လဲ့ယ်ထျဲက ကြက်ဥနှစ်လုံးနဲ့ ထွက်သွား၏။
ချင်မျန် ကြက်ဥတွေစားပြီးသွားတော့ သူ့မှာ ဘာမှလုပ်စရာ မရှိတော့ပေ။သူ ဝါးလှံတံကိုတွေ့ထားတာမို့ ကြိုးကိုယူကာ တစ်ဖက်တွင် သစ်သားတစ်ချောင်းကို ချည်ပြီး ထိုကြိုးကို ဝါးလှံတံတွင် ပြန်ချည်နှောင်ကာ ပိုင်တျန့်လေး၏အမဲလိုက်ခြင်းအတတ်ပညာကို လေ့ကျင့်သင်ကြားပေးခဲ့သည်။
လူတစ်ယောက်နဲ့ ဝံပုလွေတစ်ယောက်က အလွန်ကောင်းမွန်စွာ အချိန်တွေကိုကုန်ဆုံးစေခဲ့၏။
ရုတ်တရက် ချင်မျန်သည် မြင်းခွာသံကို ကြားလိုက်ရသည်။သူ နောက်ကို လှမ်းကြည့်လိုက်တော့ မီးခိုးရောင်၀တ်စုံနဲ့လူတစ်ယောက် မက်မွန်ပွင့်သစ်တောထဲကနေ မြင်းနက်တစ်ကောင်ကိုစီးကာ ပြေးလာတာကို တွေ့လိုက်ရ၏။ထိုလူက သူ့ကိုမြင်တော့ နှုတ်ခမ်းထောင့်မှာ ပင့်သွားကာ ဖျတ်ခနဲ ပြုံးလိုက်သည်။သူ့မျက်လုံးထဲတွင် နူးညံ့သိမ်မွေ့မှုသည် နက်နဲသော တွင်းနက်ကြီးတစ်ခုလိုဖြစ်နေပြီး လူတွေကို ထိန်းမနိုင်သိမ်းမရ နစ်မြုပ်သွားစေ၏။
သူက အခြားမြင်း၏ဇက်ကြိုးကိုလည်း တစ်ဖက်က ဆွဲယူလာသည်။၎င်း၏အမွှေးတွေက လုံးဝအညိုရောင်ဖြစ်နေကာ အညိုရောင်ပိုးထည်နဲ့ ပတ်ထားသလိုမျိုး ချောမွေ့၊ နူးညံ့ပြီး တောက်ပြောင်နေ၏။
ချင်မျန် သူ့ရဲ့ဝါးလှံတံကို လွှင့်ပစ်ကာ ပျော်ရွှင်စွာ ပြေးသွားခဲ့သည်။
မြင်းနက်ကလည်း ချင်မျန့်ဆီပြေးလာ၏။လဲ့ယ်ထျဲက မြင်းဇက်ကိုဆွဲလိုက်ပြီး အနီးနားသို့ အကွာအဝေးမှန်မှန်ရပ်လိုက်သည်။
"ဒီမြင်းက ကျွန်တော့်အတွက်လား?"
ချင်မျန် မြင်း၏လည်ဆံရှည်မွှေးတွေကို ကိုင်လိုက်သည်။သူ အရင်က တစ်ခါမှ မစီးဖူးပေ။
မြင်းဆိုတာ ဘာလဲ?မြင်းက အခုခေတ် BMW နှင့် Rolls Royce နှင့် ညီမျှတယ်ကွ!
“အင်း” လဲ့ယ်ထျဲက သွက်သွက်လက်လက် ဆင်းလာကာ သူ့ဘယ်ဘက်လက်တွင် ကိုင်ထားသည့် သစ်သားသေတ္တာကိုပါ ပေးလိုက်သည်။
“အဝတ်အစား အရင်လဲလိုက်”
_______________________________
080: နှလုံးသားချင်း ရစ်ပတ်ချည်နှောင်
လဲ့ယ်ထျဲရဲ့ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေက အပြင်သွားတဲ့အခါ ဝတ်လေ့ရှိတဲ့ဝတ်စုံမဟုတ်တာကြောင့် မြင်းစီးဝတ်စုံဖြစ်ရမည်ဟု ချင်မျန် ခန့်မှန်းမိ၏။
သစ်သားသေတ္တာကို ယူကာ အိမ်ထဲသို့ ပြေးဝင်သွားခဲ့သည်။ခဏအကြာတွင် သူ နောက်တစ်ကြိမ် ပြန်ပြေးထွက်လာပြီး ဝတ်ကောင်းစားလှ အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားကာ သူရဲကောင်းဆန်ဆန်ဖြင့် ခန့်ညားနေလေသည်။သူ လဲ့ယ်ထျဲရှေ့မှာ ရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"အားထျဲ....ကျွန်တော့်ကို အရင်တင်ပြီးစီးပေး”
လဲ့ယ်ထျဲက သူ့နောက်ကျောဘက်ကို ရောက်သွားပြီး ချင်မျန်ကို အခြားအရာတစ်ခုပေးလိုက်၏။
ချင်မျန် ယူလိုက်ကာ "ဒါဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်က ခင်ဗျား ကျစ်နေတဲ့ဟာ မဟုတ်လား?ဒါ ကြာပွတ်လား?" ကြာပွတ်သည်လည်း အညိုရောင်ပင်။
သစ်ပင်အခေါက်မှ ရက်လုပ်ထားသော်လည်း အလွန်နူးညံ့ပြီး လက်ရာမြောက်လှသည်။သူ သစ်သားလက်ကိုင်ကို သေသေချာချာကြည့်ကာ ၎င်းတွင် ရေးထွင်းထားသည့် ရင်းနှီးသောစကားလုံးအချို့ကို တွေ့လိုက်ရသည်------ထျဲမှ ဇနီးလေးအတွက် လက်ဆောင်။
သူ လဲ့ယ်ထျဲကို အံ့သြတကြီးစိုက်ကြည့်ပြီး မပြုံးဘဲမနေနိုင်။
တောက်ပစွာ ပြုံးနေသော အမူအရာကြောင့် လဲ့ယ်ထျဲ၏စိတ်ထဲတွင် နေသာပြီး တိမ်ကင်းစင်နေသလို။
"ကြိုက်လား?"
“ကြိုက်တယ်” ချင်မျန် ပြုံးပြလိုက်သည်။
လဲ့ယ်ထျဲ မြင်းကိုမြှောက်ဆွဲပြီး သူ့လက်ကို ဆန့်လိုက်သည်။
ချင်မျန်လည်း သူ့လက်ကို ပေးလိုက်၏။လဲ့ယ်ထျဲက သူ့လက်ကို ကြိုးပေါ် အသာအယာဆွဲတင်ပေးလိုက်ပြီး သူ့ခါးကို တခြားလက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ချင်မျန် သူ့ရှေ့တွင် ငြိမ်သက်စွာ ထိုင်နေ၏။
"ကျား--!" လဲ့ယ်ထျဲ၏ခြေဖဝါးသည် မြင်းဝမ်းဗိုက်ကို ကန်လိုက်ပြီး အနက်ရောင်မြင်းမှာ ပြေးသွားလေသည်။
ပန်းပွင့်များ၏ရနံ့များနှင့် ရောစပ်ထားသော လေက မျက်နှာကို တိုးဝှေ့တိုက်ခိုက်သွားလေရာ ချင်မျန်၏စိတ်ခံစားချက်မှာ ပေါ့ပါးလွင့်ပျံသွားခဲ့သည်။ခြံဝန်းထဲမှာ မည်သူမှ မရှိနေတာကို အခွင့်ကောင်းယူပြီး ခေါင်းကိုလှည့်ကာ အနောက်ကလူရဲ့မျက်နှာကိုဖွဖွလေးနမ်းလိုက်ပြီး ဘာမှမဖြစ်သလို ရှေ့သို့ ပြန်လှည့်ပြီး မတ်မတ်ဆက်ထိုင်နေသည်။
လဲ့ယ်ထျဲလည်း သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး နားသီးလေးကို ညင်သာစွာ နမ်းလိုက်ကာ မြင်းဇက်ကြိုးကို ရိုက်လိုက်ပြီး ခြံဝန်းဂိတ်ပေါက်မှ ပြေးထွက်လာလေသည်။
ဝင်ပေါက်မှာ ထင်းခုတ်နေတဲ့ ဦးလေးဖူက လေပြင်းတိုက်တာကို ခံစားလိုက်ရ၏။မော့ကြည့်လိုက်သောအခါတွင် ပေါ့ပါးသွက်လက်ပြီး ယုံကြည်မှုရှိနေသည့် မြင်းစီးသူနှစ်ဦး၏နောက်ကျောကိုသာ မြင်လိုက်ရသည်။
လမ်းပေါ်ရှိ ရွာသားများသည် မြင်းခွာသံကို ကြားလိုက်ကြပြီး မြင်းဖြတ်ပြေးသွားသည်ကို စောင့်ကြည့်နေကြသည်။ရွာသူရွာသားအချို့၏မျက်လုံးများသည် မနာလိုမှုများဖြင့် ပြည့်နှက်နေတော့၏။
မြင်းသည် သာယာအေးချမ်းဖွယ်ခြံဝန်းထဲသို့ ပြန်လည်မပြေးဝင်မီ ရွာအနှံ့ ပတ်ပြေးသွားခဲ့သည်။
နောက်တစ်ကြိမ်မှာတော့ လဲ့ယ်ထျဲက မြင်းညိုကို ဦးဆောင်ကာ ခြံပြင်၌ မြင်းစီးသင်ပေးရန် ချင်မျန်ကိုပါ ခေါ်သွားပြန်သည်။စပါးကျီမြေသို့ ရောက်သောအခါ လဲ့ယ်ထျဲက မြင်းတွေကိုရပ်စေပြီး မြင်းပေါ်မှခုန်ချလိုက်သည်။
ချင်မျန်သည်လည်း နောက်ပြန်လှည့်ကာ ခုန်ဆင်းလိုက်သည်။သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ဘဲ ပြောလိုက်တော့၏။ “ကျွန်တော်ကို အခုသင်ပေး"
လဲ့ယ်ထျဲက ခေါင်းညိတ်လိုက်ပြီး “ဘယ်ဟာကို ကြိုက်လဲ။အညိုရောင်ကတော့ ပိုယဥ်တယ်။"
ချင်မျန်က ရဲရင့်တဲ့လူမဟုတ်..."အဲဒါဆိုလည်း အညိုရောင်"
လဲ့ယ်ထျဲက မြင်းညို၏ဇက်ကြိုးကိုယူကာ အခြေခံကနေ စသင်ပေးလေသည်။
"မြင်းပေါ်မတက်ခင် ကုန်းနှီးနဲ့ခြေနင်းကွင်းတွေ ခိုင်ခံ့မှုရှိမရှိ စစ်ဆေးဖို့ လိုတယ်။လွတ်သွားရင် အန္တရာယ်ရှိလိမ့်မယ်။”
ကုန်းနှီးနှင့် ခြေနင်းကွင်းများကို ဂရုတစိုက်စစ်ဆေးကြည့်ပြီးနောက် ချင်မျန်သည် သူမှတ်မိကြောင်းပြသသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“မြင်းပေါ်တက်တဲ့အခါ ခြေချောင်းတွေကို အထဲကိုတွန်း။မြင်းက လန့်ဖျပ်သွားတာတို့ ငြင်းဆန်တာတွေ မဖြစ်ဖို့ အလွန်အကျွံ မလှုပ်နဲ့....” လဲ့ယ်ထျဲက သရုပ်ပြရင်း “အတက်အဆင်းလုပ်တဲ့အခါ မင်းရဲ့ညာခြေကို အရင်လွှတ်လိုက်....”
လဲ့ယ်ချွင်းထောင်နှင့် အသက်အရွယ်တူခရမ်းရောင်ဝတ်စုံကို၀တ်ဆင်ထားသော မိန်းကလေးသည် လက်ထဲတွင် ခြင်းတောင်းများကိုကိုင်လျက် ဟင်းသီးဟင်းရွက်အရိုင်းများ သွားခူးရန် အသွား, စပါးကျီမြေရှိ လူတွေကိုမြင်သောအခါ နှစ်ယောက်စလုံးသည် တစ်ချိန်တည်းတွင် ရပ်သွားကြသည်။
လဲ့ယ်ထျဲက ချင်မျန်ကို ခေါင်းငုံ့ကာ တစ်ခုခုပြောနေပြီး ခါးကနေ ကိုင်ကာ မြင်းပေါ်တက်ရန် ကူညီပေးနေသည်ကို ကြည့်နေကြသည်။
ခရမ်းရောင်ဝတ်စုံဖြင့် ကောင်မလေးသည် လဲ့ယ်ချွင်းထောင်၏နား,နားကိုကပ်ကာ “နင့်ရဲ့အကြီးဆုံးမရီးက အရမ်းချောတာပဲ....မင်းအစ်ကိုကြီးရဲ့ဘေးတိုက်မျက်နှာကလည်း တော်တော်ခန့်ညားတယ်။ အိမ်ထောင်သာ မပြုရသေးရင် သဘောကျတဲ့ မိန်းကလေးတွေ အများကြီးရှိနေမှာပဲ။”
လဲ့ယ်ချွင်းထောင်က သူမကို အထိတ်တလန့်ကြည့်ကာ "ဟုန်ဇောင်....အဲဒါကို မစဉ်းစားနဲ့နော်။ငါ့အစ်ကိုအကြီးဆုံးနဲ့ အကြီးဆုံးမရီးရဲ့ ဆက်ဆံရေးက ခိုင်မာတယ်။”
ဟုန်ဇောင်၏မျက်နှာသည် ဂုဏ်သိက္ခာရှိသည့် အသွင်သို့ပြောင်းသွားပြီး စိုးရိမ်တကြီးဖြင့် သူမကို လက်ဖြင့်ရိုက်ကာ "နင်ဘာတွေပြောနေတာလဲ။ငါက စကားအဖြစ် ပြောရုံပဲပြောတာလေ။ငါက နင်နဲ့ခင်လို့အမှန်တရားတချို့ကို ပြောပြတာလေးတောင် မရဘူးလား?"
လဲ့ယ်ချွင်းထောင်က သူမအပေါ် နားလည်မှုလွဲခဲ့တာကို သိတဲ့အတွက် သူမက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်တောင်းပန်လိုက်၏။ “ဟုတ်ပါပြီ...ရပါတယ်။အဲဒါ ငါ့အမှားပါ။ဟုန်ဇောင်...နင် ငါ့ကိုထပ်ရိုက်လို့ရတယ်နော်"
ဟုန်ဇောင်က ပေါ့ပေါ့ပါးပါး နှာမှုတ်လိုက်ပြီး သူမ၏ နောက်ကျောကို ညင်သာစွာ ရိုက်လိုက်သည်။
သူတို့ရဲ့အကြည့်တွေက စပါးကျီမြေသို့ ပြန်ရောက်သွားကြသည်။ချင်မျန်က မြင်းစီးနေကာ လဲ့ယ်ထျဲက မြင်းဇက်ကြိုးကိုဆွဲပြီး ရှေ့သို့ဖြည်းညှင်းစွာ ဆွဲသွားပေးနေသည်။သူ မြင်းပေါ်မှလူကို ရံဖန်ရံခါ ကြည့်နေပြီး ချင်မျန်ကလည်း ပြန်ပြန်ပြုံးပြနေသည်။သူတို့ကြားတွင် နက်နဲသည့်နားလည်မှုနှင့် နွေးထွေးမှုတို့ ရှိနေသယောင်။
လဲ့ယ်ချွင်းထောင်နှင့် ဟုန်ဇောင်တို့သည် တစ်ယောက်ကိုတစ်ယောက် ပြုံးပြုံးရွှင်ရွှင်ကြည့်ကာ ခြင်းတောင်းများနှင့်အတူ ထွက်ခွာသွားကြသည်။
ချင်မျန်က အလွန်ညဏ်ကောင်း၏။သူ မြင်းစီးခြင်း၏အဓိကအချက်တွေကို လျင်မြန်စွာ ဖမ်းဆုပ်နိုင်လေသည်။လဲယ်ထျဲကို စပါးကျီမြေပေါ်တွင် လှည့်ပတ်၍ မြင်းကို ဦးဆောင်ခွင့်ပေးပြီးနောက် “အားထျဲ...ဘာလို့ လွှတ်မပေးသေးတာလဲ?ကျွန်တော့်ဘာသာ စမ်းကြည့်မယ်။”
လဲ့ယ်ထျဲက သူ့လက်ကို လွှတ်လိုက်ပြီး "နှေးနှေးသွား"
ချင်မျန်က မြင်းဗိုက်ကို သာမန်ကာလျှံကာ ကန်လိုက်ရာ မြင်းသည် နှေးသည်မဟုတ် မြန်သည်လည်းမဟုတ် သာမန်အရှိန်ဖြင့် လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် စိုးရိမ်စိတ်များလျှော့ကာ သူ့နောက်လိုက်ရန် မြင်းနက်ကို စီးလိုက်သည်။
ချင်မျန်က သူ့ကို ပြန်ကြည့်ပြီး "ကျွန်တော် အရှိန်မြှင့်လို့ရမလား?"
လဲ့ယ်ထျဲက ခေါင်းညိတ်ပြီး "စိတ်မပူနဲ့"
ချင်မျန်သည် မြင်းဇက်ကြိုးကို ကိုင်ထားပြီး မြင်း၏ဗိုက်ကို အရှိန်ဖြင့် ကန်လိုက်ရာ အညိုရောင်မြင်းသည် ချက်ခြင်းပင် ပြေးထွက်သွားသည်။
အရမ်းကို လိမ္မာတာပဲ!
ချင်မျန် မြင်းဇက်ကြိုးကို လှုပ်လိုက်ပြီး ဘယ်ဘက်သို့ ဆွဲလိုက်သည်။မြင်း၏အမြန်နှုန်းက အနည်းငယ်ပိုမြန်လာပြီး စပါးကျီမြေတွင် ပတ်ပြေးနေလေသည်။
ချင်မျန်က ကုန်းနှီးပေါ်တွင်ထိုင်လျက် နောက်ပြန်လှည့်ကာ "အားထျဲ....ဒီကိုကြည့်...စီးတက်သွားပြီ!"
လဲ့ယ်ထျဲ၏မြင်းနှင်တံမှာ အနည်းငယ်ရွေ့လျားသွားပြီး မြင်းနက်သည် မြင်းညိုနှင့် လိုက်လျောညီထွေဖြစ်အောင် လျင်မြန်စွာ ရှေ့သို့တိုးသွားလေသည်။
"မြန်မြန်သွားလို့ရဦးမလား?" ချင်မျန်က ခုန်ပေါက်နေရသည့် ခံစားချက်ကို တောင့်တမိ၏။
လဲ့ယ်ထျဲက ခေါင်းညိတ်ပြလိုက်သည်။ "ကိုယ် ဒီမှာ ရှိတယ်"
ချင်မျန်က မြင်းဇက်ကြိုးကိုမြှောက်ပြီး မြင်းပေါ်ညင်သာစွာ ရိုက်ကာ, “ကျား––”
မြင်းဟီသံတွေညံလျက် မြင်းညိုလေးသည် စပါးကျီမြေမှ ပြေးထွက်လာပြီး ရွာအပြင်ဘက် လမ်းတစ်လျှောက် ပြေးသွားခဲ့သည်။
မြင်းနက်ကြီးကလည်း အနီးကပ်လိုက်လာသည်။
Advertisement
- In Serial147 Chapters
The Great Core's Paradox
Book 1 available on Kindle, KU, and Audible! Name: Paradox Species: Snake, ? Description: A tiny snake with great potential. That was who I was. That was what I was. A tiny snake with great potential. The sole creation of the Great Core. It was just us, the Great Core and I, tucked away in our little corner of the World Dungeon. Together, we hid from the bad-things and the Coreless of the world outside - safe from the horrors that would consume us. Until, one day, the Coreless found us. Until they tried to steal away my creator. Until, with no other option, I swallowed the Great Core that had made me. Only after that did I become what I was always meant to be. At last, I became the Great Core's Paradox in more than name. [The Endless Cycle] began. Thus begins the story of a little snake zealot and his journey to greatness.
8 247 - In Serial17 Chapters
Alternative Reality Vol. 1
Note: Sadly, all things must come to an end and Volume 1 has been officially completed. Since I have now published the whole volume on amazon and enrolled it into KDP select, I can no longer keep the book uploaded on other platforms as per their requirements. Apologies for the inconvenience. If, by any chance, you'd like to support me there, you can find the book here: https://www.royalroad.com/amazon/B07MRDFR7V What do you do when life‘s got you hunched on the ground, crying and screaming for your mother? When negativity and black humor is the only entertainment you‘re getting? You run away to a different world, of course! And it just so happened that one such world was available and open for the downtrodden and distraught. Alternative Reality - a virtual reality platform with a suspiciously unoriginal name, already established as the most life-like experience one could spend their time on and Luke had plenty of time to spare. Now? He’s more than just Luke, the social outcast. Now, he’s also Wail - a lunatic magician who plays with fire without the mental aptitude or sense of responsibility necessary to safely handle it. Add in a petty and spiteful character and the conditions for mayhem are fully satisfied. Join now and witness his adventures, while the world around burns with more than a bit of fault falling upon his downward sloping shoulders. Disclaimer! The book contains morally ambiguous choices, violence, arson, vandalism, unnecessarily satirical portrayal of religious zealotry, profanity, background forced labor that looms dangerously close to slavery and much, much more.
8 70 - In Serial7 Chapters
An Unthinkable Life From The Last Eternity
work in progress...
8 98 - In Serial15 Chapters
Mechazoid
The world has been overrun by A.I controlled mecha that seek to destroy human life.
8 269 - In Serial43 Chapters
Tutoring | Severus Snape x Reader | Edited
'Dear (L/N), I apologise for the sudden owl however I would like you to start staying after potions on Fridays for tutoring.'A Finished Severus Snape x Reader Fanfiction
8 190 - In Serial10 Chapters
Yu-Gi-Oh Zexal (male reader)
Taking place in the near future in a place called Heartland City, the story focuses on Yuma Tsukumo, a young duelist who strives to become the Duel Monsters champion, despite being an amateur. One day, during a duel with a rival named Shark, a mysterious spirit called Astral appears before him, and helps him to win.
8 91

