《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[82]
Advertisement
[Unicode]
082: လဲ့ယ်ရှန်းကျစ်သည် အရာရှိစာမေးပွဲတွင် ပါဝင်ဖြေဆိုဖို့ရာ သွားရပေတော့မည်
လဲ့ယ်ရှန်းကျစ် ဆိုလိုက်၏။ "ကျွန်တော်ရဲ့ ကျောင်းနေဖက်တချို့က စာမေးပွဲမတိုင်ခင် အပန်းဖြေခရီးထွက်ဖို့ စီစဉ်နေကြတာပါ။သာယာအေးချမ်းဖွယ်ခြံဝန်းပိုင်ရှင်က ကျွန်တော့်အစ်ကိုအကြီးဆုံးဖြစ်နေတယ်ဆိုတာ သူတို့ဘယ်ကနေ ကြားသိလာကြမှန်းမသိဘူး။သူတို့ ဥယျာဉ်ကိုလာလည်ချင်နေကြတယ်။အစ်ကို ဘယ်လိုသဘောရလဲလို့ မေးပါရစေ။"
ချင်မျန် လဲ့ယ်ထျဲကို ကြည့်လိုက်သည်။
လဲ့ယ်ထျဲ အနည်းငယ် မျက်မှောင်ကြုတ်ကာ "မြက်ခင်းတွေနဲ့ ဥယျာဉ်ထဲက သစ်ပင်တိုင်းက အခြေမကျသေးဘူး"
ဒါတွေက သူနဲ့သူ့မိန်းမရဲ့ အားထုတ်မှုတွေပဲ။
လဲ့ယ်ရှန်းကျစ်က "ဒါတော့ ဟုတ်ပါတယ်။အကြီးဆုံးအစ်ကိုနဲ့ အကြီးဆုံးမရီး...ကျွန်တော်နဲ့ သူငယ်ချင်းဖွဲ့တဲ့ ကျောင်းသားတွေအားလုံးက ကျင့်ဝတ်ကို နားလည်တဲ့သူတွေဆိုတာ စိတ်ချထားနိုင်ပါတယ်"
လဲ့ယ်ထျဲ ချင်မျန်ကို ခေါင်းညိတ်ပြလိုက်သည်။
ချင်မျန်ကတော့ ဒါကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက်မရှိပေ။လဲ့ယ်ရှန်းကျစ်နှင့်သူတို့၏ဆက်ဆံရေးသည် ကောင်းမွန်တာကြောင့် လဲ့ယ်ရှန်းကျစ် မျက်နှာမပျက်စေရန် မငြင်းဆန်နိုင်။
သူ ပန်းကန်လုံးထဲမှ နောက်ဆုံးခေါက်ဆွဲနှစ်လုတ်ကို စားပြီးနောက် မေးလိုက်၏။ "ငါတို့ခြံက သာမာန်အိမ်ခြံဝင်းထက် ပိုလှတယ်ဆိုပေမယ့် ချမ်းသာတဲ့မိသားစုတွေရဲ့ရှုခင်းတွေထက်တော့ မလှဘူးလေ။ဘာလို့ ဒီကိုလာဖို့ စိတ်ဝင်စားကြတာတဲ့လဲ?"
လဲ့ယ်ရှန်းကျစ်သည် သူ့လက်ဖက်ရည်ခွက်ကိုချကာ ခေါင်းယမ်းပြလိုက်သည်။
"ဖြစ်နိုင်တာက သူတို့ ဒီပန်းတွေကြောင့် လာချင်ကြတာ ဖြစ်မယ်"
ချင်မျန်သည် ပညာသင်ကြားရာတွင် အရည်အချင်းမရှိသည့်အပြင် အမှန်တကယ်တွင်လည်း သူ တက္ကသိုလ်သို့ စာရင်းသွင်းခဲ့သည်မှာ ဒုတိယအခေါက်မှသာ သွင်းဖြစ်ခဲ့သည်။စာပေပညာကို ဝါသနာပါသော ပါရမီရှင် ပညာရှင်များနှင့် စာပေဗန်းစကားများကို တနေကုန် ပြောဆိုနေကြသော ပညာတတ်များကို သူ တကယ်သည်းမခံနိုင်ပေ။သူတို့ကို ကြိုပြီး ရှောင်ချင်တာကြောင့် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဘယ်တော့လာကြမှာတဲ့လဲ?"
လဲ့ယ်ရှန်းကျစ်က "မနက်ဖြန်တစ်ချိန်ချိန် လာကြမှာပါ"
လဲ့ယ်ထျဲနှင့်ချင်မျန်တို့က တိတ်တဆိတ် နားလည်မှုယူခဲ့ကြပြီး "မနက်ဖြန် ငါတို့ မြို့ကိုသွားကြမှာမို့လို့ မင်းကိုယ်တိုင်ပဲ ဧည့်ခံပေးလိုက်။ဦးလေးဖူနဲ့ အဒေါ်ဖူတို့က မင်းကို ကူလုပ်ပေးလိမ့်မယ်။"
"ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီး" လဲ့ယ်ရှန်းကျစ်သည် ကျေးဇူးတင်စကား ပြောလိုက်သည်။
ချင်မျန် မေးလိုက်၏။ "စီရင်စုအရာရှိစာမေးပွဲဖြေဖို့ ဘယ်နှစ်ရက်အလိုမှာ သွားကြမှာလဲ?"
လဲ့ယ်ရှန်းကျစ်က "ကျွန်တော်တို့ နောက်နှစ်ရက်အတွင်း ထွက်ခွာမှာပါ"
နောက်တစ်နေ့မနက်တွင် ချင်မျန်၊ လဲ့ယ်ထျဲနှင့် ရှီလတို့သည် မြို့ထဲသို့ အတူတူသွားကြသည်။
လဲ့ယ်ရှန်းကျစ်၏ကျောင်းနေဖက်သူငယ်ချင်း ရှစ်ယောက်မှ ကိုးယောက်ခန့်သည် လဲ့ယ်ရှန်းကျစ်၏အိမ်တွင် စုဝေးနေကြ၏။
သူ(မ)သားက အရည်အချင်းရှိသည့် သူငယ်ချင်းတွေကို အိမ်သို့အလည်ခေါ်လာခဲ့သည်ကြောင့် တုရှီ၏နှလုံးသားထဲတွင် ကျေနပ်မှု အပြည့်ပင်။သူ(မ) သူတို့ကို နွေးထွေးစွာ အပြုံးဖြင့်ကြိုဆိုခဲ့သည်။ ရည်ရွယ်ချက်ရှိရှိဖြင့် မရည်ရွယ်ထားသလိုမျိုး ဝေရှီကို ဘေးသို့ တွန်းထုတ်ပစ်လိုက်သည်။
ခဏထိုင်ပြီးနောက် လဲ့ယ်ရှန်းကျစ်သည် သူ့ကျောင်းနေဖက်သူငယ်ချင်းတွေကို သာယာအေးချမ်းဖွယ်ခြံဝန်းလေးဆီသို့ ခေါ်သွားပေးခဲ့သည်။တုရှီသည် နှစ်သစ်ကူးကာလတုန်း၌ ကျန်သေးသည့် ဖရဲစေ့နှစ်ထုပ်နှင့် မြေပဲကြော်များအပြင် ဧည့်သည်တော်များကို ကောင်းမွန်စွာဧည့်ခံနိုင်စေရန် အထူးတလည် ဝယ်ယူထားသည့် အဆာပြေမုန့်များနှင့် သစ်သီးခြောက်များကိုပါ ရက်ရောစွာ ကျွေးမွေးဧည့်ခံခဲ့သည်။မူလက သူမသည်လည်း ခြံဝန်းဆီသို့ တစ်ပါတည်းလိုက်ပါသွားချင်သော်လည်း လဲ့ယ်ရှန်းကျစ်၏ဖျောင်းဖျမှုကြောင့် ကျန်ရစ်ခဲ့ရသည်။
စာပေပညာရှင်တွေက အဝတ်ဖြူဝတ်ရတာကို သဘောကျပုံရပြီး အဝတ်အစားတွေက သူတို့ရဲ့ဖြူစင်တဲ့မျက်နှာကို ပိုလို့တောင် ချောမောခန့်ညားသွားစေ၏။ရွာသားများမှာတော့ နေလောင်ထားပြီးပြောင်လက်နေသည့် ကျေးလက်နေ ယောက်ျားလေး အများအပြားကိုသာ မြင်ဖူးကြရာ ထိုကဲ့သို့ နှုတ်ခမ်းနီနီနှင့် သွားဖြူဖြူလူငယ်လေးများစွာကို တခါမှ မမြင်ဖူးကြချေ။
ထို့ကြောင့် အားလုံးက သူတို့ကို စပ်စပ်စုစုဖြင့် စိုက်ကြည့်နေကြတော့သည်။ခပ်ဝေးဝေးမှာ ပုန်းအောင်းနေတဲ့ ရဲရင့်တဲ့ မိန်းကလေးတွေတောင် ချောင်းကြည့်ရင်း ရှက်ရွံ့နေခဲ့ကြသည်။
"ပဉ္စမမြောက်သခင်လေး" ဦးလေးဖူနှင့် အဒေါ်ဖူတို့အား ချင်မျန်မှ အစောပိုင်းကတည်းကပင် အကျဉ်းချုံးပြောထားပြီးသားဖြစ်ရာ ဧည့်သည်တွေကို ကြိုဆိုဖို့ တံခါးမှာ ရပ်နေကြ၏။
လဲ့ယ်ရှန်းကျစ်က "ဦးလေးဖူနဲ့ အဒေါ်ဖူ...ကျွန်တော် သူတို့ကို အရင်ခေါ်သွားပြလိုက်ပါဦးမယ်။ကျေးဇူးပြုပြီး ပန်းခင်းဘေးမှာ လက်ဖက်ရည်ပွဲကို ပြင်ပေးထားပါ"
"ဟုတ်ကဲ့။"
လဲ့ယ်ရှန်းကျစ်သည် နူးညံ့ယဉ်ကျေးလေသည်။ဦးလေးဖူသည် သူ့အပေါ် ကျေနပ်ဖွယ် သဘောထားမျိုးရှိ၏။
တံခါးဝကို ဖြတ်ကျော်ပြီးသည်နှင့် သူတို့ရှေ့တွင် တိမ်တိုက်များကဲ့သို့ မက်မွန်ပွင့်များက ဆွဲဆောင်မှုရှိစွာ ဝင့်ကြွားနေလျက်ရှိကာ သူတို့ ကြည်နူးမှုဖြင့် အဆက်မပြတ် ရှူရှိုက်မိကြသည်။
"ဒါ တကယ်ကို အံ့သြစရာကောင်းတဲ့ နေရာပဲ။" ချူကျုံးဝမ်က ပထမဆုံးဖွင့်ဟချီးမွမ်းခဲ့ခြင်းသာ။
တခြားသူတွေကလည်း သဘောကျစွာ ခေါင်းညိတ်ပြပြီး ပတ်ပတ်လည်ကို ကျေနပ်ဖွယ် ရှူ့စားကြနေတော့သည်။
လဲ့ယ်ရှန်းကျစ်သည် ပြုံးလျက် လက်နောက်တစ်ဖက်ကို ကိုင်၍ ဦးညွှတ်ကာ "ကျွန်တော့်အစ်ကိုအကြီးဆုံးနဲ့ အကြီးဆုံးမရီးက ဒီအိမ်ကြီးထဲက အသေးအမွှားကိစ္စတိုင်းအတွက် အများကြီး အကြံဥာဏ်တွေ စိုက်ထုတ်ထားရပါတယ်။လူကြီးမင်းတို့ကအမြင်နဲ့သာ ရှူ့စားပေးမယ်ဆိုရင် ဒီရှန်းကျစ် ကျေးဇူးတင်ရပါလိမ့်မယ်။"
ချူကျုံးဝမ်နှင့် အခြားလူများက ပြုံးပြုံးရွှင်ရွှင်ဖြင့် လုပ်မည်မဟုတ်ကြောင်း ပြောကြလေသည်။
"ဟားဟား..." စကားမပြောရသေးသည့် တစ်ဦးတည်းသော စာပေပညာရှင် လင်းချီယွမ်သည် ဘယ်ညာ လှည့်ပတ်ကြည့်နေရင်းဖြင့်။
"ဒီလိုမျိုး အနှောက်အယှက်ပေးမိတာကြောင့် ပိုင်ရှင်ဆီ အရင်ဦးဆုံး တောင်းပန်သင့်တယ်။နောင်တော်လဲ့ယ်....ဒီမှာ မင်းအစ်ကိုအကြီးဆုံးနဲ့ အကြီးဆုံးမရီး ရှိလား?"
လဲ့ယ်ရှန်းကျစ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။သူ့အိမ်မှာရှိတုန်းက အစ်ကိုအကြီးဆုံးနဲ့ အကြီးဆုံးမရီး မရှိကြောင်းပြောခဲ့ပြီးပြီဖြစ်၏။
ချူကျုံးဝမ် လင်းချီယွမ်ကို ကြည့်လိုက်ပြီး သူ့ခေါက်ယပ်တောင်ကို ညင်သာစွာ ခါယမ်းကာ ငယ်ရွယ်နုပျိုသော ကျက်သရေကို အပြည့်အဝပြသနေလေသည်။
Advertisement
"အခုပဲ နောင်တော်လဲ့ယ်က အစ်ကိုအကြီးဆုံးနဲ့ အကြီးဆုံးမရီးတို့က ငါတို့ လွတ်လွတ်လပ်လပ်နေနိုင်ဖို့ မြို့ထဲကို ရည်ရွယ်ချက်ရှိရှိ လိုက်သွားတယ်လို့ ပြောလိုက်တယ်လေ။နောင်တော်လင်းက ဘာကြောင့် မကြားလိုက်ရတာလဲ?"
လင်းချီယွမ်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်လည်တောင်းပန်ပြီး "ဒီလိုကိုး။ကျွန်တော် စိတ်တွေဝေဝါးနေတာမို့ နောင်တော်လဲ့ယ်စကားကို မကြားလိုက်မိဘူး။ပိုင်ရှင်တွေဆီကို အလည်အပတ်သဘောမျိုးလာရခဲလို့ ဒီချီယွမ် သတိလက်လွတ်ဖြစ်သွားမိတာပါ"
ဒီနေ့လာရတဲ့အကြောင်းအရင်း ပထမတစ်ချက်အနေနဲ့ ပန်းတွေကို လာကြည့်ချင်၍ ဖြစ်ကာ ဒုတိယအနေနဲ့ကတော့ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ကြတဲ့ ယောက်ျားလေးဇနီးမောင်နှံက ဘယ်လိုပုံစံမျိုးလဲဆိုတာ သူမြင်ချင်ခဲ့ခြင်းကြောင့်သာ ဖြစ်၏။လဲ့ယ်ရှန်းကျစ်က ဘယ်လောက်ပင် စာပေပညာရပ်မှာ တော်နေပါစေ သူ့အစ်ကိုအကြီးဆုံးက ယောကျ်ားလေးတစ်ယောက်နဲ့ လက်ထပ်ထားသည်မှာ ရယ်စရာ ကောင်းမနေဘူးလား?သို့သော် သူကတော့ ထိုအကြောင်းကို ထုတ်မပြောဘဲ သူ့စိတ်ထဲတွင်သာ တွေးဝံ့ခဲ့သည်။ ရောက်လာသူအားလုံးသည် ထူးချွန်သူ သို့မဟုတ် မိသားစုကောင်းမှ ဖြစ်ကြရာ သူ အနှီစက်ဝန်းထဲမှ ဖယ်ထုတ်ခံရမည်ကို မလိုလားပေ။
ချူကျုံးဝမ်၏ခေါက်ယပ်တောင်သည် အဖွင့်အပိတ်လုပ်ပြီး ပြန်ဖွင့်ရင်းဖြင့် လျှပ်တစ်ပြက်အသံထွက်ပေါ်လာစေသည်။သူ ပြုံးပြပြီး "နောင်တော်လင်း မင်း တကယ်စိတ်လက်မသက်သာနေဘူးဆိုရင် ဘာလို့ ငါတို့နောက်ကို လိုက်နေမှာလဲ?"
လဲ့ယ်ရှန်းကျစ်က သူ့ပုခုံးပေါ်ပုတ်ပြီး လင်းချီယွမ်ကို ဖျတ်ခနဲ ပြုံးလိုက်ကာ "ကျွန်တော့်အစ်ကိုကြီးနဲ့ အကြီးဆုံးမရီးတို့ အိမ်မှာ မရှိရတဲ့ အကြောင်းရင်းက ကျွန်တော်တို့ အပြည့်အဝ အနားမယူရမှာကို စိုးရိမ်မိလို့လေ။နောင်တော်လင်းက ဒီလိုမျိုးဖြစ်နေရင် ကျွန်တော့်အစ်ကိုအကြီးဆုံးနဲ့ အကြီးဆုံးမရီးတို့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို အနိုင်ပိုင်းယူလိုက်သလိုပဲ။လာပါ...ကျွန်တော် ရှေ့ကို ခေါ်သွားပြပါ့မယ်။"
"သွားကြမယ် " မျက်ခုံးထူထူနှင့် မျက်လုံးကြီးကြီးများဖြင့် ပုချင်းယွမ်သည် ပထမဆုံးသဘောတူခဲ့သည်။သူ လဲ့ယ်ရှန်းကျစ်၏ပခုံးကို သာမန်ကာလျှံကာ တင်ကာ ရှေ့သို့ လျှောက်သွားခဲ့သည်။
အခြားသူများကလည်း နောက်ကလိုက်ပါသွားကြသည်။လူတစ်စုက ရယ်ရယ်မောမော ပြောဆိုနေကြ၏။
လင်းချီယွမ်လည်း သူ့စိတ်နေစိတ်ထားကို ပြုပြင်ပြောင်းလဲလိုက်ပြီး သူတို့နောက်ကို အမြန်လိုက်သွားခဲ့သည်။
ချူကျုံးဝမ်ကတော့ အံ့သြတကြီးမျက်လုံးများဖြင့် တံတားအဆုံးရှိ မက်မွန်ပွင့်များကို ကြည့်ကာ သဘောကျနေမိ၏။ "နောင်တော်လဲ့ယ်...မင်းအစ်ကိုအကြီးဆုံးနဲ့ အကြီးဆုံးမရီးက သီးပင်စားပင်တွေကို ပြုစုတဲ့နေရာမှာ တကယ်တော်ကြပုံရတယ်။"
"ဘာလို့ဒီလိုပြောတာလဲ?" လဲ့ယ်ရှန်းကျစ်သည် ရုတ်တရက် အဘယ်ကြောင့် ဤကဲ့သို့ ကောက်ချက်ချလာသည်ကို နားမလည်။
ချူကျုံးဝမ်သည် သူ့မျက်လုံးရှေ့ရှိ ထောင့်ဖြတ် ဖြန့်ကျလျက်ရှိသော မက်မွန်ကိုင်းကို ညွှန်ပြလိုက်သည်။ "အိမ်မှာ မက်မွန်ပင်တွေ အများကြီးရှိတယ်။ဒီနှစ်မှာ ပန်းတွေ တောက်ပစွာ ပွင့်နေပေမယ့် မင်းအစ်ကိုကြီးရဲ့အပင်တွေလောက်တော့ မကောင်းဘူး။မက်မွန်ပွင့်တွေကို သေချာကြည့်လိုက်...ပန်းပွင့်ချပ်တွေက နူးညံ့ပြီး ရင့်သန်တယ်။ပန်းပွင့်ကို ညှစ်လိုက်ရင် အရည်တွေကို တွေ့ရလိမ့်မယ် ဒါက အစိုဓာတ်ပါဝင်မှု မြင့်မားနေတာကို ပြနေတာပဲ။သူတို့ စိုက်ထားတဲ့ မက်မွန်ပင်တွေက သီးလာရင် အရမ်းမွှေးမယ်ဆိုတာ သေချာပေါက်ပြောနိုင်တယ်။"
တခြားသူတွေကလည်း ခေါင်းညိတ်လိုက်ကြ၏။
"မက်မွန်ပွင့်တွေတင် မကပါဘူး" ပညာအရှိဆုံး အသွင်အပြင်ရှိသော ပညာရှင်တစ်ဦးက အဝေးကိုညွှန်ပြပြီး "အဲဒီက ဇီးသီးနဲ့သစ်တော်သီးပင်တွေကလည်း ရင့်သန်နိုင်စွမ်းအလွန်ကြွယ်ဝတယ်။အဲဒါတွေကို မြင်နေရတာ စိတ်တောင် တက်ကြွသွားစေတယ်။"
လဲ့ယ်ရှန်းကျစ်သည် လျှို့ဝှက်ချက်ကို မသိခဲ့ချေ - ချင်မျန်သည် ရေကန်ထဲသို့ ဝိညာဉ်စမ်းရေကို လျှို့ဝှက်ထည့်ထားပြီး ထိုရေကန်ထဲမှ ရေများဖြင့် ခြံမှ သီးပင်စားပင်များ၊ ပန်းပင်များနှင့် ဟင်းသီးဟင်းရွက်များကို ရေလောင်းပေးခြင်းကြောင့် ဤအသီးအနှံသစ်ပင်များသည် သဘာဝအတိုင်း ရင့်သန်နိုင်စွမ်းအပြည့်ရှိနေလေသည်။
သူ ရယ်ပြီး "ဒီကသီးပင်စားပင်တွေ အားလုံးကို ကျွန်တော်တို့ရွာက ဦးလေးတစ်ယောက်က စီမံခန့်ခွဲပေးတယ်"
ချူကျုံးဝမ် လဲ့ယ်ရှန်းကျစ်ကို ပြောလိုက်၏။ "အိမ်ကအဘွားက မက်မွန်သီးကို အကြိုက်ဆုံးပဲ။သစ်သီးပေါ်ချိန်ကျရင် ဒီကနေ ဝယ်ရမယ်။"
လဲ့ယ်ရှန်းကျစ် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး "ဒါက လောလောဆယ် ပြောဖို့ခက်တယ်။ဒီအသီးအနှံပင်တွေကို တခြားမှာ သုံးမယ်လို့ မရီး ပြောတာကို ကြားဖူးတယ်။ဒါပေမယ့် နောင်တော်အတွက် ကျွန်တော် သူ့ကိုပြောကြည့်ပေးပါ့မယ်။"
"ဒါဆို ကျေးဇူးအများကြီးတင်ပါတယ်။" ချူကျုံးဝမ် ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်၏။
"ငါတို့ ဘာလို့များ သစ်သီးတွေအကြောင်းပဲ ပြောနေကြတာလဲ?ပန်းတွေကိုကြည့်....ပန်းတွေကိုကြည့်,ကြည့်စမ်း။" ပုချင်းယွမ်သည် ပန်းခင်း၏အစွန်းတွင်ရပ်ကာ "မြန်မြန်လာ...ဒီကိုလာကြည့်။ဒီပန်းတွေက အရမ်းကို အပွင့်လှိုင်နေတာပဲ"
ထူးချွန်ထက်မြက်သည့် ပညာရှင်တစ်ဦး လျင်မြန်စွာ လျှောက်လာကာ "လူတိုင်း.....ဒီနေရာက ရှုခင်းတွေက အရမ်းလှလွန်းလို့ ဒီနွေဦးရှုခင်းကို ငါတို့ လက်မလွှတ်သင့်ဘူး။တေးကဗျာတွေ အပြိုင်ဖွဲ့ကြမလား?"
အဲ့ဒီနေရာမှာ ပန်းတွေကြည့်ရင်း ကဗျာတွေ အပြိုင်သီဖွဲ့နေတဲ့ ပညာရှင်အနည်းငယ်ကို မေ့ထားလိုက်ပါတော့။
ချင်မျန်နှင့် လဲ့ယ်ထျဲတို့ကတော့ သူတို့ အသစ်ဝယ်ထားသော 15 မူ မြေကွက်အတွက် ပဏာမအစီအစဉ်တစ်ခု ရေးဆွဲနေခဲ့သည်။သူတို့နေထိုင်ရာခြံဝန်းတုန်းကကဲ့သို့ပင် ဧရိယာတစ်ခုစီကို အမှတ်အသားပြုရန် အကိုင်းအခက်များကို အသုံးပြုထားပြီး ဆောက်လုပ်ရေးပစ္စည်း အမျိုးမျိုးကို ဝယ်ယူပြီးမှသာ စတင်ဆောက်လုပ်နိုင်မည်ဖြစ်၏။ အလုပ်ပြီးတာနဲ့ စားသောက်ဆိုင်ကို သွားကြည့်ကြပြီး ထို့နောက် အိမ်ပြန်ကြလေ၏။
ချင်မျန်က မြင်းစီးရသည်ကို အလွန်သဘောကျ၏။လဲ့ယ်ထျဲ မြင်းပေါ်မှခုန်ဆင်းကာ သူ့နောက်တွင် ထိုင်လိုက်သည်။
နောက်မှလိုက်လာသော တွန်းလှည်းအလွတ်ကို မောင်းနှင်နေသည့် ရှီလမှာတော့ ဆွံအလျက်သား။
သူ့သခင်နှစ်ယောက်က သူ့ကို "လှည်း" မောင်းရုံသက်သက် ခေါ်လာတာများလား?
တောင်စိမ်းကျေးရွာ အဝင်ဝတွင် မြင်းရထားနှစ်စီးသည် ရွာအပြင်ဘက်သို့ မျက်နှာမူထားသည့်လမ်းဘေးတွင် ရပ်ထားသည်။ရထားဘေးတွင် လူပေါင်းများစွာ ရပ်နေ၏။
Advertisement
လဲ့ယ်ရှန်းကျစ်မှ သူ့ကျောင်းနေဖက်တွေကို အပြန်လိုက်ပို့နေခြင်းသာ။
မြင်းခွာသံကြားတော့ လူတွေက သိလိုစိတ်ဖြင့် လှည့်ကြည့်လိုက်ကြသည်။
မြင်းညိုလေးသည် သူတို့ဆီသို့ ပြေးလာကာ ချင်မျန်သည်လည်း မြင်းကို တစ်ကျန်းအကွာအဝေးတွင် ကျွမ်းကျင်စွာ ရပ်လိုက်သည်။
"ရီး.....ပဉ္စမမြောက်ညီငယ်"
လဲ့ယ်ရှန်းကျစ်က "မရီး....ပြန်လာပြီလား?"
ချင်မျန် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
"အင်း"
လဲ့ယ်ထျဲကတော့ လူအုပ်ကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။ထို့နောက် သူ ချင်မျန်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ဇက်ကြိုးကို ခါလိုက်၏။မြင်းညိုလေးသည် ခြံထဲသို့ ပြေးဝင်သွား၏။
ရှီလလည်း ကတိုက်ကရိုက် လိုက်လာလေသည်။
ချူကျုံးဝမ်၏မျက်နှာထက်တွင် အနည်းငယ် အံ့သြရိပ်ထင်နေသေးသည်။သူ လဲ့ယ်ရှန်းကျစ်ဘက်လှည့်ပြီး မေးလိုက်၏။ "နောင်တော်လဲ့ယ် မင်းရဲ့အစ်ကိုအကြီးဆုံးနဲ့ အကြီးဆုံးမရီးက ဒီကတောသူတောင်သားတွေနဲ့ မတူဘူးနော်"
အထူးသဖြင့် နောက်ကျောမှလူထံမှ ပြင်းထန်သောအရှိန်အဝါနှင့် လျစ်လျူရှုတတ်သော အကြည့်တစ်ချက်...ပြင်းထန်ပြီး လွှမ်းမိုးချုပ်ကိုင်မှုအပြည့်ရှိနေလျက် တစ်ချိန်က စစ်မြေပြင်တွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ဖူးသော စစ်ဗိုလ်ချုပ်တစ်ယောက်ကဲ့သို့ပင်။
ပုချင်းယွမ်သည်လည်း ပါးစပ်အဟောင်းသားဖြင့် သူတို့ထွက်ခွာသွားသည့်လမ်းကြောင်းကို ကြည့်လိုက်သည်။သူ လဲ့ယ်ရှန်းကျစ်ပုခုံးကို ပုတ်ပြီး တိုးတိုးလေးပြောလိုက်သည်။ "ဟေ့...မင်းရဲ့အစ်ကိုအကြီးဆုံးက နောက်ကျောဘက်က လူလား?မင်းရဲ့အစ်ကိုအကြီးဆုံးက မင်းရဲ့အစ်ကိုအရင်းလား?"
လဲ့ယ်ထျဲနှင့် လဲ့ယ်ရှန်းကျစ်တို့၏ စိတ်နေသဘောထားသည် တစ်မိသားစုတည်းက မဟုတ်ဟု၍ သူခံစားမိ၏။
လဲ့ယ်ရှန်းကျစ်ခင်ဗျာ ကူကယ်ရာမဲ့ ပြောလိုက်သည်။ "ဟုတ်ပါတယ်ဗျာ....သူက ကျွန်တော့်ရဲ့အစ်ကိုအကြီးဆုံးပါ။"
ခြံတံခါးဝတွင် ဦးလေးဖူသည် မြင်းခွာသံကိုကြားတော့ တံခါးကို ချက်ချင်းဖွင့်ပေးလိုက်သည်။
ချင်မျန် မြင်းပေါ်မှ သွက်သွက်လက်လက် ခုန်ဆင်းလိုက်ပြီး "ဦးလေးဖူ....ဒီနေ့ တစ်ခုခုဖြစ်ခဲ့သေးလား?"
ဦးလေးဖူက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ဖြေ၏။ "သခင်လေးကို ပြန်ဖြေပါတယ်...ဒီနေ့ပဉ္စမမြောက်သခင်လေးက သူတို့ကို ကောင်းကောင်းထိန်းနိုင်ခဲ့ပါတယ်။ပန်းတွေကိုကြည့်တယ်၊ ကဗျာရေးတယ်၊ စစ်တုရင်ကစားတယ်၊ ဖရဲသီးအစေ့တွေနဲ့ မြေပဲခွံတွေကို ဘယ်နေရာတိုင်းမှာမှ မပစ်သွားကြပါဘူး။"
"ဒါကောင်းတယ်။"
အိမ်ထဲ၌ သန့်ရှင်းရေးလုပ်ပြီးနောက် ခဏထိုင်လိုက်သည်။အိမ်ဟောင်း၌ ဧည့်သည်တွေ ထွက်သွားလောက်ပြီလို့ ယူဆပြီးနောက် ချင်မျန်နဲ့ လဲ့ယ်ထျဲတို့လည်း အဲဒီကို အတူတူသွားကြ၏။
လဲ့ယ်ချွင်းထောင်သည် ခြံဝင်းထဲတွင် ရပ်ကာ နှုတ်ခမ်းစူလျက် ပန်းတစ်ပွင့်ကို လက်ထဲတွင် ဆုပ်ကိုင်လို့ထားသည်။ချင်မျန် စူးစမ်းလိုစိတ်ဖြင့် လျှောက်လာ၏။
"ဘာများဖြစ်နေလို့လဲ ညီမလေး?"
"အစ်ကိုတို့ နှစ်ယောက် ရောက်လာတာလား?ညီမလေး ဘာမှမဖြစ်ပါဘူး။"
လဲ့ယ်ချွင်းထောင်၏ကျက်သရေရှိသည့် မျက်နှာလှလှထက်တွင် မျက်ခုံးများထိလုမတက်ဖြစ်နေပြီး နှုတ်ခမ်းမှာ ပို၍ စူထွက်လာကာ အလွန်ဝမ်းနည်းနေသည့်ဟန်လည်း ပေါ်နေ၏။
ချင်မျန် အိမ်ထဲသို့ ဝင်သွားသည်နှင့် လဲ့ယ်ရှန်ကျစ်သည်လည်း အားကိုးရာမဲ့ အမူအရာမျိုး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။သူ ပိုလို့တောင် အံသြသွား၏။
တုရှီ စားပွဲကို လက်ဖြင့်ပုတ်ကာ "ဒီအမေက သူ့အကျိုးအတွက်လုပ်တာ မဟုတ်ဘူးလား?"
"ဘာဖြစ်နေလို့လဲ?" ချင်မျန် လဲ့ယ်ရှန်းလီကို အသံတိုးတိုးဖြင့် မေးလိုက်သည်။
လဲ့ယ်ရှန်းလီက "ပဉ္စမမြောက်ညီရဲ့ ကျောင်းနေဖက်တွေက ချောမောခန့်ညားပြီး အလွန်လည်း ထက်မြက်ကြတယ်လေ။သူတို့နှစ်ယောက်က ပညာသင်ကြားရေးမှာလည်း ထူးချွန်ကြပြီး မိသားစုနောက်ခံကောင်းတွေ ရှိတယ်"
ရှင်းမပြရင်တောင် ချင်မျန် နားလည်နေပြီ။တုရှီသည် ထိုပညာတော်သင်များထဲမှ သားမက်တစ်ဦးကို ရွေးချယ်လိုကြောင်း အသံထွက်ပေါ်လာခြင်းသာ။
"အစ်မက ချွင်းထောင်အတွက် စဉ်းစားပေးနေတာ ညီမလေးတို့ သိပါတယ်။ဒါပေမယ့် သခင်လေးနှစ်ယောက်က သူတို့မိသားစုက သူတို့အတွက် အိမ်ထောင်ရေးကို စီမံပေးလိမ့်မယ်လို့ ပြောခဲ့တယ်မလား။ဒီအတိုင်း ဇွတ်တရွတ်ဝင်စွတ်ဖက်လိုက်ရင် ထိခိုက်နာကျင်ရမှာက ချွင်းထောင်ကိုယ်တိုင်ပဲလေ။မိန်းကလေးတစ်ယောက် ဘဝသစ်ထူထောင်တယ်ဆိုတာက သူတို့အတွက် ဒုတိယဘဝပဲ။တစ်ချက်ကလေး မှားသွားရင် မိန်းကလေးဘက်က တစ်သက်လုံး ပျက်စီးသွားရလိမ့်မယ်။ယောကျ်ားရော...ဘယ်လိုထင်လဲ?"
ဝေရှီ လက်ဖက်ရည်သောက်ရင်း ဖြည်းညှင်းစွာပြောလိုက်သည်။သတင်းမကြားရသည့်အတောအတွင်း ဝေရှီး၏အင်အားသည်လည်း တိုးလာခဲ့သည့်ပုံ။
အစပိုင်းတွင် လဲ့ယ်တာချန်သည်လည်း အနည်းငယ် သွေးဆောင်ခံခဲ့ရသည်။ဒါပေမယ့် ဝေရှီ၏စကားကိုကြားတာနဲ့ သူ့အမူအရာမှာ ပြောင်းသွားပြီး ချက်ချင်း စိတ်ပြောင်းသွားကာ "ဝေအာ ပြောတာမှန်တယ်။ဒီကိစ္စ မဖြစ်နိုင်ဘူး။"
တုရှီက ထေ့ငေါ့သောလေသံဖြင့် "ရှင်က သူ့ကိုပဲ မျက်လုံးထဲမှာ ထည့်ထားတယ်။ဒါကြောင့်မို့ သူပြောသမျှ မှန်တယ်ပေါ့။ချွင်းထောင်က သူ့သမီးမဟုတ်ဘူးလေ..ချွင်းထောင်အတွက် သေချာပေါက် ကောင်းကောင်း ဘယ်တွေးပေးပါ့မလဲ!"
ဝေရှီ၏မျက်နှာသည် ဖြူဖျော့လာပြီး နှုတ်ခမ်းဖျားများ တုန်ရီလာ၏။သူမ နှုတ်ခမ်းကိုကိုက်ပြီး လဲ့ယ်တာချန်ကိုကြည့်ကာ "ယောက်ျား......ကျွန်မ...အဲ့လိုမဟုတ်ပါဘူး..."
ထို့နောက် ချက်ချင်းပင် သူမသည် လဲ့ယ်ရှန်းကျစ်ဘက်သို့ လှည့်ကာ စိတ်အားထက်သန်စွာပြောလိုက်သည်။ "ပဥ္စမမြောက်.... မင်းက ဥာဏ်ကောင်းတဲ့သူတစ်ယောက်ပါ။အခု မေမေလေးပြောခဲ့တာက ချွင်းထောင်ရဲ့အကျိုးအတွက်ပဲလေ"
တုရှီ၏အမူအရာမှာ အလွန်ပြောင်းလဲသွားသည်။
နင်ကများ..မိုက်မဲတဲ့ ဝေရှီး... ငါ့သားကို နင့်ဘက် ဆွဲချင်နေတာပေါ့!
ချင်မျန် သူတို့ထဲမှ တစ်ယောက် သို့မဟုတ် နှစ်ယောက်လုံးကို ရန်စရန် မလွယ်ကူပုံပေါ်ကြောင်း တိတ်တဆိတ် ညည်းတွားမိသည်။
ပြသာနာတက်နေတဲ့ အရပ်မှာ ကြာကြာမနေသင့်ဘူး။သူ မြန်မြန်စကားဖြတ်ပြီး "အဟွတ်.... ပဉ္စမမြောက်ညီက နှစ်ရက်အတွင်း စာမေးပွဲဖြေဆိုဖို့ စီရင်စုဌာနကို သွားရမယ်မလား။အကုန်လုံး ပြင်ပြီးသွားပြီလား?"
တုရှီ သူမ၏စိတ်ကို ဖြေလျှော့ကာ ပြောလိုက်သည်။ "အားလုံး အဆင်သင့်ဖြစ်ပြီ"
ချင်မျန်က "ကျွန်တော်တို့ ချင်းထျန်းစီရင်စုရဲ့ စီရင်စုဗဟိုဌာနကိုသွားဖို့ဆို နှစ်ရက်သုံးရက်စာလောက် ဝေးတယ်။သွားရမယ့်လမ်းကလည်း ရှည်တယ်။မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့သူတွေကြောင့် ဒုက္ခရောက်ရမှာကိုလည်း စိုးရိမ်မိတယ်။ကျွန်တော် အားထျဲနဲ့ ဆွေးနွေးပြီးပါပြီ။ပဉ္စမမြောက်ညီကို လူကိုယ်တိုင်လိုက်ပို့ဖို့ ရည်ရွယ်ထားပါတယ်"
ဝေရှီသည် ချင်မျန်နှင့်လဲ့ယ်ထျဲကို စိုက်ကြည့်ကာ ငေးကြည့်နေမိသည်။လောင်တာ့နဲ့ သူ့မိန်းမက ဒီညီအငယ်ဆုံးကို ဂရုစိုက်တာပဲ။
လဲ့ယ်တာချန်နှင့်တုရှီ နှစ်ယောက်လုံးသည် သူတို့၏မျက်နှာပေါ်တွင် အံ့သြတကြီးအပြုံးမျိုး ပေါ်သွားခဲ့ကြသည်။
"ကောင်းတယ်....ကောင်းတယ်။" လဲ့ယ်တာချန် လဲ့ယ်ထျဲကို သဘောကျစွာ ကြည့်လိုက်သည်။သူ့မျက်လုံးတွေက ကျေနပ်အားရမှု အပြည့်ရှိနေကာ သနားကြင်နာတတ်သောဖခင်၏သဘောထားကို ခံယူလျက် ပြောလိုက်သည်။ "လောင်တာ့... မင်းတို့နှစ်ယောက်က ကောင်းကောင်းစီစဉ်ထားတာပဲ။ပဥမမြောက်ညီက မင်းရဲ့ အငယ်ဆုံးညီလေးပဲ။ဒါက မင်းနဲ့ မင်းရဲ့ဇနီး အတိအကျလုပ်ပေးသင့်တဲ့ ကိစ္စပဲပေါ့။"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
"ဘယ်တော့လာကြမှာတဲ့လဲ?"
Advertisement
- In Serial220 Chapters
The Type Specialist
Alex wakes up in the world of Pokémon. Obviously, the next step is to become a Pokémon Trainer, but not just any Pokémon Trainer. Why should I be mediocre with every type when I can be an expert in one? The Type Specialist is my first attempt to write a fiction. It is solely about travelling the world and building a strong team. Don't expect a solid plotline outside of Alex taking on the Gym Challenge and dealing with small problems that pop up here and there. Updates 5 times a week, every weekday until caught up.
8 142 - In Serial9 Chapters
The Twilight Zone (An Isekai GameLit)
Upon hearing a voice, Sakuta awoke to find himself on a wagon with no memories of where he was or how he had gotten there. With him were others who also remembered little more than their own names. When this group of strangers are suddenly attacked by beast-like creatures, they quickly come to realize that this world they found themselves in was the farthest thing from normal. In order to survive, they are given no choice other than to join the only paying job available for them in this world--the role of a vanguard in the Scouting Legion. Now, Sakuta must learn to fight and survive in this world where life and death was separated only by a thin line. All while seeking answers to the mystery behind everything, and the voice that brought him to this world... You can join my Discord here.
8 112 - In Serial24 Chapters
Divine Arts
The Divine Arts, said to be the path to immortality has been scattered around the world since the ancient times. Legend has it whoever can learn all 9 sets of Divine Arts can gain the key to become a God. Nine pieces lie in wait for its true master. Who will find it and eventually learn the 9 sets. Who will become the first God the world has not seen in hundreds of thousands of years.
8 144 - In Serial15 Chapters
Tales of the Legendary Scholar
They meet in the most unlikely moment and turned their life around. Freidrech newly arrived in his own nation's capital city, which is so foreign to him compared to his village's idyllic and nondiscriminatory atmosphere, after he is forced to come. Now, he is facing a royal prince and tells him to bow. This draws out one of his late father's teachings from the deepest recesses in his mind. "The blood of your great ancestors runs in your veins. Don't easily bow down to anyone, or accept suppression by any being, not even from a monarch, unless you pledge your allegiance to him. Also, giving in to oppression is directly telling the oppressor that you're easy prey and open for manipulation." He is uncertain on how to face this oppression right now. Will he bows or not? What will he do to uphold his father's words while keeping his life safe? As for the prince, Theodrech has nothing to do with Freidrech, so he wishes to let this slip, but the boy opens his mouth and proposes the most ludicrous challenge he ever heard and triggers his curiosity. "I, Freidrech Goederf Gerboud, son of the late Village Chief Louvel Gerboud of Wrilon, will challenge you, Your Highness, to a battle of riddles… If you win, I will not only bow but be your servant for the rest of my life." This amuses the prince. It is the first he met a boy of the same age who is not intimidated by the air of authority he projects. Rather, this boy challenges him. "Why are you so headstrong? In fact, bowing to me is an honor. You saw the King's noble Knights. When they saw me, they bowed," says Theodrech, testing Freidrech. "Allow me to be forward, Your Highness. For me, bowing to a monarch does not guarantee loyalty. If I were you, I rather have men who stand straight in my presence but who got my back, than bowing men who are dreaming of my death," replies Freidrech. The prince’s curiosity increases. A huge smile is seen on his face. Prince Theodrech decides to take Freidrech under his wing. Little did they know, this boy who Prince Theodrech takes in as his confidant and friend in the most ridiculous fashion is someone indispensable in his life and the one who can help him succeed the throne when he almost believes he has lost. Thus, the Tales of the Legendary Scholar begins. ------ o ------ Old Synopsis: A famous ancient adage stated, behind a successful man is a woman BUT… In these lands, the monarchs are seeking not a woman to stand behind them but the man hailed as the Legendary Scholar. However, this legendary figure starts off in life as a youngster of humble birth, a newly orphaned lad named Freidrech, who courageously faces the high-strung aristocrats and big-bellied bureaucrats in the kingdom.He is held in contempt as unscholarly, ignorant, and a plebeian from the hinterlands.But he proved them wrong.Not with an iron-clad fist of which he has none, but with his studious nature, ingeniousness, courage, wit, and honesty. Also, with the assistance of two ousted beings: a former aka 'great wizard', and a burly fairy. Follow Freidrech’s adventures, on how he wins the heart of the future king of Xaeviel, befriends outlaws, prevents the people from being slaughtered from an unknown plague, rerouting the enemies’ attacks when reinforcements are denied, secures Prince Theodrech’s claim to the throne in the midst of utter despair, and many more.
8 238 - In Serial74 Chapters
Shayaris & Quotes
Highest Rank #4 in Poetry...Shayaris and Quotes for people who like to express their feelings silently...
8 129 - In Serial33 Chapters
The Betrayed Pilot (Titanfall x RWBY)
Five years of servitude to the IMC, five long years until I decided to leave them for a better life. But instead of what you would of expect of other pilots, where they would of joined the Frontier Militia, I had the chance to join the Apex Predator, so i took the chance and joined them. And my first assignment is under Kuben Blisk, to protect the IMC's new fold weapon. Let's hope everything goes to plan.I don't own anything, but my own characters, Titanfall is owned by EA, and Rooster Teeth owns RWBY, and the cover is by Sanderson on Pixiv, I hope you enjoy this story, and if you have any problems, then just tell me and I'll address them immediately.(#1 pilot 12/16/2020))(#3 titanfall2 (12/16/2020))(#1 rubyrose (1/4/2021))(#2 velvet (4/6/2021))
8 192