《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[83]
Advertisement
[Unicode]
083: စီရင်စုဗဟိုဌာနချုပ်သို့ သွားလေပြီ
လဲ့ယ်ထျဲတစ်ယောက် ဟိတ်ဟန်ကြီးကြီးဖြင့် ထိုင်ချလိုက်ရင်း ချင်မျန်ကိုသာ သူ့မျက်လုံးများဖြင့် စိုက်ကြည့်နေလိုက်သည်။လဲ့ယ်တာချန်၏စကားများကို သူ မကြားသလိုပင် တုံ့ပြန်မှုလည်း မပေးပေ။
သူ့သားကို ဆုံးရှုံးလိုက်ရသလို့ ခံစားလိုက်ရတဲ့အတွက် လဲ့ယ်တာချန်ရဲ့မျက်လုံးတွေထဲ၌ ဆုံးရှုံးမှုတစ်ရပ်ရှိနေ၏။
"ဟုတ်တယ်...ဟုတ်တယ်။ပဥမမြောက်.....မင်းရဲ့အစ်ကိုအကြီးဆုံးက ကွန်ဖူးတတ်တယ်။မင်းကို လိုက်ပို့ပေးရင် အမေ ပိုစိတ်ချရလိမ့်မယ်" တုရှီသည် လဲ့ယ်ရှန်းကျစ်ကို ချစ်ခင်မြတ်နိုးစွာ ကြည့်နေသည်။
လဲ့ယ်ရှန်းကျစ်လည်း အလွန်ပင် ဝမ်းပမ်းတသာဖြစ်သွားပြီး "အစ်ကိုကြီးနဲ့မရီးတို့ရဲ့လုပ်ငန်းကို နှောင့်နှေးသွားစေမယ် မဟုတ်ဘူးလား?"
"စိတ်မပူပါနဲ့...အားလုံးစီစဉ်ပြီးပြီ။ငါလည်း ခရိုင်ကို တစ်ခါမှ မရောက်ဖူးဘူး။မင်းရဲ့အစ်ကိုအကြီးဆုံးက ငါ့ကို အလည်ခေါ်သွားပေးမယ်လို့ ပြောတယ်။မင်းကိုပါ တစ်ခါတည်းလိုက်ပို့ပေးတာက အဆင်ပြေတဲ့ ကိစ္စပဲလေ” ချင်မျန် ပြုံးလျက်ပြောရင်း လဲ့ယ်ထျဲကိုလည်း တစ်ချက်ကြည့်လိုက်သည်။
လဲ့ယ်ရှန်းကျစ်လည်း မတ်တပ်ထရပ်ပြီး “ကျေးဇူးအများကြီးတင်ပါတယ်။ ရိုးရိုးသားသားပြောရရင် စာမေးပွဲကာလတွေမှာ စာဖြေသူတွေကို အခက်အခဲတွင်းထဲ ကျရောက်အောင် လုပ်တတ်တဲ့ ဓားပြတွေ ရှိတယ်လို့ ဆရာက အထူးတလည်ပြောဖူးတယ်။လမ်းမှာ သတိမူနေဖို့ ပြောခဲ့ပြီး အိမ်တော်မှအစောင့်လေးယောက်နဲ့ လိုက်ပို့ပေးဖို့တောင် စီစဉ်ပေးထားသေးတယ်။လောင်တာ့နဲ့ မရီးတို့တွေပါ ပါမယ်ဆိုတော့ ဒီညီငယ် ပိုပြီး စိတ်သက်သာရတာပေါ့။”
လဲယ်ထျဲ ပိုက်ဆံအိတ်ကိုထုတ်လိုက်ပြီး “ဒါက ငွေ ၁၀ ချောင်း... မင်းလက်ထဲမှာ သိမ်းထားလိုက်ပါ”
လဲ့ယ်တာချန်နဲ့ တုရှီတို့မှာ ပိုလို့တောင် ကျေနပ်သွားပုံရ၏။
"ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီး" လဲ့ယ်ရှန်းကျစ်လည်း မငြင်းနေပေ။
လဲ့ယ်ရှန်းရန် ခေါင်းကုတ်လိုက်မိသည်။လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ ကြိုးကြိုးစားစားစာသင်ခဲ့လျှင် လဲ့ယ်ထျဲက သူ့အား ငွေပေးလိမ့်မည်မှာ အမှန်။သူ့မျက်လုံးများသည် လဲ့ယ်တာ့ပေါင်းဆီသို့ အမှတ်မထင် ဖြတ်ခနဲရောက်သွားကာ နှိုးဆော်မှုတစ်ရပ် ရခဲ့လေသည်။
'သူ့သားလေး တာ့ပေါင်းက အခုနှစ်ဆို ခြောက်နှစ်ရှိပြီပဲ...ဉာဏ်ပွင့်ချိန်ရောက်ပြီ။'
သူ့မျက်လုံးများသည် ဝေ့ရှီးအပေါ်သို့ ယောင်ဝါးဝါးကျမသွားခင် တုရှီနှင့် လဲ့ယ်တာချန်တို့ထံ ခပ်စိုက်စိုက် စိုက်ကြည့်သွားလေသည်။
ကိစ္စပြီးသွားတော့ ချင်မျန်နဲ့ လဲ့ယ်ထျဲတို့လည်း ထပြီး ပြန်ထွက်သွားကြ၏။
“အမေ...” လဲ့ယ်ရှန်းရန်သည် တုရှီဘက်သို့သွားကာ ပါးစပ်ကိုဖွင့်ပြီးမှ ပြန်ပိတ်လိုက်သည်။အခု သူ့ပါးစပ်ကို ဖွင့်ဖို့ မသင့်တော်ကြောင်း သူ့ကိုယ်သူ ထင်မိလိုက်၏။
စာမေးပွဲခန်းဝင်ရမည့် ညီလေးငါး၏စွမ်းဆောင်ရည်ကို ထိခိုက်စေမည့် မနှစ်မြို့ဖွယ်ကိစ္စမျိုးဖြစ်သွားပါက ၎င်းကိစ္စသည် မိမိအပေါ် တစ်သက်လုံးအနိုင်ယူသွားပေမည်။
"ဘာလဲ?" တုရှီ မျက်မှောင်ကြုတ်လိုက်သည်။
ဒီသားက ပိုပိုပြီး အနေအထိုင်မတတ် ဖြစ်လာသလို။
မနေ့က လောင်စန်းက လောင်အာ့အတွက် မြို့မှာ အလုပ်ရှာတွေ့တယ်လို့ ပြောတာကြောင့် သွားလုပ်ခိုင်းပေမယ့်လည်း ပျင်းရိနေခဲ့လို့ နှင်ထုတ်ခံလိုက်ရတယ်လေ။ဒါ့ကြောင့် အိမ်ကို ပိုက်ဆံပြန်မသွင်းနိုင်ခဲ့ဘူး!
“ဘာမှမဟုတ်ပါဘူး။ကျွန်တော် အမေ့ကို ခေါ်ကြည့်တာပါ။" လဲ့ယ်ရှန်းရန်သည် သူမထံသို့ ချဉ်းကပ်လာရင်း ပြုံးလျက် နောက်ကျောကို နှိပ်ပေးလိုက်သည်။
ချင်မျန်နှင့် လဲ့ယ်ထျဲတို့ကတော့ အိမ်ဟောင်းတွင် မကြာမီ နောက်ထပ်မုန်တိုင်းတစ်ခု ရောက်ရှိလာတော့မည်ကို မသိခဲ့ကြပေ။သူတို့ လမ်းလျှောက်ရင်း စကားစမြည်ပြောဖြစ်ကြ၏။
"အိမ်ဟောင်းလေးကတော့ အများကြီးပြောင်းလဲသွားတယ်နော်။" ချင်မျန်သည် လမ်းပေါ်ကကျောက်ခဲကို လမ်းဘေးရှိ မြက်ခင်းပြင်ထဲသို့ ပစ်ကန်လိုက်သည်။
အိမ်ဟောင်းတွင် အိမ်ခြံဝန်းထဲက ကြက်/ဝက် ခြံတွေလည်း မရှိတော့ချေ။အိမ်နောက်ဘက်သို့ ပြောင်းရွှေ့သွားလေသည်။ခြံဝင်းအတွင်း တစ်ဖက်၌ အနီရောင်အုတ်ဖြင့် အခန်းလေးခန်းဖွဲ့ပေးထားပြီး လူဝင်ထွက်နိုင်ရန် အလယ်တွင် ဟင်းလင်းပြင်တစ်ခုလည်း ဆောက်လုပ်ပေးထားသေးသည်။ယင်းတို့ထဲတွင် ဝေ့ရှီး၏ပံ့ပိုးကူညီမှုများလည်း များစွာပါဝင်၏။တစ်ချိန်က သူမသည် လဲ့ယ်မိသားစုတွေကို ငွေရှာနိုင်ရန်နှင့် အမြတ်အနည်းငယ်ရရန် စိတ်ကူးတစ်ခု ပေးခဲ့သည်ဟု ဆို၏။ထို့ကြောင့်လည်း လဲ့ယ်တာချန်က အခန်းလေးခန်းကို တည်ဆောက်ရန် ငွေကိုအသုံးပြုခွင့်ပေးခဲ့သည်။လဲ့ယ်ရှန်းရီတို့ဇနီးမောင်နှံသည် အခန်းသစ်ကို ရခဲ့ပြီး ၎င်းတို့၏မူလအခန်းကို တော့ ဝေရှီက အပိုင်ရသွားလေသည်။နောက်ဆုံးတွင် ဝေရှီသည် တုရှီနှင့် တစ်ခန်းတည်းနေရန် မလိုအပ်တော့ပေ။
လဲ့ယ်တာချန်ကတော့ ရွာတွင် ဇနီးနှစ်ယောက်ရှိသည့် တစ်ဦးတည်းသောသူ ဖြစ်သောကြောင့် သူ့ကိုယ်သူ အလွန် ဂုဏ်ယူနေခဲ့သည်။တုရှီနဲ့ တစ်ညအိပ်ချင်ရင် တုရှီရဲ့အခန်းသို့ သွား၍ရပြီး ဝေရှီနဲ့ ညအိပ်ချင်လျှင်တော့ ဝေရှီရဲ့အခန်းကို သွားအိပ်နိုင်ပေသည်။ ရံဖန်ရံခါ အမျိုးသမီး နှစ်ယောက်က သူ့အတွက် ရန်ဖြစ်တတ်သေးသည်။
သူသည်ကား မိန်းမတစ်ယောက်နှင့်ကိုယ်လုပ်တော် တစ်ယောက်ထားပြီး ပျော်ရွှင်ဖွယ်ကံကြမ္မာကြား ပျော်မွေ့နေကြောင်း ရွာသားတွေက သူ့ကို ဟာသလုပ်ပြောကြသော်လည်း သူကတော့ အလွန်ဂုဏ်ယူနေကာ နှာခေါင်းပေါက်မှာ ကောင်းကင်ထက်သို့ ပင့်မောက်သွားခဲ့သည်။
အခန်းသုံးခန်းအနက် အခန်းတစ်ခန်းသည် လဲ့ယ်ရှန်းကျစ်၏လက်ထပ်မှုအတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်၏။အခန်းပုံစံမှာ အခန်းတစ်ခုနှင့်တစ်ခု နှစ်ခန်းနှုန်းထားဖြင့် ချိတ်ဆက်ထားသည်။အကြီးသည် လဲ့ယ်ရှန်းကျစ်၏အိမ်ထောင်ရေးအတွက်ဖြစ်ပြီး အသေးမှာ လဲ့ယ်ရှန်းကျစ်၏စာပေလေ့လာမှုအတွက် ဖြစ်သည်။
လဲ့ယ်ထျဲက ခပ်တိုးတိုးဖြင့် “သူတို့ လာရန်မစသရွေ့ပဲ”
"ဒါပေါ့လေ။"
ချင်မျန်သည် လဲ့ယ်တာချန်ကို အခြားမိန်းမတစ်ယောက်နှင့် လက်ထပ်ပေးရန် စိတ်ကူးကို သဘောကျခဲ့သည်။အချိန်အတော်ကြာအောင် စောင့်ကြည့်လိုက်တော့ လဲ့ယ်တာချန်နဲ့တုရှီ နှစ်ယောက်စလုံးသည် မျက်စိဆံပင်မွေးစူးစရာတော့ ဖြစ်မလာခဲ့ပေ။
လဲ့ယ်ထျဲကတော့ သူ့(ချင်မျန်)မျက်လုံးတွေ တောက်ပနေတာကို သဘောကျ၏။သူ့လက်ကို ကိုင်ကာ နေဝင်ချိန် အလင်းရောင်အောက်တွင် အိမ်ပြန်ခဲ့ကြသည်။
ထွက်ခွာမည့်နေ့တွင် ချင်မျန်နှင့်လဲ့ယ်ထျဲတို့ နံနက်စောစောထကာ ပေါ့ပေါ့ပါးပါးစားသောက်ရန်အတွက် ခေါက်ဆွဲချက်လိုက်ကြပြီး ထုပ်ပိုးထားသောအိတ်ကို မြင်းရထားပေါ်တင်ကာ တံခါးပေါက်အဝင်ဝကိုသေချာစောင့်ကြပ်ထားရန် ရှီလနှင့် အခြားလူတွေကို မှာခဲ့လိုက်သည်။သူတို့ အိမ်မှာမရှိပါက မည်သူကိုမှ ဝင်ခွင့်မပြုထားတာ ပိုကောင်းပေမည်။အိမ်ဟောင်းကလူတွေ အထူးသဖြင့် တုရှီ၊ လဲ့ယ်တာချန်၊ လဲ့ယ်ရှန်းရန်နဲ့ ကျိုးရှီတို့ပင်။
Advertisement
နွေဦးလေညင်းလေးမှာ အေးစက်စက်ရှိလှသည်။တိုက်ခတ်လာသော လေပြင်းများက မျက်နှာကို အေးခဲသွားစေသည်။ရှေးခေတ်စာသင်သားများအတွက် အသိပညာရှာရန် မလွယ်ကူကြောင်း ချင်မျန် မြည်တမ်းမိခဲ့သည်။စီရင်စုခရိုင်စာမေးပွဲကို စီရင်စု တရားသူကြီးက ဦးစီးဆောင်ရွက်ကြောင်း သိရှိခဲ့ရသောကြောင့် ခရိုင်တစ်ခုတည်းရှိ မြို့တစ်ခုစီမှ စာသင်သားများသည် စာမေးပွဲဖြေဆိုရန် စီရင်စုဗဟိုဌာနသို့ အပြေးအလွှားသွားရလေသည်။ယင်းမှာ ကျုံးယန်မြို့နှင့် အတော်လေး နီးကပ်လှပြီး ထိုနေရာသို့ ရောက်ရန်မှာ နှစ်ရက် သို့မဟုတ် သုံးရက်သာ ကြာမြင့်လေသည်။ဝေးလံခေါင်သီသော တခြားမြို့များမှ ကျောင်းသားများသည် မြင်းရထားဖြင့် သွားပါမှ လေးရက်မှ ငါးရက်အထိ ကြာတက်ကြသည်။
ထိုအချိန်တွင် အရှေ့ဘက်ကောင်းကင်ယံ၌ စကျင်ကျောက်ဖြူရောင်သာရှိနေသော်လည်း မြို့ထဲသို့ရောက်သောအခါတွင်တော့ လင်းထိန်လာမည်မှာ သေချာသည်။
လဲ့ယ်ရှန်းကျစ်လည်း အစောကြီးထပြီး ထမင်းကြော်စားနေ၏။ကျန်တဲ့ မိသားစုတွေလည်း ထပြီး သူနဲ့ အတူထိုင်ပေးကြသည်။
လဲ့ယ်ရှန်းကျစ်သည် သူ့အစ်ကိုအကြီးဆုံးနှင့် အကြီးဆုံးမရီးတို့ အစောကြီးရောက်လာသည်ကို မြင်လိုက်ရသောအခါ အလွန်စိတ်လှုပ်ရှားသွားရာ ထမင်းကြော်ကို မြန်မြန်လတ်စသတ်စားပြီး အိတ်ကို ယူကာ မြင်းလှည်းပေါ် တက်လိုက်၏။
လဲ့ယ်မိသားစုသည် မြင်းရထားလေး မြို့ထဲသို့ မောင်းသွားသည်ကို လှမ်းကြည့်နေကြသည်။
မြို့ထဲသို့ရောက်သောအခါ ကျောင်းမှစီစဉ်ပေးသော မြင်းရထားသုံးစီး ရောက်ရှိလာပြီး အရပ်ရှည်ရှည်ဖြင့် သန်မာသော အိမ်စောင့်လေးဦးလည်း ပါရှိလာသည်။ပညာရှင်တစ်ယောက်ဟန်ပန်မျိုးဖြင့် အသက်လေးဆယ်ကျော်အရွယ် ယောကျ်ားတစ်ဦးလည်း ရှိနေကာ မုတ်ဆိတ်တိုတိုနှင့် စိမ်းပြာရောင်ပညာတော်သင်ဝတ်စုံဝတ်ထားပြီး မြင်းရထားတွဲဘေးတွင် နောက်ကျောကို လက်နှစ်ဖက်ပစ်ကာ မတ်တပ်ရပ်နေသည်။
လဲ့ယ်ရှန်းကျစ်သည်လည်း ရထားပေါ်မှ ခုန်ဆင်းပြီး သက်လတ်ပိုင်းလူထံ အလျင်အမြန် လျှောက်သွားကာ “ဆရာကို ဒီတပည့်က နှုတ်ဆက်ပါတယ်” ဟု လေးလေးနက်နက်ပြောကာ အရိုအသေပြုလိုက်သည်။
"အင်း....သိပ်ယဉ်ကျေးမနေပါနဲ့" လူလတ်ပိုင်းအရွယ် အမျိုးသား၏မျက်လုံးများသည် ချင်မျန်နှင့် လဲ့ယ်ထျဲတို့အပေါ် စိုက်ကျသွားသည်။သူတို့ရဲ့ ပုံမှန်မဟုတ်တဲ့ စရိုက်လက္ခဏာသွင်ပြင်တွေကြောင့် သူ အံ့အားသင့်သွားပြီး သူတို့ရဲ့ပုံစံကို လျှို့ဝှက်စွာ ခန့်မှန်းနေ၏။ "ဒီနှစ်ယောက်က ဘယ်သူလဲဆိုတာ သိလို့ရနိုင်မလား?"
လဲ့ယ်ရှန်းကျစ်ကပဲ မိတ်ဆက်ပေးလိုက်သည်။ “ဆရာ...ဒီနှစ်ယောက်က ကျွန်တော့်အစ်ကိုအကြီးဆုံး လဲ့ယ်ထျဲနဲ့ ကျွန်တော့်ရဲ့ အကြီးဆုံးမရီး ချင်မျန်ပါ။အစ်ကိုကြီးနဲ့ မရီး...ဒါက.ဆရာကုန်း”
"မင်္ဂလာပါ ဆရာကုန်း" ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် လက်ခုပ်အုပ်ပြီး နှုတ်ဆက်လိုက်ကြသည်။
ဆရာကုန်း မှန်းဆထားသည်မှာ မှန်ပေ၏။ဆရာတစ်ယောက်အနေနဲ့ ပြင်ပလောကကိုလည်း သတိမမူ၍မရ။လဲ့ယ်ထျဲနှင့် ချင်မျန်တို့သည် အနီးပတ်ဝန်းကျင်တွင် လူသိများသည့် လက်ထပ်ပြီးသော ယောက်ျားလေးစုံတွဲများဖြစ်ပြီး သူတို့၏နာမည်ကြီးစားသောက်ဆိုင်ပါ ထည့်ပေါင်းတွက်လိုက်မည်ဆိုပါက သူတို့နှစ်ဦးကို အချိန်အတော်ကြာကတည်းကပင် သိလာခဲ့ပြီးဖြစ်သော်လည်း ယခုအခါမှသာ သူတို့ကို ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။
လဲ့ယ်ရှန်းကျစ်က “ဆရာ....ကျွန်တော့်အစ်ကိုအကြီးဆုံးနဲ့ မရီးက ကွန်ဖူးတတ်ပါတယ်။သူတို့လည်း ခရိုင်ဗဟိုဌာနကို လိုက်ပို့ပေးမယ်ဆို အဆင်ပြေရဲ့လား?”
"အိုး?" ဆရာကုန်း အနည်းငယ် အံ့သြသွားပြီး ချက်ချင်း လက်ခုပ်မိုးပြီး "ဒါပေါ့...အဆင်ပြေပါတယ်။ဒီလိုဆို ကျွန်ုပ်ရဲ့အခြား ကျောင်းသားတွေလည်း အေးအေးဆေးဆေးလိုက်ပါနိုင်ကြလိမ့်မယ်။နှစ်ယောက်စလုံးကို ကိုယ်စား ကျေးဇူးတင်ပါတယ်။"
ချင်မျန်သည် [သူ့ယဉ်ကျေးသောအမူအရာ] ကိုရှောင်ရန် ဘေးနားသို့သွားကာ သူ့လက်ကို မြှောက်လိုက်ပြီး "ဆရာက ယဉ်ကျေးလွန်းနေပါပြီ။ညီငယ်လေးကို ပညာသင်ပြပေးခဲ့တဲ့ ဆရာ့ကိုသာ ကျေးဇူးတင်ရမှာပါ”
“ဟားဟားဟား... မင်းက ကျွန်ုပ်ကို မြှောက်ပင့်နေတာပဲ။ဒါ ဆရာတစ်ယောက် လုပ်ပေးရမယ့် တာဝန်ဝတ္တရားတွေပါ” ဆရာကုန်းသည် စကားပြောဆိုရင်း ရယ်မောလိုက်သောအခါ အလွန်ရင်းနှီးဖော်ရွေပုံ ပေါက်လေသည်။
ခဏအကြာတွင် ချွီကျုံးဝမ်၊ ပုချင်းယွမ်နှင့် လင်းချီယွမ်တို့အပါအဝင် နောက်ထပ် ကျောင်းသား ၁၁ ဦး တယောက်ပြီး တစ်ယောက် ဝင်လာခဲ့သည်။
ကျိုးထျန်းနှင့် ဝမ်ရှန်းဝမ်တို့သည် လဲ့ယ်ရှန်ကျစ်နှင့် အတော်လေး ဆက်ဆံရေး ကောင်းမွန်ကြပြီး လွန်ခဲ့သည့် နှစ်ရက်ကပင် သာယာအေးချမ်းဖွယ်ခြံဝန်းလေးဆီသို့ သွားရောက်လည်ပတ်ခဲ့ကြလေသည်။
ချွီကျုံးဝမ်သည်ကား ချစ်စရာကောင်းသော အသွင်အပြင်အပြင် အလွန်ယဥ်ကျေးရည်မွန်သည့်ကျင့်ဝတ်လည်း ရှိလေသည်။သူ လဲ့ယ်ထျဲနှင့် ချင်မျန်တို့ကို ယဉ်ကျေးရည်မွန်စွာဖြင့် လက်ခုပ်မိုးကာ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ အစ်ကိုလဲ့ယ်နဲ့ မရီးလဲ့ယ်"
ပုချင်းယွမ်နဲ့ တခြားသူတွေသည်လည်း တွေ့ဆုံကြဖို့ မမျှော်လင့်ထားမိကြချေ။သို့သော်ငြား လာ၍ နှုတ်ဆက်ကြလေသည်။
"နောင်တော်လဲ့ယ်.... မင်းအစ်ကိုအကြီးဆုံးနဲ့ မရီးက ဘာလို့ ဒီကို ရောက်နေရတာလဲ?" ပုချင်းယွမ် တိတ်တဆိတ် မေးလိုက်သည်။
“ငါ့အစ်ကိုအကြီးဆုံးနဲ့ မရီးက ငါ့ကို စိတ်ပူလို့ စီရင်စုဗဟိုဌာနကို လိုက်ပို့ပေးကြတာလေ။” လဲ့ယ်ရှန်းကျစ်သည် နှလုံးသားထဲကနေ ပျော်ရွှင်နေပြီး တခြားသူများထံတွင် လိုက်ပါပို့ဆောင်ပေးမည့်ဆွေမျိုးမရှိသောကြောင့် မာနေထာင်လွှားလိုမှု အနည်းငယ်ရှိနေလေသည်။
ဝမ်ရှန်းဝမ်သည် အသက် ၁၄ နှစ်မှ ၁၅ နှစ်ခန့်သာရှိသေးသော်လည်း အလွန်ရင့်ကျက်သူဖြစ်၏။ချင်မျန်နှင့် လဲ့ယ်ထျဲတို့ကို စူးစိုက်အကဲခတ်ကြည့်ပြီးနောက် သူ လက်ကို ရှေ့ထုတ်ကာ အရိုအသေပြုဟန် အမူအယာလုပ်လိုက်ပြီး "ဒီလိုဆိုရင်တော့ အစ်ကိုတို့နောက်ကနေလိုက်ခွင့်ရတာ ကံကောင်းတာပဲ။လောင်တာ့နဲ့ မရီးလဲ့ယ်ကို ကျေးဇူးတင်ပါတယ်။"
"ယဉ်ကျေးနေဖို့ မလိုပါဘူး။" ချင်မျန်မှာတော့ "မရီး” ဟူသည့် စကားလုံးကို ခုခံတုံ့ပြန်နိုင်စွမ်းမရှိတော့သည်မှာ ကြာချေပြီဖြစ်၏။ပထမဆုံးအကြိမ်တွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ဆီမှ အခေါ်ခံရတဲ့အခါ စိတ်မသက်မသာဖြစ်ရတယ်ဟူ၍ မရှိနိုင်တော့ဘဲ သူ့အမူအရာမှု တည်ငြိမ်လှလေသည်။
သူ လဲ့ယ်ထျဲကို ကြည့်ကာ ဒီညီငယ်လေးကို လက်ခံလိုက်ဖို့ စိတ်ဆုံးဖြတ်လိုက်လေးသည်။အခွင့်အရေးရလာသောအခါတွင်မှ လဲ့ယ်ထျဲရဲ့မရီးလို့ခေါ်ခိုင်းရမယ်။ဒါမှ တရားမျှတမှာပေါ့။
ထိုမြင်ကွင်းကို တွေးမိရင်း သူ့မျက်လုံးထဲ၌ အပြုံးရိပ်တွေကို အတင်းမျိုသိပ်ထားလိုက်ရလေသည်။
Advertisement
လဲ့ယ်ထျဲ သူ့နောက်ကျောပြင်ပေါ် အေးတိအေးစက် အငွေ့အသက်မျိုး ခံစားလိုက်ရတာကြောင့် သူ့ဇနီးလေးကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။
“ကောင်းပြီ၊ နောက်ကျနေပြီ။ ရထားပေါ်တက်ကြရအောင်။" ဆရာကုန်းက ပြောလိုက်သည်။
ရထားသုံးစီးရှိရာ ရထားတစ်စင်းစီရှိ လူလေးဦးသည် နှိုင်းယှဉ်ရလျှင် လူသိပ်မများဘဲ ခရီးဆောင်အိတ်တွေပေါ်၌ မှီတွယ်ရင်း အိပ်၍လိုက်လာနိုင်ပေသည်။
လဲ့ယ်ရှန်းကျစ်သည် ချင်မျန်၏ရထားပေါ်တွင် သပ်ရပ်စွာ ထုပ်ပိုးထားသော အိပ်ယာခင်းများနှင့် စောင်များကို တွေ့လိုက်ရသည်။သူ့မရီးက ရထားပေါ်မှာ အိပ်မယ်မှန်း သူသိလိုက်ရ၏။နောက်ဆုံးတွင် သူသည် မတ်တစ်ယောက်သာဖြစ်ပြီး ချင်မျန်နှင့် တစ်ယောက်တည်းနေရန် မသင့်တော်ပေ။
ထို့အပြင် ၎င်းအမူအယာသည် မှတ်သားဖွယ် အကျင့်စာရိတ္တနှင့် အမှီအခိုကင်းသော အကျင့်စရိုက်မျိုး ရှိလိမ့်မည်မှန်း မထင်ထားသောကြောင့် လမ်းပေါ်တွင် အချင်းချင်းပြောဆိုရန် အဆင်ပြေလောက်သည့် ကျောင်းမှအခြားကျောင်းသားများနှင့်အတူ စီစဉ်ပေးသည့် ရထားပေါ်တွင်သာ ဝင်ထိုင်ခဲ့သည်။
လဲ့ယ်ထျဲကတော့ ချင်မျန်ကိုသာ သယ်ခေါ်ရလေသည်။ရထားအတွင်းတွင် ချင်မျန်သည် အိပ်ယာခင်းပေါ်တွင် ဝင်လှဲကာ စောင်ခြုံ၍ ရထားအရွေ့အလှုပ်လေးဖြင့် အိပ်ပျော်သွားလေသည်။
နေ့လည်ရောက်တော့ ရထားက လမ်းဘေး၌ ရပ်သွား၏။
လဲ့ယ်ထျဲ ကန့်လန့်ကာကို လှမ်းတင်လိုက်ပြီး ချင်မျန်တစ်ယောက် အိပ်ပျော်နေသေးသည်ကို တွေ့လိုက်ရာ ရထားပေါ်သို့ တက်လာပြီး စောင်ကို ဖယ်ကာ "ချင်းဇီ....ထတော့...အလွန်အကျွံအိပ်မိသွားရင် ညဘက်ဆို အိပ်မပျော်တော့ဘူး”
ချင်မျန် သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်ကာ တစ်ချိန်သမ်းဝေလိုက်ပြီး လျှင်မြန်စွာ ထထိုင်လိုက်သည်။ "အင်း.... ဘာလို့ရပ်လိုက်တာလဲ?"
"နေမွန်းတည့်နေပြီ။"
ချင်မျန် သူ့မျက်နှာကို သုတ်လိုက်ပြီး ကန့်လန့်ကာကို မြှောက်တင်လိုက်သည်။သူတို့ရှေ့က ရထားသုံးစီးသည်လည်း ရပ်သွားသည်ကို သူ မြင်လိုက်ရ၏။ပညာတော်သင်လေးများသည် ရထားပေါ်မှ ဆင်းကာ လမ်းဘေးတွင် ရပ်နေကြပြီး နေပူပူထဲတွင် အစာခြောက်တွေကို စားသောက်နေကြသည်။
လဲ့ယ်ရှန်းကျစ်သည် ချွီကျုံးဝမ်၊ ပုချင်းယွမ်၊ ကျိုးထျန်းနှင့် အခြားသူများနှင့်အတူ ရပ်နေခဲ့သည်။
ချင်မျန် အိတ်ကိုဖွင့်ပြီး ပန်းသီးအကြီးကြီးတစ်လုံးနှင့်အတူ အိမ်လုပ်အငံအမဲသားချက် အိုးငယ်တစ်အိုးကို ထုတ်ကာ လဲ့ယ်ထျဲအား ပေးလိုက်သည်။ "ပဉ္စမမြောက်ညီငယ်ကို သွားပေးလိုက်။"
လဲ့ယ်ထျဲ ခေါင်းညိတ်ပြပြီး ပန်းသီးနှင့် အငံအမဲသားချက်ကို လဲ့ယ်ရှန်းကျစ်ထံ ယူသွားပေးလိုက်သည်။ထို့နောက် ရထားလုံးပေါ်သို့ပြန်တက်သွားကာ ချင်မျန်နှင့်အတူ နေ့လည်စာစစားလေသည်။
"ဒါဘာလဲ?" ပုချင်းယွမ်သည် မြေအိုးငယ်ကို စိုက်ကြည့်ကာ စပ်စပ်စုစုမေးလိုက်သည်။အစားအသောက်တစ်မယ်ဖြစ်ရမယ်လို့ သူ ခန့်မှန်းမိ၏။
လဲ့ယ်ရှန်းကျစ်သည် ပန်းသီးကို သူ့လက်စွယ်အိတ်ထဲကို အရင်ထည့်လိုက်ပြီး "မင်းတို့အားလုံးက စားကောင်းသောက်ကောင်းတွေနဲ့ တိုးရတာ ကံကောင်းကြတာပဲ။ဒါက ငါ့မရီးရဲ့ အိမ်လုပ်အငံအမဲသားချက်ပါ။ထမင်းနဲ့လည်း စားလို့အဆင်ပြေတယ်။”
သူ ဆရာကုန်းအနားသို့သွား၍ “ဆရာ...စိတ်မရှိရင် မြည်းစမ်းကြည့်ပါဦး”
"ကောင်းပြီ။” ဆရာကုန်းက “မင်းအစ်ကိုနဲ့မရီးရဲ့ စားသောက်ဆိုင်က အရမ်းကိုနာမည်ကြီးတယ်။မင်းမရီးလုပ်ထားတဲ့ အမဲသားချက်က အရသာကောင်းမှာပဲ။"
လဲ့ယ်ရှန်းကျစ်သည် မြေအိုးငယ်ကိုဖွင့်လိုက်သည်။ အတွင်းထဲ၌ ပျော့ပျောင်းသည့်ဝါးဇွန်းတစ်ချောင်းကို တွေ့လိုက်တဲ့အခါ လဲ့ယ်ရှန်းကျစ်၏မရီးဖြစ်သူမှာ အရမ်းကိုမှ အသေးစိတ်အလိုက် သတိတရထားတတ်သူမှန်း သိလိုက်ကြသည်။ထို့နောက် သူတို့သည်လည်း အနံ့အရသာကြွယ်ဝပုံရပြီး ဆွဲဆောင်မှုရှိသော ရနံ့ကို အနံ့ခံရင်း တိတ်တဆိတ် တံထွေးမမျိုချဘဲ မနေနိုင်တော့ပေ။
ချွီကျုံးဝမ် ချဉ်းကပ်လာပြီး "အနံ့လေးက ကောင်လိုက်တာ!"
လဲ့ယ်ရှန်းကျစ်သည် ဆရာကုန်း၏နှမ်းစေ့ဖြူးထားသော ပန်ကိတ်ပေါ်တွင် အမဲသားချက် ဇွန်းကြီးနှစ်ဇွန်းကို ဦးစွာ ခပ်ကာ ထည့်ပေးလိုက်သည်။
ထို့နောက် ကျောင်းသားတစ်ဦးစီအား သူတို့၏ ပေါင်မုန့် သို့မဟုတ် ပြောင်းဆန် ပန်ကိတ်ပေါ်တွင် ဆမ်းတင်ရန် တစ်ဇွန်းစီ ခပ်ထည့်ပေးခဲ့သည်။မြင်းထိန်းနှစ်ယောက်နှင့်အတူ အိမ်အစောင့်လေးဦးကိုလည်း ဝေပေးခဲ့သည်။
ဆရာကုန်းသည် ယင်းအချင်းအရာကို သူ့မျက်လုံးထောင့်ကနေ မြင်ပြီး လျှို့ဝှက်စွာ ခေါင်းညိတ်ပြလိုက်မိ၏။
T/N
အိုက်ယိုး.....အပ်ပုဒိတ်တွေ အရမ်းကြာနေတာ တောင်းပန်ပါတယ် တကယ်မအားလို့ပါဗျာ ကျန်းမာရေးကချူချာ လူမူရေး စီးပွားရေး ပြသာနာတွေကတစ်မျိုး ဒီကြားထဲ နေရာတွေပြောင်းရွေ့နေရတော့ အထိုင်မကျလို့ပါ တဖြည်းဖြည်းတော့ အားလာမှာပေါ့လေ
ထားပါ....အခု acc ထဲ ပြန်ဝင်ကြည့်တော့ follower က 1k တောင် ဖြစ်သွားပြီ တကယ် suprise ပါပဲဗျာ တကယ်လည်း ကျေးဇူးတင်ပါတယ် ဒီလောက် ခရီးပေါက်လာမယ်မထင်ထားဘူး 💓
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
083: စီရင္စုဗဟိုဌာနခ်ဳပ္သို႔ သြားေလၿပီ
လဲ့ယ္ထ်ဲတစ္ေယာက္ ဟိတ္ဟန္ႀကီးႀကီးျဖင့္ ထိုင္ခ်လိုက္ရင္း ခ်င္မ်န္ကိုသာ သူ႕မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေနလိုက္သည္။လဲ့ယ္တာခ်န္၏စကားမ်ားကို သူ မၾကားသလိုပင္ တုံ႔ျပန္မႈလည္း မေပးေပ။
သူ႕သားကို ဆုံး႐ႈံးလိုက္ရသလို႔ ခံစားလိုက္ရတဲ့အတြက္ လဲ့ယ္တာခ်န္ရဲ႕မ်က္လုံးေတြထဲ၌ ဆုံး႐ႈံးမႈတစ္ရပ္႐ွိေန၏။
"ဟုတ္တယ္...ဟုတ္တယ္။ပဥမေျမာက္.....မင္းရဲ႕အစ္ကိုအႀကီးဆုံးက ကြန္ဖူးတတ္တယ္။မင္းကို လိုက္ပို႔ေပးရင္ အေမ ပိုစိတ္ခ်ရလိမ့္မယ္" တု႐ွီသည္ လဲ့ယ္႐ွန္းက်စ္ကို ခ်စ္ခင္ျမတ္ႏိုးစြာ ၾကည့္ေနသည္။
လဲ့ယ္႐ွန္းက်စ္လည္း အလြန္ပင္ ဝမ္းပမ္းတသာျဖစ္သြားၿပီး "အစ္ကိုႀကီးနဲ႔မရီးတို႔ရဲ႕လုပ္ငန္းကို ေႏွာင့္ေႏွးသြားေစမယ္ မဟုတ္ဘူးလား?"
"စိတ္မပူပါနဲ႔...အားလုံးစီစဥ္ၿပီးၿပီ။ငါလည္း ခ႐ိုင္ကို တစ္ခါမွ မေရာက္ဖူးဘူး။မင္းရဲ႕အစ္ကိုအႀကီးဆုံးက ငါ့ကို အလည္ေခၚသြားေပးမယ္လို႔ ေျပာတယ္။မင္းကိုပါ တစ္ခါတည္းလိုက္ပို႔ေပးတာက အဆင္ေျပတဲ့ ကိစၥပဲေလ” ခ်င္မ်န္ ျပဳံးလ်က္ေျပာရင္း လဲ့ယ္ထ်ဲကိုလည္း တစ္ခ်က္ၾကည့္လိုက္သည္။
လဲ့ယ္႐ွန္းက်စ္လည္း မတ္တပ္ထရပ္ၿပီး “ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ႐ိုး႐ိုးသားသားေျပာရရင္ စာေမးပြဲကာလေတြမွာ စာေျဖသူေတြကို အခက္အခဲတြင္းထဲ က်ေရာက္ေအာင္ လုပ္တတ္တဲ့ ဓားျပေတြ ႐ွိတယ္လို႔ ဆရာက အထူးတလည္ေျပာဖူးတယ္။လမ္းမွာ သတိမူေနဖို႔ ေျပာခဲ့ၿပီး အိမ္ေတာ္မွအေစာင့္ေလးေယာက္နဲ႔ လိုက္ပို႔ေပးဖို႔ေတာင္ စီစဥ္ေပးထားေသးတယ္။ေလာင္တာ့နဲ႔ မရီးတို႔ေတြပါ ပါမယ္ဆိုေတာ့ ဒီညီငယ္ ပိုၿပီး စိတ္သက္သာရတာေပါ့။”
လဲယ္ထ်ဲ ပိုက္ဆံအိတ္ကိုထုတ္လိုက္ၿပီး “ဒါက ေငြ ၁၀ ေခ်ာင္း... မင္းလက္ထဲမွာ သိမ္းထားလိုက္ပါ”
လဲ့ယ္တာခ်န္နဲ႔ တု႐ွီတို႔မွာ ပိုလို႔ေတာင္ ေက်နပ္သြားပုံရ၏။
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ အစ္ကိုႀကီး" လဲ့ယ္႐ွန္းက်စ္လည္း မျငင္းေနေပ။
လဲ့ယ္႐ွန္းရန္ ေခါင္းကုတ္လိုက္မိသည္။လြန္ခဲ့သည့္ ႏွစ္အနည္းငယ္က သူ ႀကိဳးႀကိဳးစားစားစာသင္ခဲ့လွ်င္ လဲ့ယ္ထ်ဲက သူ႕အား ေငြေပးလိမ့္မည္မွာ အမွန္။သူ႕မ်က္လုံးမ်ားသည္ လဲ့ယ္တာ့ေပါင္းဆီသို႔ အမွတ္မထင္ ျဖတ္ခနဲေရာက္သြားကာ ႏိႈးေဆာ္မႈတစ္ရပ္ ရခဲ့ေလသည္။
'သူ႕သားေလး တာ့ေပါင္းက အခုႏွစ္ဆို ေျခာက္ႏွစ္႐ွိၿပီပဲ...ဉာဏ္ပြင့္ခ်ိန္ေရာက္ၿပီ။'
သူ႕မ်က္လုံးမ်ားသည္ ေဝ့႐ွီးအေပၚသို႔ ေယာင္ဝါးဝါးက်မသြားခင္ တု႐ွီႏွင့္ လဲ့ယ္တာခ်န္တို႔ထံ ခပ္စိုက္စိုက္ စိုက္ၾကည့္သြားေလသည္။
ကိစၥၿပီးသြားေတာ့ ခ်င္မ်န္နဲ႔ လဲ့ယ္ထ်ဲတို႔လည္း ထၿပီး ျပန္ထြက္သြားၾက၏။
“အေမ...” လဲ့ယ္႐ွန္းရန္သည္ တု႐ွီဘက္သို႔သြားကာ ပါးစပ္ကိုဖြင့္ၿပီးမွ ျပန္ပိတ္လိုက္သည္။အခု သူ႕ပါးစပ္ကို ဖြင့္ဖို႔ မသင့္ေတာ္ေၾကာင္း သူ႕ကိုယ္သူ ထင္မိလိုက္၏။
စာေမးပြဲခန္းဝင္ရမည့္ ညီေလးငါး၏စြမ္းေဆာင္ရည္ကို ထိခိုက္ေစမည့္ မႏွစ္ၿမိဳ႕ဖြယ္ကိစၥမ်ိဳးျဖစ္သြားပါက ၎ကိစၥသည္ မိမိအေပၚ တစ္သက္လုံးအႏိုင္ယူသြားေပမည္။
"ဘာလဲ?" တု႐ွီ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
ဒီသားက ပိုပိုၿပီး အေနအထိုင္မတတ္ ျဖစ္လာသလို။
မေန႔က ေလာင္စန္းက ေလာင္အာ့အတြက္ ၿမိဳ႕မွာ အလုပ္႐ွာေတြ႕တယ္လို႔ ေျပာတာေၾကာင့္ သြားလုပ္ခိုင္းေပမယ့္လည္း ပ်င္းရိေနခဲ့လို႔ ႏွင္ထုတ္ခံလိုက္ရတယ္ေလ။ဒါ့ေၾကာင့္ အိမ္ကို ပိုက္ဆံျပန္မသြင္းႏိုင္ခဲ့ဘူး!
“ဘာမွမဟုတ္ပါဘူး။ကြၽန္ေတာ္ အေမ့ကို ေခၚၾကည့္တာပါ။" လဲ့ယ္႐ွန္းရန္သည္ သူမထံသို႔ ခ်ဥ္းကပ္လာရင္း ျပဳံးလ်က္ ေနာက္ေက်ာကို ႏွိပ္ေပးလိုက္သည္။
ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔ကေတာ့ အိမ္ေဟာင္းတြင္ မၾကာမီ ေနာက္ထပ္မုန္တိုင္းတစ္ခု ေရာက္႐ွိလာေတာ့မည္ကို မသိခဲ့ၾကေပ။သူတို႔ လမ္းေလွ်ာက္ရင္း စကားစျမည္ေျပာျဖစ္ၾက၏။
"အိမ္ေဟာင္းေလးကေတာ့ အမ်ားႀကီးေျပာင္းလဲသြားတယ္ေနာ္။" ခ်င္မ်န္သည္ လမ္းေပၚကေက်ာက္ခဲကို လမ္းေဘး႐ွိ ျမက္ခင္းျပင္ထဲသို႔ ပစ္ကန္လိုက္သည္။
အိမ္ေဟာင္းတြင္ အိမ္ျခံဝန္းထဲက ၾကက္/ဝက္ ျခံေတြလည္း မ႐ွိေတာ့ေခ်။အိမ္ေနာက္ဘက္သို႔ ေျပာင္းေ႐ႊ႕သြားေလသည္။ျခံဝင္းအတြင္း တစ္ဖက္၌ အနီေရာင္အုတ္ျဖင့္ အခန္းေလးခန္းဖြဲ႕ေပးထားၿပီး လူဝင္ထြက္ႏိုင္ရန္ အလယ္တြင္ ဟင္းလင္းျပင္တစ္ခုလည္း ေဆာက္လုပ္ေပးထားေသးသည္။ယင္းတို႔ထဲတြင္ ေဝ့႐ွီး၏ပံ့ပိုးကူညီမႈမ်ားလည္း မ်ားစြာပါဝင္၏။တစ္ခ်ိန္က သူမသည္ လဲ့ယ္မိသားစုေတြကို ေငြ႐ွာႏိုင္ရန္ႏွင့္ အျမတ္အနည္းငယ္ရရန္ စိတ္ကူးတစ္ခု ေပးခဲ့သည္ဟု ဆို၏။ထို႔ေၾကာင့္လည္း လဲ့ယ္တာခ်န္က အခန္းေလးခန္းကို တည္ေဆာက္ရန္ ေငြကိုအသုံးျပဳခြင့္ေပးခဲ့သည္။လဲ့ယ္႐ွန္းရီတို႔ဇနီးေမာင္ႏွံသည္ အခန္းသစ္ကို ရခဲ့ၿပီး ၎တို႔၏မူလအခန္းကို ေတာ့ ေဝ႐ွီက အပိုင္ရသြားေလသည္။ေနာက္ဆုံးတြင္ ေဝ႐ွီသည္ တု႐ွီႏွင့္ တစ္ခန္းတည္းေနရန္ မလိုအပ္ေတာ့ေပ။
လဲ့ယ္တာခ်န္ကေတာ့ ႐ြာတြင္ ဇနီးႏွစ္ေယာက္႐ွိသည့္ တစ္ဦးတည္းေသာသူ ျဖစ္ေသာေၾကာင့္ သူ႕ကိုယ္သူ အလြန္ ဂုဏ္ယူေနခဲ့သည္။တု႐ွီနဲ႔ တစ္ညအိပ္ခ်င္ရင္ တု႐ွီရဲ႕အခန္းသို႔ သြား၍ရၿပီး ေဝ႐ွီနဲ႔ ညအိပ္ခ်င္လွ်င္ေတာ့ ေဝ႐ွီရဲ႕အခန္းကို သြားအိပ္ႏိုင္ေပသည္။ ရံဖန္ရံခါ အမ်ိဳးသမီး ႏွစ္ေယာက္က သူ႕အတြက္ ရန္ျဖစ္တတ္ေသးသည္။
သူသည္ကား မိန္းမတစ္ေယာက္ႏွင့္ကိုယ္လုပ္ေတာ္ တစ္ေယာက္ထားၿပီး ေပ်ာ္႐ႊင္ဖြယ္ကံၾကမၼာၾကား ေပ်ာ္ေမြ႕ေနေၾကာင္း ႐ြာသားေတြက သူ႕ကို ဟာသလုပ္ေျပာၾကေသာ္လည္း သူကေတာ့ အလြန္ဂုဏ္ယူေနကာ ႏွာေခါင္းေပါက္မွာ ေကာင္းကင္ထက္သို႔ ပင့္ေမာက္သြားခဲ့သည္။
အခန္းသုံးခန္းအနက္ အခန္းတစ္ခန္းသည္ လဲ့ယ္႐ွန္းက်စ္၏လက္ထပ္မႈအတြက္ ႀကိဳတင္ျပင္ဆင္ထားျခင္း ျဖစ္၏။အခန္းပုံစံမွာ အခန္းတစ္ခုႏွင့္တစ္ခု ႏွစ္ခန္းႏႈန္းထားျဖင့္ ခ်ိတ္ဆက္ထားသည္။အႀကီးသည္ လဲ့ယ္႐ွန္းက်စ္၏အိမ္ေထာင္ေရးအတြက္ျဖစ္ၿပီး အေသးမွာ လဲ့ယ္႐ွန္းက်စ္၏စာေပေလ့လာမႈအတြက္ ျဖစ္သည္။
လဲ့ယ္ထ်ဲက ခပ္တိုးတိုးျဖင့္ “သူတို႔ လာရန္မစသေ႐ြ႕ပဲ”
"ဒါေပါ့ေလ။"
ခ်င္မ်န္သည္ လဲ့ယ္တာခ်န္ကို အျခားမိန္းမတစ္ေယာက္ႏွင့္ လက္ထပ္ေပးရန္ စိတ္ကူးကို သေဘာက်ခဲ့သည္။အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ၾကည့္လိုက္ေတာ့ လဲ့ယ္တာခ်န္နဲ႔တု႐ွီ ႏွစ္ေယာက္စလုံးသည္ မ်က္စိဆံပင္ေမြးစူးစရာေတာ့ ျဖစ္မလာခဲ့ေပ။
လဲ့ယ္ထ်ဲကေတာ့ သူ႕(ခ်င္မ်န္)မ်က္လုံးေတြ ေတာက္ပေနတာကို သေဘာက်၏။သူ႕လက္ကို ကိုင္ကာ ေနဝင္ခ်ိန္ အလင္းေရာင္ေအာက္တြင္ အိမ္ျပန္ခဲ့ၾကသည္။
ထြက္ခြာမည့္ေန႔တြင္ ခ်င္မ်န္ႏွင့္လဲ့ယ္ထ်ဲတို႔ နံနက္ေစာေစာထကာ ေပါ့ေပါ့ပါးပါးစားေသာက္ရန္အတြက္ ေခါက္ဆြဲခ်က္လိုက္ၾကၿပီး ထုပ္ပိုးထားေသာအိတ္ကို ျမင္းရထားေပၚတင္ကာ တံခါးေပါက္အဝင္ဝကိုေသခ်ာေစာင့္ၾကပ္ထားရန္ ႐ွီလႏွင့္ အျခားလူေတြကို မွာခဲ့လိုက္သည္။သူတို႔ အိမ္မွာမ႐ွိပါက မည္သူကိုမွ ဝင္ခြင့္မျပဳထားတာ ပိုေကာင္းေပမည္။အိမ္ေဟာင္းကလူေတြ အထူးသျဖင့္ တု႐ွီ၊ လဲ့ယ္တာခ်န္၊ လဲ့ယ္႐ွန္းရန္နဲ႔ က်ိဳး႐ွီတို႔ပင္။
Advertisement
- In Serial136 Chapters
The Crimson Mage
Orenda is a ten-year-old orphan who was raised in a colony of the far-reaching Urilian empire. She's the only fire elf she's ever met, and believes herself to be the long-lost princess of the fire elf kingdom, which is said to have fallen in a single day and night under Urillian control two centuries before our story picks up. When her magical powers begin to manifest, Orenda must navigate the world as it is now to discover the secrets of her past and chart her future.
8 185 - In Serial7 Chapters
God of the Apocalyptic World
A cursed boy with the power to assimilate souls is found in a wrecked laboratory. Cover image is not mine. If you are the owner and want it taken down. Please let me know.
8 110 - In Serial9 Chapters
Plague Time
Plague Time is the new virus killing folks in America. Set in December 2023, Curt Joiner recounts how the Plague was created and, if that wasn't bad enough, now he and his bloodline are stalked by a demon. Well, she wasn't a demon at first; first she was a young girl on a plantaion during the civil war. In 1865, amid the chared ruins of Georgia, she made a deal to get her fancy dresses and sweets back. You know who she made the deal with. All she had to do was stalk the men of Curt's family and pick off one per generation. Plauge Time is when Curt's number comes up. He’s writing to set the record straight, he says, but really he is pouring out the truth in the hopes that his wife will read it and forgive him. Or if not forgive, at least understand that he was an unfaithful husband and a cowardly man all on his own, but had outside help on the road to final damnation.
8 140 - In Serial82 Chapters
Lazy Ash
Ash just wants to stay home,play video games, and maybe watch some porn.Its to bad fate has something else in store.Well... maybe just bad luck.Ash is going to be forced to do things he thought hed never have to do. Like Dear God Work!Followed by an annoyingly good natured battle angel and a kitsune who most definitely is not a demon.Ash's lazy days are being slowly but surely destroyed.
8 202 - In Serial54 Chapters
Something Unimaginable (Niall Horan Fanfic) Book 3
Break-ups, make-ups, marriage and kids. The lives of One Direction and their families have gotten crazy but they're still trying to keep it all together. Especially Kiersten and Niall. Please read books 1 and 2 before
8 88 - In Serial44 Chapters
althea;
althea; (n) a female given name: from a Greek word meaning "wholesome."Althea Girard get hired to play Priscilla Presley in the new Elvis movie, only to find out playing that role isn't the only thing she takes a liking too. disclaimer, i won't be publishing chapters to this story until i finish the one i'm currently working on, Aurora;an Austin Butler fanfic. this book is mainly social media, but there will be small bits and pieces that i'll write.
8 204

