《My Jewel [ Complete ]》Part 4
Advertisement
သံုးႏွစ္ၾကာၿပီးမွျပန္ေရာက္လာသည့္သူကိုေသာ့ခတ္ထားသည့္ ျခံတံခါးေလးကဆီးႀကိဳေနသည့္အခါ မူလအစက တည္ၿငိမ္ေနခဲ့သည့္ မ်က္ႏွာမွာ အလိုမက်ျဖစ္သြားေတာ့ေလသည္။
"ဘာလို႔အိမ္မွာ႐ွိမေနရတာလဲ?"
စိတ္အေႏွာက္အယွက္ျဖစ္လြန္းစြာ ဝမ္ရိေပၚမွာ ပါးစပ္ကတီးတိုးေရရြတ္ရင္း လက္မွလည္း ဖုန္းကုိထုတ္ကာ ထိပ္ဆံုး႐ွိနံပါတ္တစ္ခုအား တန္းၿပီးႏွိပ္လိုက္ေတာ့သည္။
သို႔ေသာ္လည္းအေခၚခံလိုက္ရသည့္ တစ္ဖက္ဖုန္းကေလးမွာ ျပန္လည္ေျဖဆိုျခင္းအလ်ဥ္းမ႐ွိခဲ့...
"က်စ္! ဘာလို႔ဖုန္းလည္းမကိုင္ရတာလဲ? တကယ္ပဲ ဘာေတြလုပ္ေနတာလဲ?"
တစ္ဖန္ေျပာင္းလဲေခၚဆိုလိုက္သည့္ နံပါတ္မွာလည္းသူ႔အား ဂ႐ုမစိုက္သည့္အလား တုန္႔ျပန္မႈမ႐ွိသည့္အခါ ဝမ္ရိေပၚ၏ေဒါသတို႔မွာအစိုးမရေတာ့ေပ။ ေနာက္ဆံုးေတာ့ ကုမၼဏီ႐ွိဖခင္ျဖစ္သူ၏ အတြင္းေရးမွဴးကိုသာ ဖုန္းဆက္လိုက္ရေတာ့သည္။
"ဟဲလို"
"ငါက ဝမ္ရိေပၚ..ပါးကိုအခုဖုန္းေခၚေနတာမကိုင္လို႔"
"ဟို ဥကၠဌႀကီးက အစည္းအေဝးလုပ္ေနတုန္းမို႔မကိုင္တာပါ"
"အခုခ်က္ခ်င္းဖုန္းေျပာခ်င္တယ္ အေရးႀကီးတယ္"
"ေတာင္းပန္ပါတယ္ အကုိေလးဝမ္..ဥကၠဌႀကီးက ႐ွယ္ယာ႐ွင္ေတြနဲ႔လုပ္ေနတဲ့ အစည္းအေဝးမို႔ အခုခ်က္ခ်င္းႀကီးကေတာ့ဘယ္လိုမွ..."
႐ိုက်ိဳးစြာေျပာေနသည့္ အတြင္းေရးမွဴးျဖစ္သူ၏စကားကို ဆံုးေအာင္နားမေထာင္ေတာ့သည့္ ဝမ္ရိေပၚမွာ စိတ္ျမန္သူပီပီ ကုမၼဏီသို႔သာဦးတည္လိုက္ေလသည္။
စီးနင္းလိုက္ပါလာသည့္ အဌားယာဥ္မွာ လိုရာခရီးသို႔ေရာက္သျဖင့္ ရပ္ေပးလိုက္သည္အခါ စိတ္ေလာေနသည့္အလား ဝမ္ရိေပၚမွာခ်က္ခ်င္းကိုဆင္းလာေတာ့သည္။
မ်က္စိေ႐ွ႕မွႀကီးမားသည့္အေဆာက္အဦးႀကီးကို ခန္႔မွန္းမရႏိုင္သည့္မ်က္ဝန္းမ်ားျဖင့္ တစ္ခ်က္ေမာ့ၾကည့္လိုက္ၿပီးသည့္ ဝမ္ရိေပၚတစ္ေယာက္ ကုမၼဏီထဲသုိ႔ ခပ္သြက္သြက္ေျခလွမ္းေတြျဖင့္ ဝင္သြားလိုက္သည္။
အခ်ိန္အၾကာႀကီးေစာင့္ဆိုင္းလာခဲ့ရၿပီးၿပီမို႔ ဒီထက္ပိုၿပီးသူဘာကိုမွမေစာင့္ႏိုင္ေတာ့ဘူး။
Lobby ထဲတြင္ အလွဆင္ထားေသာ ေရပန္း၏အလည္တည့္တည့္႐ွိ Diamond ပံုသ႑ာန္ထက္ Wang Jewellery ဟု လွပစြာေရးထိုးထားသည့္ေနရာကို ျဖတ္ေက်ာ္လာၿပီးသည့္အထိ ဝမ္ရိေပၚမွာအဆင္ေျပေနခဲ့ေသးသည္ဟုဆိုရမည္။
ိသု႔ိသည့္တိုင္ မည္သည့္အရာကိုမွ စိတ္ဝင္စားျခင္းမ႐ွိခဲ့သည့္ ဝမ္ရိေပၚ၏မ်က္ဝန္းမ်ားမွာ ညသန္းေခါင္ယံအခ်ိန္တြင္ ႐ုတ္တရက္ထြက္ေပၚလာသည့္ေနမင္းကိုေတြ႔လိုက္ရသည့္အလား မယံုၾကည္ႏိုင္သလို အံ့ျသမွင္သက္စြာျဖင့္ ရုတ္ခ်ည္းေျပာင္းလဲသြားရသည့္အေၾကာင္းမွာ ကုမၼဏီေလ်ွာက္လွမ္းတစ္ေလ်ွာက္လံုး၏ ေဘးေနရာတြင္ အစီအရီ ေနရာယူထားေသာ ခမ္းနားႀကီးက်ယ္လြန္းသည့္ လူတစ္ေယာက္ပံုရိပ္မ်ားေၾကာင့္ျဖစ္သည္။
အေ႐ွ႕တူ႐ူကိုသာၾကည့္ၿပီး ေလ်ွာက္လွမ္းေနခဲ့သည့္ေျခလွမ္းမ်ားမွာ ပိုင္႐ွင္၏အလိုဆႏၵအရ ေဘးဘက္႐ွိနံရံျဖဴျဖဴေတြဆီသို႔ေျပာင္းလွမ္းသြားခဲ့သည့္တိုင္ ေျခလွမ္းေတြမွာေတာ့ သိသိသာသာအ႐ွိန္အဟုန္ေလ်ာ့က်သြားခဲ့ေလသည္။
ဝမ္ရိေပၚတစ္ေယာက္ သူ႔မ်က္လံုးေတြကို သူမယံုၾကည္ႏိုင္ေအာင္ျဖစ္ေနရတယ္။ အခု Wang Jewellery ကပင္တိုင္ Model ေတြရဲ႕ဓာတ္ပံုေတြကို ခ်ိတ္ဆြဲေနက်ေနရာမွာ သူေတြ႔လိုက္ရတဲ့သူက လြန္စြာေျပာင္းလဲေနတဲ့ ရင္းႏွီးၿပီးသားသူတစ္ေယာက္...
အရင္လိုျပည့္ျပည့္ေဖာင္းေဖာင္းပါးႏွစ္ဖက္က ပိန္က်သြားလို႔ ထင္ထင္႐ွား႐ွားေမး႐ိုးေတြက အစားထိုးဝင္ေရာက္ေနရာယူေနၿပီး အျမဲတေစ မ်က္မွန္ဝုိင္းေအာက္မွာပုန္းကြယ္ေနတတ္တဲ့ မ်က္ဝန္းညိဳေတြရယ္၊ ေနာက္ၿပီး ေျပာင္းလဲသြားျခင္းလံုးဝမ႐ွိတဲ့ ႏႈတ္ခမ္းသားနဲ႔ေအာက္ေျခမွာပုန္းကြယ္ေနတဲ့မွဲ႔နက္ေလးက လက္မခံခ်င္ဘူးဆိုရင္ေတာင္ ဘယ္သူလဲဆိုတာကို သက္ေသျပေနစရာမလိုသည္အထိ ဝမ္ရိေပၚကရင္းႏွီးေနခဲ့သည္မဟုတ္လား...
မ်က္ဝန္းေသမ်ားျဖင့္ ထိုပံုရိပ္မ်ားကိုသာ အခ်ိန္မည္မ်ွၾကာသည္မသိ မလႈပ္မ႐ွားဘဲ ရပ္ၾကည့္ေနသည့္ ဝမ္ရိေပၚအားပတ္ဝန္းက်င္မွ ဝန္ထမ္းမ်ားမွာ ကြက္ၾကည့္ကြက္ၾကည့္လုပ္သြားၾကသည္။
Lobby မွသည္ ကုမၼဏီအတြင္းထဲသို႔ဝင္သည့္တစ္ေလ်ွာက္လံုးမွာ ခ်ိတ္ဆြဲထားသည့္ ဓာတ္ပံုမ်ားကိုဝမ္ရိေပၚမွာ တစ္ပံုမ်ွပင္အလြတ္မေပးလိုက္ၾကည့္ခဲ့သည္။
သူ႔မ်က္လံုးထဲမွာ အဲဒီလူသားကလြဲရင္ အဲဒီလူဝတ္ဆင္ထားတဲ့ ေနာက္ၿပီး လက္ထဲမွာကိုင္ထားတဲ့ ေက်ာက္မ်က္ရတနာေတြ တစ္ခုမွကုိျမင္မေနဘူး။ ျပံဳးရႊင္ေနတဲ့မ်က္ႏွာနဲ႔ ဓာတ္ပံုထဲကလူသားကိုၾကည့္ေနရင္းမွ အခုဘာေတြျဖစ္ေနလဲဆိုတာကိုလည္း ဝမ္ရိေပၚက နားလည္မေနဘူး။
"ေတာက္!!!"
တကယ္ပဲသူမ႐ွိတဲ့အေတာအတြင္း ပါးဘာေတြလုပ္ခဲ့တာလဲ? ဒါ ေသခ်ာေပါက္ ဖခင္ျဖစ္သူလက္ခ်က္ပဲဆိုတာ ဝမ္ရိေပၚကအတပ္သိေနခဲ့တယ္။
"ဝုန္း!!!!"
တိတ္ဆိတ္ေနသည့္ အစည္းအေဝးခန္းသည္ကား ျပင္းထန္စြာေစာင့္ကန္ခံလိုက္ရသည့္တစ္ခဏ အထဲမွာလူအမ်ားမွာလည္း ႐ုတ္တရက္မို႔ ထိတ္လန္႔သြားၾကကာ အေပါက္ဝ႐ွိရာသို႔ လွည့္ၾကည့္လာၾကသည္။
ဝမ္မင္ရန္တစ္ေယာက္ အစည္းအေဝးခန္းထဲကို အၾကမ္းပတမ္းဝင္လာသည့္ သူကိုစိတ္တိုစြာျဖင့္ လွမ္းၾကည့္လိုက္ေတာ့ သားေတာ္ေမာင္ျဖစ္ေနသျဖင့္ အနည္းငယ္ေတာ့လန္႔သြားရသည္။
"ရိေပၚ"
ေနပါဦး ေနာက္တစ္လေနမွရိေပၚက ျပန္လာမွာမဟုတ္ဘူးလား?
"ေ႐ွာင္းက်န္႔ဘယ္မွာလဲ?"
"ရိေပၚ ပါးအခုအစည္းအေဝးလုပ္ေနတယ္ေလ"
"ေ႐ွာင္းက်န္႔ ဘယ္မွာလဲလို႔ေမးေနတယ္မလား!!!"
႐ုတ္႐ုတ္သဲသဲအေျခအေနေၾကာင့္ အေမွာင္ခ်ထားသည့္ အစည္းအေဝးခန္းမွ မီးမ်ားကိုဖြင့္လိုက္သည့္အခါ အရည္အေသြးေကာင္းလြန္းသည့္ ပတၱျမားထက္ပင္ ပိုမိုနီျမန္းကာအရည္လဲ့ေနသည္ဟုထင္ရသည့္ မ်က္ဝန္းတစ္စံုမွာ ျမင္လိုက္ရသည့္သူအေပါင္းအဖို႔ ထိုမ်က္ဝန္းပိုင္႐ွင္၏ စိတ္အေျခအေနကို အထူးတလည္ေျပာျပစရာမလို တန္းသိႏိုင္ေလာက္သည္ အထိပင္ျဖစ္သည္။
"ဝမ္ရိေပၚ ဘယ္လိုျဖစ္ေနတာလဲ?"
အေရးႀကီးသည့္အစည္းအေဝးခန္းထဲတြင္ သားျဖစ္သူ၏မ႐ိုမေသအျပဳအမူေၾကာင့္ အ႐ွက္ရေနရသည့္ ဝမ္ရိေပၚ၏ဖခင္ျဖစ္သူမွာ မ်က္စိမ်က္ႏွာပ်က္စြာျဖင့္ တိုးႀကိတ္ႀကိတ္သတိေပးလိုက္ရသည္။
သို႔ေသာ္လည္းဝမ္ရိေပၚကေတာ့ သူ၏အျပဳအမူမ်ားကိုေျပာင္းလဲပစ္ရန္အစီအစဥ္႐ွိပံုမရ...
"အဲဒါကြၽန္ေတာ္ေမးရမွာ ေ႐ွာင္းက်န္႔ကိုဘာေတြလုပ္ခိုင္းထားတာလဲ!"
"ေနဦး အဲဒါကိုေနာက္မွေျပာ သူအခုဘယ္မွာလဲ! ဘယ္မွာလဲလို႔!!!"
ဖခင္ျဖစ္သူအား ေမးလိုက္ၿပီးမွ စိတ္႐ႈပ္ေထြးေနသည့္ဟန္ ဝမ္ရိေပၚမွာ ဦးေခါင္းထက္႐ွိ ဆံပင္ကိုတစ္ခ်က္ဆြဲဖြလို႔ ေမးခြန္းေျပာင္းလိုက္ျပန္သည္။
"သူ ဒီမွာမ႐ွိဘူး"
-----------------------------
အဆင့္အတန္းျမင့္စားေသာက္ဆိုင္တစ္ခု႐ွိ စားပြဲဝိုင္းတစ္ခုတြင္ ေနကာမ်က္မွန္အမည္းကို တပ္ဆင္ထားလို႔ စတိုင္က်က်ထိုင္ေနသည့္လူတစ္ေယာက္ဆီသို႔ စားေသာက္ဆုိင္ထဲ႐ွိလူအမ်ား၏ အာရံုမွာက်ေရာက္ေနလ်ွက္႐ွိသည္။
သို႔ေသာ္လည္း ေဘးပတ္ဝန္းက်င္ကိုဂ႐ုမစိုက္စြာ သြယ္လ်ေသာလက္ညိဳးႏွင့္ ႐ွည္သြယ္သြယ္လက္ခလယ္ၾကားတြင္စတိုင္က်စြာဖိညႇပ္ထားေသာ စီးကရက္လိပ္အား တစ္ခ်က္တစ္ခ်က္႐ိႈက္ဖြာေနရင္းမွ ေနာက္လက္တစ္ဖက္ထဲတြင္မူ ကိုင္ေဆာင္ထားသည့္ စစ္စိမ္းေရာင္ Zippo မီးျခစ္အားဖြင့္လိုက္ပိတ္လိုက္ျဖင့္ေဆာ့ကစားေနသည့္ ထိုသူ၏ပံုသည္ကား တစ္စံုတစ္ေယာက္ကိုေစာင့္ဆိုင္းေနဟန္ရကာ မ်က္ႏွာထက္တြင္လည္း စိတ္မ႐ွည္ေတာ့သည့္အရိပ္အေယာင္မ်ားကို အတိုင္းသားျမင္ေနရသည္မွာ ထိုလူ၏ဆြဲညိဳ႕ငင္ႏိုင္မႈကို ပိုမိုေထာက္ပံ့ေပးထားသည္ဟုပင္ထင္မွတ္ရသည္။
"ေမာင္"
ခဏအၾကာတြင္ ေပါင္လည္ေလာက္အထိ႐ွိေသာ ဝါဖန္႔ဖန္႔ဆြဲသားကိုယ္က်ပ္အက်ႌကိုဝတ္ဆင္လ်ွက္ ေက်ာ့ေမာ့စြာေလ်ွာက္လွမ္းလာသည့္ ေတာ္ယံုမဟုတ္လွပလြန္းသည့္ မိိန္းကေလးတစ္ဦးမွာ ထိုသူ႐ွိရာစားပြဲသို႔ေရာက္႐ွိလာၿပီး ႏူးညံလြန္းသည့္ေလသံေလးျဖင့္ေခၚလိုက္သည့္အခါ ထိုသူကသူတပ္ဆင္ထားသည့္ေနကာမ်က္မွန္ကိုဆြဲခြၽတ္လိုက္ၿပီး ေမးေစ့အားေ႐ွ႕သို႔တစ္ခ်က္ထိုးကာ ထိုင္ခံုတြင္ထိုင္ရန္ အခ်က္ျပလိုက္ေလသည္။
"ေရာက္ေနတာၾကာၿပီလား ေမာင္"
"လမ္းခြဲရေအာင္"
"ေမရီေနာက္က်သြားလို႔လား? ေမရီေတာင္းပန္ပါတယ္။ ေနာက္ဆို ေနာက္မက်ေအာင္ ေသခ်ာဂ႐ုစိုက္ပါ့မယ္ ေမာင္ရယ္"
"နားၿငီးတယ္ ငါ့ဘာသာ မင္းကိုစိတ္ကုန္လာလို႔"
"ေမာင္"
စိတ္ပ်က္သည့္ပံုျဖင့္ေျပာၿပီး ထိုေနရာမွထထြက္ေတာ့မည့္သူအား မိန္းကေလးမွ လက္ကိုအတင္းလွမ္းဆြဲလို႔ ေတာင္းပန္ခယသည့္ပံုျဖင့္ၾကည့္ေနေတာ့သည္။
"မင္း သိၿပီးျဖစ္မွာပါ။ ငါကဘယ္သူ႔ကုိမွအတည္မတြဲဘူးဆိုတာ"
"ဒါေပမယ့္ ေမရီ႕ကိုခ်စ္တယ္လို႔ ေမာင္ေျပာခဲ့တယ္ေလ"
"က်စ္! ပါးစပ္ကဒီအတိုင္း ေပါေပါပဲပဲေျပာလိုက္တဲ့စကားကို မင္းကအကုန္ယံုေနတာပဲလား?"
Advertisement
ဆိုင္ေပါက္ဝ႐ွိရာသို႔မ်က္ႏွာမူေနသည့္ ေ႐ွာင္းက်န္႔မွာ သူ၏လက္ကိုအတင္းဆြဲကိုင္ထားသည့္ မိန္းကေလး၏လက္ကို ဆြဲျဖဳတ္မည္ဟုၾကံလိုက္ေသာ္လည္း ႐ုတ္တရက္ မ်က္စိအေ႐ွ႕တြင္ ဓား၏အသြားကဲ့သို႔ စူး႐ွထက္ျမလြန္းသည့္မ်က္ဝန္းတစ္စံု၏ ပိုင္႐ွင္အားရင္ဆိုင္လိုက္ရသည့္တစ္ခဏ ခႏာၱကိုယ္တစ္ခုလံုး႐ွိ ေသြးေတြေျပာင္းျပန္စီးဆင္းသြားသကဲ့သို႔ ခံစားလိုက္ရၿပီး အသက္႐ွဴသံမ်ားပင္ မမွန္ခ်င္ျဖစ္လာရသည္။
တကယ္ပဲ ဒီလူက?......
_____________________________
(11 Nov 2021)
သုံးနှစ်ကြာပြီးမှပြန်ရောက်လာသည့်သူကိုသော့ခတ်ထားသည့် ခြံတံခါးလေးကဆီးကြိုနေသည့်အခါ မူလအစက တည်ငြိမ်နေခဲ့သည့် မျက်နှာမှာ အလိုမက်ျဖစ္သြားတော့လေသည်။
"ဘာလို့အိမ်မှာရှိမနေရတာလဲ?"
စိတ်အနှောက်အယှက်ဖြစ်လွန်းစွာ ဝမ်ရိပေါ်မှာ ပါးစပ်ကတီးတိုးရေရွတ်ရင်း လက်မှလည်း ဖုန်းကိုထုတ်ကာ ထိပ်ဆုံးရှိနံပါတ်တစ်ခုအား တန်းပြီးနှိပ်လိုက်တော့သည်။
သို့သော်လည်းအခေါ်ခံလိုက်ရသည့် တစ်ဖက်ဖုန်းကလေးမှာ ပြန်လည်ဖြေဆိုခြင်းအလျဉ်းမရှိခဲ့...
"ကျစ်! ဘာလို့ဖုန်းလည်းမကိုင်ရတာလဲ? တကယ်ပဲ ဘာတွေလုပ်နေတာလဲ?"
တစ်ဖန်ပြောင်းလဲခေါ်ဆိုလိုက်သည့် နံပါတ်မှာလည်းသူ့အား ဂရုမစိုက်သည့်အလား တုန့်ပြန်မှုမရှိသည့်အခါ ဝမ်ရိပေါ်၏ဒေါသတို့မှာအစိုးမရတော့ပေ။ နောက်ဆုံးတော့ ကုမ္မဏီရှိဖခင်ဖြစ်သူ၏ အတွင်းရေးမှူးကိုသာ ဖုန်းဆက်လိုက်ရတော့သည်။
"ဟဲလို"
"ငါက ဝမ်ရိပေါ်..ပါးကိုအခုဖုန်းခေါ်နေတာမကိုင်လို့"
"ဟို ဥက္ကဌကြီးက အစည်းအဝေးလုပ်နေတုန်းမို့မကိုင်တာပါ"
"အခုချက်ချင်းဖုန်းပြောချင်တယ် အရေးကြီးတယ်"
"တောင်းပန်ပါတယ် အကိုလေးဝမ်..ဥက္ကဌကြီးက ရှယ်ယာရှင်တွေနဲ့လုပ်နေတဲ့ အစည်းအဝေးမို့ အခုချက်ချင်းကြီးကတော့ဘယ်လိုမှ..."
ရိုကျိုးစွာပြောနေသည့် အတွင်းရေးမှူးဖြစ်သူ၏စကားကို ဆုံးအောင်နားမထောင်တော့သည့် ဝမ်ရိပေါ်မှာ စိတ်မြန်သူပီပီ ကုမ္မဏီသို့သာဦးတည်လိုက်လေသည်။
စီးနင်းလိုက်ပါလာသည့် အဌားယာဉ်မှာ လိုရာခရီးသို့ရောက်သဖြင့် ရပ်ပေးလိုက်သည်အခါ စိတ်လောနေသည့်အလား ဝမ်ရိပေါ်မှာချက်ချင်းကိုဆင်းလာတော့သည်။
မျက်စိရှေ့မှကြီးမားသည့်အဆောက်အဦးကြီးကို ခန့်မှန်းမရနိုင်သည့်မျက်ဝန်းများဖြင့် တစ်ချက်မော့ကြည့်လိုက်ပြီးသည့် ဝမ်ရိပေါ်တစ်ယောက် ကုမ္မဏီထဲသို့ ခပ်သွက်သွက်ခြေလှမ်းတွေဖြင့် ဝင်သွားလိုက်သည်။
အချိန်အကြာကြီးစောင့်ဆိုင်းလာခဲ့ရပြီးပြီမို့ ဒီထက်ပိုပြီးသူဘာကိုမှမစောင့်နိုင်တော့ဘူး။
Lobby ထဲတွင် အလှဆင်ထားသော ရေပန်း၏အလည်တည့်တည့်ရှိ Diamond ပုံသဏ္႑ာန်ထက် Wang Jewellery ဟု လှပစွာရေးထိုးထားသည့်နေရာကို ဖြတ်ကျော်လာပြီးသည့်အထိ ဝမ်ရိပေါ်မှာအဆင်ပြေနေခဲ့သေးသည်ဟုဆိုရမည်။
ိသု့ိသည့်တိုင် မည်သည့်အရာကိုမှ စိတ်ဝင်စားခြင်းမရှိခဲ့သည့် ဝမ်ရိပေါ်၏မျက်ဝန်းများမှာ ညသန်းခေါင်ယံအချိန်တွင် ရုတ်တရက်ထွက်ပေါ်လာသည့်နေမင်းကိုတွေ့လိုက်ရသည့်အလား မယုံကြည်နိုင်သလို အံ့သြမှင်သက်စွာဖြင့် ရုတ်ချည်းပြောင်းလဲသွားရသည့်အကြောင်းမှာ ကုမ္မဏီလျှောက်လှမ်းတစ်လျှောက်လုံး၏ ဘေးနေရာတွင် အစီအရီ နေရာယူထားသော ခမ်းနားကြီးကျယ်လွန်းသည့် လူတစ်ယောက်ပုံရိပ်များကြောင့်ဖြစ်သည်။
အရှေ့တူရူကိုသာကြည့်ပြီး လျှောက်လှမ်းနေခဲ့သည့်ခြေလှမ်းများမှာ ပိုင်ရှင်၏အလိုဆန္ဒအရ ဘေးဘက်ရှိနံရံဖြူဖြူတွေဆီသို့ပြောင်းလှမ်းသွားခဲ့သည့်တိုင် ခြေလှမ်းတွေမှာတော့ သိသိသာသာအရှိန်အဟုန်လျော့ကျသွားခဲ့လေသည်။
ဝမ်ရိပေါ်တစ်ယောက် သူ့မျက်လုံးတွေကို သူမယုံကြည်နိုင်အောင်ဖြစ်နေရတယ်။ အခု Wang Jewellery ကပင်တိုင် Model တွေရဲ့ဓာတ်ပုံတွေကို ချိတ်ဆွဲနေကျနေရာမှာ သူတွေ့လိုက်ရတဲ့သူက လွန်စွာပြောင်းလဲနေတဲ့ ရင်းနှီးပြီးသားသူတစ်ယောက်...
အရင်လိုပြည့်ပြည့်ဖောင်းဖောင်းပါးနှစ်ဖက်က ပိန်ကျသွားလို့ ထင်ထင်ရှားရှားမေးရိုးတွေက အစားထိုးဝင်ရောက်နေရာယူနေပြီး အျမဲတေစ မျက်မှန်ဝိုင်းအောက်မှာပုန်းကွယ်နေတတ်တဲ့ မျက်ဝန်းညိုတွေရယ်၊ နောက်ပြီး ပြောင်းလဲသွားခြင်းလုံးဝမရှိတဲ့ နှုတ်ခမ်းသားနဲ့အောက်ခြေမှာပုန်းကွယ်နေတဲ့မှဲ့နက်လေးက လက်မခံချင်ဘူးဆိုရင်တောင် ဘယ္သူလဲဆိုတာကို သက်သေပြနေစရာမလိုသည်အထိ ဝမ်ရိပေါ်ကရင်းနှီးနေခဲ့သည်မဟုတ်လား...
မျက်ဝန်းသေများဖြင့် ထိုပုံရိပ်များကိုသာ အချိန်မည်မျှကြာသည်မသိ မလှုပ်မရှားဘဲ ရပ်ကြည့်နေသည့် ဝမ်ရိပေါ်အားပတ်ဝန်းကျင်မှ ဝန်ထမ်းများမှာ ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။
Lobby မှသည် ကုမ္မဏီအတွင်းထဲသို့ဝင်သည့်တစ်လျှောက်လုံးမှာ ချိတ်ဆွဲထားသည့် ဓာတ်ပုံများကိုဝမ်ရိပေါ်မှာ တစ်ပုံမျှပင်အလွတ်မပေးလိုက်ကြည့်ခဲ့သည်။
သူ့မျက်လုံးထဲမှာ အဲဒီလူသားကလွဲရင် အဲဒီလူဝတ်ဆင်ထားတဲ့ နောက်ပြီး လက်ထဲမှာကိုင်ထားတဲ့ ကျောက်မျက်ရတနာတွေ တစ်ခုမှကိုမြင်မနေဘူး။ ပြုံးရွှင်နေတဲ့မျက်နှာနဲ့ ဓာတ်ပုံထဲကလူသားကိုကြည့်နေရင်းမှ အခုဘာတွေဖြစ်နေလဲဆိုတာကိုလည်း ဝမ်ရိပေါ်က နားလည်မနေဘူး။
"တောက်!!!"
တကယ်ပဲသူမရှိတဲ့အတောအတွင်း ပါးဘာတွေလုပ်ခဲ့တာလဲ? ဒါ သေချာပေါက် ဖခင်ဖြစ်သူလက်ချက်ပဲဆိုတာ ဝမ်ရိပေါ်ကအတပ်သိနေခဲ့တယ်။
"ဝုန်း!!!!"
တိတ်ဆိတ်နေသည့် အစည်းအဝေးခန်းသည်ကား ပြင်းထန်စွာစောင့်ကန်ခံလိုက်ရသည့်တစ်ခဏ အထဲမှာလူအများမှာလည်း ရုတ်တရက်မို့ ထိတ်လန့်သွားကြကာ အပေါက်ဝရှိရာသို့ လှည့်ကြည့်လာကြသည်။
ဝမ်မင်ရန်တစ်ယောက် အစည်းအဝေးခန်းထဲကို အကြမ်းပတမ်းဝင်လာသည့် သူကိုစိတ်တိုစွာဖြင့် လှမ်းကြည့်လိုက်တော့ သားတော်မောင်ဖြစ်နေသဖြင့် အနည်းငယ်တော့လန့်သွားရသည်။
"ရိပေါ်"
နေပါဦး နောက်တစ်လနေမှရိပေါ်က ပြန်လာမှာမဟုတ်ဘူးလား?
"ရှောင်းကျန့်ဘယ်မှာလဲ?"
"ရိပေါ် ပါးအခုအစည်းအဝေးလုပ်နေတယ်လေ"
"ရှောင်းကျန့် ဘယ်မှာလဲလို့မေးနေတယ်မလား!!!"
ရုတ်ရုတ်သဲသဲအခြေအနေကြောင့် အမှောင်ချထားသည့် အစည်းအဝေးခန်းမှ မီးများကိုဖွင့်လိုက်သည့်အခါ အရည်အသွေးကောင်းလွန်းသည့် ပတ္တမြားထက်ပင် ပိုမိုနီမြန်းကာအရည်လဲ့နေသည်ဟုထင်ရသည့် မျက်ဝန်းတစ်စုံမှာ မြင်လိုက်ရသည့်သူအပေါင်းအဖို့ ထိုမျက်ဝန်းပိုင်ရှင်၏ စိတ်အခြေအနေကို အထူးတလည်ပြောပြစရာမလို တန်းသိနိုင်လောက်သည် အထိပင်ဖြစ်သည်။
"ဝမ်ရိပေါ် ဘယ်လိုဖြစ်နေတာလဲ?"
အရေးကြီးသည့်အစည်းအဝေးခန်းထဲတွင် သားဖြစ်သူ၏မရိုမသေအပြုအမူကြောင့် အရှက်ရနေရသည့် ဝမ်ရိပေါ်၏ဖခင်ဖြစ်သူမှာ မျက်စိမျက်နှာပျက်စွာဖြင့် တိုးကြိတ်ကြိတ်သတိပေးလိုက်ရသည်။
သို့သော်လည်းဝမ်ရိပေါ်ကတော့ သူ၏အပြုအမူများကိုပြောင်းလဲပစ်ရန်အစီအစဉ်ရှိပုံမရ...
"အဲဒါကျွန်တော်မေးရမှာ ရှောင်းကျန့်ကိုဘာတွေလုပ်ခိုင်းထားတာလဲ!"
"နေဦး အဲဒါကိုနောက်မှပြော သူအခုဘယ်မှာလဲ! ဘယ်မှာလဲလို့!!!"
ဖခင်ဖြစ်သူအား မေးလိုက်ပြီးမှ စိတ်ရှုပ်ထွေးနေသည့်ဟန် ဝမ်ရိပေါ်မှာ ဦးခေါင်းထက်ရှိ ဆံပင်ကိုတစ်ချက်ဆွဲဖွလို့ မေးခွန်းပြောင်းလိုက်ပြန်သည်။
"သူ ဒီမှာမရှိဘူး"
-----------------------------
အဆင့်အတန်းမြင့်စားသောက်ဆိုင်တစ်ခုရှိ စားပွဲဝိုင်းတစ်ခုတွင် နေကာမျက်မှန်အမည်းကို တပ်ဆင်ထားလို့ စတိုင်ကျကျထိုင်နေသည့်လူတစ်ယောက်ဆီသို့ စားသောက်ဆိုင်ထဲရှိလူအများ၏ အာရုံမှာကျရောက်နေလျှက်ရှိသည်။
သို့သော်လည်း ဘေးပတ်ဝန်းကျင်ကိုဂရုမစိုက်စွာ သွယ်လျသောလက်ညိုးနှင့် ရှည်သွယ်သွယ်လက်ခလယ်ကြားတွင်စတိုင်ကျစွာဖိညှပ်ထားသော စီးကရက်လိပ်အား တစ်ချက်တစ်ချက်ရှိုက်ဖွာနေရင်းမှ နောက်လက်တစ်ဖက်ထဲတွင်မူ ကိုင်ဆောင်ထားသည့် စစ်စိမ်းရောင် Zippo မီးခြစ်အားဖွင့်လိုက်ပိတ်လိုက်ဖြင့်ဆော့ကစားနေသည့် ထိုသူ၏ပုံသည်ကား တစ်စုံတစ်ယောက်ကိုစောင့်ဆိုင်းနေဟန်ရကာ မျက်နှာထက်တွင်လည်း စိတ်မရှည်တော့သည့်အရိပ်အယောင်များကို အတိုင်းသားမြင်နေရသည်မှာ ထိုလူ၏ဆွဲညို့ငင်နိုင်မှုကို ပိုမိုထောက်ပံ့ပေးထားသည်ဟုပင်ထင်မှတ်ရသည်။
"မောင်"
ခဏအကြာတွင် ပေါင်လည်လောက်အထိရှိသော ဝါဖန့်ဖန့်ဆွဲသားကိုယ်ကျပ်အကျႌကိုဝတ်ဆင်လျှက် ကျော့မော့စွာလျှောက်လှမ်းလာသည့် တော်ယုံမဟုတ်လှပလွန်းသည့် မိိန်းကလေးတစ်ဦးမှာ ထိုသူရှိရာစားပွဲသို့ရောက်ရှိလာပြီး နူးညံလွန်းသည့်လေသံလေးဖြင့်ခေါ်လိုက်သည့်အခါ ထိုသူကသူတပ်ဆင်ထားသည့်နေကာမျက်မှန်ကိုဆွဲချွတ်လိုက်ပြီး မေးစေ့အားရှေ့သို့တစ်ချက်ထိုးကာ ထိုင်ခုံတွင်ထိုင်ရန် အချက်ပြလိုက်လေသည်။
"ရောက်နေတာကြာပြီလား မောင်"
"လမ်းခွဲရအောင်"
"မေရီနောက်ကျသွားလို့လား? မေရီတောင်းပန်ပါတယ်။ နောက်ဆို နောက်မကျအောင် သေချာဂရုစိုက်ပါ့မယ် မောင်ရယ်"
"နားငြီးတယ် ငါ့ဘာသာ မင်းကိုစိတ်ကုန်လာလို့"
"မောင်"
စိတ်ပျက်သည့်ပုံဖြင့်ပြောပြီး ထိုနေရာမှထထွက်တော့မည့်သူအား မိန်းကလေးမှ လက်ကိုအတင်းလှမ်းဆွဲလို့ တောင်းပန်ခယသည့်ပုံဖြင့်ကြည့်နေတော့သည်။
"မင်း သိပြီးဖြစ်မှာပါ။ ငါကဘယ်သူ့ကိုမှအတည်မတွဲဘူးဆိုတာ"
"ဒါပေမယ့် မေရီ့ကိုချစ်တယ်လို့ မောင်ပြောခဲ့တယ်လေ"
"ကျစ်! ပါးစပ်ကဒီအတိုင်း ပေါပေါပဲပဲပြောလိုက်တဲ့စကားကို မင်းကအကုန်ယုံနေတာပဲလား?"
ဆိုင်ပေါက်ဝရှိရာသို့မျက်နှာမူနေသည့် ရှောင်းကျန့်မှာ သူ၏လက်ကိုအတင်းဆွဲကိုင်ထားသည့် မိန်းကလေး၏လက်ကို ဆွဲဖြုတ်မည်ဟုကြံလိုက်သော်လည်း ရုတ်တရက် မ်က္စိအရှေ့တွင် ဓား၏အသွားကဲ့သို့ စူးရှထက်မြလွန်းသည့်မျက်ဝန်းတစ်စုံ၏ ပိုင်ရှင်အားရင်ဆိုင်လိုက်ရသည့်တစ်ခဏ ခန္တာကိုယ်တစ်ခုလုံးရှိ သွေးတွေပြောင်းပြန်စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူသံများပင် မမှန်ချင်ဖြစ်လာရသည်။
တကယ်ပဲ ဒီလူက?......
_____________________________
(11 Nov 2021)
Advertisement
- In Serial100 Chapters
Eater
A world much like our own, where women are gifted with power beyond any man. A land stained by war, where the servants of the great darkness pillage without restraint, stopped only by strong walls and sharp steel. A prison, meant to hold the horrors of the universe in place, watched over by the men from the great beyond. The Eaters. Eat well. Be well.
8 291 - In Serial40 Chapters
Qwekobo
qwekobo Em um mundo de selvas sem futuro, bestas colossais e cruéis civilizações pré-humanas, você deve sobreviver ao passado se quiser salvar o futuro! Você deve apenas guardar o laboratório, mas quando um poder traiçoeiro paralisa a máquina do tempo do Doutor Sabbatine, você fica preso! Enfrente os animais selvagens de Silverworld e construa sua própria civilização - ouie o passado e volte para casa inimaginavelmente rico!
8 181 - In Serial8 Chapters
Raising a new world
Meteors were about to decimate the planet. In order to save her life, Jessicas boyfriend forces her consciousness into an andriod, replacing its imbedded A.I. As Jessica floats in a pod full of DNA tasked with restoring the human race, she wonders if she can live up to the task.
8 125 - In Serial17 Chapters
Pandora's Box Online
The first and new VRMMORPG made by a company called Dragon Lore Inc. They decide to make a beta test and release 10,000 capsule around the world that can be bought at a random gaming shop for 5,000$Paul(21 years old) is a NEET (Not in Education,Employment and Training) is one of the 10,000 buyers of the capsule for beta testing of the first VRMMORPG.(My reference of this fiction is the game called Weapons of war. I took some names and concept on it :3)(Source Link of the Cover: http://kevincu.deviantart.com/art/Pandora-s-Box-80535550) (From the future me, Oh man... This is bad... Really bad... I don't even know why I made this one. If you can bear with many of errors I made in this one then go ahead and read it.)
8 124 - In Serial69 Chapters
inazuma eleven orion X Reader "Love?" [FINISHED]
[BOOK COMPLETE] [BOOK UNDER REWRITING SO IT MIGHT BE CRINGE ON THE REST OTHER 10 CHAPTERS] [only 10 chapters has been finished re-writing!] (Books cover art: not found the creator please dm me if you know the artist who did this incredible art! If the artist doesn't want his/her art to be used as a book cover please dm me and I'll change it!) ⚠️English isn't my main language! Be warned of bad grammar! None of these character belong to me! It all goes to inazuma eleven orion so is the stories too, I just changed them. [F/N](first name) [L/N](last name) is a student from [C/N](country name) that has been chosen to be in the one and only inazuma Japan.Since little, you enjoyed soccer, after years you participated to your first soccer league in your country to see who's the best team out of there, you and your team winned it.You got noticed by tons of people,interviewer's,fan's, ect soon after that you got invited to Tokyo, In Japan to join the team "inazuma Japan."But what didn't you knew is that some boy's will get interest in you in more the story continues.Wich will you fall for?Read the story to know! Inazumaeleven rank number 1: September 26th /2020/Japan rank number 14:October 4 /2020/Orion rank number 1:October 5 /2020/Started: In August 2020 (Unknown numbers)Finished: 23 October 2020
8 218 - In Serial25 Chapters
Magai Story: The First Encounter
All the right conditions are met for Carlos to discover a world that embraces him and his friends. They develop amazing abilities and begin to learn to use them, only to have the whole process disrupted by Ipsiota, a girl who claims to seek revenge against Carlos. The visions presented to her-real or false-inevitably lead to conflict no one wanted.Version 7.0///edited, revised for continuity///35.8k words
8 212

