《My Jewel [ Complete ]》Part 5
Advertisement
"ဟိုလေ ဖြစ်ပါ့မလား ပါး"
"ဘာလို့မဖြစ်ရမှာလဲ?"
"ကျွန်တော့်လိုပုံကို ဘယ်သူကသဘောကျမှာတဲ့လဲ? ရိပေါ်လိုလူတစ်ကာအားကျရတဲ့ Idol ပုံစံဆိုရင်တော့တစ်မျိုးပေါ့"
"ရိပေါ်ကဘာဖြစ်လဲပါး?"
"ထားလိုက်ပါ။ ဘာမှမဟုတ်တော့ဘူး"
"ဟုတ်ကဲ့"
"ထင်သလောက်တော့ မလွယ်ဘူးဆိုတာကိုသိတယ်မလား?"
"ဟုတ် သိပါတယ် ပါး"
"-------"
အခက်ခဲဆုံးအရာကတော့ ပိန်ပိန်ပါးပါးဖြစ်မနေတဲ့ သူ့ခန္တာကိုယ်ကို ဝိတ်ချရတာပါပဲ။ ပင်ပန်းလွန်းလို့ လက်လျှော့ချင်လာတဲ့အခါတိုင်း တစ်ချိန်ကသူငေးကြည့်ခဲ့ရဖူးတဲ့ အားကျရတဲ့ စင်မြင့်ထက်က ချစ်ရသူပုံရိပ်ကိုမြင်ယောင်ပြီး အားတင်းနိုင်ခဲ့တယ်။
-------------------------------
"ကဒ်!!"
ပုံမှန်ဆိုရှောင်းကျန့်က တော်ယုံအမှားလုပ်တတ်တဲ့သူ မဟုတ်သလို အားနာတတ်သူမို့ အခုလိုအပြုအမူမျိုးကို လုပ်လေ့မရှိသောကြောင့် ထိုဝန်ထမ်းများမှာ အံ့သြနေရခြင်းဖြစ်သည်။
"ခွပ် ကဲဟာ! ကဲဟာ!"
"ရိပေါ်! မ..မလုပ်ပါနဲ့"
"ဒုန်းးး...ဝုန်းးး"
"ခလွမ်းးး"
Advertisement
"ရိပေါ်!!!!"
________________________________
ရိပေါ်ရဲ့ဘေးနားမှာ ဘာမှအသုံးမဝင်တဲ့ သူတစ်ယောက်ဖြစ်နေတယ်လို့ ကိုယ်ကိုယ့်ကိုခံစားမိတဲ့ ရှောင်းကျန့်က ဝမ်ပါးရဲကမ်းလှမ်းချက်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်တော့တယ်။
"ဟိုလေ ဖြစ်ပါ့မလား ပါး"
"ဘာလို့မဖြစ်ရမှာလဲ?"
"ကျွန်တော့်လိုပုံကို ဘယ္သူကသေဘာက်မွာတဲ့လဲ? ရိပေါ်လိုလူတစ်ကာအားကျရတဲ့ Idol ပုံစံဆိုရင်တော့တစ်မျိုးပေါ့"
"ကျန့်ကျန့်လေးက တကယ်ကြည့်လို့ကောင်းပါတယ်။ ဘာဖြစ်လို့ကိုယ်ကိုယ်ကို အဲဒီလိုထင်နေရတာလဲ?"
"ပါးတို့ကတော့ ဒီအတိုင်းကျွန်တော် စိတ်ချမ်းသာအောင်ပြောနေတာမှန်းသိပါတယ်"
ခေါင်းလေးငုံ့လို့ပြောနေသည့် သူ့သား၏ကောင်လေးက သိမ်ငယ်နေသည့်ပုံ..
"မဟုတ်ပါဘူးကွာ မင်းကတကယ့်ကို အဖိုးတန်လေးပါ။ အဲဒါကြောင့်လည်း ရိပေါ်က..."
"ရိပေါ်ကဘာဖြစ်လဲပါး?"
အလုပ်စားပွဲမှာထိုင်နေရာကထလို့ ဝမ်မင်ရန်တစ်ယောက် ဆိုဖာပေါ်တွင်ထိုင်နေသည့် ကောင်လေး၏ဘေးတွင်သွားရပ်လိုက်ပြီး ခေါင်းလုံးလုံးလေးကိုဆွဲဖွလို့ ပြောလိုက်တော့မျက်ဝန်းတောက်တောက်လေးတွေနဲ့သူကိုမော့ကြည့်ပြီးမေးလာတယ်။
သူတကယ်ဒီကောင်လေးကို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေချင်တာ။ အဖိုးတန်တဲ့ရတနာတွေကို ကြည့်တတ်တဲ့အမြင်ရှိတဲ့သူက နွံနစ်နေတဲ့ပတ္တမြားကိုဆွဲထုတ်ချင်ယုံပဲ။ တစ္ခုပဲ ဒီအဖိုးတန်တဲ့ပတ္တမြားကိုအရင်မြင်ခဲ့သူကတော့ သူမဟုတ်ခဲ့ဘူး။
"ထားလိုက်ပါ။ ဘာမှမဟုတ်တော့ဘူး"
ပြောနေရင်း ရိပေါ်အကြောင်းရောက်မှရပ်သွားတဲ့ဝမ်ပါးကြောင့် ရှောင်းကျန့်သိချင်မိသွားရတယ်။ ဒါပေမယ့် ဘာမှဆက်ပြောမလာတဲ့အခါသူလည်း အတင်းမမေးမိတော့ဘူး။ ဒီအတိုင်းအရေးမကြီးလို့ပဲနေမှာပါလေ။
"အဲဒီတော့ ကျန့်ကျန့်ဘက်က သဘောတူလိုက်ပြီလို့ ပါးသတ်မှတ်လိုက်ရမလား?"
"ဟုတ် ဒါပေမယ့် ပြောခဲ့သလိုပဲ ကျွန်တော့်ပုံစံက..."
"အဲ့ဒီအတွက် ပါးက Special Trainer နဲ့ မန်နေဂျာကို ရှာထားပြီးပြီ ကျန့်ကျန့်လုပ်ရမှာက အခုအချိန်ကစပြီး သူတို့လုပ်ခိုင်းသမျှနဲ့ စီစဉ်ပေးသမျှကိုလိုက်နာဖို့ပဲလိုတယ်"
"ဟုတ်ကဲ့"
"ထင်သလောက်တော့ မလြယ္ဘူးဆိုတာကိုသိတယ္မလား?"
"ဟုတ် သိပါတယ် ပါး"
"ဒါပေမယ့် အရမ်းကြီးလည်းစိတ်မပူပါနဲ့။ ပါး အခု entertainment ကုမ္မဏီတစ်ခုထောင်ထားတယ်။ အဲဒီကုမ္မဏီကနေ ကျန့်ကျန့်ကိုပွဲဦးထွက်ထုတ်ပေးမှာ"
"ဟိုလေ...ရိပေါ်က ကြိုက်ပါ့မလားဟင်"
"ဒါကသားဘဝေလ။ ဘယ်လောက်ပဲ ရိပေါ်နဲ့လက်ထပ်ထားတယ်ဆိုပေမယ့် ကျန့်ကျန့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို သူကစွက်ဖက်ခွင့်မရှိဘူး"
"-------"
"ဒီအခွင့်အရေးမှာ ကြိုးစားပြီး ရိပေါ်ပြန်လာတဲ့အချိန်ကျရင် သားကဘယ်လောက်အထိလုပ်နိုင်ကြောင်းပြပေးလိုက်ပေါ့"
တကယ်တော့သူလုပ်နိင်ကြောင်းပြပေးချင်တာမှမဟုတ်တာ။ သူကဒီအတိုင်း ရိပေါ်နဲ့လိုက်ဖက်တဲ့သူတစ်ယောက်ဖြစ်ချင်ယုံဆိုတာကိုတော့ ဝမ်ပါးကိုသူမပြောပြလိုက်မိဘူး။
ရွေ့လျားနေတဲ့အချိန်တွေက တစ်စုံတစ်ခုကိုအပြင်းအထန်ကြိုးစားအားထုတ်နေတဲ့အခါ အမြန်ကုန်ဆုံးလို့သွားရတယ်။
ဝမ်ပါးရဲ့ကျေးဇူးကြောင့် အခန်းထဲမှာပဲအောင်းပြီး ရိပေါ်ကိုလွမ်းလွန်းလို့ငိုနေရမယ့်ရက်တွေအစား ရိပေါ်ပြန်လာတဲ့အချိန်မှာ အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ကိုဖြစ်နေရမယ်ဆိုတဲ့ စိတ်နဲ့ဖြတ်သန်းရင်းသူကုန်ဆုံးခဲ့ရတယ်။
အခက်ခဲဆုံးအရာကတော့ ပိန်ပိန်ပါးပါးဖြစ်မနေတဲ့ သူ့ခန္တာကိုယ်ကို ဝိတ္ခ်ရတာပါပဲ။ ပင်ပန်းလွန်းလို့ လက်လျှော့ချင်လာတဲ့အခါတိုင်း တစ်ချိန်ကသူငေးကြည့်ခဲ့ရဖူးတဲ့ အားက်ရတဲ့ စင်မြင့်ထက်က ချစ်ရသူပုံရိပ်ကိုမြင်ယောင်ပြီး အားတင်းနိုင်ခဲ့တယ်။
ခြောက်လအတွင်းမှာပဲ နေ့မအားညမနား လေ့ကျင့်သင်ယူမှုတွေပြီးလို့ ဝမ်ပါးရဲ့ပွဲဦးထုတ်ပေးခြင်းကိုခံရတော့တာပါပဲ။ အချိန်မရှိလို့ ခပ်မြန်မြန်လုပ်နေတာက နောက်ခြောက်လနေရင် ရိပေါ်ပြန်လာတော့မယ်မဟုတ်လား။
Wang Jewellery ရဲ့ပင်တိုင်မော်ဒယ်အနေနဲ့ ကြေငြာတွေရိုက်ပြီးပွဲဦးစထွက်ခဲ့တဲ့သူက နောက်ခံကထောက်ပံ့ပေးမှုကောင်းလို့ပဲလားတော့မသိဘူး။ တစ်နှစ်ကျော်အတွင်းမှာပဲ အနုပညာလောကမှာ နေရာတစ်ခုရလာခဲ့ပေမယ့် မျှော်နေခဲ့ရတဲ့ ရိပေါ်ကတော့ပြန်မလာခဲ့ပါဘူး။
တစ်ခါတစ်လေကျတော့လည်း ရှောင်းကျန့်ကစဉ်းစားမိတယ်။ သူကသာတစ်ဖတ်သတ်ခံစားနေရတာ တစ်ဖက်လူကတော့သူ့ကိုရှိတယ်လို့တောင်သတ်မှတ်ခဲ့ပါ့မလားဘဲ။ နာကျင်ရတဲ့တစ်ဖတ်သတ်အချစ်ကို ရှောင်းကျန့်က ရူးရူးမိုက်မိုက်ဖက်တွယ်နေဖို့ထိုက်တန်ပါရဲ့လား?
ဝမ်ပါးပြောတာကတော့ ရိပေါ်ကထင်ထားတာထက် ဟိုမှာနည်းနည်းအချိန်ပိုကြာကြာနေရမယ်တဲ့။ ဒီလိုနဲ့ပဲ နောက်ထပ်တစ်နှစ်ဆိုတဲ့အချိန်က ကုန်ဆုံးသွားပြန်သလို သူကလည်း မယုံကြည်နိုင်လောက်အောင်ကို ပွဲဦးထွက်ဇာတ်ကားမှာတင် ပေါက်သွားခဲ့တာမို့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်လာခဲ့တယ်။
နားချိန်မရှိ မအားလပ်တဲ့ schedule တွေကြားမှာ တစ်စုံတစ်ယောက်ကို သတိရသေးရဲ့လားလို့မေးလာခဲ့ရင်တော့ သူ့ရဲ့အဖြေက...
-------------------------------
ရှောင်းကျန့် သူ့မျက်စိအရှေ့ကစားသောက်ဆိုင်အဝမှာ ရပ်နေတဲ့သူကို မယုံကြည်နိုင်တဲ့မျက်ဝန်းများနဲ့ကြည့်နေမိတယ်။ တကယ်ပဲ ရိပေါ်လား? သုံးနှစ်လောက်ပျောက်သွားပြီး အကြောင်းမကြားဘာမကြားနဲ့ အခုလိုဒီလိုသူ့မျက်စိအရှေ့တည့်တည့်ကိုရောက်လာတာက ဝမ်ရိပေါ်ဆိုတာ သူဘယ်လိုယုံရမလဲ?
တစ်ဖက်လူရဲ့ ကြောက်ဖို့ကောင်းလောက်တဲ့အကြည့်စူးစူးတွေက သူ့လက်ကိုအခုထိဆွဲထားတဲ့ မေရီ့လက်ကိုဖြစ်နေတဲ့အခါ ရှောင်းကျန့်ကယောင်ယမ်းပြီးဆွဲဖြုတ်မိတော့တာပါပဲ။
အခုအချိန်အထိ ရိပေါ်ကအဲဒီလိုမျက်လုံးမျိုးနဲ့ သူ့ကိုတစ်ခါမှမကြည့်ခဲ့ဖူးဘူး။
"ကဒ်!!"
"ဘယ်လိုဖြစ်တာလဲ Sean ဇာတ်ကွက်ကိုမေ့သွားတာလား? ချက်ချင်းကြီးလက်ကိုဆွဲမဖြုတ်ရဘူးလေ မင်းဆွဲထားတဲ့ငါ့လက်ကိုလွှတ်လို့အရင်ပြောပြီးမှ...အယ်..ရှောင်းကျန့် ဘယ်သွားမလို့လဲ?"
ရိုက်ကူးရေးလုပ်နေတုန်းမှာ တောင့်တောင့်ကြီးရပ်နေသည့်ရှောင်းကျန့်ကြောင့် ဒါရိုက်တာဖြစ်သူမှာနေရာမှထလာပြီး ပြန်လည်ရှင်းပြနေသော်လည်း ရှောင်းကျန့်မှာ စားသောက်ဆိုင်၏တံခါးဝရှိရာသို့ ထွက်သွားသဖြင့် လုပ်ဖော်ကိုင်ဖက်များမှာကြောင်အစွာရပ်ကြည့်နေကြမိသည်။
ပုံမှန်ဆိုရှောင်းကျန့်က တော်ယုံအမှားလုပ်တတ်တဲ့သူ မဟုတ္သလို အားနာတတ်သူမို့ အခုလိုအပြုအမူမျိုးကို လုပ်လေ့မရှိသောကြောင့် ထိုဝန်ထမ်းများမှာ အံ့သြနေရခြင်းဖြစ်သည်။
"ရိပေါ် ဘယ်လိုလုပ်ပြီး...."
ဆိုင်ပေါက်ဝနားတွင်ရပ်နေသည့် လူတစ်ဦးထံသို့ ချဉ်းကပ်သွားသည့် မင်းသားရှောင်းကျန့်အား ဆိုင်ထဲရှိသူများမှာ စိတ်ဝင်တစားလိုက်ကြည့်နေကြတုန်း ရုတ်တရက်ကြီး ထိုလူပြုလုပ်လိုက်သည့်အပြုအမူကြောင့် အားလုံး၏မျက်ဝန်းများမှာပြူးကျယ်သွားကြပြီး မေးများပင်အောက်ပြုတ်ကျသွားရသည်အထိပင်...
အခုသူတို့မင်းသားက ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ဆီမှာ အနမ်းခံလိုက်ရတာလား?
ဝမ်ရိပေါ်အနားကိုရောက်သွားတာနဲ့ ရုတ်တရက်ကြီးလက်ကနေ ဆောင့်ဆွဲခံလိုက်ရပြီး အနမ်းခံလိုက်ရတာမို့ ရှောင်းကျန့်မှာသူ့ရင်ဘက်ကြီးပေါက်ထွက်တော့မလို့ဘဲ နှလုံးခုန်သံတွေကို ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ကြားနေရတယ်။
လန့်လည်းလန့်သွားတာမို့ သူကသာငြိမ်နေမိပေမယ့် ရိပေါ်ကတော့ သူ့ကိုသည်းကြီးမည်းကြီးနမ်းနေတဲ့အပြင် လက်တွေကလည်းအငြိမ်မနေသလို သူ့တစ်ကိုယ်လုံးကို ကြမ်းကြမ်းတမ်းတမ်းကို ပွတ်သတ်နေတော့တာပါပဲ။
လူကြားထဲမှာဆိုတဲ့အသိက ဝင်ရောက်လာတဲ့အခါ ရုန်းထွက်ဖို့သူကြိုးစားလိုက်ပေမယ့် ရိပေါ်ကသူ့ကိုလုံးဝအလွတ်မပေး...
"ဘာလုပ်နေကြတာလဲ!! သက်တော်စောင့်တွေ မြန်မြန်လာပြီး အဲဒီကောင်ကိုဆွဲထုတ်သွားကြလေ! ဘာရပ်လုပ်နေကြတာလဲ!!"
အကြောင်သားရပ်ကြည့်နေကြတဲ့သူတွေက ဒါရိုက်တာရဲ့အော်ဟစ်သတိပေးသံကိုကြားလိုက်ရမှ အသိဝင်လာသလို နှစ်ယောက်သားကို ဝိုင်းခွဲကြတော့တယ်။
ဝမ်ရိပေါ်တစ်ယောက် သူ၏လက်တွေကိုလာချုပ်ပြီး သူ့အား အပြင်ကိုဆွဲထုတ်ဖို့ရာပြင်နေသည့် လူနှစ်ယောက်၏လက်ထဲမှ ရုန်းထွက်လိုက်ပြီး လက်သီးဖြင့်ဆွဲထိုးလိုက်သည်။
"ခွပ် ကဲဟာ! ကဲဟာ!"
"ရိပေါ်! မ..မလုပ်ပါနဲ့"
ရှောင်းကျန့်သောင်းကျန်းနေတဲ့ ရိပေါ်ကိုကြည့်ပြီး အရမ်းကိုလန့်နေမိတယ်။ အခုရိပေါ်က အရမ်းဒေါသထွက်ပြီး သူ့ရဲ့သက်တော်စောင့်တွေကို အသေဆွဲထိုးနေတာ ဟိုကပြန်တောင်ထမလာနိုင်တော့ဘူး။
"ဒုန်းးး...ဝုန်းးး"
ပြီးတော့အားမရသေးတဲ့ပုံနဲ့ ရိုက်ကူးရေးပစ္စည်းတွေရှိတဲ့ဘက်ကိုသွားပြီး ကင်မရာတွေရော ပစ္စည်းတွေကိုရောရိုက်ခွဲနေတာ စိတ်လွတ်နေတဲ့ အရူးတစ်ယောက်လိုပဲ။
"ခလွမ်းးး"
ကင်မရာထောက်ထားတဲ့ စတီးလ်ထောက်တိုင်ကိုယူပြီး ဆိုင်ထဲမှရှိတဲ့ မြင်မြင်ရာကို ရိုက်ခွဲနေတဲ့ရိပေါ်ရဲ့အခုပုံစံက မုန်ယိုနေတဲဆင်တစ်ကောင်လိုပဲမို့ လူတွေကလည်းဘယ်သူမှဝင်မဆွဲရဲကြဘူး။
"ရိပေါ် မလုပ်နဲ့!! မလုပ်ပါနဲ့ အဲဒီလိုတွေမလုပ်ပါနဲ့!!!"
နောက်ဆုံးတော့မနေနိုင်တော့တဲ့သူကပဲ မျက်စိကိုမှိတ်လို့အော်လိုက်မိတယ်။
သူ့စကားသံအဆုံးမှာရိပေါ်ရဲ့လှုပ်ရှားမှုတွေက ရပ်တန့်သွားပြီး သူ့ဘက်ကိုနာနာကျင်ကျင်မျက်ဝန်းတွေနဲ့ လှည့်ကြည့်လာတာမို့ ရှောင်းကျန့်ရင်ထဲအောင့်ကနဲပဲ...
တကယ်ပဲရိပေါ်ကဘာဖြစ်လို့ အရမ်းကိုပင်ပန်းနေတဲ့ပုံစံပေါက်နေရတာလဲ?
ကြည့်နေရင်းမှ ကြမ်းပြင်ပေါ်ကိုဘုန်းခနဲလဲကျသွားတဲ့ရိပေါ်ကြောင့် သူ့ရဲ့နှလုံးသားလေးလည်း အတူပြုတ်ကျသွားသလို ခံစားလိုက်ရတယ်။
"ရိပေါ်!!!!"
________________________________
"Happy Birthday ပါ မိုးညေရ"
မွေးနေ့မှသည်နောက်နှစ်ပေါင်းတစ်ရာတိုင် လိုအင်ဆန္ဒတွေပြည့်စုံပြီး ချစ်ခင်ရတဲ့မိသားစုနဲ့အတူတူ XZ နဲ့ YB ကိုလည်းထာဝရ support ပြီး ပျော်ရွှင်စွာနေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.....
(14 Oct 2021)
အားနေဟောဒီက ဟူးလီလေးကို နှိမ်တာလည်းနည်းနည်းတော့လျော့ပါလို့ 😤
ဒီနေ့ဟူးလီလေးရဲ့ ကျယ်ကျဲနှစ်ယောက်ရဲ့မွေးနေ့တွေက တိုက်ဆိုင်နေတာ။ တစ်ရက်တည်းပဲမို့ တကယ့်အမှတ်တရပဲ။
Advertisement
- In Serial60 Chapters
Deep Space Combat School: Nexus
In the deep of space, a fully automated battle school instructs students and prepares them for leadership in the military, politics, and business. But the station holds secrets that none on board suspect, and when things go wrong the students must find answers for themselves.
8 157 - In Serial17 Chapters
Stranded world (Naruto with crossovers)
Hotaru was a kid orphaned from the attack of bandits, which leads his village decimated with only him survives. the world still revolves though, saved by the ninjas from Konoha, his life started once again in that orphanage. cursing life, he wanders around lifelessly, giving up his will to stay alive and moping around while travelling within Konoha. there he met a kid smaller than him, scorned, bullied, even given scorn filled eyes towards him. he knows that the kid is hurt, but even so... he's still smiling and look at them in eyes. Seeing the struggle of Naruto, he silently clench his chest, feeling the pain which had no wound, and cries out loud while remembering his grandfather's words 'There's always a reason for something to happen' From then on, he started to look up, and get a better life. Being adopted, meeting his friends and teachers, also... an ability only he had... Never did he know that what lies in his future is a grim and dark... tragedy... Read it faster at Fortuneeternal.com **the pic all get from Pinterest! I only gather and edit them up! especially the character in the page I'm only changing his eyes and hair :D *any suggestion welcomed! please do so in the comment though...
8 153 - In Serial7 Chapters
The Gulf
My friends call me Dege, I’m 20 years old, and I like to party. I still live on my parent’s platform, which sucks because the whole island sails to Paradisia on Monday, and Paradisia sucks. I’d much rather stay here with my friends. But I can’t afford to, because they are way more successful than me. I did just meet this amazing girl who also lives on Gulf Sails, so at least I’ll have her to keep me company in Paradisia. I just need to make sure I avoid the Gulf business mogul Elijah Braze, who I just found out is a sexual predator… and I’m his prey.
8 107 - In Serial30 Chapters
BFB Voting Thingy
vote
8 135 - In Serial160 Chapters
Ashtray/Javon imagines
"i'm just trying to stack my cash,pay off our mortgage,so what the fuck you want?"✿ - NO SEXUALISING, HE IS A MINOR.
8 202 - In Serial112 Chapters
"Hate And Shame" -Poems of a mentally ill person-
"All of the words left unsaid,The messages left unsent,The letters burned and ashes buried six feet deep, for I could never tell a soul what I really feel."All of these poems are mine, please do NOT edit, re-publish or re-upload them without my permission.Almost all of the poems that I wrote will be published in this book.I truly put my heart and soul in these poems, so please try to be nice.If I die, show the world my work.♡111 poems published so far.
8 179