《My Jewel [ Complete ]》Part 7
Advertisement
အချစ်ဆိုတာကိုသူနဲ့မသက်ဆိုင် မအပ်စပ်သည့်နှယ် သဘောထား၍ ကိုယ်ဖြစ်ချင်ရာကိုသာလုပ်ပြီး ဘယ်သူ့ကိုမှဂရုမစိုက်ခဲ့တဲ့ ဝမ်ရိပေါ်ရဲ့ဘဝထဲကို တစ်နေ့မှာတော့ ယုန်ညိုလုံးလေးတစ်ကောင်က မဖိတ်ခေါ်ဘဲ တိုးဝင်လို့လာခဲ့ပါတယ်။
"အင်း"
"ဗိုက်ဝပြီ"
သူ့စကားကိုဆုံးအောင်နားမထောင်ဘဲ မနက်စာစားနေရင်းတန်းလန်းက ထထွက်သွားတဲ့ သားဖြစ်သူကြောင့်သက်ပြင်းသာချလိုက်မိသည်။
မနက်စောစောစီးစီးပါးလုပ်လို့ ရှုပ်ထွေးသွားရတဲ့စိတ်ကြောင့် ဆိုင်ကယ်ကိုအရှိန်မြင့်ပြီး စီးလာခဲ့ရာကနေ ကျောင်းဝင်းထဲကိုရောက်တဲ့အချိန် ကွေ့တစ်နေရာမှာ လှုပ်လီလှုပ်လဲ့ဖြင့် ကျောခိုင်းကာသွားနေတဲ့ လူတစ်ယောက်ကို တိုက်မိမလိုဖြစ်သွားရတာကြောင့် အမြန်ကွေ့ပြီးရှောင်တိမ်းလိုက်တဲ့အခါ ကံကောင်းစွာဖြင့်ပွတ်မဆွဲမိဘဲ လွတ်သွားခဲ့သည်။
------------------------------
ထိုသွားလေးတွေမှာ ယုန်သွားလေးတွေဖြစ်နေသည့်အခါ ထိုချစ်စရာအလုံးလေးအား ယုန်ညိုလုံးလေးဟု ဝမ်ရိပေါ်ကအမည်ပေးလိုက်မိပြန်သည်။
_______________________________
Advertisement
(18 Nov 2021)
ဝမ်ရိပေါ်...Wang Jewellery ပိုင်ရှင်၏ တစ်ဦးတည်းသောသား တစ်နည်းအားဖြင့် တစ်ဦးတည်းသောအမွေဆက်ခံသူဖြစ်သည်။
ငယ်စဉ်ကတည်းက ရတနာပစ္စည်းတွေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိခဲ့သည့် ဝမ်ရိပေါ်က ထိုအရာတွေပေါ် မက်မောပိုင်ဆိုင်လိုစိတ်မရှိခဲ့...
ဝမ်ရိပေါ်၏အိပ်မက်သည်ကား ဝါသနာပါရာအကနှင့် သီချင်းများကိုဖန်တီးသည့်သူတစ်ယောက်ဖြစ်လာရန်ပင်ဖြစ်သည်။ အရပ်စကားနှင့်ပြောရရင်တော့ Idol တစ်ယောက်ပေါ့...
ငယ်ငယ်ကတည်းက စကိတ်၊ ဆိုင်ကယ်၊ အက၊ ဂီတတွေကလွဲရင် ဝမ်ရိပေါ်ကဘာကိုမှ စိတ်မဝင်စားပေမယ့် သူ့ကိုစိတ်ဝင်စားကြတဲ့သူတွေကတော့ ရေတွက်နိုင်မည်မထင်။ အလယ်တန်းကျောင်းသားဘဝထဲက ဝမ်ရိပေါ်ဆိုတာ လူတိုင်းငေးမျှော်ကြည့်ရသည့် လူသားတစ်ယောက်ဖြစ်ခဲ့သည်။
အချစ်ဆိုတာကိုသူနဲ့မသက်ဆိုင် မအပ်စပ်သည့်နှယ် သေဘာထား၍ ကိုယ်ဖြစ်ချင်ရာကိုသာလုပ်ပြီး ဘယ်သူ့ကိုမှဂရုမစိုက်ခဲ့တဲ့ ဝမ်ရိပေါ်ရဲ့ဘဝထဲကို တစ်နေ့မှာတော့ ယုန်ညိုလုံးလေးတစ်ကောင်က မဖိတ်ခေါ်ဘဲ တိုးဝင်လို့လာခဲ့ပါတယ်။
မှားလို့! တကယ့်အမှန်က သူ့ဘာသာအေးအေးဆေးဆေးနေတတ်တဲ့ ယုန်လေးတစ်ကောင်ကို ဝမ်ရိပေါ်ကသူ့ဘဝထဲ အတင်းဆွဲသွင်းနိုင်ဖို့ ကြိုးစားခဲ့တယ်။
တက္ကသိုလ်စတုတ္တနှစ်သို့ရောက်နေပြီဖြစ်သော်လည်း အနုပညာအလုပ်များကိုအာရုံစိုက်နေသည့် ဝမ်ရိပေါ်က အေဂျင်စီတွင်သာအနေများသည့်အခါ ကျောင်းသို့တစ်လတစ်ခေါက်ပင်ရောက်လေ့မရှိပေ။
ကျောင်းမတက်သော်လည်း နောက်ခံအင်အားကောင်းသည့်ဝမ်ရိပေါ်အတွက် စိတ်ပူစရာမလိုအပ်။ နောက်ပြီးဉာဏ်ကောင်းလွန်းတာကြောင့်လည်း အပြင်မှာဆရာကိုအချိန်ပိုင်းခေါ်သင်ယုံဖြင့် စာတွေကိုအလွယ်တကူလိုက်နိုင်နေသည်။
ဒီနေ့တော့ assignment တွေတင်စရာရှိတာမို့ ကျောင်းသွားဖို့ရာ မနက်စောစောအိပ်ယာထပြင်ဆင်ပြီး အောက်ထပ်ကိုဆင်းလာတော့ ကုမ္မဏီသို့မသွားသေးသည့် ပါးနှင့်တိုးသည်။
"ကျောင်းသွားမလို့လား ရိပေါ်"
"အင်း"
"စတုတ္တနှစ်ပဲရောက်နေပြီ။ အရည်မရအဖက်မရလုပ်နေတွေကို တော်သင့်ပြီမထင်ဘူးလား?"
မနက်စာစားဖို့ စားပွဲမှာဝင်ထိုင်လိုက်တာနဲ့ ပါးဆီကအသံကိုကြားလိုက်ရတယ်။ သူအနုပညာအလုပ်တွေလုပ်တာကို သေဘာမက်တဲ့ပါးက သူနဲ့အခုလိုဆုံတိုင်း ပြောနေကျစကားတွေကိုပဲ ထပ်ကာထပ်ကာပြောလေ့ရှိတယ်။
"စာကိုသေချာသင်ယူပြီး ကျောင်းပြီးတာနဲ့ ကုမ္မဏီဝင်ဖို့ပြင်ထား"
သူကသာပြောနေသော်လည်း အစားမပျက်မနက်စာကိုငုံ့စားနေပြီး ဘာမှမကြားသလိုလုပ်နေတဲ့ သားတော်မောင်ကြောင့် ဝမ်မင်ရန်စိတ်လေသွားရတယ်။
ဝမ်ရိပေါ်ဆိုတဲ့ သူ့သားကခေါင်းမာလွန်းတာသူသိတာပေါ့။ ဒီလောက်ပြောနေတာလည်း အခုအချိန်အထိ ကုမ္မဏီမှာဝင်လုပ်ဖို့ကိုလက်မခံသေးတာကြောင့် သူ့မှာတွေးပူနေရတယ်။
ဝမ်မင်ရန်ဆိုတဲ့သူက Wang Jewellery ရဲ့တည်ထောင်သူဆိုပေမယ့် အများပိုင်ရှယ်ယာကုမ္မဏီဖြစ်နေတဲ့အခါ အုပ်ချုပ်ရေးပိုင်းမှာ ကိုယ့်သားသမီးကို နေရာပေးဖို့ဆိုတာ ထင်သလောက်မလွယ်ကူဘူး။ အခုလို ရိပေါ်ကိုယ်တိုင်က ကုမ္မဏီအရေးကိစ္စတွေမှာ စိတ်မဝင်စားတဲ့အခါ သူတကယ်စိတ်ညစ်နေရလေသည်။
"ရိပေါ် ပါးပြောပြီးပြီနော်...ကျောင်းပြီးတာနဲ့ ကုမ္မဏီမှာ အလုပ်ဝင်ကိုဝင်ရ..."
"ဗိုက်ဝပြီ"
သူ့စကားကိုဆုံးအောင်နားမထောင်ဘဲ မနက္စာစားနေရင်းတန်းလန်းက ထထြက္သြားတဲ့ သားဖြစ်သူကြောင့်သက်ပြင်းသာချလိုက်မိသည်။
ဝမ်ရိပေါ်ဆိုတဲ့အဲဒီကလေးက တကယ့်ကို ပြန်မပြောနားမထောင်လေး! ဒီကလေးစိတ်ပြောင်းအောင် သူဘယ်လိုလုပ်ရပါ့မလဲ?
မနက်စာဆက်မစားတော့ဘဲ ထွက်လာခဲ့တဲ့ဝမ်ရိပေါ်က စီးတော်ယာဉ်အစိမ်းကလေးကိုထုတ်လို့ ကျောင်းသို့ဦးတည်လာလိုက်တယ်။
မနက်စောစောစီးစီးပါးလုပ်လို့ ရှုပ်ထွေးသွားရတဲ့စိတ်ကြောင့် ဆိုင််ကယ်ကိုအရှိန်မြင့်ပြီး စီးလာခဲ့ရာကေန ကျောင်းဝင်းထဲကိုရောက်တဲ့အချိန် ကွေ့တစ်နေရာမှာ လှုပ်လီလှုပ်လဲ့ဖြင့် ကျောခိုင်းကာသွားနေတဲ့ လူတစ်ယောက်ကို တိုက်မိမလိုဖြစ်သွားရတာကြောင့် အမြန်ကွေ့ပြီးရှောင်တိမ်းလိုက်တဲ့အခါ ကံကောင်းစွာဖြင့်ပွတ်မဆွဲမိဘဲ လွတ်သွားခဲ့သည်။
ဘာရယ်မဟုတ် ဆိုင်ကယ်ရဲ့နောက်ကြည့်မှန်ကနေ တိုက်မိမလိုဖြစ်သွားတဲ့သူ အဆင်ပြေမပြေလှမ်းကြည့်မိတော့ သူ့ဆိုင်ကယ်ကိုကြည့်ကာ ဘာတွေရေရွတ်နေမှန်းမသိတဲ့ အညိုလုံးလေးတစ်လုံးရဲ့ မျက်မှန်ဝိုင်းအောက်ကမျက်ဝန်းတွေရဲ့ အလိုမကျဟန်တွေကို အမြင်အာရုံကောင်းတဲ့ ဝမ်ရိပေါ်က တွေ့ဖြစ်အောင်တွေ့လိုက်ပါသေးသည်။
ဘယ်သူမှန်းမသိပေမယ့် ညိုတိုတိုအသားအရေနဲ့ ခပ်ပြည့်ပြည့်ဖောင်းဖောင်းရှိနေတဲ ခန္တာကိုယ်လေးကြောင့် အညိုလုံးလေးဖြစ်သွားတာပဲ။
မြင်နေရပြီဖြစ်တဲ့ အဆောင်ရှေ့ကိုရောက်တော့ ဆိုင်ကယ်ပေါ်ကမဆင်းသေးဘဲ assignment တင်ဖို့လုပ်ထားတဲ့ စာရွက်တွေကိုယူနေတုန်း အဆောင်နားကို လုံးတုံးလုံးတုံးနဲ့လာနေတဲ့ ခုနကအညိုလုံးလေးကို လှမ်းတွေ့လိုက်ရတာမို့ သူ့အကျင့်နဲ့မတူစွာ ရပ်ကြည့်နေလိုက်မိပြန်တယ်။
ဘေးပတ်ဝန်းကျင်ကို အာရုံစိုက်ပုံမရတဲ့ ထိုကောင်လေးက တော်တော်လေးနီးတော့မှ သူရှိနေရာကိုလှမ်းကြည့်လာတာမို့ ဝမ်ရိပေါ်မှာ ခရမ်းရောင်သူ၏ဆံသားများကို လက်ဖြင့်တစ်ချက်သပ်လိုက်ပြီး ခပ်မိုက်မိုက်စတိုင်နဲ့ဆိုင်ကယ်ဘေးမှာ ရပ်နေလိုက်တယ်။
ဒီကျောင်းမှာသူ့ကို မသိတဲ့သူမရှိဘူးမဟုတ်လား? လူတွေနဲ့အရောတဝင်နေလေ့မရှိပေမယ့် အကယ်၍သာ ဒီအညိုလုံးလေးက သူ့ဆီကလက်မှတ်လာတောင်းမယ်ဆိုရင် ဝမ်ရိပေါ်ကပေးလိုက်မယ်လို့တွေးထားလိုက်တယ်။ ဘာပဲပြောပြော ခုနကတိုက်မိမလိုဖြစ်သွားခဲ့တာကို တောင်းပန်တဲ့သဘောပေါ့...
ဒါပေမယ့်လည်း ထုံးစံအတိုင်းသူ့ဆိုင်ကယ်အရိပ်မြင်လိုက်တာနဲ့ အနားကိုပြုံတိုးလာသည့် လူများကြောင့်မျက်စိရှေ့မြင်ကွင်းကနေ အညိုလုံးလေးမှာ ဖုံးကွယ်ခံလိုက်ရသည်။
ခပ်တည်တည်နဲ့ထိုလူအုပ်ထဲကနေထွက်လာလိုက်တော့ မြင်လိုက်ရာတဲ့အရာက ဝမ်ရိပေါ်ကို အံ့သြစေပြန်သည်။
ဘာလဲ ဘယ်ရောက်သွားတာလဲ? ထွက်သွားပြီလား? ဘာ့ကြောင့်မှန်းမသိ ရင်ထဲလစ်ဟာသွားရတာက ဘယ်လိုခံစားချက်ကြီးပါလိမ့်...ထားလိုက်ပါ။ သူကဘာလို့ဂရုစိုက်နေရမှာလဲ!
ဤသို့ဖြင့် ဘဝမှာတစ်ကြိမ်တစ်ခါမှ လျစ်လူရှုခြင်းမခံခဲ့ရဖူးသည့် ဝမ်ရိပေါ်ကတစ်စုံတစ်ယောက်၏ လျစ်လျူရှုခြင်းကို လှလှပပကြီးခံခဲ့ရလေသည်။
------------------------------
ရေစက်ဆိုတဲ့အရာက တကယ့်ကိုဆန်းကြယ်သည်ဟုပြောလို့ရသည်။ Assignment တင်ပြီး လူရှင်းတဲ့ကျောင်းအနောက်ဆောင်တွေဘက်က သပ်သပ်လှည့်ပြန်လာတော့ သစ်ပင်အောက်ကရင်းနှီးနေတဲ့ အရိပ်လေးတစ်ခုကြောင့် ဝမ်ရိပေါ်ရဲ့ ခြေလှမ်းတို့ကတကူးတက ခိုင်းစေနေစရာမလိုဘဲ ထိုနေရာကိုခြေဦးလှည့်မိတယ်။
နက်ပြာရောင်ဟူဒီပွပွကို နက်ပြာရောင်ဘောင်းဘီရှည်နဲ့တွဲဖက်ဝတ်ဆင်ထားပြီး သစ်ပင်အောင်မှာအိပ်ပျော်နေတာလားမသိတဲ့အရိပ်လေးက ခုနကလူတွေကြားမှာ ပျောက်သွားခဲ့သူမဟုတ်လား...
"ဟက်! ဒီနေရာမှာလာပြီးအိပ်နေတယ်ပေါ့"
သစ်ပင်ကြီးရိပ်တွေကောင်းတဲ့ ထိုနေရာမှာ မြေပြင်ပေါ်သက်ဆင်းနေတဲ့ ရော်ဝါရွက်ခြောက်တွေအများအပြားမို့ ဝမ်ရိပေါ်ရဲ့ခြေလှမ်းတို့ကခပ်ဖွဖွနဲ့ အသံမထွက်သွားရအောင်ထိန်းနေရသည်။
မဆီမဆိုင်တွေးလိုက်မိတာက အခုလိုတိတ်တဆိတ်ချဉ်းကပ်နေတဲ့သူက မသိရင်ရုပ်ရှင်တွေထဲကလို အူတူတူအတတလေး တစ်ယောက်ကို ယုတ်မာတော့မည့်သူလိုလို။ သားကောင်နားချဉ်းကပ်နေတဲ့ ခြငေ်္သ့လိုလိုဘာလိုလိုနဲ့...
ကိုယ့်အတွေးနဲ့ကိုယ် ဝမ်ရိပေါ်သဘောတကျဖြစ်သွားရတာမို့ နှုတ်ခမ်းကွေးတက်သည်အထိ ပြုံးမိသွားသေးသည်။ တဖြည်းဖြည်း အနားသို့ရောက်ရှိသွားသည်နှင့် ဝမ်ရိပေါ်၏စိတ်အစုံတို့က ထိန်းချုပ်မရနိုင်စွာ ခုန်ပေါက်၍လာသည်မှာ အမှန်ပင်အံ့သြစရာ..
အညိုလုံးလေးက မျက်မှန်မချွတ်ဘဲ လက်ထဲမှာစာအုပ်ပိုက်လျှက် ခေါင်းကိုအနည်းငယ်မော့ကာ အိပ်ပျော်နေတာမို့ ခပ်ဟဟပွင့်အာနေသည့်နှစ်ခမ်းသားတွေကြား ပုလဲသွယ်များတောင် နှိုင်းယှဉ်၍ရနိုင်မည်မထင်သော အပေါ်ရှေ့သွားနှစ်ချောင်းကိုအနည်းငယ်မြင်နေရသည်။
ထိုသွားလေးတွေမှာ ယုန်သွားလေးတွေဖြစ်နေသည့်အခါ ထိုခ်စ္စရာအလုံးလေးအား ယုန်ညိုလုံးလေးဟု ဝမ်ရိပေါ်ကအမည်ပေးလိုက်မိပြန်သည်။
မျက်တောင်မခတ်ငေးမောနေမိတုန်း အိပ်နေရင်းမှယောင်သည်လားမသိ တပြက်ပြက်နှင့်အသံမြည်အောင်လုပ်ရင်းမှ ခံတွင်းထဲမှာပုန်းအောင်းနေတဲ့ လျှာဖျားနီနီလေးက တိုးထွက်လာပြီးနှုတ်ခမ်းသားတွေကို စိုစွတ်သည်အထိလျက်လိုက်တဲ့အခါမှာတော့ ဝမ်ရိပေါ်ကထိုနှုတ်ခမ်းတွေကို ယုန်ညိုလုံးလေး အသက်ရှုကျပ်လောက်သည်အထိ နင့်နင့်နဲနဲဖိကပ်နမ်းချင်စိတ်တို့ဖြစ်လာရသည်။
လှုပ်ရှားနေတဲ့ပါးစပ်နေရာတစ်ဝိုက်ကို သေချာကြည့်လိုက်တော့ ထပ်တွေ့လိုက်ရသည်က နှုတ်ခမ်းအောက်မှာ မဟူရာကျောက်နက်လေးတစ်စက် တွယ်ငြိနေသည့်အလား ပုန်းခိုဝင်နေတဲ့ မှဲ့နက်ကလေးက ရူးချင်စရာပင်...
ထိုအခိုက်အတန့်မှာပင် ဝမ်ရိပေါ်က သူ့ဘဝအတွက်အဖိုးထိုက်တန်ဆုံး ရတနာကို ရှာတွေ့လို့သွားခဲ့ပြီမှန်းသိလိုက်ရသည်။
_______________________________
ပျော်ရွှင်စရာတန်ဆောင်တိုင်ပိတ်ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင် (✿^‿^)
(18 Nov 2021)
Advertisement
- In Serial46 Chapters
THE RISE OF ROYAL RED EYES : BLOOD MOON
MATURE CONTENT (21+)When the witch clan faced a great battle at blood moon, for the help of the vampire clan, I had to marry Alexander Ostrander.That dark old creature, it wasn’t as much fun to imagin...
8 461 - In Serial62 Chapters
Anti-Hero: Journey of Fear
There is a story where the hero makes friends, completes quests, and saves the world. This is NOT that story. In the VR world of Fate: Experience Acute Realism, the main character cuts his way through both the players and NPCs alike. This story takes a close look at how a true full immersion VR would be played. The setting is an open VR world where the players struggle to survive with a lack of knowledge and the NPCs panic in regards to the Travelers invading their world. The anti-hero of this story is cold and calculating. Sparing no one from his reign of terror he gives into occasional bouts of kindness before he is forced back on the path of blood and tears. For where there is a hero who seeks to bring people together to help the world move forward, there is an anti-hero who brings people together to seize the world for himself. WARNING: This story contains extreme violence, in every single chapter. This story contains references to sex, but no explicit scenes. This story has light to mild swearing. My chapters normally range from 4,000 to 5,000 words. This story does not contain happy endings, middles, or even beginnings.
8 566 - In Serial31 Chapters
Pyramid of Dreams
On a planet like no other, there lies a mystery unsolvable through the eons. The Voyager, a being of nigh-omnipotent power, stumbles on to this planet to discover that there is much more in the world that he did not know.Ancient forces asleep since time immemorial begin to awaken as the universe is once more plunged into chaos.Will the Voyager maintain his role of an observer or will he decide to take action, altering the course of all existence?
8 88 - In Serial43 Chapters
Dark Roses #Wattys2019
(COMPLETED STORY)It's Rose Adam's senior year of highschool, and she just moved to a suburban town known as Blakeson Canyons.As every trouble in her life seems to fall into place in this perfect town, she soon comes across a mysterious 17 year old boy, left alone and not talked to for his past, Blaire Weston. Warned to not talk to what's assumed to be a psychotic killer, Rose can't help but to get to know him to understand who he is, thinking that everyone is so quick to jump to conclusions.Little does she know, it would be the worst mistake of her life.
8 152 - In Serial8 Chapters
Boarding Of Train
" It's a bittersweet life "
8 124 - In Serial16 Chapters
Surprise, bitch! [pennywise x reader]
DISCONTINUEDHe's been watching you for months now, never had the chance to get his clawed hands on you. Now he does."Surprise, bitch!"Discord - https://discord.gg/wFHS6hB[2017 new IT based fanfiction. Pennywise x reader. Not much romance, Pennywise is depicted as the demon, evil spirit he is. Long, detailed story - easing into the relationship. If you want a story that doesn't rush, around 2k+ words each chapter I suggest this story! Contains curse words, mentions of depression/suicide, rape]
8 240