《My Jewel [ Complete ]》Part 8
Advertisement
အိပ်ပျော်နေသဖြင့် ဖိမှိတ်ထားသောမျက်ခွံနှစ်ဖက်စလုံးပေါ်မှာ ဖြန့်ယှက်နေတဲ့ သွေးကြောစိမ်းလေးတွေက အရည်အသွေးမြင့်ကျောက်စိမ်းတွေပင်တုမမှီနိုင်...
"ပုန်းမနေနဲ့ ထွက်လာခဲ့"
"လာ...ကိုကို့ဆီလာဆို"
ကိုကို?
ဟုတ်တယ် ဝမ်ရိပေါ်က အတွေးထဲမှာ ဒီကောင်လေးကို အိပ်ယာထဲအထိ အရောက်ခေါ်သွားပြီးပြီ။
"မီမီ..မီမီ..မီမီ"
အခုအချိန် ကျောင်းအနောက်ဆောင်ဘက်မှာ ပါးစပ်က တမီမီဖြင့်တကြော်ကြော်အော်ကာ ကုန်းကုန်းကွကွနဲ့ တစ်ခုခုကိုလိုက်ရှာနေတဲ့ ဝမ်ရိပေါ်ကိုသာ ကျောင်းထဲကလူတွေမြင်ခဲ့ရင် ရူးသွားပြီဟုပင်ထင်လောက်မည်ဖြစ်သည်။
"ဘယ်ရောက်သွားတာလဲ?"
"မီမီ..မီမီ"
-----------------------------
Advertisement
ဝမ်ရိပေါ်ရဲ့ဒေါသကို သူ့ fan တွေက အသိဆုံးမဟုတ်လား...တစ်ခေါက်တုန်းကလည်း သူ့နောက်တကောက်ကောလျှောက်လိုက်နေတဲ့ fan တစ်ချို့ကိုရွဲ့ပြီး အနားလာခဲ့လို့အသံအကျယ်ကြီးနဲ့ပြောလိုက်တဲ့ ဗီဒီယိုက weibo မှာ hot search ထဲတောင်ပါခဲ့တာမို့ မသိတဲ့သူမရှိ။
______________________________
(19 Nov 2021)
အိပ်ပျော်နေသဖြင့် ဖိမွိတ္ထားသောမျက်ခွံနှစ်ဖက်စလုံးပေါ်မှာ ဖြန့်ယှက်နေတဲ့ သွေးကြောစိမ်းလေးတွေက အရည်အသွေးမြင့်ကျောက်စိမ်းတွေပင်တုမမှီနိုင်...
နှမြောစရာကောင်းသည်က ထိုမျက်ခွံတွေအောက်က မည်သည့်ရတနာနှင့်တူနေမည်ကိုမသိသော မျက်ဝန်းများကိုတွေ့ခွင့်မရနိုင်ခြင်းပင်။
စိတ်အာရုံအလုံးစုံကို ဆွဲညို့ယူငင်ထားသည့် လပြည့်ဝိုင်းလိုမျက်နှာလေးပေါ်က ဝါဂွမ်းလေးတွေလို နူးညံ့အိစက်မယ့်ပုံရှိတဲ့ ဖောင်းကားနေတဲ့ပါးပြင်လေးနှစ်ဖက်ကို ချိုင့်ဝင်သွားတဲ့အထိ ဝမ်ရိပေါ်က သူ့နှုတ်ခမ်းတွေနဲ့ထိတွေ့ပြစ်ချင်လာပြန်ရော...
အညိုဘက်သန်းတဲ့အသားအရည်က တကယ်တော့ရွှေထက်ပင်ဝင်းဝါလို့စိုပြေလွန်းလှသည်။
အကြည့်တွေကိုအောက်သို့တဖြည်းဖြည်းပို့လိုက်တော့ စာအုပ်ကိုထွေးပိုက်ထားတဲ့ ဖောင်းအစ်အစ် လက်ချောင်းကလေးတွေက တစ်ချောင်းချင်းစီ စုပ်ယူကြည့်ချင်စရာကောင်းနေတယ်။ လက်သည်းလေးတွေကလည်း သလင်းကျောက်ထက်တောင် ကြည်လင်တောက်ပပြီးဆွဲဆောင်နေလွန်းပြန်သည်။
ပြည့်ပြည့်လုံးလုံးကိုယ်ခန္တာလေးကို တင်းတင်းကျပ်ကျပ် ထွေးဖက်ထားလိုက်ရရင် ဘယ်လောက်တောင် စိတ်ကျေနပ်စရာကောင်းလိုက်မလဲ?
ဘယ်သူ့ကိုမှစိတ်မဝင်စားခဲ့ဖူးတဲ့ ဝမ်ရိပေါ်က သူ့အရှေ့ကရတနာပေါင်းစုံ စုစည်းထားသလို ပြည့်စုံလွန်းတဲ့သူလေးကို ဒီအတိုင်းတစိမ့်စိမ့်သာ ထိုင်ကြည့်နေချင်တော့တာပါပဲ။
မုဆိုးဒူးထောက်ထိုင်နေတဲ့ ဝမ်ရိပေါ်က သူ့ရဲ့ရတနာလေး အသက်ဝင်မလာမချင်း တကယ်ပဲထိုင်လို့ကြည့်နေလေသည်။
အချိန်ဘယ်လောက်ကြာသွားသည်မသိ တအင်းအင်း တအဲအဲနဲ့အသံမျိုးစုံအရင်ထွက်ပြီးမှ လှုပ်ရှားလာတဲ့ ယုန်ညိုလုံးလေးကြောင့် သစ်ပင်ရဲ့တစ်ဖက်ကွယ်ရာမှာ ခပ်မြန်မြန်ဝင်ပုန်းလိုက်မိတယ်။
ဘာလှုပ်ရှားသံမှမကြားရတော့ ပြန်အိပ်ပျော်နေတာလားလို့တွေးနေတုန်း ကြားလိုက်ရတဲ့အသံကြောင့် သူခိုးလူမိသလိုဖြစ်သွားရသည်။
"ပုန်းမနေနဲ့ ထြက္လာခဲ့"
ဘာလဲ ငါပုန်းနေတာကို သိနေတာလား? ရှက်ဖို့ကောင်းလိုက်တာ!
ပုန်းကွယ်နေသည့် သစ်ပင်အနောက်မှ ထွက်လာရန်ပြင်လိုက်တုန်း ထပ်ကြားလိုက်ရသည့်အသံကြောင့် ခြေလှမ်းတို့မှာရပ်တန့်သွားပြန်သည်။
"လာ...ကိုကို့ဆီလာဆို"
ကိုကို?
သစ်ပင်အနောက်ကနေ အရှေ့ကိုအသာလေးချောင်းကြည့်လိုက်တော့ ဘေးဘက်မှာပုန်းနေတဲ့ကြောင်ကလေးတစ်ကောင်ကို လှမ်းခေါ်နေခြင်းဖြစ်နေလေသည်။
"မကြောက်နဲ့ လာခဲ့ ကိုကိုက ဗိုက်ခဏခဏဆာတတ်ပေမယ့် မင်းကိုတော့ ကိုက်မစားပါဘူး"
ဟာကြာ တကယ်ပဲဘာလေးမှန်းကိုမသိဘူး။ အသည်းယားစရာလေး...မင်းလေးကအဲဒီကြောင်ကို ကိုက်မစားဘူးဆိုပေမယ့် ကိုယ်ကတော့မင်းလေးရဲ့တစ်ကိုယ်လုံးကို ကိုက်စားပြစ်ချင်နေပြီဆိုတာသိရဲ့လား?
အသံလေးကလည်းချိုမြိန်လိုက်တာဆိုတာ ပျားရည်တောင်အရှုံးပေးရမယ်။
သူ့အနားရောက်လာတဲ့ လမ်းဘေးကြောင်လေးကို တယုတယနဲ့ပွေ့ဖက်ပြီး ပွတ်သပ်ပေးနေတဲ့အခါ ဝမ်ရိပေါ်မှာ အလိုမကျဖြစ်သွားရသည်။
အမှန်တော့အဲဒီလက်ဖောင်းဖောင်းလေးတွေကို သူပဲထိတွေ့သင့်တာကို အခုတော့ အဲဒီကြောင်က နူးညံ့တဲ့ထိတွေ့မှုကိုခံစားနေရသလို ယုန်ညိုလုံးလေးနားကပ်ပြီးမှိန်းနေလေရဲ့...
တစ်ဆက်တည်းမှာပဲ ထိုလက်ကလေးတွေက သူ့တစ်ယောက်တည်းကိုပဲ အားကိုးတစ်ကြီးဆုပ်ကိုင်လာတာကို ဝမ်ရိပေါ်ကလိုချင်သွားတယ်။ နောက်ပြီးအိပ်ယာထက်မှာ သူ့ရဲ့နောက်ကျောပြင်ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်လာဖို့ကိုရောပေါ့။
ဟုတ်တယ် ဝမ်ရိပေါ်က အေတြးထဲမွာ ဒီကောင်လေးကို အိပ်ယာထဲအထိ အရောက်ခေါ်သွားပြီးပြီ။
"ကိုကိုအတန်းတက်ရတော့မှာမို့ သွားတော့မယ်နော်။ နောက်နေ့ကျပျင်းနေရင် ဒီနေရာကိုပဲလာခဲ့ ကိုကိုရှိနေမယ်"
အတန်ကြာထိုကြောင်နဲ့ဆော့ကစားပြီးမှ ကျောင်းဆောင်တွေရှိရာဘက်ကိုထွက်သွားသည့် ယုန်ညိုလုံးလေးနောက်ကနေ ဝမ်ရိပေါ်မှာတကောက်ကောက်လိုက်သွားခဲ့သည်။
ဘယ်အတန်း ဘယ်မေဂျာကလဲဆိုတာတွေကိုသိဖို့လိုအပ်တယ်မဟုတ်လား။ ယုန်လေးကတော့ အနောက်မှာလူတစ်ယောက်လုံးကပ်ပါလာတာကို သတိထားမိပုံမပေါ်။
နောက်ဆုံးတော့ ဝမ်ရိပေါ် သူ၏ကြိုးပမ်းမှုဖြင့် သိချင်တာများကို သိခွင့်ရခဲ့ပြီဖြစ်သည်။
ယုန်ညိုလုံးလေးရဲ့ နာမည်ကရှောင်းကျန့်တဲ့။ ဒီဇိုင်းမေဂျာ စတုတ္တနှစ်ကမို့ သူနဲအသက်မကွာဘူး။ စာကြိုးစားတဲ့ကျောင်းသားတစ်ယောက်မို့ ကျောင်းပျက်ရက်မရှိဘူးတဲ့။ နောက်ပြီး ရည်းစားလည်းမရှိဘူး။ ဒီလောက်သိရရင်လုံလောက်ပြီ။
တန်းဖိုးကြီးလွန်းတဲ့ရတနာတွေကိုတောင် မက်မောခြင်းမရှိခဲ့တဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်ဆိုတဲ့ ရတနာလေးကိုတော့ အရမ်းကိုတပ်မက်ခဲ့မိတယ်။ ရယူပိုင်ဆိုင်လိုစိတ်လည်းကြီးမားခဲ့တယ်။
သူတို့ကျောက်မျက်လောကမှာ ဓလေ့တစ်ခုရှိတယ်။ အဲဒီဓေလ့က တစ်ချို့သောရတနာတွေမှာ တန်ဖိုးကြီးလွန်းတဲ့အခါ ကျောက်မျက်ကုန်သည်တွေက ထိုသို့သောရတနာတွေကို လက်ဝတ်ရတနာတွေလိုမျိုး ပွဲလမ်းသဘင်တွေမှာ လူတကာမြင်အောင်ချပြလေ့မရှိဘဲ အမြတ်တနိုးနဲ့ ဝယ်ယူပြီးသိမ်းဆည်းထားတတ်ကြတယ်။
ဝမ်ရိပေါ်အတွက်တော့ ရှောင်းကျန့်ဆိုတဲ့လူသားလေးက အဲဒီလိုအဖိုးထိုက်တန်လွန်းတဲ့ တစ်ခုတည်းသောရတနာဖြစ်တယ်။ ဘယ်သူ့ကိုမှချမပြချင်လောက်အောင် သူတစ်ယောက်တည်းပဲပိုင်ဆိုင်ပြီး ဘယ်သူမှမမြင်နိုင်အောင် အိမ်ထဲမှာပဲသိမ်းဆည်းထားလို့ သူတစ်ဦးတည်း အမြတ်တနိုးထုတ်ကြည့်ရမယ့် ရတနာလိုဖြစ်တည်မှုမျိုး....
ဒီဇိုင်းမေဂျာအဆောင်ဘက်မှထွက်လာခဲ့သည့် ဝမ်ရိပေါ်၏နှုတ်ခမ်းဖျားမှာ သိသိသာသာကွေးညွန့်တက်နေတာမို့ လမ်းတစ်လျှောက်မြင်လိုက်ရသည့်သူများအတွက် ကံကောင်းလွန်းသည့် နေ့ရက်ဖြစ်ခဲ့ရသည်။
ဆိုင်ကယ်ဆီသို့သွားနေသည့် ဝမ်ရိပေါ်တစ်ယောက် တစ်စုံတစ်ရာကိုသတိရသွားသည့်အခါ သူ၏ခြေလှမ်းများမှာ ရုတ်တရက်ဦးတည်ရာပြောင်းသွားပြီး မျက်နှာပေါ်ကအပြုံးတွေလည်းပျောက်ကွယ်လို့သွားပြန်သည်။
"မီမီ..မီမီ..မီမီ"
အခုအချိန် ကျောင်းအနောက်ဆောင်ဘက်မှာ ပါးစပ္က တမီမီဖြင့်တကြော်ကြော်အော်ကာ ကုန်းကုန်းကွကွနဲ့ တစ်ခုခုကိုလိုက်ရှာနေတဲ့ ဝမ်ရိပေါ်ကိုသာ ကျောင်းထဲကလူတွေမြင်ခဲ့ရင် ရူးသွားပြီဟုပင်ထင်လောက်မည်ဖြစ်သည်။
"ဘယ်ရောက်သွားတာလဲ?"
"မီမီ..မီမီ"
နောက်ဆုံးတော့ ဇွဲကြီးလွန်းသည့် ဝမ်ရိပေါ်မှာသူ၏ပစ်မှတ်ကို ရှာလို့တွေ့သွားခဲ့လေသည်။
"မင်းက ထွက်မလာဘဲ ဒီမှာလာပုန်းနေတာပဲ"
ကျောင်းအဆောင်နှစ်ခုကြားထဲတွင်ရှိနေသည့် ကြောင်လေးတစ်ကောင်အား မညှာမတာ ဂုတ်မှဖမ်းဆွဲယူလိုက်သည့် ဝမ်ရိပေါ်က သူ၏ကျောပိုးအိတ်ထဲသို့ ကောက်ထည့်ကာ ထိုနေရာမှထွက်လာခဲ့သည်။
အိမ်သို့ပြန်သည့်လမ်းတွင် လမ်းကြားတစ်ခုထဲ၌ ပြစ်ချခဲ့ခြင်းခံလိုက်ရသည့် ကြောင်ကလေးကတော့ သူ့အပြစ်သူသိမည်မဟုတ်ခဲ့...
ထို့အတူ တစ်ဖက်တွင်လည်း ကျောင်းသို့ခေါ်လာခဲ့သည့်ကြောင်လေးပျောက်နေသဖြင့် တစ်ကျောင်းလုံးပတ်ကာ လိုက်ရှာနေသော ပါမောက္ခတစ်ဦးလည်းရှိခဲ့လေသည်။
-----------------------------
နောက်ရက်များမှစတင်ကာ တက္ကသိုလ်သို့လာလေ့မရှိသော ဝမ်ရိပေါ်မှာ နေ့တိုင်းကျောင်းတက်လို့လာခဲ့လေသည်။
တစ်ခုထပ်ပြီးသိလိုက်ရတဲ့ စိတ်ကျေနပ်စရာအချက်ကတော့ တစ်ယောက်တည်းနေတဲ့ ရှောင်းကျန့်ကဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ပါဘူးတဲ့။ ဒါဆိုသူအပိုအလုပ်တွေ မလုပ်ရတော့တာမို့ သက်သာတာပေါ့။ ဘာလို့ဆို သူ့အပိုင်ဖြစ်လာရမယ့် လူသားဘေးမှာရှိနေမယ့် သူတွေအားလုံးကို ဝမ်ရိပေါ်က ဘယ်လိုနည်းနဲ့မဆို ရှင်းထုတ်ပြစ်မယ်လို့ ဆုံးဖြတ်ထားခဲ့တာမို့ပါပဲ။
အခုတော့ သူမွာလုပ္စရာ တစ်ခုပဲကျန်တော့တယ်။ အဲဒါက ရှောင်းကျန့်ကိုစတွေ့တဲ့ အချိန်ကစလို့ ဝမ်ရိပေါ်က သူ့ယုန်ညိုလေး သူ့ကို သတိထားမိလာအောင် လုပ်ရမှာပဲဖြစ်တယ်။
လက်တွေ့မှာတော့ တစ်ကျောင်းလုံးမှာသူ့ကို သတိမထားမိတဲ့သူမရှိပေမယ့် သူ့ယုန်ညိုလေးကတကယ်ပဲ သူ့ကိုတစ်ချက်လေးတောင်လှည့်မကြည့်ခဲ့ပါဘူး။ ဝမ်ရိပေါ်ရက်ရက်စက်စက်ကို လျစ်လျူရှုခံခဲ့ရတာပါ။
သတိထားမိအောင် ရှောင်းကျန့်အနားကို သွားဖို့ကြိုးစားပေမယ့် ထင်ထားသလိုလည်းဖြစ်မလာခဲ့ဘူး။
ဒီနေ့လည်းနေ့လယ်ထမင်းစားချိန် ကန်တင်းကထောင့်ဝိုင်းလေးတစ်ခုမှာ တစ်ယောက်တည်းထမင်းထိုင်စားနေတဲ့ ရှောင်းကျန့်ရဲ့အနီးဆုံးဝိုင်းမှာသွားထိုင်ဖို့ သူသွားနေတုန်းပဲရှိသေးတယ် သူလာနေတာကိုမြင်သွားကြတဲ့သူတွေက ကန်တင်းထဲကနေ အလုအယက်ထွက်လာကြရင်းက ယုန်လေးထမင်းစားနေတဲ့စားပွဲဝိုင်းကိုရော လူကိုရော ဝင်တိုက်သွားတာကြောင့် ဒေါသထွက်လွန်းလို့ အဲဒီလူတွေအကုန်လုံးကိုဆွဲထိုးပြီး နေရာမှာရှိတဲ့ပစ္စည်းတွေအားလုံးကို ရိုက်ခွဲချင်လိုက်မိတဲ့စိတ်ကို မနည်းထိန်းချုပ်လိုက်ရတယ်။
တော်ကြာ ဒေါသကိုမထိန်းနိုင်လိုက်လို့ ယုန်ညိုလုံးလေးသူ့ကို ကြောက်လန့်သွားမှာကို သူမလိုလား....
ကန်တင်းအပေါက်ဝတွင်ရပ်ကာ မျက်လုံးများနီရဲကာ လက်သီးကိုတင်းတင်းဆုပ်လို့ ပုံမှန်ထက်တည်တင်းနေသည့်မျက်နှာဖြစ်နေသည့် ဝမ်ရိပေါ်အားသတိထားမိသွားသည့်သူများမှာ အနားသို့ဆက်မသွားရဲကြတော့သဖြင့် အလျိုလျိုထွက်သွားကြတော့သည်။
ဝမ်ရိပေါ်ရဲ့ဒေါသကို သူ့ fan တွေက အသိဆုံးမဟုတ်လား...တစ်ခေါက်တုန်းကလည်း သူ့နောက်တကောက်ကောလျှောက်လိုက်နေတဲ့ fan တစ်ချို့ကိုရွဲ့ပြီး အနားလာခဲ့လို့အသံအကျယ်ကြီးနဲ့ပြောလိုက်တဲ့ ဗီဒီယိုက weibo မွာ hot search ထဲတောင်ပါခဲ့တာမို့ မသိတဲ့သူမရှိ။
နောက်ဆုံးတော့ ထွက်သွားသည့်သူတွေကြောင့် ကန်တင်းထဲတွင်လူတွေရှင်းသွားသဖြင့် ဝမ်ရိပေါ်မှာ သူ့ယုန်ညိုလုံးလေးနှင့် အနှီးဆုံးမျက်နှာချင်းဆိုင်ဝိုင်းတွင် နေရာရရှိခဲ့လေသည်။
______________________________
ဒီ fic ထဲက ဝမ်ရိပေါ်ရဲ့ type က လုံးဝ possessive type ပါ။ အဲဒါကြောင့် အိမ်ထဲကနေအိမ်ပြင်ကိုပေးမထွက်ခဲ့တဲ့ သူ့ရှောင်းကျန့်က တစ်နိုင်ငံလုံးသိတဲ့ မင်းသားအထိဖြစ်သွားတော့ အရမ်းပေါက်ကွဲပြီး လက်မခံနိုင်ဘဲ shock ဖြစ်သွားရတာ...
(19 Nov 2021)
Advertisement
- In Serial21 Chapters
I Summoned You
Julia wanted revenge, but she didn't imagine she'd get a demon to help her with it. Three girls worked together to cast a ritual, and summoned a demon to grant their wishes. Whether its peace of mind, the confidence to not be bullied, or revenge, the demon is willing to please. What matters afterward is the price that has to be paid. Not only by the summoners, but by the ones who have wronged them. --- Cover photo by Mallory Johndrow on Unsplash.com --- [participant in the NaNoWriMo Royal Road challenge]
8 151 - In Serial7 Chapters
Perceptive Ambience
After the boom of the industrial revolution, something happened. The discovery of what that was, and why things turned out the way they did... But let's focus on today. Greenery has overgrown a building now-forgotten, and the memories of what was permeate the crumbling walls. Something nearby wakes up those fragmented memories, and something new is born.
8 106 - In Serial9 Chapters
All my stats are ZERO and my first mission, IS TO KILL GOD!?
I have to become faster, stronger and powerful than anyone else. Or all the people i love, will perish in the maws of God.
8 66 - In Serial48 Chapters
Chronicles of the Tiger Immortal
(Currently writing it as main story.)A spirit from another time, another place, arrives and sees a boy drown to death. The vessel is empty and the soul is gone. The spirit takes over the body and begins life anew. In a world of saints, mages, and immortals; one spirit rejoices as it has attained another life. With a new body, the spirit sets out into the world of the living once more to become an immortal and take back what was stolen from it. It all starts when he swallows a gold pearl with the image of a white tiger inside.Book 1: Advent of Lu Shu. Chapters: 18 total.Book 2: The Old Gods. Chapters: 21 total.Book 3: The Tiger Army. Chapters: Ongoing from 1-?
8 281 - In Serial47 Chapters
Another Terror Infinity Fan Fiction
This is my first time writing anything on rrl. I've been a reader for a couples years now and decided that I wanted to give it a shot. I might not finish this story and the releases will be eratic but I'll try to get at least one chapter out on Sundays but if I don't have time it obviously won't happen. The title of the story should tell you everything you want to know about it. I welcome all criticism and hope I can provide entertainment for whoever reads this.
8 178 - In Serial6 Chapters
Star Wars x Reader One Shots
(Requests closed)Here you can find oneshots, smut and whatever comes to mind lol
8 223