《My Jewel [ Complete ]》Part 9
Advertisement
စားပြဲေပၚကိုဖိတ္က်သြားေသာ အစားအေသာက္ေတြကို ႏွေျမာတသျဖစ္သလိုမ်က္ဝန္းေတြနဲ႔ၾကည့္ေနတဲ့ ယုန္ညိဳလံုးေလးေၾကာင့္ ဝမ္ရိေပၚတစ္ေယာက္ ခ်စ္အားပိုရျပန္တယ္။ အခုအခ်ိန္အထိ ေ႐ွာင္းက်န္႔ကသူ႔အေ႐ွ႕တည့္တည့္က စားပြဲဝိုင္းမွာထိုင္ေနတဲ့သူ႔ကိုမျမင္ေသးဘူး။
အရင္ဆံုးဖိတ္က်သြားတဲ့ အစားအစာေတြအတိုင္း ျပန္ခ်ေပးလိုက္ဖို႔ စားပြဲထိုးတစ္ေယာက္ကိုေခၚလို႔ေျပာလိုက္တယ္။ ယုန္ေလးမ်က္ႏွာတစ္ခ်က္ညိဳးတာကို သူမျမင္ခ်င္ဘူးမဟုတ္လား။
"ဟို..ကြၽန္ေတာ္ထပ္မမွာထားပါဘူး"
ေ႐ွာင္းက်န္႔ သူ႔စားပြဲေပၚကိုလာခ်ေပးတဲ့ အစားအေသာက္ေတြေၾကာင့္ စားပြဲထိုးေကာင္ေလးကိုေျပာလိုက္ရတယ္။
"ဟုတ္ကဲ့ သိပါတယ္ခင္ဗ်။ ဟုိ..ဒါေတြကခုနက ညီေလးရဲ႕အစားအေသာက္ေတြကုိ ဝင္တိုက္သြားတဲ့တစ္ေယာက္ကအစားျပန္ေလ်ာ္ေပးဖို႔မွာသြားလို႔ပါ"
"ေက်းဇူးတင္စရာေကာင္းလိုက္တာ"
ပတ္ဝန္းက်င္ကုိ ဟိုဟုိဒီဒီလွမ္းၾကည့္ၿပီးၾကည့္ေနတဲ့ သူ႔အေ႐ွ႕ကယုန္ေလးက သူ႔ကိုဟင္းေတြျပန္ဝယ္ေပးတဲ့သူကို လိုက္႐ွာေနပံုရတယ္။ အေ႐ွ႕တည့္တည့္က သူ႔ဆီကုိလည္းအၾကည့္တစ္ခ်က္ေရာက္လာတဲ့အခါ ဝမ္ရိေပၚရဲ႕ရင္အစံုက ထိန္းမရႏိုင္စြာ ဒိုင္းကနဲေဆာင့္ျမည္္တယ္။
"ဟိုေလ...အဲဒီလူေတြကမွာေပးၿပီးတာနဲ႔ထြက္သြားတာမို႔မ႐ွိေတာ့ပါဘူး"
"ဪ..ဟုတ္ကဲ့"
စားပြဲထိုးက ဝမ္ရိေပၚသင္ေပးလိုက္တဲ့အတိုင္းေျပာလိုက္မွ ယုန္လံုးေလးကအစားေတြကိုျပန္စားေတာ့ေလရဲ႕...
သူ႔ကိုၾကည့္လာခ်ိန္က မွတ္မိသြားမလားလို႔ေတြးလိုက္မိေပမယ့္ ယုန္ညိဳလံုးေလးက မွတ္မိပံုမရဘူး။ ၾကည့္ရတာ ဟုိတစ္ခါေတြ႔တုန္းကလို သူ႔မွာခရမ္းေရာင္ဆံပင္ေတြ မ႐ွိေတာ့တာေၾကာင့္ျဖစ္ပါလိမ့္မယ္။ တကယ္ေတာ့ဝမ္ရိေပၚက သူ႔ရဲ႕ခရမ္းေရာင္ဆံပင္ေတြကို သေဘာမက်တာေၾကာင့္မ်ား ေရွာင္းက်န္႔ကသူ႔ကိုဂ႐ုမျပဳမိခဲ့တာလားလို႔ေတြးၿပီး ထိုဆံပင္ေတြကိုအညိဳေရာင္ေျပာင္းခဲ့လိုက္တာ။
ေနာက္ဆံုးေတာ့သေဘာေပါက္လိုက္ရတာက သူဘယ္လိုဆံပင္အေရာင္မ်ိဳးပဲျဖစ္ေနပါေစ ေ႐ွာင္းက်န္႔ကသူ႔ကိုစိတ္မဝင္စားလာဘူးဆိုတာပါပဲ။
အစားအစာထဲကိုသာ အာရံုအျပည့္အဝစိုက္ထားတဲ့ ယုန္ညိဳလံုးေလးက ပါးစပ္ထဲထမင္းလုတ္ကိုလည္း အႀကီးႀကီးေတြထည့္တာမို႔ ဝမ္ရိေပၚမွာ အစာမေၾကျဖစ္မွာကိုစိတ္ပူေနရတယ္။
"ျဖည္းျဖည္းစားတာမဟုတ္ဘူး။ ဘယ္သူလုစားမွာစိုးလို႔လဲ"
ထမင္းေရာဟင္းေတြေရာေပါင္းဝါးေနတဲ့အခါ နဂိုေဖာင္းေနတဲ့ပါးေတြက လံုးလံုးထြက္လာတာကိုၾကည့္ၿပီး အဲဒီပါးေတြကိုဆြဲငံုလိုက္ခ်င္မိတဲ့စိတ္ကုိ သူ႔မွာမနည္းမ်ဳိသိပ္ေနရတယ္။ ႏႈတ္ခမ္းတစ္ဝိုက္နားမွာ အဆီတဝင္းဝင္းနဲ႔ေပက်ံေနတာေတြကိုေတာ့ ဝမ္ရိေပၚကသူရဲ႕လ်ွာေတြနဲ႔လ်ွက္ေပးခ်င္လိုက္တာမွ တားမရဆီးမရ...
သူကသာတစ္ေယာက္တည္းျဖစ္ပ်က္ေနတာ ယုန္လံုးေလးကေတာ့ ထမင္းကိုသာငံု႔စားေနေတာ့တာပါပဲ။ ထမင္းစားလို႔ၿပီးသြားတဲ့အထိ ေ႐ွာင္းက်န္႔ကသူ႔ကုိတစ္ခ်က္ေတာင္ လွမ္းမၾကည့္ခဲ့ပါဘူး။
အကယ္၍သူသာ အဲဒီအစားအစာေတြျဖစ္ခဲ့ရင္ေတာ့ ယုန္ေလးရဲ႕အာရံုစိုက္မႈကို အျပည့္အဝရႏိုင္မွာပဲလို႔ေတြးမိေတာ့ မထိန္းႏိုင္ဘဲရယ္မိသြားတယ္။
----------------------------
ဒီေနာက္ပိုင္းဝမ္ရိေပၚတြင္ ေန႔စဥ္ျပဳလုပ္ေနက်အလုပ္မ်ားအျပင္ တာဝန္အသစ္ေတြလည္း႐ွိလာခဲ့သည္။ ထိုတာဝန္မွာ သူ႔အားဘယ္သူမွမေပးဘဲ မနက္ေက်ာင္းတက္ခ်ိန္ႏွင့္ေက်ာင္းဆင္းခ်ိန္မ်ားတြင္ ဆိုင္ကယ္တစ္စီးျဖင့္ေ႐ွာင္းက်န္႔စီးသြားသည့္ ဘတ္စ္ကားေနာက္မွထပ္ၾကပ္မကြာလိုက္ၿပီး ကာယကံ႐ွင္ပင္မသိေအာင္ ေက်ာင္းအႀကိဳအပို႔လုပ္ေပးေနျခင္းသာျဖစ္သည္။
တစ္ေလ်ွာက္လံုးေက်ာင္းမတက္ခဲ့သည့္သူက အခုမွေန႔တိုင္းေက်ာင္းတက္ေနသျဖင့္ ဝမ္ရိေပၚ၏အမည္မွာ ေက်ာင္းတြင္အျမဲလိုလိုၾကားေနခဲ့ရၿပီး မန္ေနဂ်ာျဖစ္သူခ်န္းယီမွာလည္း သိပ္မၾကည္ခ်င္ေတာ့ဘဲေျပာလာေတာ့သည္။
"ဝမ္ရိေပၚ ဒီေနာက္ပိုင္း မင္းဘာလို႔ေက်ာင္းကို ေန႔တိုင္းသြားေနတာလဲ?"
"ေက်ာင္းသားပဲ ေက်ာင္းတက္တာဆန္းလား?"
"အရင္ကမတက္ဘဲ အခုမွတက္ေနတာမို႔ဆန္းတာေပါ့။ ေနာက္ၿပီးမနက္ဆိုရင္လည္း အိမ္ကအေစာႀကီးထြက္သြားတယ္ဆို။ ညေနက်ရင္လည္း ေက်ာင္းဆင္းခ်ိန္ထက္အမ်ားႀကီးေနာက္က်ၿပီးမွ ေအဂ်င္စီကိုေရာက္လာတာမို႔ဒီၾကားထဲမွာ မင္းဘာေတြလုပ္ေနတာလဲဝမ္ရိေပၚ"
"ဘာလဲ ကြၽန္ေတာ့္ကိစၥအားလံုးကို ေကာကိုအစီရင္ခံေနရမွာလား?"
"ေကာကအဲဒီသေဘာေျပာတာမဟုတ္ဘူးေလရိေပၚရာ။ သိရဲ႕သားနဲ႔။ သိပ္မၾကာခင္ စာေမးပြဲေျဖျပီးတာနဲ႔မင္းကို debut လုပ္ေပးေတာ့မွာမို႔ ဒီအခ်ိန္မွာေသခ်ာေလ့က်င့္ထားရမယ္ေလ"
"ညပိုင္းေတြက်ရင္ေလ့က်င့္မွာမုိ႔စိတ္မပူနဲ႔"
သူေျပာေနသည္ကို သိပ္စိတ္မဝင္စားဘဲ ဖုန္းကိုၾကည့္၍ျပံဳးေနေသာ ထူးဆန္းလြန္းသည့္ ဝမ္ရိေပၚ၏အမူအရာေၾကာင့္ ခ်န္းယီတစ္ေယာက္ ပို၍မသကၤာျဖစ္သြားရသည္။
"ဝမ္ရိေပၚ"
"က်စ္! ဘာလဲ မၿပီးေသးဘူးလား?"
ဖုန္းႏွင့္အျပည့္႐ိုက္ကူးထားသည့္ လံုးတံုးတံုးယုန္ေလးရဲ႕ခ်စ္ဖို႔ေကာင္းလြန္းတဲ့ပံုေတြကိုၾကည့္ေနတုန္း စကားေတြမ်ားေနတဲ့ မန္ေနဂ်ာအကိုေၾကာင့္ ဝမ္ရိေပၚမွာစိတ္မ႐ွည္ျဖစ္လာရတယ္။
"မဟုတ္မွ ရည္းစားရေနၿပီလား?"
သူေမးလိုက္ေတာ့ ျပံဳးေနတဲ့ဝမ္ရိေပၚရဲ႕မ်က္ႏွာကတည္တင္းသြားၿပီး ဖုန္းေပၚမွာလႈပ္႐ွားေနခဲ႔တဲ့ လက္ေတြကလည္းရပ္သြားတာမို႔ အနားမွာေနလာတာၾကာၿပီျဖစ္တဲ့ ခ်န္းယီအေနနဲ႔ရိပ္မိလိုက္တယ္။
"တကယ္ပဲရည္းစားရေနတာလား?"
"ရည္းစားလို႔သံုးႏႈန္းရေလာက္ေအာင္ သူကကြၽန္ေတာ့္အတြက္အေပ်ာ္မဟုတ္ဘူး"
"OK ဒါဆိုခ်စ္သူဆိုပါေတာ့...ဝမ္ရိေပၚအခုကိုယ့္ကိုယ္ကို ဘာလုပ္ေနတယ္ဆိုတာေရာသိေသးရဲ႕လား? Idol အျဖစ္ပြဲဦးေတာင္မထြက္ရေသးတာကို အခုကတည္းကခ်စ္သူထားေနရင္..."
"ခ်စ္သူမျဖစ္ေသးဘူး"
သူ႔စကားမဆံုးခင္ျဖတ္ေျပာလာသည့္ ဝမ္ရိေပၚ၏စကားေၾကာင့္ နဂိုက်ဥ္းေျမာင္းေသာ ခ်န္းယီ၏မ်က္လံုးမ်ားမွာ သံုးဆေလာက္ျပဴးက်ယ္သြားခဲ့ေလသည္။
"မဟုတ္မွ ဒါဆို..မင္းဘက္ကပဲ..တစ္ဖတ္သက္?"
"အင္း"
"Oh My God ဘယ္လိုမိန္းကေလးကမ်ား ငါတို႔ရိေပၚကိုအဲဒီလိုျဖစ္ေအာင္လုပ္ႏိုင္ခဲ့ပါလိမ့္? ဖြင့္ေရာေျပာၿပီးၿပီးလား?"
"ဟင့္အင္း"
"ဘာလို႔လဲ ဘာလို႔မေျပာတာလဲ?"
"မေသခ်ာေသးလို႔"
"ဘာကိုမေသခ်ာတာလဲ"
"သူကြၽန္ေတာ့္ကိုလက္ခံမယ္ဆိုတာ မေသခ်ာေသးလို႔။ လက္မခံဘဲထြက္ေျပးသြားရင္ဘယ္လိုလုပ္မလဲ?"
"ဘာကိုေၾကာက္ေနတာလဲ ရိေပၚရာ? မင္းကိုလက္မခံတဲ့ မိန္းကေလးဆိုတာ ဒီႏိုင္ငံမွာ႐ွိပါ့မလား?"
"မိန္းကေလးမွမဟုတ္တာ"
"ဘာ!!!!!!"
-----------------------------
ေ႐ွာင္းက်န္႔ရဲ႕အာရံုစိုက္မႈကိုရဖို႔ရာ ဝမ္ရိေပၚတစ္ေယာက္ အမ်ိဳးမ်ိဳးႀကိဳးစားသာ္လည္း မေအာင္ျမင္သည့္အခါ စိတ္ဓာတ္က်လာရသည္။ ဒီအတိုင္းသြားၿပီးဖြင့္ေျပာလိုက္ခ်င္ေသာ္လည္း ယုန္ညိဳလံုးေလးကသူ႔အားစိတ္ခုသြားမည္ကိုစိုးရိမ္ရျပန္သည္။
အနားမွာအျမဲ႐ွိေနေပးရင္ ၾကာရင္သူ႔ကိုသတိထားမိလာမယ္လို႔ထင္ေပမယ့္ စာလုပ္တာရယ္၊ အအိပ္နဲ႔အစားရယ္ကလြဲရင္ ဘာကိုမွစိတ္ဝင္စားပံုမရတဲ့ ေ႐ွာင္းက်န္႔ရဲ႕အာရံုကိုသူကဖမ္းမစားႏိုင္ခဲ့ဘူး၊
အာကစားခ်ိန္တိုင္း စာၾကည့္တိုက္ကိုသြားတတ္တဲ့ ေ႐ွာင္းက်န္႔သူ႔ကိုစိတ္ဝင္စားလာေအာင္ဆိုၿပီး ဝမ္ရိေပၚက ဘက္စကတ္ေဘာအသင္းထဲကိုလည္းဝင္ခဲ့ေသးတယ္။ ဘာလို႔ဆို စာၾကည့္တိုက္ကိုသြားတဲ့လမ္းက အမိုးမပါတဲ့ဘက္စကတ္ေဘာကြင္းျပင္ အေ႐ွ႕ကေနျဖတ္သြားရတာမို႔လို႔ပါပဲ။
ဒီေန႔လည္းအားကစားခ်ိန္မွာ ဝမ္ရိေပၚကဘက္စကတ္ေဘာကြင္းထဲကေန သူ႔ယုန္ညိဳလံုးေလးလာမယ့္ဘက္ကုိ တေမ်ွာ္ေမ်ွာ္ျဖစ္လို႔ေနတယ္။ အေဆာင္ေတြ႐ွိရာဘက္ကလာေနတဲ့ အရိပ္ကေလးကိုျဖတ္ကနဲျမင္လိုက္ရတာနဲ႔ ဝမ္ရိေပၚကဘက္စကတ္ေဘာကို အားႀကိဳးမာန္တက္စၿပီးကစားေတာ့တာပါပဲ။
"ဝမ္ရိေပၚ!! ဝမ္ရိေပၚ!! ဝမ္ရိေပၚ!!"
သူ႔လႈပ္႐ွားမႈေတြစတာနဲ႔ တစ္ကြင္းလံုးအျပည့္ ပရိတ္သတ္ေတြေအာ္ဟစ္အားေပးသံက အျပင္ဘက္ကလမ္းသြားလမ္းလာေက်ာင္းသားေတြ အတိုင္းသားၾကားႏိုင္တဲ့အထိပဲ။
ဘက္စကတ္ေဘာကစားေနတဲ့ ဝမ္ရိေပၚရဲ႕အာရံုက သူေစာင့္ေနတဲ့ အရိပ္ကေလးက ကြင္းနဲ႔နီးလာေလေလ ပိုပိုၿပီးစိတ္လႈပ္႐ွားလာေလပဲ။ အခုအခ်ိန္အထိ ကြင္းထဲကပရိတ္သတ္ေတြကလည္း သူ႔နာမည္ကိုတေၾကာ္ေၾကာ္ေအာ္ေနတုန္းျဖစ္သည္။
ကြင္းေ႐ွ႕ေရာက္လာတဲ့ ေ႐ွာင္းက်န္႔ရဲ႕ေျခလွမ္းေတြက ရပ္သြားၿပီး ကြင္းဘက္ကိုလွည့္ၾကည့္လိုက္လာတဲ့အခ်ိန္မွာေတာ့ ဝမ္ရိေပၚကသူ႔ႀကိဳးစားမႈေတြအရာထင္ၿပီလို႔ေတြးလိုက္မိတယ္။
ေနာက္ဆံုးေတာ့ ေ႐ွာင္းက်န္႔ကသူ႐ွိရာကိုလွည့္ၾကည့္ၿပီလားလို႔ေတြးေနတုန္းမွာပဲ အေ႐ွ႕ကိုၾကည့္လို႔ျပန္ေလ်ွာက္သြားတဲ့ ယုန္ကေလးေၾကာင့္ ဒီတစ္ႀကိမ္လည္းအခ်ည္းႏွီးျဖစ္ခဲ့ရျပန္တယ္။
ဒီယုန္ဘာျဖစ္လုိ႔အဲဒီေလာက္ေတာင္ သူ႔ကုိတစ္စက္ကေလးမွ စိတ္မဝင္စားရပါလိမ့္ေနာ္။
ေ႐ွာင္းက်န္႔တစ္ေယာက္စာၾကည့္တိုက္ကိုသြားေနတုန္း ဘက္စကတ္ေဘာကြင္းဘက္က အာ္ဟစ္အားေပးသံေတြေၾကာင့္ ဒီေန႔ေလ့က်င့္ေရး႐ွိေနမွန္းသိလိုက္ရတယ္။ ခါတိုင္လည္းေလ့က်င့္ေရး႐ွိေပမယ့္ အခုေလာက္အထိအသံမက်ယ္တာမို႔ စိတ္ဝင္စားသြားရတယ္။
ေသခ်ာနားေထာင္ၾကည့္ေတာ့မွ ေအာ္သံေတြကဝမ္ရိေပၚဆိုတဲ့နာမည္ျဖစ္ေနတာေၾကာင့္ ျမင္ဖူးခ်င္တာမုိ႔လွမ္းၾကည့္လိုက္မိတယ္။ ဒါေပမယ့္လည္းကြင္းထဲမွာက ကစားသမားေတြမ်ားေနတာမို႔ ဘယ္သူကဝမ္ရိေပၚလဲဆိုတာမသိရတဲ့အျပင္ ဒီရက္ပိုင္းတက္ေနတဲ့ သူ႔ရဲ႕မ်က္မွန္ပါဝါေတြေၾကာင့္ လူေတြရဲ႕မ်က္ႏွာကိုေတာင္ ေသခ်ာမျမင္ရတာမို႔ ဆက္မၾကည့္ျဖစ္ေတာ့ဘဲ ထြက္လာလိုက္တယ္။
မျဖစ္ေသးပါဘူး။ ေတာ္ေတာ္ကန္းေနၿပီမို႔ ပိတ္ရက္က်ရင္ မားကိုေျပာၿပီးမ်က္စိသြားစစ္ရဦးမွပါပဲ။
_____________________________
(22 Nov 2021)
စားပွဲပေါ်ကိုဖိတ်ကျသွားသော အစားအသောက်တွေကို နှမြောတသဖြစ်သလိုမျက်ဝန်းတွေနဲ့ကြည့်နေတဲ့ ယုန်ညိုလုံးလေးကြောင့် ဝမ်ရိပေါ်တစ်ယောက် ချစ်အားပိုရပြန်တယ်။ အခုအချိန်အထိ ရှောင်းကျန့်ကသူ့အရှေ့တည့်တည့်က စားပွဲဝိုင်းမှာထိုင်နေတဲ့သူ့ကိုမမြင်သေးဘူး။
Advertisement
အရင်ဆုံးဖိတ်ကျသွားတဲ့ အစားအစာတွေအတိုင်း ပြန်ချပေးလိုက်ဖို့ စားပွဲထိုးတစ်ယောက်ကိုခေါ်လို့ပြောလိုက်တယ်။ ယုန်လေးမျက်နှာတစ်ချက်ညိုးတာကို သူမမြင်ချင်ဘူးမဟုတ်လား။
"ဟို..ကျွန်တော်ထပ်မမှာထားပါဘူး"
ရှောင်းကျန့် သူ့စားပွဲပေါ်ကိုလာချပေးတဲ့ အစားအသောက်တွေကြောင့် စားပွဲထိုးကောင်လေးကိုပြောလိုက်ရတယ်။
"ဟုတ်ကဲ့ သိပါတယ်ခင်ဗျ။ ဟို..ဒါတွေကခုနက ညီလေးရဲ့အစားအသောက်တွေကို ဝင်တိုက်သွားတဲ့တစ်ယောက်ကအစားပြန်လျော်ပေးဖို့မှာသွားလို့ပါ"
"ကျေးဇူးတင်စရာကောင်းလိုက်တာ"
ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီလှမ်းကြည့်ပြီးကြည့်နေတဲ့ သူ့အရှေ့ကယုန်လေးက သူ့ကိုဟင်းတွေပြန်ဝယ်ပေးတဲ့သူကို လိုက်ရှာနေပုံရတယ်။ အရှေ့တည့်တည့်က သူ့ဆီကိုလည်းအကြည့်တစ်ချက်ရောက်လာတဲ့အခါ ဝမ်ရိပေါ်ရဲ့ရင်အစုံက ထိန်းမရနိုင်စွာ ဒိုင်းကနဲဆောင့်မြည််တယ်။
"ဟိုလေ...အဲဒီလူတွေကမှာပေးပြီးတာနဲ့ထွက်သွားတာမို့မရှိတော့ပါဘူး"
"ဪ..ဟုတ်ကဲ့"
စားပြဲထိုးက ဝမ်ရိပေါ်သင်ပေးလိုက်တဲ့အတိုင်းပြောလိုက်မှ ယုန်လုံးလေးကအစားတွေကိုပြန်စားတော့လေရဲ့...
သူ့ကိုကြည့်လာချိန်က မှတ်မိသွားမလားလို့တွေးလိုက်မိပေမယ့် ယုန်ညိုလုံးလေးက မှတ်မိပုံမရဘူး။ ကြည့်ရတာ ဟိုတစ်ခါတွေ့တုန်းကလို သူ့မှာခရမ်းရောင်ဆံပင်တွေ မရှိတော့တာကြောင့်ဖြစ်ပါလိမ့်မယ်။ တကယ်တော့ဝမ်ရိပေါ်က သူ့ရဲ့ခရမ်းရောင်ဆံပင်တွေကို သဘောမကျတာကြောင့်များ ရှောင်းကျန့်ကသူ့ကိုဂရုမပြုမိခဲ့တာလားလို့တွေးပြီး ထိုဆံပင်တွေကိုအညိုရောင်ပြောင်းခဲ့လိုက်တာ။
နောက်ဆုံးတော့သဘောပေါက်လိုက်ရတာက သူဘယ်လိုဆံပင်အရောင်မျိုးပဲဖြစ်နေပါစေ ရှောင်းကျန့်ကသူ့ကိုစိတ်မဝင်စားလာဘူးဆိုတာပါပဲ။
အစားအစာထဲကိုသာ အာရုံအပြည့်အဝစိုက်ထားတဲ့ ယုန်ညိုလုံးလေးက ပါးစပ်ထဲထမင်းလုတ်ကိုလည်း အကြီးကြီးတွေထည့်တာမို့ ဝမ်ရိပေါ်မှာ အစာမကြေဖြစ်မှာကိုစိတ်ပူနေရတယ်။
"ဖြည်းဖြည်းစားတာမဟုတ်ဘူး။ ဘယ်သူလုစားမှာစိုးလို့လဲ"
ထမင်းရောဟင်းတွေရောပေါင်းဝါးနေတဲ့အခါ နဂိုဖောင်းနေတဲ့ပါးတွေက လုံးလုံးထွက်လာတာကိုကြည့်ပြီး အဲဒီပါးတွေကိုဆွဲငုံလိုက်ချင်မိတဲ့စိတ်ကို သူ့မှာမနည်းမျိုသိပ်နေရတယ်။ နှုတ်ခမ်းတစ်ဝိုက်နားမှာ အဆီတဝင်းဝင်းနဲ့ပေကျံနေတာတွေကိုတော့ ဝမ်ရိပေါ်ကသူရဲ့လျှာတွေနဲ့လျှက်ပေးချင်လိုက်တာမှ တားမရဆီးမရ...
သူကသာတစ်ယောက်တည်းဖြစ်ပျက်နေတာ ယုန်လုံးလေးကတော့ ထမင်းကိုသာငုံ့စားနေတော့တာပါပဲ။ ထမင်းစားလို့ပြီးသွားတဲ့အထိ ရှောင်းကျန့်ကသူ့ကိုတစ်ချက်တောင် လှမ်းမကြည့်ခဲ့ပါဘူး။
အကယ်၍သူသာ အဲဒီအစားအစာတွေဖြစ်ခဲ့ရင်တော့ ယုန်လေးရဲ့အာရုံစိုက်မှုကို အပြည့်အဝရနိုင်မှာပဲလို့တွေးမိတော့ မထိန်းနိုင်ဘဲရယ်မိသွားတယ်။
----------------------------
ဒီနောက်ပိုင်းဝမ်ရိပေါ်တွင် နေ့စဉ်ပြုလုပ်နေကျအလုပ်များအပြင် တာဝန်အသစ်တွေလည်းရှိလာခဲ့သည်။ ထိုတာဝန်မှာ သူ့အားဘယ်သူမှမပေးဘဲ မနက်ကျောင်းတက်ချိန်နှင့်ကျောင်းဆင်းချိန်များတွင် ဆိုင်ကယ်တစ်စီးဖြင့်ရှောင်းကျန့်စီးသွားသည့် ဘတ်စ်ကားနောက်မှထပ်ကြပ်မကွာလိုက်ပြီး ကာယကံရှင်ပင်မသိအောင် ကျောင်းအကြိုအပို့လုပ်ပေးနေခြင်းသာဖြစ်သည်။
တစ်လျှောက်လုံးကျောင်းမတက်ခဲ့သည့်သူက အခုမှနေ့တိုင်းကျောင်းတက်နေသဖြင့် ဝမ်ရိပေါ်၏အမည်မှာ ကျောင်းတွင်အမြဲလိုလိုကြားနေခဲ့ရပြီး မန်နေဂျာဖြစ်သူချန်းယီမှာလည်း သိပ်မကြည်ချင်တော့ဘဲပြောလာတော့သည်။
"ဝမ်ရိပေါ် ဒီနောက်ပိုင်း မင်းဘာလို့ကျောင်းကို နေ့တိုင်းသွားနေတာလဲ?"
"ကျောင်းသားပဲ ကျောင်းတက်တာဆန်းလား?"
"အရင်ကမတက်ဘဲ အခုမှတက်နေတာမို့ဆန်းတာပေါ့။ နောက်ပြီးမနက်ဆိုရင်လည်း အိမ်ကအစောကြီးထွက်သွားတယ်ဆို။ ညနေကျရင်လည်း ကျောင်းဆင်းချိန်ထက်အများကြီးနောက်ကျပြီးမှ အေဂျင်စီကိုရောက်လာတာမို့ဒီကြားထဲမှာ မင်းဘာတွေလုပ်နေတာလဲဝမ်ရိပေါ်"
"ဘာလဲ ကျွန်တော့်ကိစ္စအားလုံးကို ကောကိုအစီရင်ခံနေရမှာလား?"
"ကောကအဲဒီသဘောပြောတာမဟုတ်ဘူးလေရိပေါ်ရာ။ သိရဲ့သားနဲ့။ သိပ်မကြာခင် စာမေးပွဲဖြေပြီးတာနဲ့မင်းကို debut လုပ်ပေးတော့မှာမို့ ဒီအချိန်မှာသေချာလေ့ကျင့်ထားရမယ်လေ"
"ညပိုင်းတွေကျရင်လေ့ကျင့်မှာမို့စိတ်မပူနဲ့"
သူပြောနေသည်ကို သိပ်စိတ်မဝင်စားဘဲ ဖုန်းကိုကြည့်၍ပြုံးနေသော ထူးဆန်းလွန်းသည့် ဝမ်ရိပေါ်၏အမူအရာကြောင့် ချန်းယီတစ်ယောက် ပို၍မသင်္ကာဖြစ်သွားရသည်။
"ဝမ်ရိပေါ်"
"ကျစ်! ဘာလဲ မပြီးသေးဘူးလား?"
ဖုန်းနှင့်အပြည့်ရိုက်ကူးထားသည့် လုံးတုံးတုံးယုန်လေးရဲ့ချစ်ဖို့ကောင်းလွန်းတဲ့ပုံတွေကိုကြည့်နေတုန်း စကားတွေများနေတဲ့ မန်နေဂျာအကိုကြောင့် ဝမ်ရိပေါ်မှာစိတ်မရှည်ဖြစ်လာရတယ်။
"မဟုတ်မှ ရည်းစားရနေပြီလား?"
သူမေးလိုက်တော့ ပြုံးနေတဲ့ဝမ်ရိပေါ်ရဲ့မျက်နှာကတည်တင်းသွားပြီး ဖုန်းပေါ်မှာလှုပ်ရှားနေခဲ့တဲ့ လက်တွေကလည်းရပ်သွားတာမို့ အနားမှာနေလာတာကြာပြီဖြစ်တဲ့ ချန်းယီအနေနဲ့ရိပ်မိလိုက်တယ်။
"တကယ်ပဲရည်းစားရနေတာလား?"
"ရည်းစားလို့သုံးနှုန်းရလောက်အောင် သူကကျွန်တော့်အတွက်အပျော်မဟုတ်ဘူး"
"OK ဒါဆိုချစ်သူဆိုပါတော့...ဝမ်ရိပေါ်အခုကိုယ့်ကိုယ်ကို ဘာလုပ်နေတယ်ဆိုတာရောသိသေးရဲ့လား? Idol အဖြစ်ပွဲဦးတောင်မထွက်ရသေးတာကို အခုကတည်းကချစ်သူထားနေရင်..."
"ချစ်သူမဖြစ်သေးဘူး"
သူ့စကားမဆုံးခင်ဖြတ်ပြောလာသည့် ဝမ်ရိပေါ်၏စကားကြောင့် နဂိုကျဉ်းမြောင်းသော ချန်းယီ၏မျက်လုံးများမှာ သုံးဆလောက်ပြူးကျယ်သွားခဲ့လေသည်။
"မဟုတ်မှ ဒါဆို..မင်းဘက်ကပဲ..တစ်ဖတ်သက်?"
"အင်း"
"Oh My God ဘယ်လိုမိန်းကလေးကများ ငါတို့ရိပေါ်ကိုအဲဒီလိုဖြစ်အောင်လုပ်နိုင်ခဲ့ပါလိမ့်? ဖွင့်ရောပြောပြီးပြီးလား?"
"ဟင့်အင်း"
"ဘာလို့လဲ ဘာလို့မပြောတာလဲ?"
"မသေချာသေးလို့"
"ဘာကိုမေသခ်ာတာလဲ"
"သူကျွန်တော့်ကိုလက်ခံမယ်ဆိုတာ မသေချာသေးလို့။ လက်မခံဘဲထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ?"
"ဘာကိုကြောက်နေတာလဲ ရိပေါ်ရာ? မင်းကိုလက်မခံတဲ့ မိန်းကလေးဆိုတာ ဒီနိုင်ငံမှာရှိပါ့မလား?"
"မိန်းကလေးမှမဟုတ်တာ"
"ဘာ!!!!!!"
-----------------------------
ရှောင်းကျန့်ရဲ့အာရုံစိုက်မှုကိုရဖို့ရာ ဝမ်ရိပေါ်တစ်ယောက် အမျိုးမျိုးကြိုးစားသာ်လည်း မအောင်မြင်သည့်အခါ စိတ်ဓာတ်ကျလာရသည်။ ဒီအတိုင်းသွားပြီးဖွင့်ပြောလိုက်ချင်သော်လည်း ယုန်ညိုလုံးလေးကသူ့အားစိတ်ခုသွားမည်ကိုစိုးရိမ်ရပြန်သည်။
အနားမှာအမြဲရှိနေပေးရင် ကြာရင်သူ့ကိုသတိထားမိလာမယ်လို့ထင်ပေမယ့် စာလုပ်တာရယ်၊ အအိပ်နဲ့အစားရယ်ကလွဲရင် ဘာကိုမှစိတ်ဝင်စားပုံမရတဲ့ ရှောင်းကျန့်ရဲ့အာရုံကိုသူကဖမ်းမစားနိုင်ခဲ့ဘူး၊
အာကစားချိန်တိုင်း စာကြည့်တိုက်ကိုသွားတတ်တဲ့ ရှောင်းကျန့်သူ့ကိုစိတ်ဝင်စားလာအောင်ဆိုပြီး ဝမ်ရိပေါ်က ဘက်စကတ်ဘောအသင်းထဲကိုလည်းဝင်ခဲ့သေးတယ်။ ဘာလို့ဆို စာကြည့်တိုက်ကိုသွားတဲ့လမ်းက အမိုးမပါတဲ့ဘက်စကတ်ဘောကွင်းပြင် အရှေ့ကနေဖြတ်သွားရတာမို့လို့ပါပဲ။
ဒီနေ့လည်းအားကစားချိန်မှာ ဝမ်ရိပေါ်ကဘက်စကတ်ဘောကွင်းထဲကနေ သူ့ယုန်ညိုလုံးလေးလာမယ့်ဘက်ကို တမျှော်မျှော်ဖြစ်လို့နေတယ်။ အဆောင်တွေရှိရာဘက်ကလာနေတဲ့ အရိပ်ကလေးကိုဖြတ်ကနဲမြင်လိုက်ရတာနဲ့ ဝမ်ရိပေါ်ကဘက်စကတ်ဘောကို အားကြိုးမာန်တက်စပြီးကစားတော့တာပါပဲ။
"ဝမ်ရိပေါ်!! ဝမ်ရိပေါ်!! ဝမ်ရိပေါ်!!"
သူ့လှုပ်ရှားမှုတွေစတာနဲ့ တစ်ကွင်းလုံးအပြည့် ပရိတ်သတ်တွေအော်ဟစ်အားပေးသံက အပြင်ဘက်ကလမ်းသွားလမ်းလာကျောင်းသားတွေ အတိုင်းသားကြားနိုင်တဲ့အထိပဲ။
ဘက်စကတ်ဘောကစားနေတဲ့ ဝမ်ရိပေါ်ရဲ့အာရုံက သူစောင့်နေတဲ့ အရိပ္ကေလးက ကွင်းနဲ့နီးလာလေလေ ပိုပိုပြီးစိတ်လှုပ်ရှားလာလေပဲ။ အခုအချိန်အထိ ကွင်းထဲကပရိတ်သတ်တွေကလည်း သူ့နာမည်ကိုတကြော်ကြော်အော်နေတုန်းဖြစ်သည်။
ကွင်းရှေ့ရောက်လာတဲ့ ရှောင်းကျန့်ရဲ့ခြေလှမ်းတွေက ရပ်သွားပြီး ကွင်းဘက်ကိုလှည့်ကြည့်လိုက်လာတဲ့အချိန်မှာတော့ ဝမ်ရိပေါ်ကသူ့ကြိုးစားမှုတွေအရာထင်ပြီလို့တွေးလိုက်မိတယ်။
နောက်ဆုံးတော့ ရှောင်းကျန့်ကသူရှိရာကိုလှည့်ကြည့်ပြီလားလို့တွေးနေတုန်းမှာပဲ အရှေ့ကိုကြည့်လို့ပြန်လျှောက်သွားတဲ့ ယုန်ကလေးကြောင့် ဒီတစ်ကြိမ်လည်းအချည်းနှီးဖြစ်ခဲ့ရပြန်တယ်။
ဒီယုန်ဘာဖြစ်လို့အဲဒီလောက်တောင် သူ့ကိုတစ်စက်ကလေးမှ စိတ်မဝင်စားရပါလိမ့်နော်။
ရှောင်းကျန့်တစ်ယောက်စာကြည့်တိုက်ကိုသွားနေတုန်း ဘက်စကတ်ဘောကွင်းဘက်က အာ်ဟစ်အားပေးသံတွေကြောင့် ဒီနေ့လေ့ကျင့်ရေးရှိနေမှန်းသိလိုက်ရတယ်။ ခါတိုင်လည်းလေ့ကျင့်ရေးရှိပေမယ့် အခုလောက်အထိအသံမကျယ်တာမို့ စိတ်ဝင်စားသွားရတယ်။
သေချာနားထောင်ကြည့်တော့မှ အော်သံတွေကဝမ်ရိပေါ်ဆိုတဲ့နာမည်ဖြစ်နေတာကြောင့် မြင်ဖူးချင်တာမို့လှမ်းကြည့်လိုက်မိတယ်။ ဒါပေမယ့်လည်းကွင်းထဲမှာက ကစားသမားတွေများနေတာမို့ ဘယ်သူကဝမ်ရိပေါ်လဲဆိုတာမသိရတဲ့အပြင် ဒီရက်ပိုင်းတက်နေတဲ့ သူ့ရဲ့မျက်မှန်ပါဝါတွေကြောင့် လူတွေရဲ့မျက်နှာကိုတောင် သေချာမမြင်ရတာမို့ ဆက်မကြည့်ဖြစ်တော့ဘဲ ထွက်လာလိုက်တယ်။
မဖြစ်သေးပါဘူး။ တော်တော်ကန်းနေပြီမို့ ပိတ်ရက်ကျရင် မားကိုပြောပြီးမျက်စိသွားစစ်ရဦးမှပါပဲ။
_____________________________
(22 Nov 2021)
Advertisement
- In Serial286 Chapters
Necromancer of Valor
Anastacia Mournvalley is a born and raised necromancer, and a powerful one at that. She had never liked the way necromancers lived and so escaped her home country with the aid of an adventurer called Gilbert, She had hoped to start a fresh life as an adventurer in the city of Valor. With her upbringing still haunting her it turns out to be a lot harder than she thought. Luckily she has a few new friends by her side. Cover art by: Overcomplicated Appleπ Go check out the rest of her art from the link!
8 113 - In Serial33 Chapters
Scene Unlocker
A reincarnated prince with power of friendship straight out of a dating game, and he'll use it to gather a harem and a band of brothers, to defeat the big bad guy that's coming in three months! This is the adventure of Prince Carlos & his team against the monsters. Tags : Galge
8 279 - In Serial6 Chapters
World of Dominion
Devan has a difficult life. Both his parents are battling drug problems and he has been expelled from school. At 17 years old he has no real direction, all he enjoys is drawing and streaming his art on Twitch to his followers. One night a viewer invites him to play a brand new MMO called Dominion Online and though he has never played an MMO before he is intrigued at the idea of being paid a stipend by this new company to promote thier game. Upon installing the game and making his character, Devan experiences a rush and immersion like nothing he has ever felt before in his life. Now Devan has found new purpose in this unexplored world, an opportunity to change himself from a depressed loser, to a leader among new friends who would follow him to the ends of Dominion. Dive in and join Devan on his adventures as he makes new friends, overcomes challenges and explorers everything Dominion Online has to offer! This is, World of Dominion!
8 185 - In Serial37 Chapters
Emperor Who Rules Over The Swords
Ya can access me on discord - Emeruferuu#3413 Synopsis The main character, “Cayle”, was once a well-known gamer, however, due to the changing ranking, he was soon out talented by the newly uprising ones and plummeted to the very bottom of the society. Quite messily trashed, the main character “Cayle” found himself, drowning in misery while scrolling up and down upon the mouse connected to his very own personal computer. As he was sipping his dried lips upon the lid of the bottle of cola on his side, while his gloomy eyes glued itself into his personal computer, the notification bell rung in alarmed. The main character, “Cayle” thought it was a blessing, however, upon downloading the application filed inside the empty website, he was welcomed by two options appearing inside the monitor. [Are you ready to enter a new world?] [Yes] Or [No] Without hesitating, the main character chose the [Yes] option, and soon, his field of view began to feel drowsy, and his breathing slowly came to halt. His heart that was beating lively a while before, was now like a corpse, as it froze in it’s place. He thought he was done for…. Really done for. However, when he opened his eye lids again like any other day, a new world unfolded before his eyes…. … [Congratulations on being chosen as the user for the new life system] What kind of future do awaits him in the latter parts, that he has to walk to..? The main character, “Cayle” embarks to the journey before his very eyes, filled with anxiety and grief. The future awaits him remained unbeknownst. If you're interested in joining my discord server, ya can join in this link: https://discord.gg/Qv3WadcG
8 154 - In Serial36 Chapters
The Priestesses' Voice | a Jujutsu Kaisen fanfiction
Noriko Kamo, an adopted member of the Kamo Saiin - and by default the renown sorcery clan - is sent off to Tokyo in a means to spread both clan influence and the Shinto belief. However, now in a position to flourish and develop her skills, she finds that she is not the only resident within her body. While Noriko fights to claim her own freedom within the mortal world, she seeks to appease the tormented soul inside her before she falls victim to it's own curse.UPDATES BI-WEEKLY // normally Tuesday and FridayHIGHEST RANKS: #13 in sorcerer, #39 in jujutsukaisen
8 167 - In Serial47 Chapters
*DISCONTINUED* Resistance - A Fortnite Story No.6
"So it's come to this I see...""Yes. Some time during this week, we will be at war with the Imagined Order.""Tell me Foundation, ya think we got a chance at beating them?""If I must be honest Jones, with their numbers, technology and new members in their ranks... I'm not sure.""You may be right... But we have to fight back! We can't just give in to Slone and her armies!""Exactly. So if it's war she wants-""We'll hand it to her on a golden platter!!"---------After 3 months of peace and quiet on the new island Artemis, life seemed to have found a new sense of normalcy again after The Last Reality's invasion failed.Midas, Jules, Jones and the rest of their friends were finally at peace with their lives and couldn't wait to relax and enjoy themselves.That is, until The Seven contact them about a looming war against the Imagined Order.And lo and behold, they were right.Now a war against the two factions has begun and with strong numbers on their side, such as Gunnar and a newcomer modified by Doctor Slone herself, I.O seem unstoppable.Forming the Resistance, it'll be up to Midas and his family, along with the Seven and their followers to stop their plans to capture the Zero Point and save their home one last time.Will they succeed? ...or has Slone and the Imagined Order finally won?
8 257

