《My Jewel [ Complete ]》Part 12
Advertisement
"ကျန့်ကျန့် ဒီဘက်ကတော့ သားနဲ့လက်ထပ်ပေးမယ့် ဝမ်ရိပေါ်တဲ့"
"အင်း ငါကဝမ်ရိပေါ်"
ဘာလဲဝမ်ရိပေါ်ကမငြင်းဘူးလား? တကယ်ပဲသူ့ကိုလက်ထပ်မလို့လား?ဝမ်ရိပေါ်ကလေ လူတကာရဲ့အိပ်မက်မင်းသားဖြစ်တဲ့၊ လူတိုင်းလိုချင်ကြတဲ့ ဝမ်ရိပေါ်က တကယ်ပဲ သူ့လိုလူကိုယူမယ်တဲ့လား? ရှောင်းကျန့်သူအခု အိပ်မက်မက်နေတာတော့ မဟုတ်ဘူးမလား?
"ပါး..ဟိုလေ."
-----------------------
"စားပြီးပြီလား?"
"ဟုတ်"
"ဒါလေးဘယ်လိုနေလဲ?"
"ဟုတ် ရိပေါ်သဘောပါ"
"ဟုတ်..ပြေပါတယ်"
-------------------------
"ဟုတ်ကဲ့ပါ ရှောင်ပါး"
--------------------------
Advertisement
_______________________________
(25 Nov 2021)
ရှောင်းကျန့်သူ၏မိဘများနှင့်အတူ လက်ထပ်ရမည့်သူနှင့်တွေ့ဆုံဖို့လိုက်လာခဲ့သည်။ ဟိုတယ်ခန်းထဲတွင် စောင့်နေတုန်းဝင်လာသည့်သူကိုမြင်လိုက်ရသည့် အချိန်တွင်သူ့မျက်လုံးပင်ဘသူမယုံနိုင်ဖြစ်သွားရသည်။
ဝမ်ရိပေါ်? သူလက်ထပ်ရမယ်ဆိုတဲ့သူက ဝမ်ရိပေါ်လား? ဒါမှမဟုတ် ဝမ်ရိပေါ်မှာအကိုတွေ ဘာတွေရှိတာလား?
နောက်ထပ်ဝင်လာမည့်သူရှိဦးမလားတွေးမိပြီး ရှောင်းကျန့်အနောက်သို့လှမ်းကြည့်လိုက်သော်လည်း ဝမ်ရိပေါ်နှင့်သူ့အဖေမှာအခန်းထဲသို့ဝင်လာပြီးသည်နှင့် အခန်းတံခါးမှာပိတ်သွားပြီဖြစ်သည်။
ပါးတို့ပြောတုန်းကတော့ ယောက်ျားလေးဆိုတာသေချာပါတယ်။ အခုသူနဲ့ယူရမယ့်သူက မရောက်သေးတာမျိုးလား?
ဟိုဟိုဒီဒီသူတွေးနေတုန်း ဝမ်ရိပေါ်တို့က သူ့တို့အရှေ့မှာဝင်ထိုင်လိုက်ပြီးဖြစ်ကာ ခဏအကြာ အန်ကယ်ဝမ်မှ ဝမ်ရိပေါ်အား သူနဲ့မိတ်ဆက်ပေးလာတော့သည်။
"ကျန့်ကျန့် ဒီဘက္ကတော့ သားနဲ့လက်ထပ်ပေးမယ့် ဝမ်ရိပေါ်တဲ့"
အခုအချိန်မှာရှောင်းကျန့်ကတော့ ဘာဖြစ်လို့မှန်းမသိ မျက်နှာတွေပူနေတာပဲသိတယ်။ ဝမ်ရိပေါ်လိုနာမည်ကြီးတဲ့ သူတစ်ယောက်နဲ့ အခုလိုစကာပြောပြီး မိတ်ဆက်ခွင့်ရဖို့ဆိုတာ သူ့အနေနဲ့ အိပ်မက်တောင်မမက်ခဲ့ဖူးဘူးမဟုတ်လား။ အခုတော့လက်ပါလက်ထပ်ရတော့မှာဆိုတော့ ဘာတွေဖြစ်နေတာလဲဆိုတာ သူဘယ္လိုမွကို လိုက်မမှီတော့ဘူး။
"မင်္ဂလာပါ ငါ့နာမည်ကရှောင်းကျန့်ပါ"
"အင်း ငါကဝမ်ရိပေါ်"
သူ့ဘက်ကနှုတ်ဆက်လိုက်တော့ ဝမ်ရိပေါ်ကခပ်ပြတ်ပြတ်ပဲပြန် နှုတ်ဆက်လာတာမို့ ရှောင်းကျန့်စိတ်ထဲ စိုးရိမ်ရေမှတ်တွေလိုမြင့်တက်လာရတယ်။
ငြင်းတော့မှာလားမသိဘူး။ အငြင်းခံရရင်တော့ ရှက်ဖို့ကောင်းလိုက်တာ။ ဝမ်ရိပေါ်ဘယ်လောက်ချေတယ် နောက်ပြီးလုံးဝအားမနာတတ်ဘူးဆိုတဲ့ သတင်းတွေကို ရှောင်းကျန့်ကကျောင်းမှာကြားဖူးထားတယ်လေ။ နောက်ကွယ်ကျမှငြင်းတာက ကိစ္စမရှိပေမယ့် အခုလိုမိဘတွေရှေ့မှာ မျက်နှာချင်းဆိုင်အနေအထားကြီးနဲ့ အငြင်းခံရမှာကို ရှောင်းကျန့်မျက်နှာတော်တော်ပူမိတယ်။
ဝမ်ရိပေါ်ရဲ့သူ့ကိုစိုက်ကြည့်နေတဲ့အကြည့်တွေက အခုချက်ချင်းငြင်းမယ်ဆိုတဲ့ပုံကြီးမဟုတ်လား?
ဒါပေမယ့်ထူးဆန်းစွာနဲ့ ဝမ်ရိပေါ်ကဘာမှထပ်မပြောလာခဲ့ဘူး။
ဘာလဲဝမ်ရိပေါ်ကမငြင်းဘူးလား? တကယ်ပဲသူ့ကိုလက်ထပ်မလို့လား?ဝမ်ရိပေါ်ကလေ လူတကာရဲ့အိပ်မက်မင်းသားဖြစ်တဲ့၊ လူတိုင်းလိုချင်ကြတဲ့ ဝမ်ရိပေါ်က တကယ်ပဲ သူ့လိုလူကိုယူမယ်တဲ့လား? ရှောင်းကျန့်သူအခု အိပ်မက်မက်နေတာတော့ မဟုတ္ဘူးမလား?
သူ့အရှေ့တည့်တည့်မှာ ထိုင်နေတဲ့ဝမ်ရိပေါ်ကို မကြည့်ရဲတဲ့ရှောင်းကျန့်က သူ့အကြည့်တွေကိုဘေးဘက်က လူကြီးတွေဆီကိုသာပို့နေရတယ်။
ဝမ်ရိပေါ်နဲ့သာတကယ်လက်ထပ်ဖြစ်ရင်ဆိုတဲ့ အတွေးတွေကိုတော့ သူ့ခေါင်းထဲကနေမဖယ်ထုတ်နိုင်ခဲ့ဘူး။
တစ်ချက်တစ်ချက်နှုတ်ခမ်းလေးစုစုချွန်ပြီး အေအးကိုသောက်နေတဲ့ သူရဲ့ယုန်ညိုလုံးလေးကို ဝမ်ရိပေါ်စိတ်ပူနေမိသည်။
ထမင်းစားချိန်ကြီးကို အအေးတွေဘာလို့စွတ်သောက်နေရတာလဲမသိဘူး။ တော်ကြာထမင်းမစားနိုင်ဘဲ ရင်ခံနေတော့မှာပဲ။ ပါးကလည်း စကားကနောက်မှပြောလို့ရတာပဲကို ဘာလို့အခုထိ ထမင်းစားမစားရသေးတာလဲ။ ကြည့်ရတာ ရှောင်းကျန့်ဗိုက်ဆာနေပြီထင်တယ်။ မဖြစ်သေးဘူး သူဝင်ပြောမှပဲဖြစ်တော့မယ်။
"ပါး..ဟိုလေ."
"အင်း ပြောလေ ရိပေါ် ဘာပြောချင်လို့လဲ?"
"ထမင်းစားချိန်ရောက်နေပြီမို့ အရင်စားပြီးမှဆက်ပြောကြရင်ရော"
ကြည့်ရတာဝမ်ရိပေါ်က ဗိုက်တော်တော်ဆာနေပြီထင်တယ်။
ဖြတ်ပြောလာတဲ့ ဝမ်ရိပေါ်စကားကြောင့် ရှောင်းကျန့်စိတ်ထဲက တွေးလိုက်မိတယ်။ အတော်ဘဲ အမှန်တော့သူလည်း ဗိုက်တော်တော်ဆာနေပြီလေ...
သူ့ယုန်ညိုလုံးလေးက ဗိုက်တကယ်ဆာနေတယ်ထင်ပါ့ အစားအသောက်တွေရောက်လာတာနဲ့ စားနေတာများ ခေါင်းတောင်မဖော်တော့ဘူး။
သူ့ဘက်ရောက်နေတဲ့ဟင်းတွေကို ယုန်လုံးလေးဘက်ကို တိုးပေးရင်း အလုပ်ရှုပ်နေတဲ့ဝမ်ရိပေါ်က သူ့ကိုယ်တိုင်စားဖို့တောင်မေ့နေပုံရသည်။
အတူတူတစ်ဝိုင်းထဲမှာ ထိုင်စားနေရတယ်ဆိုတဲ့အသိနဲ့ ဝမ်ရိပေါ်ကကြည်နူးမိရသလို အနာဂတ်မှာနေ့တိုင်းအခုလိုစားရမယ်လို့တွေးမိတော့ ပျော်လွန်းလို့မျက်ရည်တောင်ကျမိတော့မှာမို့ မနည်းပြန်ထိန်းယူနေရတယ်။
-----------------------
ဒီနေ့ မင်္ဂလာဝတ်စုံသွားကြည့်ဖို့ ယုန်ညိုလုံးလေးကို ရှောင်းအိမ်မှာဝမ်ရိပေါ်သွားခေါ်ရတယ်။ လက်ထပ်လက်စွပ်ကိုတော့ သူတို့ကမ္မဏီကအရည်အသွေးအကောင်းဆုံး စိန်ပြာကိုသုံးပြီး ရှောင်းကျန့်အဖေရဲ့ပန်းထိမ်မှာပဲလုပ်ခိုင်းလိုက်တယ်။
ကားပေါ်မှာငြိမ်ငြိမ်လေးလိုက်လာတဲ့ ယုန်ညိုလုံးလေးကို ဘာစပြောရမလဲလို့ ဝမ်ရိပေါ်ကအသည်းအသန်စဉ်းစားပြီးမှ ပြောလိုက်မိတာက
"စားပြီးပြီလား?"
"ဟုတ်"
ပြီးတော့ဘာထပ်ပြောရတော့မလဲ? တကယ်ပဲဘာပြောရမှန်းမသိတော့ဘူး။
နောက်ဆုံးတော့ဘာစကားမှ မပြောဖြစ်တော့ဘဲ ဝတ်စုံဆိုင်အထိရောက်သွားတော့တယ်။
ယုန်လေးကတကယ်ပဲ စကားနည်းလိုက်တာ...သူကလည်းနဂိုကတည်းက စကားသိပ်မပြောတဲ့သူဆိုတော့ခက်နေပြီ။
"ဒါလေးဘယ်လိုနေလဲ?"
"ဟုတ် ရိပေါ်သဘောပါ"
"ဒါလေးဆိုရင်ရော အဆင်ပြေမလား?"
"ဟုတ်..ပြေပါတယ်"
ဝတ်စုံဆိုင်တွင်လည်း သူဘာရွေးရွေးမငြင်းတဲ့ ယုန်ညိုလုံးလေးကြောင့် ဝမ်ရိပေါ်မှာအခက်တွေ့နေရပြန်တယ်။
"အဖြူဝတ်ချင်လား အနက်ဝတ်ချင်လား?"
"ရိပေါ်ကြိုက်တာဝတ်ပါ။ ရိပေါ်ကဘာဝတ်ဝတ်လိုက်တယ်"
ဝတ်စုံရွေးနေတဲ့ရှောင်းကျန့်မှာတော့ စိတ်ညစ်နေရလေသည်။ ရိပေါ်ရဲ့ ခန္တာကိုယ်အချိုးအစားက အရမ်းကြည့်ကောင်းတာမို့ ဘာဝတ်ဝတ်လိုက်ဖက်နေပေမယ့် သူကတော့ဝနေတာမို့ တော်တော်ကြီးတဲ့အကျႌဆိုဒ်တွေကိုသာ ဝတ်နေရတာမို့ ရိပေါ်ကိုတောင်အားနာလာရတယ်။
-------------------------
နောက်ဆုံးတော့လက်ထပ်မယ့်နေ့ကို ရောက်လို့လာခဲ့ပြီဖြစ်သည်။ ရှောင်းမိသားစုဘက်က တောင်းဆိုမှုအရ မင်္ဂလာပွဲကို အကျဉ်းချုပ်ပြီးသာကျင်းပခဲ့ကြသည်။ အကျဉ်းချုံးဆိုပေမယ့် ဟိုတယ်မှာနှစ်ဖက်အသိမိတ်ဆွေအနည်းငယ်ကို ဖိတ်ကြားထားခြင်းဖြစ်သည်။
ဝမ်ရိပေါ်ဘဝအတွက် မမေ့နိုင်သောအလှပဆုံးနေ့လေးတစ်နေ့ပေါ့..
ဝတ်စုံဖြူလေးနဲ့ယုန်ညိုလေးက ယုန်ဖြူလုံးလေးဖြစ်နေပြီး မြတ်နိုးချင်စရာအတိ...
ဖခင်ဖြစ်သူ၏လက်ကိုတွဲလို့ မင်္ဂလာခန်းမတစ်လျှောက်ဝင်လာတဲ့ ယုန်ညိုလုံးလေးက တကယ်တော့ သူ့နှလုံးသားထဲကို တစ်ဖြည်းဖြည်းချင်းဝင်လာနေတာပါ။
ခါတိုင်းလိုမျက်မှန်အထူကြီးအောက်မှာ ပုန်းကွယ်ထားခြင်းမရှိတဲ့မျက်ဝန်းလေးတွေက အခုအချိန်မှာပိုပြီး တောက်ပနေခဲ့သည်။ မျက်နှာထက် မိတ်ကပ်ခပ်ပါးပါးလိမ်းထားတဲ့ ရှောင်းကျန့်ကတော်တော်လေးချောပြီး ကြည့်ကောင်းလွန်းတဲ့ သူတစ်ယောက်ဆိုတာ ဝမ်ရိပေါ်ကအခုမှပိုပြီး သတိထားမိသွားတယ်။
စိတ်လှုပ်ရှားနေပုံရတဲ့ ယုန်လေးက သူ့ရှေ့ကိုရောက်လာချိန်မှာတော့ ဝမ်ရိပေါ်တစ်ယောက်အသက်ရှုဖို့ပင်မေ့လျော့နေမိတာ ရှောင်ပါးအသံကြားမှ အသိပြန်ဝင်လာတယ်။
"ကျန့်ကျန့်ကို မင်းဆီအပ်ခဲ့ပြီနော် ရိပေါ်"
"ဟုတ်ကဲ့ပါ ရှောင်ပါး"
အမှန်တော့ ရှောင်ယွီဖုန်းအနေနဲ့သူ့သားလေးကို ယောက်ျားတစ်ယောက်နဲ့မပေးစားချင်ခဲ့ဘူး။ အစတုန်းက Wang Jewellery ဘက်ကသူတို့သားနဲ့ ကျန့်ကျန့်ကိုလက်ထပ်ပေးချင်တယ်လို့ကမ်းလှမ်းလာတုန်းက အရမ်းပဲအံသြခဲ့ရသလို နောက်တော့ဖိအားတွေပါပေးလာပေမယ့်လည်း သူငြင်းခဲ့တယ်။
ဒါပေမယ့် သူ့ရဲ့စိတ်ကိုပြောင်းလဲစေခဲ့တာကတော့ ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးပါပဲ။ သူနဲ့သူ့မိန်းမကို ရိပေါ်ကကိုယ်တိုင်လာတွေ့ပြီး ရှောင်းကျန့်ကိုချစ်မြတ်နိုးလွန်းလို့ တန်းဖိုးကြီးတဲ့ရတနာတပါးလို ဂရုတစိုက်နဲ့ သူ့တစ်ဘဝလုံးစာစောင့်ရှောက်ပါ့မယ်လို့ ကတိပေးတဲ့အချိန်မှာတော့ ရိုးရိုးအေးအေးသူ့သားလေးကို သူတို့မရှိတော့ရင် ဝမ်ရိပေါ်လက်ထဲအပ်ခဲ့ရင် စိတ်မပူရလောက်ဘူးထင်လို့ သဘောတူခဲ့လိုက်တယ်။
--------------------------
ဖာသာနဲ့အတူနှစ်ယောက်သား အပြန်အလှန် ကတိကဝတ်တွေပြုပြီးချိန်မှာတော့ ဝမ်ရိပေါ်ရဲ့ ရင်အခုန်ရဆုံးအချိန်ကို ရောက်ရှိလို့လာရပြီဖြစ်သည်။
ရှောင်းကျန့်ကိုကြည့်လိုက်တော့လည်း သူ့လိုပဲအနမ်းပေးရမှာကို အတော်လေးစိတ်လှုပ်ရှားနေတယ်ထင်ပါတယ်။
နောက်ဆုံးတော့ဒီလူသားကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီ။ ဝမ်းသာလွန်းသဖြင့် စိတ်လိုလက်ရခုန်ဆင်းသွားတဲ့ မျက်ရည်တစ်စကိုတော့ ယုန်ညိုလုံးလေးကမမြင်လိုက်။
ဖာသာရဲ့သတို့သားနှစ်ယောက် နမ်းလို့ရပြီဆိုတဲ့ စကားကိုကြားတာနဲ့ ဝမ်ရိပေါ်ကမျက်နှာနှစ်ခုကိုနီးကပ်စေလို့ ယုန်နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းနဲ့ ငုံထွေးလိုက်တယ်။
ဖိကပ်ယုံမဟုတ်တဲ့ သူ့အပြုအမူကြောင့် ရှောင်းကျန့်ကလန့်သွားပုံနဲ့ အနောက်ကိုယိုင်သွားတာမို့ ဝမ်ရိပေါ်မှာပါးစပ်ထဲက နှုတ်ခမ်းသားလေးလွတ်မထွက်သွားလေအောင် ခါးကနေထိန်းကိုင်လိုက်ရသည်။
မျက်ဝန်းတွေပြူးကျယ်ပြီး သူ့ကိုကြည့်နေတဲ့ယုန်လေးကိုတော့ ဝမ်ရိပေါ်ကမသိချင်ယောင်ဆောင်လိုက်တယ်။ ချက်ချင်းမလွှတ်ပေးနိုင်ပါဘူး။ စတွေ့ကတည်းက ဒီနှုတ်ခမ်းလေးကို သူဘယ်လောက်တောင်နမ်းချင်ခဲ့ရသလဲ...
ရှောင်းကျန့်တစ်ယောက် နမ်းရမယ်ဆိုတော့ ဒီအတိုင်းနှုတ်ခမ်းချင်း ထိကပ်ယုံထင်ပေမယ့် သူ့နှုတ်ခမ်းတွေကဝမ်ရိပေါ်ရဲ့ ပါးစပ်ထဲအထိရောက်သွားတာမို့ခြေထောက်တွေတောင် ခွေယိုင်လဲကျတော့မလိုဖြစ်သွားတဲ့အထိပဲ။ ရင်တွေခုန်နေလိုက်တာဆိုလည်း ဝမ်ရိပေါ်ကြားသွားမှာတောင်ကြောက်မိပါတယ်။
ဧည့်ပရိတ်သတ်များ၏ လက်ခုပ်သြဘာသံများပြီးဆုံးချိန်မှာတော့ ဝမ်ရိပေါ်မှာစုပ်ယူထားတဲ့ နှုတ်ခမ်းလေးတွေကို နှမြောတသစွာနဲ့ ဖယ်ခွာပေးလိုက်ရတယ်။
စိတ်ထဲမှာတော့ ညကျမင်္ဂလာဦးချိန်ကျမှပဲ အဝနမ်းတော့မယ်လို့လည်း တွေးလိုက်ပါသေးတယ်။
_______________________________
(25 Nov 2021)
Advertisement
- In Serial80 Chapters
Demonic Devourer's Development
The most powerful demon of Hell reduced to a mere slug!
8 183 - In Serial18 Chapters
The Result of Greed
For two long years a demon has been traveling throughout the world and abducting people. Every single person it took could be considered greedy in one way to another, and no place on earth was spared of these strange disappearances.It was the world’s great mystery, up until some of them started to reappear with incredible powers and stories of another world. At that moment I decided to give this world a visit. The demon would be coming for me sooner or later anyways, after all I am rather greedy.
8 153 - In Serial8 Chapters
Infinite Empire
This is the end. It’s all I can think about. “Where the hell are we, John? Where? This isn’t right!” Jess is scared. She has every right to be scared. Not every day you visit an alien planet. In an alien galaxy. On the other side of the universe. We jumped. And in an instant, we were gone. In an instant, our ship was lost. And it’s my fault. It is all my fault.
8 203 - In Serial40 Chapters
Invasion, Part One, Chapter One
This book follows directly on from "Return." We are now at the palace of the Dark Lord and he is beginning the process of asserting his rule of the empire. The Palace staff have all been summoned and many are in turmoil. They are not the only ones, insurrection is in the air.
8 247 - In Serial42 Chapters
statehumans headcanons !! [OUTDATED]
[OUTDATED !!] my headcanons for the us states! will include stuff about specific characters, general hc's, relationships, etc! enjoy ~allierankings: (bc i'm a proud bitch)#1- state 6/09/21
8 108 - In Serial47 Chapters
VENOM||Bonten
IN WHICH a famous and smart prosecutor,Y/n Kobayashi,gets kidnapped by Bonten,Japan's most feared organization.They find out that they mistaken her from their real target,so they decide to kill her,but they are shocked to find out that Y/n was able to solve one of their cases and catch the target that they were initially looking for.That makes them change their minds and keep her,making her a part of the gang shortly after.As time passes by,the boys slowly(or not really)fall for her.But what happens when they find out Y/n's little secret?🥳RANKINGS:#1 in prosecution#66 in Mikeyxreader#23 in sanzuxreader#3 in animeff#19 in Rindouxreader#1 in Kokonoixreader#1 in kakuchoxreader#1 in Bontenxreader#2 in Bonten#1 in girls#2 in kakucho#1 in venom#51 in law#1 in sanzuxreader#6 in sasha#6 in sashaxreader#1 in ranxreader#1 in kokonoi⚠️DISCLAIMER⚔️Credits to all the rightful owners.⚔️This has nothing to do with he original plot of Tokyo Revengers,it's just a Bonten based story.
8 144