《My Jewel [ Complete ]》Part 13
Advertisement
"ဟုတ်"
"အပေါ်တက်ကြတာပေါ့"
"ရေချိုးတော့မလား?"
"ရှောင်းကျန့်"
"ဟုတ်"
"အင်း"
"ဒီညဘာညလဲသိတယ်မလား?"
"------"
"အင်း"
"-------"
"အင်း"
သူ့အနမ်းတွေကို တုန့်ပြန်မှုမပေးလာဘဲ ငြိမ်ငြိမ်လေးခံယူနေသည့် သူ့အောက်ကလူသားလေးရဲ့ လက်တွေကသူ့ညဝတ်အင်္ကျီစကို ခပ်တင်းတင်းဆုပ်ကိုင်လာသည်။
--------------------------
"အင်း"
"ဟုတ်ကဲ့"
"ဟုတ် ပြောပါ"
"ဟုတ်"
"ဟုတ် အသိပေးပါ့မယ်"
"ဟုတ်ကဲ့"
"ရော့..ဒါကိုယူထား"
Advertisement
"အဲဒီလောကိအထိမလို..."
"ဟုတ် နားလည်ပါတယ်"
___________________________
(25 Nov 2021)
မင်္ဂလာဧည့်ခံပွဲပြီးသည့်အခါ နှစ်ဖက်မိဘများနှင့် ညစာစားပြီးနောက် နေရမည့်အိမ်သို့ နှစ်ယောက်သားထွက်လာခဲ့လိုက်ကြတော့သည်။
ပါးက ဝမ်အိမ်တော်မှာပဲ သူနဲ့အတူနေဖို့ပြောခဲ့ပေမယ့် ရှောင်းကျန့်နဲ့နှစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေချင်တဲ့ ဝမ်ရိပေါ်က အိမ်ခွဲနေဖို့ပဲလုပ်လိုက်တယ်။
သူတို့အိမ်အသစ်လေးက သာမန်လုံးချင်းနှစ်ထပ်တိုက်လေးပါပဲ။ ဝမ်အိမ်လိုမျိုး ကြီးကျယ်ခမ်းနားတဲ့အိမ်မျိုး ဝမ်ရိပေါ်ကမလိုချင်ဘူး။ အိမ်ကတအားကြီးနေရင် ရှောင်းကျန့်နဲ့သူဝေးနေသလိုမျိုး ဝမ်ရိပေါ်ကခံစားမိမှာ။ တစ်ယောက်နဲ့တစ်ယောက် လွယ်လွယ်ကူကူအချိန်မရွေး လှမ်းကြည့်လိုက်ရင်မြင်ရလောက်တဲ့ အကျယ်အဝန်းမျိုးလောက်ကိုပဲ ဝမ်ရိပေါ်ကသဘောကျတယ်။
သူတို့အိမ်လေးက အောက်ထပ်မှာဧည့်ခန်းရယ်၊ စာကြည့်ခန်းရယ်၊ မီးဖိုခန်းရယ်ပဲပါပြီး အပေါ်ထပ်မှာတော့ သူတို့အိပ်ခန်းနဲ့ အားကစားခန်းတစ်ခန်းပါတယ်။ အားကစားခန်းကတော့မပါမဖြစ်ဘဲ။ ဘာလို့လဲဆိုတော့ ယုန်ညိုလုံးလေးနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာ ဝမ်ရိပေါ်က ပိုသန်မာလာအောင် အားကစားကိုပိုလုပ်လာခဲ့တာမို့ပဲ။ ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ လုံးလုံးပြည့်ပြည့် သူ့ယုန်လုံးလေးကို ချီမနိုင်အောင်လို့ပါပဲ။
ဖြစ်နိုင်မယ်ဆိုရင် ဝမ်ရိပေါ်ကသူ့ယုန်လေးကိုတစ်ချိန်လုံး ကျောပေါ်မှာပဲထမ်းပိုးထားချင်တာ..ဒါမှမဟုတ် သားပိုက်ကောင်လေးတွေလို အရှေ့ကအိတ်ကပ်လေးထဲမှာထည့်ပြီး ဘယ်သွားသွားခေါ်သွားလို့ရရင် ကောင်းမယ်လို့လည်းတွေးဖူးတယ်။
အိမ်ကသိပ်မကြီးပေမယ့် ခြံကတော့အကျယ်ကြီးပဲ။ လတ္တလောမှာ ဝမ်ရိပေါ်က ကုမ္မဏီအလုပ်တွေ သင်ယူနေရတာကြောင့် တကယ်ပဲမအားလပ်တာမို့ သူ့ယုန်ညိုလုံးလေးကို သိပ်အချိန်မပေးနိုင်သေးပေမယ့် သူအားသွားတာနဲ့ခြံထဲမှာ စကိတ်ကွင်းလုပ်ပြီး ယုန်လေးကိုစကိတ်စီးသင်ပေးမယ်။ နောက်ပြီးစက်ဘီးမစီးတတ်ဘူးဆိုတဲ့ ယုန်လုံးလေးကို စက်ဘီးစီးလည်းသင်ပေးရဦးမယ်။ အကယ်၍ သူ့ယုန်လေးကရေကူးသင်ချင်တယ်ဆိုရင် ရေကူးကန်ပါလုပ်ပေးရဦးမယ်။
ထုံးစံအတိုင်း သူနှင့်ရှောင်းကျန့်မှာ စကားတစ်ခွန်းမှမပြောဖြစ်ခဲ့ကြဘဲ အိမ်သို့ရောက်သည့်အခါမှသာ သူ့ဘက်ကစပြောလိုက်ရသည်။
"ကိုယ်တို့အခန်းကအပေါ်ထပ်မှာ"
"ဟုတ်"
"အပေါ်တက်ကြတာပေါ့"
အထဲရောက်သည်နှင့် သူတို့နေရမည့်အခန်းအား ယုန်ညိုလုံးလေးက လျှောက်ပတ်ကြည့်လို့နေတော့သည်။
"ရေချိုးတော့မလား?"
"ရိပေါ်အရင်ချိုးချင်ချိုးပါ"
"ကိုယ်ပြီးမှချိုးမှာမို့ မင်းအရင်ချိုးလိုက်"
"ဟုတ် အဲဒါဆို ကျွန်တော်ချိုးပြီ"
တဟုတ်ဟုတ်နဲ့ပြောနေတဲ့ ရှောင်းကျန့်ကသူ့အပေါ်မှာ အရမ်းရိုသေနေသလို...
ဝမ်ရိပေါ်ရေချိုးပြီးချိန်တွင် ညဥ့်တော်တော်နက်နေပြီဖြစ်သလို သူ့ထက်အရင်ရေချိုးပြီးတဲ့ ယုန်ညိုလုံးလေးမှာ အိပ်ယာထဲသို့ပင်ရောက်နေသဖြင့် စိတ်မထိန်းနိုင်စွာ နှုတ်ခမ်းတစ်ဖက်ကွေးတက်သည်အထိ ပြုံးမိသွားသည်။
အဝတ်အစားလဲပြီးတာနဲ့ ယုန်ညိုလုံးလေးဘေးမှာ သူဝင်အိပ်လိုက်တယ်။
"ရှောင်းကျန့်"
"ဟုတ်"
သူခေါ်လိုက်တော့လှဲနေရာကနေ သူ့ကိုလှည့်ကြည့်လာတဲ့မျက်ဝန်းလေးတွေက ညအိပ်မီးရောင်အောက်မှာ အရမ်းကိုလှနေခဲ့တယ်။
"ဒီအတိုင်းပေါ့ပေါ့ပါးပါးပဲ ကိုယ့်ကိုဆက်ဆံလို့ရတယ်"
"အင်း"
"ဒီညဘာညလဲသိတယ္မလား?"
သူ့ဘေးမှာဝင်လှဲရင်းမေးလာတဲ့ အမေးကိုရှောင်းကျန့် ဘာပြန်ပြောရမလဲမသိဖြစ်နေတုန်း ရိပေါ်ကဆက်ပြောလာတယ်။
"ကိုယ်တို့မင်္ဂလာဦးညလေ"
"------"
"ကိုယ်ပြောတာကိုသိတယ်မလား?"
"အင်း"
ခေါင်းလေးငြိမ့်ပြလာတဲ့ ယုန်ညိုလုံးလေးကို ဝမ်ရိပေါ်ကချက်ချင်းကို သိမ်းပိုက်လိုက်ချင်နေပြီဖြစ်ပေမယ့် ရှောင်းကျန့်ဆီက ခွင့်ပြုချက်မရဘဲ သူဘာမှလုပ်ဖို့အစီအစဉ်မရှိဘူး။
"အဲဒါ ကိုယ်တို့ကအခုလက်ထပ်ပြီးပြီဆိုပေမယ့် တကယ့်လင်မယားအရာတော့မမြောက်သေးဘူး။ ဒီညကိုအတူဖြတ်ကျော်ပြီးမှ..."
"-------"
"အဲဒီတော့ ကိုယ့်ကိုခွင့်ပြုပေးမလား?"
ရိပေါ်ဘက်ကတောင်းဆိုလာမှုကြောင့် ရှောင်းကျန့်တော်တော်လေးအံ့အားသင့်မိသွားတာအမှန်ပဲ။ သူထင်ခဲ့တာက ရိပေါ်ကမိဘတွေပေးစားလို့သူ့ကိုယူခဲ့ရတာမို့ ဒီလိုကိစ္စတွေကို သူ့လိုယောက်ျားလေးနဲ့အတူမလုပ်လောက်ဘူးလို့ထင်ခဲ့တာလေ။
"ဟင်? ခွင့်ပြုပေးမှာလား?"
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့ ရှောင်းကျန့်ကဘာမှမပြောလာတာမို့ သူထပ်မေးလိုက်မိတယ်။
"အင်း"
ရိပေါ်ရဲ့တောင်းဆိုမှုကိုရှောင်းကျန့်လက်ခံလိုက်တယ်။ သူတို့ကတရားဝင်လက်ထပ်ထားတာမို့ သေချာပေါက် ရိပေါ်ဘက်ကလိုအပ်လာရင် ပေးရမှာကသူ့တာဝန်ပဲမဟုတ်လား...
ခွင့်ပြုချက်ရသည်နှင့် နေ့လည်ကခဏတာပဲ ထိတွေ့ခွင့်ရလိုက်သည့် ယုန်နှုတ်ခမ်းလေးအား ဝမ်ရိပေါ်တစ်ယောက် အရင်ဆုံးသိမ်းပိုက်လိုက်တော့သည်။
သူ့အနမ်းတွေကို တုန့်ပြန်မှုမပေးလာဘဲ ငြိမ်ငြိမ်လေးခံယူနေသည့် သူ့အောက်ကလူသားလေးရဲ့ လက်တွေကသူ့ညဝတ်အကျႌစကို ခပ်တင်းတင်းဆုပ်ကိုင်လာသည်။
ချစ်ရသောယုန်ညိုလုံးလေး နာကျင်မှုသက်သာစေရန် ကြိုတင်ပြင်ဆင်ထားသောပစ္စည်းများ၏အကူအညီဖြင့် ချိုမြိန်သောမင်္ဂလာဦးည တစ်ညတာအားကျော်ဖြတ်ရင်း ဝမ်ရိပေါ်မှာသူ့ဘဝ၏ရတနာလေးအား အပိုင်သိမ်းပိုက်နိုင်ခဲ့လေသည်။
အတူနေပြီးတာနဲ့ ပင်ပန်းစွာအိပ်ပျော်သွားသည့် ယုန်ညိုလုံးလေးကို ဝမ်ရိပေါ်မှာ ဆွဲပွေ့ယူလိုက်သည်။
ဒီအတောအတွင်းအားကစားကို ကြိုးစားပြီလုပ်ခဲ့တာ အလကားတော့မဖြစ်ဘူးဘဲ။ ဒီခန္တာကိုယ်လေးကို အခုလိုမျိုးမပွေ့ချီနိုင်မှာကို သူအရမ်းစိုးရိမ်ခဲ့ရတာမဟုတ်လား။ သန့်ရှင်းရေးကို ကိုယ်တိုင်ဂရုတစိုက်လုပ်ပေးပြီးမှ ရင်ခွင်ထဲထည့်လို့ အတူအိပ်စက်လိုက်တော့သည်။
မအိပ်ခင်နဖူးပေါ်တစ်ချက်ဖိကပ်နမ်းလို့ အိပ်ပျော်နေတဲ့ယုန်လုံးလေးမကြားနိုင်ပေမယ့် သူပြောချင်တဲ့စကားကိုတော့ပြောလိုက်မိပါသေးတယ်။
"အရမ်းချစ်တယ် ကိုယ့်ရဲ့ရတနာလေး"
--------------------------
ညတုန်းကတော်တော်နှင့် မအိပ်ဖြစ်ခဲ့ကြသလို သူသောင်းကျန်းလိုက်တဲ့အရှိန်ကြောင့် ယုန်လုံးလေးကနေ့လည်ကျမှနိုးလာတော့တယ်။
ပထမဆုံးအကြိမ်အဖြစ် အိပ်ယာထစ အိပ်ချင်မူးတူးပုံနဲ့ ရတနာလေးကို မြင်လိုက်ရချိန်မှာလည်း ဝမ်ရိပေါ်က ရင်ခုန်ရပြန်တာပါပဲ။
"ဒီနေ့တော့ နေ့လယ်စာကိုအပြင်ကပဲမှာထားလိုက်တယ်"
"အင်း"
ညတုန်းကသူတို့လုပ်ခဲ့တာတွေကြောင့် ရိပေါ်မျက်နှာကိုသေချာမကြည့်ရဲတဲ့ ရှောင်းကျန့်က အကြည့်တွေကိုခပ်မြန်မြန်လွှဲရင်း စားပွဲပေါ်ကဟင်းတွေကို ကြည့်လိုက်တော့အားလုံးက သူ့အကြိုက်တွေချည်းပဲ...
တိုက်ဆိုင်လိုက်တာ ကြည့်ရတာရိပေါ်ကလည်း ဒီဟင်းတွေကြိုက်တယ်ထင်တယ်။ နောက်ရက်တွေကျ သူဟင်းချက်ရင်ဒီဟင်းတွေကို အဓိကထားပြီးချက်ရမယ်လို့လည်း ရှောင်းကျန့်ကတွေးလိုက်မိတယ်။
"မနက်ဖြန်ကစပြီး အိမ်ကိုဟင်းချက်တာနဲ့ သန့်ရှင်းရေးလုပ်ပေးမယ့် အိမ်အကူအဒေါ်ကြီးလာလိမ့်မယ်"
"ဟိုလေ အိမ်အကူမခေါ်ဘဲ ကျွန်တော့်ဘာသာလုပ်လို့မရဘူးလား?"
"အဆင်ပြေပါ့မလား အိမ်အလုပ်ကလွယ်တာမှမဟုတ်တာ"
"ပြေပါတယ်။ ဟင်းနှစ်ခွက်လောက်ချက်ယုံပဲဟာ။ သန့်ရှင်းရေးဆိုတာကလည်း နေ့တိုင်းလုပ်စရာမှမလိုတာ။ အပြင်အလုပ်လည်း မလုပ်ရဘူးဆိုတော့ အိမ်အလုပ်လေးပဲဖြစ်ဖြစ် လုပ်နေမှမပျင်းရမှာမို့ပါ"
"ကောင်းပြီလေ။ တစ်ခုခုအဆင်မပြေတာရှိရင်တော့ ကိုယ့်ကိုပြော"
"ဟုတ်ကဲ့"
တကယ်တော့ဝမ်ရိပေါ်အတွက်ကလည်း သူ့ယုန်ညိုလုံးလေးကလွဲရင် ဒီအိမ်မှာဘယ်သူမှရှိမနေစေချင်သလို တခြားဘယ်သူ့မျက်နှာကိုမှလည်းမမြင်ချင်တာမို့ ပိုတောင်ကောင်းသေးတယ်။
"အခုကိုယ်တို့ကလက်ထပ်ထားတာဆိုတော့ လိုက်နာရမယ့် စည်းကမ်းတစ်ချို့ကိုတော့ပြောထားချင်တယ်"
"ဟုတ် ပြောပါ"
"တခြားတော့မဟုတ်ပါဘူး။ ကိုယ်ကကုမ္မဏီဖွင့်ရက်တွေဆိုအလုပ်သွားရမယ်။ အဲဒီကျရင် မင်းကအိမ်မှာပဲနေရမှာသိတယ်မလား?"
"ဟုတ်"
"အဲဒါ ကိုယ့်ခွင့်ပြုချက်မရှိဘဲ အပြင်ကိုတစ်ယောက်တည်းမသွားရဘူး။ သွားချင်တဲ့နေရာရှိရင် ကိုယ့်ကိုအရင်အသိပေးပြီး ကိုယ်ခွင့်ပြုမှသွားရမယ်"
"ဟုတ် အသိပေးပါ့မယ်"
"နောက်ပီးအိမ်အတွက် လိုအပ်တာတွေကိုတော့ တစ်ပတ်တစ်ခါ ကိုယ်လိုက်ဝယ်ပေးမယ်"
"ဟုတ်ကဲ့"
ဝမ်ရိပေါ်က ရှောင်းကျန့်ကိုတစ်ယောက်တည်း အပြင်ပေးမသွားနိုင်ပါဘူး။ ယုန်ညိုလုံးလေးသွားချင်တဲ့နေရာရှိရင် သူကိုယ်တိုင်လိုက်ပို့မှာ။ အတ္တကြီးတယ်ပဲပြောပြော သူက သူ့အပိုင်လူသားလေးကို လူတွေရှေ့ချမပြချင်ဘူး။ တော်သေးတာက ရှောင်းကျန့်ကလည်း ရိုးအလွန်းတဲ့သူတစ်ယောက်မို့ သူ့စည်းကမ်းတွေကို လက်မခံတာမျိုးမရှိခဲ့ဘူး။
"ရော့..ဒါကိုယူထား"
သူ့ကိုလှမ်းပေးလာတဲ့ card ကိုရှောင်းကျန့်လှမ်းယူပြီးကြည့်လိုက်တယ်။
ဒါက အကန့်အသတ်မရှိတဲ့ Black Card ပဲ။
"ကိုယ်မရှိတဲ့အချိန်မှာ မုန့်တွေ့ဘာတွေမှာစားချင်ရင် ငွေရှင်းဖို့"
သရေစာမုန့်လောက်ဝယ်စားဖို့ကို Black Card ပေးတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ရယ်ချင်မိသွားတယ်။ သူမု့န်တအားစားတာမှန်ပေမယ့် ဒါကြီးကတော့အရမ်းများနေတာမို့ ငြင်းဖို့တွေးလိုက်တယ်။ နောက်ပြီး ရိပေါ်နဲ့ယှဉ်ရင် သူကတော်တော်လေးဝနေတာမို့ ဝိတ်လျှော့ဖို့စဉ်းစားနေတာကြောင့် မုန့်လည်းသိပ်စားဖြစ်တော့မှာမှမဟုတ်တာ...
"အဲဒီလောကိအထိမလို..."
"လိုတယ် ယူထားလိုက်။ တစ်ခြားလိုချင်တာရှိရင်လည်း လိုင်းပေါ်ကမှာလို့ရတယ်။ အပြင်တော့ထွက်ခွင့်မရှိဘူးနော်။ နောက်ပြီး Deli လာပို့တဲ့သူတွေကိုလည်း အိမ်ထဲပေးမဝင်နဲ့။ ကိုယ်တိုင်လည်းထွက်မယူရဘူး။ ခြံစောင့်ဖြစ်တဲ့ အန်ကယ်ဟန်ကိုပဲယူခိုင်း ကိုယ်ပြောတာ နားလည်လား?"
"ဟုတ် နားလည်ပါတယ်"
ဝမ်ရိပေါ်ရဲ့စည်းကမ်းချက်တွေက သူ့အတွက်တော့ သိပ်ပြဿနာမရှိတာမို့ ရှောင်းကျန့်လိုက်လျောပေးလိုက်မိတယ်။ ရှောင်းအိမ်မှာတုန်းကတော့ သူစိတ်ကြိုက်အပြင်ထွက်ခွင့်ရခဲ့ပါတယ်။ သူကသာဘယ်မှမသွားတတ်သူမို့ လမ်းထိပ်ကမုန့်ဆိုင်နဲ့ တစ်လတစ်ခါစာအုပ်ဆိုင်သွားတာကလွဲရင် ဘယ်မှမသွားဖြစ်ခဲ့တာ။
___________________________
(25 Nov 2021)
Advertisement
- In Serial27 Chapters
Sunflower Phoenix
Maribelle will seek to topple the heavens and obtain omnipotence, an ambition that begins with her wishing for the freedom of the banished god she calls her friend. Ferris will seek to protect Maribelle’s humanity, yet he is destined to lose his own, his spirit slowly subsumed by that of a being from the beginning of time. A great war is coming, orchestrated by the calamity that slumbers, as it has been a thousand times before. Gods will walk the earth with their chosen ones, the dragons will slaughter indiscriminately, and the krakens will emerge from the deep with their undead creations. When this cosmic game begins, Ferris will play to win, and Maribelle will flip the board. Right now, though, things are simple. Maribelle is just a lively little girl living with her mother in the village of sunflowers. Ferris is her adopted brother, hiding his troubled past. Ferris trains his magic to an unnecessary level of power, greatly overestimating the required qualifications to join the adventurers guild. Meanwhile, Maribelle picks fights with thugs. There is fresh curry on the stove, and a wounded mother is reading her book. The crackling fireplace reminds her that her beloved son is about to leave home.
8 143 - In Serial7 Chapters
My Barista is a Demigod
Michael is a normal salaryman working at a normal company living his normal life. He likes to drink coffee before going to work at his local café. One day, a new barista was hired, and Michael's life changed.
8 156 - In Serial148 Chapters
Chronicles of a Fallen Matriarch
With trouble as her only constant bedmate, the only aim, after being exiled, was to spend her life in peace and relative obscurity. A chance encounter brought back memories of her lost love. The more she pursued her lost love, the more question she faced and the people who were close to her are not what they appear to be. Even in exile, her constant bedmate would not stop. Now, being hunted, embroiled in an age-old conspiracy, torn apart by various factions, how is a lone drow to survive? Of course, by doing what she did best, raising an army. For the dark-elf Matrons have a nasty habit of not staying down when knocked. They rise up again and come back with fury. ===== Series Info======= The world-building is a combination of DnD, Pathfinder and Elderscrolls. Though I prefer to take a few liberties if possible. The yuri/GL Is an extremely slow burn one and the focus is more on the relationship dynamics than romance. =====Author Notes===== This is my first writing attempt, and in the spirit of full disclosure, I am not a native English speaker and I am hoping to use this chance to improve my writing. Constructive criticisms are always welcome. I have a full-time job but I would try to keep the releases consistent.
8 105 - In Serial9 Chapters
Transformers *My Little Sister* Book One
This is a story about three siblings. A little sister and two older brothers.Moonlight is Optimus's and Megatron's little sister.Moonlight love both her older brothers and was unable to choose a side in this horrible war that has cost the lost of there beautiful home planet. So she flea. She left her home planet. Away from where she thought she will never have to see both her older brothers. But she didn't leave as far away as she thought.
8 161 - In Serial20 Chapters
19 reasons Everyone Should Want To Be A Hufflepuff
Book #1 of the Hufflepuff reason series Why would you want to be a show-off Gryffindor or a snobby Ravenclaw when you could be a super chill Hufflepuff and a decent human being? Every Potter fan knows that Hufflepuffs get a bad rep.If you're a Hufflepuff, you have to put up with a lot of haters.And disappointments.So I'm gonna let you see the facts why you would want to be a Hufflepuff!And who is the one that will know this the best? Hufflepuff house ghost of course!!Cover by @LadybirdCookie
8 164 - In Serial9 Chapters
Izuku, You lucky Bastard
Full of oneshots stories about Izuku with other girls.
8 136