《My Jewel [ Complete ]》Part 17
Advertisement
တကယ်တော့ ရိပေါ်ကိုအာဖရိက,ကနေ တစ်နှစ်ကျော်တာနဲ့ သူပြန်ခေါ်ရင်ရခဲ့ပေမယ့် အဲဒီအချိန်မှာ ရှောင်းကျန့်က အနုပညာအလုပ်တွေစလုပ်ခါစမို့ ရိပေါ်ပြန်ရောက်လာခဲ့ရင် လက်မခံနိုင်လောက်မှန်းသိလို့ သူအချိန်ဆွဲထားလိုက်တာ။
-------------------------
"ရိပေါ်"
"အင်း"
"ဘယ်ကအားသွင်းကြိုးလဲ?"
"ရိပေါ်"
"အင်း"
"ဘာမေးခွန်းလဲ?"
"ကြောက်တယ် ဟုတ်လား? ဘာကိုကြောက်တာလဲ? ငါကကြောက်ဖို့ကောင်းနေလို့လား?"
"အင်း ပြောလေရိပေါ်"
"------"
"နေဦး မေးစရာရှိသေးတယ်"
"-------"
"အင်း"
"အသိမပေးရသေးဘူး"
"ဘာပြောတယ်!!!!"
"-------"
"ရိပေါ် ပါးက.."
"------"
"တကယ်သိချင်တာလား?"
"အင်း"
Advertisement
------------------------
_______________________
(27 Nov 2021)
ဝမ်မင်ရန်တစ်ယောက် ဆေးရုံခန်းထဲဝင်မလို့လုပ်နေတုန်း သူ့ယောက်ျားကိုအနမ်းခြွေနေတဲ့ သားတော်မောင်ကြောင့် အလိုက်တသိနဲ့ အပြင်မှာရပ်လို့စောင့်ပေးနေလိုက်တယ်။ တော်တော်ကြာတဲ့အထိ မပြီးနိုင်တဲ့အခါမှာတော့ စိတ်မရှည်တော့စွာ ထွက်သွားပါတော့တယ်။
မစောင့်နိုင်တော့ဘူး။ နေ့လယ်စာပဲသွားစားတော့မယ်။ ပြန်လာရင်တောင်ပြီးမယ့်ပုံမရှိဘူး။
တကယ်တော့ ရိပေါ်ကိုအာဖရိက,ကေန တစ်နှစ်ကျော်တာနဲ့ သူပြန်ခေါ်ရင်ရခဲ့ပေမယ့် အဲဒီအချိန်မှာ ရှောင်းကျန့်က အနုပညာအလုပ်တွေစလုပ်ခါစမို့ ရိပေါ်ပြန်ရောက်လာခဲ့ရင် လက်မခံနိုင်လောက်မှန်းသိလို့ သူအချိန်ဆွဲထားလိုက်တာ။
သူ့သားရဲ့ချုပ်နှောင်ထားမှုတွေက ဟိုကလေးအတွက်မတရားတာမို့ သူကရှောင်းကျန့်ကို အပြင်လောကနဲ့ ထိတွေ့ခွင့်ပေးလိုက်တာပါပဲ။ စီးပွာရေးသမားပီပီ ရှောင်းကျန့်ကြောင့် သူအကျိုးအမြတ်တွေလည်းအများကြီးရခဲ့တာကတော့ တစ်ကဏ္႑ပေါ့...
တကယ်တော့ သူ့သားဝမ်ရိပေါ်ရဲ့အမြင်က တော်ယုံစူးရှတာတော့မဟုတ်ဘူး။ ဘာလို့ဆို လူတွေသတိမထားမိတဲ့ ရှောင်းကျန့်ရဲ့ပုန်းကွယ်နေတဲ့ အလွတွေကို သူ့သားကအရင်ဆုံးမြင်နိုင်ခဲ့တာမဟုတ်လား။
Wang Jewellery ရဲ့ပင်တိုင်မော်ဒယ်အနေနဲ့ ပွဲဦးစထွက်ပြီး တစ်နှစ်ကျော်အတွင်းမှာ တစ်ဟုန်ထိုးနာမည်ရလာတဲ့ ရှောင်းကျန့်ရဲ့ အနုပညာအလုပ်တွေ အရှိန်မသေသွားရလေအောင် ရသလောက်အချိန်ဆွဲရင်းကနေ ရိပေါ်ကိုအာဖရိကမှာ သုံးနှစ်တောင်ဒုက္ခခံခိုင်းမိသွားတယ်။
ဒါပေမယ့်သူအခုလိုလုပ်ခဲ့တာက ရှောင်းကျန့်အတွက်တင်မဟုတ်ဘဲ သားဖြစ်သူ ရိပေါ်အတွက်လည်းပါတယ်။ ဘာလို့ဆို စီးပွားရေးမှာလည်းအရည်အချင်းရှိတဲ့သူ့သားက အာဖရိက,ကသူတို့ပိုင်တဲ့စိန်တွင်းတွေကို ကောင်းကောင်းစီမံခန့်ခွဲအုပ်ချုပ်နိုင်ခဲ့တာမို့ ရှယ်ယာရှင်တွေရဲ့ အထင်ကြီးချီးကျူးခြင်းကိုခံခဲ့ရပြီး Wang Jewellery ရဲ့တရားဝင်ဆက်ခံသူအဖြစ် အသိအမှတ်ပြုခံလိုက်ရတာမို့ပါပဲ။
အကယ်၍သာ ရိပေါ်ကိုတစ်နှစ်ပြည့်တာနဲ့ပြန်ခေါ်ပြီး တခြားသူကိုအစားထိုးလွှတ်လိုက်မယ်ဆိုရင် ရှယ်ယာရှင်တွေလက်ခံဖို့ကိုသူထပ်ပြီး စည်းရုံးနေရဦးမှာ...
-------------------------
အချိန်အကြာကြီးအနမ်းခံလိုက်ရတဲ့ ရှောင်းကျန့်မျက်နှာလေးက စတော်ဘယ်ရီသီးသေးသေးလေးလိုပဲ ရဲပတောင်းခတ်လို့နေတယ်။
ရိပေါ်ကသူ့နှုတ်ခမ်းတွေကိုနမ်းပြီးတော့ သူ့မျက်နှာအနှံ့ကိုလည်း လိုက်နမ်းနေခဲ့သေးတာ။ သူ့မေးရိုးတစ်လျှောက်ကို နှုတ်ခမ်းထူထူတွေနဲ့ပွတ်ဆွဲခံလိုက်ရတဲ့ အချိန်တုန်းကဆိုရင် ရှောင်းကျန့်ကရင်ခုန်လွန်းတဲ့ အဆင့်တောင်မဟုတ်တော့ဘဲ နှလုံးခုန်တောင်ရပ်သွားတော့မတတ်ဘဲ..
"ရိပေါ်"
"အင်း"
"နေလို့အဆင်ပြေရဲ့လား ဆရာဝန်ကပြောတယ်။ အခုရိပေါ်က ပင်ပန်းတာတွေများပြီး အားအရမ်းနည်းနေတယ်တဲ့"
"စိတ်မပူနဲ့ ကိုယ်သက်သာသွားပြီ။ ဘာလို့ဆို ကိုယ့်ကိုအားဖြည့်ပေးမယ့် အားသွင်းကြိုးလေးက ကိုယ့်အနားမှာရှိနေပြီလေ"
အခုရှောင်းကျန့်က ကုတင်ကိုမှီပြီးထိုင်နေတဲ့ ဝမ်ရိပေါ်ရဲ့ရင်ခွင်ကို နောက်ကျောပြီးထိုင်နေတာမို့ မျက်နှာကိုမြင်ရအောင် အနောက်ကိုလည်ပြန်စောင်းငဲ့လို့ကြည့်လိုက်ပြီး ဝမ်ရိပေါ်ရဲ့စကားကိုနားမလည်တဲ့ ရှောင်းကျန်ကပြန်မေးတော့တယ်။
"ဘယ်ကအားသွင်းကြိုးလဲ?"
"ဟောဒီကရှောင်းကျန့်ဆိုတဲ့ လူသားလေးကကိုယ့်ကို အားအင်တွေဖြည့်ပေးတဲ့ ကိုယ့်ရဲ့အားသွင်းကြိုးလေးလေ"
နောက်ကနေသိုင်းဖက်ထားတဲ့ ရိပေါ်ကလက်မှာ အားအနည်းငယ်ထည့်လို့ သူ့မျက်နှာကိုစေ့စေ့ကြည့်ပြီးပြောလာတဲ့အခါ ရှောင်းကျန့်မျက်နှာက အပြုံးတွေကဖုံးမရဖိမရ...
အေးစက်စက်ဝမ်ရိပေါ်က အဲဒီလိုတွေပြောတတ်မယ်လို့ သူတကယ်မထင်ထားမိဘူးမဟုတ်လား...
သူ့ရင်ခွင်ထဲမှာ ပြုံးနေတဲ့ရှောင်းကျန့်က အရင်ကသိပ်ချစ်စရာကောင်းခဲ့ပေမယ့်အခုတော့ အရမ်းကိုလှလာတာကို ဝမ်ရိပေါ်ကဝန်ခံမိတယ်။ ပါးဖောင်းဖောင်းလေးတွေနေရာမှာ မေးရိုးထင်းထင်းတွေက အစားထိုးလာပြီး မျက်မှန်အောက်ပုန်းကွယ်နေခဲ့တဲ့ မျက်ဝန်းကြည်ကြည်လေးတွေက မြင်သူတကာကိုနှစ်ခါပြန်ကြည့်ရလောက်အောင် ဆွဲဆောင်နေနိုင်လောက်တဲ့အထိပဲ။
"ရိပေါ်"
"အင်း"
"ငါ့မေးခွန်းကို အခုထိမဖြေရသေးဘူးနော်"
"ဘာမေးခွန်းလဲ?"
"ဘာလို့ ဖွင့်မပြောခဲ့တာလဲလို့ အမှန်ဆိုရင် အရင်ဆုံးလာဖွင့်ပြောသင့်တာမဟုတ်ဘူးလား? ပြီးမှနှစ်ယောက်လုံးချစ်သွားပြီးမှ လက်ထပ်ရမှာလေ"
"ကိုယ်မင်းကို အဆုံးရှုံးမခံချင်လို့..နောက်ပြီး ကြောက်လို့..."
"ကြောက်တယ် ဟုတ္လား? ဘာကိုကြောက်တာလဲ? ငါကကြောက်ဖို့ကောင်းနေလို့လား?"
"မဟုတ္ဘူး။ ကိုယ်ဖွင့်ပြောလိုက်လို့ ကျန့်ကငြင်းလိုက်ရင်ဘယ်လိုလုပ်မလဲ? နောက်ပြီးယောက်ျားလေးချင်းတောင် မရှောင်ဘူးဆိုပြီး ရွံမုန်းသွားရင်ရော? ဘယ်လိုအကြောင်းပြချက်တွေနဲ့မှ မင်းနဲ့ဝေးလို့မဖြစ်တာမို့ သေချာတဲ့လမ်းကိုရွေးလိုက်တာ"
ရိပေါ်ပြောနေတာတွေက ဟုတ်သလိုလိုနဲ့ တကယ်တမ်းကျ ဟုတ်မနေပြန်ဘူး။ ဘယ်သူကသူ့ကိုငြင်းမယ်လို့ပြောနေလို့လဲ? ဝမ်ရိပေါ်လိုလူကို ငြင်းရအောင် ရှောင်းကျန့်ကအရူးမှမဟုတ်တာ။ အခုတော့အလကားသပ်သပ် သူတို့နှစ်ယောက်လုံး နှစ်နဲ့ချီပြီးခံစားလိုက်ရတယ်မဟုတ်လား။ ဒါပေမယ့်လည်း ရှောင်းကျန့်ကနှုတ်ကနေတော့ ထုတ်မပြောဖြစ်တော့ပါဘူး။
"ဪ..ဒါနဲ့ သရုပ်ဆောင်အလုပ်ကလေ.."
"အင်း ပြောလေရိပေါ်"
ဆက်မပြောတော့တဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်စကားထောက်ပေးလိုက်တယ်။
"ဆက်လုပ်ခွင့်မရှိဘူးနော်"
"------"
"နေဦး မေးစရာရှိသေးတယ်"
တဖြည်းဖြည်းနဲ့တည်တင်းလာတဲ့ ဝမ်ရိပေါ်ရဲ့မျက်နှာအနေအထားကြောင့် ရှောင်းကျန့်မသိမသာတံတွေးမြိုချလိုက်မိတယ်။
"ကျန့်ကအိမ်ထောင်သည်ဆိုတာ မီဒီယာတွေကို အသိပေးထားလား?"
"-------"
"ကျန့် ကိုယ်မေးနေတယ်လေ ဘာလို့ပြန်မဖြေတာလဲ?"
"ဟို..အဲဒါ..ငါပြောပြရင် ရိပေါ်စိတ်မဆိုးဘူးမလား?"
"အင်း"
"အသိမေပးရေသးဘူး"
"ဘာပြောတယ်!!!!"
ဆေးရုံခန်းတစ်ခုလုံး ဟိန်းထွက်သွားတဲ့အထိ ကျယ်လောင်လွန်းတဲ့အသံကြောင့် ရှောင်းကျန့်မျက်နာလေးမှာ သိသိသာသာရှုံ့မဲ့လို့သွားတယ်။
"ပြောတော့ စိတ်မဆိုးဘူးဆို"
ပြောင်းလဲသွားတဲ့ရှောင်းကျန့်ရဲ့မျက်နှာကြောင့် ဝမ်ရိပေါ်မှာသူ့စိတ်ကို အမြန်ပြန်ထိန်းလိုက်ရတယ်။ သူ့ယုန်လေးကို စိတ်ဆင်းရဲအောင်ထပ်မလုပ်ချင်ဘူး။ အခုတောင်ဘယ်လောက် ငိုထားခဲ့လဲမသိဘူး မျက်ရစ်လေးတွေနီရဲဖောင်းနေပြီး နှာသီလေးထိပ်တွေရဲနေတာကတကယ့် ယုန်လေးတစ်ကောင်လိုပဲ။
"ကိုယ်ကကျန့်ကိုစိတ်ဆိုးတာတော့ မဟုတ်ပါဘူး။ ဒီအတိုင်းရုတ်တရက်ဒေါသထွက်သွားလို့.."
"အဲဒါဆိုစိတ်မဆိုးဘူးပေါ့နော်"
"ကျန့်ကိုစိတ်မဆိုးဘူး"
"-------"
"ဒါပေမယ့် ပါးကိုတော့အရမ်းစိတ်ဆိုးတယ်။ ကျန့်အခုလိုဖြစ်သွားအောင်လုပ်တာ သေချာပေါက်နောက်ကွယ်မှာ ပါးရှိနေမယ်ဆိုတာကိုယ်သိတယ်"
"ရိပေါ် ပါးက.."
"ငြင်းဖို့မကြိုးစားနဲ့ ကျန့်..ပါးနဲ့တော့သေချာပေါက် စာရင်းရှင်းရမယ်"
"------"
"ဘာလို့ သရုပ်ဆောင်အလုပ်ကို လုပ်ခဲ့တာလဲဆိုတာ ကိုယ်သိခွင့်ရှိမလား?"
"တကယ်သိချင်တာလား?"
"အင်း"
"ရိပေါ်နဲ့လိုက်ဖက်တဲ့ သူဖြစ်ချင်ခဲ့လို့..နောက်ပြီး လူကြားထဲမှာ ငါ့ကို မိတ်ဆက်ပေးရင် ရိပေါ်အတွက် အရှက်ရစေတဲ့သူမဖြစ်ချင်လို့"
ခပ်တိုးတိုးလေးပြောလာတဲ့ ရှောင်းကျန့်ရဲ့အသံက ယုံကြည်မှုတွေပျောက်ဆုံးနေခဲ့ရမှန်း သိပ်သိသာနေတယ်။ တကယ်တော့ ဒါတွေအားလုံးက သူ့အမှားတွေချည်းပဲ။
"ကျန့်ရာ ဘာလို့အဲဒီလိုတွေ တွေးခဲ့ရတာလဲ။ မင်းကအမြဲတမ်းကိုယ်နဲ့လိုက်ဖက်တဲ့ ဒီကမ္ဘာပေါ်က တစ်ဦးတည်းသောသူပါ"
"ရိပေါ် မကြိုက်ရင် သရုပ်ဆောင်အလုပ်ကို မလုပ်တော့ပါဘူး။ အစကတည်းက ရိပေါ်အတွက်လုပ်ခဲ့တာမို့ စွန့်လွှတ်နိုင်ပါတယ်။ ဒါပေမယ့်လေ လက်ရှိမှာ လက်ခံထားတဲ့အလုပ်လေးတွေကိုတော့ ပြီးအောင်လုပ်ပါရစေနော်"
"အဲဒါတော့မရဘူး...မင်းတခြားသူတွေနဲ့ တွဲနေရတာကို ကိုယ် ကြည့်မနေနိုင်ဘူး"
"တကယ်မှ မဟုတ္တာ ရိပေါ်ရယ်။ နောက်ထပ်ခြောက်လလောက်ပါပဲ။ ခွင့်ပြုပေးပါနော်..နော်..ရိပေါ်..နော်လို့"
သရုပ်ဆောင်ပညာကို ပိုင်နိုင်လာပြီဖြစ်တဲ့ ယုန်ကလေးရှောင်းကျန့်က သူတတ်ထားတဲ့ပညာတွေကိုထုတ်သုံးလို့ ယောက်ျားဖြစ်သူကို ချစ်စရာကောင်းအောင်ချွဲ့နွဲ့ပြုမူလေတယ်။
ဒါပေမယ့်လည်း ဝမ်ရိပေါ်ပြောလာတဲ့စကားကိုကြားရချိန်မှာတော့ ရှောင်းကျန့်မျက်လုံးအိမ်တွေ ကျယ်ဝန်းလာရပါတယ်။
"ကျန့် သိပ်အသည်းယားအောင်မလုပ်နဲ့နော်။ ကိုယ်စိတ်မထိန်းနိုင်ဘဲဖြစ်သွားမယ်"
ဆေးရုံခန်းကြီးထဲမှာလေ ရိပေါ်ရယ်..
------------------------
ရိုက်ကူးရေးရှိရာနေရာကို ရောက်နေတဲ့ မင်းသားချောလေး ရှောင်းကျန့်ရဲ့ဘေးမှာ တစ်နိုင်ငံလုံးကိုသူ့လုပ်စာနဲ့ တင်ကျွေးထားရတဲ့ရုပ်နဲ့ထိုင်နေတဲ့ ဝမ်ရိပေါ်ကိုတွေ့ရမှာဖြစ်တယ်။
ဟိုနေ့ကသောင်းကျန်းခဲ့တာကိုမြင်ဖူးထားတဲ့ ရိုက်ကွင်းကလူအများကလည်း သူတို့ဘယ်တော့ထအရိုက်ခံရမလဲဆိုတဲ့စိတ်နဲ့ အလုပ်တောင်ဖြောင့်အောင်မလုပ်နိုင်ရှာဘူး။
သူ့ကိုအနုပညာအလုပ်တွေ လုံးဝပေးမလုပ်တော့ဘူးဆိုတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်မှာ သုံးရက်နဲ့သုံးညတိတိ အမျိုးမျိုးချော့မော့ချွဲနွဲ့ပြောဆိုပြီးတဲ့အခါမှာတော့ သဘောတူညီမှုတစ်ခုအောက်မှာ ပြီးပြတ်ရန်ကျန်နေသေးတဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်ခွင့်ရသွားခဲ့တယ်။
အဲဒီသဘောတူညီမှုက ရှောင်းကျန့်အနေနဲ့ ကျန်ရှိတဲ့အနုပညာအလုပ်တွေ ဆက်လုပ်နေတဲ့အချိန်မှာ ဝမ်ရိပေါ်ကသူ့မန်နေဂျာလုပ်မယ်ဆိုတာပါပဲ။
အင်း..နောက်ပြီးတော့...ရိပေါ်လိုချင်တာတွေလည်း သူပေးလိုက်ရတာပေါ့လေ။ အဲဒါကေတာ့ သုံးနှစ်စာအလွမ်းတွေကို ဝမ်ရိပေါ်က သုံးညလုံးအတိုးချလို့ ယူသြားတာပါပဲ။
ရယ်ရတာကလေ ဆရာဝန်ပြောတော့ ဝမ်ရိပေါ်က အားနည်နေတယ်ဆို... ဝမ်ရိပေါ်လား? အားနည်းနေတာ..အားသာရှိလို့ကတော့ ရှောင်းကျန့်အခုအချိန်မှာ ခါးရိုးကျိုးပြီးအိပ်ယာထဲကနေ ထနိုင်မှာတောင်မဟုတ်တော့ဘူး။
________________________
တကယ်သုံးပိုင်း up ပေးနိုင်ခဲ့တယ်နော် 🙄
(27 Nov 2021)
Advertisement
- In Serial192 Chapters
World of Experts
The online game [Kingdom] entered the whole world. It’s a game about territorial construction and war to reconstruct alternate history. Although it’s virtual, it’ll change the world.Shi Hao, an ordinary freshman, decided to bravely enter [Kingdom] in order to gain the approval of his beloved goddess’s elder brother. He, however, accidentally got a super skill at the beginning because of a strange game-helmet.
8 1016 - In Serial9 Chapters
Indigo Initiate.
Astronauts in their late 20's discover the reality of the world they live in. Their intertwining lives and journey's impede a dystopia of technology and greed as they fight to save the world and transcend into a better one.
8 271 - In Serial30 Chapters
Human Mate (Under Editing)
"Hey Garret can you help me with something?" Isabella asks."Yeah sure" Instantly Isabella's lips connect to mine. My mind dint register what was happening at first, her lips moving against mine. Seconds before pulling away I get the worst pain in my chest. Almost like Isabella had caused it. When I pull away Isabella gives me a confused look. I growl at her for lac of respect.When Isabella cowards away from the menacing growl, I get the best scent of Lilac and Vanilla. My mind goes wild wondering where the scents came fromI look into the hallway and the smell grows stronger. I see a small girl in the arms of my beta Dylan and jealousy rips through me. MATE Emily is entering her last year in High school. Her mom died when she was young and she has a very distant father. She is moving to Arizona leaving her cheating boyfriend behind and entering a whole new school. Not knowing what to expect, she just hopes that it's not like the torture she went through at her old school. Garret King is the Alpha of the Lunar Eclipse pack. He has been looking for his mate since the age of 16. He's not the super bad ass alpha that many would suspect, but he sure looks the part. What happens when Emily goes to this new school and Garret finds her?More importantly what will she think of him after sense their first encounter isn't so lovely.*Disclaimer: This cover photo is not mine, if you know the photographer tell me who they are and I'll give their picture credit**Criticism is accepted here*
8 179 - In Serial41 Chapters
Gun To My Head, Stake To My Heart
Special Agent Amelia was the best of the best at the CIA. She got sent on the most dangerous missions and ALWAYS got the job done. She never bat an eye when having to seduce targets to acquire the necessary info.Her boss has sent her on a mission which he deems to be the most important case she will ever have. Easy right? Well, that's what Amelia thought before she got sucked into those captivating emerald eyes and a war between two species.Will Amelia be able to rise to the task? Will she be able to be with the person who claimed her heart or will she put her mission above her heart?Read to find out more
8 213 - In Serial17 Chapters
SUNRISE ༘ bakugo katsuki
𝗬𝗼𝘂 𝘁𝗵𝗼𝘂𝗴𝗵𝘁 𝗹𝗼𝘃𝗲 𝗱𝗶𝗱𝗻'𝘁 𝗲𝘅𝗶𝘀𝘁 𝘂𝗻𝘁𝗶𝗹 𝘆𝗼𝘂 𝗺𝗲𝘁 𝗵𝗶𝗺. fluff. male reader. ₁₀₋₃₀₋₂₀₂₁ ₜₒ ₁₁₋₁₉₋₂₀₂₁
8 112 - In Serial3 Chapters
first love ─ sabrina quesada
| 𝐅𝐈𝐑𝐒𝐓 𝐋𝐎𝐕𝐄. ❪🧸🌻🪐❫ ❝ 𝙞𝙣 𝙬𝙝𝙞𝙘𝙝 lily and sab dated for a while when lily lived in florida then broke up. lily got famous and got invited to move into 'just a house la' -𝘀𝘁𝗮𝘁𝘂𝘀.. ongoing-𝘀𝘁𝗮𝗿𝘁𝗲𝗱.. 04.12.21-𝗲𝗻𝗱𝗲𝗱.. 00.00.00
8 141