《My Jewel [ Complete ]》Part 18
Advertisement
ကုမၼဏီရံုးခန္းထဲတြင္ အလုပ္ေတာင္မလုပ္ႏိုင္ေတာ့သည့္ ဝမ္မင္ရန္မွာ သားျဖစ္သူဝမ္ရိေပၚ၏ လုပ္ရပ္ေၾကာင့္ေသြးတက္ေနရျခင္းျဖစ္သည္။
ဘယ့္ႏွယ့္ Wang Jewellery ရဲ႕ တရားဝင္ဆက္ခံသူေနရာကိုဝင္မလုပ္ဘဲ ေယာက္်ားျဖစ္သူေနာက္ တေကာက္ေကာက္လိုက္ၿပီး မန္ေနဂ်ာဝင္လုပ္ေနတယ္တဲ့။ အစကတည္းက ေ႐ွာင္းက်န္႔အေပၚ ရိေပၚေတာ္ေတာ္ျဖစ္ခဲ့မွန္းသိခဲ့ေပမယ့္ ဒီေလာက္အထိေယာက္်ား႐ူး ႐ူးမယ္လို႔ေတာ့မထင္ခဲ့မိတာ။
အခုေတာ့ သူ႔သားဝမ္ရိေပၚက ေ႐ွာင္းက်န္႔မ်က္ႏွာ တစ္ကမာၻလို႔ သတ္မွတ္ထားမွန္းေသခ်ာသိသြားခဲ့ပါၿပီ။ ဒီကိစၥကိုသူသြားၿပီးစြက္ဖက္လို႔လည္းမရဘူး။ ေဆးရံုမွာရိေပၚကိုသြားၾကည့္တုန္းက ေ႐ွာင္းက်န္႔ကိုသ႐ုပ္ေဆာင္လုပ္ခိုင္းလို႔ဆိုၿပီး သူ႔ကိုေသာင္းက်န္းလိုက္တာဆိုတာ ဘယ္သူကအေဖ ဘယ္သူကသားမွန္းေတာင္ မသိေတာ့ဘူး။
ေ႐ွာင္းက်န္႔ဆိုတဲ့ကေလးကလည္း လုပ္လက္စအလုပ္ေတြျပတ္တာနဲ႔ သူ႔ေယာက္်ားစိတ္တိုင္းက် အလုပ္ေတြကို ဆက္မလုပ္ေတာ့ဘူးတဲ့။ တဟုန္ထိုးနာမည္ႀကီးေနတုန္းမွာ အခုလိုဆံုးျဖတ္လိုက္တာကိုနည္းနည္းေတာ့ႏွေျမာမိေပမယ့္ ရိေပၚကိုေတြးမိေတာ့ အဲဒီလိုလုပ္တာအေကာင္းဆံုးပါေလ။ ေတာ္ၾကာရိေပၚကတစ္သက္လံုး ကုမၼဏီကိုျပန္မဝင္ပဲ သူ႔ေယာက္်ားေနာက္ကိုပဲလိုက္ေနမွ ဒုကၡေရာက္ဦးမယ္။ ႐ွယ္ယာ႐ွင္ေတြကိုေတာ့ ရိေပၚရဲ႕က်န္းမာေရးေၾကာင့္လို႔ အေၾကာင္းျပၿပီးအခ်ိန္ခဏဆြဲထားရတာေပါ့။
----------------------------
မနက္႐ိုက္ကူးေရးကိုေရာက္ကတည္းက ဝမ္ရိေပၚမွာတစ္မ်ိဳးၿပီးတစ္မ်ိဳး မ႐ိုးရေအာင္လုပ္ေတာ့သည္။
သူဝတ္ရမယ့္အဝတ္အစားေတြကိုလည္း တစ္ထည္မွစိတ္တိုင္းမက်ျဖစ္ေနကာ ဝင္ေရာက္စြက္ဖက္ေလသည္။
"က်န္႔ ဒီအက်ႌကလည္ပင္းအရမ္းဟိုက္ေနတယ္ မဝတ္ရဘူး"
"အဲဒီေလာက္လည္းမဟုတ္ပါဘူး"
"ဟင့္အင္း မရဘူး"
"ဒါေလးေတာ့အဆင္ေျပတယ္ လည္ပင္းအစိေလး"
"အဲဒီအက်ႌက်ပါးလြန္းတယ္ အထဲအထိ အကုန္ျမင္ေနရတယ္။ အဆင္မေျပဘူး။ ေဘာင္းဘီကလည္း က်ပ္လြန္းတယ္"
"-------"
"အက်ႌကတင္ပါးဖံုးသင့္တယ္"
"ဒါေရာ?"
"အေရာင္ေတာက္လြန္းတယ္။ ၾကည့္လိုက္တာနဲ႔ တမင္သတိထားမိေအာင္ လုပ္ေနသလိုပံုေပါက္ေနတယ္"
တစိတ္..ဒီေန႔သူ႐ိုက္ကူးေရးေတာ့ လုပ္ရဦးမွာပါေနာ္။
ေနာက္ဆံုးေတာ့ လက္႐ွည္ကိုမွတင္ပါးဖံုးတဲ့အက်ႌနဲ႔မွ အဆင္ေျပသြားခဲ့သည္။
"ရိေပၚ ငါေနာက္က်ေနၿပီ သြားရေတာ့မယ္"
"ခဏေလး!"
အဝတ္လဲခန္းထဲမွထြက္ရန္ျပင္ေနသည့္ ေ႐ွာင္းက်န္႔ကို ဝမ္ရိေပၚမွာလွမ္းတားလာသည္။
"ေျပာေလ"
"နမ္းခ်င္တယ္"
"-----"
အဝတ္တစ္ခါဝတ္ရဖို႔အေရး ေ႐ွာင္းက်န္႔မွာဝမ္ရိေပၚႏွင့္ ႏွစ္နာရီေလာက္စကားေျပာလိုက္ရသည့္အျပင္ မန္ေနဂ်ာစိတ္တိုင္းက် ေပးနမ္းလိုက္ရသည့္အခါ ႐ိုက္ကူးေရးမွလူမ်ားမွာ သူတို႔ကိုျပန္ၿပီးေစာင့္ေနခဲ့ၾကရသည္။
အခုဆိုဒီ႐ိုက္ကြင္းကလူေတြအားလံုး ဝမ္ရိေပၚကသူ႔ေယာက္်ားဆိုတာ သိသြားၾကၿပီျဖစ္သည္။
သိဆို ေတြ႔သမ်ွလူအကုန္လံုးကို ဝမ္ရိေပၚကပဲ လိုက္ေျပာခဲ့တာေလ။ ေယာက္်ားတစ္ျဖစ္လဲ မန္ေနဂ်ာပါဆိုၿပီးေပါ့...
သ႐ုပ္ေဆာင္စလုပ္တုန္းက ဝမ္ပါးမေျပာခိုင္းလို႔ သူကအိမ္ေထာင္သည္ဆိုတာ မေျပာခဲ့ရေပမယ့္ အခုအခ်ိန္မွာေတာ့ ေ႐ွာင္းက်န္႔အေနနဲ႔ ဖံုးကြယ္ထားဖို႔အစီအစဥ္မ႐ွိဘူး။
----------------------------
႐ိုက္ကူးေရးကိုလိုက္ခဲ့သည့္ ပထမဆံုးရက္မွာတင္ ျပႆနာေသာင္းေျခာက္ေထာင္ေလာက္ ႐ွာထားၿပီးျဖစ္သည့္ ဝမ္ရိေပၚေၾကာင့္ေ႐ွာင္းက်န္႔မွာ မန္ေနဂ်ာျဖစ္သူက်ီေဟာက္ကို ျပန္ေခၚဖို႔ရာစဥ္းစားေနရေတာ့သည္။
အလုပ္အတြက္လာသည့္ ဖုန္းမ်ားကိုလည္း ဝမ္ရိေပၚက ေကာင္းေကာင္းျပန္မေျဖေပးခဲ့တာမို႔ သူ႔မွာေျပာရေတာ့တယ္။
"ဘယ္လိုပဲျဖစ္ျဖစ္ က်ီေဟာက္ေကာကို ျပန္ေခၚမွျဖစ္မယ္ထင္တယ္"
႐ိုက္ကူးေရးၿပီးသြားသျဖင့္ ဟိုတယ္သို႔ျပန္ေရာက္သည့္အခ်ိန္ ဝရန္တာတြင္အတူထိုင္ေနရင္း ေ႐ွာင္းက်န္႔ေျပာလိုက္ျခင္းျဖစ္သည္။
"မလိုဘူး က်န္႔အလုပ္ေတြကို ကုိယ္ပဲလုပ္ေပးမယ္ဆို"
"အဲဒါဆိုဘာလို႔ ငါ႐ိုက္ကူးေရးလုပ္ေနတုန္း ေၾကျငာကိစၥအတြက္ဖုန္းဆက္တဲ့သူကို ေအာ္လိုက္ရတာလဲ?"
"အဲဒါက က်န္႔ဖုန္းကိုဆက္လာတဲ႔သူက မိန္းမအသံျဖစ္ေနေတာ့ ေမ့ၿပီး ေဒါသထြက္သြားလို႔ေအာ္မိသြားတာ"
အေၾကာင္းျပခ်က္ေတြ မ႐ိုးရေလေအာင္ ေပးတတ္တဲ့ ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔သက္ျပင္းသာခ်လိုက္မိတယ္။
သူ႔အလုပ္ကိစၥေတြ လက္ခံဖို႔အတြက္ကို ေအဂ်င္စီကက်ီေဟာက္ေကာကို ဖုန္းတစ္လံုးေပးထားတာ အဲဒီဖုန္းကအခုေတာ့ ရိေပၚလက္ထဲမွာေပါ့။ ေ႐ွာင္းက်န္႔က အရင္ကတည္းက အျပင္ပတ္ဝန္းက်င္နဲ႔သိပ္အဆက္အသြယ္မလုပ္ခဲ့တာမို႔ အလုပ္အတြက္ေျပာဆိုေဆြးေႏြးတာေတြအားလံုးကို က်ီေဟာက္ေကာနဲ႔ပဲလႊဲထားခဲ့တာ။
"အဲဒီဖုန္းက ငါ့ဖုန္းမဟုတ္ဘူးလို႔ေျပာခဲ့သားပဲ ရိေပၚရယ္။ သူတို႔ကက်ီေဟာက္ေကာဆီ ဆက္တာပါ။ ငါ့ရဲ႕ personal ဖုန္းကို မိဘေတြရယ္ ဝမ္ပါးရယ္ က်ီေဟာက္ေကာရယ္ကလြဲရင္ ဘယ္သူမွမသိပါဘူး"
"ကိုယ္ေမ့သြားလို႔ ေနာက္တစ္ခါမျဖစ္ေစရဘူး"
"ဒီအတိုင္းပဲ က်ီေဟာက္ေကာကိုပဲျပန္ေခၚလိုက္ရေအာင္ေလ"
"ဘာလဲ က်န္႔ကကိုယ္မင္းအနားမွာ႐ွိေနတာကို မႀကိဳက္လို႔လား?"
ေ႐ွာင္းက်န္႔တစ္ေယာက္ ဝမ္ရိေပၚ၏ပုခံုးကုိမွီကာေျပာေနရာမွ ၾကားလိုက္ရသည့္စကားေၾကာင့္ ခႏာၱကိုယ္အားခ်က္ခ်င္းျပန္မတ္လိုက္မိသည္။
"မဟုတ္ဘူး။ ငါေျပာတာ က်ီေဟာက္ေကာကို မန္ေနဂ်ာအျဖစ္ျပန္ခန္႔ခိုင္းတာက ရိေပၚလည္းမပင္ပန္းရေအာင္ပါ။ ဒီအလုပ္ေတြက ရိေပၚနဲ႔ရင္းႏွီးကြၽမ္းဝင္မႈမ႐ွိေတာ့ အရင္လူကိုပဲျပန္သံုးသင့္တယ္ထင္လို႔"
"အဲဒါဆို ကိုယ္ကဘာလုပ္ရမွာလဲ?"
"ရိေပၚကဒီအတိုင္း ငါ့အနားမွာပဲအခ်ိန္တိုင္းရွိေနေပးေလ"
မေက်နပ္သလိုစူစူပုတ္ပုတ္႐ုပ္ကေလးျဖင့္ သူ႔ကိုၾကည့္ကာေမးလာသည့္ ဝမ္ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔မွာျပံဳးတုံ႔တံု႔လုပ္ကာ ျပန္ေျဖလိုက္ေလသည္။
ေ႐ွာင္းက်န္႔၏ခ်စ္စရာအမူအယာမ်ားတြင္ က်႐ႈံးသြားရသည့္ ဝမ္ရိေပၚမွာေဘးတြင္ထိုင္ေနသည့္ လူသားေလးအား ရင္ခြင္ထဲသို႔အတင္းသိမ္းက်ံဳးထည့္ကာဖက္ရင္း လည္ဂုတ္ေပၚသို႔ အနမ္းဖြဖြေတြပို႔လႊတ္ေနေတာ့သည္။
"စကားေတြအရမ္းတတ္ေနတယ္ေပါ့ ဟုတ္လား?"
"ခ်စ္တတ္တာပါေနာ္"
"ကိုယ္ကပိုခ်စ္တာပါေနာ္"
"အင္းပါ သိပါတယ္။ အဲဒါေၾကာင့္ ေနာက္ဆိုရိေပၚအခ်စ္ကို မွီလာေအာင္ ငါလည္းႀကိဳးစားေနပါတယ္"
ရင္ခြင္ထဲမွ သူ႔ကုိေမာ့ၾကည့္ကာေျပာေနသည့္ ယုန္ညိဳလံုးေလး၏ နားထင္စပ္ေပၚသို႔ ရိေပၚမွာဖိကပ္နမ္းလိုက္ျပန္သည္။
"က်န္႔ ကိုယ္မင္းခ်က္ေကြၽးတဲ့ဟင္းေတြစားခ်င္တယ္"
"အိမ္ေရာက္တာနဲ႔ခ်က္ေကြၽးမယ္"
အခုေ႐ွာင္းက်န္႔က နယ္ဘက္မွာခရီးထြက္ၿပီး ႐ုပ္႐ွင္႐ိုက္ေနတာ ေနာက္သံုးေလးရက္က်န္ေသးတာမို႔ ရိေပၚကိုဟင္းေတြခ်က္ေကြၽးလို႔ အဆင္မေျပေသးဘူး။
"အရင္လို ကိုယ္အလုပ္ကျပန္လာရင္ ကိုယ့္ကိုေစာင့္ေနေပးမယ့္ ကိုယ့္ရဲ႕ေယာက္်ားေလးနဲ႔အတူတူ ညစာအတူစားၿပီး ညဘက္ေတြမွာ ႐ုပ္႐ွင္ၾကည့္တဲ့ဘဝမ်ဳိးကို အရမ္းျပန္လိုခ်င္ေနၿပီ"
"ခဏပဲသည္းခံေပးေလေနာ္။ အလုပ္တစ္ခုစထားၿပီးရင္ အၿပီးသတ္တဲ့အထိလုပ္လိုက္ခ်င္လို႔ပါ"
"အင္းပါ...ကိုယ္ေစာင့္ေနပါ့မယ္"
"အဲဒါဆို မနက္ျဖန္ကစၿပီး က်ီေဟာက္ေကာကို ျပန္ေခၚလိုက္မယ္ေနာ္"
"က်န္႔ စိတ္ခ်မ္းသာရင္ၿပီးတာပဲ"
အခ်စ္ဌက္ေလးႏွစ္ေယာက္သား ၾကည္ႏူးေနၾကတုန္း ဟိုတယ္အခန္းတံခါးေခါက္သံကုိၾကားလိုက္ရသည္။
"ညစာလာပို႔ၿပီထင္တယ္"
"အင္း ကိုယ္သြားယူလိုက္မယ္"
ဟိုတယ္ခန္းထဲတြင္သာ စားသည့္ညစာျဖစ္သည့္တိုင္ ဖေယာင္တိုင္မီးမ်ားျဖင့္အလွဆင္ထားရာ ႏွစ္သက္ၾကည္ႏူးဖြယ္ေလးျဖစ္လို႔ေနခဲ့သည္။
"ေရာ့..ကိုယ္ငါးအ႐ိုးႏႊင္ထားတယ္။ က်န္႔ ႀကိဳက္တယ္မလား မ်ားမ်ားစားေနာ္"
"ရိေပၚလည္းစားဦးေလ။ ငါ့အတြက္ခ်ည္းပဲ လုပ္မေနပါနဲ႔"
"မလုပ္လို႔မရဘူး။ က်န္႔က အရမ္းပိန္ေနတယ္။ ဒီအေတာအတြင္း ဘယ္လိုမ်ားေနခဲ့သလဲ? သူတို႔ေတြကအလုပ္ပဲလုပ္ခိုင္းၿပီး အစားမစားခိုင္းဘူးလား?"
သူ႔ထမင္းပန္းကန္ထဲကို စားပြဲေပၚမွာ ႐ွိသမ်ွဟင္းေတြလာထည့္ေပးေနတဲ့ ရိေပၚကိုအားနာလို႔ ေ႐ွာင္းက်န္႔မျငင္းဘဲစားေနရတယ္။
တကယ္တမ္းသူက ဝိတ္ထိန္းေနရသူမို႔ အဲဒီေလာက္စားဖို႔မေျပာနဲ႔ ပံုမွန္ဆုိညစာကို အရြက္သုပ္ေလာက္ပဲစားရတာ။ အခုေတာ့ ရိေပၚက သူ႔ကိုဂ႐ုတစိုက္နဲ႔ ေကြၽးေနတာမို႔ သူမျငင္းရက္ခဲ့ဘူး။
----------------------------
ညအိပ္သည့္အခါ အိပ္ယာထက္တြင္ ဝမ္ရိေပၚ၏ ရင္ခြင္ထဲတြင္ ၿငိမ္သက္စြာလွဲေလ်ာင္းေနသူေလးမွ စကားစလာခဲ့သည္။
Advertisement
"ရိေပၚသိလား?"
"ဘာကိုလဲ"
"ဒီသံုးႏွစ္လံုး ေႏြးေထြးလြန္းတဲ့ ဒီရင္ခြင္ကိုအရမ္းသတိရေနခဲ့တာ"
"ကိုယ္လည္းအတူတူပါပဲ။ ကိုယ့္ ရင္ခြင္ထဲထည့္သိပ္ခဲ့တဲ့သူေလးကို တစ္ရက္မွမေမ့ခဲ့ဘူး"
"ရိေပၚ"
"အင္း"
"အမွန္ေျပာရရင္ေလ ငါေၾကာက္တယ္သိလား?"
"ဘာကိုလဲ က်န္႔"
"ရိေပၚျပန္ေရာက္ၿပီး ေဆးရံုမွာတည္းက ညတိုင္းအတူအိပ္ခဲ့ေပမယ့္ မနက္မိုးလင္းတဲ့အခ်ိန္က်ရင္ ငါအိပ္ေနခဲ့တဲ့ရင္ခြင္ႀကီးမ႐ွိေတာ့မွာကိုေၾကာက္တယ္။ တစ္ေယာက္တည္းထပ္ၿပီး အထားခံခဲ့ရမွာကိုေၾကာက္တယ္"
"ကိုယ္ေတာင္းပန္ပါတယ္ က်န္႔ ကုိယ္ကတိေပးတယ္။ အခုကစၿပီး မင္းကို တစ္ေယာက္တည္းဘယ္ေတာ့မွမထားခဲ့ေတာ့ဘူး။ ကုိယ္တို႔ထပ္မခြဲေတာ့ဘူးေနာ္"
"အင္း ဘယ္လိုအေၾကာင္းပဲ႐ွိ႐ွိ ငါတို႔ထပ္မခြဲၾကေတာ့ဘူး"
နာက်င္ဖူးခဲ့သူေလးမွာ ထားရစ္ခဲ့ဖူးသူ၏ ရင္ခြင္ထဲသို႔ပိုတုိးဝင္ကာ ႏွစ္ေယာက္သားတင္းက်ပ္စြာေပြ႔ဖက္ရင္း ညအခ်ိန္ေတြကိုကုန္ဆုံးေစခဲ့သည္။
_________________________
(28 Nov 2021)
ကုမ္မဏီရုံးခန်းထဲတွင် အလုပ်တောင်မလုပ်နိုင်တော့သည့် ဝမ်မင်ရန်မှာ သားဖြစ်သူဝမ်ရိပေါ်၏ လုပ်ရပ်ကြောင့်သွေးတက်နေရခြင်းဖြစ်သည်။
ဘယ့်နှယ့် Wang Jewellery ရဲ့ တရားဝင်ဆက်ခံသူနေရာကိုဝင်မလုပ်ဘဲ ယောက်ျားဖြစ်သူနောက် တကောက်ကောက်လိုက်ပြီး မန်နေဂျာဝင်လုပ်နေတယ်တဲ့။ အစကတည်းက ရှောင်းကျန့်အပေါ် ရိပေါ်တော်တော်ဖြစ်ခဲ့မှန်းသိခဲ့ပေမယ့် ဒီလောက်အထိယောက်ျားရူး ရူးမယ်လို့တော့မထင်ခဲ့မိတာ။
အခုတော့ သူ့သားဝမ်ရိပေါ်က ရှောင်းကျန့်မျက်နှာ တစ်ကမ္ဘာလို့ သတ်မှတ်ထားမှန်းသေချာသိသွားခဲ့ပါပြီ။ ဒီကိစ္စကိုသူသွားပြီးစွက်ဖက်လို့လည်းမရဘူး။ ဆေးရုံမှာရိပေါ်ကိုသွားကြည့်တုန်းက ရှောင်းကျန့်ကိုသရုပ်ဆောင်လုပ်ခိုင်းလို့ဆိုပြီး သူ့ကိုသောင်းကျန်းလိုက်တာဆိုတာ ဘယ္သူကအေဖ ဘယ်သူကသားမှန်းတောင် မသိတော့ဘူး။
ရှောင်းကျန့်ဆိုတဲ့ကလေးကလည်း လုပ်လက်စအလုပ်တွေပြတ်တာနဲ့ သူ့ယောက်ျားစိတ်တိုင်းကျ အလုပ်တွေကို ဆက်မလုပ်တော့ဘူးတဲ့။ တဟုန်ထိုးနာမည်ကြီးနေတုန်းမှာ အခုလိုဆုံးဖြတ်လိုက်တာကိုနည်းနည်းတော့နှမြောမိပေမယ့် ရိပေါ်ကိုတွေးမိတော့ အဲဒီလိုလုပ်တာအကောင်းဆုံးပါလေ။ တော်ကြာရိပေါ်ကတစ်သက်လုံး ကုမ္မဏီကိုပြန်မဝင်ပဲ သူ့ယောက်ျားနောက်ကိုပဲလိုက်နေမှ ဒုက္ခရောက်ဦးမယ်။ ရှယ်ယာရှင်တွေကိုတော့ ရိပေါ်ရဲ့ကျန်းမာရေးကြောင့်လို့ အကြောင်းပြပြီးအချိန်ခဏဆွဲထားရတာပေါ့။
----------------------------
မနက်ရိုက်ကူးရေးကိုရောက်ကတည်းက ဝမ်ရိပေါ်မှာတစ်မျိုးပြီးတစ်မျိုး မရိုးရအောင်လုပ်တော့သည်။
သူဝတ်ရမယ့်အဝတ်အစားတွေကိုလည်း တစ်ထည်မှစိတ်တိုင်းမကျဖြစ်နေကာ ဝင်ရောက်စွက်ဖက်လေသည်။
"ကျန့် ဒီအကျႌကလည်ပင်းအရမ်းဟိုက်နေတယ် မဝတ်ရဘူး"
"အဲဒီလောက်လည်းမဟုတ်ပါဘူး"
"ဟင့်အင်း မရဘူး"
"ဒါလေးတော့အဆင်ပြေတယ် လည်ပင်းအစိလေး"
"အဲဒီအကျႌကျပါးလွန်းတယ် အထဲအထိ အကုန်မြင်နေရတယ်။ အဆင်မပြေဘူး။ ဘောင်းဘီကလည်း ကျပ်လွန်းတယ်"
"-------"
"အကျႌကတင်ပါးဖုံးသင့်တယ်"
"ဒါရော?"
"အရောင်တောက်လွန်းတယ်။ ကြည့်လိုက်တာနဲ့ တမင်သတိထားမိအောင် လုပ်နေသလိုပုံပေါက်နေတယ်"
တစိတ်..ဒီနေ့သူရိုက်ကူးရေးတော့ လုပ်ရဦးမှာပါနော်။
နောက်ဆုံးတော့ လက်ရှည်ကိုမှတင်ပါးဖုံးတဲ့အကျႌနဲ့မွ အဆင်ပြေသွားခဲ့သည်။
"ရိပေါ် ငါနောက်ကျနေပြီ သွားရတော့မယ်"
"ခဏေလး!"
အဝတ်လဲခန်းထဲမှထွက်ရန်ပြင်နေသည့် ရှောင်းကျန့်ကို ဝမ်ရိပေါ်မှာလှမ်းတားလာသည်။
"ပြောလေ"
"နမ်းချင်တယ်"
"-----"
အဝတ်တစ်ခါဝတ်ရဖို့အရေး ရှောင်းကျန့်မှာဝမ်ရိပေါ်နှင့် နှစ်နာရီလောက်စကားပြောလိုက်ရသည့်အပြင် မန်နေဂျာစိတ်တိုင်းကျ ပေးနမ်းလိုက်ရသည့်အခါ ရိုက်ကူးရေးမှလူများမှာ သူတို့ကိုပြန်ပြီးစောင့်နေခဲ့ကြရသည်။
အခုဆိုဒီရိုက်ကွင်းကလူတွေအားလုံး ဝမ်ရိပေါ်ကသူ့ယောက်ျားဆိုတာ သိသွားကြပြီဖြစ်သည်။
သိဆို တွေ့သမျှလူအကုန်လုံးကို ဝမ်ရိပေါ်ကပဲ လိုက်ပြောခဲ့တာလေ။ ယောက်ျားတစ်ဖြစ်လဲ မန်နေဂျာပါဆိုပြီးပေါ့...
သရုပ်ဆောင်စလုပ်တုန်းက ဝမ်ပါးမပြောခိုင်းလို့ သူကအိမ်ထောင်သည်ဆိုတာ မပြောခဲ့ရပေမယ့် အခုအချိန်မှာတော့ ရှောင်းကျန့်အနေနဲ့ ဖုံးကွယ်ထားဖို့အစီအစဉ်မရှိဘူး။
----------------------------
ရိုက်ကူးရေးကိုလိုက်ခဲ့သည့် ပထမဆုံးရက်မှာတင် ပြဿနာသောင်းခြောက်ထောင်လောက် ရှာထားပြီးဖြစ်သည့် ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်မှာ မန်နေဂျာဖြစ်သူကျီဟောက်ကို ပြန်ခေါ်ဖို့ရာစဉ်းစားနေရတော့သည်။
အလုပ်အတွက်လာသည့် ဖုန်းများကိုလည်း ဝမ်ရိပေါ်က ကောင်းကောင်းပြန်မဖြေပေးခဲ့တာမို့ သူ့မှာပြောရတော့တယ်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျီဟောက်ကောကို ပြန်ခေါ်မှဖြစ်မယ်ထင်တယ်"
ရိုက်ကူးရေးပြီးသွားသဖြင့် ဟိုတယ်သို့ပြန်ရောက်သည့်အချိန် ဝရန်တာတွင်အတူထိုင်နေရင်း ရှောင်းကျန့်ပြောလိုက်ခြင်းဖြစ်သည်။
"မလိုဘူး ကျန့်အလုပ်တွေကို ကိုယ်ပဲလုပ်ပေးမယ်ဆို"
"အဲဒါဆိုဘာလို့ ငါရိုက်ကူးရေးလုပ်နေတုန်း ကြေငြာကိစ္စအတွက်ဖုန်းဆက်တဲ့သူကို အော်လိုက်ရတာလဲ?"
"အဲဒါက ကျန့်ဖုန်းကိုဆက်လာတဲ့သူက မိန်းမအသံဖြစ်နေတော့ မေ့ပြီး ဒေါသထွက်သွားလို့အော်မိသွားတာ"
အကြောင်းပြချက်တွေ မရိုးရလေအောင် ပေးတတ်တဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်သက်ပြင်းသာချလိုက်မိတယ်။
သူ့အလုပ်ကိစ္စတွေ လက်ခံဖို့အတွက်ကို အေဂျင်စီကကျီဟောက်ကောကို ဖုန်းတစ်လုံးပေးထားတာ အဲဒီဖုန်းကအခုတော့ ရိပေါ်လက်ထဲမှာပေါ့။ ရှောင်းကျန့်က အရင်ကတည်းက အပြင်ပတ်ဝန်းကျင်နဲ့သိပ်အဆက်အသွယ်မလုပ်ခဲ့တာမို့ အလုပ်အတွက်ပြောဆိုဆွေးနွေးတာတွေအားလုံးကို ကျီဟောက်ကောနဲ့ပဲလွှဲထားခဲ့တာ။
"အဲဒီဖုန်းက ငါ့ဖုန်းမဟုတ်ဘူးလို့ပြောခဲ့သားပဲ ရိပေါ်ရယ်။ သူတို့ကကျီဟောက်ကောဆီ ဆက္တာပါ။ ငါ့ရဲ့ personal ဖုန်းကို မိဘတွေရယ် ဝမ်ပါးရယ် ကျီဟောက်ကောရယ်ကလွဲရင် ဘယ္သူမွမသိပါဘူး"
"ကိုယ်မေ့သွားလို့ နောက်တစ်ခါမဖြစ်စေရဘူး"
"ဒီအတိုင်းပဲ ကျီဟောက်ကောကိုပဲပြန်ခေါ်လိုက်ရအောင်လေ"
"ဘာလဲ ကျန့်ကကိုယ်မင်းအနားမှာရှိနေတာကို မကြိုက်လို့လား?"
ရှောင်းကျန့်တစ်ယောက် ဝမ်ရိပေါ်၏ပုခုံးကိုမှီကာပြောနေရာမှ ကြားလိုက်ရသည့်စကားကြောင့် ခန္တာကိုယ်အားချက်ချင်းပြန်မတ်လိုက်မိသည်။
"မဟုတ္ဘူး။ ငါပြောတာ ကျီဟောက်ကောကို မန်နေဂျာအဖြစ်ပြန်ခန့်ခိုင်းတာက ရိပေါ်လည်းမပင်ပန်းရအောင်ပါ။ ဒီအလုပ်တွေက ရိပေါ်နဲ့ရင်းနှီးကျွမ်းဝင်မှုမရှိတော့ အရင်လူကိုပဲပြန်သုံးသင့်တယ်ထင်လို့"
"အဲဒါဆို ကိုယ်ကဘာလုပ်ရမှာလဲ?"
"ရိပေါ်ကဒီအတိုင်း ငါ့အနားမှာပဲအချိန်တိုင်းရှိနေပေးလေ"
မကျေနပ်သလိုစူစူပုတ်ပုတ်ရုပ်ကလေးဖြင့် သူ့ကိုကြည့်ကာမေးလာသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မှာပြုံးတုံ့တုံ့လုပ်ကာ ပြန်ဖြေလိုက်လေသည်။
ရှောင်းကျန့်၏ချစ်စရာအမူအယာများတွင် ကျရှုံးသွားရသည့် ဝမ်ရိပေါ်မှာဘေးတွင်ထိုင်နေသည့် လူသားလေးအား ရင်ခွင်ထဲသို့အတင်းသိမ်းကျုံးထည့်ကာဖက်ရင်း လည်ဂုတ်ပေါ်သို့ အနမ်းဖွဖွတွေပို့လွှတ်နေတော့သည်။
"စကားတွေအရမ်းတတ်နေတယ်ပေါ့ ဟုတ္လား?"
"ချစ်တတ်တာပါနော်"
"ကိုယ်ကပိုချစ်တာပါနော်"
"အင်းပါ သိပါတယ်။ အဲဒါကြောင့် နောက်ဆိုရိပေါ်အချစ်ကို မှီလာအောင် ငါလည်းကြိုးစားနေပါတယ်"
ရင်ခွင်ထဲမှ သူ့ကိုမော့ကြည့်ကာပြောနေသည့် ယုန်ညိုလုံးလေး၏ နားထင်စပ်ပေါ်သို့ ရိပေါ်မှာဖိကပ်နမ်းလိုက်ပြန်သည်။
"ကျန့် ကိုယ်မင်းချက်ကျွေးတဲ့ဟင်းတွေစားချင်တယ်"
"အိမ်ရောက်တာနဲ့ချက်ကျွေးမယ်"
အခုရှောင်းကျန့်က နယ်ဘက်မှာခရီးထွက်ပြီး ရုပ်ရှင်ရိုက်နေတာ နောက်သုံးလေးရက်ကျန်သေးတာမို့ ရိပေါ်ကိုဟင်းတွေချက်ကျွေးလို့ အဆင်မပြေသေးဘူး။
"အရင်လို ကိုယ်အလုပ်ကပြန်လာရင် ကိုယ့်ကိုစောင့်နေပေးမယ့် ကိုယ့်ရဲ့ယောက်ျားလေးနဲ့အတူတူ ညစာအတူစားပြီး ညဘက်တွေမှာ ရုပ်ရှင်ကြည့်တဲ့ဘဝမျိုးကို အရမ်းပြန်လိုချင်နေပြီ"
"ခဏပဲသည်းခံပေးလေနော်။ အလုပ်တစ်ခုစထားပြီးရင် အပြီးသတ်တဲ့အထိလုပ်လိုက်ချင်လို့ပါ"
"အင်းပါ...ကိုယ်စောင့်နေပါ့မယ်"
"အဲဒါဆို မနက်ဖြန်ကစပြီး ကျီဟောက်ကောကို ပြန်ခေါ်လိုက်မယ်နော်"
"ကျန့် စိတ်ချမ်းသာရင်ပြီးတာပဲ"
အချစ်ဌက်လေးနှစ်ယောက်သား ကြည်နူးနေကြတုန်း ဟိုတယ်အခန်းတံခါးခေါက်သံကိုကြားလိုက်ရသည်။
"ညစာလာပို့ပြီထင်တယ်"
"အင်း ကိုယ်သွားယူလိုက်မယ်"
ဟိုတယ်ခန်းထဲတွင်သာ စားသည့်ညစာဖြစ်သည့်တိုင် ဖယောင်တိုင်မီးများဖြင့်အလှဆင်ထားရာ နှစ်သက်ကြည်နူးဖွယ်လေးဖြစ်လို့နေခဲ့သည်။
"ရော့..ကိုယ်ငါးအရိုးနွှင်ထားတယ်။ ကျန့် ကြိုက်တယ်မလား များများစားနော်"
"ရိပေါ်လည်းစားဦးလေ။ ငါ့အတွက်ချည်းပဲ လုပ်မနေပါနဲ့"
"မလုပ်လို့မရဘူး။ ကျန့်က အရမ်းပိန်နေတယ်။ ဒီအတောအတွင်း ဘယ်လိုများနေခဲ့သလဲ? သူတို့တွေကအလုပ်ပဲလုပ်ခိုင်းပြီး အစားမစားခိုင်းဘူးလား?"
သူ့ထမင်းပန်းကန်ထဲကို စားပွဲပေါ်မှာ ရှိသမျှဟင်းတွေလာထည့်ပေးနေတဲ့ ရိပေါ်ကိုအားနာလို့ ရှောင်းကျန့်မငြင်းဘဲစားနေရတယ်။
တကယ်တမ်းသူက ဝိတ်ထိန်းနေရသူမို့ အဲဒီလောက်စားဖို့မပြောနဲ့ ပုံမှန်ဆိုညစာကို အရွက်သုပ်လောက်ပဲစားရတာ။ အခုတော့ ရိပေါ်က သူ့ကိုဂရုတစိုက်နဲ့ ကျွေးနေတာမို့ သူမငြင်းရက်ခဲ့ဘူး။
----------------------------
ညအိပ်သည့်အခါ အိပ်ယာထက်တွင် ဝမ်ရိပေါ်၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာလှဲလျောင်းနေသူလေးမှ စကားစလာခဲ့သည်။
"ရိပေါ်သိလား?"
"ဘာကိုလဲ"
"ဒီသုံးနှစ်လုံး နွေးထွေးလွန်းတဲ့ ဒီရင်ခွင်ကိုအရမ်းသတိရနေခဲ့တာ"
"ကိုယ်လည်းအတူတူပါပဲ။ ကိုယ့် ရင်ခွင်ထဲထည့်သိပ်ခဲ့တဲ့သူလေးကို တစ်ရက်မှမမေ့ခဲ့ဘူး"
"ရိပေါ်"
"အင်း"
"အမှန်ပြောရရင်လေ ငါကြောက်တယ်သိလား?"
"ဘာကိုလဲ ကျန့်"
"ရိပေါ်ပြန်ရောက်ပြီး ဆေးရုံမှာတည်းက ညတိုင်းအတူအိပ်ခဲ့ပေမယ့် မနက်မိုးလင်းတဲ့အချိန်ကျရင် ငါအိပ်နေခဲ့တဲ့ရင်ခွင်ကြီးမရှိတော့မှာကိုကြောက်တယ်။ တစ်ယောက်တည်းထပ်ပြီး အထားခံခဲ့ရမှာကိုကြောက်တယ်"
"ကိုယ်တောင်းပန်ပါတယ် ကျန့် ကိုယ်ကတိပေးတယ်။ အခုကစပြီး မင်းကို တစ်ယောက်တည်းဘယ်တော့မှမထားခဲ့တော့ဘူး။ ကိုယ်တို့ထပ်မခွဲတော့ဘူးနော်"
"အင်း ဘယ်လိုအကြောင်းပဲရှိရှိ ငါတို့ထပ်မခွဲကြတော့ဘူး"
နာကျင်ဖူးခဲ့သူလေးမှာ ထားရစ်ခဲ့ဖူးသူ၏ ရင်ခွင်ထဲသို့ပိုတိုးဝင်ကာ နှစ်ယောက်သားတင်းကျပ်စွာပွေ့ဖက်ရင်း ညအချိန်တွေကိုကုန်ဆုံးစေခဲ့သည်။
_________________________
(28 Nov 2021)
Advertisement
- In Serial14 Chapters
All of The Angels
Heaven and Hell are at war. New Gods must be chosen -or the fight will last forever. God has left. The Devil has disappeared. Questions have become worthless as no one has the answers. Lexi Valentine is one of the dead. Forced into the fight between Heaven and Hell she must win the game and become the Devil, or risk losing everything. Paradise has been destroyed and two sides remain. Power is governed by special abilities called 'Talents'. Players that die respawn and must find a way to make an impact again. This is a story about regret and prosperity and a fight for what is right, even when everything points towards wrong. It is a story about a character's journey into herself through death, through betrayal, and through the game of war that will ultimately shape who she becomes. Everyone is an Angel in the world of Heaven and Hell, and at the same time, all of the Angels are gone.
8 178 - In Serial34 Chapters
Goblin Cave
[Goblin Cave] is a perfectly average Dungeon that becomes unsatisfied with its work.
8 137 - In Serial23 Chapters
It's cause I'm a genius
The story of a college kid who would go from being bored to standing at the top of all worlds. Going through the journey of wrecking the capitalist society and surviving a zombie apocalypse as well as discovering the ancient secrets to cultivation, journeying through the various different worlds and saving humanity along the way..... Just for fun. Current schedule : 3 chapters per week: actually it's gonna be a bit more as I plan to release a chapter on the even days of the month. Meaning usually there will be 3 chapters a week, there will be weeks with 4 chapters. Anyway it's just easier that way to set the timer for the chapter releases Disclaimer: This is a work of fiction and any characters or events that might resemble something in reality is a coincidence that's weirder than krillen beating jiren. Have fun
8 133 - In Serial101 Chapters
Character Inspiration
This book is for everyone ..Here you will get the male n female character inspiration for your story, with there names n respective IGs 😊You can absolutely claim them ✌️[Highest rank - #1 in random people] *****
8 95 - In Serial17 Chapters
Gonkillu One-shots (Completed)
Just some cute short or long one-shots.Started: March 16, 2018Completed: July 7, 2018
8 194 - In Serial43 Chapters
Genie - Park Jimin
What happens when Narae summons a Genie, Park Jimin, unintentionally from a lamp... what will she wish for... how will her life be transformed when she can decide her destiny upon a wish..."I am your Genie" - Park Jimin."I will grant you 10 wishes" - Park Jimin"I wish for..." - NaraeAll rights reserved to Busanmaid/@loraslkEnjoy!!!Best rank:#3 btsjimin#3 Fangirl#5 Jiminfanfic#25 Fanficbts
8 140

