《My Jewel [ Complete ]》Epilogue
Advertisement
"ကျန့် မပြီးသေးဘူးလား"
"ပြီးပြီ အခုလာပါပြီ"
"ကျန့်ရဲ့ ပြဿနာက ဘယ်လိုပဲနေနေကြည့်လို့ကောင်းနေတာပဲ"
"အင်းပါ"
"ကျန့် ခဏလေး"
"ဘာဖြစ်လို့လဲ ရိပေါ်"
"ရိပေါ်...ဒါက"
----------------------------
ရှောင်းကျန့်၏စကားအဆုံး ခန်းမထဲသို့ရောက်ရှိနေကြသည့် လူအများထံမှ မေးခွန်းသံများ အလုအယက်ထွက်လာတော့သည်။
"အခုလိုဆုံးဖြတ်ဖို့ နောက်ကွယ်မှာဖိအား တစ်စုံတစ်ရာများရှိနေလား?"
"ဖိအားတစ်စုံတစ်ရာကြောင့် အခုလိုလုပ်တာမဟုတ်ဘဲ ကျွန်တော့်ဘဝကို အေးအေးဆေးဆေး သာမန်ဘဝလိုပဲ ချစ်ရတဲ့သူနဲ့ အတူတူ နေထိုင်သွားချင်လို့ပါ"
"ချစ်ရသူရှိနေပြီလား?"
"ယောက်ျားလေးမို့ ဖုံးကွယ်ထားခဲ့တာလား ဟုတ်လား?"
"ဝမ်ရိပေါ်ကလွန်ခဲ့တဲ့ လေးနှစ်က debut တောင်မလုပ်ဘဲ အနုပညာလောက,ကနေထွက်သွားတာက အိမ်ထောင်ပြုလိုက်တာကြောင့်လား?"
-----------------------------
ညနေခင်းအချိန်အခါလေးတွင် အဆင့်အတန်းမြင့်အိမ်တစ်အိမ်၏ မီးဖိုခန်းထဲတွင် အေပရွန်အနီလေးဝတ်ဆင်ကာ အိုးခွက်ပန်းကန်တွေဖြင့် အလုပ်တွေရှုပ်နေသည့် ကောင်လေးတစ်ယောက်မှာ အိမ်ရှေ့ကကားသံကြားသည်နှင့် မီးဖိုအားအမြန်ပိတ်ကာ အပြေးကလေးထွက်ကြိုတော့သည်။
Advertisement
"ကိုယ်က ကျန့်မျက်စိအောက်ကပျောက်သွားတာနဲ့ကိုလွမ်းနေတာလေ"
"ဒီမှာကြည့်ပါဦး ကိုယ်ဘာဝယ်လာလဲဆိုတာ"
"ကျန့်ကြိုက်တာတွေလေ"
"အင်း"
"------"
"မလွတ်ဘူး ကိုယ့်အပြစ်ကိုယ်သိတယ်မလား?"
"ဟုတ်"
___________The End __________
(29 Nov 2021)
Unicode
"ကျန့် မပြီးသေးဘူးလား"
"ပြီးပြီ အခုလာပါပြီ"
"ကျန့် ဘာလို့ဝတ်ထားတာ အရမ်းများနေရတာလဲ? ဧည့်ခံပွဲလေးသွားယုံကို တအားပြင်ဆင်ထားတာမဟုတ်ဘူးလား"
အဖြူရောင် အနောက်တိုင်းဝတ်စုံလေးဖြင့် ရှင်းသန့်နေသည့် ရှောင်းကျန့်အား ဝမ်ရိပေါ်တစ်ယောက် အလိုမကျသလိုကြည့်လို့ ပြောလာတော့သည်။
အခုရှောင်းကျန့်တို့က Wang Jewellery ရဲ့ ဆက်ခံသူအဖြစ် ရိပေါ်ကိုလုပ်ငန်းရှင်တွေနဲ့ တရားဝင်မိတ်ဆက်ပေးမယ့် ပါတီပွဲသို့သွားရန်ဖြစ်သည်။
အစကရိပေါ်ကသူ့ကို အဲဒီပွဲကိုခေါ်မသွားလောက်ဘူးထင်ခဲ့ပေမယ့် အားလုံးနဲ့တရားဝင်မိတ်ဆက်ပေးမယ်ဆိုလို့ အတူသွားကြမလို့။
"ဒီအတိုင်း အနောက်တိုင်း ဝတ်စုံလေးပဲဝတ်ထားယုံပါ ဘာမှမပြင်ဆင်ထားပါဘူး ရိပေါ်ကလည်း"
"ကျန့်ရဲ့ ပြဿနာက ဘယ္လိုပဲနေနေကြည့်လို့ကောင်းနေတာပဲ"
ဝမ်ရိပေါ်၏စကားကြောင့် ရှောင်းကျန့်တစ်ယောက် ယုန်သွားများပေါ်သည်အထိ သဘောကျနေသည်ကိုကြည့်လို့ ဆူပုတ်နေသော မျက်နှာဖြင့် ဝမ်ရိပေါ်မှာထပ်ပြောလာတော့သည်။
"အခုလိုရယ်တာလည်း ကိုယ့်ရှေ့မှာပဲရယ်နော်။ ဟိုရောက်ရင် လူတွေကိုလိုက်ရယ်ပြမနေနဲ့"
"အင်းပါ"
ဧည့်ခံပွဲမှာ ရှောင်းကျန့်ကိုသက်ဆိုင်သူအနေနဲ့ မိတ်ဆက်ပေးဖို့အတွက် ဝမ်ရိပေါ်ကခေါ်သွားရတာ။ အခုဒီလူသားလေးကို အရင်လိုသိုဝှက်သိမ်းဆည်းမထားတော့ဘဲ Wang Jewellery ရဲ့ပင်တိုင်မော်ဒယ်လေးက သူ့အပိုင်ဆိုတာ လူတိုင်းသိအောင်လုပ်ဖို့ ဝမ်ရိပေါ်ကဆုံးဖြတ်ထားတယ်။ နောက်အပတ်ဆိုရင် ရှောင်းကျန့်ကလည်း အနုပညာအလုပ်တွေကိုတရားဝင်ရပ်နားတော့မှာ။
ပါတီပွဲကျင်းပရာနေရာသို့ရောက်သည့်အခါ ကားပေါ်မှဆင်းရန်ပြင်နေသော ရှောင်းကျန့်အားဝမ်ရိပေါ်တစ်ယောက် လှမ်းတားလိုက်သည်။
"ကျန့် ခဏေလး"
"ဘာဖြစ်လို့လဲ ရိပေါ်"
"ရော့ ဒါလေးဝတ်ထားလိုက်"
"ရိပေါ်...ဒါက"
သူ့လက်ကိုဆွဲယူလို့ သတို့သားများဝတ်ဆင်လေ့ရှိသည့် အဖြူရောင်လက်အိတ်ကို စွတ်ပေးနေသည့် ဝမ်ရိပေါ်ကိုရှောင်းကျန့်အံ့သြစွာကြည့်နေမိသည်။
"အထဲရောက်ရင် လူတွေနဲ့မဖြစ်မနေ လက်ဆွဲနှုတ်ဆက်ရမှာဆိုတော့ ကျန့်လက်ကိုသူတို့တိုက်ရိုက်မထိရအောင်ဝတ်ထားလိုက်နော်"
မပြောတော့ပါဘူးလေ။ သူ့အတွက်ကရိပေါ်အဆင်ပြေဖို့အရေးအကြီးဆုံးပဲမဟုတ်လား....
ထိုနေ့က လက်အိတ်အဖြူဝတ်ထားသည့်ကောင်ချောလေးမှာ ယောက်ျားဖြစ်သူမှာထားသည့်အတိုင်း မျက်နှာတည်ဖြင့် ပါတီပွဲရှိလူအများအား နှုတ်ဆက်နေသည်ကိုတွေ့ရမည်ဖြစ်သည်။
----------------------------
နာမည်ကြီးဟိုတယ်တစ်ခုရှိခန်းမထဲတွင် ရောက်ရှိနေကြသည့် မီဒီယာသမားမ်ားမွာ မိနစ်ပိုင်းအတွင်း ကျင်းပတော့မည့် သတင်းစာရှင်းလင်းပွဲအတွက် အမိအရသတင်းရယူနိုင်ရန် အတွက်သာဖြစ်သည်။ လှုပ်လှုပ်ရွရွဖြစ်နေကြသူများသည် ဒီကနေ့၏ အဓိကလူ စင်မြင်ပေါ်သို့ရောက်ရှိလာသည့်နှင့် ငြိမ်သက်သွားကြတော့သည်။
"အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်ရှောင်းကျန့် ဒီနေ့သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့အကြောင်းကတော့ အနုပညာလောက,ကနေအပြီး အနားယူတော့မယ်ဆိုတဲ့အကြောင်းကို အားလုံးကိုအသိပေးချင်လို့ပါပဲ"
အခုဆိုရိပေါ်ပြန်ရောက်လာတာ ငါးလပြည့်တော့မယ်။ ဒီအတောအတွင်း သူ့အလုပ်ကိစ္စတွေကြောင့် ရိပေါ်ကဖွင့်တော့မပြောပေမယ့် တော်တော်စိတ်ဖိစီးမှုရခဲ့တာကိုသိနေလို့ ရှောင်းကျန့်လည်း အလုပ်တွေအားလုံးကိုတတ်နိုင်သမျှ အမြန်ဆုံးလက်စဖြတ်လိုက်တာမို့ ထင်ထားတာထက်စောပြီးသွားခဲ့တယ်။
ရှောင်းကျန့်၏စကားအဆုံး ခန်းမထဲသို့ရောက်ရှိနေကြသည့် လူအမ်ားထံမွ မေးခွန်းသံများ အလုအယက်ထွက်လာတော့သည်။
"ဘာဖြစ်လို့အခုလိုမျိုး ရုတ်တရက်ကြီးထွက်ရတာလဲ?"
"အခုလိုဆုံးဖြတ်ဖို့ နောက်ကွွယ်မှာဖိအား တစ်စုံတစ်ရာများရှိနေလား?"
"ဖိအားတစ်စုံတစ်ရာကြောင့် အခုလိုလုပ်တာမဟုတ်ဘဲ ကျွန်တော့်ဘဝကို အေးအေးဆေးဆေး သာမန္ဘဝလိုပဲ ချစ်ရတဲ့သူနဲ့ အတူတူ နေထိုင်သွားချင်လို့ပါ"
Advertisement
"ချစ်ရသူရှိနေပြီလား?"
"အခုလိုပြောတာက အိမ်ထောင်ပြုတော့မယ်ဆိုတဲ့သဘောလား?"
ရှောင်းကျန့်၏စကားကြောင့် သတင်းထောက်များမှာ ပိုမိုစိတ်ဝင်စားသွားရကာ သတင်းစာရှင်းလင်းပွဲမှာလည်း တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်ရာ social platform တစ်ခွင်လုံးတွင်လည်း သတင်းနံပါတ်တစ်နေရာတွင် ချိတ်နေတော့သည်။
"တကယ်တော့ ချစ်ရမယ့်သူက အရင်ကတည်းကရှိတာပါ။ အဲဒါကလည်းယောက်ျားလေးတစ်ယောက်ပါ။ နောက်ပြီးလက်ထပ်စရာမလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်နဲ့သူက လွန်ခဲ့တဲ့လေးနှစ်ကတည်းက လက်ထပ်ပြီးသားမို့ပါ"
"ဒါဆိုအိမ်ထောင်ဖက်က ယောက်ျားလေးပေါ့"
"ယောက်ျားလေးမို့ ဖုံးကွယ်ထားခဲ့တာလား ဟုတ္လား?"
"ကျွန်တော်အိမ်ထောင်သည် တစ်ယောက်ဆိုတာကို ဘယ်တုန်းကမှဖုံးကွယ်မထားခဲ့ဖူးပါဘူး။ ကျွန်တော့်အနီးနားပတ်ဝန်းကျင်က လူတွေအကုန်သိထားပြီးသားပါ။ ဒါပေမယ် မီီဒီယာကတစ်ဆင့် အသိမပေးထားတော့ ထိမ်ချန်ထားသလိုဖြစ်ခဲ့တာမို့ အဲဒီအတွက်ကိုအနူးအညွန့်တောင်းပန်ပါတယ်"
ပြောပြီးသည်နှင့် ရှောင်းကျန့်မှာလူအများအား ကိုးဆယ်ဒီဂရီအထိခါးညွတ်ကိုင်းလို့ တလေးတစားဖြင့်တောင်းပန်လိုက်သည်။
"ကျွန်တော့်ရဲ့အခုလိုဆုံးဖြတ်ချက်ကို လေးစားပေးကြမယ်လို့ထင်ပါတယ်။ နောက်ဆုံးအနေနဲ့ ဒီနေရာကနေ ကျွန်တော့်အိမ်ထောင်ဘက်ကို စကားနည်းနည်းလောက်ပြောချင်ပါတယ်"
သတင်းထောက်တွေနောက်မှာရပ်ပြီး တစ်လျှောက်လုံးသူ့ကိုကြည့်နေခဲ့တဲ့ ဝမ်ရိပေါ်ရဲ့မျက်လုံးကို ရှောင်းကျန့်တည့်တည့်ကြည့်လိုက်တယ်။
"ရိပေါ် အရာအားလုံးအတွက် တကယ်ကျေးဇူးတင်ပါတယ်။ ထင်မှတ်မထားလောက်အောင် ငါ့ကိုချစ်ပေးခဲ့တဲ့အတွက်ကလည်း ပြောမပြတတ်လောက်အောင်ကို ပျော်ရွှင်ခဲ့ရပါတယ်။ နောက်ပြီး ငါဆိုတဲ့ ရှောင်းကျန့်ကလည်း မင်းကိုအရမ်းချစ်တယ် ရိပေါ်...မင်းကိုချစ်တယ်ဆိုတာ အားလုံးရှေ့မှာဖွင့်ဟဝန်ခံချင်လို့ပါ"
ရှောင်းကျန့်ထံမှ ဖွင့်ဟဝန်ခံချက်ကို ကြားလိုက်ရသည့် အချိန်တွင်တော့ အမြဲတည်တင်းသည့် မျက်နှာထားဖြင့်သာနေလေ့ရှိသော ကောင်းလေး၏မျက်နှာထက်တွင် ကြည်နူးဝမ်းသာရိပ်များထင်ဟပ်လာသည်မှာ မျက်ဝန်းအိမ်ထဲမှ ဝေ့တက်လာသည့် အရည်ကြည်များမှာ သက်သေပင်ဖြစ်သည်။
အခုအချိန်မှာနှစ်ယောက်လုံးရဲ့ အကြည့်တွေက တစ်ယောက်ထံတစ်ယောက်မြဲမြံနေတာ ဘေးပတ်ဝန်းကျင်က လူတွေကိုတောင်မသိမထားမိသလို...
"အဲဒါဝမ်ရိပေါ်မဟုတ်လား?"
"ဟုတ်တယ် ဝမ်ရိပေါ်ပါ သူကရှောင်းကျန့်ယောက်ျားတဲ့လား?"
"ဝမ်ရိပေါ်ကလွန်ခဲ့တဲ့ လေးနှစ်က debut တောင်မလုပ်ဘဲ အနုပညာလောက,ကေနထြက္သြားတာက အိမ်ထောင်ပြုလိုက်တာကြောင့်လား?"
ဝမ်ရိပေါ်ကိုမြင်သည်နှင့် သတင်းထောက်များထံမှ အချင်းချင်းတီးတိုးတိုင်ပင်သံများ ထွက်ပေါ်လာတော့သည်။
သူ့ကိုကြည့်လို့ ပြုံးပြီးပြောနေတဲ့ ရှောင်းကျန့်ရှိနေတဲ့ နေရာကို ဝမ်ရိပေါ်လျှောက်သွားကာ စင်မြင့်ပေါ်အထိတက်သွားလိုက်တယ်။
"ကိုယ်လည်းမင်းကို အရမ်းချစ်တယ် ကျန့်"
စင်မြင့်ထက်ရှိထိုင်ခုံတွင်ထိုင်နေရာမှ မော့ကာကြည့်နေသည် ရှောင်းကျန့်အား ဝမ်ရိပေါ်တစ်ယောက်ပြောပြီးသည်နှင့် မျက်နှာအားလက်နှစ်ဖက်ဖြင့် အသာအယာထိန်းကိုင်လို့ ခေါင်းကိုငုံ့ကာ အနမ်းတစ်ပွင့်ခြွေချလိုက်သည့်အခါ ထိုအခိုက်အတန့်အား သတင်းသမားများမှာ အမိအရမှတ်တမ်းတင်ကြတော့သည်။
လူကြားထဲမှာအနမ်းခံလိုက်ရသူလေးကတော့ ရှက်သွေးဖြာလို့ နားရွက်ဖျားလေးတွင်ပင် ရဲတက်လို့နေခဲ့သည်။
နောက်တစ်နေ့သတင်းစာခေါင်းစီးပိုင်းတွင် နေရာယူလာခဲ့သည့်သတင်းသည်ကား Wang Jewellery ၏ဆက်ခံသူ ဝမ်ရိပေါ်နှင့် တက်သစ်စမင်းသားချောရှောင်းကျန့်တို့၏ နတ်ဖတ်သောစုံတွဲအိမ်ထောင်ရေး ဟူသည့်သတင်းပင်ဖြစ်သည်။
-----------------------------
ညနေခင်းအချိန်အခါလေးတွင် အဆင့်အတန်းမြင့်အိမ်တစ်အိမ်၏ မီးဖိုခန်းထဲတွင် အေပရွန်အနီလေးဝတ်ဆင်ကာ အိုးခွက်ပန်းကန်တွေဖြင့် အလုပ်တွေရှုပ်နေသည့် ကောင်လေးတစ်ယောက်မှာ အိမ်ရှေ့ကကားသံကြားသည်နှင့် မီးဖိုအားအျမန္ပိတ္ကာ အပြေးကလေးထွက်ကြိုတော့သည်။
"ရိပေါ် ဒီနေ့လည်းအစောကြီးပဲပြန်လာတယ်"
"အင်း ကိုယ့်ယုန်လုံးလေးကို လွမ်းလို့မနေနိုင်တော့လို့လေ"
ကားပေါ်မှဆင်းလာသည့် ဝမ်ရိပေါ်မှာချစ်ရသူလေး၏ ခါးသွယ်သွယ်လေးအားဖက်လို့ ပါးပြင်တစ်ဖက်ကိုမွှေးကြူပြီးပြောလာတော့သည်။
"နေ့လည်ကလည်းတွေ့ပြီးပြီကို"
အခုသူတို့ဘဝလေးက အရမ်းအေးချမ်းတယ်။ လက်ထပ်ပြီးကာစကလိုပဲ ရိပေါ်ကုမ္မဏီသွားရင် သူကအိမ်မှာဟင်းချက်ရင်းကျန်ခဲ့တယ်။ မတူတော့တာကတော့ သူကနေ့လယ်စာကို ကုမ္မဏီအထိသွားပို့ပြီး အတူတူစားကြတာပါပဲ။ တခြားဈေးဝယ်တာနဲ့ အပြင်ထွက်တာကိုတော့ ရိပေါ်နဲ့ပဲအတူသွားရတာပါ။
"ကိုယ္က ကျန့်မျက်စိအောက်ကပျောက်သွားတာနဲ့ကိုလွမ်းနေတာလေ"
"တော်ကြာ အလုပ်ကိုရေသာခိုတယ်ဆိုပြီး ဝမ်ပါးဆူနေမှာစိုးလို့ပါ"
"ဟွန့်! ကိုယ်တို့ကိုသုံးနှစ်လောက်ခွဲထားခဲ့တာ ကိုယ့်မှာဒီလောက်တော့ လုပ်ပိုင်ခွင့်ရှိတယ်မလား"
နှာမှုတ်လို့မကျေမချမ်းပြောနေသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်ခေါင်းသာခါလိုက်မိသည်။
သူ့ယောက်ျားကတစ်ခါတစ်လေ အရမ်းကလေးဆန်တာပဲ။
"ဒီမှာကြည့်ပါဦး ကိုယ္ဘာဝယ္လာလဲဆိုတာ"
"မုန့်တွေဝယ်လာပြန်ပြီ"
"ကျန့်ကြိုက်တာတွေလေ"
"နေ့တိုင်းဝယ်လာနေတာ ဟိုနေ့ကဝယ်လာတာတွေတောင် မကုန်သေးဘူးလေရိပေါ်ရယ်"
"များများစားလေ ကျန့်ရယ်။ ကျန့်အရမ်းပိန်နေတာ ကိုယ်တကယ်စိတ်မချမ်းသာဘူး။ အရင်ကကိုယ့်ယုန်လုံးလေးက အခုယုန်ပိန်တာရိုးလေးဖြစ်နေပြီ"
"စားနေတာပဲဟာကို ရိပေါ်ဝယ်လာပုံနဲ့ဆို ကြာရင်ဆင်လောက်ကြီးဖြစ်တော့မှာ သိလား"
နှုတ်ခမ်းလေးထော်လို့ ပြောနေတဲ့ယုန်ပိန်လေးကတကယ့်ကိုချစ်စရာ...တစ်ခါတစ်လေကျတော့လည်း ရှောင်းကျန့်သရုပ်ဆောင်လုပ်ခဲ့တာ သိပ်တော့မဆိုးဘူးလို့ ပြောလို့ရတယ်။ ဘာလို့ဆို စကားလည်းသိပ်မပြောသလို မျက်နှာအမူအရာလည်းသိပ်မလုပ်ခဲ့တဲ့ သူ့ရတနာလေးက အခုလို ချစ်ဖို့ကောင်းတဲ့ပုံစံလေးတွေ အရမ်းလုပ်လာတတ်တယ်မဟုတ်လား...
"ဆင်လောက်ဖြစ်သွားလည်း ကိုယ်ကချစ်နေရတာကိုသိတယ်မလား"
"တစ်ယောက်တည်းတော့ အဖြစ်မခံနိုင်ပါဘူး။ အဲဒီတော့အတူတူဖြစ်ရအောင် ရိပေါ်ပါကူစားပေး"
"ဟက်! ဟုတ်ပါပြီ ကိုယ့်ယောက်ျားလေးကို ကိုယ်ကပါရမီဖြည့်ပေးပါ့မယ်"
"ကဲ..အခုတော့ရေသွားချိုးလိုက်ဦး"
"ပြီးရင်ညစာအတူစားကြမယ်"
"အင်း"
ညစာစားပြီးချိန်တွင် နှစ်ယောက်သား ရုပ်ရှင်အတူကြည့်ကြပြန်သည်။
အခုတော့ ဟိုအရင်ကလို တစ်ယောက်တစ်နေရာဆီ ထိုင်ကြည့်တာမဟုတ်ဘဲ ရှောင်းကျန့်ကရိပေါ်ရင်ခွင်ထဲကိုမှီလို့ကြည့်နေတာ။
"ဒီလိုင်းမှာ ကျန့်ရဲ့ရုပ်ရှင်ပြမှာပဲ။ ကြည့်ရအောင်"
"ဟို...တခြားကားပဲကြည့်ရအောင်ပါ"
ဝမ်ရိပေါ်တစ်ယောက် တီဗီလိုင်းတွေပြောင်းရင်းကနေ သူ့ဇာတ်ကားလာနေတာကိုတွေ့သွားတာမို့ ရှောင်းကျန့်မှာ စိတ်ပူနေရပြီ။ ခဏအကြာတွင်သူထင်ခဲ့သည့်အတိုင်း ဖြစ်လာတော့သည်။
"အခုအဲဒီမိန်းမက ကျန့်လက်ကိုကိုင်လိုက်တာလား?"
"------"
"အဲဒီမိန်းမမျက်လုံးတွေကမရိုးသားဘူး"
"ကျန့်ကဘာလို့သူ့ကိုဖက်ထားရတာလဲ!!"
ဒါသူတို့နှစ်ယောက် ရှောင်းကျန့်ရိုက်ခဲ့ဖူးတဲ့ ဇာတ်ကားတွေကြည့်မိတိုင်း ဖြစ်နေကျပဲ။
အခြေအနေမဟန်တော့မှန်းသိလိုက်တဲ့ ရှောင်းကျန့်က ခိုဝင်နေခဲ့တဲ့ရိပေါ်ရင်ခွင်ထဲကနေ အသာလေးထကာ ထွက်ပြေးဖို့ကြံစည်တယ်။
အဲဒီလိုအချိန်တိုင်း ရိပေါ်ကသူ့ကိုလက်ကပြန်ဆွဲချပြီး ဖိကပ်နမ်းလို့အပြစ်ပေးပါတော့တယ်။
"ဒါကဘယ်သွားမလို့လဲ ပြန်လာခဲ့!"
"ဟီး လွတ်မလားလို့ ပြေးကြည့်တာ"
"မလြတ္ဘူး ကိုယ့်အပြစ်ကိုယ်သိတယ်မလား?"
"ဟုတ်"
"လိမ္မာပြမနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ်တစ်ညလုံးပဲ လျှော့မပေးနိုင်ဘူး"
"နည်းနည်းလောက်တော့လျှော့ပါဦး"
အရမ်းလည်တဲ့ဝမ်ရိပေါ်က တစ်ခါတစ်လေရုပ်သံလိုင်းတွေမှာသူ့ဇာတ်ကားတွေမပြလည်း လိုင်းပေါ်ကကြည့်ပြီး ပြဿနာရှာတတ်ပါသေးတယ်။ ဘုရားစူး သူကဇာတ်ကားနှစ်ကားပဲရိုက်ခဲ့ဖူးတာပါ။ အဲဒါကလည်း တကယ့်အနမ်းခန်းတစ်ခန်းမှမပါပေမယ့် သဝန်တိုတတ်လွန်းတဲ့ရိပေါ်ကတော့ တိုမြဲတိုဆဲပါပဲ။
ဆိုဖာထက်တွင်ပူးကပ်စွာဖြင့် ညှိနှိုင်းနေကြသည့်နှစ်ယောက်သားမှာ တကယ်တမ်းလက်တွေ့ချစ်ကြည်နူးကြသည့်အချိန်တွင်တော့ အလိုတူအလိုပါများသာဖြစ်လေသည်။ ယခုလည်းဖွင့်ထားသည့် တီဗီကိုကြည့်မနေကြဘဲ အနမ်းတွေထဲမြောပါနေကြတော့သည်။
"အရမ်းချစ်တယ် ကိုယ့်ရဲ့ရတနာလေး"
"ဒီရတနာလေးကလည်း သူ့ရဲ့ပိုင်ရှင်ကြီးကို အရမ်းချစ်တယ်"
အနမ်းတွေကိုအဆုံးသတ်လို့ နဖူးချင်းထိစပ်ထားကာ ဖွင့်ဟဝန်ခံနေကြသည့် နှစ်ယောက်လုံး၏မျက်နှာထက်တွင် ကိုယ်စီအပြုံးများကနေရာယူထားသည်။
___________The End __________
(29 Nov 2021)
Advertisement
- In Serial198 Chapters
Spectral Regalia
(On Hiatus For a while due to real life obligations, also working on a Comic/Manga Adaption, update on Twitter) Can you feel it? That tugging feeling on your heart? That falling sensation as you are forced into a deep well by the people you trusted most? In your heart you decide to accept it, to bear it, to die with it, yet, even as you continue falling your decision haunts you. A general in your prime, millions of innocents lie dead in your wake. Feeling the end of your life pulling you in, the wall of water ever beckoning as you hit it full on. All feeling has been lost. Finding yourself devoid of sound. Nothing visible in this darkness. No strength in your limbs. This has become your end. But the endless has seen your life in His presence you feel the minute speck that you are, become more than what was, he gifts you with a new body with limitless potential imparted with its own endless strength. He puts you in a place where powers run rampant. The God of all has decided this. Your new life has the promise of excitement, adventure, love, Tragedy. Walking with purpose you pave the path for your race. Regardless of the dangers you will face you will live on for the end goal ---- -Synopsis Credit's to FlameRaptor. My Twitter for News and early spoilers of artwork and chapter titles https://twitter.com/SpectralRegalia
8 245 - In Serial6 Chapters
Mana Pool Snippets - Keystone
Scott, Katie and Jaruka’s slow day became eventful when a family friend’s daughter breaks into the house. She just turned thirteen and gone through terran transformation, but her parents threw her out of the house for being a magical freak. Can the three settle the dispute and bring peace? Or is the damage to great to heal when the alien mercenary tries to help?
8 114 - In Serial110 Chapters
I Will Be Recognized
~~~~~~~~~~ On present day Earth, a university student was run over by a truck.When he awoke, he had discovered himself to be in a completely different world filled with magic. Not just that, he was also synchronized with a system.Daniel: a normal person; friend of the hero, possessor of the system. He was an anomaly.Watch how the protagonist interacts with the new world and how his existence starts to change the world. In this world, he will forge a new path unbeknownst to the gods.~~~~~~~~~~By: SilentPain Webnovel, RoyalRoad Every other day or so, 4-8 pm est
8 126 - In Serial70 Chapters
Dark Wolf
There are monsters in space! What is the best thing in the galaxy? Killing supernatural monsters, making love with hot women, and seeking adventures. That is John Jaeger's typical life as a Space Paranormal Defense agent. However, he should have known better to bed a werewolf prostitute. Not only she cursed him into a cyborg monster, he suddenly becomes irresistible to women. Even his squadron of monster girls can't keep their hands off him. But does that really matter? Together, John and his girls track down demons, malevolent ghosts, and bloodthirsty creatures from harming the human colonies. Saving the galaxy is more difficult than being a werewolf. Warning: Some scenes contain sexual content and graphic action violence. P.S, my word count will be between 500 to 2,000 words in each chapter.
8 106 - In Serial13 Chapters
Foreshadow
It's was already over 200 years since the last Supernatural War. Due to the use of technology against humanity, it created a psychological trauma that leads to the slow advancement of technology. Throughout the years, the world was unbelievably silent and in peace. Many believed that the pact signed by humanity and Supernatural Species kept the two opposing forces on watch. Some thought that both sides are brewing something and kept their cards hidden. Even the rumors told that the peace wouldn't last long and the war would break out in a few years. Who would know the future and things it would tell. Maybe the war would break out of nowhere or the world would remain at ease.---Note:First, I don't own the picture and credits to its rightful owner. Second, English isn't my native language. So before hand, sorry for the wrong grammar, misspelled words and the redundancies. Last, enjoy! --- Hiatus for the meantime while I'm retyping/reediting the first ARC. Thank YOU!
8 115 - In Serial46 Chapters
Future of Rogues (Series 1 - Book 1: Into our Journeys)
Chaos... and Rogues... Btw, how do I draw a good cover? ^^;;;
8 124