《Untamed Flower( ပန်းရိုင်း)》အပိုင်း(၁၂)
Advertisement
"ဒါဆို မင်းကို ဘယ်သူကယ်ခဲ့ တယ် ဆိုတာလည်း မမှတ်မိဘူးပေါ့.."
ဝေယံပိုင် ခေါင်းကိုသာ ခါရမ်းလျက်။
"မင်း သူ့အကြောင်း သိချင်လား"
ပြောပြောဆိုဆို နှင့် စားပွဲပေါ်က ရေဘူးကို အဖုံးဖွင့်ပြီး မော့ကာ သောက်လိုက်သည်။
အာကာထက် ထူးထူးဆန်းဆန်းတွေ ပြောနေ၍ ဝေယံ နားမလည်သလိုနှင့်..
"သူ ငွေညစ်လို့လား"
ဝေယံ စကားအဆုံး..
"ဖွီး..အဟွတ်..ဟွတ်"
ရေသီး သွားသော အာကာထက်။ ဒီကောင်က သူဘဝတစ်ခုလုံး စီးပွားရေး မှာပဲ ပုံကာအပ်ထားလို့ ငွေကိုပဲ ဘုရားသခင် ထင်နေခြင်း။ ဒီစကား ကို ထိုမိန်းကလေး သာကြားသွားရင် သူအသက်ရှင်ကာ နေပါတော့မလား မခန့်မှန်းနိုင်။
"ငါပြောတာ မှန်နေတာမို့လား အဲသလောက် ရေသီးတဲ့အထိ ဖြစ်ပျက်နေရအောင်.."
သူ့ကိုယ်သူ မှန်တယ်လို့ ထင်နေသေးတာလား။ အာကာ ထက်မှာ ချောင်းဆိုးနေ၍ စကားတွေ မပြောနိုင်သေး။ သို့သော်လည်း ဝေယံ ရဲ့ တလွှဲ တချော် တွေးတောမှုတွေကို အဆုံးသတ်ဖို့ရန် အာကို ရှင်းကာ..
"မင်းကိုမင်း ဘာလို့ထင်နေတာလဲ ဟေ့ကောင်..အဟွတ်..ဟွတ်"
"ငါလား..ဒီနိုင်ငံ မှာ ခန့်ညား တည်ကြည် ပြည့်စုံလှတဲ့ အသက်အငယ်ဆုံး WYP Group ရဲ့ ဥက္ကဌလေ"
ဝေယံ ခွဲခန်းက ထွက်လာတာ နာရီပိုင်းလောက်သာရှိ သေးသည်။ မနေ့ည သန်းခေါင်ကျော်လောက်က ထိုမိန်းကလေး သာ ဆေးရုံ ကို အရောက်မပို့ပေးနိုင်လျှင် မတွေးရဲစရာ။ အခု ကိုယ့်ကိုယ်ကို အမွှမ်းတင်နေပုံမှာ မေန့ညက သူမဟုတ်သည့်အတိုင်း။
"မင်းကိုယ့်ကိုယ်ကို ချီးမွှမ်းနေတာ တော်တော့။ ခုနမင်းပြောတဲ့ စကားတွေကို သူမသာ ကြားသွားရင် မင်းကို ကယ်ခဲ့လို့ နောင်တတွေ တသီကြီးရနေလောက်ပြီ။ လူတိုင်း ငွေကို လိုကြမက်ကြ ပေမယ့် တချို့နေရာတွေမှာ ငွေနဲ့လဲလို့ မရတာတွေ ရှိတယ်။
ဒါကို မင်းမှတ်ထားရင် ကောင်းမယ်.."
ဝေယံ တရားတွေ တစ်သီတစ်တန်းကြီး ချခံလိုက်ရ၏။ ဒါနဲ့ ခုန အာကာ သူမလို့ ပြောလိုက်တာမလား။ ဒါဆို သူ့ကိုကယ်ခဲ့တဲ့ လူက မိန်းကလေး တစ်ယောက်ပေါ့။
"ဆက်..ရှင်းစမ်းပါအုံး ဆရာတော်ကြီး"
ဝေယံ မှာအခု အဘိုးအိုရဲ့ ပုံပြင်ကို စိတ်ဝင်စားနေသော မြေးကလေးနှယ်။ အာကာထက်လည်း ပြောလက်စကို ရှေ့ဆက်ကာ..
"မင်းကို ကယ်ခဲ့တဲ့ မိန်းကလေး က ငွေညစ်ဖို့ မပြောနဲ့ ငါကျေးဇူးတင် စကားပြောတာတောင် မလိုဘူးလမ်းကြုံ လို့တဲ့ ၊ပြီး ငါက မင်းကို အခန်းထဲ သယ်ရွေ့သွားပြီ သွားကြည့်ဦးမလား မေးတော့ မလိုဘူး လုပ်စရာတွေ အိမ်မှာပုံနေတယ် သာပြောပြီး ထွက်သွားေရာ..အဲလောက် ချေတဲ့ မိန်းကလေးကို ပထမဆုံး မြင်ဖူးတာပဲ.."
အာကာရဲ့ ခပ်ချေချေမိန်းကလေးဆို သော အသံကိုကြား၍ သူ့အတွေးထဲ ပြိီးခဲ့တဲ့ လလောက်က ကောင်မလေး တစ်ယောက်ရဲ့ ပုံရိပ်ပေါ်လာခဲ့သည်။
သူ ပထမဆုံးရင်ခုန်ခဲ့ ဖူးသော မိန်းကလေး ။
"မင်းမှားနေပြီ အာကာ.. ပြီးခဲ့တဲ့လက ငါတို့ အဲလို ခပ်ချေချေ မိန်းကလေး ကို လေဆိပ်မှာ တစ်ခါတွေ့ခဲ့ သေးတယ် မင်းမေ့သွားတာလား. "
"အေး..မှတ်မိတယ် ဒါမယ့် တိုက်ဆိုင်လွန်းတာက ငါတို့တွေ့ခဲ့တဲ့ လေဆိပ်က ငချေမလေးနဲ့ မင်းကို ကယ်ခဲ့တဲ့ ငချေမလေးက တစ်ယောက်ထဲ ဆိုတာပဲ! ဒါနဲ့ အဘွားနဲ့ ကြူသင်းက လွှဲရင် တခြားမိန်းမတွေရဲ့ နာမည်ကို မသိလောက်အောင် လျစ်လျူရှုတတ်တဲ့ မင်းက ဟိုမိန်းကလေးကို မှတ်မိနေတာတော့ တော်တော်လေးကို စိတ်ဝင်စားစရာပဲ။"
သူကြားလိုက်သော စကားကို ဝေယံ တစ်ယောက် မယုံနိုင်အောင် ဖြစ်နေသည်။ သူရင်ထဲ စွဲနေတဲ့ မိန်းကလေးက သူ့ကို ကယ်ခဲ့တာတဲ့လား..?? သူ အိပ်မက်များ မက်နေတာလား။ လေဆိပ်မှာတုန်းက သူမဝတ်ခဲ့တဲ့ အနီရောင် ဂါဝန်နှင့် cardigan အနက်ရောင် နဲ့ ပုံရိပ်က သူ သူမကို တွေ့ခဲ့တဲ့ နေ့ကစပြိီး.
ညတိုင်းလိုလို သူ့စိတ်ကူးတွေ ထဲပေါ်လာသည်။
သူမကို ထပ်တွေ့ရပါ့မလား ဆိုပြီး မျှော်လင့်နေမိတာလည်း နေ့တိုင်းလိုလိုပင်။ ဒီတစ်ခါ တစ်ကယ်ပဲ သူမ သူ့ ဘဝထဲကို ဒုတိယအကြိမ် ဝင်ရောက်လာလေခြင်း....။
"ဘယ်လို မေ့နိုင်မလဲ ငါမှတ်ထားပါတယ်ဆို.."
မှတ်ထားတယ်??ဒီကောင် ဟို ကောင်မလေးကို ကြွေနေတာလား။
"မင်းသူ့ကို စိတ်ဝင်စား နေတာတော့ မဟုတ်ပါဘူးနော်??"
"စိတ်ဝင်စားနေတာထက် ပိုတယ် ငါသူ့ကို ဟိုနေ့ ကတည်းက စွဲလန်းနေမိတာ.."
ဆေးဘူးကြီး ချိတ်ပြီး လူနာကုတင်ပေါ်မှာ ခွဲစိတ်ထားလို့ မထနိုင်ပဲ ပြောလာသောစကားတွေမှာ ပျားသကာရည်ထဲ ထန်းလျက်နဲ့သကြား နှပ်ထည့်နေသလိုမျိုး..။နောက်ဆုံးတော့ လည်း ရေခဲတောင်ကြိီးက အရည်ပျော်သွားရ တာပဲ မဟုတ်လား ။
Advertisement
"ကျွတ်...ကျွတ် ငါတို့ ကိုကြိီး ဝေယံတောင် ချစ်တတ်သွားပြီပဲ..."
..... .....
အပိုင်း"၁၃"ဆက်ရန်
26.9.2021
"ဒါဆို မင္းကို ဘယ္သူကယ္ခဲ့ တယ္ ဆိုတာလည္း မမွတ္မိဘူးေပါ့..
ေဝယံပိုင္ ေခါင္းကိုသာ ခါရမ္းလ်က္။
"မင္း သူ႕အေၾကာင္း သိခ်င္လား
ေျပာေျပာဆိုဆို ႏွင့္ စားပြဲေပၚက ေရဘူးကို အဖုံးဖြင့္ၿပီး ေမာ့ကာ ေသာက္လိုက္သည္။
အာကာထက္ ထူးထူးဆန္းဆန္းေတြ ေျပာေန၍ ေဝယံ နားမလည္သလိုႏွင့္..
"သူ ေငြညစ္လို႔လား
ေဝယံ စကားအဆုံး..
"ဖြီး..အဟြတ္..ဟြတ္
ေရသီး သြားေသာ အာကာထက္။ ဒီေကာင္က သူဘဝတစ္ခုလုံး စီးပြားေရး မွာပဲ ပုံကာအပ္ထားလို႔ ေငြကိုပဲ ဘုရားသခင္ ထင္ေနျခင္း။ ဒီစကား ကို ထိုမိန္းကေလး သာၾကားသြားရင္ သူအသက္ရွင္ကာ ေနပါေတာ့မလား မခန့္မွန္းနိုင္။
"ငါေျပာတာ မွန္ေနတာမို႔လား အဲသေလာက္ ေရသီးတဲ့အထိ ျဖစ္ပ်က္ေနရေအာင္..
သူ႕ကိုယ္သူ မွန္တယ္လို႔ ထင္ေနေသးတာလား။ အာကာ ထက္မွာ ေခ်ာင္းဆိုးေန၍ စကားေတြ မေျပာနိုင္ေသး။ သို႔ေသာ္လည္း ေဝယံ ရဲ႕ တလႊဲ တေခ်ာ္ ေတြးေတာမႈေတြကို အဆုံးသတ္ဖို႔ရန္ အာကို ရွင္းကာ..
"မင္းကိုမင္း ဘာလို႔ထင္ေနတာလဲ ေဟ့ေကာင္..အဟြတ္..ဟြတ္
"ငါလား..ဒီနိုင္ငံ မွာ ခန့္ညား တည္ၾကည္ ျပည့္စုံလွတဲ့ အသက္အငယ္ဆုံး WYP Group ရဲ႕ ဥကၠဌေလ
ေဝယံ ခြဲခန္းက ထြက္လာတာ နာရီပိုင္းေလာက္သာရွိ ေသးသည္။ မေန႕ည သန္းေခါင္ေက်ာ္ေလာက္က ထိုမိန္းကေလး သာ ေဆး႐ုံ ကို အေရာက္မပို႔ေပးနိုင္လွ်င္ မေတြးရဲစရာ။ အခု ကိုယ့္ကိုယ္ကို အမႊမ္းတင္ေနပုံမွာ မေန့ညက သူမဟုတ္သည့္အတိုင္း။
"မင္းကိုယ့္ကိုယ္ကို ခ်ီးမႊမ္းေနတာ ေတာ္ေတာ့။ ခုနမင္းေျပာတဲ့ စကားေတြကို သူမသာ ၾကားသြားရင္ မင္းကို ကယ္ခဲ့လို႔ ေနာင္တေတြ တသီႀကီးရေနေလာက္ၿပီ။ လူတိုင္း ေငြကို လိုၾကမက္ၾက ေပမယ့္ တခ်ိဳ႕ေနရာေတြမွာ ေငြနဲ႕လဲလို႔ မရတာေတြ ရွိတယ္။
ဒါကို မင္းမွတ္ထားရင္ ေကာင္းမယ္..
ေဝယံ တရားေတြ တစ္သီတစ္တန္းႀကီး ခ်ခံလိုက္ရ၏။ ဒါနဲ႕ ခုန အာကာ သူမလို႔ ေျပာလိုက္တာမလား။ ဒါဆို သူ႕ကိုကယ္ခဲ့တဲ့ လူက မိန္းကေလး တစ္ေယာက္ေပါ့။
"ဆက္..ရွင္းစမ္းပါအုံး ဆရာေတာ္ႀကီး
ေဝယံ မွာအခု အဘိုးအိုရဲ႕ ပုံျပင္ကို စိတ္ဝင္စားေနေသာ ေျမးကေလးႏွယ္။ အာကာထက္လည္း ေျပာလက္စကို ေရွ႕ဆက္ကာ..
"မင္းကို ကယ္ခဲ့တဲ့ မိန္းကေလး က ေငြညစ္ဖို႔ မေျပာနဲ႕ ငါေက်းဇူးတင္ စကားေျပာတာေတာင္ မလိုဘူးလမ္းႀကဳံ လို႔တဲ့ ၊ၿပီး ငါက မင္းကို အခန္းထဲ သယ္ေ႐ြ႕သြားၿပီ သြားၾကည့္ဦးမလား ေမးေတာ့ မလိုဘူး လုပ္စရာေတြ အိမ္မွာပုံေနတယ္ သာေျပာၿပီး ထြက္သြားေရာ..အဲေလာက္ ေခ်တဲ့ မိန္းကေလးကို ပထမဆုံး ျမင္ဖူးတာပဲ..
အာကာရဲ႕ ခပ္ေခ်ေခ်မိန္းကေလးဆို ေသာ အသံကိုၾကား၍ သူ႕အေတြးထဲ ပြိီးခဲ့တဲ့ လေလာက္က ေကာင္မေလး တစ္ေယာက္ရဲ႕ ပုံရိပ္ေပၚလာခဲ့သည္။
သူ ပထမဆုံးရင္ခုန္ခဲ့ ဖူးေသာ မိန္းကေလး ။
"မင္းမွားေနၿပီ အာကာ.. ၿပီးခဲ့တဲ့လက ငါတို႔ အဲလို ခပ္ေခ်ေခ် မိန္းကေလး ကို ေလဆိပ္မွာ တစ္ခါေတြ႕ခဲ့ ေသးတယ္ မင္းေမ့သြားတာလား.
"ေအး..မွတ္မိတယ္ ဒါမယ့္ တိုက္ဆိုင္လြန္းတာက ငါတို႔ေတြ႕ခဲ့တဲ့ ေလဆိပ္က ငေခ်မေလးနဲ႕ မင္းကို ကယ္ခဲ့တဲ့ ငေခ်မေလးက တစ္ေယာက္ထဲ ဆိုတာပဲ! ဒါနဲ႕ အဘြားနဲ႕ ၾကဴသင္းက လႊဲရင္ တျခားမိန္းမေတြရဲ႕ နာမည္ကို မသိေလာက္ေအာင္ လ်စ္လ်ဴရႈတတ္တဲ့ မင္းက ဟိုမိန္းကေလးကို မွတ္မိေနတာေတာ့ ေတာ္ေတာ္ေလးကို စိတ္ဝင္စားစရာပဲ။
သူၾကားလိုက္ေသာ စကားကို ေဝယံ တစ္ေယာက္ မယုံနိုင္ေအာင္ ျဖစ္ေနသည္။ သူရင္ထဲ စြဲေနတဲ့ မိန္းကေလးက သူ႕ကို ကယ္ခဲ့တာတဲ့လား..?? သူ အိပ္မက္မ်ား မက္ေနတာလား။ ေလဆိပ္မွာတုန္းက သူမဝတ္ခဲ့တဲ့ အနီေရာင္ ဂါဝန္ႏွင့္ cardigan အနက္ေရာင္ နဲ႕ ပုံရိပ္က သူ သူမကို ေတြ႕ခဲ့တဲ့ နေ့ကစပြိီး.
ညတိုင္းလိုလို သူ႕စိတ္ကူးေတြ ထဲေပၚလာသည္။
သူမကို ထပ္ေတြ႕ရပါ့မလား ဆိုၿပီး ေမွ်ာ္လင့္ေနမိတာလည္း ေန႕တိုင္းလိုလိုပင္။ ဒီတစ္ခါ တစ္ကယ္ပဲ သူမ သူ႕ ဘဝထဲကို ဒုတိယအႀကိမ္ ဝင္ေရာက္လာေလျခင္း....။
"ဘယ္လို ေမ့နိုင္မလဲ ငါမွတ္ထားပါတယ္ဆို..
မွတ္ထားတယ္??ဒီေကာင္ ဟို ေကာင္မေလးကို ေႂကြေနတာလား။
"မင္းသူ႕ကို စိတ္ဝင္စား ေနတာေတာ့ မဟုတ္ပါဘူးေနာ္??
"စိတ္ဝင္စားေနတာထက္ ပိုတယ္ ငါသူ႕ကို ဟိုေန႕ ကတည္းက စြဲလန္းေနမိတာ..
ေဆးဘူးႀကီး ခ်ိတ္ၿပီး လူနာကုတင္ေပၚမွာ ခြဲစိတ္ထားလို႔ မထနိုင္ပဲ ေျပာလာေသာစကားေတြမွာ ပ်ားသကာရည္ထဲ ထန္းလ်က္နဲ႕သၾကား ႏွပ္ထည့္ေနသလိုမ်ိဳး..။ေနာက္ဆုံးေတာ့ လည္း ရေခဲတောင်ကြိီးက အရည္ေပ်ာ္သြားရ တာပဲ မဟုတ္လား ။
"ကြၽတ္...ကြၽတ္ ငါတို႔ ကိုကြိီး ေဝယံေတာင္ ခ်စ္တတ္သြားၿပီပဲ
..... .....
အပိုင္း"၁၃ဆက္ရန္
26.9.2021
Advertisement
- In Serial100 Chapters
Contract Marriage || J. Jk [Completed]✔ [Editing]
HR #40 in bts fanficHR #313 in fanfic(If you are thinking that this is just another cliché story with a helpless female and a 'come to me' male lead then yes you are right or maybe you are not!)〖 Warning: This book is not edited. I wrote back then in 2017 when I was new to wp. No hate comments. 〗❝One day someone will walk into your life and make you see why it never worked out with anyone else.❞__ _ __ _ __Her life changes when she is married to the hottest guy of the century, their marriage is nothing but a written contract. They decide to fulfil their wills in the name of 'contract marriage' but then fate has something else to say... and when fate interferes... everything connects or even worse.. breaks...Story of a written contract and unwritten love... Story of a glass girl with no class and a badass playboy..〖 Point 5: 'Husband and wife to the world but nothing to each other under the roof' 〗_________________❝You don't choose LOVE... LOVE chooses you...!!!❞You will love this if you love philosophies, angst and quotes.100k on 25 May 2018🎉1M on 08 Nov 2019Drafted- 15 AUG 2017Published- 18 AUG 2017Ended- 26 April 2018Highest Ranking so far:13 DEC 2017Ranked #313 in Fanfiction.Ranked #40 in btsfanfic
8 336 - In Serial26 Chapters
My Mother's Sire | Complete | Book 3
"Fate has a way of bringing you back to me over and over again." The Fall of Blue Ash becomes a catalyst for a change in Karou's life greater than she could have ever anticipated.When her daughter makes a surprising discovery in one of the towers of Davikov Castle, the Enochian Court, along with Cambria Morningstar, begin their campaign to eliminate Karou's ultimate distraction from the Celestial City's Throne. In the face of adversity, sisters Alessandra and Cassandra make moves that favour their mother's happiness.The hand of fate hasn't done tampering with Karou's future yet. Enter Warren Howard. READING ORDER OF MY WORKS Book One ~ Meeting Her Fate (Novel)Book Two ~ His Fledgeling (Novel) Short Story I ~ Business or Pleasure Short Story II ~ Florence Book Three ~ My Mother's Sire (Novel)Book Four ~ Duty of the First Born (Novel) ** WARNING - Content may offend some readers and includes - questionable morality, profanity, sexual references and otherwise mature content. Content is entirely fictional, including character names and locations ** | All rights reserved | DO NOT USE THIS WORK AS YOUR OWN | | Email me - [email protected] | Follow me on Tumblr - https://www.tumblr.com/blog/verba-writing |
8 243 - In Serial29 Chapters
Ravensburl Academy of Witchcraft
When Beatrice Gaia first enrolled in the Ravensburl Academy of Witchcraft, she knew not to expect a traditional school experience. What she finds instead is a school that encourages freedom of expression and magic that breaks all the rules she had grown to follow, cellphones and earrings being used as wands, and one very difficult roommate. How will the traditional Beatrice get along with her modern, tech-savvy roommate Nova? And what are the secrets the young school is keeping hidden, behind its locked doors?
8 124 - In Serial9 Chapters
Just a Brawl Stars Game
It's just up because it's my most popular book.Otherwise i don't associate with this fandom anymore and even find it toxic asfPLEASE READ! ---> 1. NO I WONT MAKE MORE BS FANFICS STOP HARASSING ME OR IM LITERALLY ARCHIVING THE FIC / DISABLING THE COMMENTS2. NO I WONT CONTINUE THE BOOK STOP HARASSING ME IN DMS / INSTA3. EVERY PERSON ASKING ME IN DMS OR PERSONALLY ON INSTA WILL BE MASS BLOCKED ON BOTH OF MY INSTA AND WATTPAD.i hope i made myself clear.-Darwin
8 169 - In Serial53 Chapters
Her Racing Heart (Part 1)
Meera had a happy life, she never felt sad about her poor economic status or complained about working hard to support herself and her mother. Her life was so simple and bright until she met him... Vikranth is a man who has everything but lacks one thing that is sympathy. He was irresistibly smitten by her innocence when the first time he saw her. He wanted to claim her in every possible way and the reason he said to taste her innocence was Love.In the name of love, he took away everything leaving only her broken heart and wounded soul. She lost her love and also the precious possession of their licentious love.She couldn't come out of the hurt that Vikranth gave to her for loving him unconditionally and she doesn't like the idea of meeting him again at any point in her life but she didn't have any clue that destiny has stored something different for her.Without any hope in life, Meera again met Vikranth after three years. The person who once broke her heart was now asking her to marry him. Will Meera can accept Vikranth after hearing his reasons? Will she be able to stop her racing heart that tells her to give him a second chance?Note- Read its sequel Her Secret Smile which is available on my profile
8 234 - In Serial34 Chapters
❝BLOOD STAINS❞ | POLY BL ✔
"Watch your mouth, princess. Unlike most, I do bite."RANKING;NUMBER 34 IN #BAD > FEBRUARY 6, 2020NUMBER 7 IN #BXBLOVE> FEBRUARY 9, 2020NUMBER 4 IN #WEREWOVLESANDVAMPIRES> FEBRUARY 13, 2020NUMBER 3 IN#WEREWOVLESANDVAMPIRES> FEBRUARY 14, 2020NUMBER 2 IN #LGBT> FEBRUARY 22, 2020NUMBER 1 IN #WEREWOVLESANDVAMPIRES> MARCH 11, 2020
8 159

