《Untamed Flower( ပန်းရိုင်း)》အပိုင်း(၁၆)
Advertisement
"ဆရာ့မှာ တကယ်မိန်းမ ရှိနေတာလား"
ရဲနိုင် သူ့သူဌေးအား မဝံ့တဝံ့ မေးလိုက်သည်။ တကယ်သာ ဆိုရင် သူသေလို့တောင် ပျော်ပါပြီ။
သူ့ရဲ့ အလုပ်သက်တမ်း တစ်လျှောက် လုံး သူ့သူဌေးမှာ မိန်းမတွေကို အရှောင်ကြီး ရှောင်ခဲ့လို့ မဟုတ်လား..။ သို့သော် သူကြားလိုက်သော စကားကြောင့် မျှော်လင့်ချက်များ မဲ့သွားရသည်။
"မင်းရူးနေလား..ငါမျက်စိမှိတ်ပြီး အချက်ပြတာကို မသိတာလား"
"ကျွန်တော် အလွန်အကျွံတွေးမိသွားလို့ ပါ တောင်းပန်ပါတယ်ဗျ "
ရဲနိုင် စကားကြောင့် သူ့အတွေးထဲ ပုံရိပ်တစ်ခုဖြတ်ဝင်လာခဲ့ရာ..
"ဒါပေမယ့် မကြာတော့ပါဘူး.."
ရဲနိုင် ၏ မျော်လင့်ချက် ရောင်ခြည်များ ပြန်ထွက်ပေါ်လာခဲ့ပြီ..။
.....
ဒေါက်တာ သူ့နောက်က တီးတိုးတီးတိုးနှင့် စကားပြောနေကြသော သူနာပြုနှစ်ယောက်ကြောင့် လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။ သူနာပြု မလေးတွေမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြောနေကြသဖြင့်လည်း ဒေါက်တာရပ်သွားတာကို မမြင်လိုက်မိ။ ထို့ကြောင့် ဒေါက်တာ့ ကျောနှင့် ဦးခေါင်းတွေ တိုက်မိမလိုဖြစ်သွားသည်။
"တောင်း..တောင်းပန်ပါတယ် ဒေါက်တာ ကျွန်မတို့ သတိမထား မိလို့ပါရှင့်.."
နှစ်ယောက်စလုံး ပြိုင်တူတောင်းပန်လိုက်ကြသည်။
ဒေါက်တာ ခဏလောက်ငြိမ်သွားပြီး..
"ခုန အခန်းထဲ လူနာပြောတဲ့ စကားတွေ အပြင်မှာ ပေါက်ကြားသွားရင် မင်းတို့နှစ်ယောက် ငါ့အဆိုးမဆိုနဲ့... လူနာကိုယ်ရေးကိုယ်တာ ကို လူနာရဲ့အခန်းထဲက လွဲရင် မပြောရဘူးဆိုတာ သင်တန်းတက်တုန်း မသင်ခဲ့ရဘူးလား..!!!."
အထို ဒေါက်တာကြီးမှာ အသံနှုန်းကို မြင့်တင်ပြီး ပြောလိုက်သည်။ သူနာပြုမလေး နှစ်ယောက်မှာ လန့်ဖျပ်သွားပြီး..
"နား..နားလည်ပါပြီ ဒေါက်တာရှင့်.."
ထိုမှ ဒေါက်တာလည်း ခြေလှမ်းတွေကို ဆက်လှမ်းလိုက်သည်။ သို့သော် သူနာပြု နှစ်ယောက်မှာ နေရာမှာတင် ငြိမ်နေ၍ ဒေါက်တာကြီးက သက်ပြင်းရှည်ကြီး ချကာ...
"ဘာလဲ..အဲမှာပဲ ငြိမ်နေမလို့လား ...လူနာခန်း နောက် နှစ်ဆယ်ကျော်လောက် ရှိနေသေးတာကို မလိုက်တော့ဘူးလား... "
"ဟုတ်..ဟုတ်လာပါပြီ"
......
ကျိုင်းတုံမြို့ရှိ စံအိမ်ကြီးတစ်အိမ်တွင်မူ..
အာကာထက် ခုနကမှ အိပ်ပျော်သွားသော ဇနီးလောင်းလေးကို စောင်ခြုံပေးလိုက်သည်။ မျက်နှာ ပေါ်မှာ ကပ်နေသော ဆံပင်စလေးတွေကို နားရွက်နောက်သို့ သပ်ပေးေနရင်း ထိုအပြစ်ကင်းသော ကလေးမလေးမှာ ပြီးခဲ့တဲ့ နှစ်နာရီလောက်က သူ့ကို ချွဲထားတဲ့ ကောင်မလေး မဟုတ်သည့်အတိုင်း..။
ရုတ်တရက်..
"တီ..တီ..တီ "
ကုတင်ဘေး ကမီးအိမ်တင်ခုံမှ သူ့ဖုန်းမြည်သံ ။ သူ ကြူသင်းလေး နိုးသွားမှာ စိုးကာ ဖုန်းကို အမြန်ကိုင်လိုက်ပြီး..အခန်း၏အပြင်ဘက်ရှိ လသာဆောင်ဆီသို့ ခြေလှမ်းများ လှမ်းသွားလိုက်သည်။
"အေး..ဘာကိစ္စလဲ"
ဖုန်း ခေါ်သူမှာ ဝေယံပိုင် ဖြစ်၏။
"ပြောစရာရှိလို့..ဒါနဲ့ မင်းဘာလုပ်နေ"
ပြောစရာ ရှိလည်း တန်းမပြောဘဲ တစ်ဖက်က လူဘာလုပ်နေလဲ မေးနေနိုင်သေးသည့် သူမှာ အကိုကြိီး ဝေယံပိုင် ပင်..။သူ မှန်တံခါးထဲကနေ လှမ်းမြင်နေရသည့် မြင်ကွင်းကြောင့် စိတ်မရှည် တော့ပေ။ ကုတင်ပေါ်က သူနာရီပိုင်း ကြာအောင် အိပ်ဖို့အရေး သီချင်းဆိုကာ ချော့သိပ်ပေးနေရသည့် အနှီလူသားမလေးမှာ ဟိုလိမ့်ဒီလိမ့်နှင့် သူ့ကို ရှာနေပြိီ။ နောက်ထပ် မိနှစ်ပိုင်းလေး နည်းနည်း ရှာမတွေ့ရင် သူမလေး နိုးသွားတော့မည်။
"ငါ...ကလေး ချော့သိပ်နေတယ်..ပြောစရာရှိတာ မြန်မြန်ပြော.."
စိတ်မရှည် စွာ ပြောနေသော အာကာကြောင့် ဝေယံ အခြေအနေကို နားလည်လိုက်သည်။
"မင်း..အခုဘွား အိမ်မှာလား.. ပြီးတော့ ငါ့ညီမလေး အိပ်ယာမှာလား..မင်းသူမကို တစ်ခုခုလုပ်လိုက် တာတော့ မဟုတ်ပါဘူးနော်. "
ဒီအချိန်မှာ အာကာ ယောက်ဖ ဖြစ်တော့မယ့်သူကို အော်ဆဲချင်မိ၏။ သို့သော်လည်း အသံကျယ်ရင်
သူမ ကြားသွားမှာ စိုး၍..
"ငါ့စည်း ငါသိပါတယ်..ဒီညနေပိုင်း အဘွားရဲ့ ကျန်းမာရေး အခြေအနေ လာဝင်ကြည့်တာ..မင်းညီမက မင်းသိတဲ့ အတိုင်း ငါ့တွေ့ရင် ကပ်ချွဲရော..ဒီည တော့ မင်းကို လွမ်းလို့ဆိုပြီး သူ့ကို ချော့သိပ်အိပ်ခိုင်းတာ နှစ်နာရီလောက်ရှိပြီ။ ခုနလေးတင်မျက်လုံးလေးတွေ မှေးသွားတာ.. မင်းဖုန်းသံကြောင့် နိုးတော့မယ် ဟိုမှာ.."
အာကာထက် ကြူသင်းကို ဘယ်လောက်တောင်ချစ်လဲ ဝေယံသိသည်။ ဖက်တာနှင့် နဖူးလေးနမ်းတာ ကလွဲရင် သူကြူသင်း အပေါ် ဘာမှမလုပ်မှန်း လည်းသိသည်။ သူရော အာကာရော နှစ်ယောက်စလုံး မိသားစု ဘိုးဘေးစဥ်ဆက် ကတည်းက အမျိုးကောင်းသား၊ သီလ သမာဓိ ပြည့်စုံ သူများဖြစ်၏။
တစ်သက်လုံးမှာ ချစ်မြတ်နိုးသူ တစ်ဦးကိုသာ ယူပြီး
အငယ်အနှောင်း ဟူ၍ မရှိပေ။
အခုလည်း သူ အာကာ့ ကို စနေတာသာဖြစ်၏။
Advertisement
"အေးပါ..ငါရဲ့ပြောစရာ ကိစ္စကြီး ဆိုတာ က မင်း အကူအညီလိုလို့.."
"ဘာလဲ"
"ဆေးရုံ ဆင်းခွင့်ပြုလက်မှတ်!!"
ဝေယံ စကားကြောင့် အာကာ အော်မိသွားသည်။
"ဘာရယ်..မင်းအစောကြီး သေချင်တာတော့ မဟုတ်ဘူးမလား..သားကြိီး"
"မဟုတ်ဘူး.. လုပ်စရာ အလုပ်တွေ ပုံနေပြီ ဘုတ်အဖွဲ့အစည်းထဲက မြေခွေးအိုတွေရဲ့ ညည်းညူသံတွေဘမကြာချင်ဘူး..ငါ့ငါဂရုစိုက်လို့ရတယ် စိတ်မပူနဲ့.. ဆေးရုံကို ငါ့ဆင်းခွင့် ပေးဖို့ ပြောပေးရင်ရပြီ"
...
"ကိုကို"
ကြူသင်း သူ့ကို ခေါ်နေပြီ ဖြစ်၍ အာကာမှာ စိတ်မရှည်တော့ဘဲ..
"အေး ဒါဆိုလည်း ပြောပေးမယ်..အခုတော့ မအားတော့ဘူး..မနက်ဖြန်စောစောမှ"
"တီ..တီ..တီ"
ဖုန်းခေါ်ဆိုမှု ပြတ်တောက်သွား၍ ဝေယံ မျက်မှောင်ကြုတ်လိုက်သည်။
.......
အပိုင်း(၁၇)ဆက်ရန်
30.9.21
ဆရာ့မွာ တကယ္မိန္းမ ရွိေနတာလား"
ရဲနိုင္ သူ႕သူေဌးအား မဝံ့တဝံ့ ေမးလိုက္သည္။ တကယ္သာ ဆိုရင္ သူေသလို႔ေတာင္ ေပ်ာ္ပါၿပီ။
သူ႕ရဲ႕ အလုပ္သက္တမ္း တစ္ေလွ်ာက္ လုံး သူ႕သူေဌးမွာ မိန္းမေတြကို အေရွာင္ႀကီး ေရွာင္ခဲ့လို႔ မဟုတ္လား..။ သို႔ေသာ္ သူၾကားလိုက္ေသာ စကားေၾကာင့္ ေမွ်ာ္လင့္ခ်က္မ်ား မဲ့သြားရသည္။
"မင္း႐ူးေနလား..ငါမ်က္စိမွိတ္ၿပီး အခ်က္ျပတာကို မသိတာလား"
"ကြၽန္ေတာ္ အလြန္အကြၽံေတြးမိသြားလို႔ ပါ ေတာင္းပန္ပါတယ္ဗ် "
ရဲနိုင္ စကားေၾကာင့္ သူ႕အေတြးထဲ ပုံရိပ္တစ္ခုျဖတ္ဝင္လာခဲ့ရာ..
"ဒါေပမယ့္ မၾကာေတာ့ပါဘူး.."
ရဲနိုင္ ၏ ေမ်ာ္လင့္ခ်က္ ေရာင္ျခည္မ်ား ျပန္ထြက္ေပၚလာခဲ့ၿပီ..။
.....
ေဒါက္တာ သူ႕ေနာက္က တီးတိုးတီးတိုးႏွင့္ စကားေျပာေနၾကေသာ သူနာျပဳႏွစ္ေယာက္ေၾကာင့္ လမ္းေလွ်ာက္ေနရာမွ ရပ္လိုက္သည္။ သူနာျပဳ မေလးေတြမွာ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီး ေျပာေနၾကသျဖင့္လည္း ေဒါက္တာရပ္သြားတာကို မျမင္လိုက္မိ။ ထို႔ေၾကာင့္ ေဒါက္တာ့ ေက်ာႏွင့္ ဦးေခါင္းေတြ တိုက္မိမလိုျဖစ္သြားသည္။
"ေတာင္း..ေတာင္းပန္ပါတယ္ ေဒါက္တာ ကြၽန္မတို႔ သတိမထား မိလို႔ပါရွင့္.."
ႏွစ္ေယာက္စလုံး ၿပိဳင္တူေတာင္းပန္လိုက္ၾကသည္။
ေဒါက္တာ ခဏေလာက္ၿငိမ္သြားၿပီး..
"ခုန အခန္းထဲ လူနာေျပာတဲ့ စကားေတြ အျပင္မွာ ေပါက္ၾကားသြားရင္ မင္းတို႔ႏွစ္ေယာက္ ငါ့အဆိုးမဆိုနဲ႕... လူနာကိုယ္ေရးကိုယ္တာ ကို လူနာရဲ႕အခန္းထဲက လြဲရင္ မေျပာရဘူးဆိုတာ သင္တန္းတက္တုန္း မသင္ခဲ့ရဘူးလား..!!!."
အထို ေဒါက္တာႀကီးမွာ အသံႏႈန္းကို ျမင့္တင္ၿပီး ေျပာလိုက္သည္။ သူနာျပဳမေလး ႏွစ္ေယာက္မွာ လန့္ဖ်ပ္သြားၿပီး..
"နား..နားလည္ပါၿပီ ေဒါက္တာရွင့္.."
ထိုမွ ေဒါက္တာလည္း ေျခလွမ္းေတြကို ဆက္လွမ္းလိုက္သည္။ သို႔ေသာ္ သူနာျပဳ ႏွစ္ေယာက္မွာ ေနရာမွာတင္ ၿငိမ္ေန၍ ေဒါက္တာႀကီးက သက္ျပင္းရွည္ႀကီး ခ်ကာ...
"ဘာလဲ..အဲမွာပဲ ၿငိမ္ေနမလို႔လား ...လူနာခန္း ေနာက္ ႏွစ္ဆယ္ေက်ာ္ေလာက္ ရွိေနေသးတာကို မလိုက္ေတာ့ဘူးလား... "
"ဟုတ္..ဟုတ္လာပါၿပီ"
......
က်ိဳင္းတုံၿမိဳ႕ရွိ စံအိမ္ႀကီးတစ္အိမ္တြင္မူ..
အာကာထက္ ခုနကမွ အိပ္ေပ်ာ္သြားေသာ ဇနီးေလာင္းေလးကို ေစာင္ၿခဳံေပးလိုက္သည္။ မ်က္ႏွာ ေပၚမွာ ကပ္ေနေသာ ဆံပင္စေလးေတြကို နား႐ြက္ေနာက္သို႔ သပ္ေပးေနရင်း ထိုအျပစ္ကင္းေသာ ကေလးမေလးမွာ ၿပီးခဲ့တဲ့ ႏွစ္နာရီေလာက္က သူ႕ကို ခြၽဲထားတဲ့ ေကာင္မေလး မဟုတ္သည့္အတိုင္း..။
႐ုတ္တရက္..
"တီ..တီ..တီ "
ကုတင္ေဘး ကမီးအိမ္တင္ခုံမွ သူ႕ဖုန္းျမည္သံ ။ သူ ၾကဴသင္းေလး နိုးသြားမွာ စိုးကာ ဖုန္းကို အျမန္ကိုင္လိုက္ၿပီး..အခန္း၏အျပင္ဘက္ရွိ လသာေဆာင္ဆီသို႔ ေျခလွမ္းမ်ား လွမ္းသြားလိုက္သည္။
"ေအး..ဘာကိစၥလဲ"
ဖုန္း ေခၚသူမွာ ေဝယံပိုင္ ျဖစ္၏။
"ေျပာစရာရွိလို႔..ဒါနဲ႕ မင္းဘာလုပ္ေန"
ေျပာစရာ ရွိလည္း တန္းမေျပာဘဲ တစ္ဖက္က လူဘာလုပ္ေနလဲ ေမးေနနိုင္ေသးသည့္ သူမွာ အကိုကြိီး ေဝယံပိုင္ ပင္..။သူ မွန္တံခါးထဲကေန လွမ္းျမင္ေနရသည့္ ျမင္ကြင္းေၾကာင့္ စိတ္မရွည္ ေတာ့ေပ။ ကုတင္ေပၚက သူနာရီပိုင္း ၾကာေအာင္ အိပ္ဖို႔အေရး သီခ်င္းဆိုကာ ေခ်ာ့သိပ္ေပးေနရသည့္ အႏွီလူသားမေလးမွာ ဟိုလိမ့္ဒီလိမ့္ႏွင့္ သူ႕ကို ရှာနေပြိီ။ ေနာက္ထပ္ မိႏွစ္ပိုင္းေလး နည္းနည္း ရွာမေတြ႕ရင္ သူမေလး နိုးသြားေတာ့မည္။
"ငါ...ကေလး ေခ်ာ့သိပ္ေနတယ္..ေျပာစရာရွိတာ ျမန္ျမန္ေျပာ.."
စိတ္မရွည္ စြာ ေျပာေနေသာ အာကာေၾကာင့္ ေဝယံ အေျခအေနကို နားလည္လိုက္သည္။
"မင္း..အခုဘြား အိမ္မွာလား.. ၿပီးေတာ့ ငါ့ညီမေလး အိပ္ယာမွာလား..မင္းသူမကို တစ္ခုခုလုပ္လိုက္ တာေတာ့ မဟုတ္ပါဘူးေနာ္. "
ဒီအခ်ိန္မွာ အာကာ ေယာက္ဖ ျဖစ္ေတာ့မယ့္သူကို ေအာ္ဆဲခ်င္မိ၏။ သို႔ေသာ္လည္း အသံက်ယ္ရင္
သူမ ၾကားသြားမွာ စိုး၍..
"ငါ့စည္း ငါသိပါတယ္..ဒီညေနပိုင္း အဘြားရဲ႕ က်န္းမာေရး အေျခအေန လာဝင္ၾကည့္တာ..မင္းညီမက မင္းသိတဲ့ အတိုင္း ငါ့ေတြ႕ရင္ ကပ္ခြၽဲေရာ..ဒီည ေတာ့ မင္းကို လြမ္းလို႔ဆိုၿပီး သူ႕ကို ေခ်ာ့သိပ္အိပ္ခိုင္းတာ ႏွစ္နာရီေလာက္ရွိၿပီ။ ခုနေလးတင္မ်က္လုံးေလးေတြ ေမွးသြားတာ.. မင္းဖုန္းသံေၾကာင့္ နိုးေတာ့မယ္ ဟိုမွာ.."
အာကာထက္ ၾကဴသင္းကို ဘယ္ေလာက္ေတာင္ခ်စ္လဲ ေဝယံသိသည္။ ဖက္တာႏွင့္ နဖူးေလးနမ္းတာ ကလြဲရင္ သူၾကဴသင္း အေပၚ ဘာမွမလုပ္မွန္း လည္းသိသည္။ သူေရာ အာကာေရာ ႏွစ္ေယာက္စလုံး မိသားစု ဘိုးေဘးစဥ္ဆက္ ကတည္းက အမ်ိဳးေကာင္းသား၊ သီလ သမာဓိ ျပည့္စုံ သူမ်ားျဖစ္၏။
တစ္သက္လုံးမွာ ခ်စ္ျမတ္နိုးသူ တစ္ဦးကိုသာ ယူၿပီး
အငယ္အႏွောင္း ဟူ၍ မရွိေပ။
အခုလည္း သူ အာကာ့ ကို စေနတာသာျဖစ္၏။
"ေအးပါ..ငါရဲ႕ေျပာစရာ ကိစၥႀကီး ဆိုတာ က မင္း အကူအညီလိုလို႔.."
"ဘာလဲ"
"ေဆး႐ုံ ဆင္းခြင့္ျပဳလက္မွတ္!!"
ေဝယံ စကားေၾကာင့္ အာကာ ေအာ္မိသြားသည္။
"ဘာရယ္..မင္းအေစာႀကီး ေသခ်င္တာေတာ့ မဟုတ္ဘူးမလား..သားကြိီး"
"မဟုတ္ဘူး.. လုပ္စရာ အလုပ္ေတြ ပုံေနၿပီ ဘုတ္အဖြဲ႕အစည္းထဲက ေျမေခြးအိုေတြရဲ႕ ညည္းၫူသံေတြဘမၾကာခ်င္ဘူး..ငါ့ငါဂ႐ုစိုက္လို႔ရတယ္ စိတ္မပူနဲ႕.. ေဆး႐ုံကို ငါ့ဆင္းခြင့္ ေပးဖို႔ ေျပာေပးရင္ရၿပီ"
...
"ကိုကို"
ၾကဴသင္း သူ႕ကို ေခၚေနၿပီ ျဖစ္၍ အာကာမွာ စိတ္မရွည္ေတာ့ဘဲ..
"ေအး ဒါဆိုလည္း ေျပာေပးမယ္..အခုေတာ့ မအားေတာ့ဘူး..မနက္ျဖန္ေစာေစာမွ"
"တီ..တီ..တီ"
ဖုန္းေခၚဆိုမႈ ျပတ္ေတာက္သြား၍ ေဝယံ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
.......
အပိုင္း(၁၇)ဆက္ရန္
30.9.21
Advertisement
- In Serial200 Chapters
Would You Rather?
Suddenly I got transferred to the Tokyo Revengers Universe, where I became a middle school student, named Michi Hirabayashi. With a system at hand that gives me 'would you rather' mission whenever it pleases, making me get involved in the most nonsensical situations at times. Maybe if I'm lucky I can stop some dumb-asses from getting killed.Updates 5 times a week :)
8 133 - In Serial17 Chapters
Mine
Naruto can't take it. He saved Konoha at least twice but the villagers have been treating him worse that ever! So he runs to Suna for a new start. Gaara told him he could stay as long as he follows four conditions. What will happen to Naruto? Will The villagers of konoha realize what they did wrong? Will his, so called, friends come looking for him? Find out!!!
8 121 - In Serial39 Chapters
Intoxicated
I squeezed my eyes shut waiting for pain but nothing happen. He froze smelling me. He pulled away with his eyes wide. He looked my over in shock and I looked at him confused. What was going on? "It's you" he stated. "You're the one"
8 322 - In Serial14 Chapters
Having Liam Payne's Baby
One night Jade made a terrible mistake.Now she's pregnant with a baby, Liam Payne's baby.
8 107 - In Serial54 Chapters
A Song of Remembrance ( Redamancy Book 1: Completed)
Most people would agree that there are three points in life, where a single moment defies the laws of science, and time stands still. The moment that one discovers their universal purpose, the moment that someone finds their soulmate, and the moment that a new life is brought unto the world.However, there is the fourth moment that they often forget to give due credit. The moment when one's life is destroyed. Fate being too cruel to answer the one question that will remain on their mind forever. Why?This is the moment that time stands still, and it doesn't start back up again.--------Ever since she was nine years old, Rowan Larkin has wished on pretty pennies, hoping one day she can fully hold on to the future. Meanwhile, Elijah Scott has been betting all his coins in hopes of escaping the demons of his past. What happens when their paths cross, and they both realize that the present is just as painful as it seems?
8 191 - In Serial60 Chapters
Artemis
"Let them go, Dante." I whip my head to see a small boy standing the clearing with blonde hair and a green cloak hanging from shoulders. He isn't very tall however he holds his stance well. He doesn't seem to be more than Cassandra's age. Maybe 12 at most. I abruptly turn my head back hearing the man holding a sword to my throat chuckling with a sinister grin. "Oh, poor boy, what are you go to do about it?" The yellow teeth gleam as he begins stalking towards the boy who does not look the least bit fazed. I look around at the other men who are following the leader. I pull Cassandra tighter to my back as I take small steps back. I keep my eye trained on the men but also fear for the naive boy. "Do you really want to test me Dante?" He asks raising a single eyebrow. For a minute the men stop their movements. I see their hesitation for fear... Fear of what? I take the moment to stick Cassandra behind a nearby tree. She crouches down while I pull my sword out from its place. "How do you know my name?" The scoundrel raises his sword challenging towards the boy before taking a final step towards him. Then the unexpected happens. The young boy chuckles so darkly. It sounded almost... demonic. All the men instinctively raise their swords. "Oh Dante, I didn't know your name... but you know someone dear to me." "Spit it out boy!" The once grinning man is now looking around frantically. I continue my eyes scanning the small boy. He looks directly me and gives me a small nod before saying one word that caused all hell to breaks loose. "Artemis." Artemis is not an ordinary girl. She grew up in the wilderness after being shunned due to unique abilities and her different physical attributes. Blessed with an ability that scared others, she roams the wild with only her guarded one. That is until she stumbles into a situation that brings her in front of a prince.
8 266

