《Untamed Flower( ပန်းရိုင်း)》အပိုင်း (၁၉)
Advertisement
စာရွက်ပေါ်မှာ ရှိတဲ့ စာလုံးတွေကို သူ တစ်လုံးချင်း ရင်တမမဖြင့် ကြည့်လိုက်သည်။
အမည်.........
နာမည်မဖြည့်ထား။
လူနာနှင့် ဆင်နွယ်မှု..."သူစိမ်း”
"ဒီကောင်မလေး ကတော့”
ဝေယံ အပြုံးတွေ မှာ သွားဖြူဖြူတွေ ပေါ်သွားသည်အထိ ။ ထိုကောင်မလေးမှာ ဘယ်လောက်တောင် ချေကြောင်း သူသိပေမယ့် အခုတော့ ပိုလို့တောင် သေချာသွားပြီ။
ဆက်သွယ်ရမယ့် လိပ်စာကို မဖြည့်ထားပေမဲ့လည်း ဖုန်းနံပါတ် တော့ ဖြည့်ထားသည်။ ဆေးရုံမှ အထောက်အထားတွေ လိုအပ်ရင် ဆက်သွယ်ဖို့ ချန်ထားခြင်းဖြစ်မည် ဟု သူတွေးလိုက်၏။
သူတအောင့်လေးတောင် မစောင့်နိုင်တော့ဘဲ ဖုန်းကိုကောက်ကာ ထိုနံပါတ်ကို ရိုက်ထည့်လိုက်သည်..။
"09........”
ဖုန်းစခရင်မ် ပေါ်က အရာကြောင့် သူကြောင်အမ်းကာ မျက်လုံးကို ပွတ်ပြီး နောက်တစ်ကြိမ် ပြန်ကြည့်သည်။ သို့သော် မူလအတိုင်းပင်.. မပြောင်းလဲ..။
unknow contact အစား..
last week ဆိုတဲ့ စာတန်းနှင့်အတူ ဖုန်းခေါ်ဆို ထားမှု တစ်ကြိမ်၊ သို့သော် ဖုန်းကြာချိန်မှာ တစ်မိနစ်တောင်မပြည့် ။ စက္ကန့် ပိုင်းသာရှိသည်။
သူ ..သူမနှင့် ဘယ်တုန်းက ဖုန်းပြောခဲ့မှန်း စဥ်းစားမရ။ ရက်စွဲ ကို ကြည့်တော့ အရင်ပတ် က စနေနေ့ ညနေပိုင်း ။ သူအဲဒီ အချိန် delivery မလေး နှင့် ကုမ္ပဏီက ဝန်ထမ်း မလေး ကလွဲရင် တခြားသူနှင့် ဖုန်းခေါ်ဆို မှုမရှိခဲ့ ။ ဝန်ထမ်းမလေးနှင့်က သူခန့်မှန်းမိသလောက် ငါးမိနစ်ခန့် ကြာနိုင်သည်။ ထို့ကြောင့် delivery မလေးက လွဲရင် တခြားသူမဖြစ်နိုင်။ ထိုနေ့ ဖုန်းပြောနေရင်း ရင်းနှီးကာ သူ့နားထဲဲစွဲ နေတဲ့ အသံမှန်း သူသတိပြုမိတာကို သတိရသွားသည်။ ဟုတ်တယ် သူမပဲ..။
"ရဲနိုင်... မင်း facebook သုံးလား..??”
အင်တာနက် ကွန်ယက်တွေကို ဝေယံ သိပ်မသုံး။ email နှင့် zoom meetingလုပ်ဖို့ Appကလွဲရင် အင်တာနက် နဲ့ သက်ဆိုင်တဲ့ appတွေ သူ့မှာမရှိ။
"ရှိ..ရှိတယ် လေ ဆရာ..ဆရာ ဘာလုပ်မလို့လဲ..ဒီတစ်ခုကိုလည်း ကန့်ကွက်မလို့လားဟင်..မလုပ်ပါနဲ့ ဆရာရယ်.. ကျွန်တော့်မှာ စိတ်အပန်းဖြေ စရာဆိုလို့ ဒါပဲရှိတာပါ”
ငိုမဲ့မဲ့ မျက်နှာလေးနှင့် သနားကမားခံနိုင်ဖို့ ပြောနေရှာတဲ့ ရဲနိုင်ကို မျက်မှောင်ကြုတ်ပြလိုက်သည်။ သူ့က သူတို့ ကိုယ်ရေးကိုယ်တာကို အရမ်းတင်းကြပ်ထားသလိုမျိုးဖြစ်နေရော့သလား။ သူက ရည်းစားမထားရဘူး ဂိမ်းမဆော့ရဘူး စတာတွေပဲ ကန့်ကွက် ထားတာပါနော်..။
(အဲဒါကို အဲလောက်ပဲတဲ့ ကိုကြီးဝေယံတို့က😌)
"မင်း ရူးသွားတာလား ငါကအဲဒါကို ဖျက်ပစ်ဖို့ တောင်းနေတာ မဟုတ်ဘူး လဒရဲ့ ရှာစရာရှိလို့ကွ ..မြန်မြန်ပေး..”
ထိုသို့ ပြောလိုက်ပေမယ့်လည်း ရဲနိုင်မှာ ကမ်းလာသော သူ့ဆရာ လက်ထဲ ဖုန်းကို သတိရှိစွာ ထည့်ပေးလိုက်သည်။ သူလဲ ကြောက်ရှာမှာပေါ့။
ဝေယံ ဖုန်းကို စိတ်မရှည်စွာ ဆွဲယူပြီး ဖုန်းကိုဖွင့်ကာ ရှာဖွေမှု စတင်လိုက်သည်။
search အောက်မှာ ပေါ်လာသည့် ပထမဆုံး account မှာတော့
Shwe khitt online cosmetics shop..
ပရိုဖိုင် ပုံမှာ နှုတ်ခမ်း နီပါးနီ တွေမပါဘဲ သဘာဝ သနပ်ခါးလေးနှင့် ကျစ်ဆံမြီး နှစ်ဖက် စီးထားသော
ကောင်မလေး။ ပုံနောက်ခံ မှာ ပုဂံ ဘုရား တွင်ရိုက်ထားသော ပုံပေါ်သည်။ အနီရောင် ရင်ဖုံး အင်္ကျီလေးနှင့်သူမ။ မျက်ခုံးမှာ ဆွဲမထားပေမယ့် နက်မှောင်ကာ
ကော့ညွန့်လှတဲ့ ရှည်လျားသော မျက်တောင် အောက်က တောက်ပရွှန်းလဲ့နေတဲ့ မျက်ဝန်းတစ်စုံ ။
ဝေယံ ကြောင်ကြည့်ရင်း သရည်တွေ မြိုချမိသည်အထိ။ အောက်ကို ဆက်ဆွဲလိုက်တော့ သူမ ပရိုဖိုင် ပုံအောက်က Bio...နေရာတွင်
Business number- 09........!!
ဝေယံ စိတ်မကောင်းဖြစ်သွားသည်။ ဒါဆို သူရလိုက်တဲ့ နံပါတ်က လူတိုင်းရနိုင်သော သူမကိုယ်တိုင် public ချထားတဲ့ နံပါတ်ပေါ့။ သူမရဲ့ ကိုယ်ပိုင် မဟုတ်ခဲ့ခြင်းကြောင့် အနှီလူသားကြီးသည် ဖုန်းကို ချက်ချင်းပိတ်ချကာ သူ၏ လက်ထောက်အား ပြန်ပြစ်ပေးလိုက်သည်။
လက်ထောက်ဖြစ်သူရဲနိုင်၏ဖွင့်ဟဝန်ခံချက်..
ကျနော် လေ မနက်ငါးနာရီ လောက်နိုးလာပြီး ကျနော့်သူဌေး ဆေးရုံဆင်းဖို့ ပစ္စည်းတွေ သိမ်းရင်း ခုနှစ်နာရီ ခွဲတော့ ကျနော် လေ ကျနော့်သူဌေး အလင်းစွမ်းအင် အားနည်းမှာ စိုးပြိီး လိုက်ကာတွေ ဖွင့်မိခဲ့ပါတယ်ဗျာ..
ဒါက ကျနော် သူဌေးကို နိုးလာစေမယ်မှန်း ကျနော်လည်း မသိပါဘူး..သူနိုးလာတော့ ကျနော်လည်း တောင်းပန်ခဲ့ ပါတယ်ဗျာ
Advertisement
ဒါကို ကျနော့်သူဌေးက ဘာမှမဖြစ်ဘူး ပြောပြီး သူ့သူငယ်ချင်းနဲ့ ဖုန်းပြောခဲ့တယ်ဗျာ
နောက်ပြီး အိမ်ရောက်မှ တွေ့မယ်ဆိုပြီး ပြောတော့ ကျနော်လည်း ကျနော့် သူဌေးကို အိမ်ပြန်လို့မရတဲ့
အကြောင်း ပြောခဲ့တယ်လေဗျာ
ဒါကို သူဌေးက ကျနော့်ကို ဝါးစားမယ့်အလား စူးစူးရဲရဲကြည့်တယ်ဗျာ ကျနော်မှားသွား သလားဗျာ
ခဏကြာတော့ ကျနော့်ဆီက ဖုန်းတောင်းပြီး ကျနော်က ပေးတော့ ဘာတွေကို ရှာလို့ရှာမှန်း မသိ ဖေ့ဘုတ်ထဲ ဟိုပွတ်ဒီပွတ် နဲ့ဗျာ
တခုခုကို ရှာတွေ့ပုံနဲ့ ပါးစပ်ကြီး ဖြဲပြုံးကာ ခဏလေးပဲ မျက်မှောင်ကြုတ်ပြီး ကျနော့်ဖုန်းကို ကျနော့်ဆီ လှမ်းပစ်ပေးတယ်ဗျာ
ကျနော် နောက်ထပ် ဘာမှားသွားလဲဗျာ
ကျနော်ရဲ့ ဒီဖုန်းသာ ကွဲရင် ကပ်စေးနည်းကျနော့်သူဌေးက လှည့်တောင်ကြည့်မှာ မဟုတ်ဘူးဗျာ
အဲလိုဆို ကျနော် ရင်တွေ ကွဲသွားမှာ တကယ်ဗျာ...
........
အပိုင်း(၂၀)ဆက်ရန်
2.10.21
စာ႐ြက္ေပၚမွာ ရွိတဲ့ စာလုံးေတြကို သူ တစ္လုံးခ်င္း ရင္တမမျဖင့္ ၾကည့္လိုက္သည္။
အမည္.........
နာမည္မျဖည့္ထား။
လူနာႏွင့္ ဆင္ႏြယ္မႈ..."သူစိမ္း
"ဒီေကာင္မေလး ကေတာ့
ေဝယံ အၿပဳံးေတြ မွာ သြားျဖဴျဖဴေတြ ေပၚသြားသည္အထိ ။ ထိုေကာင္မေလးမွာ ဘယ္ေလာက္ေတာင္ ေခ်ေၾကာင္း သူသိေပမယ့္ အခုေတာ့ ပိုလို႔ေတာင္ ေသခ်ာသြားၿပီ။
ဆက္သြယ္ရမယ့္ လိပ္စာကို မျဖည့္ထားေပမဲ့လည္း ဖုန္းနံပါတ္ ေတာ့ ျဖည့္ထားသည္။ ေဆး႐ုံမွ အေထာက္အထားေတြ လိုအပ္ရင္ ဆက္သြယ္ဖို႔ ခ်န္ထားျခင္းျဖစ္မည္ ဟု သူေတြးလိုက္၏။
သူတေအာင့္ေလးေတာင္ မေစာင့္နိုင္ေတာ့ဘဲ ဖုန္းကိုေကာက္ကာ ထိုနံပါတ္ကို ရိုက္ထည့္လိုက္သည္..။
"09........
ဖုန္းစခရင္မ္ ေပၚက အရာေၾကာင့္ သူေၾကာင္အမ္းကာ မ်က္လုံးကို ပြတ္ၿပီး ေနာက္တစ္ႀကိမ္ ျပန္ၾကည့္သည္။ သို႔ေသာ္ မူလအတိုင္းပင္.. မေျပာင္းလဲ..။
unknow contact အစား..
last week ဆိုတဲ့ စာတန္းႏွင့္အတူ ဖုန္းေခၚဆို ထားမႈ တစ္ႀကိမ္၊ သို႔ေသာ္ ဖုန္းၾကာခ်ိန္မွာ တစ္မိနစ္ေတာင္မျပည့္ ။ စကၠန့္ ပိုင္းသာရွိသည္။
သူ ..သူမႏွင့္ ဘယ္တုန္းက ဖုန္းေျပာခဲ့မွန္း စဥ္းစားမရ။ ရက္စြဲ ကို ၾကည့္ေတာ့ အရင္ပတ္ က စေနေန႕ ညေနပိုင္း ။ သူအဲဒီ အခ်ိန္ delivery မေလး ႏွင့္ ကုမၸဏီက ဝန္ထမ္း မေလး ကလြဲရင္ တျခားသူႏွင့္ ဖုန္းေခၚဆို မႈမရွိခဲ့ ။ ဝန္ထမ္းမေလးႏွင့္က သူခန့္မွန္းမိသေလာက္ ငါးမိနစ္ခန့္ ၾကာနိုင္သည္။ ထို႔ေၾကာင့္ delivery မေလးက လြဲရင္ တျခားသူမျဖစ္နိုင္။ ထိုေန႕ ဖုန္းေျပာေနရင္း ရင္းႏွီးကာ သူ႕နားထဲဲစြဲ ေနတဲ့ အသံမွန္း သူသတိျပဳမိတာကို သတိရသြားသည္။ ဟုတ္တယ္ သူမပဲ..။
"ရဲနိုင္... မင္း facebook သုံးလား..??
အင္တာနက္ ကြန္ယက္ေတြကို ေဝယံ သိပ္မသုံး။ email ႏွင့္ zoom meetingလုပ္ဖို႔ Appကလြဲရင္ အင္တာနက္ နဲ႕ သက္ဆိုင္တဲ့ appေတြ သူ႕မွာမရွိ။
"ရွိ..ရွိတယ္ ေလ ဆရာ..ဆရာ ဘာလုပ္မလို႔လဲ..ဒီတစ္ခုကိုလည္း ကန့္ကြက္မလို႔လားဟင္..မလုပ္ပါနဲ႕ ဆရာရယ္.. ကြၽန္ေတာ့္မွာ စိတ္အပန္းေျဖ စရာဆိုလို႔ ဒါပဲရွိတာပါ
ငိုမဲ့မဲ့ မ်က္ႏွာေလးႏွင့္ သနားကမားခံနိုင္ဖို႔ ေျပာေနရွာတဲ့ ရဲနိုင္ကို မ်က္ေမွာင္ၾကဳတ္ျပလိုက္သည္။ သူ႕က သူတို႔ ကိုယ္ေရးကိုယ္တာကို အရမ္းတင္းၾကပ္ထားသလိုမ်ိဳးျဖစ္ေနေရာ့သလား။ သူက ရည္းစားမထားရဘူး ဂိမ္းမေဆာ့ရဘူး စတာေတြပဲ ကန့္ကြက္ ထားတာပါေနာ္..။
(အဲဒါကို အဲေလာက္ပဲတဲ့ ကိုႀကီးေဝယံတို႔က😌)
"မင္း ႐ူးသြားတာလား ငါကအဲဒါကို ဖ်က္ပစ္ဖို႔ ေတာင္းေနတာ မဟုတ္ဘူး လဒရဲ႕ ရွာစရာရွိလို႔ကြ ..ျမန္ျမန္ေပး..
ထိုသို႔ ေျပာလိုက္ေပမယ့္လည္း ရဲနိုင္မွာ ကမ္းလာေသာ သူ႕ဆရာ လက္ထဲ ဖုန္းကို သတိရွိစြာ ထည့္ေပးလိုက္သည္။ သူလဲ ေၾကာက္ရွာမွာေပါ့။
ေဝယံ ဖုန္းကို စိတ္မရွည္စြာ ဆြဲယူၿပီး ဖုန္းကိုဖြင့္ကာ ရွာေဖြမႈ စတင္လိုက္သည္။
search ေအာက္မွာ ေပၚလာသည့္ ပထမဆုံး account မွာေတာ့
Shwe khitt online cosmetics shop..
ပရိုဖိုင္ ပုံမွာ ႏႈတ္ခမ္း နီပါးနီ ေတြမပါဘဲ သဘာဝ သနပ္ခါးေလးႏွင့္ က်စ္ဆံၿမီး ႏွစ္ဖက္ စီးထားေသာ
ေကာင္မေလး။ ပုံေနာက္ခံ မွာ ပုဂံ ဘုရား တြင္ရိုက္ထားေသာ ပုံေပၚသည္။ အနီေရာင္ ရင္ဖုံး အကၤ်ီေလးႏွင့္သူမ။ မ်က္ခုံးမွာ ဆြဲမထားေပမယ့္ နက္ေမွာင္ကာ
ေကာ့ၫြန႔္လွတဲ့ ရွည္လ်ားေသာ မ်က္ေတာင္ ေအာက္က ေတာက္ပ႐ႊန္းလဲ့ေနတဲ့ မ်က္ဝန္းတစ္စုံ ။
ေဝယံ ေၾကာင္ၾကည့္ရင္း သရည္ေတြ ၿမိဳခ်မိသည္အထိ။ ေအာက္ကို ဆက္ဆြဲလိုက္ေတာ့ သူမ ပရိုဖိုင္ ပုံေအာက္က Bio...ေနရာတြင္
Business number- 09........!!
ေဝယံ စိတ္မေကာင္းျဖစ္သြားသည္။ ဒါဆို သူရလိုက္တဲ့ နံပါတ္က လူတိုင္းရနိုင္ေသာ သူမကိုယ္တိုင္ public ခ်ထားတဲ့ နံပါတ္ေပါ့။ သူမရဲ႕ ကိုယ္ပိုင္ မဟုတ္ခဲ့ျခင္းေၾကာင့္ အႏွီလူသားႀကီးသည္ ဖုန္းကို ခ်က္ခ်င္းပိတ္ခ်ကာ သူ၏ လက္ေထာက္အား ျပန္ျပစ္ေပးလိုက္သည္။
လက္ေထာက္ျဖစ္သူရဲနိုင္၏ဖြင့္ဟဝန္ခံခ်က္..
က်ေနာ္ ေလ မနက္ငါးနာရီ ေလာက္နိုးလာၿပီး က်ေနာ့္သူေဌး ေဆး႐ုံဆင္းဖို႔ ပစၥည္းေတြ သိမ္းရင္း ခုႏွစ္နာရီ ခြဲေတာ့ က်ေနာ္ ေလ က်ေနာ့္သူေဌး အလင္းစြမ္းအင္ အားနည္းမွာ စိုးပြိီး လိုက္ကာေတြ ဖြင့္မိခဲ့ပါတယ္ဗ်ာ..
ဒါက က်ေနာ္ သူေဌးကို နိုးလာေစမယ္မွန္း က်ေနာ္လည္း မသိပါဘူး..သူနိုးလာေတာ့ က်ေနာ္လည္း ေတာင္းပန္ခဲ့ ပါတယ္ဗ်ာ
ဒါကို က်ေနာ့္သူေဌးက ဘာမွမျဖစ္ဘူး ေျပာၿပီး သူ႕သူငယ္ခ်င္းနဲ႕ ဖုန္းေျပာခဲ့တယ္ဗ်ာ
ေနာက္ၿပီး အိမ္ေရာက္မွ ေတြ႕မယ္ဆိုၿပီး ေျပာေတာ့ က်ေနာ္လည္း က်ေနာ့္ သူေဌးကို အိမ္ျပန္လို႔မရတဲ့
အေၾကာင္း ေျပာခဲ့တယ္ေလဗ်ာ
ဒါကို သူေဌးက က်ေနာ့္ကို ဝါးစားမယ့္အလား စူးစူးရဲရဲၾကည့္တယ္ဗ်ာ က်ေနာ္မွားသြား သလားဗ်ာ
ခဏၾကာေတာ့ က်ေနာ့္ဆီက ဖုန္းေတာင္းၿပီး က်ေနာ္က ေပးေတာ့ ဘာေတြကို ရွာလို႔ရွာမွန္း မသိ ေဖ့ဘုတ္ထဲ ဟိုပြတ္ဒီပြတ္ နဲ႕ဗ်ာ
တခုခုကို ရွာေတြ႕ပုံနဲ႕ ပါးစပ္ႀကီး ၿဖဲၿပဳံးကာ ခဏေလးပဲ မ်က္ေမွာင္ၾကဳတ္ၿပီး က်ေနာ့္ဖုန္းကို က်ေနာ့္ဆီ လွမ္းပစ္ေပးတယ္ဗ်ာ
က်ေနာ္ ေနာက္ထပ္ ဘာမွားသြားလဲဗ်ာ
က်ေနာ္ရဲ႕ ဒီဖုန္းသာ ကြဲရင္ ကပ္ေစးနည္းက်ေနာ့္သူေဌးက လွည့္ေတာင္ၾကည့္မွာ မဟုတ္ဘူးဗ်ာ
အဲလိုဆို က်ေနာ္ ရင္ေတြ ကြဲသြားမွာ တကယ္ဗ်ာ...
........
အပိုင္း(၂၀)ဆက္ရန္
2.10.21
Advertisement
- In Serial38 Chapters
The Nash Brothers (Completed)
Step-brother bully enemies to lovers romance.I met them once before, many years ago at our parents wedding, they had made it very clear then we would never be family and I was happy with that, I didn't want three brothers, especially not sanctimonious jocks like them. and anyway I would never see them, they lived across the others side of the county with my dad and their mum and I lived with my mom. Any time I had seen my dad since then, had been at my grandparents house when they had gone to see their dad.But now everything had changed and I would have to live with them...
8 281 - In Serial10 Chapters
Forever - Wang Yibo x Xiao Zhan fanfic
Summary: They had always been in an ambiguous relationship. When the rumors reached its peak, Xiao Zhan was confronted by Wang Yibo about their relationship to fight for it. What he expected to be a happy end for them turned to a bad end when Xiao Zhan told him his announced leave in the entertainment is actually his escape in this glamorous but vain life. (A/N: my first ever YiZhan fanfic! Kiyaaaa! This is also my first time to ship in real life people!
8 107 - In Serial27 Chapters
The Kiss of Two Moons
The last year is upon us. The world is ending, but you already knew that; everyone does. Spring has come, and the flowers have bloomed here in this small town with no name. Thousands of different colours now paint the field that had been coloured by frost alone just yesterday. The townsfolk have gathered by the field to celebrate the beginning of the last spring with so many smiling faces. Tears too. I can’t help but wonder whether the flowers will bloom again before the sky falls upon us. Others must be thinking the same. There are moments when the smiles fade and their eyes glaze over as they realize just how near to the end we are. They forget it again in moments. They make themselves forget. The children aren’t like that, though. They don’t seem to understand, or they’ve come to accept it in a way that their parents just can’t manage to. This one boy actually asked me why I was sad. I had to wonder whether he was actually aware that the world is ending, but it seemed wrong to mention it. I ended up just telling him that I was waiting for someone, and he scampered off, wearing a silly smile. I can’t help but feel jealous of him. The beginning of next spring; the day that the world ends. It seems so far away, yet so close. Wherever you are now, I have to ask, how are you spending your last spring? Did you get to see the flowers bloom? Did you smile? Did you cry?
8 107 - In Serial14 Chapters
milk & honey | august
"two wrongs don't make a right, but two rights make perfection..."start date- 3/09/2022end date- TBA cover by- gracaxcix
8 184 - In Serial57 Chapters
ZEUS
TRAILER IN CHAPTER 1#1 Memories 10/10/2019#1 Hurt 27/09/2019#1 Werewolf 04/07/2019#1 Blind 09/02/2020#1 Time 10/06/2020There are three of themThey are ruthlessThey are cursedThey are ImmortalThey are the HellHounds.******They were a legend. A story. But all legends are based off of truth. "Don't go out after dark," My father said. "Don't go anywhere alone," My father said"Don't go deep into the woods, for that is where he waits," My father said.I never broke a rule. I was a good girl. But my question always was, what do I do when the monster comes out to play? ***I was blind, so I slowly walk forward, not knowing where he is exactly. But I use my senses. I let this connection pull into a direction. As I slowly walk ,I reach my hand out, "Where are you?" I asked quietly. A big and calloused hand touches my own. From that one touch, electric shocks courses through my body, a strange and warming sensation. I flinched and gasped in fright. The big and strong hand gently grabs mine and softly pulls me forward. A breath hits my face slightly. I was right in front of him. He leans down toward my ear, his lips almost touching it. His breath makes chills run over my neck as he whispers very quietly with a deep and rough voice, "Here I am."***If you want this book to make sense to you, I would suggest you read Book 2 of my Blood Moon Pack series, it completed and ready to read. You can still read this as stand alone, however there is more information held in Book 2.
8 126 - In Serial24 Chapters
His Tiger (Jasper Hale Fanfic)
He has been waiting for her. His mate. What he didn't know was that she was a werecat and she is alpha. She has been watching over them. Protecting them. She knows her mate is a vampire in the Cullen coven. He doesn't know she watches over them.She will protect them with her life.NOTE: This takes place during Breaking Dawn.One more thing. I DONT OWN TWILIGHT. EVE IS THE ONLY CHARACTER I OWN.
8 91

