《Untamed Flower( ပန်းရိုင်း)》အပိုင်း(၂၀)
Advertisement
နေရောင် စူးစူးနေ့လည် ၁၁နာရီခန့်တွင်ဖြစ်သည်။ ဆေးရုံ မှ နာရီဝက်ခန့် မောင်းနှင်လာသည့် BMWကား တစ်စီးမှာ အဆင့်တန်းမြင့် လူချမ်းသာ တွေ နေထိုင်သော အိမ်ရာဝန်းထဲ မောင်းဝင်သွားလိုက်သည်။ ပင်မကားလမ်းနှင့် အဝေးဆုံး အစွန်ဆုံး တစ်နေရာရှိ မီးခိုးရောင် နှစ်ထပ်တိုက် အိမ်ရှေ့တွင် ထိုကားမှာ ဖြည်းဖြည်းချင်း ရပ်သွားသည်။
ပထမဆုံး ကားမောင်းသူနေရာမှ ဆင်းလာသူမှာ ရဲနိုင်။ သူသည် ကားမောင်းနေသည့် တစ်လျောက်လုံး
ကားနောက်ခန်းမှ ပါလာသော စီးပွားရေး ကျက်စားကျင်လည်မှု၌ မြေခွေးတစ်ကောင်ကဲ့သို့ ထက်မြက်ထူးချွန်သော ဧကရာဇ်ကြီး ထုတ်လွှင့်သည့် အအေးဓာတ်တွေကို မခံနိုင်တော့ပေ။
ထိုဧကရာဇ်ကြီးမှာ မည်သည့်အရာကို အလိုဘဝင်မကျသည်ကို ရဲနိုင်သိလည်းမသိသလို မေးလည်းမမေးရဲ။ ကားပေါ်က ပြေးဆင်းပြိီး ထိုဧကရာဇ်ကြီး ကြွဆင်းလာဖို့ တံခါးတော် ဖွင့်ပေးရန်သာ တတ်နိုင်သည်။
အထို ဧကရာဇ်ကြီးကို ထီးဆောင်းပေးကာ အိမ်ထဲတွဲ ခေါ်သွားမည်အလုပ်..
"ဟယ်လို..မစ္စတာ ဝေယံ ဟုတ်တယ်မို့လား ခင်ဗျာ.."
ရဲနိုင် အော်ငိုချင်သွားသည်။ သူတောင် ဆေးရုံကနေ ကားစထွက်လာတဲ့ တစ်လျှောက်လုံး အဘယ်စကားတစ်ခွန်းမှပင် မဟရဲ။ ဒီက အစောင့်တော့ သေချင်နေတာလား။ မာန်ထွက် နေတဲ့ မြွေဟောက်ကိုမှ ဆားရည်နှင့် လှမ်းပက်သလိုမျိုး။
အချိန်ခဏတာမျှ ပတ်ဝန်းကျင်မှာ အအေးဓာတ်များဖုံးလွှမ်းကာ တိတ်ဆိတ် သွားပြီး ထိုမြွေဟောက်ကြီးထံမှ အက်ရှရှနှင့် အသံထွက်ပေါ်လာသည်။
"မင်း..ကြည့်ရှင်းလိုက်"
ရဲနိုင်.. သူ့ကို ဆိုလိုကာ ပြောမှန်း သိသဖြင့် ခေါင်းညိတ်ပြပြီး ယင်း အစောင့်ဘက်သို့ မျက်နှာလှည့်ကာ..
"ဟုတ်ပါတယ် မစ္စတာ ဝေယံပါ ဗျ အခု မစ္စတာက နေမကောင်းသေးလို့ အိမ်ထဲ အရင် သွားပို့ရမယ်ဗျ
စိတ်မရှိဘူး ဆိုရင် ဒီမှာ ခဏလောက် စောင့်နေပေးလို့ရမလားဗျ.."
ထိုအစောင့်မှာ လည်း ခေါင်းငြိမ့်ရုံသာ ပြပြီး စကားမပြောရဲ။
ရဲနိုင် သူ့သူဌေးကို အိမ်ထဲ တွဲခေါ်သွားပြီး စိတ်ထဲမှ အထို ပြဿနာကောင် (အစောင့်)ကို ကြိမ်ဆဲကာ အိမ်ရှေ့ထွက် လာခဲ့သည်။
.............................
ဝေယံ မှာ ဆေးရုံ ဆင်းလာကတည်း စိတ်ထဲတွင် ယှောက်ယှက်ရှက် ကာ တည်ငြိမ်မှုမရှိ။ အကြောင်းပြချက်မှာ သူမကို ဆက်သွယ်လို့ရမည့် ဖုန်းနံပါတ်မှာ business number ဖြစ်နေခြင်း။ စီးပွားရေး လောကတွင် အလုပ်ကိစ္စမဟုတ်ပဲ အလုပ်ဖုန်းကို ခေါ်ယူခြင်းမှာ အရှက်သိက္ခာမဲ့ပြီး အထိုပုဂ္ဂိုလ်အား မလေးစားရာရောက်မှန်း စီးပွားရေးသမားပီပီ သိနေသည်။ သို့သော် သူမကို ဆက်သွယ်ရမည့်နည်းမှာ ထိုနည်းကလွဲလျှင် မရှိပြီ။
"ဆရာ..ဆရာ့ရဲ့ပါဆယ်.."
ရဲနိုင် မှာ အတော်အတန်ကို လေးမည်ထင်ရသော plastic လောင်း ဖာတစ်ဖာကို မလာရင်း ပြောသည်။
"ဟမ်...ငါဆေးရုံ တက်နေတာ တစ်ပတ်လောက် ရှိပြီလေ ဘာမှလည်းမမှာထားရဘူး။ ဘယ်သူပို့လာတာလဲ!!"
"ဟိုလေ..ဆရာ ခုနအိမ်ရှေ့မှာဆရာ့ကို လှမ်းခေါ်တဲ့ အစောင့်က လာပို့သွားတာ..ဒီပါဆယ် ရောက်နေတာ အရင်ပတ် စနေနေ့ကတည်းကတဲ့ ၊ Honda ကားအဖြူစီးလာတဲ့ ကောင်မလေးက အပ်သွားတာလို့ ပြောတယ်၊ delivery လို့ပြောပေမယ့် အစောင့်ပြောတာ သူမဝတ်စားထားတာတွေက ပစ္စည်းပို့သူနဲ့ မတူဘူးတဲ့ ၊ ဆရာ့ ပါဆယ် မဟုတ်ရင် ကျွန်တော် ပြန်ပြီး သွားပေးလိုက်ပါ့မယ်ဗျ"
ဝေယံ ရုတ်တရက် ဆိုသလို ထထိုင်ကာ ပါဆယ်ကို လှမ်းယူမှုကြောင့် လက်ထောက်ဖြစ်သူ မှာ မှင်သက်ကာ ကြောင်အမ်းရင်း ကြည့်နေရုံကလွဲ၍ ဘာဖြစ်သွားလဲမသိချေ။
ဝေယံ ပါဆယ်ကို ဖြည်အပြီး အထဲမှထွက်လာသော
ပစ္စည်းကြောင့် ရဲနိုင်မှာ မျက်လုံးပြူးထွက်မတတ်။
မိန်းကလေးအသုံးအဆောင် မိတ်ကပ်ပစ္စည်းများ!!!
စိတ်ထဲမှ:ကျနော့်သူဌေး ဂေးသွားတာလား!!..??
ဝေယံ မှာရဲနိုင် မျက်နှာပြုမူပုံကို အကဲခတ်ကာ သူဘာတွေးနေမှန်းသိသွားပြီး
"ငါ..ကြူသင်းအတွက် ဝယ်ထားတဲ့ ပစ္စည်းတွေပါ..အရင်ပတ် သူ့မွေးနေ့က မပေးလိုက်ရဘူး.."
"အော်..."
အော်...တစ်ချက်နှင့်သာ ရဲနိုင်အတွေးတွေကို ရပ်ပစ်လိုက်သည်။ ထိုနောက် ကားထဲမှ မသယ်လာရသေးသော ပစ္စည်းများအား အိမ်ထဲသယ်ဆောင်ရန် ထိုနေရာမှ ထွက်သွားသည်။
အတွေးရာပေါင်း သောင်းကျော်မကနှင့် ကျန်ရှိသော ဝေယံ မှာမူ သူမကို အဲနေ့က စာတိုက်ပုံးအောက် မှာ ထားခိုင်းလိုက်တာပါ ..
ဒါကို သူမက စိတ်မချဘဲ အိမ်ရာ စောင့် ကင်းလှည့်တွေဆီ အပ်ထားခဲ့တာပေါ့..
သူမက သူထင်နေသလိုမျိုး သဘောထားသေးသိမ်တာ မဟုတ်ဘူးပေါ့...
(T/N ချိဖက ချိမသူ့အတွက် လက်မှတ်ထိုးပေးတုန်း လူတိုင်းရနိုင်တဲ့ အလုပ်နံပါတ်ကို ပဲပေးထားလို့ သဘောထားသေးသိမ် တယ်လို့ ပြောတာပါ"
ပြီးခဲ့သော မိနစ်ပိုင်းလောက်တွင် လူကိုဝါးစားမည့်အလား မဲမှောင်နေသော အနှီလူသားကြီး၏ နှုတ်ခမ်းများမှာမူ မသိမသာကွေးညွတ် သွားသည်။
ရဲနိုင်အိမ်ထဲ ဝင်လာပြီး လက်ဂေ့ကို ချရုံတင် ချရသေး..
Advertisement
"ရဲနိုင်.. မင်း facebook အကောင့်ဖွင့်တတ်လား..??"
"......."
ရဲနိုင်မှာ မထင်မှတ်ထားသော မေးခွန်းကြောင့် ဆွံအသွားသည်။
"ဖွင့်တတ်ရင် ငါ့အတွက် ဖွင့်ခိုင်းမလို့.."
"ဗျာ.."
အာမေဍိတ် သံနှင့်အတူ ရဲနိုင်မှာ သူ့ဆရာကို သံသယများတောင် ဝင်လာချေပြီ။ ဒါ ငါ့သူဌေးကော ဟုတ်ရဲ့လား..။ ငါ့သူဌေး သာဆို ဘာလို့ နိုးလာကတည်းက မလုပ်စဖူး ထူးထူးဆန်းဆန်းတွေ လုပ်နေရတာတုန်း...!?။
"မင်း..ဖွင့်တတ်လား မတတ်ဘူးလား မေးနေတယ်လေ"
"အော်..ဟုတ်..ဟုတ်ကဲ့ သူဌေးဘယ်အချိန် ဖွင့်မလဲ ကျွန်တော်ကိုသာ ပြောပါ ကျွန်တော် ဖွင့်တတ်ပါတယ်"
သူ့မှာ စကားလုံးတွေတောင် အစီစဥ်ကျအောင် မပြောနိုင်တော့ပေ။
"အခုချက်ချင်း!"
ရဲနိုင် စကားထပ်မဟရဲ။ သူ့သူဌေး ကမ်းပေးသော ဖုန်းကို သတိရှိစွာ အသာလေးလှမ်းယူလိုက်သည်။
playstore ကနေ အပလီကေးရှင်းကို ဒေါင်းပြီး အကောင့်ဖွင့်ရန်သာ ကျန်တော့သည်။ သူ အခုချိန်ထိ မဟပဲ တိတ်ဆိတ်စွာ ပိတ်ထားသော အာကို မတတ်နိုင်စွာဖြင့်
"အကောင့် နာမည်ကို ဘယ်လိုရေးရမလဲ ဆရာ.."
"ဟင်..နာမည်လိုသေးတာလား.."
သူ့သူဌေးဆီမှ စကားကြားပြိီး သူ ရီချင်စိတ်ကိုသာ အောင့်ထားရသည်။ ဒီပုံစံနှင့်ဆို သူ့သူဌေးမှာ ဖေ့ဘုတ်ကို ဘယ်လိုသုံးရမလဲ သူ့ကို ေမးအုန်းမှာတော့ မဟုတ်ပါဘူးနော်..
ဝေယံမှာ ဘယ်လိုနာမည်ပေးရမလဲ ကြံရာမရ။ စိတ်ကူးထဲ မှိန်ပျပျပေါ်လာ ပုံရိပ်တစ်ခုကို သူမြင်မိပြီး တစ်စုံတစ်ခုကို သတိရသွားသည်။
ကြက်သွေးနီနီ ဂါဝန်ကို အပေါ်က အနက်ရောင် cardigan နှင့်သူမ..
အဝေးကနေမှိန်ပျပျနှင့်မို့ ကြည့်လိုက်လျှင် အရိုင်းဆန်သော တောရိုင်း ပန်းတစ်ပွင့် အလား..။
"ရဲနိုင်.. ပန်းရိုင်း လို့ တပ်လိုက်.."
.............
စာရေးသူ အမှာစကားလေး ပြောချင်ပါတယ်ရှင့်
ဒီ fic ကို စာရေးသူ ကိုယ်တိုင် စိတ်ကူးနဲ့ ပုံဖော်ပြီး တစ်ခါတည်း ချရေးကာ public တင်ခြင်းမို့ အမှားတွေ လွဲနေတာတွေ ရှိရင် ထောက်ပြပေးနိုင်ပါတယ်ရှင့်
နောက်ပြီး အဲဒီလို ကြောင့်လည်း ဘယ်အပိုင်းထိ ရှိမည်ကို မပြောတတ်ပါဘူးရှင် အခုက အပိုင်း၂၀ရှိနေပြီ male lead နဲ့ female leadကို လူချင်းတွေ့ပြီး စကားမပြောရသေးဘူး :3)
အိုင့်ကိုသနားကြဘူးလား...
3.10.21
ေနေရာင္ စူးစူးေန႕လည္ ၁၁နာရီခန့္တြင္ျဖစ္သည္။ ေဆး႐ုံ မွ နာရီဝက္ခန့္ ေမာင္းႏွင္လာသည့္ BMWကား တစ္စီးမွာ အဆင့္တန္းျမင့္ လူခ်မ္းသာ ေတြ ေနထိုင္ေသာ အိမ္ရာဝန္းထဲ ေမာင္းဝင္သြားလိုက္သည္။ ပင္မကားလမ္းႏွင့္ အေဝးဆုံး အစြန္ဆုံး တစ္ေနရာရွိ မီးခိုးေရာင္ ႏွစ္ထပ္တိုက္ အိမ္ေရွ႕တြင္ ထိုကားမွာ ျဖည္းျဖည္းခ်င္း ရပ္သြားသည္။
ပထမဆုံး ကားေမာင္းသူေနရာမွ ဆင္းလာသူမွာ ရဲနိုင္။ သူသည္ ကားေမာင္းေနသည့္ တစ္ေလ်ာက္လုံး
ကားေနာက္ခန္းမွ ပါလာေသာ စီးပြားေရး က်က္စားက်င္လည္မႈ၌ ေျမေခြးတစ္ေကာင္ကဲ့သို႔ ထက္ျမက္ထူးခြၽန္ေသာ ဧကရာဇ္ႀကီး ထုတ္လႊင့္သည့္ အေအးဓာတ္ေတြကို မခံနိုင္ေတာ့ေပ။
ထိုဧကရာဇ္ႀကီးမွာ မည္သည့္အရာကို အလိုဘဝင္မက်သည္ကို ရဲနိုင္သိလည္းမသိသလို ေမးလည္းမေမးရဲ။ ကားေပၚက ပြေးဆင်းပြိီး ထိုဧကရာဇ္ႀကီး ႂကြဆင္းလာဖို႔ တံခါးေတာ္ ဖြင့္ေပးရန္သာ တတ္နိုင္သည္။
အထို ဧကရာဇ္ႀကီးကို ထီးေဆာင္းေပးကာ အိမ္ထဲတြဲ ေခၚသြားမည္အလုပ္..
"ဟယ္လို..မစၥတာ ေဝယံ ဟုတ္တယ္မို႔လား ခင္ဗ်ာ..
ရဲနိုင္ ေအာ္ငိုခ်င္သြားသည္။ သူေတာင္ ေဆး႐ုံကေန ကားစထြက္လာတဲ့ တစ္ေလွ်ာက္လုံး အဘယ္စကားတစ္ခြန္းမွပင္ မဟရဲ။ ဒီက အေစာင့္ေတာ့ ေသခ်င္ေနတာလား။ မာန္ထြက္ ေနတဲ့ ေႁမြေဟာက္ကိုမွ ဆားရည္ႏွင့္ လွမ္းပက္သလိုမ်ိဳး။
အခ်ိန္ခဏတာမွ် ပတ္ဝန္းက်င္မွာ အေအးဓာတ္မ်ားဖုံးလႊမ္းကာ တိတ္ဆိတ္ သြားၿပီး ထိုေႁမြေဟာက္ႀကီးထံမွ အက္ရွရွႏွင့္ အသံထြက္ေပၚလာသည္။
"မင္း..ၾကည့္ရွင္းလိုက္
ရဲနိုင္.. သူ႕ကို ဆိုလိုကာ ေျပာမွန္း သိသျဖင့္ ေခါင္းညိတ္ျပၿပီး ယင္း အေစာင့္ဘက္သို႔ မ်က္ႏွာလွည့္ကာ..
"ဟုတ္ပါတယ္ မစၥတာ ေဝယံပါ ဗ် အခု မစၥတာက ေနမေကာင္းေသးလို႔ အိမ္ထဲ အရင္ သြားပို႔ရမယ္ဗ်
စိတ္မရွိဘူး ဆိုရင္ ဒီမွာ ခဏေလာက္ ေစာင့္ေနေပးလို႔ရမလားဗ်..
ထိုအေစာင့္မွာ လည္း ေခါင္းၿငိမ့္႐ုံသာ ျပၿပီး စကားမေျပာရဲ။
ရဲနိုင္ သူ႕သူေဌးကို အိမ္ထဲ တြဲေခၚသြားၿပီး စိတ္ထဲမွ အထို ျပႆနာေကာင္ (အေစာင့္)ကို ႀကိမ္ဆဲကာ အိမ္ေရွ႕ထြက္ လာခဲ့သည္။
.............................
ေဝယံ မွာ ေဆး႐ုံ ဆင္းလာကတည္း စိတ္ထဲတြင္ ေယွာက္ယွက္ရွက္ ကာ တည္ၿငိမ္မႈမရွိ။ အေၾကာင္းျပခ်က္မွာ သူမကို ဆက္သြယ္လို႔ရမည့္ ဖုန္းနံပါတ္မွာ business number ျဖစ္ေနျခင္း။ စီးပြားေရး ေလာကတြင္ အလုပ္ကိစၥမဟုတ္ပဲ အလုပ္ဖုန္းကို ေခၚယူျခင္းမွာ အရွက္သိကၡာမဲ့ၿပီး အထိုပုဂၢိုလ္အား မေလးစားရာေရာက္မွန္း စီးပြားေရးသမားပီပီ သိေနသည္။ သို႔ေသာ္ သူမကို ဆက္သြယ္ရမည့္နည္းမွာ ထိုနည္းကလြဲလွ်င္ မရွိၿပီ။
Advertisement
"ဆရာ..ဆရာ့ရဲ႕ပါဆယ္..
ရဲနိုင္ မွာ အေတာ္အတန္ကို ေလးမည္ထင္ရေသာ plastic ေလာင္း ဖာတစ္ဖာကို မလာရင္း ေျပာသည္။
"ဟမ္...ငါေဆး႐ုံ တက္ေနတာ တစ္ပတ္ေလာက္ ရွိၿပီေလ ဘာမွလည္းမမွာထားရဘူး။ ဘယ္သူပို႔လာတာလဲ!!
"ဟိုေလ..ဆရာ ခုနအိမ္ေရွ႕မွာဆရာ့ကို လွမ္းေခၚတဲ့ အေစာင့္က လာပို႔သြားတာ..ဒီပါဆယ္ ေရာက္ေနတာ အရင္ပတ္ စေနေန႕ကတည္းကတဲ့ ၊ Honda ကားအျဖဴစီးလာတဲ့ ေကာင္မေလးက အပ္သြားတာလို႔ ေျပာတယ္၊ delivery လို႔ေျပာေပမယ့္ အေစာင့္ေျပာတာ သူမဝတ္စားထားတာေတြက ပစၥည္းပို႔သူနဲ႕ မတူဘူးတဲ့ ၊ ဆရာ့ ပါဆယ္ မဟုတ္ရင္ ကြၽန္ေတာ္ ျပန္ၿပီး သြားေပးလိုက္ပါ့မယ္ဗ်
ေဝယံ ႐ုတ္တရက္ ဆိုသလို ထထိုင္ကာ ပါဆယ္ကို လွမ္းယူမႈေၾကာင့္ လက္ေထာက္ျဖစ္သူ မွာ မွင္သက္ကာ ေၾကာင္အမ္းရင္း ၾကည့္ေန႐ုံကလြဲ၍ ဘာျဖစ္သြားလဲမသိေခ်။
ေဝယံ ပါဆယ္ကို ျဖည္အၿပီး အထဲမွထြက္လာေသာ
ပစၥည္းေၾကာင့္ ရဲနိုင္မွာ မ်က္လုံးျပဴးထြက္မတတ္။
မိန္းကေလးအသုံးအေဆာင္ မိတ္ကပ္ပစၥည္းမ်ား!!!
စိတ္ထဲမွ:က်ေနာ့္သူေဌး ေဂးသြားတာလား!!..??
ေဝယံ မွာရဲနိုင္ မ်က္ႏွာျပဳမူပုံကို အကဲခတ္ကာ သူဘာေတြးေနမွန္းသိသြားၿပီး
"ငါ..ၾကဴသင္းအတြက္ ဝယ္ထားတဲ့ ပစၥည္းေတြပါ..အရင္ပတ္ သူ႕ေမြးေန႕က မေပးလိုက္ရဘူး..
"ေအာ္...
ေအာ္...တစ္ခ်က္ႏွင့္သာ ရဲနိုင္အေတြးေတြကို ရပ္ပစ္လိုက္သည္။ ထိုေနာက္ ကားထဲမွ မသယ္လာရေသးေသာ ပစၥည္းမ်ားအား အိမ္ထဲသယ္ေဆာင္ရန္ ထိုေနရာမွ ထြက္သြားသည္။
အေတြးရာေပါင္း ေသာင္းေက်ာ္မကႏွင့္ က်န္ရွိေသာ ေဝယံ မွာမူ သူမကို အဲေန႕က စာတိုက္ပုံးေအာက္ မွာ ထားခိုင္းလိုက္တာပါ ..
ဒါကို သူမက စိတ္မခ်ဘဲ အိမ္ရာ ေစာင့္ ကင္းလွည့္ေတြဆီ အပ္ထားခဲ့တာေပါ့..
သူမက သူထင္ေနသလိုမ်ိဳး သေဘာထားေသးသိမ္တာ မဟုတ္ဘူးေပါ့...
(T/N ခ်ိဖက ခ်ိမသူ႕အတြက္ လက္မွတ္ထိုးေပးတုန္း လူတိုင္းရနိုင္တဲ့ အလုပ္နံပါတ္ကို ပဲေပးထားလို႔ သေဘာထားေသးသိမ္ တယ္လို႔ ေျပာတာပါ
ၿပီးခဲ့ေသာ မိနစ္ပိုင္းေလာက္တြင္ လူကိုဝါးစားမည့္အလား မဲေမွာင္ေနေသာ အႏွီလူသားႀကီး၏ ႏႈတ္ခမ္းမ်ားမွာမူ မသိမသာေကြးၫြတ္ သြားသည္။
ရဲနိုင္အိမ္ထဲ ဝင္လာၿပီး လက္ေဂ့ကို ခ်႐ုံတင္ ခ်ရေသး..
"ရဲနိုင္.. မင္း facebook အေကာင့္ဖြင့္တတ္လား..??
".......
ရဲနိုင္မွာ မထင္မွတ္ထားေသာ ေမးခြန္းေၾကာင့္ ဆြံအသြားသည္။
"ဖြင့္တတ္ရင္ ငါ့အတြက္ ဖြင့္ခိုင္းမလို႔..
"ဗ်ာ..
အာေမဍိတ္ သံႏွင့္အတူ ရဲနိုင္မွာ သူ႕ဆရာကို သံသယမ်ားေတာင္ ဝင္လာေခ်ၿပီ။ ဒါ ငါ့သူေဌးေကာ ဟုတ္ရဲ႕လား..။ ငါ့သူေဌး သာဆို ဘာလို႔ နိုးလာကတည္းက မလုပ္စဖူး ထူးထူးဆန္းဆန္းေတြ လုပ္ေနရတာတုန္း...!?။
"မင္း..ဖြင့္တတ္လား မတတ္ဘူးလား ေမးေနတယ္ေလ
"ေအာ္..ဟုတ္..ဟုတ္ကဲ့ သူေဌးဘယ္အခ်ိန္ ဖြင့္မလဲ ကြၽန္ေတာ္ကိုသာ ေျပာပါ ကြၽန္ေတာ္ ဖြင့္တတ္ပါတယ္
သူ႕မွာ စကားလုံးေတြေတာင္ အစီစဥ္က်ေအာင္ မေျပာနိုင္ေတာ့ေပ။
"အခုခ်က္ခ်င္း!
ရဲနိုင္ စကားထပ္မဟရဲ။ သူ႕သူေဌး ကမ္းေပးေသာ ဖုန္းကို သတိရွိစြာ အသာေလးလွမ္းယူလိုက္သည္။
playstore ကေန အပလီေကးရွင္းကို ေဒါင္းၿပီး အေကာင့္ဖြင့္ရန္သာ က်န္ေတာ့သည္။ သူ အခုခ်ိန္ထိ မဟပဲ တိတ္ဆိတ္စြာ ပိတ္ထားေသာ အာကို မတတ္နိုင္စြာျဖင့္
"အေကာင့္ နာမည္ကို ဘယ္လိုေရးရမလဲ ဆရာ..
"ဟင္..နာမည္လိုေသးတာလား..
သူ႕သူေဌးဆီမွ စကားကြားပြိီး သူ ရီခ်င္စိတ္ကိုသာ ေအာင့္ထားရသည္။ ဒီပုံစံႏွင့္ဆို သူ႕သူေဌးမွာ ေဖ့ဘုတ္ကို ဘယ္လိုသုံးရမလဲ သူ႕ကို ေမးအုန်းမှာတော့ မဟုတ္ပါဘူးေနာ္..
ေဝယံမွာ ဘယ္လိုနာမည္ေပးရမလဲ ႀကံရာမရ။ စိတ္ကူးထဲ မွိန္ပ်ပ်ေပၚလာ ပုံရိပ္တစ္ခုကို သူျမင္မိၿပီး တစ္စုံတစ္ခုကို သတိရသြားသည္။
ၾကက္ေသြးနီနီ ဂါဝန္ကို အေပၚက အနက္ေရာင္ cardigan ႏွင့္သူမ..
အေဝးကေနမွိန္ပ်ပ်ႏွင့္မို႔ ၾကည့္လိုက္လွ်င္ အရိုင္းဆန္ေသာ ေတာရိုင္း ပန္းတစ္ပြင့္ အလား..။
"ရဲနိုင္.. ပန္းရိုင္း လို႔ တပ္လိုက္..
.............
စာေရးသူ အမွာစကားေလး ေျပာခ်င္ပါတယ္ရွင့္
ဒီ fic ကို စာေရးသူ ကိုယ္တိုင္ စိတ္ကူးနဲ႕ ပုံေဖာ္ၿပီး တစ္ခါတည္း ခ်ေရးကာ public တင္ျခင္းမို႔ အမွားေတြ လြဲေနတာေတြ ရွိရင္ ေထာက္ျပေပးနိုင္ပါတယ္ရွင့္
ေနာက္ၿပီး အဲဒီလို ေၾကာင့္လည္း ဘယ္အပိုင္းထိ ရွိမည္ကို မေျပာတတ္ပါဘူးရွင္ အခုက အပိုင္း၂၀ရွိေနၿပီ male lead နဲ႕ female leadကို လူခ်င္းေတြ႕ၿပီး စကားမေျပာရေသးဘူး :3)
အိုင့္ကိုသနားၾကဘူးလား...
3.10.21
Advertisement
- In Serial87 Chapters
Reincarnated Renegade
The son of a Duke woke up with amnesia. It's the truth. Was it the whole truth? Not necessarily. The whole truth was that the Duke's son's memories were replaced. By Bellavarn. Bellavarn didn't think he deserved a second life if that was what this was. He died young, sure. But he was the one who ended it in the first place. Did he want this life? It wasn't his, wasn't deserved, and unasked for. Take one of the thousands who beg uncaring gods instead, not him. He wanted oblivion. Examining his new surroundings, the plush pillows, expensive draperies, and the nervous maid, he assumed the worst. Who was he in this world? Time to find out. So... "Close the doors." "Lord?" "Do it." *This Novel contains dark themes not suitable for all readers. This is an original novel. Any similarities to existing characters, locations, or otherwise is purely coincidental. (Cover art is my original drawing.)
8 94 - In Serial70 Chapters
Psycho
Katie is a psychologist for criminals, and is very good at her job. But what happens when she is faced with a new challenge that is Jason McCann, America's most wanted criminal, who's finally arrested? Can she change him, or will he change her?Cover by @Ma_Raa*Currently Editing*
8 304 - In Serial183 Chapters
The Boy Next Door | Yoonmin ✔
Previously titled "Orange Mint"________________Jimin likes poetry, music and a cute boy with mint green hair that lives in the apartment building across from his.Yoongi hates liars, the cold, and the fact that he knows nothing about Park Jimin, the boy who he sees reading every day from his apartment window.
8 223 - In Serial105 Chapters
Apartment 10A || Steve Rogers, Captain America (BWWM)
Daughter of Fury is sent to watch over captain America. Once Captain America finds out who Y/N truly is they tend to bump heads a lot and eventually find common ground and become lovers. Read more to find out.💕Part 1, Part 2 & Part 3 is all in one book💕
8 564 - In Serial38 Chapters
Games of Jealousy (BG Fanfiction)
Първата любов... това е най-прекрасното усещане, което ще помниш през целият си живот. Да, тази любов, може да има финал, изпълнен с щастие, но... може да бъде и трагична. Може да доведе до раздяла. Да омраза. До болка. А, това е нещото, от което всички се страхуват. Връзките са сложни. Любовта е съпътствана с препятствия. И все пак..., когато живееш в онзи свят, наречен „Шоубизнес", сякаш всичко е много по-трудно. Ясмин Родригес. Момиче на двадесет и три. Примерът за това. Изживяла първата си любов, но с трагичен завършек. Раздели, събирания, безбройни шансове и огорчения. Нищо не е помогнало. Нищо не е успяло да спаси бурната връзка, която е водила с една от най-големите музикални звезди - Хари Стайлс. Всичко се проваля, когато Хейли Фишър се появява. Една... стара причи.на за раздяла. Уж грешка от миналото. Неочакваният и внезапен годеж между нея и Хари съсипва Ясмин. Във всеки мрачен тунел, винаги има светлина. А, светлината на Ясмин... е друга огромна звезда. Малума. Колумбийският изпълнител навлиза в живота й, помагайки й да разбере, че понякога ревността, върши по-добра работа от всичко остана
8 67 - In Serial35 Chapters
Better Off
"I know that I can fuck up your whole life with one look. But I can't stop myself." ✰ ✰ ✰Mia Rose McHenry tries her best to live her life under the radar, never having been one to enjoy the spotlight. For the most part, it's worked. All Mia wants is to make it through her senior year the same way she has all her life: by playing invisible. Enter Thorne Baxter, the town's infamous "bad" boy. With a killer smirk and a single wink, he manages to flip Mia's entire world upside down. And she doesn't entirely hate that. The unlikely duo couldn't be more different if they tried, yet that doesn't seem to stop the universe from pushing them together. What happens when the two's worlds collide, suddenly putting everything they thought they knew to the test? Will they manage to make things work, or were they simply better off before?[COMPLETE]
8 159

