《Untamed Flower( ပန်းရိုင်း)》အပိုင်း၂၆
Advertisement
ရွှေခေတ် သူမ အိမ်ရောက်တော့ ညနေတောင် စောင်းနေပြီ ဖြစ်၍ နေ့လည်စာနှင့် ညစာ ပေါင်းစားဖို့ရန် မီးဖိုချောင်ထဲ ဝင်လာခဲ့သည်။
ရေခဲသေတ္တာဖွင့်ပြီး စားစရာများရှိလေမလား အတွေးလေးက ရေစုန်မျောခဲ့ရ၏။ ရေသန့်ဘူး နှင့် အသင့်စား ငပိဘူး ကလွဲရင် ဘာမှမရှိ။ freezer ခန်းထဲမှာလည်း ရေခဲတုံး တစ်ထုပ်က လွဲရင် ဟာလာဟင်းလင်း..။
သို့သော် သူမအစာအိမ်ဆီမှ တဂွီဂွီမြည်ပြီး ဆာလောင်နေကြောင်း သတိပေးနေသည်။ အပြင်ထွက်စား မည်ဆိုလည်း တစ်နေကုန် ကားမောင်းနေရ၍ ညောင်းညာကိုက်ခဲနေသဖြင့် မထွက်ချင်ပေ။
ထို့ကြောင့် အိမ်မှာသာ ရှိတာစားဖို့ရန် ဆုံးဖြတ်လိုက်ပြီး မီးဖိုချောင်အား မွှေနှောက်မှု အစိီအစဥ် စတင်လေ၏။ မီးဖိုချောင်ထဲရှိ ဗီဒို များ၊ဆန်ပုံးများ ၊ ပန်းကန်စင်များပါ နေရာလပ်မကျန်အောင် မွှေနှောက်ပြီး..
ဟော..တွေ့ပြီ။
ငါးသေတ္တာ ဘူး နှစ်ဘူး
သူမ ချက်ပြုတ်ရာတွင် မကျွမ်းသော်လည်း ကိုယ်တိုင်စားဖို့ အတွက်တော့ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်သည်။
မိနစ် နှစ်ဆယ်ခန့် အချိန်ပေးလိုက်ရပြီးနောက် ထမင်းစားပွဲ ပေါ်တွင် စားသုံးဖို့ရန်အတွက် ငါးသေတ္တာ ချက် ဟင်းတစ်ပွဲ အသင့်အနေထားသို့ ရောက်ရှိသွားပြီဖြစ်၏။ မနက်က ဆွမ်းတော်တင်ဖို့ ချက်ထားသည့် ထမင်း အနည်းငယ် ကျန်နေသေး၍ ဘုရားမသည်ဟု ဆိုရပေမည်။
သူမရေခဲသေတ္တာဆီ နောက်တခေါက် လျှောက်သွားပြီး ရေသန့်ဘူးနှင့်အတူ ရေခဲတုံး ကို ခွက်ထဲအတော်အသင့်ထည့်လိုက်သည်။ အားလုံးပြီးသွားကာမှ ဆယ်နှစ်လောက် အစာ မစားခဲ့ရသလိုမျိုး မြိန်ရည်ရှက်ရည် စားသုံးလေတော့၏။
ထမင်းစားပြီး ရေခဲရည် သောက်ချလိုက်သည်။ ထိုအချိန် ရုတ်တရက် တစ်ခုခုကို သတိရကာ သူမနဖူး ကိုယ် သူမလက်ဝါးဖြင့် သပ်မိလေသည်။
သေပါပြီ..ဒီနေ့က ၂၈ရက်နေ့
သူမ၏ period time! !
ရေခဲ ရည်တွေ သောက်ချ လိုက်မိလေပြီ။
အခေတ်ရေ ဒီညတော့ တစ်ညလုံး အိပ်ယာထဲ လူးလွန့်ဖို့သာ ကြိုတင်ပြင်ဆင်ထားပေတော့..ဟု သူမကိုယ်သူမ ပြောနေရုံ ကလွဲ၍။
(ဗိုက်နာမှာကို ပြောတာပါ..အတွေးမများနဲ့🙂)
တော်သေးသည်မှာ ဒီတစ်ပတ်လုံး သူမ နားနေ၍ရသည်။ တစ်ပတ်စာ ရောင်းရမည့် ကုန်တွေအားလုံးကို
ထို သူမပြောသည့် "ဘီလူးကြီး"က ဝယ်သွားပြီ မဟုတ်လား..။ သူမ အနှီ လူသားကြီးအား ယခုအချိန်တွင် ကျိတ်ကာ ကျေးဇူးတင် နေမိ၏။
အားလုံးဆေးကြော သန့်ရှင်းပြီးသည်နှင့် မှောင်ရီစပြုလာပြီမို့ ဖုန်းကို ကောက်ကာ အိမ်ပေါ် တက်သွားလေသည်။ ခေါင်းမလျှော်ဘဲ ရေနွေး နှင့်သာ ရေးအမြန်ချိုးလိုက်သည်။
မျက်နှာကို ဘယ်အရာမှ လိမ်းမနေတော့ဘဲ ခန္ဓာကိုယ် အမြန်ဆုံး နွေးထွေးစေရန် စောင်ထဲသို့ ဝင်အောင်းလိုက်သည်။
...............
ဝေယံပိုင် တစ်ယောက်..
ခြံဝန်းထဲမှ အနီရောင်ကား လေး ထွက်သွားသည်ကို မြင်ကွင်း ဆုံးအောင် မကြည့်တော့ပဲ ညနေစောင်းနေပြီမို့ အိမ်ထဲသို့ အမြန်ဝင်လိုက်သည်။
ဆိုဖာပေါ် တင်ထားသည့် ဖုန်းကို ကောက်ကိုင်ကာ နံပါတ်တစ်ခုအား ဆွဲရှာနေ၏။ တွေ့ရှိပြီးနောက် ခေါ်ဆိုမှုအား စတင်လိုက်သည်။
တစ်ဖက်မှ သုံးစက္ကန့်တောင် မကြာဘဲ ချက်ချင်းကိုင်လိုက်ကာ..
"ဟယ်လို.. ဥက္ကဌ ..မင်္ဂလာပါဗျ.. ကျွန်တော် လရိပ် အိမ်ရာမှ အိမ်ရာထိန်း မန်နေဂျာ ပါဗျ ဘာများ ကူညီပေးရမလဲဗျ..”
ဝေယံ စကား များများစားစား မပြောရဘဲ အလိုက်တသိ မေးလာသောကြောင့် သူပြုံးလိုက်ပြိီး..
"အင်း..ဒီနေ့ အိမ်ရာဝန်းထဲ ဝင်လာသမျှ honda အဖြူရောင်ကား အားလုံးရဲ့ မောင်းနှင်သူ မှတ်တမ်းတွေ ငါအခုချက်ချင်းလိုတယ်..”
"ဟုတ်..ဟုတ်ကဲ့ သိပါပြီ ”
မန်နေဂျာမှာ သူ့သူဌေး စိတ်ကို သိသည်။ အရေးမကြီးလျှင် သူ့ဆီ ဖုန်း ခေါ်လာမှာမဟုတ်။ ထို့ကြောင့် လည်း ထွေထွေထူးထူး ဘာမှဆက်မေးမြန်းခြင်း မပြုဘဲ ဂိတ်စောင့် ဆီသို့ ချက်ချင်းအကြောင်း ကြားလိုက်သည်။
.......
ဝေယံပိုင်..သူ စာကြည့်ခန်းထဲ ဝင်သွားကာ အလုပ်စားပွဲပေါ် ထိုင်ချပြီး လက်တော့ပ် ကို ဖွင့်လိုက်သည်။
ဆယ်မိနစ် ခန့်သာ ကြာသွားချိန် e.mail boxထဲ မက်ဆေ့ချ် တစ်စောင် ဝင်လာသည်။
ခက်ထန်နေသော မျက်နှာကြီးမှာ ချက်ချင်းပင် ပန်းများ ပွင့်ဝေသွားသလိုမျိုး..။ အိမ်ယာများတွင် နေထိုင်ကြသော ပုဂ္ဂိုလ်တိုင်း အိမ်ထောင်စုတိုင်းလိုလို အဆင့်အတန်းမြင့် လူချမ်းသာ များသာ ဖြစ်၍ ထိုကားကို ရှာရန် မခက်ပေ။ သူမမောင်းလာသော တစ်စီးတည်းသာ ရှိ၏။
ထို"လရိပ်” အိမ်ယာ ၏လုံခြုံရေး တင်းကျပ်သောပုံစံမှာ ဝင်ခွင့် လက်မှတ်ရဖို့ ID နံပါတ်၊ ကိုယ်ရေးကိုယ်တာသုံး ဖုန်း နံပါတ် နှင့်တကွ location ပါ ဖြည့်ပေးရသည်။
ဝေယံ မှာ အကြံသမားကြီး ပီပီ သူမအား သူ့နေရာသို့
Advertisement
လာရောက်ဖို့ရန် စီစဥ်ခဲ့လေခြင်း..။ အရင် တစ်ခါ သူမ လာခဲ့ပင်မယ့် သူမ၏ ကားပုံစံကို မသိ၍ အဆင်မပြေခဲ့ချေ။
သူမလေး၏ ဖုန်းနံပါတ်ကို သူ့ဖုန်းထဲ ရိုက်ထည့်ပြီး အတွေးများစွာဖြင့်
ခေါ်ရမလား?
မခေါ်ရဘူးလား?
သူမ ကိုင်မလား မကိုင်ဘူးလား?
သူမ ကိုင်ခဲ့ရင် ဘယ်လိုပြောရမလဲ?
ဘာကို အကြောင်းပြချက်ပေးပြီး ခေါ်လိုက်ကြောင်း ပြောရမလဲ..?
..........
ရွှေခေတ်မှာ အိပ်မရတော့ပေ။ တစ်ညလုံး ဗိုက်နာကာ လူးလွန့်နေရပြီး အားအင်များတောင် ကုန်ခမ်းနေပြီ။
ဘာလို့လဲ သူမမသိ။ အရင် လတွေ ဆို ဒီလောက် မနာကျင်ခဲ့ရ ။ သူမ ခေါင်းလျှော်ရင် တောင် ဒီလောက်ထိ မနာကျင် ဖူးသေးပေ။
အိပ်ယာကိုသာ တင်းတင်းဆုပ်လျက် ချွေးများပါ ပြန်လာပြီ ။ မျက်ခွံတွေလေးလံကာ အမြင်ဝေဝါးလာပြိီး သတိတောင် ရတစ်ချက် မရတစ်ချက်။
သူမ ခေါင်းအုံးအောက်က ဖုန်းကို ချိနှဲ့စွာ ထုတ်လိုက်နိုင်ပြီး အရေးပေါ် ကား ခေါ်ရန် ဆုံးဖြတ်လိုက်သည်။
ရုတ်တရက် ဖုန်းမှာ အဝင်ခေါ်ဆိုမှု ပေါ်လာသည်။
.....
10.10.21
ဟော..တွေ့ပြီ။
ငါးသေတ္တာ ဘူး နှစ်ဘူး
သူမ၏ period time! !
...............
ဝေယံပိုင် တစ်ယောက်..
ဝေယံ စကား များများစားစား မပြောရဘဲ အလိုက်တသိ မေးလာသောကြောင့် သူပွုံးလိုကျပွီး..
"ဟုတ်..ဟုတ်ကဲ့ သိပါပြီ
Advertisement
.......
ဆယ်မိနစ် ခန့်သာ ကြာသွားချိန် e.mail boxထဲ မက်ဆေ့ခ်ျ တစ်စောင် ဝင်လာသည်။
ခေါ်ရမလား?
မခေါ်ရဘူးလား?
..........
.....
10.10.21
Advertisement
- In Serial344 Chapters
The She-Devil And Her Alphas
What are you doing? he asked solemnly
8 1400 - In Serial34 Chapters
Cookies & Cuffs
"You know most people go to clubs or social gathering to find a date, not a fucking prison."21 year old Melody didn't know what she was getting herself into when she decided to crush on the man in uniform.Little did she know following the man in uniform would lead her into a whole new world full of criminals, one very particular criminal, Cayden Royce. |Book 1 of The Scars Series|
8 191 - In Serial32 Chapters
My Mate Ran Me Over
Laura runs over a wolf who wasn't the average wolf...**kinda cheesy****Profanity and mature content**
8 280 - In Serial76 Chapters
Abandoned ✔️
Venus Stavish' life has never been easy nor simple. Being an orphan and no one wanting to adopt you, isn't how a normal life looks like. She changed foster homes more times than the years she has lived. She finally took the matters in her own hands and did what she thought best. She ran away. Upper East High isn't your normal high school where all is happy and peaceful. This high school is dark and twisted where everybody has a secret. Making friends had never been hard for Venus but making enemies was quiet easy for her. She was the perfect example of beauty with brains but had many bad habits. In her life walks a handsome yet shy stranger which changed her life; for good or bad?[BOOK 2 OF ACCIDENTALLY MET MR. BILLIONAIRE BUT CAN BE READ AS STAND-ALONE]
8 217 - In Serial57 Chapters
His Sunshine | ✓
She looks up at me, taking a step forward and smiling slightly, "How can I ever get hurt when I have you here to protect me?""But you could have gotten hurt," I murmur softly, hanging my head and feeling my shoulders drop, the tension seeping from my body."No. Stop," She cuts me off sternly but tenderly, "Don't talk like that, Reece. I'm okay, you're okay, we're okay," She speaks softly, reaching her hand up to gently brush her thumb over my cheek, just under the cut that's there."We're okay," I repeat, taking a small step closer to her.She nods with a small smile, moving her hand down from my cheek and instead placing the palm of her hand on my chest, right over my heart. I know she can feel how fast my heart is beating. I just don't know why it's doing that.~Reece Carter is the bad boy of Northwood High. He smokes and he fights. He has countless tattoos that cover his body. And he doesn't give a crap about anything or anyone else.Layla Stevens is your average seventeen year-old girl. She sings, reads and writes. She can be pretty clumsy and very. She has an ordinary life.When these two cross paths accidentally in an unusual way, they leave and never expect to speak to each other again.But fate has other plans.Layla finds her way into Reece's life and Reece doesn't know what to do about it. This ray of Sunshine suddenly meant something to him. She understood him when it seemed like no one else did. And he protected her from everyone who tried to hurt His Sunshine.Get ready for a story filled with bad pick-up lines, twin telepathy and a lot of punching. Like, a lot. Thanks, Reece.Written - 24/05/2018 - 14/11/2020Published - 14/11/2020 - 14/02/2021Best Rankings#1 in friends#1 in friendstolovers#3 in sunshine#7 in badboylovestory#9 in teenfiction#9 in family#9 in teenlove#11 in highschool#15 in badboygoodgirl#44 in romance#54 in badboy
8 227 - In Serial26 Chapters
Mailboxes and Park Benches ~A Ftm story~
When picking up the mail, Luke meets a girl that his heart can't help but fall for. But he soon learns that this "girl" isn't a girl. HE is a guy. This is the story of Ryan and Luke.
8 176